Switch Mode

Chapter – 5.3

" ပထမဆုံး အကြည့်တစ်ချက် "

Chapter – 5.3 ” ပထမဆုံး အကြည့်တစ်ချက် ”
°°°
ဟို့ယွိဟောင်က သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို အခုမှစတင်ပြီး လမ်းညွှန်ရင်း ခန္ဓာကိုယ်ပတ်လည်ကို လှည့်ပတ်စေပါတော့တယ်။ ပေ့ပေ့ကတော့ အရမ်းကို အလေးအနက်ထားနေခဲ့ပါပြီး ဟို့ယွိဟောင်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အတော်ကို မြင့်မားလွန်လှပါတယ်။ ဒါ့အပြင် သူက အတော်လေးကို ထက်မြက်လွန်လှတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ပါရမီကတော့ အတော်လေး ချို့ယွင်းနေတာ အမှန်ပါပဲ။ ပေ့ပေ့ရဲ့ ၀ိညာဥ်စွမ်းအားက ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာပြီးချိန်မှာတော့ ဟို့ယွိဟောင်ရဲ့ အဓိက စွမ်းရည်အရင်းအမြစ်တွေက အတော်လေး သေးငယ်ကျဥ်းမြောင်းနေတာကို မြင်လိုက်ရပါတော့တယ်။ ဒါ့အပြင် တစ်ချို့နူးညံ့တဲ့ စွမ်းအင်အရင်းအမြစ်တွေက သန်မာတဲ့ ဘယ်လိုစွမ်းအားမျိုးကိုမှ လက်ခံနိုင်တဲ့ စွမ်းအားမရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ ဟို့ယွိဟောင်က အဆင့်တက်ဖို့ဘာကြောင့် ဒီလောက်အထိ ခက်ခဲနေလဲဆိုတာကို ပေ့ပေ့နားလည်သွားခဲ့ရပါပြီး ပထမ၀ိညာဥ်စက်ကွင်းကို ရရှိပြီးတာတောင် သူ့ခန္ဓာကိုယ်က စွမ်းအားတိုးတက်လာခဲ့ပေမဲ့ စွမ်းအင်ဖြတ်သန်းဖို့အတွက် လမ်းကြောင်းတွေကတော့ အတော်လေးကို ကျဥ်းမြောင်းနေဆဲပါပဲ။ သူ့ရဲ့ပါရမီဘယ်လောက် နုံနည်းလဲဆိုတာကို ဒီတစ်ချက်ထဲနဲ့ ကြည့်ရုံနဲ့တင် သိနိုင်နေသလို သူက တခြား၀ိညာဥ်စွမ်းအားကို မနိုးထရသေးတဲ့ သာမန်ကောင်လေးတွေနဲ့ သိပ်မကွာခြားပဲ ရှိနေခဲ့ပါတယ်။ ဒီလို၀ိညာဥ်ပညာရှင်ဖြစ်ဖို့အတွက် ဘယ်လောက်တောင် စိတ်အားထက်ထက်သန်သန်နဲ့များ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရတာလဲ။

ပေ့ပေ့လို အေးဆေးတည်ငြိမ်တဲ့သူတောင်မှ ဟို့ယွိဟောင်ရဲ့ ဒီအခြေအနေကို ရှာဖွေတွေ့ရှိရချိန်မှာ အတော်လေးကို လေးစားသွားခဲ့ရပါတော့တယ်။ ဒီလိုမျိုး မယိုင်လဲတဲ့ ဆုံးဖြတ်ချက်ရှိနေတဲ့ ဟို့ယွိဟောင်က အသက်အရွယ်ငယ်ရွယ်ပေမဲ့ အနာဂတ်မှာ တစ်စုံတစ်ရာကို အောင်မြင်နိုင်မယ်လို့ တစ်ထစ်ချယုံကြည်နိုင်လောက်စရာ အကြောင်းရှိနေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်အခြေအနေကို စူးစမ်းလေ့လာပြီတဲ့နောက် သူ့ရဲ့ စိတ်၀ိညာဥ်မျက်၀န်း အရမ်းကိုသန်မာနေရတာ ဘာကြောင့်လဲ ခန့်မှန်းမိသွားပါတော့တယ်။ ဒီလိုအသွင်ပြောင်းတဲ့သိုင်းပညာ၀ိညာဥ်က အရမ်းကို သန်မာပေမဲ့ သူ့ရဲ့ထိခိုက်မှုက ဟို့ယွိဟောင်အတွက် အရမ်းကို ကြီးမားနေခဲ့တယ်။ သူက ဒီအရာကို သေချာဂရုစိုက်ခဲ့ပုံလဲ မပေါ်ပါဘူး။ ဒါကြောင့်သာ ပါရမီက ပိုလို့ဆိုးသွားခဲ့တာပဲ ဖြစ်ပါတယ်။ အကယ်၍ မွေးမွေးပြီအချိန်မှာသာ ဆေး၀ါးနဲ့ သေချာကုသခဲ့မယ်ဆိုရင် သူ့ရဲ့ဆရာတူညီလေးက သေချာပေါက် သူမတူတဲ့ပါရမီရှင် ဖြစ်လာမှာအမှန်ပါပဲ။

တကယ်တော့ ပေ့ပေ့ရဲ့ ခန့်မှန်းချက်တွေက တစ်၀က်လောက်သာ မှန်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်အရမ်းကို ခံနိုင်ရည်အားလျော့နည်းနေတာက သူ့ရဲ့သိုင်းပညာ၀ိညာဥ်အသွင်ပြောင်းမှုကြောင့်လဲ ဖြစ်သလို သိုင်းပညာ၀ိညာဥ်နိုးထလာပြီတဲ့နောက် ဂရုမစိုက်ခံခဲ့ရလို့လဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်၀ိညာဥ်မျက်လုံးအစွမ်း အရမ်းကို သန်မာနေခဲ့ရတာကတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းဖြစ်တဲ့ နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းကြောင့်ပါပဲ။

ကောင်းကင်ကြီးက မှောင်မိုက်နေရာကနေ ဖြည်းဖြည်းချင်းဆိုသလို အဖြူရောင်တိမ်တိုက်တွေ စတင် ပေါ်ထွက်လို့လာခဲ့ပါပြီး ပေ့ပေ့လဲ သူ့လက်ကို ပြန်ရုတ်လိုက်ရင်း အသက်ပြင်းပြင်းရှုထုတ်လိုက်ပါတော့တယ်။ သူ့ရဲ့မျက်နှာပေါ်မှာ မောပန်းမှုကို ဖုံးကွယ်ထားနိုင်စရာအကြောင်းမရှိတော့ပါဘူး။

ဟို့ယွိဟောင်ရဲ့ ဖြတ်သန်းသွားလာတဲ့ စိတ်၀ိညာဥ်စွမ်းအားကြောင်းတွေကို တစ်ညလုံးလုံး ရှင်းထုတ်ပေးနေခဲ့ရပြီး ပထမဆုံးလှည့်ပတ်မှုကို ကူညီပေးနေခဲ့ရတာကြောင့် သူအတော်ကို အင်အားကုန်ခမ်းလို့သွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်က ခက်ခဲပေမဲ့ ဟို့ယွိဟောင်အတွက်တော့ အများကြီး အကျိုးကျေးဇူးရသွားခဲ့တယ်။

ဟို့ယွိဟောင်လဲ မျက်လုံးဖွင့်ဖွင့်ချင်း ပါးစပ်အပြည့်သွေးတွေကို အန်ထုတ်မိလိုက်ပါပြီ။

လက်ရှိအချိန် သူ့ခန္ဓာကိုယ်ထဲမှာ ရှိရှိသမျှ မွှေးညင်းပေါက် သုံးသောင်းခြောက်ထောင်စလုံး ပွင့်ထွက်သွားသလို ခံစားမိလိုက်ပါတော့တယ်။ ဒါ့အပြင် အရမ်းကို သက်သောက်သက်သာ ရှိတဲ့ခံစားချက်က ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြည့်နှက်လို့နေခဲ့တယ်။ အစောပိုင်းသူထွေးထုတ်ပြစ်လိုက်တဲ့သွေးတွေကတော့ မသန့်စင်တဲ့ အညစ်အကြေးတွေပါပဲ။ ဒါ့အပြင် သူ့ရဲ့စွမ်းအင်အရင်းအမြစ်တွေကို ပိတ်ဆို့စေတဲ့အရာတွေလဲ ဖြစ်နေခဲ့တယ်။ ပေ့ပေ့က ဒါတွေကို ကူညီဖြေရှင်းလိုက်ပြီး လမ်းဖွင့်ပေးလိုက်တာကြောင့် သူ့ရဲ့စွမ်းအင်အရင်းအမြစ်လမ်းကြောင်းတွေက သေးငယ်နေရင်းတောင် အနည်းဆုံးဖြတ်သန်းစီးဆင်းနိုင်မှာ ဖြစ်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားကလဲ အနာဂတ်မှာ ချောချောမွေ့မွေ့ စီးဆင်းနိုင်လိမ့်မယ်။ ဒါက တစ်နည်းတစ်ဖုံ သူ့ခန္ဓာကို
ယ်ကိုလဲ ပြောင်းလဲသွားစေမှာပါ။

ပေ့ပေ့က သူ့ရဲ့အသက်အရွယ်တွေထဲမှာ ပြိုင်ဘက်ကင်းတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်နေတဲ့ ၀ိညာဥ်အကြီးအကဲအဆင့် တိုက်ခိုက်ရေးသမားဖြစ်ပေမဲ့ ဟို့ယွိဟောင်ရဲ့ စွမ်းအင်အရင်းအမြစ်တွေကို ကူညီပေးတာက သူ့အတွက်တော့ အတော်လေး ပင်ပန်းသွားစေခဲ့တယ်။

” ဆရာတူညီလေး ထပြီး အရှေ့ဖက်ကိုကြည့်လိုက် ငါလှုပ်ရှားတဲ့အတိုင်းလိုက်ပြီး လှုပ်ရှား မင်းရဲ့မျက်လုံးတွေကိုပဲ အာရုံစိုက် ”

ပေ့ပေ့က သူ့ရဲ့ မောပန်းပင်ပန်းနွမ်းနယ်မှုကို ခုခံနေရင်း ဟို့ယွိဟောင်ကို ခပ်တိုးတိုးပြောလိုက်ပါတယ်။ အဲ့ဒီနောက် ပုခုံးကို လက်နဲ့လှမ်းဆွဲလိုက်တယ်။ ဒီတစ်ကြိမ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တဲ့ ထန်ယာ့ကတော့ နိုးလာခဲ့ပါပြီး သူချက်ချင်းဆိုသလို ထခုန်ရင်း ပေ့ပေ့ဘေးကို ရောက်လာပါတော့တယ်။

သူတို့သုံးယောက်စလုံးက အရှေ့ဘက်ကကောင်းကင်ကို လှမ်းကြည့်လိုက်ချိန်မှာတော့ တိမ်တွေကတောက်ပလာနေတာကို မြင်လိုက်ရပါတယ်။ ဟို့ယွိဟောင်ရဲ့ အားကောင်းလွန်လှတဲ့ အမြင်အာရုံကြောင့်သာ မဟုတ်ရင် ဒါကိုသေချာပေါက် ရှာဖွေတွေ့ရှိဖို့မလွယ်ပါဘူး။

ခရမ်းရောင်တိမ်တိုက်တွေရဲ့ ပေါ်ထွက်လာမှုက သူတို့သုံးယောက်စလုံးကို အသက်ရှုမှုတောင် ရပ်သွားစေခဲ့တယ်။ အဲ့ဒီနောက် သူတို့သုံးယောက်အာရုံစိုက်နေချိန်မှာပဲ ခရမ်းရောင်အလင်းတန်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

ခရမ်းရောင်တိမ်တိုက်က အကြာကြီးမတည်ရှိခဲ့ပါဘူး။ မနက်ခင်း နေရောင်ခြည်ရောက်ရှိလာချိန်မှာ အဲ့ဒီအရာက ပျောက်ကွယ်လို့သွားခဲ့ပြီ။

ဒီအချိန်မှသာ သူတို့သုံးယောက်စလုံးလဲ ခန္ဓာကိုယ်ထဲက လေတွေကို မှုတ်ထုတ်ပြစ်လိုက်ပါတော့တယ်။ ပေ့ပေ့ရဲ့ ထန်ယာ့နှစ်ယောက်စလုံးလဲ အဖြူရောင်မြူခိုတွေကို ရှုသွင်းလိုက်ရှုထုတ်လိုက် အကြိမ်ကြိမ်လုပ်ရင်း ပျောက်ဆုံးသွားစေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ ကျင့်ကြံမှုက ရှောင်ယာ့နဲ့ သူ့အစ်ကိုကြီး​လောက် မရှိသေးတာကြောင့် အတော်လေးကို ထိတ်လန့်လို့သွားခဲ့ရပါတယ်။

အဝေးနေရာက ခရမ်းရောင်တိမ်တိုက်ကို ကြည့်ရင်း သူ့ရဲ့မျက်၀န်းထဲကို နွေးထွေးနူးညံ့တဲ့ခံစားချက်က ရောက်ရှိလာတာ ခံစားလိုက်မိပါတယ်။ အဲ့ဒီနောက် အရမ်းကို အားကောင်းတဲ့ အားအင်ဖြည့်တင်းပေးမှုက သူ့ရဲ့မျက်၀န်းကို ကြည်လင်သွားစေခဲ့တယ်။ ၀ိညာဥ်စွမ်းအားမသုံးပဲနဲ့တောင် အတော်ကို ကြည်ကြည်လင်လင်နဲ့ အမြင်ကျယ်နေခဲ့ရပါပြီ။

ခရမ်းရောင်တိမ်တိုက်ကို စိတ်နှစ်လိုက်ချိန်မှာတော့ သူ့ရဲ့စိတ်၀ိညာဥ်မျက်၀န်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ၀ိညာဥ်စွမ်းအားကို အလိုအလောက်အသုံးပြုပြီး တိမ်တိုက်နဲ့အတူတူ ပူးပေါင်းပါတော့တယ်။ ပုံမှန်နွေးထွေးနေခဲ့တဲ့ခံစားချက်က လန်းဆန်းတဲ့ခံစားချက်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့တယ်။

ခရမ်းရောင်နတ်ဆိုးမျက်လုံး ဒီအရာက ဆရာရှောင်ယာ့ ပြောတဲ့စွမ်းအားပါပဲ။ သူကျင့်ကြံတဲ့အချိန်မှာ အသုံး၀င်ဆုံးအရာလဲ ဖြစ်နေခဲ့တယ်။ သူပထမဆုံးကျင့်ကြံတာ ဖြစ်ပေမဲ့ ဒီလောက်အထိ အကျိုးသက်ရောက်မှုကောင်းသွားမယ်လို့ မထင်မှတ်ထားခဲ့မိပါဘူး။ ဟို့ယွိဟောင်လဲ သူ့ရဲ့ အစောပိုင်းကာလတွေမှာ ကျင့်ကြံခဲ့သမျှအရာအားလုံးထက် သာလွန်တယ်လို့ ခံစားနေခဲ့မိပါတယ်။

ဆယ့်ငါးမိနစ်တိတိ ကြာပြီတဲ့နောက် ဒီလိုသက်သောက်သက်သာ ဖြစ်တဲ့ခံစားချက်က ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားပါတော့တယ်။ ဟို့ယွိဟောင် မျက်လုံးတွေကို ပြန်ဖွင့်လိုက်ချိန်မှာတော့ မှိန်ဖျော့ဖျော့ခရမ်းရောင်အလင်းတန်းက သူ့မျက်၀န်းထဲမှာ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

” ကြည့်ရတာ အတော်ရလဒ်ကောင်းတဲ့ပုံပဲ ”

ထန်ယာ့က ဟို့ယွိဟောင်ကို စိတ်ကျေနပ်တဲ့ပုံစံနဲ့ကြည့်ရင်း ပြောနေခဲ့ပါတယ်။

” ကျေးဇူးအများကြီးတင်ပါတယ် ဆရာ ကျေးဇူးအများကြီးတင်ပါတယ် ဆရာတူအစ်ကိုကြီး ”

ပေ့ပေ့ရဲ့ မျက်လုံးထဲမှာ ခရမ်းရောင်အလင်းတန်းကလဲ ဖြည်းဖြည်းချင်း မှိန်ဖျော့ပျောက်ကွယ်သွားခဲ့ပါပြီး ဒါပေမယ့် မောပန်းနေတုန်းပါပဲ။ ဟို့ယွိဟောင်ပုခုံးကို ပုတ်ရင်း သူ့က ပြောလာခဲ့တယ်။

” ငါတို့အခုမိသားစုတွေ ဖြစ်နေပြီး အနာဂတ်မှာ ကျေးဇူးတင်စကားဘာမှမလိုဘူး ဒါပေမယ့် ငါအခုနားမှဖြစ်မယ်…ပြီးမှပဲ ခရီးဆက်ထွက်ကြမယ်…ဆရာရှောင်ယာ့ ကျေးဇူးပြုပြီ အစာလေးဘာလေး နည်းနည်းပါးပါးလေး ပြင်ထားဦး ဆရာတူညီလေးက ထူးဆန်းကောင်းကင်နည်းလမ်းကို နောက်တစ်ကြိမ်သွားပြီးကျင့်ကြံနေ မနေ့ညက မှတ်ဉာဏ်တွေကို မှတ်မိတယ်မဟုတ်လား ”

ဟို့ယွိဟောင်က တလေးတစားနဲ့ ပြန်ဖြေလိုက်ပါတယ်။ လက်ရှိအချိန် သူ့ဆရာတူအစ်ကိုကြီးကို လေးစားမှုက ပိုလို့တောင် ကြီးမားလာခဲ့ပါပြီး အဲ့ဒီနောက် သူချက်ချင်းဆိုသလို ထိုင်ချရင်း ထူးဆန်းကောင်းကင်နည်းလမ်းကို စတင်ပြီး အသုံးချပါတော့တယ်။

မနေ့ညက ခိုင်မာတဲ့မှတ်ဉာဏ်တွေနဲ့အတူ စွမ်းအင်အရင်းအမြစ်တွေကို ဖြတ်သန်းသွားလာခဲ့တဲ့ လမ်းကြောင်းတွေက လက်ရှိအချိန်မှာ ပိုလို့ချောမွေ့လာပါတော့တယ်။ ၀ိညာဥ်စွမ်းအားက လက်ရှိအချိန်မှာ အဖြူဖျော့ဖျော့အရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။

နှစ်နှစ်နာရီကြာပြီတဲ့နောက် ပေ့ပေ့က အရင်ဆုံးထလာခဲ့ပါတယ်။ သူ့ရဲ့ကျင့်ကြံတဲ့အဆင့်က အတော်လေးသန်မာတာကြောင့် မောပန်းနွမ်းနယ်မှုကို အလွယ်တကူ ဖယ်ရှားပြစ်နိုင်တယ်။

ထန်ယာ့က ပေ့ပေ့ကို ရိက္ခာအခြောက်အခြမ်းတစ်ချို့ကို ပေးရင်း တိတ်တဆိတ်မေးလာခဲ့တယ်။

” သူအခြေအနေ ဘယ်လိုလဲ ”

ပေ့ပေ့က ပြုံးပြရင်း ပြန်ဖြေပါတယ်။

” ဒီတစ်ကြိမ် မင်းပြောတာ မှန်တာပဲ ငါတို့ရဲ့ ဆရာတူညီလေးက တကယ်ကို အတော်လေး အရည်အချင်းရှိတယ်…သူ့ခန္ဓာကိုယ်အခြေအနေက မကောင်းပေမဲ့ နားလည်နိုင်စွမ်းက အတော်ကို မြင့်မားလွန်တယ်….ဒါ့အပြင် အခက်အခဲတွေကိုလဲ ကြံ့ကြံ့ခံနိုင်လို့ နှလုံးသားကလဲ ခိုင်မာနေပြီသား ပြုစုပျိုးထောင်မယ်ဆိုရင် အတော်လေးကို ကောင်းတဲ့သစ်ပင်ကြီးတစ်ပင် ဖြစ်လာမှာပဲ ဒါ့အပြင် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ အစွမ်းသတ္တိက သူ့ကို အများကြီးကူညီပေးနိုင်တယ်…အကယ်၍ ဒါကိုသာ သူအချိန်အကြာကြီး ကျင့်ကြံမယ်ဆိုရင် သူ့ခန္ဓာကိုယ်ထဲက ပျက်စီးနေတဲ့ စွမ်းအင်ဖြတ်သန်းတဲ့ လမ်းကြောင်းတွေကို ပြုပြင်နိုင်ရုံတင်မကဘူး သူ့အတွက်လဲ အတော်လေး အဆင်ပြေသွားလိမ့်မယ်…အနာဂတ်မှာ ကိုယ်တိုင်းဘယ်လောက်ကြိုးစားမလဲဆိုတာကို ကြည့်ပြီတော့ပဲ အခွင့်အရေးကို ဆုံးဖြတ်ရမှာပေါ့ ငါတို့တွေ လုပ်ပေးနိုင်တာက သူ့အတွက် တံခါးဖွင့်ပေးရုံပဲ ဘယ်လောက်ဝေးဝေးခရီးဆက်နိုင်မလဲဆိုတာက သူ့အပေါ်ပဲ မူတည်လိမ့်မယ် “‘

အပိုင်း ၅•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset