အပိုင်း ၁၀၃•၃
” ပြီးပြည့်စုံတဲ့ဖိနှိမ့်ခြင်း ”
°°°
ချင်းဖုန်းရဲ့ မြေကမ္ဘာလှိုင်းတွေက သင့်တော်တဲ့အတိုင်အတာတစ်ခုအထိကို အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ရှုစန်းရှီကို အသန်မာဆုံးခုခံမှုကို ပိုင်ဆိုင်ထားသူနဲ့ ရင်ဆိုင်ရချိန်မှာတော့ အလဟာသပါပဲ။ ရှုစန်းရှီရဲ့ လိပ်နတ်ဒိုင်းကာကြီးက မြေကမ္ဘာလှိုင်းတွေကိုချက်ချင်းဆိုသလို တားဆီးလိုက်ပါတော့တယ်။ ဒါကြောင့် ကုကျူးကျန်ကို အကူအညီထင်ထားသလောက် မရခဲ့ပါဘူး။
ကုကျူးကျန်ကတော့ သုံးစက္ကန့်အထိတောင့်ခံထားနိုင်ခဲ့ပေမဲ့ သူလဲ ငါးခုမြောက်၀ိညာဥ်စွမ်းရည်ကို ထုတ်သုံးပါတော့တယ်။
သူ့ရဲ့ခရမ်းရောင်ရောင်စဥ်၀ါးပင်က သုံးမီတာကျော်ရှည်လျားပြီ ခရမ်းရောင်အလင်းတန်းတွေ တောက်ပနေခဲ့သလို ရွှေရောင်သင်္ကေတတွေလဲ အများကြီးရှိနေခဲ့ပါသေးတယ်။ ကုကျူးကျန်က သူ့ရဲ့၀ါးပင်ကို အရှေ့မြေပြင်မှာ စိုက်ချလိုက်ပါတယ်။ အဲ့ဒီနောက် ဒုတိယမြောက်၀ိညာဥ်စွမ်းရည်ကို စတင်ပြီ ထုတ်လွှတ်ပါတော့တယ်။ သူ့ရဲ့ရည်ရွယ်ကတော့ အရမ်းကို ရိုးရှင်းခဲ့တယ်။ ထွက်ပြေးဖို့အခွင့်အရေးရမှာပါ။ သူက အမျက်ဒေါသကျောင်းတော်ရဲ့ လူငါးယောက်ကိုအဓိကရင်ဆိုင်တိုက်ခိုက်နေရတာက နှမြောစရာပါပဲ။ ကုကျူးကျန်ကို ၀န်းရံထားခဲ့တဲ့ ရေခဲထောင်က သူ့ရဲ့အကာအကွယ်အတားအဆီးပျောက်ကွယ်သွားချိန်မှာပဲစတင်အသုံး၀င်လာပါတော့တယ်။ ရေခဲထောင်က လုံး၀ကိုပြစ်ချက်ကင်းပြီတည်ရှိနေတာပါ။
ဒါကြောင့် ကုကျူးကျန်ရဲ့ ငါးခုမြောက်၀ိညာဥ်စွမ်းရည်က ရေခဲထောင်နဲ့ပြင်းပြင်းထန်ထန် တိုက်ခိုက်မိပါတော့တယ်။
ရေခဲထောင်က လင်းလော့ချန်ရဲ့ တတိယမြောက်၀ိညာဥ်စွမ်းရည်ဖြစ်ပြီ နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်တစ်ခုပါပဲ။ သူမရဲ့၀ိညာဥ်ဘုရင်ကျင့်ကြံဆင့်က ကုကျူးကျန်နဲ့ တူညီနေတဲ့အတွက် ကုကျူးကျန်ရဲ့ တကယ်တမ်းတိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့နည်းစနစ်ကျကျတွေးနိုင်စရာမရှိပါဘူး။
ဒါပေမယ့် လင်းလော့ချန်တစ်ယောက်ထဲ တိုက်ခိုက်ရတာမဟုတ်ပါဘူး။ ဟောင်သုန့်စွမ်းအားအောက်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးအဆုံးစွန်းရေခဲဖြစ်အောင် ပြောင်းလဲနေပါသေးတယ်။ ဒါ့အပြင် ၀မ်သုန့်ရဲ့ အလင်းပြင်စွမ်းအားကပါ ထောက်ခံပေးနေတာပါ။ ရေခဲထောင်ကတော့ မဖျက်ဆီးနိုင်တဲ့ ထောင်ကြီးနီးပါးကိုဖြစ်နေခဲ့ပါပြီ။
ရေခဲထောင်က ခရမ်းရောင်ပြောင်းသွားတာကို လူတိုင်းရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ သေးငယ်တဲ့အက်ကွဲကြောင်းလေးတွေ စတင်ပေါ်ပေါက်လာပြီတဲ့နောက် ခရမ်းရောင်အလင်းတန်းက မှိန်ကျသွားပါတယ်။ လင်းလော့ချန်က သူမရဲ့ကိုယ်ပိုင်စွမ်းအားကို ပြန်သိမ်းလိုက်တာကြောင့် ရေခဲထောင်ကလဲ အက်ကွဲကြောင်းနဲ့အတူ ပွင့်လာခဲ့ပါပြီ။ ကုကျူးကျန် အသက်ရှုချိန်မရလောက်အောင် ထိုက်ယွဲ့ဟန်ရဲ့ တိုက်ခိုက်မှုတွေကို ခံစားရပါတော့တယ်။ ထိုက်ယွဲ့ဟန်က ၀ိညာဥ်စွမ်းရည်သုံးခုကို တိုက်ရိုက်သုံးထားခဲ့တာပါ။ ဒါကြောင့် ကျန်ရစ်တဲ့ကိစ္စကတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားရတယ်လို့သာ ပြောလို့ရနိုင်ပါတယ်။ ဒီလိုစိတ်ပျက်မှုက ၀ိညာဥ်ဘုရင်တစ်ယောက်က ၀ိညာဥ်ဧကရာဇ်တစ်ယောက်ရဲ့ အဆုံးစွန်းတိုက်ခိုက်မှုကို ခံရချိန်မှာဖြစ်ပေါ်လာတာပါ။
ဒီတိုက်ခိုက်မှုက ထင်ထားတာထက်ကို မြန်မြန်ဆန်ဆန်ကြီး အဆုံးသတ်လို့သွားခဲ့ပါတယ်။ မာရှောင်ထောင့်ရဲ့ မီးလျှံငှက်ဥက္ကာပျံမိုးကာက အဆုံးအထိမကျရောက်ခဲ့ပါဘူး။ ဒိုင်ကသူမကို တားဆီးလိုက်ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အပြည့်အ၀ဖိနှိမ့်မှုက အနိုင်ရရှိလို့သွားခဲ့ပါပြီ။ ကုကျူးကျန်ကတော့ အကြောက်ဆုံးပါပဲ။ သူတို့က အရှေ့ရက်တွေတုန်းကတောင် ပြိုင်ဘက်ကင်းအဖွဲ့တစ်ဖွဲ့ဖြစ်နေတာပါ။ ဒါပေမယ့် အခုဒိုင်ကမာရှောင်ထောင့်ကို တားလိုက်ပါတယ်။ ဒါပေမယ့် ထိုက်ယွဲ့ဟန်နဲ့ ရင်ဆိုင်ရမှာက ကုကျူးကျန်အတွက် မလွယ်ကူခဲ့ပါဘူး။ သူ့ရဲ့တိုက်ခိုက်မှုတွေက ခြေထောက်တွေကိုကျိုးသွားစေခဲ့တယ်။ သေချာပေါက် ပြန်ကောင်းနိုင်ပေမဲ့လဲ အချိန်အတိုအတွင်းမှာပြန်ကောင်းမှာမဟုတ်ပါဘူး။
ဒိုင်ကကုကျူးကျန်ကို ဆွဲလိုက်ချိန်မှာတော့ ကုကျူးကျန်အနေနဲ့ အမျက်ဒေါသအဖွဲ့ရဲ့ လူတွေဘယ်လောက်အထိ ကြောက်စရာကောင်းအောင်ရူးသွပ်နေကြလဲဆိုတာ သူသိသွားခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်ကတော့ ကုကျူးကျန်ကို ရက်ရက်စက်စက်တိုက်ခိုက်ခံထားရတဲ့သူမဟုတ်တဲ့အတိုင်း မျက်နှာသေတွေနဲ့ရှိနေခဲ့ပါပြီ။ ကုကျူးကျန်အနေနဲ့ သူ့ရဲ့ငါးခုမြောက်ခြေထောက်ကို ထိိုက်ယွဲ့ဟန်မချိုးပြစ်ခဲ့တာပဲ ကံကောင်းနေပါပြီ။
မာရှောင်ထောင့်ကတော့ သူ့ကိုယ်သူ အများကြီးထိန်းချုပ်ထားခဲ့တယ်လို့ ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ။ သူလဲ အတူတူပါပဲ။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်တွေက ရက်စက်ကြမ်းတမ်းတဲ့အသိစိတ်ကိုပါ သူထိန်းချုပ်ထားခဲ့ရတာလဲ ဖြစ်နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ကို ကြည့်နေတဲ့သုန့်လင်းအဖွဲ့ကတောင် အတော်ကိုဒေါသထွက်နေခဲ့ပုံပေါ်ပါတယ်။ မာရှောင်ထောင့်က သူတို့ကို ရန်တွေ့ပါတော့တယ်။
” ဘာတွေလာကြည့်နေတာလဲ အကယ်၍ ငါတို့သာ နင်တို့နေရာရောက်နေမယ်ဆိုရင်ရော နင်တို့ရော အင်အားကိုထိန်းပြီတိုက်ခိုက်ကြမှာလား ”
လူသားမဆန်လောက်အောင်ပဲ ထိုက်ယွဲ့ဟန်က ကုကျူးကျန်ရဲ့ ခြေထောက်နှစ်ချောင်းကို ချိူးပြစ်လိုက်ပါပြီ။ ဒါကြောင့် သူ့တို့အဖွဲ့ရဲ့ခေါင်းဆောင်နေရာက ရှောင်ဖုန်းဆီကို ရောက်သွားပါတော့တယ်။ ရှောင်ဖုန်းကတော့ တစ်ဖက်ကိုတိုက်ခိုက်ချင်နေကြတဲ့ သူ့အဖွဲ့သားတွေကို လက်မြောက်ရင်းတားလိုက်တယ်။ အဲ့ဒီနောက် မာရှောင်ထောင့်ကိုပြောလိုက်တယ်။
” ငါတို့ရဲ့ ၀င်္ကပါလောကကို မင်းဘယ်လိုဖောက်ပြီမြင်တာလဲ ကံကောင်းတယ်လို့တော့ မပြောလေနဲ့ ”
မာရှောင်ထောင့်ကတော့ ပြုံးပြလိုက်ပါတယ်။
” ငါကအရမ်းပါရမီရှိနေလို့လေ အကယ်၍ လက်စားချေချင်တယ်ဆိုရင်တစ်ယောက်ချင်းဆီပြိုင်ပွဲမှာတွေ့ကြတာပေါ့ ”
သူအောက်ဖက်ကို ဆင်းသွားပါတော့တယ်။ ဒါ့အပြင် အဖွဲ့တစ်ဖွဲ့လုံးကို ထိန်းချုပ်ထားတဲ့ လူမိုက်ခေါင်းဆောင်ကြီးလိုပဲ။
ဘယ်လိုကြောင့်များ သူမကဒါတွေကို ထိုးဖောက်မြင်နေရတာလဲ ပြောစရာတောင်မလိုပါဘူး။ သေချာပေါက် စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကြောင့်ပါ။ သူတို့ကတော့ ဒီတစ်ချီမှာအလွယ်လေး အနိုင်ယူနိုင်ပါပြီ။ ဒါ့အပြင် အားလုံးကိုအဓိကအနိုင်ယူနိုင်တဲ့အကြောင်းအရင်းကတော့ ဟို့ယွိဟောင်ကြောင့်ပါပဲ။
လင်းလော့ချန်က အဓိကထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်လို့ ပြောဖို့ထက်ဟို့ယွိဟောင်ကသာ အဓိကရေခဲ၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့တာပါ။ ဒါကိုသိသူဘယ်သူမှမရှိပါဘူး။ မာရှောင်ထောင့်ရဲ့ ထိုက်ယွဲ့ဟန်နှစ်ယောက်ကသာ အားလုံးကို ဖုံးကွယ်ထားပါတယ်။
” ဒါကတကယ်အမျက်ဒေါသကျောင်းတော်ပဲ အမျက်ဒေါသကျောင်းတော်ရဲ့အကောင်းဆုံးလူတွေပဲ ဒါပေမယ့် သုန့်လင်းအဖွဲ့ကလဲ မဆိုးပါဘူး…သူတို့တွေပြိုင်ဘက်မှားပြီရွေးမိတာပဲ နှမြောစရာကောင်းနေတာ ”
ကြယ်တာရာလော့ဧကရာဇ်က ပြောလိုက်ပါတယ်။
ရှောင်ဟုန်ချန်အနေနဲ့ သူ့ရဲ့မောက်မာတဲ့ပုံစံကိုထုတ်မပြဘူးဆိုတာ ရှားပါးတဲ့ကိစ္စပါပဲ သူ့အနေနဲ့ ၀မ်သုန့်ဆက်တိုက်ရန်စတာကို ခံနေရတာလဲ အံ့ဩစရာမရှိပါဘူး။ မာယုလုံရဲ့ဘေးမှာ ရပ်နေရင်းသူပြောလိုက်ပါတယ်။
” အဖွဲ့ခေါင်းဆောင် ဘာတွေကိုမြင်လိုက်လဲ အဲ့ဒီသုန့်လင်းအဖွဲ့က မရိုးရှင်းဘူး..သူတို့က ကံမကောင်းရုံသက်သက်ပဲ ”
” သူတို့တွေ ပထမနေရာကို လက်လွှတ်လိုက်တာ ဘယ်အံ့ဩစရာရှိတော့မလဲ သေချာပေါက် ဒီလိုအစီအစဥ်ကြီးရှိနေလို့ကို ငါထင်တာသာမမှားဘူးဆိုရင် သူတို့က အုပ်စုဖွဲ့ပြီ လျှပ်စီးအမြောက်ရဲ့ပုံစံအကြီးစားကို ထုတ်သုံးမှဖြစ်လိမ့်မယ်..မေးခွန်းမေးစရာရှိတာကတော့ သူတို့တွေဒီလိုဧရာမလျှပ်စီးအမြောက်ကို ထုတ်လွှတ်ဖို့အတွက် ပုံစံတူတွေကိုဘယ်ကနေရလာတာလဲ ”
မာယုလုံက ခေါင်းညိတ်ရင်းနဲ့ ပြန်ပြောပါတယ်။ ရှောင်ဟုန်ချန်ကတော့ မျက်မှောင်ကြုတ်သွားရင် ဆက်ပြီပြောလာခဲ့တယ်။
” ငါထင်တာသာမမှားဘူးဆိုရင် သူတို့ရဲ့ ဧရာမလျှပ်စီးအမြောက်က ငါတို့ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ စံပြပြုလုပ်ထားတဲ့ ပုံစံနဲ့ပုံတူဖြစ်လိမ့်မယ်..ငါတို့လက်ရာကို မမီရုံသက်သက်ပဲ ဒါကြောင့် သူတို့ပုံစံကိုအများကြီးကြီးလိုက်တယ်..ပုံစံတူမတုပနိုင်တာ အံ့ဩစရာမရှိပေမဲ့ သူတို့ဒီလိုမျိုးလုပ်လိုက်တာက အမြောက်အခွံကို ထုတ်လုပ်တဲ့နေရာမှာ ပိုလွယ်ကူသွားစေလိမ့်မယ်…ဒါကြောင့် သူတို့ခုနှစ်ယောက်စလုံး ပူးပေါင်းပြီလှုပ်ရှားနေရတာပဲ ”
မာယုလုံက ခေါင်းညိတ်လိုက်ပါတယ်။
” ဒီလိုပဲဖြစ်လိမ့်မယ်..ကြည့်ရတာ သုန့်လင်းနိုင်ငံတော်က အများကြီးတိုးတက်ထားပြီးပြီ ဖြစ်လိမ့်မယ်…ဒါ့အပြင် ၀ိညာဥ်လက်နက်တွေကိုထုတ်လုပ်တဲ့နေရာမှာ သူတို့တော်တော်ကြီးကို ဖွဲ့ဖြိုးနေပြီဒါပေမယ့် အမျက်ဒေါသကျောင်းတော်နဲ့ စောစောစီးစီးတွေ့သွားတာကြောင့် သူတို့ရဲ့ ဗျူဟာက ဖျက်ဆီးခံလိုက်ရတာပဲ နောက်တစ်ဖွဲ့သာဖြစ်မယ်ဆိုရင် သူတို့ရဲ့ခုခံစစ်က ဒီလောက်မြန်မြန်ပျက်စီးသွားမှာမဟုတ်ဘူး… သူတို့ဒီထဲက ငါးယောက်မှမပျက်စီးနိုင်တဲ့အကာအကွယ်ရှိနေတယ်..ဒါ့အပြင် ခုခံမှုနဲ့ ၀င်္ကပါကို ပေါင်းစည်းလိုက်လို့ကတော့ ကံမကောင်းလို့ရှုံးသွားရုံသက်သက်ပဲ အစွမ်းအစမရှိလို့ရှုံးတာမဟုတ်ဘူး ”
ရှောင်ဟုန်ချန်ကတော့ အနည်းငယ်စိတ်ဆတ်နေတဲ့ပုံစံနဲ့ ပြောလိုက်ပါတယ်။
” အဲ့ဒီအမျက်ဒေါသကျောင်းတော်ကတော့ ကံကောင်းလို့နေပါတယ်..သူတို့တွေက ဒီလိုဗျူဟာမျိုးကို တစ်ခေါက်ထဲအသုံးပြုလိုက်ပြီ အသင့်တော်ဆုံးပြိုင်ဘက်ကို တွေ့သွားတယ်…မဟုတ်လို့ကတော့ သူတို့လဲ အဆင့်ခုနှစ်၀ိညာဥ်လက်နက်ရဲ့အင်အားကို ၀ိညာဥ်ဧကရာဇ်နှစ်ယောက်ထဲနဲ့ ခုခံနိုင်မှာမဟုတ်ဘူး ”
” ဒါလဲဆိုးရွားတဲ့ ကိစ္စတော့မဟုတ်ဘူးလေ ပွဲစဥ်ကတကယ်အမျက်ဒေါသကျောင်းတော်ရဲ့ တကယ်အစစ်အမှန်ကို ငါတို့တွေ့ရပြီပေါ့ ဟုတ်တယ်ဟုတ် ”
” ဟုတ်ပါတယ် ”
ရှောင်ဟုန်ချန် ခေါင်းညိတ်နေပါတယ်။ မာယုလုံကခေါင်းလှည့်လာရင်း ရှောင်ဟုန်ချန်ကို သေချာကြည့်ကာပြောလာခဲ့တယ်။
” ရှောင်မင်းကငါထက်ပိုပြီး ပါရမီရှိတဲ့သူ ငါတို့နိုင်ငံတော်မှာ မင်းကိုယှဥ်ပြိုင်နိုင်တဲ့သူမရှိနိုင်ဘူး…ဒါပေမယ့် မင်းရဲ့ပါရမီဲကြောင့် ဒေါသကြီးလွန်တယ်…အကယ်၍ မင်းမပြောင်းလဲဘူးဆိုရင် အနာဂတ်မှာ ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူး ”
ရှောင်ဟုန်ချန်က မျက်လုံးပြူးသွားပါတော့တယ်။
” အဖွဲ့ခေါင်းဆောင်ကျွန်တော် ”
မာယုလုံက သူ့ကိုနောက်ထပ်စကားမပြောစေချင်တော့ပဲ ဆက်ပြီပြောပါတယ်။
” နိုင်ငံတော်ကြီးအတွက် မင်းပိုပြီးအင်အားကြီးလာဖို့ ငါတကယ်မျှော်လင့်ပါတယ်…ငါတို့ရဲ့ ကျောင်းတော်ရော ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရော မင်းလက်ထဲမှာပိုအင်အားကြီးချင်တယ်…မင်းကိုမျှော်လင့်ချက်အများကြီးထားပြီ ကိုယ့်ကျိုးစွန့်စတေးခဲ့တဲ့သူတွေကို မဖျက်ဆီးနဲ့ အခုအချိန်မင်းလဲ အသက်ဆယ်ငါးနှစ်ရှိတော့မယ်မဟုတ်လား ..ရင့်ကျက်ဖို့အချိန်တန်ပြီ ”
ရှောင်ဟုန်ချန်က သိပ်ပြီစိတ်မပျော်ခဲ့ပုံပေါ်ပေမဲ့ မာယုလုံကို သူမငြင်းပယ်ပါဘူး။ သူ့နေရာသူပြန်ပြီထိုင်လိုက်ပါတယ်။ တစ်စုံတစ်ရာကို တွေးနေပုံပါပဲ။
သူတို့ကျောင်းတော်တွေမဟုတ်ပဲ ကျန်တဲ့သူတွေအားလုံးကလဲ မျက်စိရှင်ကျပါတယ်။ ၀မ်ယန်နဲ့ တခြားသူတွေအားလုံးက ပြိုင်ပွဲကိုကြည့်ရင်းလန့်နေခဲ့တာပါ။
ကုကျူးကျန်တို့ကလဲ အလဲခံလိုက်ချိန်မှာ သူ့လက်ထဲမှာကိုင်ထားတဲ့ပစ္စည်းကြောင့် တစ်ဖက်လူရဲ့ ဗျူဟာကိုကောင်းကောင်းသိကြပါတယ်။ ဒါကအကြံအစည်တစ်ခုထဲတင် မဟုတ်တော့ပဲ ဘာတွေလုပ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရတဲ့ကိစ္စပါ။ ဒါ့အပြင် သူတို့လုပ်နေတဲ့အရာကို သူများတွေသိသွားလို့ကတော့ ဒါမျိူးထပ်လုပ်နိုင်မှာမဟုတ်ပါဘူး။
၀ိညာဥ်ဘုရင်ငါးယောက်စလုံးကလဲ အင်မတန်စျေးကြီးလွန်လှတဲ့ မပျက်စီးအကာအကွယ်ကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ အခုအားကောင်းလွန်တဲ့ခုခံရေးစွမ်းရည်တွေလဲ ပိုင်ဆိုင်လို့ထားခဲ့ပြီ အစောကထဲက အပြည့်အ၀ပြင်ဆင်ထားတာကို သိသာနေခဲ့တယ်။ ဒါ့အပြင် သူတို့က အမျက်ဒေါသကျောင်းတော်နဲ့ စောစောစီးစီးတွေ့လို့ကံဆိုးသွားတာပါ။ ပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲအထိ အဆင်သင့်ပြင်ထားတယ်လို့ ပြောလို့နိုင်ပါတယ်။ ဒီလိုမျိူးဗျူဟာအသစ်က ၀ိညာဥ်လက်နက်တွေရဲ့အားကောင်းမှုနဲ့အတူ သူတို့ရဲ့အလားအလာကို အများကြီးတိုးတက်စေပါတယ်။
တည်ခိုဆောင်ကိုပြန်လာတဲ့လမ်းမှာ ထိုက်ယွဲ့ဟန်က ပြောလိုက်တယ်။
” သဘက်ခါပြိုင်ပွဲမှာ ငါအရင်သွားမယ် ”
မာရှောင်ထောင့်က သူ့ကိုစိုက်ကြည့်ရင်းပြောလာခဲ့ပါတယ်။
” နင်ကဘာဖြစ်လို့အရင်သွားရမှာလဲ ဘာအခွင့်အရေးရှိလို့လဲ ”
” ဘာကြောင့်ဆိုတော့ ငါကဒီနေ့သူတို့ရဲ့ခေါင်းဆောင်ကို ထိခိုက်အောင်လုပ်လိုက်တယ်လေ အကယ်၍ သူတို့ကိုသာ ငါကိုမြင်မယ်ဆိုရင် စိတ်ခံစားချက်တွေ မတည်မငြိမ်ဖြစ်လာမှာပဲ ဒါကြောင့် ငါအရင်သွားတာအကောင်းဆုံးဖြစ်လိမ့်မယ် ”
မာရှောင်ထောင့်က ပြောလာခဲ့ပါတယ်။
” အကြွင်းမဲ့တဲ့စွမ်းအားအောက်မှာ သူတို့ရဲ့လှည့်ကွက်နဲ့ အကြံအစည်တွေက ဘာများအသုံး၀င်ဦးမှာလဲ ”
၀မ်ယန်က ရုတ်တရက်ပြောလာခဲ့ပါတယ်။
” ရှောင်ထောင့် တည်ခိုဆောင်ရောက်မှပြောကြရအောင် ”
မာရှောင်ထောင့်က မျက်ခုံးတွန့်သွားပေမဲ့ ဘာမှမပြောတော့ပါဘူး။ မကြာခင်မှာပဲ သူတို့ပြန်ရောက်လာပါတော့တယ်။
၀မ်ယန်က တခြားသူတွေကို အေးအေးဆေးဆေးနားခိုင်းပြီ မာရှောင်ထောင့်ကိုတော့ အခန်းထဲခေါ်လာခဲ့တယ်။ တံခါးပိတ်ပြီတဲ့နောက် သူအလောတကြီးမပြောခဲ့ပါဘူး။ ရေတစ်ခွက်သာငှဲ့ပေးပါတယ်။ အရှေ့ကရေကိုကြည့်ရင်း မာရှောင်ထောင့်က ၀မ်ယန်ကိုမေးလိုက်တယ်။
” ဆရာ၀မ် ဘာပြောမလဲဆိုတာကို သိတယ်..ဘာကြောင့် ဗျူဟာအတိုင်းမဆောင်ရွက်ခဲ့လဲလို့ မေးချင်တာမဟုတ်လား ရလဒ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ်အတူတူပဲလေ ”
၀မ်ယန်က မျက်နှာချင်ဆိုင်မှာထိုင်နေရင်း အေးအေးဆေးဆေးကြည့်နေခဲ့ပါတယ်။
” ရှောင်ထောင့် ဒီအဖွဲ့ရဲ့ခေါင်းဆောင်က မင်းဟုတ်တယ်ဟုတ် ”
” ဒါပေါ့ ”
” ဒါဆိုရင် မေးပါရစေ မင်းရဲ့အဖွဲ့ခေါင်းဆောင်အဖြစ် အကြီးမားဆုံးတာ၀န်တ္တရားကဘာလဲ မင်းကစိတ်ခံစားချက်တွေကို ချေဖျက်ဖို့ရည်ရွယ်ထားတာလား ဒါမှမဟုတ်ရင် မင်းရဲ့ အဖွဲ့ကိုဦးဆောင်ရင်း ချန်ပီယံဖြစ်တဲ့အထိ ကြိုးစားဖို့ရည်ရွယ်ထားတာလား ”
ရှောင်ထောင့် တွေဝေသွားပါတော့တယ်။ သူကတကယ်ကို ထက်မြက်တဲ့သူတစ်ယောက်ပါ။ ပုံမှန်မှာအတော်ဒေါသကြီးပေမဲ့ သက်တူရွယ်တူတွေထက် အများကြီးထူးချွန်ထက်မြတ်တဲ့သူတစ်ယောက်ပါပဲ။ ၀မ်ယန် ဘာပြောချင်နေလဲ သူကောင်းကောင်းသိပါတယ်။ ၀မ်ယန်က သူ့ကိုပြောလာခဲ့တယ်။
” အခုလာတဲ့လူဆယ်ယောက်ထဲမှာ အဖွဲ့ခေါင်းဆောင်အဖြစ်အသင့်တော်ဆုံးသူက ပေ့ပေ့ပဲ မင်းမဟုတ်ဘူး..ထိုက်ယွဲ့ဟန်တောင် မင်းထက်စိတ်ထိန်းနိုင်သေးတယ်..ပြောရမယ်ဆိုရင် အဖွဲ့ခေါင်းဆောင်အနေနဲ့ ဟို့ယွိဟောင်ကတောင် မင်းထက်သင့်တော်တယ်လို့ ငါထင်တယ် ”
” ဆရာဘာပြောတယ် ”
မာရှောင်ထောင့်က ဒေါသထွက်လာခဲ့ပါတယ်။ ၀မ်ယန်ကတော့ အေးအေးဆေးဆေးရှိနေဆဲပါ။
” မကျေနပ်ဘူးမဟုတ်လား ဒါဆိုရင်ပြောလိုက် ဒီပြိုင်ပွဲထဲမှာ မင်းဘာများလုပ်ခဲ့တာလဲ အကယ်၍ မင်းသာဒဏ်ရာရသွားပြီ ဆက်ပြီမယှဥ်ပြိုင်နိုင်ဘူးဆိုရင် ဘယ်သူမှမင်းကို အပြစ်မတင်ခဲ့ဘူး..ဒါပေမယ့် မင်းပြန်လာပြီကထဲက ဒီပြိုင်ပွဲမှာ ဘာလုပ်ခဲ့လဲစဥ်းစားကြည့် ”
အပိုင်း ၁၀၃•၃ ပြီး၏။