Switch Mode

103.1

အပြည့်အဝဖိနှိမ့်ထားခြင်း

အပိုင်း ၁၀၃•၁

” အပြည့်အ၀ဖိနှိမ့်ထားခြင်း ”
°°°
သုန့်လင်းအဖွဲ့က ခုခံရေး၀ိညာဥ်ပညာရှင်ဖြစ်တဲ့ ချီဟန်ယွီကလဲ သူ့ရဲ့မဟာမိုးကြိုးဒိုင်းကာကို ထုတ်လွှတ်လိုက်ပါတော့တယ်။ ကြည့်လိုက်ရုံနဲ့တင် ရှုစန်းရှီရဲ့ လိပ်နတ်ဒိုင်းကာနဲ့ အတော်လေးတူညီနေတာပါ။

ဒိုင်းကာရဲ့အပေါ်ပိုင်းက ထောင့်မှန်စတုဂံပုံစံဖြစ်ပြီ အောက်ပိုင်းကတော့ တြိဂံပုံဖြစ်ပါတယ်။ နှစ်မီတာကျော်ရှည်လျားတဲ့ ဒီဒိုင်းကာက တစ်ဒဿမငါးမီတာကျော်ကြီးမားတဲ့ ဒိုင်းကြီးပါပဲ။ ချီဟန်ယွီတောင်မှဒီဒိုင်းကာကို မတင်ဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်ကြီးကို အနည်းငယ်ကွေးပြီအားပြုလိုက်ရပါသေးတယ်။

ဒိုင်းပေါ်လာတာတဲ့ ချီဟန်ယွီရဲ့ပထမဆုံးလှုပ်ရှားမှု ဒိုင်းကာကို မြေပြင်ပေါ်မှာစိုက်ချလိုက်တာပါပဲ။ အဲ့ဒီနောက် သူ့ရဲ့ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပါပြီ။ ပြင်းထန်တဲ့အဖြူရောင်အလင်းတန်းတွေက ချက်ချင်းဆိုသလို ခရမ်းရောင်တောက်ပမှုနဲ့အတူ ထွက်ပေါ်လာပါတော့တယ်။ ဒိုင်းကာကြီးကလဲ အများကြီးကို ကျယ်ပြန့်လို့သွားခဲ့ပါပြီ။ တစ်ဆကနေနှစ်ဆ နှစ်ဆကနေလေးဆ လေးဆကနေရှစ်ဆအထိကိုကြီးမားလို့သွားပါတော့တယ်။ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့တဲ့ ဒိုင်းကာကြီးက ရှိရှိသမျှအရာအားလုံးကို ကာဆီးလိုက်တော့တယ်။ ဒီလိုဒိုင်းကာကြီးကို ရင်ဆိုင်ရတဲ့သူတွေက အဖြူရောင်အလင်းတန်းကြောင့် မျက်စိကျိန်သွားမှာပါ။ ဒါ့အပြင် ရှုစန်းရှီရဲ့ဒိုင်းကာထက်တောင် ပိုသာလွန်မဲ့ခံစားချက်တွေကို ရနေပါသေးတယ်။

ဒါကတော့ ချီဟန်ယွီရဲ့ ပဥ္စမမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မိုးကြိုးဒိုင်းပါပဲ။ ခုခံရေးအမျိုးအစားတွေထဲမှာ အရမ်းကိုခိုင်မာဆုံးဖြစ်နေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ သူတင်မက တခြားလူတွေကလှုပ်ရှားလိုက်ပါပြီ။ ချင်းဖုန်းနဲ့ ထန်နွီနွီတို့လဲ တိုက်ခိိုက်လိုက်ပါတယ်။ ထန်နွီနွီက အတော်ကို ခန္ဓာကိုယ်သေးသေးကွေးကွေးလေးပါ။ သူမရဲ့ခန္ဓာကိုယ်လှုပ်ရှားပြီလိုက်ချိန်မှာကတော့ နားရွက်တွေကပိုကြီးမားလာပါတော့တယ်။ တကယ်တော့ အရမ်းကိုချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ ချွန်ထွက်လို့သွားခဲ့တာပါ။ သူ့ရဲ့ခန္ဓာကိုယ်ကလဲ အနည်းငယ်ပိုပြီးပြည့်ဖောင်းလာပါတော့တယ်။ နှုတ်ခမ်းဖူးဖူးတွေကို စုထားရင် တတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပါပြီ။ အစိမ်းရောင်အလင်းတန်းက သူမရဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီတဲ့နောက် သူ့ရဲ့သိုင်းပညာ၀ိညာဥ်အစွမ်းအစကလဲ ပေါ်လာပါတော့တယ်။ ဒါကတော့၀က်ကိုးဖော်၀က်၀ံပါ။

ချင်းဖုန်းရဲ့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါတယ်။ အ၀ါရင့်ရောင်အလင်းတန်းတွေက သူ့ခြေထောက်ရဲ့အောက်ဖက်ကို ဗဟိုပြုရင်လှည့်ပတ်ပြီတဲ့နောက် စင်တစ်ခုလုံးက ဆက်တိုက်ဆိုသလို ပြင်းပြင်းထန်ထန် တုန်ခါပါတော့တယ်။ အဲ့ဒီနောက် ကြီးမားတဲ့မြေတံတိုင်ကြီးက အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရှိရာနေရာဆီကို လှိုင်းကြီးလို၀င်ရောက်လာခဲ့ပါပြီ။ မဟုတ်သေးပါဘူး ချီဟန်ယွီရဲ့ဒိုင်းကာပေါ်မှာလဲ ဆူးချွန်တွေက ပေါ်လာပါတော့တယ်။ ဒီတံတိုင်ကြီးရဲ့ အကူအညီနဲ့အတူ ချီဟန်ယွီရဲ့ ခုခံစစ်က သံမဏိတံတိုင်ကြီးလိုပါပဲ။

ဟို့ယွိဟောင်နဲ့ တခြားသူတွေက တူညီတဲ့အခြေအနေကို ကြုံတွေ့ပြီသားပါ။ သူတို့အနေနဲ့ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ကို တိုက်ခိုက်ချိန်မှာ သူတို့ပြိုင်ဘက်က ကြံ့ဒိုင်းကာတွေကို အသုံးချရင်း တိုက်ခိုက်ပါတယ်။ ရှန်ချဲ့ကို ဖေ့ယိယန် အဓိကအားပြုလို့ထားခဲ့ပြီ တိုက်ခိုက်တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

အခုအချိန်မှာကတော့ တစ်ဖက်အဖွဲ့က သင်ခန်းစာရသွားပုံပါပဲ။ သူတို့အနေနဲ့ ၀မ်ယန်ရဲ့ဗျူဟာတွေကို သိတာကြောင့် ဒါမျိုးကိုမသုံးခဲ့ပါဘူး။

သုန့်လင်းအဖွဲ့ရဲ့ ခုခံစစ်က သူတို့ပထမရင်ဆိုင်ခဲ့တဲ့ကျောင်းတော်ထက် အများကြီးသာလွန်လို့နေခဲ့ပါတယ်။ အားကောင်းလွန်လှတဲ့ ခုခံစစ်က ဒိုင်လူကြီးကိုတောင် ထိတ်လန့်လို့သွားစေခဲ့တယ်။ သူလဲ ခေါင်းညိတ်ရင်းအသိအမှတ်ပြုနေခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့ခေါင်းညိတ်မှုက ရုတ်တရက်ရပ်တန့်သွားပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ အခြေအနေက ပြောင်းလဲလို့သွားတာကြောင့်ပါ။ အစပိုင်းထဲက အရမ်းကိုခိုင်မာလွန်တဲ့ ဗျူဟာကို ဖန်တီးထားခဲ့တဲ့ သုန့်လင်းအဖွဲ့ရဲ့စိတ်အကြံအစည်ကို ရှင်းလင်းပါတယ်။ သူတို့အနေနဲ့ တိုက်ခိုက်မဲ့အချိန်မှာ အရမ်းကိုအားကောင်းပြီ ပြင်ဆင်ဖို့အတွက် အချိန်တချို့လိုအပ်မဲ့တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားလို့ပါပဲ။ ဒီတိုက်ခိုက်တဲ့စွမ်းရည်ကို အပြည့်အ၀ပြင်ဆင်ပြီးပြီဆိုရင် သူတို့လုပ်မဲ့အရာကိုလုပ်မှာပါ။ ဒီတိုက်ခိုက်တဲ့စွမ်းရည်ကိုတော့ ဘယ်သူမှမသိသေးပါဘူး။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ကတော့ ဗျူဟာကိုပြင်ဆင်ထားပြီးပြီဆိုတာ သိသာနေခဲ့တယ်။

တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ထိပ်တန်းကျောင်းတော်ဖြစ်တဲ့ အမျက်ဒေါသကျောင်းတော်ကို ဘာမှမလုပ်ပဲထိုင်ကြည့်နေမှာလား။ ဒါပေါ့ သေချာပေါက်မဟုတ်နိုင်ပါဘူး။ သူတို့ပြိုင်ဘက်မှာ ဗျူဟာတွေရှိနေသလို သူတို့မှာလဲ ကိုယ်ပိုင်ဗျူဟာရှိပါတယ်။

အမျက်ဒေါသကျောင်းတော်ဘက်မှာကတော့ တစ်စုံတစ်ယောက်က သူတို့ပြိုင်ဘက်တွေအလုပ်များနေချိန်မှာ ၀ိညာဥ်စွမ်းရည်တွေကို ထုတ်သုံးနေခဲ့ပါပြီ။ ဒါက မာရှောင်ထောင့်ရော ထိုက်ယွဲ့ဟန်ရော မဟုတ်ခဲ့သလို လင်းလော့ချန်လဲမဟုတ်ခဲ့ပါဘူး။ အဲ့ဒီအစားရှုစန်းရှီပါ။ တစ်ဖက်ပြိုင်ဘက်က လိပ်ခွံပုံသဏ္ဍာန်ကို ဖန်တီးတည်ဆောက်နေချိန်မှာပဲ မာရှောင်ထောင့်က လှုပ်ရှားတော့လို့အော်ဟစ်လိုက်ပါတယ်။

သူတို့ရဲ့ မူလဗျူဟာက လုံး၀ကိုပြောင်းသွားခဲ့ပါပြီ။ ခုနှစ်ယောက်ထဲမှာ ခြောက်ယောက်က ပြေးထွက်လာရင်း စက်၀ိုင်းပုံသဏ္ဍာန်၀ိုင်းလိုက်ပါတော့တယ်။ ရှုစန်းရှီကတော့ အလယ်တည့်တည့်မှာ ရှိနေခဲ့ပြီ သူ့ရဲ့ လေးခုမြောက်၀ိညာဥ်စက်ကွင်းက ကြောက်စရာကောင်းအောင်တောက်ပလာပါတော့တယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ ဒီအပြောင်းအလဲက သုန့်လင်းအဖွဲ့ထက် တစ်ချက်လေးသာနှေးကွေးသွားခဲ့တာပါ။ ရှုစန်းရှီ ၀ိညာဥ်စက်ကွင်းကို ထုတ်လွှတ်ချိန်မှာကတော့ ပြိုင်ဘက်တွေကလဲ သူတို့ရဲ့ခုခံစစ်ကို အတော်လေးကို တည်ဆောက်ထားပြီသားဖြစ်နေခဲ့တယ်။ ဒါကြောင့်သာ ဒိုင်ကခေါင်းညိတ်လိုက်တာပါပဲ။

ဒီတစ်ကြိမ်မှာကတော့ အခြေအနေက ပြောင်းလဲကာမြေကမ္ဘာအက်ကွဲတော့မလိုဖြစ်သွားပါတော့တယ်။

ရှုစန်းရှီရဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်က ဘာပါလိမ့် ထူးဆန်းမြေအောက်လောကနေရာပြောင်းမှုပါ။ သာမန်ဖြစ်တယ်လို့ထင်ရပေမဲ့ တကယ်တော့ အဖွဲ့လိုက်ပြိုင်ပွဲမှာ ခုခံရေးပညာရှင်တစ်ယောက်အတွက် နတ်ဘုရားလိုစွမ်းရည်ပါပဲ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကလဲ သူတို့အတွက် အထောက်အကူပြုနေပါသေးတယ်။

ဟို့ယွိဟောင်ရှိနေတဲ့အတွက် သူတို့အနေနဲ့ ပစ်မှတ်ကိုရှာမတွေ့မှာစိတ်ပူစရာမလိုပါဘူး။ သူတို့အနေနဲ့ ထောက်လှမ်းဖို့ကလဲ အလုံအလောက်ရှိပါတယ်။ ရှုစန်းရှီအနေနဲ့ မျက်လုံးကိုတောင်မသုံးပဲနဲ့ နေရာပြောင်းရမဲ့လူကိုရှာနိုင်သွားပါပြီ။

ဒါကြောင့် သုန့်လင်းအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ကုကျူးကျန်ကတော့ အရမ်းကိုထိတ်လန့်အံ့ဩစွာနဲ့ပဲ ရှုစန်းရှီနဲ့ နေရာလဲတာခံလိုက်ရပါတော့တယ်။ သူက အမျက်ဒေါသကျောင်းတော်ရဲ့ စက်၀ိုင်းအလှည့်တည့်တည့်မှာရောက်လာခဲ့ပြီ လူခြောက်ယောက်ကသူ့ကို ၀န်းရံထားခဲ့တာပါ။

” သေလိုက်ပါတော့လား ”

ကုကျူးကျန်က မျက်လုံးအပြူးသားနဲ့ အော်ဆဲရုံကလွဲပြီ မတတ်နိုင်တော့ပါဘူး။ ဖြစ်သွားခဲ့တဲ့ကိစ္စကို သူနားလည်သွားပြီချိန်မှာကတော့ စိတ်အခြေအနေအတော်မကောင်းပဲ ဖြစ်သွားပါတော့တယ်။ သူ့ရဲ့လက်နှစ်ဖက်ထဲမှာကတော့ ကြိတ်စုံလိုမျိုးသတ္ထုတွေကို ကိုင်ထားခဲ့တာပါ။ အဲ့ဒီသတ္ထုရဲ့မျက်နှာပြင်မှာ အပေါက်တွေလဲအများကြီးရှိနေခဲ့တယ်။ ဒါ့အပြင် လှပတဲ့ပန်းပွင့်ပုံသဏ္ဍာန်တွေနဲ့ ထွင်းထုထားတာဖြစ်သလို သူကဒူးတစ်ဖက်ထောက်လျက်သားပုံစံနဲ့ ဒီပစ္စည်းတွေကို တပ်ဆင်ဖို့လုပ်နေတာပါပဲ။

” သူငါ့တို့ကိုဘာပေးမလို့လဲ ဘာပဲဖြစ်ဖြစ်ကျေးဇူးပဲ ”

အဲ့ဒီနောက် သူပြောရင်းမိုးကြိုးနဂါးလက်သည်းနဲ့ ကုတ်ချပြစ်ပါတော့တယ်။

ထိုက်ယွဲ့ဟန်ရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ကျားဖြူအလင်းလှိုင်းနဲ့ မာရှောင်ထောင့်ရဲ့ ပထမ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ နတ်မီးငှက်မီးလျှံလှ်ိုင်းတွေအားလုံးက တစ်ချိန်ထဲမှာ ရောက်ရှိလို့သွားပါပြီ။ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်သုံးယောက် တစ်ပြိုင်နက်ထဲ တိုက်ခိုက်ပြီ နှစ်ယောက်ကလဲ ၀ိညာဥ်ဧကရာဇ်တွေဖြစ်နေတာကြောင့် သူတို့ရဲ့ပြိုင်ဘက်က အတော်လေးကို မပြင်မဆင်ဖြစ်သွားခဲ့တာအမှန်ပါ။

ဒါကတော့ ၀မ်ယန်ရဲ့ဗျူဟာပါပဲ အမှန်တကယ်တော့ ဒီဗျူဟာက မိုးထိလွှာကျောင်းတော်အတွက် ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ သူတို့က အဖွဲ့လိုက်တိုက်ပွဲကို မတိုက်ခိုက်ခဲ့ရတာကြောင့် ဒါကိုထုတ်မသုံးခဲ့ပါဘူး။ မဟုတ်ရင် ဒီနည်းလမ်းကိုအသုံးပြုပြီး ယဲ့၀ူချင်းကို သူတို့အနိုင်ယူမိမှာပါ။ ယဲ့၀ူချင်းက အရမ်းကိုအင်အားကြီးပေမဲ့ ရုတ်တရက်မရှင်းမလင်းတဲ့အခြေအနေမျိုးမှာ အဖွဲ့တစ်ဖွဲ့လုံး၀န်းရံတ်ိုက်ခိုက်တာကို ခံရမယ်ဆိုရင် ဘယ်လိုဖြစ်သွားမှာလဲ။

ဒါ့အပြင် တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်သုံးယောက်ကို ထိန်းချုပ်ရေး၀ိညာဥ်ဘုရင်ကပါ အားဖြည့်ပေးထားတာပါ။ လင်းလော့ချန်ရဲ့လက်ထဲမှာရှိတဲ့ တုတ်ချောင်းကလဲ အရှေ့ကိုထွက်သွားပြီ ကုကျူးကျန်ရဲ့ ခြေထောက်တွေအားလုံးက အေးခဲသွားပါတော့တယ်။

ကုကျူးကျန်ရဲ့ လက်ရှိခံစားချက်ကို စာကြောင်းတစ်ကြောင်းနဲ့ဖော်ပြရမယ်ဆိုရင် ဒေါသအရမ်းထွက်ပြီ မကျေနပ်ပဲ သူ့စိတ်ထဲမှာကတော့ ပြိုင်ပွဲတစ်လျှောက်လုံးမှာ သနားစရာအကောင်းဆုံးခေါင်းဆောင်လို့သူကိုယ်သူ တွေးနေခဲ့မိပါတယ်။

ဒါပေမယ့် ကုကျူးကျန်က ထိပ်တန်းဆယ့်ခြောက်အဖွဲ့ထဲကို ရောက်နိုင်သူဖြစ်တာကြောင့် ရင်ဆိုင်ရလွယ်ကူမဲ့သူမဟုတ်ခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့ ၀န်းရံမှုကိုရင်ဆိုင်ရချိန်မှာကတော့ သူ့ရဲ့ရင်ဘတ်ကနေ ရွှေရောင်အလင်းထွက်ပေါ်လာပါတော့တယ်။ ရွှေရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ လင်းလော့ချန် သူ့ခြေထောက်ကိုခဲထားဖို့အသုံးပြုတဲ့ ၀ိညာဥ်စွမ်းရည်ကလဲ စတင်ပြီ စွမ်းအားပြပါတော့တယ်။ ဒါပေမယ့် ကျန်ရစ်တဲ့သူတွေရဲ့ ၀ိညာဥ်စွမ်းရည်တွေကတော့ ရွှေရောင်အလင်းတန်းကြောင့် တားဆီးခံလိုက်ရတယ်။

ဟို့ယွိဟောင်က ခပ်မြန်မြန်အော်လိုက်ပါတယ်။

” မပျက်စီးနိုင်တဲ့အတားအဆီးပဲ ဒီလို၀ိညာဥ်လက်နက်မျိုးက တစ်ခေါက်ပဲသုံးလို့ရတယ်. ”

” သူက၀ိညာဥ်ဘုရင်ပဲ ဒါကြောင့် ဒိုင်းကာကသုံးစက္ကန့်ပဲ ကြာလိမ့်မယ် ”

၀ိညာဥ်လက်နက်တွေက ထူးခြားတဲ့စွမ်းအားရှိတဲ့ လက်နက်တွေပါ။ ဒါပေမယ့် သူတို့ကို တစ်ကြိမ်တစ်ခါပဲသုံးလို့ရတာကတော့ နှမြောစရာပါပဲ။ မပျက်စီးတဲ့ဒိုင်းကာကလဲ ချွင်းချက်မရှိဖြစ်နေခဲ့တယ်။ သုံးစက္ကန့်အတွင်းမှာ ကုကျူးကျန်အနေနဲ့ ထူးဆန်းတဲ့သတ္ထုကို အသုံးချရင်းသူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ပါပြီ။ ငါးခုမြောက်၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာပါတော့တယ်။ သူက ဒီ၀န်းရံမှုကနေဖောက်ထွက်ချင်နေတာပါ။ ရှုစန်းရှီကလဲ နေရာပြောင်းပြီသားဖြစ်နေခဲ့ပါတယ်။ ဗျူဟာတစ်ခုလုံးရဲ့ အနောက်ဖက်မှာ ကုကျူးကျန်က ရောက်နေခဲ့ပေမဲ့ လက်ရှိအချိန်မှာကတော့ ကုကျူးကျန်ရဲ့ လူတွေအားလုံးကသူ့ကိုမျက်နှာချင်ဆိုင်ပြီသားဖြစ်နေခဲ့တယ်။ သူတို့ရဲ့လက်ထဲမှာကလဲ သတ္ထုတွေက အမျိုးမျိုးပါပဲ။ အစောပိုင်းမှာ သူတို့က ကုကျူးကျန်ကို လက်ဆင့်ကမ်းပေးတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ရှုစန်းရှီကိုပေးသလိုဖြစ်နေခဲ့ပါတယ်။ ရှုစန်းရှီက ကုကျူးကျန်လိုမပြင်မဆင်ဖြစ်မနေခဲ့ပါဘူး။ သူ့ရဲ့ထူးဆန်းမြေအောက်လောကနေရာရွေ့ပြောင်းမှုအသုံးပြုပြီးတာနဲ့ နောက်ထပ်၀ိညာဥ်စွမ်းရည်ကိုအသုံးပြုပါတော့တယ်။ ဒါကတော့ မြေအောက်လောကငလျင်ပါ။

ဒိုင်းကာကြီးက မြေပြင်ကိုပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ချိန်မှာပဲ အနက်ရောင်တောက်ပမှုနဲ့အတူ စတုရန်မီတာတစ်ဆယ်ကျော်အထိကို လှိုင်းတွေကဖုံးလွှမ်းသွားပါတော့တယ်။ ဒီဖြစ်စဥ်မှာတ၀ှီး၀ှီးမြည်သံတွေလဲ ပါ၀င်လို့နေခဲ့တယ်။ သုန့်လင်းအဖွဲ့ရဲ့လူတွေအားလုံးက ဒီနေရာမှာရပ်နေခဲ့တာကြောင့် မြေငလျင်ရဲ့ဒဏ်ကိုအားလုံးလဲခံစားရပါပြီ။ သူတို့အားလုံးအတွက်တော့ ရုတ်တရက်တိုက်ခိုက်မှုမျိုးဖြစ်နေခဲ့သလို မပြင်ဆင်ထားတဲ့အတွက် သတိလက်လွှတ်လဲဖြစ်သွားခဲ့ပါတယ်။

ရှုစန်းရှိီ အံကြိတ်လိုက်ချိန်မှာတော့ အနက်ရောင်အလင်းတန်းတောက်ပမှုကလဲ ပေါ်လာခဲ့ပါတယ်။ ထူးဆန်းမြေအောက်လောကနေရာရွေ့မှုပေါ်လာချိန်မှာတော့ တစ်ကိုယ်လုံးမီးလျှံတွေအပြည့်နဲ့ မာရှောင်ထောင့်က သူ့နေရာကို ရောက်သွားပါတော့တယ်။ သူက သုန့်လင်းအဖွဲ့ရဲ့ အလယ်တည့်တည့်ကို ရောက်သွားခဲ့တာပါ။

ဒီလိုအပြောင်းအလဲတွေက တကယ်ကိုတောက်ပပြီ ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးက ရှင်းရှင်းလင်းလင်းကြည့်နေရတဲ့အပြင်လူတွေအတွက်သာ ကြည့်လို့ကောင်းမှာပါ။ တကယ်ခံနေရတဲ့သူတွေအတွက်တော့ မသက်သာလှပါဘူး။ ပြီးပြည့်စုံဖိနှိမ့်မှုမျိုးက ကျေနပ်အားရဖွယ်ကောင်းလွန်လှပါတယ်။

လက်ရှိအချိန်မှာ သုန့်လင်းအဖွဲ့ကတော့ လုံး၀ကိုအရေးနှိမ့်နေခဲ့ပါပြီ။ စွမ်းအားကြောင့်သာမဟုတ်ပဲ ဗျူဟာကအကန့်အသတ်ရှိနေခဲ့လို့ပါ။

အမျက်ဒေါသကျောင်းတော်ရဲ့ ဒီဗျူဟာက ပထမဆုံးအကြိမ် အသုံးချမှုမှာသာအောင်မြင်နိိုင်ပါတယ်။ သုန့်လင်းအဖွဲ့အစောကြီးတုန်းက ဘာလုပ်ဖို့ကြိုးစားနေလဲသူတို့မသိပေမဲ့ အတော်လေးကို အင်အားကြီးမဲ့အရာပါ။ သူတို့ရဲ့အစောပိုင်းအစီအစဥ်က အမျက်ဒေါသကျောင်းတော်ကို သူတို့ရဲ့ခုခံစစ်အသုံးပြုရင်း ဖုံးကွယ်ထားဖို့ပါပဲ။ ထိပ်တန်းခုခံမှုစွမ်းရည်နဲ့ သူတို့၀ိညာဥ်ဘုရင်ငါးယောက် ပေါင်းစည်းလိုက်မယ်ဆိုရင် ထူးဆန်းတဲ့သတ္ထုပစ္စည်းကို တပ်ဆင်ပြီမြောက်ခဲ့လို့ကတော့ သူတို့အနေနဲ့ ဒီပြိုင်ပွဲကိုအနိုင်ရမှာ အမှန်ပါပဲ။

အပိုင်း ၁၀၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset