Switch Mode

Chapter – 106

အသက်တွေရဲ့ မျက်လုံး

အပိုင်း ၁၀၆

” အသက်တွေရဲ့မျက်လုံး ”
°°°
ရွှေလိုအသက်ကတော့ သူ့ရှေ့မှာတင်အချိန်အတိုအတွင်း တစ်ကိုယ်လုံးကို အားဖြည့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် သူအစောပိုင်းတုန်းက စားဖူးခဲ့တဲ့ ဆေးပင်တွေဆေးလုံးတွေအားလုံးထက်တောင် ဒီအတွေ့အကြုံက အများကြီးပိုပြီးအားကောင်းလို့နေခဲ့တာပါ။

ရုတ်တရက်ချောမွေ့ပြီအားကောင်းတဲ့ သွေးလည်ပတ်မှုက ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုပြောင်းလဲမှုပြီတဲ့နောက်မှာတော့ သူ့ရဲ့ကျင့်ကြံတဲ့အရှိန်နှုန်းက အများကြီးတိုးတက်လို့သွားခဲ့ပါပြီ။ ခန္ဓာကိုယ်ရဲ့ခံနိုင်ရည်စွမ်းအားတွေကလဲ မြင့်တက်လို့လာပါတော့တယ်။ အဆင့်မြင့်၀ိညာဥ်လက်နက်တွေကို ထိန်းချုပ်နိုင်စွမ်းနဲ့ ၀ိညာဥ်စက်ကွင်းတွေကို ခံနိုင်ရည်စွမ်းကတော့ အနည်းဆုံးနှစ်တစ်ထောင်လောက်အထိ မြင့်တက်လို့သွားပါတော့တယ်။ သူ့၀ိညာဥ်စွမ်းရည်တွေရဲ့အင်အားက သေချာပေါက် တစ်ပြိုင်နက်ထဲ မြင့်တက်လာမှာပါ။

ဟို့ယွိဟောင်က ဒီလိုမျိုးစွမ်းအားထိပ်ဆုံးကို ရောက်နေတဲ့အချိန်မှာပဲ အားကောင်းတဲ့အသက်စွမ်းအားတွေက စက္ကန့်ပိုင်းအတွင်းမှာ တခဏတာရပ်တန့်သွားပါတော့တယ်။

ဟို့ယွိဟောင်ရဲ့တစ်ကိုယ်လုံးလဲ ဗလာကြီးဖြစ်သွားသလိုမျိုး ခံစားလိုက်ပါတယ်။ ဒါပေမယ့် ပုံမှန်မဟုတ်လောက်အောင် အင်မတန်နူးညံ့တဲ့နေရာတွေကတော့ တစ်စုံတစ်ရာမှားယွင်းနေတာကို သတိပေးနေပြီသားပါ။ သူနားလည်သွားခဲ့တဲ့အတွက် ထိတ်လန့်လို့သွားရပါတော့တယ်။ ဒါကြောင့် ဓားကိုသူမျက်ခုံးကြားကနေ အနည်းငယ်ဖယ်လိုက်ပါပြီ။ ပိုပြီးအံ့ဩစရာကောင်းတဲ့အချက်ကတော့ အဲ့ဒီဓားရဲ့ချွန်ထက်တဲ့အစွန်းတစ်ဖက်က သူ့နဖူးအလယ်တည့်တည့်ကို လုံး၀ခွာမရပဲရှိနေခဲ့ပြီ မျက်ခုံးနှစ်ခုကြားမှာ နေရာယူထားခဲ့တာပါ။

ဒါကသူ့ကိုချက်ချင်းဆိုသလို ထိုးစိုက်လိုက်ပါတော့တယ်။ ဦးခေါင်းခွံထဲကို ဓားကနက်နက်ရှ်ိုင်းရှိုင်းစိုက်၀င်သွားပြီတဲ့နောက် ဟို့ယွိဟောင်အော်ဟစ်ရင်းရုန်းကန်ချင်ပေမဲ့ သူဘာမှမလုပ်နိုင်တာကို နားလည်မိတဲ့အတွက် ချက်ချင်းရပ်တန့်လိုက်ပါတော့တယ်။

များပြားကောင်းမွန်လွန်လှတဲ့ အသက်စွမ်းအားတွေက ဓားကနေတစ်ဆင့်သူ့ဦးခေါင်းခွံထဲကို ၀င်ရောက်လို့လာခဲ့ပါပြီ။ သူ့ရဲ့လက်ရှိအချိန်မှာ ရှိနေတဲ့အတွေအကြုံကတော့ စိတ်၀ိညာဥ်ထိတ်လန့်မှုကို ကြုံတွေ့လိုက်ရတဲ့လူတစ်ယောက်အတိုင်းပါပဲ။ ခေါင်းကိုတူတစ်ချောင်းနဲ့ထုခံလိုက်ရသလိုမျိုး ဗလာဟင်းလင်းဖြစ်နေတဲ့စိတ်အခြေအနေကို ကြုံတွေ့လိုက်ရပါတော့တယ်။

ဒါတွေကိုခံစားမိပြီချိန်မှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီနှစ်ယောက်စလုံး သူ့ကိုကယ်တင်ချင်ပေမဲ့ နောက်ကျလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာရှိတဲ့အသက်စွမ်းအားတွေက နဖူးကနေတစ်ဆင့် ဖြတ်သန်းလို့နေခဲ့ပြီ သူ့ရဲ့စိတ်၀ိညာဥ်မူလအရင်းအမြစ်တွေရှိတဲ့နေရာဆီကို ၀င်ရောက်လာပါတော့တယ်။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ကတော့ အစိမ်းရောင်ပင်လယ်သမုဒ္ဒရာကြီးအဖြစ်ကို ပြောင်းလဲလို့သွားခဲ့သလို များပြားသိပ့်သည်းတဲ့ အသက်စွမ်းအားတွေကလဲ စတင်ဖြစ်ပေါ်လာပါတော့တယ်။ စိတ်၀ိညာဥ်ပင်လယ်ကြီးကတော့ လှပပြီကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့အတူ အပြင်ကိုကျယ်ပြန့်လာနေခဲ့ပါပြီ။

စိတ်၀ိညာဥ်ပင်လယ်ထဲမှာကတော့ အရိပ်နှစ်ခုကထင်ထင်ရှားရှားပေါ်နေခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့ပါပဲ။

သူတို့တွေ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ထိတ်လန့်နေခဲ့ကြပါတော့တယ်။ နှစ်ပေါင်းသိန်းသန်းနဲ့ချီအောင် နေထိုင်လာပြီဖြစ်ပေမဲ့ ဟို့ယွိယောင်က ဒီလိုမျိုးဦးခေါင်းကိုဓားနဲ့အစိုက်ခံလိုက်ရတာတောင် လျှပ်စီးဧကရာဇ် သူ့အပေါ်မှာဘယ်လိုမကောင်းတဲ့စိတ်မျိုးမှမရှိမှန်းကောင်းကောင်းခံစားနေခဲ့မိပါတယ်။ ဒါ့အပြင် ကျယ်ပြန့်အားကောင်းတဲ့အသက်စွမ်းအားတွေက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲကို ဆက်တိုက်၀င်ရောက်လာ​တာပါ။ ဒီလိုကျယ်ပြန့်လာတဲ့ဖြစ်စဥ်က သူတို့အတွက်လဲ အများကြီးအကျိူးကျေးဇူးရှိနေခဲ့ပါတယ်။

အသက်စွမ်းအားတွေက စိတ်၀ိညာဥ်ပင်လယ်ကို ဆက်တိုက်ဆိုသလို အားဖြည့်ပေးနေခဲ့ပြီ သူတို့ရဲ့စိတ်အရင်းအမြစ်တွေကို အားဖြည့်ပေးတာနဲ့ တူညီနေခဲ့ပါတယ်။ ဒါကြောင့် သူတို့လဲ ငြိမ်ငြိမ်သက်သက်နဲ့ ဟို့ယွိဟောင်ကို ကာကွယ်ရင်းနဲ့သာ စောင့်ကြည့်လို့နေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာတော့ အဖြူရောင်၀တ်ရုံရှည်ကို၀တ်ထားတဲ့အဘိုးကြီးတစ်ယောက်က ပေါ်လာခဲ့ပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲကျောက်စိမ်းဧကရီနှစ်ယောက်ကို ကြည့်လိုက်ရင်းသူပြောလိုက်တယ်။

” ပိုးကောင်ကြီးနဲ့ ကင်းမြီးကောက်လေ မင်းတို့နယ်မြေကို ငါဆက်ပြီလုယူတိုက်ခိုက်တာမျိုး မလုပ်တော့ဘူး…ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲက မင်းတို့ရဲ့ချိတ်ပိတ်ထားတာတွေကို နည်းနည်းလျှော့ပေးလို့ရပြီ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို အားဖြည့်ပေးလို့ရတယ်…သူ့ခန္ဓာကိုယ်က လက်ရှိအချိန် ဒီအပြောင်းအလဲပြီတဲ့နောက်မှာ အတော်လေးကို ခံနိုင်ရည်ရှိလာလိမ့်မယ်…ဒါပေမယ့်သူနဲ့စွမ်းအားတွေကို မြန်မြန်ချင်မပေါင်းစည်းလိုက်နဲ့ဦး၀ိညာဥ်စွမ်းအားအသက်သုံးဆယ်အထိကို ရောက်ဖို့စောင့်နေတာကောင်းလိမ့်မယ်…ပြီမှသာ ဖြည်းဖြည်းချင်းပေါင်းစပ်ကြ ”

” မင်းက လျှပ်စီးဧကရာဇ်တွေလား ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က မေးလိုက်ပါတယ်။

” ငါရဲ့ နတ်အသိဉာဏ်အပိုအစတွေမှာ အခြေခံမရှိဘူး…လုံး၀ကို အားနည်းနေတာကြောင့် အချိန်မရွေးပျောက်ကွယ်သွားခဲ့ရတယ်…ဒါပေမယ့် ဒီအံ့ဖွယ်ရာကောင်းတဲ့ ရွှေလိုအသက်နဲ့ယှဥ်လိုက်မယ်ဆိုရင် ကိစ္စတွေက မတူညီတော့ဘူး…သူတို့က ငါတို့အတွက်နဲ့နေရာတစ်ခုကို ဖန်တီးပေးနိုင်တယ်…ငါလဲ အဲ့ဒီအထဲမှာကိုယ့်ကိုကိုယ်၀င်ဆန့်အောင်နေလို့ရတယ်…ဒီလိုမျိုးနေလိုက်မယ်ဆိုရင် ငါရဲ့နတ်အသိဉာဏ်ကလဲ ပိုပြီးတည်ငြိမ်လာလိမ့်မယ်…ဒါပေမယ့် မှတ်ဉာဏ်တွေတော်တော်များများက ပျောက်ဆုံးသွားခဲ့ပြီဖြစ်တာကြောင့် ငါရဲ့နတ်အသိဉာဏ်ပိုသန်မာလာမှပဲ ဒီမှတ်ဉာဏ်တွေကို ပြန်ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်…ယွိဟောင်ရဲ့ အကူအညီလဲ လိုသေးတယ်..မင်းတို့တွေစိတ်အေးလက်အေးအနားယူလို့ရပြီ ငါတို့ရဲ့ရည်မှန်းချက်က တစ်ခုတည်ပဲလေ ဒါကသူ့ကိုပိုသန်မာလာအောင်လုပ်ဖို့ပဲ သူ့နတ်အသိဉာဏ်ရဲ့စွမ်းအားကသာ ငါပိုင်ဆိုင်တဲ့အနေအထားအထိကို ရောက်လာခဲ့မယ်ဆိုရင် ငါဆုံးရှုံးခဲ့သမျှအရာအားလုံးလဲ ပြန်ရလာလိမ့်မယ်..ဒါ့အပြင် ဒီလောကကြီးက ငါထင်ထားတာထက်ပိုပြီးစိတ်၀င်စားစရာကောင်းတယ်လို့ ခံစားမိတယ်..သူ့နှလုံးသားကိုလက်ခံပေမယ့်လဲ စိတ်၀ိညာဥ်အရင်းအမြစ်သုံးပြီ ဆက်သွယ်လို့ရပါသေးတယ် ”

အကြီးအကဲပြောရင်းနဲ့ လေထဲကိုလှည့်ပြီ ပျောက်ကွယ်သွားပါတော့တယ်။ အစိမ်းရောင်တံခါးကသူ့ရှေ့မှာပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီနှစ်ယောက်စလုံးကို နှုတ်ဆက်ရင်းသူထွက်ခွာသွားပါတော့တယ်။

ရေခဲဧကရီက အကြီးအကဲထွက်သွားတာကိုကြည့်ရင်းချီးမွမ်းမိတော့တယ်။

” သူ့ရဲ့နတ်အသိဉာဏ်ကို အရမ်းအားကောင်းကောင်းနဲ့ ထိန်းချုပ်ထားနိုင်တာပဲ ဒီလူသားကမွေးရာပါ ပါရမီရှိတဲ့သူဖြစ်လိမ့်မယ်..ငါ့မှာ နှစ်လေးသိန်းကျင့်ကြံဆင့်ရှိပေမဲ့ ဒီလိုနတ်အသိပညာကို ဘယ်လိုမှပြောင်းလဲနိုင်သေးမှာမဟုတ်ဘူး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ခန္ဓာကိုယ်ကြီးကိုလှုပ်ရမ်းနေရင်း ပြောလာခဲ့ပါတယ်။

” မစိုးရိမ်နဲ့ငါတို့က ဟို့ယွိဟောင်ရဲ့မွေးရာပါ ပါရမီတွေကို ဖန်တီးတည်ထောင်ပေးဖို့ရှိနေတာပဲ အကယ်၍ သူသာအနာဂတ်မှာအောင်မြင်ပြီဆိုရင် ငါတို့လဲသေချာပေါက် အောင်မြင်ပြီပေါ့ ”

သူတို့က ပုံမှန်အတိုင်းပြောနေကြချိန်မှာ ဟို့ယွိဟောင်လဲ အပြောင်းအလဲတွေဖြစ်ပေါ်လာပါတော့တယ်။ သူ့နဖူးမှာစိုက်နေခဲ့တဲ့ဓားက တုန်ခါလို့နေခဲ့ပြီ ဓားအပြင်ကိုလဲ သွေးတွေကလဲမထွက်လာခဲ့ပါဘူး။ အဲ့ဒီအစားဓားက နူးညံ့လို့သွားပါတော့တယ်။ အစိမ်းရောင်ရေတွေက ဖြည်းဖြည်းချင်းအရည်ပျော်သွားခဲ့ပြီ ဟို့ယွိဟောင်ရဲ့ခေါင်းထဲကို ဒီအပေါက်ကနေတစ်ဆင့်၀င်လာပါတော့တယ်။ သူ့တစ်ကိုယ်လုံးကတော့ များပြားတဲ့အသက်စွမ်းအားတွေကြောင့် အစိမ်းရောင်ပြောင်းနေခဲ့ပြီ သူ့ရဲ့နဖူးအလယ်တည့်တည့်ကတော့ ဗဟိုချက်နေရာဖြစ်နေခဲ့တာပါ။

ဓားကနေဖန်တီးလိုက်တဲ့ဒဏ်ရာက မပျောက်ကွယ်သွားခဲ့ပါဘူး။အဲ့ဒီအစား ပိုကျယ်ပြန့်လာခဲ့ရင်း ကလေးတစ်ယောက်ရဲ့ပါးစပ်လိုမျိုး ဖွင့်ဟလာပါတော့တယ်။ ဒီနေရာမှာ မျက်လုံးအသစ်တစ်လုံးပေါ်လာသလိုမျိုးပုံစံပါပဲ။

ဒီဒဏ်ရာဖြစ်ပေါ်လာချိန်မှာ ကြွက်သားတွေအရိုးတွေအားလုံးကလဲ ဆက်တိုက်ဆိုသလို ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ပုံသဏ္ဍာန်ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေခဲ့ပါပြီ။ ဒီနာကျင်မှုက သာမန်လူတွေခံနိုင်ရည်ရှိမဲ့အရာမဟုတ်ပါဘူး။

ဟို့ယွိဟောင်ရဲ့စိတ်ကတစ်ချိန်လုံးသတိအပြည့်နဲ့ ရှိနေခဲ့တာပါ။ သူ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာပြောနေတဲ့စကားတွေကိုတော့ သူကောင်းကောင်းကြားနိုင်ပါတယ်။ ဒါပေမဲ့ သူ၀င်ပြီနှောင့်ယှက်လို့မရသလို သူကိုယ်တိုင်းဘာတွေဖြစ်နေလဲဆိုတာကိုလဲ ရှင်းရှင်းလင်းလင်းမသိခဲ့ပါဘူး။

အစိမ်းရောင်နဲ့ ရွှေရောင်အလင်းတန်းတို့က ခပ်မြန်မြန်ပဲ တည်ငြိမ်လို့သွားပါတော့တယ်။ မီးခိုရောင်ပုလဲလုံးလေးတစ်လုံးက သူ့နဖူးပေါ်မှာ ခိုင်ခိုင်မာမာနေရာယူလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ပျက်စီးနေတဲ့အရိုးတွေ အသွေးအသားတွေအားလုံးနဲ့ ဒီအပေါက်ထဲမှာ ဆက်တိုက်ဆိုသလို ပေါင်းစည်းလို့သွားပါတော့တယ်။

ဟို့ယွိဟောင် ခံစားနေရတဲ့အာရုံကြောတွေရဲ့နာကျင်မှုက အပ်တွေနဲ့ ထိုးစိုက်ခံနေရသလိုပါပဲ။ လက်ရှိအချိန်မှာဒီနာကျင်က ရေခဲဧကရီနဲ့ ပေါင်းစည်းချိန်တုန်းကထက် ဆယ်ဆမကပိုနာကျင်ပါတယ်။

ဟို့ယွိဟောင်နဲ့ စိတ်၀ိညာဥ်အရင်းအမြစ်တွေကတော့ ဆွဲဖြဲခံလိုက်ရတဲ့အတိုင်း အော်ဟစ်လို့နေခဲ့ပါပြီ။ စိတ်၀ိညာဥ်အရင်းအမြစ်က ကောင်းကောင်းသာမစုစည်းနိုင်ဘူးဆိုရင် သေချာပေါက်အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့မယ်လို့ ပြောနိုင်ပါတယ်။ ဒီနာကျင်မှုမျိုးက မခံမရပ်နိုင်လောက်အောင်ပါပဲ။ အသက်စွမ်းအားတွေက ဘယ်လောက်ပဲအားကောင်းပါစေ ဟို့ယွိဟောင်အနေနဲ့ လက်ရှိအချိန်မှာ သူ့ရဲ့ထူးခြားမှုကို တစ်စက်လေးတောင် မခံစားနိုင်ပဲရှိနေခဲ့ပါတယ်။ ခံစားနေရတဲ့နာကျင်မှုက အဆုံးမဲ့ပြီနက်ရှိုင်းလွန်တဲ့ ပင်လယ်သမုဒ္ဒရာကြီးလိုပိုပိုပြီး နစ်၀င်လို့သွားစေခဲ့တယ်။

ကြောက်စရာစိတ်၀ိညာဥ်စွမ်းအားတွေက အခုအချိန်မှာ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ ထူးဆန်းကောင်းကင်နည်းလမ်းကနေ အသုံးပြုတဲ့၀ိညာဥ်စွမ်းအားက သူ့ခန္ဓာကိုယ်ကို ကာကွယ်လို့ထားပါတယ်။ ဒါပေမယ့် စိတ်၀ိညာဥ်ပင်လယ်ထဲကိုတော့ မ၀င်ရောက်နိုင်ပါဘူး။

ဘယ်လောက်တောင်အချိန်ကုန်သွားလဲမသိလိုက်ခင်မှာပဲ ပြင်းထန်လွန်လှတဲ့နာကျင်မှုကြောင့် သူလဲထုံထိုင်လို့သွားခဲ့ရပါတယ်။ စိတ်၀ိညာဥ်မူလအရင်းအမြစ်ကတော့ ဆွဲဖြဲခံလိုက်ရတဲ့အတိုင်း ရုတ်တရက်ဆိုသလို အလင်းတန်းတွေတချို့ကို ခံစားလိုက်မိတယ်။ ဒီအလင်းတန်းကတော့ သေးငယ်တဲ့မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းတစ်ခုပါ။ ပျက်စီးနေတဲ့စိတ်၀ိညာဥ်အရင်းအမြစ်ကလဲ ဒီရွှေရောင်အလင်းတန်းရဲ့ ပေါင်းစည်းမှုကြောင့် ခပ်မြန်မြန်ပဲ လွှမ်းခြုံခံလိုက်ရပါပြီ။ ဒီခံစားချက်က ထူးဆန်းလွန်လှတဲ့အပြင် ရေပူစမ်းထဲမှာ အစိမ်ခံလိုက်ရသလိုပါပဲ။ အက်ကွဲနေတဲ့စိတ်၀ိညာဥ်အရင်းအမြစ်က နူးညံ့လို့သွားခဲ့ပြီ ဖြည်းဖြည်းချင်းဆိုသလို လှည့်ပတ်ပါတော့တယ်။

ရွှေရောင်တောက်ပနေတဲ့ရေကန်က သူ့ရဲ့စိတ်၀ိညာဥ်မူလအရင်းအမြစ်နဲ့အတူ ပေါင်းစည်းလို့သွားခဲ့ပြီ အံ့ဖွယ်ရာစွမ်းအားတွေက ပါ၀င်လို့နေခဲ့တယ်။ ထုံထိုင်နာကျင်မှုကနေ နွေးထွေးမှုအဖြစ်ကို ပြောင်းလဲလို့သွားချိန်မှာကတော့ ဟို့ယွိဟောင်ရဲ့စိတ်ကလဲ ကြည်လင်လာခဲ့ပါပြီ။

အာရုံခံနိုင်စွမ်းကို ပြန်ရလာတာနဲ့ ပထမဆုံးသူမြင်လိုက်တဲ့ပုံစံက အိပ်ရာပေါ်မှာ တင်ပလ္လင်ခွေချိတ်ရင်းထိုင်နေတဲ့ပုံစံပါပဲ။ သူ့ရဲ့တစ်ကိုယ်လုံးက အတော်ကို တိတ်ဆိတ်လို့နေခဲ့တယ်။ ရုတ်တရက်ဆိုသလို နဖူးပေါ်မှာမျက်လုံးအသစ်တစ်လုံးပေါ်လာခဲ့ပါပြီ။

ဒီမျက်လုံးက အစိမ်းရောင်အလင်းတန်းတွေနဲ့ တောက်ပလို့မနေခဲ့ပါဘူး။ ဒါ့အပြင် မျက်ဆံအိမ်ကလဲ ပုံမှန်မျက်လုံးတွေထက် အနည်းငယ်ပိုသေးပါတယ်။ မှန်ဖျော့ဖျော့အစိမ်းရောင်အလင်းတန်းတချို့ကသာ ဒီမျက်လုံးရဲ့တစ်၀ိုက်မှာလှည့်ပတ်လို့နေခဲ့တယ်။

မျက်ဆံကတော့ မီးခိုရောင်ပါပဲ။ ဒါပေမယ့် မီးခိုရောင်ရဲ့အထဲမှာလဲ ရွှေရောင်အလင်းတန်းတချို့က ဖြတ်သန်းတောက်ပလို့နေပါသေးတယ်။ ထူးဆန်းတဲ့တတိယမျက်လုံးက အနည်းငယ်လှုပ်ရှားလိုက်ချိန်မှာတော့ သူကိုယ်သူပြန်ကြည့်နေမှန်း သတိထားမိပါတော့တယ်။ ဒီလိုခံစားချက်က တကယ်ကို ပြောပြဖို့ခက်လွန်တာအမှန်ပါပဲ။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက ခန္ဓာကိုယ်ထဲကို ပြန်လည်၀င်ရောက်သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ကိစ္စတွေက သူ့အမြင်ကနေစတင်ပြောင်းလဲလို့လာပါတော့တယ်။ သူ့ရဲ့အရိုးတွေ ကြွက်သားတွေ အသွေးအသားတွေနဲ့ ဆံချည်မျှင်သွေးကြောတွေကိုပါ ကောင်းကောင်းမွန်မွန်မြင်နေခဲ့ရပါတယ်။

သွေးတွေရဲ့လှည့်ပတ်မှုက ရေရဲ့စီးဆင်းမှုလိုမျိူး ရှိနေခဲ့ပြီ သွေးအဆီအနှစ်ကတော့ အသက်စွမ်းအားတွေနဲ့အတူ အားကောင်းကောင်းလှည့်ပတ်လို့နေခဲ့တယ်။ အရိုးတွေ ကြွက်သားတွေ သွေးကြောတွေနဲ့ ကလီစာတွေအားလုံးကို ထူးဆန်းတဲ့အစိမ်းရောင်အလွှာတစ်ခုက ဖုံးလွှမ်းလို့ထားခဲ့ပါပြီ။ ဒီအလွှာက သူ့ခန္ဓာကိုယ်နဲ့ဖြည်းဖြည်းချင်းပေါင်းစည်းလို့သွားပါတော့တယ်။

ဟို့ယွိဟောင်လဲ သူ့ဦးနှောက်ထဲကို စိတ်၀ိညာဥ်စွမ်းအားတွေသုံးပြီ ပြန်ကြည့်မိလိုက်ပါတယ်။ ဒီလိုစိတ်၀ိညာဥ်ပင်လယ်ရဲ့အပြောင်းအလဲက သူ့ကိုမျက်လုံးပြူသွားစေခဲ့တယ်။ ကမ္ဘာလောကကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်လို့တောင် ပြောရမှာပါ။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးက ဘာမှမရှိတဲ့အမှောင်ထုကြီးတစ်ခုလိုမျိုးပုံစံနဲ့ အရင်ကတည်ရှိပါတယ်။ လက်ရှိအချိန်မှာကတော့ လေဟာနယ်တစ်ခုအသွင်ကို ကောင်းကောင်းပြောင်းလဲလို့သွားခဲ့ပါပြီ။

ဒီလေဟာနယ်က အဆုံးမရှိတဲ့အဖြူရောင်နယ်မြေကြီးပါပဲ။ သူပထမဆုံးမြင်လိုက်တဲ့အရာကတော့ ကြီးမားတဲ့အစိမ်းရောင်ရေကန်တစ်ကန်ဖြစ်နေခဲ့တယ်။ ဒီရေကန်က အသက်စွမ်းအားတွေအားကောင်းမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီ မှန်တစ်ချပ်လိုမျိူး ရေမျက်နှာပြင်က တည်ငြိမ်ကြည်လင်လို့နေခဲ့ပါတယ်။ အားကောင်းတဲ့အသက်စွမ်းအားတွေက သူ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ လှည့်ပတ်နေခဲ့ပြီးပါပြီ။

ကျယ်ပြန့်လိုက်တဲ့နယ်မြေကြီးပါလား။ စိတ်၀ိညာဥ်ပင်လယ်ကြီးကိုကြည့်ရင်း ဟို့ယွိဟောင် လန့်သွားခဲ့မိပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်က အရင်ကထက်သုံးဆမက ပိုကျယ်ပြောလာတာကို သူအာရုံခံမိလိုက်တယ်။ ဘယ်လောက်တောင် ပိုခိုင်မာလာလဲဆိုတာကတော့ ပြောဖို့ခက်ပါသေးတယ်။

မျက်လုံးကိုပြန်အာရုံစိုက်လိုက်ချိန်မှာတော့ မိုးပြာရောင်ရေကန်ကြီးရဲ့မျက်နှာပြင်ပေါ်မှာ ပုလဲစက်လေးတစ်စက်ရှိနေတာကို သတိထားမိလိုက်ပါတယ်။ စိတ်၀ိညာဥ်ပင်လယ်ရဲ့ နေမင်းကြီးတစ်စင်းလိုပါပဲ။ ဒီပုလဲကလဲ ကျောက်စိမ်းရောင်ပါ။ လုံး၀ကို ကြည်လင်တောက်ပနေခဲ့ပြီ ကျောက်မျက်ရတနာတစ်ခုလိုမျိုး နူးညံ့ညင်းသာတဲ့အလင်းတန်းတွေ ထွက်ပေါ်လို့နေခဲ့ပါတယ်။ ၀ိညာဥ်၀ါးမြိုထွင်းထုရေးဓားမှာရှိခဲ့သလိုမျိုး ရောင်စဥ်တန်းနဲ့အတူတူပါပဲ။ ဟို့ယွိဟောင်လဲ သူ့ကိုယ်သူတစ်ချက်ပြန်ပြီကြည့်လိုက်မိတာပါ။

နောက်တစ်ကြိမ် အံ့အားတွေ့ရှိရတာကတော့ သူ့ရဲ့စိတ်၀ိညာဥ်အသိဉာဏ်မှာခန္ဓာကိုယ်ရှိနေတာပါပဲ။ စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးက သူနဲ့တစ်ပုံစံထဲတူညီတဲ့ ခန္ဓာကိုယ်ကို ဖန်တီးလိုက်တာပါ။ သူကရေကန်နားမှာရပ်နေခဲ့ပါတယ်။

သူတင်မဟုတ်သေးပါဘူး ၀၀ဖိုက်ဖိုက်အဖြူရောင်ပိုးကောင်ကြီးနဲ့ လှပတဲ့ကျောက်စိမ်းကင်းမြီးကောက်ကလဲ ရှိနေခဲ့ပါတယ်။

” ဒါက ဒါတွေအားလုံးက ဘာတွေဖြစ်သွားတာလဲ ”

ဟို့ယွိဟောင်က ဘာတွေဖြစ်နေလဲတောင် မသိတော့ပါဘူး။ ဒါပေမယ့် နှလုံးသားရဲ့အထဲမှာ ရှိနေခဲ့တဲ့ခံစားချက်က ဒီနေရာမှာရှိသမျှအရာအားလုံးကို သူထိန်းချုပ်နိုင်တယ်လို့ ကောင်းကောင်းပြောနေခဲ့တယ်။ ဒီလိုအပြောင်းအလဲက သူဘယ်တုန်းကမှမကြုံတွေ့ခဲ့ဖူးတာ့ဖြစ်ပေမဲ့ သူ့ကိုနားမလည်နိုင်တဲ့ခံစားချက်တချို့ပေးစွမ်းနေခဲ့ပါတယ်။

လေထဲကမျက်လုံးကြီးထဲမှာ ရပ်နေခဲ့တဲ့ အကြီးအကဲကတော့ သူကိုပြောလာခဲ့တယ်။

” ဒါကရွှေလိုအသက်ရဲ့အစွမ်းအစတွေပဲလေ မစိုးရိမ်နဲ့ ငါမင်းကိုဖြည်းဖြည်းချင်းရှင်းပြမှာပါ ”

” ရွှေလိုအသက်က ဘာလဲဆိုတာ အရင်ပြောကြရအောင် အသက်ဆိုတာက လူတွေခေါ်ကြတဲ့နာမည်ပဲ ဖြစ်တည်လာတဲ့သက်ရှိတွေအားလုံးမှာ အသက်စွမ်းအားဆိုတာရှိတယ်…ဒါကြောင့် သက်ရှိတွေလို့ခေါ်ကြတယ်လေ တစ်ချိန်ထဲမှာပဲ ငါရဲ့ရွှေရောင်နေ့ရက်တွေမှာရော မင်းတို့တည်ရှိနေတဲ့ သက်တမ်းတစ်လျှောက်ကာလမှာရော ဒီကိစ္စကတစ်ခုခုပဲ သက်ရှိတွေအားလုံးကို အသိဉာဏ်နဲ့ပိုင်ခြားထားတယ်..သက်ရှိတွေအားလုံးရဲ့ မူလစွမ်းအားက အသက်စွမ်းအားပဲ ”

” ရွှေလိုအသက်က အသက်စွမ်းအားကို ကိုယ်စားပြုတဲ့ပစ္စည်းဖြစ်တဲ့အပြင် ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် များပြားတဲ့အသက်စွမ်းအားတွေကို ပုံသဏ္ဍာန်တူထုတ်ယူပြီ စုစည်းထားတာပဲ မျိုးဆက်ပေါင်းများစွာစုစည်းပြီမှသာ ရရှိနိုင်တဲ့လောကရဲ့ရတနာတစ်ခုလဲ ဖြစ်နေတယ်…ငါက မင်းတို့လောကကမဟုတ်ပဲနဲ့ တခြားတူညီတဲ့ အပြိုင်တစ်ခုကနေ လာခဲ့တာ ဒါပေမယ့် ရွှေလိုအသက်က မင်းဘယ်နေရာမှာပဲရောက်ရောက် ဘယ်ကမ္ဘာပဲရောက်ရောက် ဘယ်စကြာ၀ဠာပဲရောက်ရောက် တူညီတဲ့အဓိပ္ပာယ်တွေရှိနေလိမ့်မယ်…ဒါ့အပြင် ရွှေလိုအသက်က ဘယ်သက်ရှိအတွက်မဆို အရမ်းကိုအားကောင်းတဲ့အသက်စွမ်းအားတွေကို ပေးစွမ်းနိုင်တယ်…သက်ရှိတိုင်းက အသက်တစ်ခုကို ကိုယ်စားပြုပေမဲ့ ရွှေလိုအသက်ကတော့ တစ်လောကလုံးရဲ့အသက်တွေကို ကိုယ်စားပြုတယ် ”

ဟို့ယွိဟောင်ကတော့ နားထောင်ရင်ပိုရှုပ်ထွေးလာခဲ့ပါပြီ။ ဒါကြောင့် သူစိတ်ရှုပ်ထွေးမှုအပြည့်နဲ့ကြည့်နေခဲ့ပါတယ်။ ဒါကဘာကြီးမှန်း သူကောင်းကောင်းနားမလည်သေးပါဘူး။

” အစ်ကိုကြီး ရွှေလိုအသက်ဘယ်လိုဖြစ်လာလဲဆိုတာ မင်းမပြောသေးဘူး…ဒါ့အပြင် နှစ်ပေါင်းများစွာကြာအောင်စွမ်းအားတွေကို စုစည်းထားတာက ဘာကိုဆိုလိုချင်တာလဲ သွယ်၀ိုက်မနေပဲ ပြောစရာရှိတာပြောလိုက် ”

” တိုက်ရိုက်ပြောဖို့ကတော့ ခက်ပါတယ်…မင်းတို့ရဲ့ မူလအရင်းအမြစ်တွေက ဘာမှအထင်ကြီးစရာမကောင်းပေမဲ့ ဒီလောက်အကြာကြီးအသက်ရှင်နေတဲ့သူတွေကို တွေ့ရဖို့တော့ မြင်ရခဲတယ်လေ မင်းကအသက်ရှင်တာ နှစ်ပေါင်းတစ်သိန်းရှိနေခဲ့ပေမဲ့ ဒါပေမယ့် ခပ်ရှင်းရှင်းပြောရမယ်ဆိုရင် မင်းရဲ့ဒီနှစ်တစ်သန်းအသက်က ရွှေလိုအသက်အတွက်တော့ မျက်ရည်စက်လေးတစ်စက်ပမာဏပဲရှိမယ် ”

” တကယ်ကြီးပြောနေတာလား ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရော ရေခဲဧကရီပါ တစ်ပြိုင်နက်ထဲပြောလိုက်မိပါတော့တယ်။ ရေခဲဧကရီက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို အများကြီးမတွေးထားပေမဲ့ သူ့ရဲ့အသက်စွမ်းအားတွေက ဘယ်လောက်အားကောင်းလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းသိပြီသားပါ။ နှစ်တစ်သန်းအသက်ရှင်လာသူဆိုတော့ သူသာရှိပါတယ်။

” ဒါကသူ့ကိုမြင့်မြင့်မားမားယူဆပြီပြောထားတာပါပဲ ရွှေလိုအသက်ရဲ့တည်ရှိမှုက အငွေ့လိုမျိုးဖြစ်တည်မှုမျိုးဖြစ်ပြီ အချိန်တွေကြာလာတာနဲ့အမျှ အရည်အဖြစ်ကိုပြောင်းလဲနိုင်တယ်..ယွိဟောင် အခုရလိုက်တဲ့တစ်ခုလိုပဲ ဒီတစ်ခုကတော့ အစိုင်အခဲဖြစ်နေခဲ့ပြီ မရှင်းပြရင်နားလည်မှာလား ပိုးကောင်ကြီးယွိဟောင်နဲ့ သစ်တောထဲမှာ ပေါင်းစည်းတဲ့အချိန်ကို မင်းမှတ်မိသေးလား ”

” ဒါပေါ့ မဟာကြယ်တာရာသစ်တောလေ အဲ့ဒီမှာ အဲ့ဒီခွေးမသားတွေ နှိမ့်စက်တာကိုငါအတော်လေးခံလိုက်ရတာကြောင့် ဒီသစ်တောတစ်ခုလုံးကို ကျိန်ဆဲပြစ်ချင်တယ် ”

” အဲ့ဒီသစ်တောကြီးက သက်ရှိတွေအများကြီးကို ထိန်းသိမ်းထားနိုင်တယ်..ငါရဲ့နတ်အသိဉာဏ်ဆင်းသက်လာတဲ့အချိန်မှာ အားကောင်းလွန်လှတဲ့ အသက်စွမ်းအားကို ငါသစ်တောကြီးထဲမှာ ခံစားလိုက်ရတယ်..အကယ်၍ ဒါကိုသာ ရွှေလိုအသက်အတွက် အသုံးပြုမယ်ဆိုရင် နှစ်ပေါင်းနှစ်သောင်းနီးပါးလောက် အချိန်ယူပြီစုဆောင်းရလိမ့်မယ်..ဒါမှသာ အခုလက်ရှိဓားပေါ်မှာရှိလောက်တဲ့အရွယ်အစားပမာဏကိုရွှေလိုအသက်မှာရလာမှာပါ ဒါက မပျက်မစီးမနှောင့်ယှက်ခံရမှဒီလိုပမာဏရမှာနော် ဒါ့အပြင် မင်းတို့အနေနဲ့ ရွှေလိုအသက်က ရရှိဖို့လိုအပ်ချက်တွေလိုတယ်ဆိုတာကို သိထားဖို့လိုလိမ့်မယ်..ဥပမာအားဖြင့် အဲ့ဒီသစ်တောကြီးကနေ ရွှေလိုအသက်အပိုင်းအစတစ်ခုကို ထုတ်လွှတ်တယ်ဆိုပါစို့ သေချာပေါက် သိပ့်သည်းတဲ့အသက်စွမ်းအားတွေ အများကြီးကို စုဆောင်းထားမှဒီလိုထုတ်လုပ်နိုင်မှာ ”

” ကျွန်တော်အကြမ်းဖျင်းတော့နားလည်လာပြီထင်တာပဲ ဒီထွင်းထုရေးဓားက ရွှေလိုအသက်နဲ့ အပြည့်အ၀ထုတ်လုပ်ထားတယ်လို့ ပြောချင်နေတယ်မလား ”

ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

” ဟုတ်တယ်အမှန်ပဲ အသက်စွမ်းအားက ဘယ်လိုဖြစ်တည်မှုမျိုးမဆို အရမ်းအရေးကြီးတယ်..မိစ္ဆာသက်ရှိတွေကလဲ များပြားတဲ့အသက်စွမ်းအားတွေကို လက်ခံရရှိတဲ့အချိန်မှာ အတော်ကိုအားကောင်းလာနိုင်တယ်…သူ့ရဲ့နတ်အသိဉာဏ်က ဝေဝေ၀ါး၀ါးဖြစ်နေခဲ့ပြီ ဒါကြောင့် ဒီရွှေလိုအသက်ကို ရတဲ့အချိန်မှာ သူတို့ရဲ့အဓိကစွမ်းအားအများကြီးကို ရွေးချယ်စရာမရှိပဲ ရယူခဲ့ရတာပဲ ဒီစွမ်းအားကိုအဓိကအခြေခံရင်း မင်းမှာတတိယမျက်လုံးကို ဖွင့်ပေးလိုက်တယ်…ဒါက မင်းရဲ့ကိုယ်ပိုင်အသိစိတ်ကိုမြင်ရတာနဲ့အတူတူပဲ ငါရဲ့အသိစိတ်က ဒီတတိယမျက်လုံးထဲမှာရှိနေလိမ့်မယ်…ရွှေလိုအသက်ရဲ့အားဖြည့်မှုအောက်မှာ ငါရဲ့ဒီနတ်အသိဉာဏ်လဲ ပျောက်ကွယ်သွားမှာကို စိုးရိမ်စရာမလိုတော့ပါဘူး ”

” များပြားတဲ့အသက်စွမ်းအားတွေရဲ့အားဖြည့်ပေးမှုနဲ့ဆိုရင် ငါရဲ့နတ်အသိဉာဏ်က ဆက်တိုက်ဆိုသလို ကုသခံနေရလိမ့်မယ်..ဒါဆိုရင် ငါလဲစွမ်းအားတချို့ကို ပြန်ပြီထိန်းချုပ်လာနိုင်မှာပဲ မင်းကဒီအချိန်မှာ အရမ်းအားနည်းနေလွန်သေးတာကြောင့် ပိုပြီးသန်မာလာတဲ့အချိန်မှာ ငါမင်းကိုအခွင့်အရေးတစ်ခုပေးလိမ့်မယ်..မင်းငါ ရဲ့ စွမ်းအားတွေကို အမွေဆက်ခံချင်လား မဆက်ခံချင်ဘူးလားဆိုတာ ကောင်းကောင်းဆုံးဖြတ်ပေါ့ ”

” ငါ့ရဲ့ပျက်စီးနေတဲ့မှတ်ဉာဏ်ထဲကနေ စွမ်းအားအမျိုးအစားရှိတာကို ရှင်းရှင်းလင်းလင်းမှတ်မိနေသေးတယ်..နှစ်ခုကတော့ ငါရဲ့မူလနယ်မြေမှာရှိတဲ့သူတွေကို ပေးအပ်လိုက်ပြီးပြီ နောက်ဆုံးအမွေအနှစ်ကတော့ အမြင့်ဆုံးပဲ ဒါ့အပြင် ငါ့လက်ထဲမှာရှိနေသေးတယ်..မင်းစိတ်၀ိညာဥ်စက်ကွင်းငါးကွင်းရတဲ့အချိန်ကြရင် အဲ့ဒီအမွေအနှစ်ကို ရယူဖို့အစွမ်းအစရှိလာမှာပါ ဒါပေါ့ မင်းဆန္ဒရှိဖို့လဲ လိုလိမ့်မယ် ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလာခဲ့ပါတယ်။

” ဒါဆိုရင် မင်းက ဒီရွှေလိုအသက်လိုခေါ်တဲ့ အရာရဲ့ရှိရှိသမျှအကျိုးအမြတ်တွေအားလုံးကို ယူသွားတော့မှာလား ”

လျှပ်စီးဧကရာဇ်က ရယ်မောရင်းပြန်ဖြေလိုက်ပါတယ်။

” ပိုးကောင်ကြီးမင်းကန်းနေလား ငါကသူ့ရဲ့ဒီစိတ်၀ိညာဥ်ပင်လယ်ကြီးကို တောက်ပတဲ့နေရာဖြစ်အောင် ပြောင်းလဲပေးပြီးပြီ ဒီလောကတစ်ခုလုံးမှာ ဒီလောက်လှပတဲ့စိတ်၀ိညာဥ်ပင်လယ်လုံး၀မရှိနိုင်ဘူးလို့ ငါအာမခံနိုင်တယ်..ဒါ့အပြင် ရွှေလိုအသက်ရဲ့အပိုင်းအစတစ်ခုချင်းဆီတိုင်းကလဲ ဒီလောကကြီးအတွက် အသုံးပြုမှာပဲ ငါကငါရဲ့စွမ်းအားကို ဒီရွှေလိုအသက်နဲ့ ပေါင်းစည်းထားပြီ သူ့ရဲ့မူလစွမ်းအားတွေကို တော်တော်များများချိတ်ပိတ်ပေးထားတယ်..ဒီနေ့ကနေစပြီ ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတိုးတက်မှုကအရင်အချိန်တွေကထက် အများဆုံးသုံးဆမြန်လာမှာပဲ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကလဲ ထာ၀ရလိုတည်တံ့ကြာရှည်လိမ့်မယ်..သူ့ရဲ့ပြင်ပခန္ဓာကိုယ်က ဒီရွှေလိုအသက်နဲ့ လွှမ်းမိုးခံထားရသရွေ့ဘယ်လိုဒဏ်ရာပဲရသည်ဖြစ်စေ စိတ်သာလှုပ်ရှားနိုင်နေမယ်ဆိုရင် သူ့ဘာသာသူအလိုလိုပြန်ကောင်းလိမ့်မယ်..သူသေဖို့လဲမလွယ်တော့ဘူး ”

” ယွိဟောင် မင်းကိစ္စတချို့ကို သိထားဖို့လိုမယ်..မင်းပထမဆုံးအနေနဲ့ ဒီဓားကမပျောက်ကွယ်သွားရသေးဘူး..မင်းရဲ့တတိယမျက်လုံးဒါ့အပြင် အသက်မျက်လုံးကလဲ လက်ရှိအချိန်မှာ ပူးတွဲဖြစ်တည်နေတဲ့ တည်ရှိမှုတစ်ခုပဲ မင်းအနေနဲ့ လက်ရှိအချိန်ကာလမှာ ဒီဓားရဲ့စွမ်းအားတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့အတွက် မျက်လုံးကိုလဲ အာရုံစိုက်ရမယ်…ဒါပေမယ့် ထွင်းထုရေးဓားက ရွှေလိုအသက်ရဲ့ အရည်အသွေးတော်တော်များများကို ပိုင်ဆိုင်ထားရုံတင်မကပဲ ငါရဲ့အစိတ်အပိုင်းတချို့လဲပါနေတာကြောင့် ဒီအစွမ်းအစတွေအားလုံးကို ဘာတွေဖြစ်မလဲဆိုတာ ကောင်းကောင်းသိရအောင်သေချာလုပ် ”

” ဒုတိယတစ်ခုကတော့ ငါရဲ့ဖြစ်တည်မှုက လက်ရှိအချိန်ကနေစပြီ မင်းရဲ့သိုင်းပညာ၀ိညာဥ်တစ်ခုထဲမှာ ၀င်ရောက်သွားပြီ အရမ်းကိုထူးခြားတဲ့သိုင်းပညာ၀ိညာဥ်ပဲ ဒါပေမယ့် ဒီသိုင်းပညာ၀ိညာဥ်က ၀ိညာဥ်စက်ကွင်းတွေနဲ့မပေါင်းစည်းနိုင်ဘူး..ဒါ့အပြင် ငါ့ရဲ့အင်အားက မင်းဆီကနေလာတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့လိုလိမ့်မယ်…ငါရဲ့ထိန်းချုပ်မှုတစ်ခုထဲကသာ မင်းထက်ကိုသာလွန်မယ်..ငါမင်းကိုအများဆုံးပေးနိုင်တဲ့အရာက အသိပညာနဲ့ ကြီးမားတဲ့ဉာဏ်ပညာတွေပဲ ဒါကြောင့် ငါ့ကိုအများကြီးမျှော်လင့်မနေနဲ့ ”

” တတိယတစ်ခုကတော့ မင်းရဲ့လက်ထဲမှာ ရှိတဲ့ကိစ္စတွေကို အပြီးသတ်ပြီရင် တခဏတာအနားယူသင့်တယ်…ဒီရွှေလိုအသက်ပေးစွမ်းထားတဲ့ ခိုင်မာမြဲမြန်းမှုတွေအားလုံးကို ရှင်းရှင်းလင်းလင်းနားလည်နိုင်တဲ့အထိ ကြိုးစားသင့်တယ်…ဒါမှသာခန္ဓာကိုယ်ထဲက အသက်စွမ်းအားတွေကို လက်တွေခြေထောက်တွေလိုမျိုးအသုံးပြုနိုင်မှာ အနာဂတ်မှာမင်းအတွက်လဲအများကြီးတိုးတက်လာလိမ့်မယ် ”

” နောက်ဆုံးပြောချင်တာကတော့ ရွှေလိုအသက်ကနေ ပြုလုပ်လိုက်တဲ့ ပုံစံပြောင်းမှုတွေကြောင့် မင်းရဲ့ခန္ဓာကိုယ်အင်အားနဲ့ လိုက်လျောညီထွေးဖြစ်နိုင်စွမ်းတွေက အများကြီးတိုးတက်သွားလိမ့်မယ်…ဒါတွေကိုကောင်းကောင်းအသုံးချလိုက် ဒါ့အပြင် ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားပြီ ထိန်းချုပ်နိုင်အောင်လုပ်ထားပြီ မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်က လက်ရှိအချိန်မှာ များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ပါ၀င်နေပြီးပြီ ဒါပေမယ့် မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားဘယ်လောက်ပဲအားကောင်းပါစေ အသုံးပြုဖို့နဲ့ ထိန်းချုပ်ဖို့ကိုကောင်းကောင်းမသိလို့ကတော့ အလဟာသဖြစ်သွားမှာပဲ ဒါကြောင့်သာ အခုအချိန်မှာ တိတ်တိတ်ဆိတ်ဆိတ်တရားထိုင်သင့်တယ်လို့ပြောလိုက်တာ ”

” ကောင်းပြီးလေ ဒါငါပြောချင်တာ စိတ်ထဲရှိတာအကုန်ပဲ ဒီမျက်လုံးနဲ့ ငါဆက်ပြီးပေါင်းစည်းရဦးမယ်…မင်းမကြာခင်မှာပဲ အသိစိတ်ကို ပြန်ထိန်းချုပ်နိုင်တော့မှာပါ ဒါပြီရင်းတော့ မင်းရဲ့ခန္ဓာကိုယ်နဲ့ မင်းရဲ့၀ိညာဥ်ပင်လယ်တွေအားလုံးက ကောင်းကောင်းပေါင်းစည်းသွားလိမ့်မယ်..ငါတို့လဲမင်းရဲ့ခန္ဓာကိုယ်ကို ရယူဖို့ပူးကပ်ဖို့က နောက်ပိုင်းမှာပိုခက်ခဲသွားမှာပဲ ကိုယ်တိုင်အားကောင်းလာဖို့အတွက် ကိုယ့်ကိုကိုယ်ပဲ အားကိုးမှပဲရလိမ့်မယ် ”

အပိုင်း ၁၀၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset