Switch Mode

Chapter – 104.3

အကြိုဗိုလ်လုပွဲကို ရောက်ရှိခြင်း

အပိုင်း ၁၀၄•၃

” အကြိုဗိုလ်လုပွဲကို ရောက်ရှိခြင်း ”
°°°
အကြိုဗိုလ်လုပွဲပွဲစဥ်မတိုင်ခင်မှာတော့ အမျက်ဒေါသကျောင်းတော်က အတော်ကိုကံကောင်းပြီ အားအနည်းဆုံးအဖွဲ့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့က သူတို့နဲ့မရင်းနှီးတဲ့သူတော့ မဟုတ်ပါဘူး။ အစောပိုင်းတုန်းက ဟို့ယွိဟောင်တို့အဖွဲ့ကို ပြဿနာအများကြီးတက်စေခဲ့တဲ့ မိုးထိလွှာကျောင်းတော်ကြောင့်ပါပဲ။

နောက်ဆုံးရလဒ်ကတော့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့မပါပဲနဲ့တောင် အမျက်ဒေါသကျောင်းတော်က အနိုင်ရခဲ့ပါပြီ။ ရလဒ်ကတော့ ထင်ရှားခဲ့ပါတယ်။ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့မပါပဲနဲ့တောင် သူတို့နိုင်ခဲ့တဲ့ပြိုင်ပွဲဖြစ်တာကြောင့် လက်ရှိအချိန်မှာ ၀ိညာဥ်ဘုရင်တစ်ယောက် ၀ိညာဥ်ဧကရာဇ်နှစ်ယောက် ပေါင်းစည်းလိုက်ချိန်မှာတော့ ပြိုင်ပွဲရလဒ်က နောက်ထပ်မေးခွန်းထုတ်စရာမရှိတော့ပါဘူး။ မိုးထိလွှာကျောင်းတော်ကတော့ လုံး၀ကို အပြတ်အသတ်ချေမှုန်းခံလိုက်ရပါပြီ။ အမျက်ဒေါသကျောင်းတော်က သူတို့ကို နင်းချေပြစ်ရင် ထိပ်တန်းလေးနေရာအထိကို တက်သွားခဲ့ပါတော့တယ်။

ဒီတစ်ကြိမ်မှာကတော့ ပြိုင်ပွဲကြီးက အဆုံးသတ်တော့မှာဖြစ်တာကြောင့် အမြင့်ဆုံးနေရာကို ရောက်ရှိပြီသားလဲဖြစ်နေခဲ့ပါတယ်။

အခန်းထဲမှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က တရားထိုင်ရင်လေ့ကျင့်နေခဲ့ကြတာပါ။ သူတို့ဟောင်သုန့်စွမ်းအားကို အသုံးပြုနိုင်စွမ်းအားကလဲ တိုးတက်လာခဲ့ပါပြီ။ လက်မောင်းရိုးကလဲ ဟောင်သုန့်စွမ်းအားကို ပိုပြီးအားဖြည့်ပေးလို့နေပါတော့တယ်။

အေးချမ်းပြီကျယ်ပြန့်တဲ့ဟောင်သုန့်စွမ်းအားက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ပထမဆုံးဖြတ်သန်းစီးဆင်းပြီတဲ့နောက် ထူးဆန်းကောင်းကင်နည်းလမ်းကို အသုံးပြုရင်း ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်လို့သွားပါတော့တယ်။ သူ့ရဲ့ဘယ်ဘက်လက်ကို အဓိကအားပြုရင်း ဖြတ်သန်းတာပါ။

ဘယ်ဘက်လက်မောင်းရိုးက ဟောင်သုန့်စွမ်းအားနဲ့ ထိတွေ့ပြီတဲ့နောက် အားကောင်းတဲ့စုပ်ယူမှုနဲ့အတူ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်ရင်အလင်းတွေဖြာစေပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ကို တစ်ပတ်ပြည့်အောင် လှည့်ပတ်ပြီမှ ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကို ပြန်ရောက်လာတော့တယ်။

ဒါကမြစ်၀ါမြစ်ကြီးလိုပါပဲ။ နှေးပေမဲ့ ဘယ်တော့မှမရပ်တန့်နေပါဘူး။ ဒီလိုတစ်ခေါက်လှည့်ပတ်ပြီချိန်တိုင်းမှာ သူတို့ရဲ့၀ိညာဥ်စွမ်းအားက ပြီးပြည့်စုံသွားပြီ ကျင့်ကြံဆင့်ကလဲ တိုးတက်လာပါတယ်။

၀မ်သုန့်က အဆင့်သုံးဆယ်ကို ကျော်လွန်သွားပြီဖြစ်တာကြောင့် သူ့ရဲ့စွမ်းအားအလုံးစုံက ဟို့ယွိဟောင်ထက် သန်မာပါတယ်။ ဒါကြောင့် သူ့ရဲ့၀ိညာဥ်စွမ်းအားက ဟို့ယွိဟောင်နဲ့ယှဥ်လိုက်မယ်ဆိုရင် ပိုပြီးတိုးတက်နေခဲ့တယ်။ ဒီအတိုင်းသာဆက်ပြီလေ့ကျင့်နေမယ်ဆိုရင် တစ်နှစ်နှစ်နှစ်အတွင်းမှာတောင် ထိုက်ယွဲ့ဟန်ရဲ့ ၀ိညာဥ်စွမ်းအားကို လိုက်မီနိုင်မှာပါ။

ဟောင်သုန့်စွမ်းအားလှည့်ပတ်နေချိန်မှာပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ခန္ဓာကိုယ်တွေကနေ ဖြူဖျော့ဖျော့အလင်းတန်းတွေက ထွက်ပေါ်နေခဲ့ပါပြီ။ သူတို့နှစ်ယောက်က သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုကို ကြုံတွေ့ထားရတာကြောင့် အဖွဲ့အဖြစ်ဆောက်ရွက်နိုင်ဖို့ကလဲ လုံး၀ကို ပြီးပြည့်စုံနေခဲ့တယ်။ လက်ရှိအချိန် ဟောင်သုန့်စွမ်းအားလှည့်ပတ်ချိန်တိုင်းမှာ သူတို့နှစ်ယောက်က တစ်သားထဲပိုဖြစ်လာတော့မယ်။

” ဒေါက် ဒေါက် ဒေါက် ”

ရုတ်တရက်ဆိုသလို တံခါးခေါက်သံက ထွက်ပေါ်လာတာကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ လန့်သွားပါတော့တယ်။ ၀မ်သုန့်ကတော့ မကျေမနပ်နဲ့လှမ်းအော်လိုက်တယ်။

” ဘယ်သူလဲ ဘာလို့ငါတို့လေ့ကျင့်နေတာကို လာနှောင့်ယှက်တာလဲ ”

ဟို့ယွိဟောင်က အသက်ပြင်းပြင်းရှုသွင်းလိုက်ရင်း ၀မ်သုန့်နဲ့အတူ သူ့စွမ်းအားတွေကို ပြန်သိမ်းလိုက်ပါတော့တယ်။

” ငါသွားကြည့်လိုက်မယ် ”

ပြောပြီတဲ့နောက် အိပ်ရာအပြင်ကိုခုန်ထွက်သွားပါတော့တယ်။ ရောက်လာသူကတော့ ၀မ်ယန်ပါ။ ၀မ်ယန် တံခါးဖွင့်လိုက်ချိန်မှာတော့ ဟို့ယွိဟောင်ကိုမြင်သွားတဲ့အတွက် မျက်လုံးပြူးသွားပါတယ်။ ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက အရမ်းကိုရွှေရောင်တောက်နေလို့ပါပဲ။ သူ့ကိုယ်တိုင်းက ၀ိညာဥ်ဘုရင်တစ်ယောက်ဖြစ်နေခဲ့ပေမဲ့ ဟို့ယွိဟောင်က သူ့ကိုထွင်းဖောက်မြင်နေရတယ်လို့တောင် ခံစားနေရပါတယ်။

” လေ့ကျင့်နေရတာ နှောင့်ယှက်လို့အားနာပါတယ် ”

၀မ်ယန်က တောင်းပန်လိုက်တယ်။

ဆရာဖြစ်နေမှန်းမြင်ချိန်မှာတော့ သူခပ်မြန်မြန်ပဲ အထဲကိုဆွဲခေါ်ပါတော့တယ်။

” ဆရာ၀မ် လာခဲ့ပါ လာခဲ့ပါ ”

” မလိုတော့ဘူး ယွိဟောင် ငါနဲ့လိုက်ခဲ့ ”

သူပြောပြီတဲ့နောက် ထွက်သွားပါတော့တယ်။

၀မ်သုန့်ကတော့ သူတို့ပြောတာကိုကြားတဲ့အတွက် အိပ်ရာပေါ်ကနေ ခုန်ထရင်းစပ်စုချင်နေခဲ့ပါတယ်။

” ဆရာ၀မ် မင်းကိုဘာကြောင့်များရှာနေလဲမသိဘူး မြန်မြန်သွား ”

” မင်းမလိုက်ဘူးလား ”

ဟို့ယွိဟောင်က မေးလိုက်ပါတယ်။

” ဆရာ၀မ် ငါ့ကိုမြင်တယ်လေ ဒါပေမယ့် မင်းကိုပဲခေါ်တာ သူငါ့ကိုမခေါ်ချင်ဘူးပေါ့ ကိုယ်ဘာသာကိုယ်သွား ငါနားလိုက်ဦးမယ် ”

သူတို့ကြည့်ပြီတဲ့နောက် သူတို့မျက်ထဲမှာ ထူးဆန်းတဲ့အရိပ်အငွေ့တွေက ဖြတ်သန်းသွားပါတော့တယ်။ သူတို့လေ့ကျင့်နေတာ အတော်ကိုကြာပါပြီ။ ဒါကြောင့် နှစ်ယောက်စလုံးရဲ့ ပေါင်းစည်းမှုကလဲ ထူးခြားပါတယ်။ တစ်ခါတစ်လေမှာကတော့ တစ်ယောက်တွေးနေတဲ့အတွေးကို တစ်ချက်ကြည့်ရုံနဲ့တစ်ဖက်သူကသိနေခဲ့တယ်။

လက်ရှိအချိန်မှာကတော့ တစ်ဖက်လူရဲ့နှလုံးသားထဲမှာ ၀င်ရောက်လို့မရနိုင်တဲ့ နေရာတွေရှိနေခဲ့တာကိုနားလည်နေဆဲပါ။ သူတို့ဘယ်လောက်ပဲ နီးကပ်ပါစေ ဒီလိုချွင်းချက်နေရာကိုတော့ သွားထိလို့မရသေးပါဘူး။

ဟို့ယွိဟောင်က ၀မ်သုန့်ကို လက်ဝှေ့ရမ်းပြရင်း ထွက်ခွာသွားပါတော့တယ်။ ၀မ်ယန်က သူ့ကိုလှေကားထောင့်မှာစောင့်နေခဲ့ပြီ အခန်းတစ်ခန်းကိုခေါ်သွားပါတော့တယ်။ အခန်းတံခါးကိုပိတ်ပြီတဲ့နောက် ဟို့ယွိဟောင်ကို စာကြည့်စားပွဲနားဆွဲခေါ်လာပြီ ပြောလာလိုက်တယ်။

” ကြည်လိုက်ပါဦး ”

၀မ်ယန်ရဲ့စားပွဲပေါ်မှာကတော့ ရှေးသင်္ကေတတွေအပြည့်နဲ့ ဓားတစ်လက်ရှိနေခဲ့ပါတယ်။ ဓားရဲ့ဘေးမှာကတော့ နှစ်ခြမ်းခွဲထားတဲ့ လက်စွပ်တစ်ကွင်းရှိနေခဲ့တယ်။

ဒီလက်စွပ်ကိုမြင်ဖူးပါတယ်။ ဒီလက်စွပ်က ၀မ်ယန်အမြဲတမ်း၀တ်နေကြလက်စွပ်ပါ။ ပစ္စည်းတွေကိုသိမ်းဆည်းတဲ့ လက်နက်တစ်ခုပါပဲ။ လက်ရှိအချိန်မှာကတော့ လုံး၀ဖျက်ဆီးခံလိုက်ရပါပြီ။ ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တာကြောင့် ဒီလက်စွပ်ရဲ့အဓိကဗျူဟာတွေဖျက်ဆီးခံလိုက်ရတာကို သူသိနေခဲ့တယ်။ တစ်ဖက်မှာရှိနေခဲ့တဲ့ ဓားကတော့ အေးစက်တဲ့အငွေ့အသက်တွေ ထုတ်လွှတ်နေဆဲပါပဲ။ ဒါကအဆင့်ကိုးဆယ်ကိုးနေရာမှာရှိနေတဲ့ ဓားမဟုတ်လား။

” ဆရာ၀မ် ဒါကြီးက ”

” ငါ့ရဲ့သိမ်းဆည်းရေးပစ္စည်းက အဆင့်လေး၀ိညာဥ်ရှိတဲ့ပစ္စည်းပဲ ဒါပေမယ့် သူကဓားရဲ့အင်အားကို မထိန်းချုပ်နိုင်ဘူး…အစောပိုင်းမှာ အားကောင်းတဲ့စွမ်းအားတွေက ငါရဲ့သိမ်းဆည်းရေး၀ိညာဥ်လက်နက်ကို ဖျက်ဆီးနေတာသိပေမဲ့ သိပ်ပြီအာရုံမစိုက်နိုင်ဘူး..ဒီမနက်တော့ လက်စွပ်က နှစ်ခြမ်းကွဲနေပြီ ဖျက်ဆီးခံလိုက်ရတယ်..အရမ်းပိုကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေထွက်ပေါ်နေပြီ ငါထိလိုက်တဲ့အချိန်တိုင်းမှာ မှောက်မိုက်တဲ့အငွေ့အသက်တွေ ငါ့ခန္ဓာကိုယ်ထဲ၀င်လာတာကို ခံစားမိတယ်…ဒါကြောင့် ၀ိညာဥ်စွမ်းအားကို နေ့၀က်လုံးလုံးလှည့်ပတ်နေပြီမှသာ ဒါကိုဖယ်ရှားလိုက်နိုင်တယ် ”

ပြောပြီတဲ့နောက် ဟို့ယွိဟောင်က ၀မ်ယန်ဘာကြောင့် ကြောက်နေလဲဆိုတာ နားလည်သွားပါတော့တယ်။ သူ့ရဲ့သိမ်းဆည်းရေးပစ္စည်းက သေချာပေါက် စျေးမပေါနိုင်ပါဘူး။ ဖျက်ဆီးခံလိုက်ရတာကို မြင်တဲ့အတွက် ဘယ်လောက်အထိ စိတ်ထဲခံရခက်နေမလဲဆိုတာ သိနိုင်ပါတယ်။ ဒီ၀ိညာဥ်၀ါးမြိုထွင်းထုရေးဓားကတော့ အရမ်းကိုအင်အားကြီးအမှန်ပါ။ ဘယ်လောက်တောင် အားကောင်းလဲဆိုရင် သိမ်းဆည်းရေး၀ိညာဥ်လက်နက်တောင် သူ့ကိုမထိန်းသိမ်းနိုင်တဲ့အထိပါပဲ။

” ယွိဟောင် သူ့ကိုထိန်းချုပ်နေတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား စမ်းကြည့်လိုက် အကယ်၍ အောင်မြင်မယ်ဆိုရင် ဒါမင်းအတွက်ပဲ ဒါပေမယ့် သေချာသတိထားရမယ်..ငါမင်းကိုကာကွယ်ပေးမယ်..ဒါပေမယ့် တစ်ခုခုလွဲနေတာသိတာနဲ့ ချက်ချင်းရပ်လိုက်တော့ ”

အဆင့်လေး၀ိညာဥ်လက်နက်က ၀မ်ယန်၀ယ်နိုင်တဲ့အကောင်းဆုံး၀ိညာဥ်လက်နက်ပါပဲ။ ဒီဓားကအရမ်းကို ဆိုးယုတ်လွန်တဲ့အပြင် တိုက်ရိုက်ဆောင်တာက ဖျက်ဆီးနိုင်စွမ်းအရမ်းမြင့်လွန်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာဟို့ယွိဟောင်ကိုပဲ သူသွားရှာပြီကောင်းကောင်းထိန်းနိုင်မယ်လို့ထင်ရတဲ့ သူ့လက်ကိုသာအပ်ဖို့ တွေးလိုက်တာပါ။

” ကောင်းပါပြီ ကျွန်တော်စမ်းကြည့်ပါ့မယ် ”

ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။ လျှပ်စီးအကြီးအကဲကို သူကောင်းကောင်းသိတယ်။ ဒါ့အပြင် ဒီဓားကိုခဏခဏယူဖို့ပြောနေခဲ့တာပါ။ တကယ်ကိုအ​​ရေးကြီးတဲ့ စမ်းသပ်ချက်တစ်ခုပါပဲ။ အစောပိုင်းမှာက ကျောင်းတော်ကိုပြန်ရောက်ဖို့အချိန်အထိ သူတွေးနေခဲ့ပေမဲ့ လက်ရှိအချိန်မှာ ၀မ်ယန်က ဒီလိုအခွင့်အရေးပေးလာမယ်လို့ မထင်ထားခဲ့ပါဘူး။

” လျှပ်စီးဧကရာဇ် လျှပ်စီးဧကရာဇ်ရေ ”

ဟို့ယွိဟောင်နိုးဖို့ကြိုးစားကြည့်ပါတယ်။ လက်ရှိအချိန်မှာ ဘယ်သူကမှ သူ့ကိုပြန်မဖြေခဲ့ကြပါဘူး။

ဟို့ယွိဟောင်လဲ စိတ်ညစ်လို့သွားပါတော့တယ်။ အကယ်၍ အခုသာသာမကြိုးစားကြည့်ဘူးဆိုရင် ဘယ်တုန်းမှအခွင့်အရေး ရမလဲမသိပါဘူး။ ဒါကြောင့် သူပြုံးလိုက်ပါတော့တယ်။ အကယိ၍ လျှပ်စီးဧကရာဇ် မနိုးလာခဲ့လို့ကတော့ သေချာပေါက် သူ့ကိုနိုးလာအောင် တွန်းအားပေးရတော့မှာပါ။

တွေးပြီတဲ့နောက် ဟို့ယွိဟောင်က သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို ဓားဆီထုတ်လွှတ်လိုက်ပါတော့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ သူအလောတကြီးမလုပ်ပါဘူး။ သတိကြီးကြီးထားပေမဲ့ သူမကြောက်ပဲရှိနေခဲ့ပါတယ်။ ဓားရဲ့တန်ပြန်ရိုက်ခတ်မှုကို ကြောက်တာမဟုတ်ပဲ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားက ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်နေတာကို သူကောင်းကောင်းသိလို့ပါ။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက အရမ်းမများသေးပါဘူး။ ဒါပေမယ့် သူ့မှာနှစ်တစ်သန်းစိတ်၀ိညာဥ်အမျိုးအစားသားရဲကောင်နဲ့ တခြားလောကက အင်အားကြီးတဲ့သူရှိနေခဲ့သလို ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲက တစ်ကောင်လေ သူလဲစိတ်၀ိညာဥ်ပင်လယ်ထဲမှာ ရှိနေခဲ့ပါတယ်။

အကယ်၍ ဒီသုံးယောက်ကသာ သူ့ကိုတန်ပြန်ရိုက်ခတ်မှုကနေ ကျော်လွှားနိုင်အောင် မကူညီပေးနိုင်ဘူးဆိုလို့ကတော့သူ့စိတ်၀ိညာဥ်ပင်လယ်ကို လုံခြုံစိတ်ချအောင်လုပ်ပေးနိုင်မဲ့သူဒီလောကမှာရှားပါးပါလိမ့်မယ်။

၀ိညာဥ်ပညာရှင်တွေအားလုံးရဲ့စိတ်၀ိညာဥ်စွမ်းအားက သာမန်လူသားတွေထက် ပိုကြီးမားပါတယ်။ ဒါပေမယ့် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းနဲ့အထက် ၀ိညာဥ်ပညာရှင်တွေကသာ သူတို့ရဲ့ကိုယ်ပိုင်စိတ်၀ိညာဥ်စွမ်းအားကို ကောင်းကောင်းထိန်းချုပ်နိုင်တာပါ။ ဟို့ယွိဟောင်လူမျိုးကတော့ ချွင်းချက်ပါပဲ။

စိတ်၀ိညာဥ်ထောက်လှမ်းမှုက ဓားပေါ်ကိုဖြည်းဖြည်းချင်း ကျရောက်လို့သွားပါတော့တယ်။ ထိတွေ့လိုက်တာနဲ့ သူ့တစ်ကိုယ်လုံးမှာတုန်ရီနေတာကို ခံစားလိုက်ရပါပြီ။ သူ့ရှေ့မှာရှိသမျှအရာအားလုံးက မှောင်မိုက်လို့သွားပြီ ဓားကအဆုံးမဲ့တဲ့ တွင်းနက်ကြီးပုံစံနဲ့ ထွက်ပေါ်လာပါတော့တယ်။ ရူးသွပ်တဲ့စွမ်းအားတွေက သူ့စိတ်၀ိညာဥ်စွမ်းအားကို ၀ါးမြိုနေခဲ့ပြီ အဆုံးမဲ့အောင် မှောင်မိုက်အေးစက်တဲ့ အကြောက်တရားက သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲအထိကို ထိုးဖောက်၀င်ရောက်လာပါတော့တယ်။ ဒီကြောက်စရာအရှိန်အ၀ါပေါ်ထွက်လာပြီတဲ့နောက် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေ ပိုင်ခြားခံလိုက်ရတာကို ဟို့ယွိဟောင်ခံစားလိုက်ရပါပြီ။ တစ်စုံတစ်ယောက်က နှစ်ပိုင်းဖြတ်ချလိုက်တဲ့အတိုင်းပါပဲ။ ဒီလိုမသက်မသာကောင်းပြီ ကြောက်စရာကောင်းလှတဲ့ ခံစားချက်က သူ့ရဲ့ခေါင်းကို ဖြတ်ချလိုက်သလို ခံစားရစေပါတယ်။

အကယ်၍ ဟို့ယွိဟောင်သာ တစ်ယောက်ထဲရှိနေမယ်ဆိုရင်တော့ ဒီအားကောင်းတဲ့စွမ်းအားက သေချာပေါက် စိတ်၀ိညာဥ်ပင်လယ်ထဲကို ၀င်ရောက်ပြီပြင်းပြင်းထန်ထန် ဒဏ်ရာရစေမှာပါ။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးတောင်မှ ပျက်စီးသွားစေနိုင်ပါတယ်။ ဒါပေမယ့် သူကတစ်ယောက်ထဲတိုက်ခိုက်နေတာမဟုတ်ပါဘူး။

ပထမဆုံးတုန့်ပြန်လာသူကတော့ ဟို့ယွိဟောင်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပါပဲ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဘာဖြစ်မှန်းမသိနိုးလာတာနဲ့ သူချက်ချင်းဆိုသလို အပြေးအလွားနဲ့ခုခံပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်က သူ့အိမ်လိုပါပဲ။ ဒါ့အပြင် အိမ်မှာလဲသူ့ဇနီးနဲ့ ကလေးတွေရှိနေတယ်။ ၀ိညာဥ်၀ါးမြိုဓားက သူ့ရဲ့အိမ်ရှေ့ကို လာခေါက်ပြီသူမိန်းမကို ခိုးဖို့လာတဲ့ကောင်လိုမျိုး ကျူးကျော်မှုတစ်ခုဖြစ်တာကြောင့် သူဘယ်လိုလုပ်ဒေါသမထွက်ပဲနေမှာလဲ။

၀မ်ယန်က ဘေးမှာရပ်နေခဲ့တာပါ။ ဟို့ယွိဟောင်တစ်ကိုယ်လုံး တုန်ရီနေတာကို မြင်ချိန်မှာတော့ သူတကယ်ပဲထိတ်လန့်သွားပါတော့တယ်။ သူ၀င်ရောက်စွက်ဖက်တော့မဲ့အချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ မျက်လုံးနှစ်လုံးက ရွှေရောင်တောက်ပနေတာကို ခပ်မြန်မြန်သတိထားမိလိုက်ပါပြီ။ သူ့ရဲ့၀ိညာဥ်စက်ကွင်းနှစ်ကွင်းက သူ့ခန္ဓာကိုယ်အောက်ဖက်မှာပေါ်လာပါတော့တယ်။ ဒုတိယတစ်ကွင်းကတော့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရဲ့အရောင်ဖြစ်တဲ့ ခရမ်းရောင်အဖြစ် တောက်ပနေခဲ့ပြီ ပထမတစ်ခုကတော့ အရမ်းကိုပြင်းထန်တဲ့ရွှေရောင်နဲ့ အဖြူရောင်ရောစပ်ထားတဲ့အလင်းတန်းနဲ့ တောက်ပနေခဲ့တာပါ။

ကြောက်စရာကောင်းလွန်လှတဲ့ အရှိန်အ၀ါက ဟို့ယွိဟောင်ရဲ့ ဦးနှောက်ကို ကျောက်တုံးနံရံကြီးလိုမျိုး ကာကွယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလို တန်ပြန်ကန်ထွက်သွားပြီ ဓားကလဲ ကြောက်ကြောက်လန့်လန့်နဲ့ထအော်ပါတော့တယ်။ အဲ့ဒီနောက် ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့ရင်း အစိမ်းရောင်အငွေ့တွေလဲ ထွက်လာခဲ့ပါပြီ။

၀မ်ယန်ကတော့ ဟို့ယွိဟောင်ရဲ့ ရွှေရောင်တောက်နေတဲ့ပထမ၀ိညာဥ်စက်ကွင်းကိုကြည့်ရင်း အထိတ်တလန့်လန့်သွားပါတော့တယ်။ ဒါမျိုးကို ဘယ်တုန်းကမှမမြင်ဖူးပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ဆီက ထွက်ပေါ်နေတဲ့ ကျယ်ပြန့်ပြီအားကောင်းတဲ့စိတ်၀ိညာဥ်အရှိန်အ၀ါတွေ ၀ိညာဥ်ဘုရင်ထက်ကို အများကြီးသာလွန်နေမှန်းတော့ သူသိပါတယ်။

အပိုင်း ၁၀၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset