အပိုင်း ၁၀၄•၂
” အကြိုဗိုလ်လုပွဲကို ရောက်ရှိခြင်း ”
°°°
ထိုက်ယွဲ့ဟန်က ကြီးမားတဲ့ခန္ဓာကိုယ်ရှိပါတယ်။ ဒါပေမယ့် ချန်ယွမ်နဲ့ ယှဥ်လိုက်မယ်ဆိုရင် သူကတော့ ဘီးလူကြီးရှေ့မှာရောက်နေတဲ့ လူပုလေးလိုပါပဲ။ အရွယ်အစားအရာမှာတော့ ချန်ယွမ်က ထိုက်ယွဲ့ဟန်ထက်အများကြီးပိုပြီး ကြီးမားနေခဲ့တာပါ။
ဒိုင်ရဲ့ညွန်ကြားချက်ပြီတဲ့နောက် နှစ်ယောက်စလုံးက နေရာအသီးသီးကို ဆုတ်ခွာသွားကြပါတော့တယ်။ ဒါပေမယ့် တိုက်ပွဲစတဲ့အချိန်မှာကတော့ တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်တွေက တိုကိပွဲအစမှာတင် သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးလိုက်ကြပါပြီ။ ချန်ယွမ်က လေထဲမှာအော်ဟစ်ရင်းနဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ခပ်မြန်မြန်ပိုပြီး ကျယ်ပြန့်လာပါတော့တယ်။ ကြောက်စရာကြွက်သားတွေက အ၀တ်အစားတွေကို စုတ်ပြဲစေပြီ သတ္ထုရောင်ကြွက်သားတွေက ထွက်ပေါ်လာပါတော့တယ်။ ကြီးမားပြီတုတ်ခိုင်တဲ့ လက်မောင်းတွေက ခန္ဓာကိုယ်နှစ်ဖက်မှာရှိနေခဲ့ပြီ လက်သည်းတွေကလဲ ချွန်ထွက်နေခဲ့သလို နှစ်လက်အကျော်လဲ ရှည်လျားပါတယ်။ သူရဲ့အပေါ်ပိုင်းခန္ဓာကိုယ်က အနည်းငယ်ကွေးသွားခဲ့ပြီ လက်သည်းချွန်ချွန်တွေက မြေပြင်ပေါ်ကိုကျလာတော့တယ်။ မြေပြင်ကိုကုတ်ခြစ်ရင်းနဲ့ အဆင်ရာတွေပေါ်စေခဲ့ပါပြီ။
ထိုက်ယွဲ့ဟန်ကလဲ သူ့ရဲ့ကျားဖြူသိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ပါတယ်။ ဒါကသူ့ပြိုင်ဘက်လိုမျိုး အရမ်းကြီးတုတ်ခိုင်နေတဲ့ပုံမပေါ်ပေမဲ့ ခိုင်ခံ့သန်မာမှုကတော့ အတူတူပါပဲ။ အလင်းတန်းတွေကလဲ သူ့ရဲ့မိစ္ဆာဆန်ဆန်မျက်လုံးတွေမှာ ဖြတ်ပြေးလို့နေခဲ့သလို အ၀ါရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်း ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းတို့ကတော့ စည်းချက်ကျကျတောက်ပလို့နေခဲ့ပါတယ်။ သူလဲ ပြိုင်ဘက်ထက်အားမနည်းခဲ့ပါဘူး။
ချန်ယွမ်ကတော့ အော်ဟစ်ရင်း အရင်ဆုံးတိုက်ခိုက်ပါတယ်။သူရော ထိုက်ယွဲ့ဟန်နှစ်ယောက်စလုံးကပါ တူညီတဲ့ပုံစံနဲ့ ၀ိညာဥ်ပညာရှင်တွေပါ။ ကိုယ်ပိုင်အင်အားကို တိုးမြင့်စေပြီ အနီးကပ်တိုက်ခိုက်တဲ့နေရာမှာ တော်ကြပါတယ်။ ဒါပေမယ့် မာရှောင်ထောင့်ကတော့ သူတို့ထက် ပိုပြီးသန်မာတဲ့ နေရာဘက်ပေါင်းစုံကို တိုက်ခိုက်နိုင်တဲ့ ပညာရှင်ပါပဲ။ အနီးကပ်တိုက်ပွဲမှာကတော့ မာရှောင်ထောင့်က သူတို့ကို မယှဥ်နိုင်ပါဘူး။
သုံးမီတာကျော်မြင့်မားတဲ့ အကြောက်တရားလက်သည်း၀က်၀ံက အော်ဟစ်ဟိန်းဟောက်လိုက်ချိန်မှာ ပထမ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလို့သွားခဲ့ပြီ ပုခုံးကြွက်သားတွေက အပြင်ကိုတောင့်ထွက်လာပါတော့တယ်။ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံးကို အသုံးပြုရင်း ထိုက်ယွဲ့ဟန်ကို ခုန်အုပ်ပါတော့တယ်။
ထိုက်ယွဲ့ဟန်ကတော့ ကျားလက်သည်းတွေရှိပေမဲ့ တစ်ဖက်လူနဲ့ယှဥ်မယ်ဆိုရင် သေးငယ်နေဆဲပါပဲ။ လမ်းကျဥ်တဲ့အချိန်မှာ ရဲရင့်တဲ့သူက အနိုင်ရမှာပါ။ ထိုက်ယွဲ့ဟန်က မဆုတ်ခွာခဲ့ပါဘူး။ တစ်ကိုယ်လုံးအဖြူရောင်အလင်းတန်းတွေ သိပ့်သိပ့်သည်းသည်း၀န်းရံသွားပြီတဲ့နောက် ခန္ဓာကိုယ်ရဲ့အမွေးအမျှင်တစ်ခုချင်းဆီတိုင်းက ထောင်ထလာပါတော့တယ်။ သူ့ရဲအရှိန်နှုန်းကလဲ အလင်းတန်းတစ်ခုလိုအသွင်နဲ့ ပြောင်းလဲသွားခဲ့ပါပြီ။
နှစ်ဖက်စလုံးက နေရာအလယ်တည့်တည့်မှာ တိုက်နေပါတော့တယ်။ ချန်ယွမ်ရဲ့ ကြီးမားတုတ်ခိုင်တဲ့လက်မောင်ကြီးတွေက လေပေါ်ကိုမြောက်သွားခဲ့ပြီ ထိုက်ယွဲ့ဟန်ကို နောက်ထပ်လွှတ်မြောက်ဖို့လမ်းမပေးတော့ပါဘူး။
အမှန်တကယ်မှာတော့ ထိုက်ယွဲ့ဟန်လဲ ထွက်ပြေးလိုစိတ်မရှိပဲ မြေပြင်ကိုခြေထောက်နဲ့ ထိထားကာအရှိန်နှုန်းကို အနည်းငယ်လျော့ချလိုက်ပါတယ်။ သူ့ရဲ့ကျားလက်သည်းတွေက တစ်ဖက်လူရဲ့လက်သည်းနဲ့ ထိမိသွားပါပြီ။
သံမဏိချင်ထိခတ်တဲ့အသံတွေထွက်ပေါ်လာပြီတဲ့နောက် မီးပွားတွေလဲ ဖြာထွက်လာပါတော့တယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်နေခဲ့တဲ့ ထိုက်ယွဲ့ဟန်က အရေးနှိမ့်သွားခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်က တုန်ခါလို့သွားပါတော့တယ်။ တစ်ဖက်လူရဲ့တိုက်ခိုက်မှုက သူ့ကိုနောက်ဆုတ်သွားစေခဲ့သလို အင်အားအရာမှာမယှဥ်နိုင်ခဲ့ပါဘူး။
အစပိုင်းအားသာချက်ရပြီတဲ့နောက် ချန်ယွမ်က မပျော်နိုင်ပဲရှိနေခဲ့ပါတယ်။ နောက်တစ်ကြိမ် အော်ဟစ်ဟိန်းဟောက်ရင်း ထိုက်ယွဲ့ဟန်ဆီကို တန်းတန်းမတ်မတ်ပြေးလိုက်ခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ တတိယနဲ့ ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းတွေကို အသုံးပြုလိုက်ပါတယ်။ အစောပိုင်းတုန်းက မီးခိုရောင်တောက်နေခဲ့တဲ့သူ့ခန္ဓာကိုယ်က ကြေးစိမ်းအဖြစ်ကိုပြောင်းလဲလို့သွားပြီတဲ့နောက် နောက်တစ်ဖန်ငွေဖြူရောင်ကို ပြောင်းလဲလို့သွားပါတော့တယ်။ သူ့ခန္ဓာကိုယ်က ပိုပိုပြီးကြီးမားလို့လာနေခဲ့ပါပြီ။ အခုအချိန်မှာ သုံးဒဿမငါးမီတာကျော်ကြီးမားနေခဲ့သလို သူ့ကြွက်သားတွေကလဲ ဆက်တိုက်ပြောင်းလဲနေခဲ့ပါတော့တယ်။ သူက လူသားတစ်ယောက်ဟုတ်မဟုတ်ဆိုတာတောင် ဘယ်သူမှမပြောနိုင်တော့ပါဘူး။
ထိုက်ယွဲ့ဟန်ကတော့ နောက်ဆုတ်တော့မလိုပုံစံဖြစ်နေခဲ့ပေမဲ့ သူ့ပုံစံကလဲ ပြောင်းလဲလို့သွားပါတော့တယ်။ ဆံပင်တွေက ရွှေရောင်ပြောင်းသွားခဲ့ပြီ သူ့ရဲ့ပထမ တတိယနဲ့ ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းတွေက စတင်တောက်ပလာပါတော့တယ်။ မြန်ဆန်တဲ့ပေါင်းစည်းမှုနဲ့အတူ သူကကျားဖြူဒိုင်ကာ ကျားဖြူပုံစံပြောင်းမှုနဲ့ ကျားဖြူနတ်ဘုရားအသွင်ပြောင်းမှုသုံးခုစလုံးကို အသုံးပြုလိုက်တာပါ။
ချန်ယွမ်သူ့ဆီကို အလျင်အမြန်ပြေး၀င်လာချိန်မှာပဲ သူ့ရဲ့ချွန်ထက်တဲ့ငွေရောင်သဲတွေက တစ်ဖက်လူကို ခုတ်ချပြစ်လိုက်ပါတယ်။ ထိုက်ယွဲ့ဟန်ရဲ့မျက်လုံးတွေထဲမှာ ရေခဲရောင်အလင်းတန်းတွေက တောက်ပလို့လာပြီ သူ့တစ်ကိုယ်လုံးကလဲ ထူးထူးဆန်းဆန်းပျောက်ကွယ်လို့သွားခဲ့ပြီ အမှန်ပါပဲ သူ့ခန္ဓာကိုယ်က ချန်ယွမ်ရဲ့ အရှေ့ကနေ အပြည့်အ၀ပျောက်ကွယ်သွားတာကြောင့် ချန်ယွမ်က ဘာကိုမှမထိမိပဲရှိနေပါတော့တယ်။
ထိုက်ယွဲ့ဟန်က ၀ိညာဥ်စွမ်းရည်တစ်ခုသုံးပြီ မြေလျှိုမိုးပျံလှုပ်ရှားလိုက်တာလား။ ဒီလိုမဟုတ်ခဲ့ပါဘူး သူ့မှာဒီလိုစွမ်းရည်မျိုးလဲမရှိခဲ့ပါဘူး။ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားတာမဟုတ်ပဲ ရုတ်တရက်နေရာပြောင်းလိုက်တာပါ။ ချန်ယွမ်သူ့ကို အမီလိုက်လာပြီတဲ့နောက် သူ့ရဲ့ခေါင်းကိုအောက်ဖက်စောင်းလိုက်ရင်း ပါးစပ်ထဲကအဖြူရောင်အလင်းတန်းတွေကို ထွေးထုတ်လိုက်ပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က ကိုယ်ရဲ့ကိုယ်ပိုင်အင်အားကြောင့် အပေါ်ကိုမြင့်တက်သွားခဲ့တာပါ။ ဖြစ်သွားတာက မြန်လွန်ပါတယ်။ ချန်ယွမ်က တိုက်ခိုက်ပြီတိုင်းတာကြောင့် ဆက်ပြီမတားဆီးနိုင်ပါဘူး။ သူ့ရဲ့တိုက်ခိုက်မှုက ဘာမှမထိတော့တဲ့အချိန်မှာပဲ တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိလိုက်ပါတယ်။ တစ်ချိန်ထဲမှာ ထိုက်ယွဲ့ဟန်က သူ့ခေါင်းပေါ်မှာပေါ်လာခဲ့ပါပြီ။
သူ့ရဲ့ကျားလက်သည်းတွေကိုသုံးပြီ ချန်ယွမ်ကို တိုက်ရိုက်မတိုက်ခိုက်ခဲ့ပါဘူး။ အဲ့ဒီအစား ဒူးကိုအသုံးပြုရင်း ချန်ယွမ်ရဲ့ပုခုံးကို ဖိချလိုက်ပါတယ်။ ချန်ယွမ်ရဲ့ပါးစပ်ထဲကနေ အော်ဟစ်သံတချို့ကြားလိုက်ရပြီတဲ့နောက် ခြေထောက်တွေလဲပျော့ခွေလို့သွားပါပြီ။ ဒီကြီးမားလွန်တဲ့ဖိအားကပါ သူလှဲကျမတတ်ဖြစ်သွားခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်ကို ဖယ်ရှားဖို့လက်တွေကို အသုံးပြုရင်းကြိုးစားနေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ထိုက်ယွဲ့ဟန်က ခုန်ရှောင်ဖို့မကြိုးစားခဲ့ပါဘူး။ ကျားလက်သည်းတွေက ဘယ်ညာနှစ်ဖက်စလုံးကို အသုံးပြုရင်း တစ်ဖက်လူရဲ့လက်သည်းတွေကို ထိန်းချုပ်လိုက်ပါတယ်။ ခိုင်မာလွန်တာတောင်မှ ဧရာမကျောက်စိုင်ကြီးတွေလိုပါပဲ။ ချန်ယွမ်ဘယ်လောက်ပဲ အင်အားသုံးပါစေ မလှုပ်နိုင်ဖြစ်နေခဲ့ရပါတယ်။
” မင်းရဲ့အင်အားက တကယ်မက်လောက်စရာရှိပါတယ်…အကယ်၍ မင်းနဲ့သာအတူရှိမယ်ဆိုရင် ငါမင်းကိုယှဥ်နိုင်မှာမဟုတ်ဘူး…ကံမကောင်းစွာနဲ့ပဲ မင်းက ၀ိညာဥ်ဧကရာဇ်ဖြစ်နေပြီ မင်းက၀ိညာဥ်ဘုရင်အဆင့်ပဲရှိသေးတယ်…ဒါ့အပြင် မင်းရဲ့သိုင်းပညာ၀ိညာဥ်ကသန်မာပေမဲ့ အကြမ်းမခံဘူး..အကယ်၍ မင်းသာ၀ိညာဥ်ဧကရာဇ်ဖြစ်လာခဲ့မယ်ဆိုရင် ငါနဲ့မင်းကြားသေရေးရှင်ရေးတိုက်ပွဲမှာတောင် မင်းကသေချာပေါက် သေမှာပဲ အကယ်၍ ငါသာမင်းကိုသတ်ချင်တယ်ဆိုရင် မင်းအစောကြီးကထဲက သေနေလောက်ပြီ ”
ထိုက်ယွဲ့ဟန်ရဲ့အေးစက်တဲ့အသံက ချန်ယွမ်ရဲ့နားထဲ၀င်ရောက်လာပါတော့တယ်။ မကြာခင်အချိန်မှာပဲ သူဒူးကိုအသုံးပြုရင်း ချန်ယွမ်ရဲ့ ခေါင်းကိုဒူးနှစ်လုံးကြားမှာ ဖိထားခဲ့ပါပြီ။ ချန်ယွမ်ရဲ့ကြီးမားတဲ့ ကြွက်သားတွေက အမြန်ကျုံ့သွားခဲ့ရင်း မြေပြင်ပေါ်ကိုပြုတ်ကျသွားပါတော့တယ်။ ထိုက်ယွဲ့ဟန်ကတော့ ချန်ယွမ်ရဲ့ခန္ဓာကိုယ်ကနေ ခုန်ချလာခဲ့တယ်။
တိုက်ပွဲကတော့ အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ ပြီးသွားခဲ့ပါပြီ။ တကယ်ကို ဒဲ့တိုးဆန်တဲ့အတိုင်းတိုက်ခိုက်မှုပါပဲ။ ဘယ်လောက်အန္တရာယ်များလဲဆိုတာကိုတော့ နှစ်ဖွဲ့စလုံးက သိနေခဲ့တယ်။ ထိုက်ယွဲ့ဟန်ရဲ့ ကျားလက်သည်းရော ချန်ယွမ်ရဲ့ ကြောက်စရာလက်သည်းတွေကပါ သူတို့ထိမိမယ်ဆိုရင် သေစေနိုင်လောက်တဲ့ လက်နက်တွေဖြစ်နေခဲ့တဲ့အပြင် သူတို့က အင်အားကြီးသက်သက် တိုက်ခိုက်ခဲ့တာပါ။ ချန်ယွမ်ကတော့ ရှုံးနှိမ့်ခဲ့ပြီ ကျင့်ကြံဆင့်အရရှုံးနှိမ့်ခဲ့သလို အတွေ့အကြုံအရလဲ ရှုံးနှိမ့်တာပါ။ ထိုက်ယွဲ့ဟန်ကတော့ အသန့်ရှင်းဆုံးအထိရောက်ဆုံးနည်းလမ်းနဲ့ အနိုင်ရအောင်လုပ်သွားခဲ့ပါတယ်။ သူ့ရဲ့အောင်ပွဲက အလဲထိုးနိုင်ဖို့ပါပဲ။ ၀ိညာဥ်ဧကရာဇ်တစ်ယောက်အနေနဲ့ သူက ဘယ်လိုလုပ်သူ့ထက်အားနည်းတဲ့သူကို ရှုံးနှိမ့်မှာလဲ။ ဒါ့အပြင် ကျားဖြူသိုင်းပညာ၀ိညာဥ်က သူ့ရဲ့ခန္ဓာကိုယ်ကို အဓိကသန်မာအောင်အားပြုထားတဲ့သူပါ။ ပြိုင်ဘက်ကို လှည့်ကွက်ထဲ၀င်လာအောင် လှည့်စားပြီတစ်ချက်ထဲနဲ့အပြီးသတ်လိုက်တာက အမျက်ဒေါသရဲ့အတွင်းကျောင်းတော်သားပိုင်ဆိုင်ထားတဲ့စွမ်းအားပါပဲ။
ဒိုင်မရောက်ခင်အချိန်မှာပဲ ထိုက်ယွဲ့ဟန်က သတိလစ်နေတဲ့ ချန်ယွမ်ကို မလိုက်ပါတော့တယ်။ ဒိုင်ကိုအဆင်ပြေပါတယ်ဆိုတဲ့ပုံစံပြလိုက်ပြီတဲ့နောက် ချန်ယွမ်ကို ချီမလိုက်ရင်း သူ့ရဲ့အဖွဲ့သားတွေစောင့်ဆိုင်းနေတဲ့ နေရာအထိကို ပြန်ပို့ပေးလိုက်ပါတယ်။
” ကုကျူးကျန် ပြိိုင်ပွဲဆိုတာက စစ်မြေပြင်နဲ့တူတယ်…ငါအင်အားသုံးတာအရမ်းများသွားတယ်..ဒါက အနိုင်ရဖို့အတွက်ပါပဲ အကယ်၍ မင်းသာငါနေရာမှာဖြစ်ခဲ့မယ်ဆိုရင် မင်းလဲအတူတူလုပ်ခဲ့မယ်လို့ ငါထင်ပါတယ်..နောက်ထပ်ပြောစရာမရှိတော့ဘူး..ဖမ်းထားလိုက်တော့ ”
ထိုက်ယွဲ့ဟန်က ပြောပြီတဲ့နောက် ချန်ယွမ်ကို ပြစ်လွှတ်လိုက်ပါတော့တယ်။ သူတို့သုန့်လင်းအဖွဲ့သားတွေကတော့ သူ့ကို အမြန်ဖမ်းလိုက်ပါပြီ။
ကုကျူးကျန်ရဲ့ မျက်နှာပေါ်မှာကလဲ ခါးသီးတဲ့အပြုံးတစ်ခုဖြစ်ပေါ်လာပါတော့တယ်။
” အစ်ကိုကြီးထိုက် ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
ချန်ယွမ်ရဲ့ခေါင်းပေါ်မှာ ထိုက်ယွဲ့ဟန်ပေါ်လာချိန်ကထဲကစတင်လို့ သူတို့မနိုင်နိုင်ဘူးဆိုတာသိထားပြီသားပါ။ အကယ်၍ ထိုက်ယွဲ့ဟန်ကသာ ကျားလက်သည်းကိုအသုံးပြုပြီး ခေါင်းကိုရိုက်ချမယ်ဆိုရင် ချန်ယွမ်သေမှာအမှန်ပါ။ ဒါပေမယ့် ထိုက်ယွဲ့ဟန်မလုပ်ခဲ့ပါဘူး။
ကျောင်းတော်ရဲ့ပြိုင်ပွဲဖြစ်နေခဲ့တဲ့အတွက် သေတာတွေ ဒဏ်ရာရတာတွေက သိပ်ပြီအဖြစ်မများတဲ့ကိစ္စပါ။ ဒါပေမယ့် ထိုက်ယွဲ့ဟန်ကလဲ သူ့ပြိုင်ဘက်ကိုဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် မလုပ်ခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ သူအတော်လေး ညှာညှာတာတာလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့်လဲ သုန့်လင်းအဖွဲ့ရဲ့လူတွေကအမုန်းတရားလျော့ပါးသွားခဲ့ကြရတယ်။
ဒုတိယကိုယ်စားပြုတာကတော့ ဟန်လင်းအယ်ပါပဲ။ ၀ိညာဥ်ဘုရင်တစ်ယောက်ဖြစ်သလို အမြန်နှုန်းအသုံးပြုတဲ့၀ိညာဥ်ပညာရှင်လဲ ဖြစ်နေခဲ့တယ်။ ဒီတစ်ချီကတော့ အရှိန်နှုန်းကိုအသုံးပြုတဲ့ တိုက်ပွဲပါ။ ဟန်လင်းအယ်တိုက်ခိုက်မှုတွေကစူးရှထက်မြက်ပြီ အရှိန်နှုန်းကလဲ မယှဥ်နိုင်လောက်အောင်ပါပဲ။ သူမရဲ့သိုင်းပညာ၀ိညာဥ်က လျှပ်စီးဓားကောက်ဖြစ်ပြီ အမြန်ဆုံးအမျိုးအစားတွေထဲမှာ အမြန်တကအမြန်ဆုံးပါပဲ။ ပျံသန်းနိုင်တဲ့အပြင် သူမရဲ့ အချိန်တိုအတွင်းအပြေးမြန်နိုင်ဖို့ ယှဥ်နိုင်သူကအတော်ကို ရှားပါးပါတယ်။
ဒီလိုရန်သူမျိုးနဲ့ ရင်ဆိုင်ရချိန်မှာတော့ ထိုက်ယွဲ့ဟန်က အတော်ကို သတိကြီးကြီးထားပြီချဥ်းကပ်ပါတယ်။ ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာ သူလုပ်တဲ့တစ်ခုတည်သောအရာကတော့ တန်ပြန်တိုက်ခိုက်မဲ့အစား ရွေ့လျားလှည့်လှယ်တာပါပဲ နှစ်မိနစ်ကြာပြီချိန်မှာတော့ ဟန်လင်းအယ်ရဲ့ ၀ိညာဥ်စွမ်းအားတွေက လိုက်မမီတော့ပဲဖြစ်လာပါတော့တယ်။ သူမရဲ့အရှိန်နှုန်းက လျော့ကျလို့သွားခဲ့ပြီ ထိုက်ယွဲ့ဟန်ကြောင့် ထောင့်ကို ဆက်တိုက်ကပ်နေခဲ့ရတယ်။ နောက်ဆုံးမှာချောင်ပိတ်ခံလိုက်ရတဲ့အတွက် သူ့မှာလဲ အရှုံးကို၀န်ခံလိုက်ရပါပြီ။
ဆက်တိုက်အနိုင်ရရှိပြီတဲ့နောက် သူက၀ိညာဥ်ဘုရင်နှစ်ယောက်ကို အနိုင်ရသွားခဲ့ပါတယ်။ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ရဲ့စွမ်းအားတွေကို လူတွေကကောင်းကောင်းသိမြင်နေပါပြီ။ ထိုက်ယွဲ့ဟန်ရဲ့ လုပ်ဆောင်မှုကလဲ စကားလုံးသုံးလုံးကိုသာ ဖော်ပြလို့နေခဲ့တယ်။ သူအများကြီးထိန်းထားတာပါ ဒါကသေချာပေါက် သူ့ရဲ့အင်အားအပြည့်အ၀မဟုတ်သေးပါဘူး။
တတိယပြိုင်ပွဲမှာကတော့ သိပ်ပြီစိတ်လှုပ်ရှားစရာမရှိပဲ ဖြစ်သွားခဲ့ပါတယ်။ မဟာလျှပ်စီးဒိုင်ကာကို အသုံးပြုထားခဲ့တဲ့ ချီဟန်ယွိီက အထင်ကြီးစရာကောင်းပေမဲ့ ထိုက်ယွဲ့ဟန်ကတော့ သူ့ကိုစစ်မှန်တဲ့အင်အားကြောင့် ကောင်းကောင်းပြသလိုက်တယ်။ ဒုတိယတိုက်ပွဲနဲ့ယှဥ်လိုက်မယ်ဆိုရင် ဘေးနှစ်ဖက်ကပြောင်းလဲသွားပါပြီ။ ဒီတစ်ကြိမ်မှာ ထိုက်ယွဲ့ဟန်ကတော့ တိုက်ခိုက်ပြီ ချီဟန်ယွိီက ခုခံပါတယ်။ ရလဒ်ကလဲအတူတူပါပဲ အစောပိုင်းမှာ ထိုက်ယွဲ့ဟန်က သူ့ရဲ့ကြီးမားတဲ့အင်အားကို အသုံးပြုပြီး ဟန်လင်းအယ်ရဲ့ ၀ိညာဥ်စွမ်းအားတွေအားလုံးကို ဖြုန်းတီးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ရေလှိုင်းလိုတိုက်ခိုက်မှုတွေက ချီဟန်ယွိီရဲ့ ဒိုင်ကာကိုပြင်းပြင်းထန်ထန်တိုက်မိပြီတဲ့နောက် နောက်ဆုံးမှာတော့ စင်ပေါ်ကနေကန်ချခံလိုက်ပါတော့တယ်။ တစ်ပွဲပြီတစ်ပွဲပြီတဲ့နောက် ထိုက်ယွဲ့ဟန်က သူ့ရဲ့ကြီးမားအင်အားကို ထုတ်ဖော်ပြသနေဆဲပါ။ ပြိုင်ဘက်သုံးယောက်ကို စိန်ခေါ်အနိုင်ယူပြီတဲ့နောက် သုံးယောက်စလုံးကိုလဲ အလဲထိုးနိုင်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အမျက်ဒေါသကျောင်းတော်က ထိပ်တန်းသုံးဖွဲ့ထဲကို ၀င်ရောက်သွားပြီဖြစ်တဲ့အကြောင်း သေချာအောင်လုပ်နိုင်ခဲ့တယ်။
၀မ်ယန်ဆူတာခံရပြီတဲ့နောက် မာရှောင်ထောင့်က ပိုပြီးလိမ်လိမ်မာမာနေနေခဲ့ပါတယ်။ နေရာကနေထွက်ပြီတဲ့နောက် သူအရမ်းလှုပ်ရှားချင်နေပေမဲ့ ငြိမ်ငြိမ်လေးသာနေနေခဲ့တော့တယ်။ တိုက်ပွဲပြီတဲ့နောက်မှာ အမျက်ဒေါသကျောင်းတော်ရဲ့ ကျော်ကြားမှုကပိုပြီး ကြီးမားလာခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်နဲ့ မာရှောင်ထောင့်တို့နှစ်ယောက်စလုံးက ၀ိညာဥ်ဧကရာဇ်တွေဖြစ်နေခဲ့တာကြောင့် သူ့စိတ်ထဲမှာလဲ အများကြီးနက်နက်ရှိုင်းရှိုင်းနေရာယူလို့သွားခဲ့တယ်။ လူတွေကဒီလိုပါပဲ သန်မာတဲ့သူတွေကိုသာ နှစ်သက်ကြမှာပါ။ ဟို့ယွိဟောင်ရဲ့ အံ့ဩစရာကောင်းတဲ့လုပ်ဆောင်ချက်တွေကိုတော့ ဖြည်းဖြည်းချင်းမေ့ပျောက်ခံလိုက်ရပါပြီ။ မင်းမှာသာသိုင်းပညာ၀ိညာဥ်နှစ်ခုရှိတော့ရော ဘာဖြစ်လဲ ကျင့်ကြံဆင့်ကလဲ လုံလောက်အောင်မသန်မာဘူးဆိုရင် ဘယ်သူမှဂရုစိုက်နေမှာမဟုတ်ပါဘူး။
ဟို့ယွိဟောင်လဲ ပျော်နေခဲ့ပါတယ်။ နောက်ရက်ပိုင်းတွေမှာကတော့ သူ၀မ်သုန့်နဲ့သာ ဆက်တိုက်လေ့ကျင့်ခဲ့တယ်။ သူတို့ရဲ့၀ိညာဥ်စွမ်းအားတွေကတော့ ဟောင်သုန့်စွမ်းအားနဲ့ ၀ိညာဥ်အရိုးကြောင့်အများကြီးတိုးတက်လို့လာခဲ့ပါပြီ။
အပိုင်း ၁၀၄•၂ ပြီး၏။