Switch Mode

Chapter – 105

မှောင်မိုက်စွမ်းအားအပြည့်နဲ့ ဝိညာဉ်ဝါးမြိုဓားကို သန့်စင်ခြင်း

အပိုင်း ၁၀၅

” မှောင်မိုက်စွမ်းအားအပြည့်နဲ့ ၀ိညာဥ်၀ါးမြိုဓားကို သန့်စင်ခြင်း ”
°°°
ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေကတော့ ရွှေရောင်အလင်းတန်းတွေနဲ့ ပြည့်နှက်လို့နေရင်း ကြည်လင်လို့နေခဲ့ပါတယ်။ ရွှေတုံးကြီးနှစ်ခုလိုမျိုးပုံစံဆောင်ထားတဲ့ ဒီမျက်လုံးတွေက အလင်းတွေပါဖြာနေတာပါ။

” ဘာဖြစ်လို့လဲ ဘယ်သူငါ့ရဲ့နယ်မြေကို လာကျူးကျော်၀ံ့တာလဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဒေါသတကြီးနဲ့အော်ပါတော့တယ်။

ဓားရဲ့ရန်စတာကို ခံလိုက်ရပြီတဲ့နောက် ရေခဲဧကရီလဲ စိတ်ကြည်သွားခဲ့ပါပြီ။ မိုးပြာရောင်အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့ ရွှေရောင်မျက်လုံးတွေထဲမှာဖြတ်ပြေးနေခဲ့ပါတော့တယ်။ ဒါကြောင့် သူ့ရဲ့မျက်လုံးတွေက ဓားထက်တောင်အဆတစ်ရာမက ပိုပြီးအားကောင်းကောင်းနဲ့ တောက်ပနေခဲ့သလို တစ်ဖက်ဓားကိုလဲ ဟို့ယွိဟောင်ရဲ့မျက်လုံးအလင်းတန်းတွေက အရှိန်ပြင်းပြင်းနဲ့၀င်တိုက်ခိုက်နေခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ ဒီဓားကနာနာကျင်ကျင်နဲ့ အော်ဟစ်နေရင်း အစိမ်းရောင်အလင်းတန်းတွေလဲလျော့ပါးသွားပါတော့တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရော ရေခဲကျောက်စိမ်းဧကရီကပါ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းထားတာကြောင့် သူတို့ရဲ့တကယ်စွမ်းအားအစစ်အမှန်တွေကလဲ ချိတ်ပိတ်ခံထားရပါတယ်။ ဒါပေမယ့် စိတ်၀ိညာဥ်အရင်းအမြစ်တွေကတော့ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေဆဲပါ။ သူတို့ရဲ့စွမ်းအားတွေကို အသုံးမပြုနိုင်သေးပေမဲ့ စိတ်၀ိညာဥ်ပင်လယ်ကိုတော့ ကောင်းကောင်းကာကွယ်ထားပါတယ်။

ရေခဲဧကရီရဲ့ ဒေါသကို ဘယ်သူမသိကြလို့လဲ ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့က လက်ထပ်ပြီသားစုံတွဲတစ်ခုအဖြစ်ပြောရမယ်ဆိုရင် ရေခဲဧကရီကတော့ မိသားစုကိုကာကွယ်စောင့်ရှောက်နေတဲ့ကျားမလိုပါပဲ။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ခုခံဖို့အသင့်ဖြစ်နေခဲ့သလို သူမကတော့ တိုက်ခိုက်တဲ့သူပါ။ ဟို့ယွိဟောင်ရဲ့စိတ်ကလဲ ကြည်လင်သွားပါပြီ။ ပေါင်းစည်းထားတဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကြောင့် ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့က လူတစ်ယောက်ကို ကောင်းကောင်း၀ါးမြိုနိုင်မယ်ဆိုတာ ခံစားချက်ပေးနေခဲ့ပါတယ်။ ဒီတစိကြိမ်မှသာ လျှပ်စီးဧကရာဇ်က နိုးထလာခဲ့ပါပြီ။

” ရွှေလိုအသက်ပါလာတာလား ပိုးကောင်နဲ့ ကင်းမြီးကောက်လေ မင်းတို့နှစ်ယောက်ငြိမ်ငြိမ်နေကြဦး ”

လျှပ်စီးဧကရာဇ်က သူ့ကိုယ်သူကပ်ဆိုးတွေကို ဖန်တီးနိုင်တဲ့ အောက်လမ်းပညာရှင်အဖြစ် ပြောထားခဲ့ပြီ အောက်လမ်းပညာနဲ့ နတ်ဘုရားစည်းမျဥ်းတွေကို ကောင်းကောင်းကျွမ်းကျင်တဲ့သူဖြစ်နေခဲ့သလို နတ်အသိဉာဏ်တစ်ပိုင်းတစ်စပဲရှိတော့ပေမဲ့ နှစ်ယောက်စလုံးကတော့ သူ့ကိုကြောက်နေဆဲပါ။ ဒါ့အပြင် ဟို့ယွိဟောင်ကို လျှပ်စီးဧကရာဇ်က ဘယ်လိုမကောင်းတဲ့စိတ်မျိုးမှမရှိမှန်း သိနေပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်က သူတို့သုံးယောက်မျှဝေနေထိုင်တဲ့နေရာပါပဲ။

ဟို့ယွိဟောင်ရဲ့ အကြည့်ပြောင်းလဲသွားတာကို ၀မ်ယန်လဲ သတိထားမိပါတယ်။ သူ့ရဲ့မိုးပြာရောင်နဲ့ ရွှေရောင်ရောနေတဲ့မျက်လုံးတွေက မီးခိုရောင်ပြောင်းလဲလို့သွားခဲ့ပါပြီ။ အရှိန်အ၀ါကလဲ လုံး၀ကိုပြောင်းလဲလို့သွားပါတေ့တယ်။

ဒီလိုမျိုး မျက်လုံးအရောင်ပြောင်းလဲသွားတာကို ဟို့ယွိဟောင်အဆင့်ဆယ့်ခုနှစ်ကို ၀မ်ယန်အခုမှမြင်ဖူးခဲ့တာပါ။ ဒါက၀ူဖုန်းနဲ့ တိုက်ခိုက်ချိန်မှာ အပြောင်းအလဲဖြစ်ခဲ့တာပါပဲ။ ဒီထူးခြားတဲ့စွမ်းအားနဲ့ ဟို့ယွိဟောင်က အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒီတုန်းက သူခပ်ဝေးဝေးမှာရှိနေခဲ့တာကြောင့် ဒီလောက်ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရပါဘူး။ ဒီတစ်ကြိမ်မှာတော့ ၀မ်ယန်က အနီးကပ်ရှိနေခဲ့တာကြောင့် ဟို့ယွိဟောင်က မျက်လုံးပြောင်းသွားရုံတင်မကပဲ အဆုံးမဲ့တဲ့ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာပါခံစားလိုက်မိပါတော့တယ်။ ဒီထူးဆန်းတဲ့အငွေ့အသက်တွေထဲမှာဟို့ယွိဟောင်ရဲ့တည်ရှိမှုက နတ်ဘုရားတစ်ပါးလိုပါပဲ။ ကောင်းကင်ကဆင်းသက်လာတဲ့ နတ်ဘုရားတွေထက်တောင် ပိုမြင့်မြတ်နေတဲ့ပုံစံပေါ်နေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ငယ်ရွယ်တဲ့မျက်နှာက တကယ်ကိုမြင့်မြတ်တဲ့ရောင်စဥ်တန်းတွေနဲ့ တောက်ပလို့နေခဲ့ပါပြီ။ ရုတ်တရက်ဆိုသလို ၀မ်ယန်ကိုကြည့်လိုက်ပါတော့တယ်။ ၀မ်ယန်က ဟို့ယွိဟောင်ကို သတိကြီးကြီးထားရမယ်လို့ တစ်ခါမှမတွေးမိဖူးပါဘူး။ ဒီတစ်ကြိမ်မှာကတော့ အဆုံးမဲ့တဲ့မီးခိုရောင်အငွေ့အသက်ကြောင့် သူ့စိတ်ကဝေ၀ါးသွားပါတော့တယ်။ သူဘာပဲလုပ်ပါစေ ဒါကိုမခုခံနိုင်ပါဘူး။

တစ်စုံတစ်ယောက်သာရှိမယ်ဆိုရင် ၀မ်ယန်ရဲ့မျက်လုံးတွေက ဗလာဟင်းလင်းဖြစ်သွားပြီ လမ်းလျှောက်နေတဲ့ဖုတ်ကောင်တစ်ကောင်လို ပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ။

ဒီလိုလုပ်ပြီတာနဲ့ ဓားဖက်ကိုပြန်ကြည့်ပါတော့တယ်။ မီးခိုရောင်အလင်းတန်းက ဓားပေါ်ကိုကျရောက်သွားတာပါ။

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်ရဲ့အသိစိတ်ကလဲ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲကို ပြန်ရောက်လို့သွားပါပြီ။ လျှပ်စီးဧကရာဇ်က သူ့ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားပါတယ်။ ကိုယ်ပိုင်အမြင်အရတော့ ဟို့ယွိဟောင်ဘာမှမလုပ်နိုင်တော့ပါဘူး။ ဘယ်သူကများ သူ့ကိုဒီလောက်အားနည်းအောင် ခွင့်ပြုထားလို့လဲ။ ရေခဲဧကရီပဲဖြစ်ပါစေ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ဖြစ်ပါစေ လျှပ်စီးဧကရာဇ်ဖြစ်ပါစေ အားလုံးနဲ့ယှဥ်လိုက်ရင်ဟို့ယွိဟောင်က အများကြီးအားနည်းနေခဲ့ပါတယ်။ ဘယ်သူမဆို သူ့ခန္ဓာကိုယ်ကို အလွယ်တကူထိန်းချုပ်နိုင်နေတာပါ။ ဒါပေမယ့် ဒီအတွေးက တခဏတာသူ့စိတ်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ နောက်ဆုံးတော့လဲ လျှပ်စီးဧကရာဇ်က သူ့အတွက်အရာအားလုံးဖြေရှင်းနေပြီးသားဖြစ်နေခဲ့လို့ပါပဲ။

၀ိညာဥ်၀ါးမြိုဓားက ပြင်းပြင်းထန်ထန် တုန်ခါနေရင်း နာနာကျင်ကျင်အော်ဟစ်ပါတော့တယ်။ မီးခိုရောင်စိတ်၀ိညာဥ်စွမ်းအားတွေက သူ့ကိုဆက်တိုက်တိုက်ခိုက်နေလို့ပါ။ အကယ်၍ စိတ်ဓာတ်မခိုင်မာတဲ့သူသာဖြစ်ခဲ့မယ်ဆိုရင် ဒီနာနာကျင်ကျင်အော်ညီးသံကြောင့် စိတ်ခံစားချက်တွေက ကပြောင်းကပြန်ဖြစ်သွားနိုင်ပါတယ်။

အကြီးအကဲရဲ့ အသံကဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့ပါပြီ။

” ရွှေလိုအသက်ကို မကောင်းဆိုး၀ါးအတွေးတွေနဲ့ ကျိန်စာတိုက်တာက တကယ်ဆိုးရွားတဲ့ဖန်တီးသူသာ တွေးနိုင်မဲ့ကိစ္စပဲ ဒီရွှေလိုအသက်ရဲ့အင်အားကို ခံစားမိပေမဲ့ ဘယ်လိုမျိုးအံ့အားသင့်လောက်အောင် အစွမ်းထုတ်သုံးရမယ်မှန်းမသိခဲ့လို့ ဒီလိုလုပ်လိုက်တာဖြစ်လိမ့်မယ်..ရွှေလိုအသက်ရေမင်းက်ိုယ်မင်းသေချာအောင် ပြောင်းလဲပြစ်လိုက်စမ်း မူလအခြေအနေကို ပြန်ရောက်အောင်ကူညီပေးမယ်…မင်းခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေအားလုံးကို ချွတ်ပြစ်မယ်…အသန့်စင်ဆုံးအသက်စွမ်းအားက ​နောက်တစ်ကြိမ်ပြန်လည်ထုတ်လွှတ်နိုင်မှာပဲ ”

ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက နောက်တစ်ကြိမ်ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့ရဲ့အရင်မီးခိုရောင်မျက်လုံးတွေက ရုတ်တရက်ဖြူဖျော့လို့သွားပါတော့တယ်။ အဆုံးမဲ့အောင် ဖြူစင်၀င်းပနေတဲ့ တောက်ပမှုက ကျောက်စိမ်းလိုပါပဲ။ မီးခိုရောင်စိတ်၀ိညာဥ်စွမ်းအားက အဖြူရောင်ကိုပြောင်းလဲသွားချိန်မှာတော့ သန့်စင်တဲ့အလင်းတန်းက ထွက်ပေါ်လာခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာတော့ ဓားလဲမတုန်ခါတော့ပါဘူး။ ခုခံမဲ့အစိမ်းရောင်အလင်းတန်းတွေက ရုတ်တရက်ထွက်ပေါ်လို့လာပါတယ်။ ဒီအလင်းတန်းတွေက ပြင်းပြင်းထန်ထန် အော်ဟစ်ဟိန်းဟောက်နေခဲ့ပြီ အကြီးအကဲရဲ့အဖြူရောင်အလင်းတန်းကို ၀ါးမြိုဖို့ကြိုးစားတော့တယ်။

သန့်စင်တဲ့အလင်းတန်းက အရမ်းကိုပါးလွှာသေးသွယ်ပေမဲ့ နှင်းအပုံကြီးလိုမျိုးရှိသမျှအပူတွေအားလုံးကို ချုပ်ငြိမ်ပြစ်ပါတယ်။ အစိမ်းရောင်အလင်းတန်းက တခဏချင်အတွင်းမှာတင် တစ်၀ပ်လျော့ကျသွားခဲ့ပါပြီ။ မူလတုန်းက ရုန်းကန်နေခဲ့တဲ့ မျက်နှာကြီးကလဲ ဝေ၀ါးလို့သွားပါတော့တယ်။ ဒါပေမယ့် အစိမ်းရောင်အလင်းတန်းက အားကောင်းကောင်းနဲ့လှည့်ပတ်နေဆဲပါပဲ။ သန့်စင်တဲ့အလင်းတန်းရဲ့အောက်ဖက်မှာ အနက်ရောင်အငွေ့အသက်တွေကလဲ ဖြည်းဖြည်းချင်းအငွေ့ပျံလာပြီ ပျောက်ကွယ်နေခဲ့ပါပြီ။ အစိမ်းရောင်အလင်းတန်းက ဖြည်းဖြည်းချင်းအရောင်ဖျော့ဖျော့လာသလို ပိုလဲနူးညံ့လို့လာပါတော့တယ်။

သန့်စင်တဲ့လုပ်ရပ်က အတော်လေးကို တိုတောင်ပြီမြန်ဆန်ပါတယ်။ နောက်ဆုံးအနက်ရောင်အလင်းပျောက်ကွယ်သွားပြီတဲ့နောက် အစိမ်းရောင်အငွေ့အသက်က နွေဦးစမ်းချောင်းရေလိုမျိုး ကြည်လင်ရှင်းလင်းလို့သွားပါတော့တယ်။

မသန့်စင်တာလဲ မရှိခဲ့သလို မူလမှောင်မိုက်နေတဲ့ ဓားသွားကလဲ အစိမ်းရောင်ကျောက်မျက်ရတနာလိုမျိုး တောက်ပလို့နေပါတော့တယ်။

” ငါဒီလောက် အားနည်းသွားမယ်လို့ ထင်တောင်မထင်ထားမိဘူး..သန့်စင်တဲ့အလင်းတန်းလေးနည်းနည်းသုံးလိုက်ရရုံနဲ့ ဒီလောက်တောင်ပင်ပန်းပြီအားနည်းသွားပြီ ကောင်းပြီလေ မင်းဆရာကိုပြောလိုက် ဒီဓားကိုမင်းသိမ်းထားဖို့လိုမယ်လို့ မငိးတို့နှစ်ယောက်ပေါင်းစပ်ဖို့အချိန်နည်းနည်းတော့ လိုဦးမယ် ”

ပြောပြီတာနဲ့ ၀မ်ယန်ကို သူလှမ်းကြည့်လိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲမှာ အဖြူရောင်က ပျောက်ကွယ်လို့သွားပါပြီ။ ခန္ဓာကိုယ်ကိုပြန်ထိန်းချုပ်မှုရသွားတာနဲ့တစ်ပြိုင်နက်ထဲ ၀မ်ယန်ရဲ့မျက်လုံးတွေကလဲ အသိပြန်၀င်လာပါတော့တယ်။

ဓားကလုံး၀ပုံစံပြောင်းသွားတာကို ၀မ်ယန် ချက်ချင်းသတိထားမိလိုက်တယ်။ အစောပိုင်းတုန်းကသေစေနိုင်လောက်အောင် အားကောင်းတဲ့အရာကနေ လက်ရှိအချိန်မှာ ကျောက်မျက်ရတနာတစ်ခုလိုတောက်ပနေတဲ့ဓားက သက်ရှိတစ်ယောက်လိုပါပဲ။ ၀မ်ယန်လဲ အရမ်းစိတ်ရှုပ်ထွေးနေခဲ့သလို ဟို့ယွိဟောင် သူ့ကိုကြည့်လိုက်မှန်းတောင် သတိမထားမိတော့ပါဘူး။ ဖြစ်သွားခဲ့တဲ့ကိစ္စကြောင့် အရမ်းကိုထိတ်လန့်နေခဲ့တာပါ။

” ဒါ ဒါကြီးက ဟို့ယွိဟောင် မင်းဘယ်လိုလုပ်လိုက်တာလဲ ”

” ဆရာ၀မ် ဒီဓားကိုကျွန်တော်မြင်မြင်ချင်ကထဲက စွမ်းအားကိုခံစားမိတယ်..ဒါကအများကြီးမသန်မာဘူး…ဓားရဲ့အင်အားကို အသုံးပြုငှားရမ်းပြီတော့သာ သူတို့က အပေါ်ယံမှာ တိုက်ခိုက်နေကြတာ ကျွန်တော်တို့လို၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက် ဒါကလူတစ်ယောက်ရဲ့၀ိညာဥ်ကို ချိတ်ပိတ်တာနဲ့အတူတူပဲ ”

” နောက်တစ်နည်းပြောရမယ်ဆိုရင် မိစ္ဆာ၀ိညာဥ်ပညာရှင်ထားခဲ့တဲ့စိတ်က ဒီဓားကိုချိတ်ပိတ်ထားတယ်..ဒါကြောင့်သာ အရမ်းကြမ်းတမ်းနေရတာ ကျွန်တော်ရဲ့စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုရင်း အဲ့ဒီချိတ်ပိတ်စည်းကို ဆွဲဖြဲလိုက်တယ်…ဓားထဲကနေ မိစ္ဆာအငွေ့အသက်ကို ဖယ်ရှားလိုက်ပြီတဲ့နောက် ဒါကမူလအခြေအနေကို ပြန်ရောက်သွားပြီ နောက်ထပ်လဲ ခြိမ်းခြောက်နိုင်တော့မှာမဟုတ်ဘူး..သူကိုအသုံးပြုဖို့အဆင်သင့်ဖြစ်ဖို့ကတော့ ကျွန်တော်ပြန်သွားပြီ စမ်းကြည့်မှပဲရမယ် ”

၀ိညာဥ်ပညာရှင်တွေကို စူးစမ်းလေ့လာတဲ့နေရာမှာ ၀မ်ယန်ကအရမ်းကို ဗဟုသုတကြွယ်၀တဲ့သူပါ။ ဒါပေမယ့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအကြောင်းကိုတော့ သူမသိပါဘူး။ ဟို့ယွိဟောင်ရဲ့စကားကို ကြားချိန်မှာတော့ သူခေါင်းညိတ်ရုံသာတတ်နိုင်ပါတော့တယ်။ အဲ့ဒီနောက် ဓားကိုကိုင်ကြည့်ဖို့ကြိုးစားကြည့်တယ်။ တကယ်ကိုပဲဓားက အရင်နဲ့မတူတော့ပါဘူး။ လက်ထဲမှာချောမွေ့ပေါ့ပါးနေခဲ့ပြီ ဘာမှမရှိသလိုပါပဲ။ ကျောက်မျက်ရတနာတစ်ခုခုကနေ ဖန်တီးပြုလုပ်ထားတဲ့ ပုံစံပုံသဏ္ဍာန်တော့ ပေါ်ပါတယ်။ ရိုးရှင်းတဲ့အပြောင်းအလဲဖြစ်သွားတာမဟုတ်တဲ့အတွက် ဟို့ယွိဟောင်ဓားချင်လဲလိုက်တယ်လို့တောင် သူရုတ်တရက်အတွေး၀င်လာခဲ့မိသေးတယ်။ ဓားကိုကိုင်ရင် ဟို့ယွိဟောင်ဆီကို ကမ်းပြီတဲ့နောက် သူပြောလိုက်ပါတယ်။

” ဒါဆိုရင်လဲ သိမ်းထားလိုက်လေ ကျောင်းပြန်ရောက်တဲ့အချိန်မှာ ဖန်းယွီကို ကြည့်ခိုင်းတာပေါ့ ၀ိညာဥ်လက်နက်တွေနဲ့ ပတ်သက်တဲ့နေရာမှာ ငါအများကြီးမသိထားဘူး ”

” ကျေးဇူးပါပဲ ဆရာ၀မ် ”

ဓားကိုရလိုက်တဲ့အတွက် ဟို့ယွိဟောင်လဲ စိတ်ပေါ့သွားပါတော့တယ်။ ဓားကိုကိုင်လိုက်တဲ့အချိန်မှာ ၀မ်ယန်နဲ့တူညီတဲ့ခံစားချက်ကိုသူရတာပါ။ ဒီဓားကသာမန်သတ္ထုတစ်ခုခုနဲ့ ထုလုပ်ထားသလိုပါပဲ။

ဓားကိုရပြီတဲ့နောက် ဟို့ယွိဟောင်အရမ်းကိုပျော်သွားပါတော့တယ်။ သူ့အနေနဲ့ ကျောင်းတော်ကိုအများကြီးအကြွေးတင်သွားပြီးမှန်းလဲ သူသိနေခဲ့တယ်။ ကျောင်းတော်ကသူ့ကို အများကြီးထောက်ပံ့မှုပြုစုစောင့်ရှောက်ထားတာပါ။ ဒါကိုအနာဂတ်မှာကောင်းကောင်းကြိုးစားရင် ပြန်ပေးဆပ်ရပါလိမ့်မယ်။

အခန်းကိုပြန်ရောက်ပြီတဲ့နောက် ၀မ်သုန့်ကို ဖြစ်ပျက်သမျှအရာအားလုံးကို ပြောပြတော့တယ်။ ဒါပေါ့ ၀မ်ယန်ကိုပြောပြတဲ့အတိုင်းပဲ ပြောပြတာပါ။ သူ့ရဲ့လျှို့၀ှက်ချက်ကိုတော့ ဘယ်သူမှမသိစေရပါဘူး။

၀မ်သုန့်ကဓားကိုမြင်ချိန်မှာ အထိတ်တလန့်နဲ့ မေးလိုက်ပါတယ်။

” အဲ့ဒီလောက်ကောင်းတဲ့ဓားက ဟုတ်ရောဟုတ်ရဲ့လား ပြောရရင်ဒီဓားကို ဒီနေရာမှာထားဖို့မသင့်တော်ဘူး…မင်းဒါနဲ့၀ိညာဥ်ပစ္စည်းတစ်ခုပဲဖြစ်ဖြစ် ၀ိညာဥ်လက်နက်တစ်ခုခုပဲဖြစ်ဖြစ် လုပ်နိုင်တော့မှာပေါ့ ”

” မလောသေးနဲ့ လာပါငါတို့ဆက်ပြီလေ့ကျင့်ရအောင် ”

သူကအိပ်ရာပေါ်ကို ပြန်ခုန်တက်သွားခဲ့ပါပြီ။

၀မ်သုန့်ကတော့ စိတ်ညစ်ညစ်နဲ့ပြောလိိုက်ပါတယ်။

” မင်းကတကယ်လူတောင် မဟုတ်ဘူးပဲ ပျင်းလဲမပျင်းသလို ငြီးလဲမငြီးငွေ့ဘူးလား ဘာကြောင့် နည်းနည်းပါးပါးအပြင်ကိုထွက်ပြီ မကစားတာလဲ ငါကတော့ပျင်းလို့သေတော့မယ် ”

” အကယ်၍ မင်းပါရမီမရှိဘူးဆိုရင် သေချာပေါက် သူများတွေထက် ခြေတစ်လှမ်းသာနေရအောင် အမြဲကြိုးစားရမယ်…ငါရဲ့ကျင့်ကြံဆင့်က အားလုံးထဲမှာအနှိမ့်ဆုံးပဲလေ သူများတွေထက် မကြိုးစားဘူးဆိုရင် ဘယ်လိုများကျောင်းတော်ရဲ့ မျှော်လင့်ချက်တွေနဲ့ ဆက်ပြီနေထိုင်နိုင်မှာလဲ ”

” ကောင်းပြီလေ မင်းဘာသာမင်းအရင်လေ့ကျင့်နေလိုက် ငါက ငါအခန်းငါပြန်ပြီ နည်းနည်းပါးပါးရေချိုးလိုက်ဦးမယ် ..မင်းအရမ်းကြီးတင်းတင်းကျပ်ကျပ်လုပ်မနေနဲ့ ကိုယ့်ကိုကိုယ် လိုက်လျောညီထွေးဖြစ်အောင်လဲနေဦး. ”

၀မ်သုန့် ထွက်သွားတဲ့အချိန် ဟို့ယွိဟောင်လဲ ပျော်သွားပါတော့တယ်။ ဒီဓားဘယ်လောက်အံ့ဖွယ်ရာတွေကို ဖန်တီးနိုင်တဲ့အကြောင်း အကြီးအကဲပြောပြမလဲဆိုတာကို သူစောင့်ဆိုင်းနေဆဲပါ။ ၀မ်သုန့်ထွက်သွားတာနဲ့ ဟို့ယွိဟောင်လဲ ဓားကိုချက်ချင်းဆွဲယူလာပါတော့တယ်။ ဒီတစ်ကြိမ်မှာလဲ လျှပ်စီးဧကရာဇ်ရဲ့အသံက ထွက်ပေါ်လာခဲ့ပါပြီ။

” ဓားကိုနဖူးနားကပ်လိုက် ဘာတွေပဲဖြစ်ဖြစ် မကြောက်ဖို့မှတ်ထား စိတ်အေးအေးနဲ့အားလုံးငါလက်ထဲအပ်လိုက် နားလည်လား ”

” ကောင်းပါပြီ ”

ဟို့ယွိဟောင်လဲ ပြောတဲ့အတိုင်းဓားကိုနဖူးနားကပ်လိုက်ပါတော့တယ်။ သူ့အရေပြားနဲ့ထိတွေ့ချိန်မှာပဲ တစ်ကိုယ်လုံးက နွေးထွေးသွားခဲ့ပါပြီ။ ထူးဆန်းတဲ့ခံစားချက်က စတင်ထွက်ပေါ်လာပါတော့တယ်။

ဒါကအစိမ်းရောင်အလင်းတန်းတွေနဲ့ တောက်ပလို့လာပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ နဖူးကိုဗဟိုပြုရင်း အသက်စွမ်းအားတွေက စတင်စိမ့်ထွက်လာပါတော့တယ်။

ဟို့ယွိဟောင်ရဲ့တစ်ကိုယ်လုံးက ဓားနဲ့ရောင်တူဖြစ်သွားခဲ့ပါပြီ။ စိတ်၀ိညာဥ်ပင်လယ်လဲချွင်းချက်မရှိခဲ့ပါဘူး။ ပြင်းထန်တဲ့အနက်ရောင်အလင်းတန်းက ရှိရှိသမျှစိတ်၀ိညာဥ်အရင်းအမြစ်တွေအားလုံးကိုယာယီဖိနှိမ့်လိုက်ပါတော့တယ်။

သက်သောက်သက်သာဖြစ်မှုက ခန္ဓာကိုယ်တစ်လျှောက်လုံးကို စီးဆင်းသွားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့သူ့ရဲ့အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းက ပျော်ရွှင်လာတာကို ခံစားမိပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က ဒီအသက်စွမ်းအားကို လောဘတကြီးနဲ့ စုပ်ယူနေခဲ့တယ်။

ခန္ဓာကိုယ်ထဲမှာ ဖြစ်ဖြစ်သမျှ အရာအားလုံးကို သူရှင်းရှင်းလင်းလင်းသိနေခဲ့ရပါတယ်။ အရာအားလုံးက အစိမ်းရောင်ပြောင်းသွားခဲ့ပြီ တူညီတဲ့အသက်စွမ်းအားနဲ့အတူ သူ့ရဲ့စွမ်းအားဖြတ်သန်းသွားလာတဲ့နေရာက ပိုလို့သက်သောက်သက်သာဖြစ်လာခဲ့တယ်။ ကိုယ်တွင်းကလီစာတွေက ပိုမာကြောလာသလို အရိုးတွေကလဲ အားကောင်းလာခဲ့ပါပြီ။ သူ့တစ်ကိုယ်လုံးက အရည်အသွေးမြင့်သွားသလိုပါပဲ။

အဓိကအသိသာဆုံးအပြောင်းအလဲကတော့ စွမ်းအင်အရင်းအမြစ်ဖြတ်သန်းသွားလာတဲ့နေရာတွေပါပဲ။ သူတို့တွေက ၀ိညာဥ်စွမ်းအားအများကြီးကို ကောင်းကောင်းတောင့်ခံနိုင်လောက်အထိ ပြောင်းလဲသွားပါတော့တယ်။

အစိမ်းရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို သန့်စင်ပြီတဲ့နောက် ခန္ဓာကိုယ်ရဲ့ပြစ်ချက်တွေတော်တော်များများကလဲ မွှေးညင်းပေါက်တွေကနေတစ်ဆင့် ပျံထွက်လာပါတော့တယ်။ မသန့်စင်မှုတွေက ဆေးလုံးတွေသောက်တဲ့အချိန်မှာ အပြင်ကိုပျံထွက်လာသလိုပါပဲ။ သူ့တစ်ကိုယ်လုံးကို အတွင်းအပြင်သန့်စင်တာက ဆေးလုံးတွေကိုသောက်တဲ့အချိန်မှာလဲ ဖြစ်ပေါ်ပေမဲ့ ဒီတစိကြိမ်မှာတော့ ထူးခြားပါတယ်။ အားကောင်းတဲ့ဓားရဲ့စွမ်းအားက ရေလိုပုံစံမျိုးနဲ့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းကို သန့်စင်ပြစ်လိုက်တာပါ။

ကျင့်ကြံဆင့်ကို မမြင့်တင်နိုင်ပေမဲ့ သူ့ခန္ဓာကိုယ်က ပိုပြီးကြည်လင်တောက်ပလာတာကို ခံစားမိပါတယ်။ ကျင့်ကြံဆင့်ဆိုတာက နှစ်တွေအကြာကြီးစုဆောင်းရတဲ့အရာပါ။ အသက်စွမ်းအားကတော့ သူ့ကိုရေထဲနစ်လိုက်သလိုသန့်စင်ပြစ်လိုက်တာပါပဲ။ နောက်ဆုံးမှာတော့ အတိတ်အချိန်က နားမလည်ခဲ့တဲ့ အရာတွေတော်တော်များများတောင် ကြည်ကြည်လင်လင်နားလည်သွားရတယ်။

ရွှေလိုအသက်က တကယ်ထူးဆန်းအံ့ဖွယ်ရာကောင်းတဲ့ရလဒ်တွေရှိနေတာလား။ ဟို့ယွိဟောင် လန့်သွားခဲ့ရပါတယ်။ လေ့ကျင့်သင်ကြားခဲ့တဲ့ အသိပညာတွေက သူ့ရဲ့စိတ်ထဲမှာ အများကြီးလှည့်ပတ်ရင်း အသိပညာတွေလဲ ဉာဏ်အလင်းပွင့်သလို တိုးတက်လာပါတော့တယ်။ စွမ်းရည်က မတိုးတက်လာပေမဲ့ ဒီလိုမျိုးအသိပညာအပြောင်းအလဲကတော့ သူ့အတွက်အများကြီးကြီးမားလာခဲ့တာပါ။

ခန္ဓာကိုယ်ကို သန့်စင်ခံလိုက်ရတဲ့အကျ်ိုးကျေးဇူးကလဲ ပိုကြီးမားပါတယ်။ အားနည်းနေတဲ့အခြေအနေကနေ ရုတ်တရက်အင်အားကြီးသွားသလိုမျိုး ကျင့်ကြံတဲ့အရှိန်နှုန်းကလဲ အများကြီးမြင့်သွားခဲ့ပါပြီ။ သန်မာတဲ့ခန္ဓာကိုယ်ကသာ ၀ိညာဥ်စွမ်းအားအများကြီးကိုလက်မခံနိုင်တာပါ။ ဒါမှသာ ပိုကောင်းတဲ့၀ိညာဥ်စွမ်းအားကိုလဲ စုပ်ယူနိုင်ပါလိမ့်မယ်။

အပိုင်း ၁၀၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset