အပိုင်း ၁၀၃•၂
” အပြည့်အ၀ဖိနှိမ့်ခြင်း ”
°°°
ဒါပေမယ့် အဓိကဗျူဟာထဲမှာရှိနေခဲ့တဲ့ သူတို့ရဲ့ခေါင်းဆောင်က ဒီလိုမျိုးနေရာလဲတာခံလိုက်ရမယ်လို့ ဘယ်သူကများတွေးမိမှာလဲ။ ဒါ့အပြင် ဒီလိုမျိုးလူလဲလိုက်တဲ့သူတွေကလဲ လူအုပ်တစ်ခုလုံးကိုထိခိုက်နိုင်တဲ့ ထိန်းချုပ်စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ။ လူလဲခံလိုက်ရသူကတော့ ၀ိညာဥ်ဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူတို့တွေရဲ့ သတ္ထုပြားတွေက နောက်ထပ်မထပ်နိုင်တော့ပါဘူး။ ဒါကြောင့် ထိပ်တိုက်တိုက်ခိုက်ဖို့သာရှိပါတော့တယ်။
သူမအနေနဲ့ ဘယ်လောက်အထိ စိတ်ညစ်နေလဲဆိုတာ မာရှောင်ထောင့်တစ်ယောက်သာကောင်းကောင်းသိတာပါ။ ပြိုင်ပွဲမှာ ပထမဆုံး၀င်ရောက်မှုပါပဲ။ ဒါပေမယ့် ပြိုင်ပွဲတွေမစခင်ကထဲကလဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာကြောင့် ဆက်တိုက်မပြိုင်နိုင်ပဲ သူမ အနားယူနေခဲ့ရပါတယ်။ အဓိကအဖွဲ့ရဲ့လူသုံးယောက်က ပြင်းထန်တဲ့ဒဏ်ရာတွေရထားခဲ့ပြီ တစ်ယောက်ကတော့ အသတ်ခံလိုက်ရတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ သူမက သူထမ်းဆောင်ရမဲ့တာ၀န်၀တ္တရားတွေအားလုံးကို အလွန်အမင်တန်ဖိုးထားတဲ့သူပါ။ သူ့ရဲ့မူလစိတ်ပိုင်းဆိုင်ရာအခြေအနေက ဘယ်လောက်ပဲမာကြောကြမ်းတမ်းပါစေ ပြီးဆုံးသွားတဲ့ကိစ္စတွေအတွက်ကို စိတ်ထဲမှာမခံမရပ်နိုင်ဖြစ်နေဆဲပါပဲ။ ဒါပေမယ့် သူမက အရမ်းကို စိတ်ထိန်းနိုင်သူဖြစ်ပေမဲ့ ဒီနာကျင်မှုတွေအားလုံးကို နှလုံးသားထဲမှာ ကောင်းကောင်းဖုံးကွယ်လို့ထားခဲ့တယ်။ သူမရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားရင် ဒီနာကျင်မှုနဲ့ ဒေါသတွေ ၀မ်းနည်းမှုတွေအားလုံးကို အင်အားအဖြစ်ပြောင်းလဲနိုင်ဖို့အတွက် ကြိုးစားနေခဲ့ပါတယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်အတွက် ဒီပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ပေးချင်နေခဲ့တယ်။
ဘယ်လိုပဲဖြစ်ပါစေ ဒဏ်ရာတွေက ထင်ထားတာထက်ကို အများကြီးပိုပြီးဆိုး၀ါးနေခဲ့တာပါ။ ဒါကြောင့် ငယ်ရွယ်တဲ့အကြိုအဖွဲ့အနေနဲ့ ပြိုင်ပွဲတစ်လျှောက်လုံးမှာ အကောင်းဆုံးကြိုစားခဲ့တာကို ဒီအတိုင်းကြည့်နေရုံသာတတ်နိုင်ခဲ့တယ်။ ဒါ့အပြင် အဲ့ဒီကလေးတွေက ပြင်းထန်တဲ့ဒဏ်ရာတွေကို ရသွားသေးတာပါ။
မာရှောင်ထောင့်က ဘာမှမပြောခဲ့ပါဘူး။ ဒါပေမယ့် နှလုံးသားထဲမှာရှိနေခဲ့တဲ့ ဒီတွန်းအားက နတ်ဆိုးမီးလျှံနဲ့ လောင်ကျွမ်းခံရတာထက်တောင် ပိုနာကျင်စရာကောင်းနေပါသေးတယ်။ နောက်ဆုံးမှာတော့ ယှဥ်ပြိုင်ဖို့အခွင့်အရေးရောက်လာခဲ့ပါပြီ။ ၀မ်ယန်က သူမရဲ့စွမ်းအားတွေကို ထိန်းသိမ်းထားစေချင်တဲ့လား။ ဒါပေမယ့် သူမဒါတွေကိုဘယ်လိုများ နောက်ထပ်ထပ်ပြီအောင့်အီးသည်းခံနိုင်တော့မှာလဲ။
ဒါကြောင့် ထိုက်ယွဲ့ဟန် မဟုတ်ပဲနေရာပြောင်းလာသူက သူမဖြစ်နေခဲ့တာပါ။ ဒါကလဲ ရှုစန်းရှီကို ခြိမ်းခြောက်ပြီရရှိလာခဲ့တဲ့ အခွင့်အရေးလဲဖြစ်နေခဲ့တယ်။
တောက်ပတဲ့နတ်မီးငှက်မီးလျှံတွေနဲ့အတူ အော်သံကြီးက ထွက်ပေါ်လို့လာပါတော့တယ်။ နတ်မီးငှက်မီးလျှံတွေ ထွက်ပေါ်လာမှုနဲ့အတူ ကြီးမားတဲ့မီးလျှံအတောင်ပံတွေကလဲ သူမရဲ့တတိယ၀ိညာဥ်စက်ကွင်းအလင်းတန်းနဲ့အတူတူ ဖြစ်ပေါ်လို့လာပါတော့တယ်။ တောက်ပလွန်တဲ့အနီရောင်မီးစက်ကွင်းကြီးတွေက သူမကိုဗဟိုပြုရင်းလှည့်ပတ်လို့နေခဲ့တယ်။ သူမကတော့ အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ရင်း အပေါ်ကိုမြင့်တက်လို့သွားခဲ့ပါပြီ။
တစ်ဖက်အဖွဲ့က အရှေ့ကိုသာအားပြုပြီး ခုခံနေခဲ့ပေမဲ့ သူတို့ရဲ့ပြိုင်ဘက်က သူတို့ရဲ့အလယ်ဗဟိုတည့်တည့်မှာ ရောက်လာခဲ့တာကြောင့် ပြဿနာကတော့ကြီးပါပြီ။ မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုတွေကို သူတို့ကိုယ်သူတို့တည်ငြိမ်အောင် မလုပ်နိုင်သေးခင်အချိန်မှာ ခံစားရပါတော့တယ်။ သူတို့တွေက မြေအောက်ငလျင်ကြောင့် တုန်လှုပ်နေကြဆဲပါပဲ။
သုန့်လင်းအဖွဲ့က ခပ်မြန်မြန်ပဲ တုန့်ပြန်လိုက်ပါတယ်။ ကျန်ရစ်တဲ့လူခြောက်ယောက်က အုပ်စုနှစ်ခုခွဲလိုက်တော့တယ်။ ချီဟန်ယွီ ချန်ယွမ်နဲ့ ဟန်လင်းအယ်တို့က အရှေ့ဆုံးမှာရှိနေခဲ့တာပါ။ ကျန်တဲ့သုံးယောက်ကတော့ အနောက်မှာပါပဲ။ အ၀ါရင့်ရောင်အလင်းတန်းက အရှေ့ဆုံးမှာရှိနေခဲ့ပါတယ်။ ဒါကတော့ နောက်ထပ်၀ိညာဥ်လက်နက်တစ်ခုပါ။ ဒါ့အပြင် တစ်ကြိမ်ထဲအသုံးပြုနိုင်တဲ့ ၀ိညာဥ်လက်နက်လဲဖြစ်နေခဲ့တယ်။
ဒီ၀ိညာဥ်လက်နက်က အရမ်းကိုရှားပါးတဲ့၀ိညာဥ်စွမ်းရည်တစ်ခုကို ဖန်တီးထားနိုင်ပါတယ်။ ထူးခြားတဲ့ရွှေရောင်အစိုင်အခဲတစ်ခုကို လိုအပ်ပြီ ဒီအစိုင်အခဲကလဲ နေလနိုင်ငံတော်ကသာ ၀ယ်ယူနိုင်တာပါ။ မပျက်စီးဒိုင်းကာက ဗျူဟာထဲမှာထည့်သွင်းပြီရင်း အားကောင်းလွန်လှတဲ့ ခုခံစစ်ကိုဖန်တီးနိုင်ပါတယ်။
ဒါက အဆင့်ငါး၀ိညာဥ်လက်နက်သာဖြစ်တဲ့အတွက် အနှိမ့်ဆုံးအဆင့်မှာသာရှိနေခဲ့ပြီ သူ့ရဲ့ ကြာရှည်ခံမှုကလဲ အတော်ကို နှိမ့်ပါးပါတယ်။ ဒါကိုအသုံးပြုဖို့အတွက် အနည်းဆုံး၀ိညာဥ်ဘုရင်တစ်ယောက်လိုအပ်မှာပါ။ အဆင့်ငါးမပျက်စီးဒိုင်းကာက အဆင့်ရှစ်အောက်မှာရှိတဲ့ ဘယ်၀ိညာဥ်ပညာရှင်ရဲ့တိုက်ခိုက်မှုဘယ်အရာကိုမဆို ခံယူနိုင်ပါတယ်။ သုံးစက္ကန့်လဲခံယူနိုင်စွမ်းရှိနေခဲ့တယ်။ အဆင့်ရှစ်ဒိုင်းကာက သော့်လော့တွေရဲ့တိုက်ခိုက်မှုကိုတော့ သုံးစက္ကန့်အထိခံနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အဆင့်ခုနှစ်ဒိုင်းကာတောင်မှ အတော်လေးကိုရှားပါးနေခဲ့ပါပြီ။
ဒီလိုမျိုး ဒိုင်းကာကအရေးကြီးအချိန်မျိုးမှာ အသက်ကိုကယ်တင်နိုင်တဲ့ရတနာတစ်ပါးလိုပါပဲ။ ၀ိညာဥ်ပညာရှင်ရဲ့သဘောအကျဆုံးလက်နက်ဖြစ်ပါတယ်။ သူ့ရဲ့၀ယ်လိုအားက ထုတ်လုပ်နိုင်စွမ်းထက်ကို အများကြီးပိုပြီးမြင့်မားနေခဲ့တယ်။
သူ့မှာနောက်ထပ် ပြစ်ချက်တစ်ခုရှိတာက အသိအသာကြီးပါပဲ။ ပထမဆုံးအနေနဲ့ အရမ်းကိုစျေးကြီးပါတယ်။ ၀ိညာဥ်ရွှေပြားတစ်သိန်းကနေ စပြီရောင်းချတာဖြစ်ပေမဲ့ တကယ်တမ်းရအောင်၀ယ်လို့ရတဲ့စျေးကတော့ အပေါ်အမြင့်ကြီးမှာရှိနေခဲ့တယ်။ ဒါကိုထုတ်လုပ်ဖို့မခက်ခဲပေမဲ့ သူ့ကိုအသုံးပြုဖို့အတွက် ထုတ်ရတဲ့ရွှေရောင်အစိုင်အခဲတွေကတော့ အတော်လေးကို ရှားပါးတာပါ။ လက်နက်က အဆင့်မြင့်လေလေ ပိုပြီးရွှေရောင်အစိုင်အခဲကို လိုအပ်လေပါပဲ။
ပိုအရေးကြီးတဲ့အရာကတော့ မပျက်စီးဒိုင်းကာအနေနဲ့ တစ်ကြိမ်တစ်ခါထဲအသုံးပြုနိုင်တာဖြစ်ပြီ ဒါကဘယ်လိုအဆင့်အတန်းမျိုးအတွက်မဆို ကွာခြားချက်မရှိပါဘူး။ အထဲမှာရှိနေခဲ့တဲ့ ရွှေရောင်အစိုင်အခဲကလဲ တစ်ကြိမ်သုံးပြီတာနဲ့ ပျက်စီးပေါက်ကွဲသွားပါတော့တယ်။ ဒိုင်းကာကိုယ်တိုင်ကလဲ ပျက်စီးသွားလို့ပါ။ ဒါကြောင့် သာမန်၀ိညာဥ်ပညာရှင်တွေသုံးတတ်တဲ့အရာမဟုတ်ပါဘူး။ ရွှေရောင်အစိုင်အခဲကို ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးကလဲ ချမ်းသာတဲ့သူတွေကြီးပါပဲ။
နေလတော်၀င်နိုင်ငံတော်က ၀ိညာဥ်ပစ္စည်းတွေနဲ့ ၀ိညာဥ်လက်နက်တွေကို တင်ပို့ရောင်းချမှုမကန့်သတ်ထားပါဘူး။ ဒါကြောင့်သာ နိုင်ငံကပိုလို့ချမ်းသာကြွယ်၀လာတာပါတယ်။
လက်ရှိအခြေအနေကတော့ အရမ်းကို သိသာထင်ရှားနေခဲ့ပါပြီ။ သုန့်လင်းရဲ့၀ိညာဥ်ဘုရင်တွေက ဒါတွေကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ သူတို့တကယ်ကြောက်စရာကောင်းလောက်အောင် ရင်းနှီးမြုပ်နှံထားတာပါပဲ။ ကျောင်းတော်တွေအားလုံးနီးပါးက အမျက်ဒေါသကျောင်းတော်နဲ့ နေလနိုင်ငံတော်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်တွေလောက် ချမ်းသာနေတာမဟုတ်ပါဘူး။
နှစ်ကြိမ်တိတိ ဒီလက်နက်ကိုသုံးနိုင်နေတဲ့အတွက် သူ့ကိုဘယ်လောက်ရင်းနှီးမြုပ်နှံထားလဲဆိုတာ သိသာနေခဲ့ပါပြီ။ မာရှောင်ထောင့်ရဲ့ နတ်မီးငှက်မီးလျှံတွေကို သုန့်လင်းအဖွဲ့လဲ တစ်ကြိမ်တစ်ခါတော့ ကာကွယ်နိုင်ပါတယ်။
အဓိကထိန်းချုပ်ရေးပညာရှင်ဖြစ်တဲ့ ရှောင်ဖုန်းက မာရှောင်ထောင့်ကို ခေါင်းမောါရင်းကြည့်နေခဲ့တယ်။ အဲ့ဒီနောက် သူ့ရဲ့လက်ထဲမှာရှိတဲ့ သတ္ထုပြားကြီးနဲ့ ပြစ်လွှတ်ဖို့လုပ်ပါပြီ။ သူ့ရဲ့ လက်ကတော့ အသဲပုံပုံစံဖြစ်သွားခဲ့ပြီ အဖြူရောင်ပုလဲတစ်ခုက သူ့ရဲ့လက်ပေါ်မှာပေါ်လာပါတော့တယ်။ ခရမ်းရောင်မြူခိုတွေကတော့ ပုလဲရဲ့ဘေးပတ်လည်မှာ ဝှေ့၀ဲလို့နေခဲ့တယ်။ သူ့ရဲ့နှစ်တစ်ထောင်လေးခုမြောက် ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပြီ ပုလဲကနေ ခရမ်းရောင်အလင်းတန်းကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်ပါတော့တယ်။ သုန့်လင်းအဖွဲ့ရဲ့ကျန်ရစ်တဲ့လူခြောက်ယောက်ကတော့ ခရမ်းရောင်အလင်းတန်းတွေနဲ့ ၀န်းရံခံလိုက်ရပါပြီ။ ခရမ်းရောင်အလင်းတန်းတွေကြားမှာ အရာအားလုံးက ဝေ၀ါးပြီမရှင်းမလင်းဖြစ်လာပါတော့တယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားတွေ မတည်ငြိမ်မှုကလဲ ဖြစ်ပေါ်လို့လာခဲ့ပါပြီ။
ဒါကတော့ ၀င်္ကပါပုလဲပါပဲ။ ရှောင်ဖုန်းရဲ့ သိုင်းပညာ၀ိညာဥ်ပါ သူကရှားပါးတဲ့ ဟို့ယွိဟောင်လိုမျိုးစိတ်၀ိညာဥ်ထိတ်လန့်ရေးအမျိုးအစားဖြစ်ပေမဲ့ သူ့ရဲ့အဓိကလုပ်ဆောင်နိိုင်စွမ်းကတော့ ပြိုင်ဘက်တွေကို လှည့်စားပြီ ပတ်၀န်းကျင်ကိုထိန်းချုပ်နိုင်တာပါပဲ။ မာရှောင်ထောင့်သာ အောက်ကိုငုံ့ကြည့်ခဲ့မယ်ဆိုရင် ခရမ်းရောင်မီးခိုငွေ့တွေကိုသာ မြင်ရမှာပါ။ သုန့်လင်းအဖွဲ့ရဲ့လူခြောက်ယောက်ကတော့ နေရာအမြန်ဆုံးပြောင်းရင်းမတူညီတဲ့၀ိညာဥ်စွမ်းရည်ကိုထုတ်လွှတ်ပြီ သူမကိုပစ်မှတ်ထားနေခဲ့ပါတယ်။ ဒါပေမယ့် မာရှောင်ထောင့်ကတော့ ပြုံးနေခဲ့ပါတယ်။ သူက သူ့ဘာသာသူတွေးနေခဲ့တာပါ။
” သူတို့တွေအားလုံးကို အပြည့်အ၀ဖိနှိမ့်ထားတာတကယ်ကိုကောင်းတာပဲ ”
မာရှောင်ထောင့်က တစ်ချက်လေးတောင်မတွေဝေပဲနဲ့ သုန့်လင်းအဖွဲ့ရဲ့လူခြောက်ယောက်ဆီကို ခုန်ချလို့သွားပါတော့တယ်။ သူမရဲ့ဒုတိယနဲ့ တတိယအပြင်စတုတ္ထ၀ိညာဥ်စက်ကွင်းတွေက တစ်ချိန်ထဲမှာပဲ တောက်ပလာခဲ့ပါပြီ တစ်ကိုယ်လုံးကလဲ မီးတွေအပြည့်နဲ့တောက်လောင်နေခဲ့ရင်း တကယ်မီးလျှံငှက်တစ်ကောင်ပုံစံနဲ့တူညီနေခဲ့ပါတော့တယ်။ စင်ရဲ့တစ်၀က်နီးပါးက သူမရဲ့ မီးလျှံတွေကြောင့် အနီရောင်တောက်ပလို့နေခဲ့ပါပြီ။
ချီဟန်ယွီကလဲ သူ့ရဲ့ဒိုင်းကာကြီးကို ပြန်သိမ်းလိုက်ပါတော့တယ်။ ဒီဒိုင်းကာကိုအသုံးပြုရင်း တိုက်ခိုက်မှုတွေကို မခုခံနိုင်မှန်းသူသိနေခဲ့တယ်။
ခုခံရေး၀ိညာဥ်ဘုရင်ဖြစ်နေတဲ့သူက သူတိုက်ခိုက်ခုခံနိုင်တဲ့အရာကို လုံး၀ထင်မှတ်မမှားပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာကတော့အားကောင်းတဲ့ဒိုင်းကာအဖြစ်ကို ပြောင်းလဲဖို့ခုခံရပါတော့တယ်။ သူ့ရဲ့ဒိုင်းကာကြီးက မာရှောင်ထောင့်တိုက်ခိုက်တော့မဲ့နေရာဆီကို တန်းတန်းမတ်မတ်ရောက်သွားခဲ့ပါပြီ။
ချန်ယွမ်ကတော့ ချီဟန်ယွီရဲ့အနားကို ကပ်သွားခဲ့တော့တယ်။ ချီဟန်ယွီသာ မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်မယ်ဆိုရင် သူလဲအစွမ်းကုန်ပြန်ပြီး တုန့်ပြန်တော့မှာပါ။ ချန်ယွမ်ရဲ့ အမျက်ကလက်ရှိသိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးပြီချိန်မှာ သုံးမီတာကျော်အထိကို မြင့်မားလို့နေပြီဖြစ်ပါတယ်။ မြင့်မားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုက လန့်စရာပါပဲ။ ဒါ့အပြင် သူ့ရဲ့လက်မောင်းအဆုံးသတ်မှာ ကြီးမားတဲ့လက်သည်းငါးခုကလဲ ရှိနေခဲ့ပါတယ်။ အထဲမှာလက်သည်းထုတ်ရင်းနဲ့ သူကအေးအေးဆေးဆေးစောင့်နေခဲ့တာပါ။
ဟန်လင်းအယ်ကတော့ အဝေးနေရာမှာ ဖုံးကွယ်ထားပါတယ်။ သူက အမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ဘုရင်ဖြစ်တာကြောင့် မှန်ကန်တဲ့အချိန်မှာ တိုက်ခိုက်ဖို့ကို စောင့်ဆိုင်းရမှာလဲဖြစ်နေခဲ့တယ်။ ထန်နွီနွီရဲ့ အထောက်အကူပြုစွမ်းရည်ကတော့ ချီဟန်ယွီအပေါ်မှာ ကျရောက်လို့နေခဲ့ပါပြီ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်။ ချီဟန်ယွီရဲ့ခုခံနိုင်စွမ်းကို တိုးမြင့်စေဖို့ပါပဲ။ မာရှောင်ထောင့်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မယ်ဆိုရင် သူတို့တွေပြန်ပြီတိုက်ခိုက်နိုင်မှာပါ။
ရှောင်ဖုန်းကသာ မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုမှာမပါ၀င်တဲ့သူဖြစ်နေခဲ့တယ်။ သူက အမျက်ဒေါသကျောင်းတော်ရဲ့ ရင်ဆိုင်နေဆဲပါပဲ။ သူ့ရဲ့မြေကမ္ဘာမှာလှိုင်းတွေက ပြိုင်ဘက်တွေဆီကို ရောက်လုနီးပါးဖြစ်တဲ့အတွက်သူက ကုကျူးကျန်ကို ပြန်ခေါ်ရတော့မှာပါ။ ကျယ်လောင်တဲ့ပေါက်ကွဲသံက နှစ်ဖက်စလုံးမှာတစ်ပြိုင်နက်ထဲထွက်ပေါ်လာပါတော့တယ်။ မဟာမိုးကြိုးဒိုင်းကာရဲ့ခုခံစစ်က သံသယ၀င်နိုင်ဖွယ်ရာမရှိပါဘူး။ ၀ိညာဥ်ဘုရင်တစ်ယောက်အနေနဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းကလဲရှိသလို သူ့ရဲ့အပေါင်းအဖော်တွေကို ကူညီနိုင်တာကြောင့်သာ ပါ၀င်နိုင်တာပါ။ ဒါပေမယ့် ပြဿနာကတော့ မာရှောင်ထောင့်ရဲ့တိုက်ခိုက်မှုက သူမခုခံနိုင်ခင်အချိန်မှာ ရောက်ရှိလာတာပါပဲ။ မာရှောင်ထောင့်က အရမ်းကိုမြန်မြန်နဲ့ထိုးဆင်းလာခဲ့ပြီ ရှိသမျှလူတွေအားလုံးကို သူတစ်ယောက်ထဲတိုက်ခိုက်ပြစ်မဲ့ပုံပေါ်နေခဲ့ပါတယ်။ အချိန်ကိုက်ရောက်လာသလို အတားအဆီးပျက်သွားတဲ့အချိန်ကို သူကရွေးချယ်ပြီဆင်းသက်လာခဲ့တာပါ။ မာရှောင်ထောင့်က ရောက်ရှိလာချိန်မှာ သူတို့ရဲ့ မပျက်စီးဒိုင်းကာက ပျောက်ကွယ်သွားခါစအချိန်ပဲရှိပါသေးတယ်။ မဖြစ်နိုင်လိုက်တာပဲ အားလုံးရဲ့စိတ်ထဲမှာ ဒီအတွေးကပေါ်လာခဲ့ပါပြီ။ သူမက ရှိရှိသမျှနေရာတွေနဲ့ ပြစ်ချက်တွေအားလုံးကို ဒီအတ်ိုင်မြင်နေရသလိုပါပဲ။ ပိုပြီးအံ့ဩစရာကောင်းတဲ့အရာကတော့ ရှောင်ဖုန်းက သူ့ရဲ့လေးခုမြောက်၀ိညာဥ်စွမ်းရည်ကို သုံးထားချိန်မှာတောင်သူကအရာအားလုံးကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။ မယုံနိုင်စရာကောင်းပေမဲ့ သူက တကယ်ဖြစ်နေတဲ့ကိစ္စပါ။ အရာအားလုံးကို သူ့ခြေသူ့လက်နဲ့ ထိန်းချုပ်နေတဲ့အတိုင်းပါပဲ။ တ၀ုန်း၀ုန်းပေါက်ကွဲသံတွေကြားမှာ တောက်ပတဲ့အနီရောင်မြူခိုတွေက သုန့်လင်းအဖွဲ့ကိုနောက်တစ်ကြိမ်ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။
ဒါပေမယ့် ရှုစန်းရှီရဲ့ မြေအောက်လောကငလျင်လိုမျိုး လှုပ်ခတ်မှုကို မဖန်တီးနိုင်ခဲ့ပါဘူး။
ချီဟန်ယွီရဲ့ ချန်ယွမ်နှစ်ယောက်စလုံးကတော့ အထိအခိုက်ခံရဆုံးပါပဲ။ အနီးစပ်ဆုံးမှာရှိနေခဲ့တဲ့အတွက် သူတို့တစ်ကိုယ်လုံးအပူလှိုင်းတွေတက်လာတာကို ခံစားနေခဲ့မိပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိသမျှစွမ်းအင်တွေအားလုံးက မီးလောင်ခံလိုက်ရတဲ့အတိုင်းခပ်မြန်မြန်ပဲ အဆင့်လျော့သွားခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ ခန္ဓာကိုယ်တွေက တောင့်တင်းသွားပါတော့တယ်။ ကျန်ရစ်တဲ့သူတွေအားလုံးကလဲ ပုံစံတူထိခိုက်ခံလိုက်ရသလို ဒဏ်ရာတွေကတော့ မကြီးမားလှပါဘူး။
မီးလျှံကောင်းကင်လေချွန်သံက လူတွေအများကြီးကို ထိန်းချုပ်နိုင်တဲ့အားကောင်းတဲ့စွမ်းရည်တစ်ခုပါပဲ။ ခုခံတဲ့နေရာမှာရော တိုက်ခိုက်တဲ့နေရာမှာရော အင်မတန်ကောင်းလှပါတယ်။ ဒါကမာရှောင်ထောင့်ရဲ့ လေးခုမြောက်၀ိညာဥ်စွမ်းရည်ပါ။ သူမရဲ့မီးလျှံငှက်သန့်စင်မှုနဲ့ မိုးထိလွှာမီးလျှံငှက်နှစ်ခုကိုအသုံးပြုလိုက်ပြီချိန်မှာတော့ နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်နဲ့ သိပ်မကွာတော့ပါဘူး။ ထန်နွီနွီရဲ့ အထောက်အကူပြုရေးစွမ်းရည်နဲ့ ရှောင်ဖုန်းရဲ့၀င်္ကပါပုလဲနှစ်ခုစလုံးကလဲ သူမရဲ့ တိုက်ခိုက်မှုကိုရင်ဆိုင်ရချိန်မှာ လောင်မြိုက်ပျောက်ကွယ်လို့သွားပါတော့တယ်။
မာရှောင်ထောင့်ရဲ့ တိုက်ခိုက်မှုက တိုးတက်လာတာကြောင့်နောက်ထပ်အပိုပစ္စည်းတွေလဲ သုံးစရာမရှိတော့ပါဘူး။ မာရှောင်ထောင့်က နှာခေါင်းရှုံ့လိုက်ချိန်မှာ သူ့ရဲ့အနက်ရောင်ခြောက်ခုမြောက်၀ိညာဥ်စွမ်းရည်က တောက်ပလာပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ၀ိညာဥ်ပညာရှင်တစ်ရာရှစ်ယောက်ပေါင်းစည်းပြီ ဖန်တီးထားခဲ့တဲ့ အတားအဆီးကြီးက ပြင်းပြင်းထန်ထန် တုန်ခါနေပါပြီ။ ကြောက်စရာကောင်းလောက်အောင် ပူပြင်းတဲ့အနီရောင်မီးလျှံတွေက ဒိုင်းကာရဲ့အထဲမှာဖြစ်ပေါ်လို့နေခဲ့ပါတယ်။ စင်တစ်ခုလုံးရဲ့အပူရှိန်ကလဲ ကြောက်စရာကောင်းလောက်အောင် မြင့်တက်လို့သွားပါပြီ။
မာရှောင်ထောင့်ရဲ့ အသန်မာဆုံးတိုက်ခိုက်ရေးစွမ်းရည်ဖြစ်တဲ့ မီးလျှံဥက္ကာပျံမိုးက စတင်ဖြစ်ပေါ်လာပါတော့တယ်။ မီးလျှံကောင်းကင်လေချွန်သံနဲ့ တိုက်ခိုက်ခံရပြီတဲ့နောက် သုန့်လင်းအဖွဲ့က သူမရဲ့ တိုက်ခိုက်မှုတွေကိုနောက်ထပ် ထပ်ပြီမခုခံနိုင်တော့ပါဘူး။ သူတကယ်ကြီး၀ိညာဥ်ဧကရာဇ်လား ကြည့်ရှုနေသူတွေအားလုံးတွေးလိုက်မိပါတယ်။ သူက ပြိုင်ပွဲမှာပေါ်လာတဲ့ပထမဆုံး၀ိညာဥ်ဧကရာဇ်ပါပဲ။ လူတွေအားလုံးကလဲ နှလုံးတုန်ရင်ခုန်နေကြပါပြီ။ ဒါကသေချာပေါက် အမျက်ဒေါသကျောင်းတော်ရှိသင့်ရှိထိုက်တဲ့ အင်အားတစ်ခုပါ။ ဒီအချိန်မှာပဲ တစ်ဖက်ရဲ့တိုက်ပွဲအခြေအနေကလဲ အဆုံးသတ်ပြီသားဖြစ်သွားခဲ့ပါတယ်။
အပိုင်း ၁၀၃•၂ ပြီး၏။