Switch Mode

Chapter – 102.2

သုန့်လင်းနိုင်ငံတော်အဖွဲ့

အပိုင်း ၁၀၂•၂ uni

” သုန့်လင်းနိုင်ငံတော်အဖွဲ့ ”
°°°
ဟို့ယွိဟောင်က ရယ်မောရင်းပြောလိုက်ပါတယ်။

” ဘာမှမဟုတ်ပါဘူး တစ်ယောက်နဲ့တစ်ယောက်ပြေးတမ်းလိုက်တမ်းလုပ်နေတာပါ ”

” မင်းကမှ အဲ့ဒီလိုကောင် ”

၀မ်သုန့်က ဒေါသတကြီးနဲ့ ပြောပါတော့တယ်။ သူက ဟို့ယွိဟောင်နောက်ကို လိုက်ဖမ်းနေခဲ့ပေမဲ့ ဟို့ယွိဟောင်က ဒီတစ်ကြိမ်မှာထွက်မပြေးခဲ့ပါဘူး။ သူဖမ်းမိတာနဲ့ ချက်ချင်းဆိုသလို မျက်နှာသေကြီးနဲ့ ပြောပါတော့တယ်။

” ကစားနေတာရပ်လိုက် ငါတို့တွေကမကြာခင်ပြိုင်ပွဲမှာ ပြိုင်ရတော့မှာ…ကိုယ့်ကိုကိုယ်တည်ငြိမ်အောင်ထားပြီ အေးအေးဆေးဆေးနေတာက အကောင်းဆုံးအခြေအနေ​ရအောင်ကူညီပေးလိမ့်မယ် ”

” မင်းဒီလိုလှည့်ကွက်မျိုး နောက်တစ်ကြိမ်သုံးပြန်ပြီ ”

၀မ်သုန့်က သူ့နားကိုလက်နှစ်ဖက်နဲ့ပိတ်ထားရင်း ဟို့ယွိဟောင်ကို အော်ဟစ်ပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ ဒီတစ်ကြိမ်မှာ အခန်းထဲမှာဘယ်သူမှမရှိတော့ပါဘူး။ သူတို့တွေအားလုံးက တည်ခိုဆောင်အပြင်ကို ထွက်သွားပြီ စုဝေးနေကြပါပြီ။ ဟို့ယွိဟောင်ကတော့ ဒီလိုမျိုးအခွင့်ကောင်းကို ကောင်းကောင်းအသုံးချတာလဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့ တိုက်ဆိုင်မှုတွေက ပိုများနေခဲ့တယ်။ သူတို့တွေလှေကားထစ်တွေဆီ ရောက်ချိန်မှာတော့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလဲ အခန်းအပြင်ကိုထွက်သွားလာတာနဲ့ တိုးသွားခဲ့ပါတယ်။ နှစ်ဖက်စလုံးက တူညီတဲ့လှေကားမှာဆင်းကြရတာပါ။

ဒီနေ့မှာတော့ အကြီးအကဲမာတစ်ယောက်ထဲတင် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ဦးဆောင်လာတာမဟုတ်ပါဘူး။ သူက ၀မ်ယန်ကိုပြုံးပြရင်းခေါင်းညိတ်လိုက်ပါတော့တယ်။ ၀မ်ယန်ကတော့ ထုံတမ်းစဥ်လာအတိုင်းပဲ ပြန်ပြီးနှုတ်ဆက်လိုက်တယ်။ ဒါပေမယ့် နှစ်ဖက်ကျောင်းတော်ရဲ့ ကျောင်းသားတွေကတော့ တစ်ဖက်နဲ့တစ်ဖက်သိပ်ပြီ မကြည်ကြပါဘူး။

ရှောင်ဟုန်ချန်က ဟို့ယွိဟောင်ကို ချက်ချင်းဆိုသလို သတိထားမိသွားပါတော့တယ်။ ဒါကြောင့် အောင်နိုင်တဲ့သူတစ်ယောက်လိုမျိုး တောက်တောက်ပပကြီးပြုံးပြရင်းနဲ့ ပြောတော့တယ်။

” အမွှာသိုင်းပညာ၀ိညာဥ်တဲ့လား မင်းတကယ်ထူးချွန်တာပဲ ”

၀မ်သုန့်နဲ့ ဟို့ယွိဟောင်နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ခဏခဏရန်ဖြစ်ကြပေမဲ့ ၀မ်သုန့်က ဟို့ယွိဟောင်ရှေ့မှာ ပိတ်ရပ်ရင်း စတင်ပြီတော့ ပြောပါတော့တယ်။

” ဦးလေး ဦးလေးကဘယ်သူလဲ ”

” ဦးလေး ဦးလေးတဲ့လား ”

ရှောင်ဟုန်ချန်က မျက်လုံးအပြူးသားနဲ့ ၀မ်သုန့်ကိုကြည့်နေပါတော့တယ်။ ဒါကြောင့် သူ့ကိုယ်သူလက်ညိုးပြန်ထိုးရင်းနဲ့ မေးလိုက်တယ်။

” မင်းငါ့ကိုပြောတာလား ”

၀မ်သုန့်ကတော့ အရမ်းကိုအပြစ်ကင်းစင်ပြီ ဘာကိုမှနားမလည်တဲ့အတိုင်း ပြောလာခဲ့ပါတယ်။

” ဒါပေါ့ ဦးလေးရဲ့ ”

ရှောင်ဟုန်ချန်က အသက်ဆယ်ငါးနှစ်တောင်မရှိသေးပါဘူး။ သူကပုံမှန်အချိန်မှာ အရမ်းကိုမောက်မာတဲ့သူဖြစ်ပေမဲ့ အဲ့ဒီလောက်ကြီးအသက်မကြီးသေးတဲ့သူလဲ ဖြစ်နေခဲ့ပါတယ်။ သူ့နှုတ်ခမ်းအပေါ်မှာရှိနေခဲ့တဲ့ နှုတ်ခမ်းမွှေးခပ်ရေးရေးက ငယ်ရွယ်မှုရဲ့သင်္ကေတပါပဲ။ လက်ရှိအချိန်မှာကတော့ ၀မ်သုန့်က ဒါကိုအသုံးချရင်းသက်လတ်ပိုင်အရွယ်ကို ဦးလေးကြီးဖြစ်အောင် ပြောနေပါပြီ။

” ငါကအဲ့ဒီလောက် အိုမင်းနေလို့လား ”

ရှောင်ဟုန်ချန်က ၀မ်သုန့်ကိုမျက်လုံးပြူးကြီးနဲ့ ကြည့်ရင်းမေးပါတော့တယ်။

၀မ်သုန့်ကတော့ အရမ်းကိုအလေးအနက်နဲ့ ခေါင်းညိတ်ရင်း ပြောလာတော့တယ်။

” အဲ့ဒီလောက်ကြီးတော့ အိုတဲ့ပုံမပေါ်သေးပါဘူး… သေချာပေါက် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကဆရာပဲဖြစ်ရမယ်ဟုတ်တယ်ဟုတ် ဦးလေး ”

” ငါ့ကိုဦးလေးလို့ခေါ်နေတာ ရပ်လိုက်စမ်း ”

ရှောင်ဟုန်ချန်ကတော့ သူရူးတော့မလိုခံစားနေခဲ့ရပါတယ်။ ပုံမှန်အချိန်မှာ သူက သူ့ကိုယ်သူအမြဲတမ်းအမွှန်းတင်ပြီ ဂုဏ်ယူနေတတ်တဲ့သူပါ။ ဒါကြောင့် သူ့ရဲ့ညီမမုန့်ဟုန်ချန်ကလွဲပြီ ကျန်တဲ့ဘယ်သူကမှသူ့ကိုကူညီချင်စိတ်လဲမရှိကြပါဘူး။ အဲ့ဒီအစား ရယ်သာရယ်ချင်နေကြပါတယ်။

မုန့်ဟုန်ချန်ကတော့ စိတ်လှုပ်ရှားလာတဲ့ပုံစံနဲ့ ပြောပါတော့တယ်။

” ကောင်လေး သေချာကြည့်ငါရဲ့အစ်ကိုက အသက်ဆယ်လေးနှစ်ပဲရှိသေးတယ်…အသက်ဆယ်ငါးနှစ်တောင်မရောက်သေးဘူး…သူကဦးလေးမဟုတ်ဘူး ”

၀မ်သုန့်က မုန့်ဟုန်ချန်ကိုလှည့်ကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့အကြည့်က ရုတ်တရက်ပြောင်းလဲလို့သွားပါတော့တယ်။ ဒီအကြည့်က သုံးဆယ်ရာခိုင်းနှုန်းချစ်မြတ်နိုးမှု သုံးဆယ်ရာခိုင်းနှုန်းစိတ်တွယ်ညှိမှု သံယောဇဥ်ရှိမှုနဲ့ ဆယ်ရာခိုင်းနှုန်းတမ်းတမှုတွေပါ၀င်လို့နေခဲ့တယ်။

” မမကြီး မမကြီးကတကယ်ကို ရှားမှရှားတဲ့အလှပဂေးပဲ ”

ဒါကိုကြားချိန်မှာ မုန့်ဟုန်ချန်လဲ မျက်လုံးပြူးသွားပါတော့တယ်။ ဒီနေရာမှာသိထားလိုတဲ့အချက်တစ်ချက်ကတော့ ၀မ်သုန့်ကျောင်းတော်ထဲမှာ ပထမဆုံး၀င်၀င်ချင်အချိန်မှာတင် သူ့ကိုသဘောကျတဲ့မိန်းကလေးတွေမနည်းဘူးဆိုတာပါပဲ။ သူအတန်းထဲမှာတော့ သူ့ကိုသဘောကျတဲ့သူတွေအများကြီးရှိကြပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ပန်းရောင်နဲ့အပြာရောင်ရောစပ်ထားတဲ့ မျက်လုံး၀ိုင်း၀ိုင်းတွေအပြင် သူ့ရဲ့ဆံပင်တိုတိုတွေက နဖူးအထိဖုံးအုပ်လို့ထားပါတယ်။ နို့နစ်ရောင်လိုဖြူဖွေးပြီကြယ်လင်တောက်ပနေတဲ့အသားအရေးနဲ့ ပန်းရောင်တောက်နေတဲ့မျက်နှာက မိန်းကလေးတွေအတွက်တော့ ပျိုတိုင်ကြိုက်တဲ့နှင်းဆီခိုင်လိုပါပဲ။

မုန့်ဟုန်ချန်က ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ထက် အနည်းငယ်အသက်ကြီးပေမဲ့ တကယ်တော့တစ်နှစ်သာကြီးသေးတာပါ။ သူနဲ့အရပ်အတူတူလောက်ရှိတဲ့ဒီလူငယ်လေးက အရမ်းကိုဆွဲဆောင်မှုရှိလွန်နေပါတယ်။ မုန့်ဟုန်ချန်ရဲ့မျက်နှာက နီရဲလို့သွားပြီ သူပြန်ချီးမွမ်းတော့တယ်။

” မင်းလဲအရမ်းချောတာပဲ ”

၀မ်သုန့်က ပြုံးပြရင်ပြောလိုက်ပါတယ်။

” ဒိီတော့ အဲ့ဒီဦးလေးက မမရဲ့အစ်ကိုကြီးပေါ့ တကယ်အမေတစ်ယောက်ထဲကမွေးတဲ့အစ်ကိုဟုတ်လို့လား ဘာကြောင့်ဒီလောက်မတူရတာလဲ မိဘတွေတူပေမဲ့ ဒီလိုမျိုးရုပ်ရည်ကွာခြားချက်က ကြီးမားလိုက်တာ ”

” ကောင်စုတ်လေး မင်းအရိုက်ခံချင်နေပြီလား ”

ရှောင်ဟုန်ချန်က နောက်ထပ်သည်းမခံနိုင်တော့ပါဘူး။ ၀မ်သုန့်က သူ့ကိုအိုတယ်လို့ပြောရုံတင်မကပဲ ရုပ်ဆိုးတယ်လို့တောင် သွယ်၀ိုက်ပြီတိုက်ခိုက်နေခဲ့ပါပြီ။ ဒါကိုသူနောက်ထပ် မတောင့်ခံနိုင်တော့ပါဘူး။

” အစ်ကိုကြီး ဘာကြောင့်ဒီလောက်ဒေါသထွက်နေရတာလဲ ”

မုန့်ဟုန်ချန်က ၀မ်သုန့်ကိုကြည့်ရင်း သူ့အစ်ကိုကိုယ်အတင်ဆွဲခေါ်သွားပါတော့တယ်။

“:ငါညီမတကယ်ကြီးလား ”

ရှောင်ဟုန်ချန်ကတော့ သူညီမသူကြည့်ရင်း အံ့ဩနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ၀မ်သုန့်ကတော့ သူ့ကိုမျက်စတစ်ချက်ပြစ်လိုက်ရင်း ဟို့ယွိဟောင်နဲ့အတူ တည်ခိုဆောင်ထဲကနေ ခပ်မြန်မြန်ထွက်သွားပါတော့တယ်။ သူပြေးသွားရင်းနဲ့ မုန့်ဟုန်ချန်ကိုလဲ လက်ဝှေ့ရမ်းပြီနှုတ်ဆက်လိုက်ပါသေးတယ်။

” ၀မ်သုန့် မင်းတော်တော်တော်နေတာပဲ ”

ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။

” မင်းဒီလောက်တောင်မှ မိန်းကလေးတွေကို ကောင်းကောင်းမြူဆွယ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး ”

” မင်းသိမှာမဟုတ်ပေမဲ့ ငါ့ကိုသဘောကျနေတဲ့ ကောင်မလေးတွေမှ အများကြီးပဲ ကောင်မလေးတွေကိုလိုက်ဖို့ဆိုတာက သိပ်ပြီမခက်ပါဘူး..ဒါပေမယ့် နှမြောစရာကောင်းတာက ”

” ဘာများနှမြောစရာရှိသေးလို့လဲ ”

ဟို့ယွိဟောင်က မေးလိုက်ပါတယ်။ ၀မ်သုန့်ကတော့ သူ့ကိုစိုက်ကြည့်ရင်း အေးအေးဆေးဆေးသာလျှော့ချသွားခဲ့တယ်။

” ဘာမှမဟုတ်ဘူး..ဟို့ယွိဟောင် မိန်းကလေးတွေကိုလိုက်တဲ့နေရာမှာ အဆင့်အမြင့်ဆုံးအစွမ်းအစကဘာလဲဆိုတာ မင်းသိလား ”

ဟို့ယွိဟောင်ကတော့ ခေါင်းသာခါနေခဲ့ပါတယ်။

” သူတို့ဘာသာသူတို့လာလိုက်ဖို့ပဲလေ ”

ပေ့ပေ့က အရှေ့ဆုံးမှာရပ်နေခဲ့တာပါ။ ဒါပေမယ့် သူတို့နောက်မှာရှိနေတဲ့လှုပ်ရှားမှုတွေအားလုံးကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့် စိတ်မထိန်းနိုင်ပဲရယ်မောလိုက်ရင်း ခေါင်းသာခါလိုက်တော့တယ်။

” ဒီကလေးတွေကတော့ တကယ်တက်ကြွကြတာပဲ ”

ရှုစန်းရှီကတော့ သူ့ဘေးနားမှာကပ်လာရင်းပြောလာခဲ့ပါတယ်။

” ၀မ်သုန့်က အရမ်းတော်တယ်လို့ ငါထင်တယ်…ကြည့်ရတာ ငါတောင်သူ့ဆီက သွားသင်သင့်တယ် ”

ပေ့ပေ့က သူ့ကိုစိတ်ပျက်လက်ပျက်ကြည့်ရင်း ဖြေလိုက်ပါတယ်။

” ဒီလိုပေါက်ကရတွေ မင်းသင်ချင်သေးလို့လဲ မင်းကမိန်းကလေးတွေကို ပိုးပန်တယ်ဆိုတာသူ့ရုပ်ရည်လေးကို အခြေခံပြီလုပ်နေတာ မင်းမှာသူ့လိုရုပ်မျိုးရှိလို့လား ငါ့ရဲ့တစ်၀က်လောက်ချောမောခန့်ညားမယ်ဆိုရင်တောင် မင်းမှာဒီလိုအခြေအနေရောက်နိုင်မှာမဟုတ်ဘူး ”

” မင်းကမှ ပေါက်ကရအပြောနိုင်ဆုံးကောင် ”

ရှုစန်းရှိီက တုန့်ပြန်ပါတော့တယ်။

“‘ ငါကမိန်းကလေးတွေကို လိုက်ပြီမပိုးပန်နိုင်ဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ အားရိုးငါတင်ပါးကို ကန်လိုက်တာဘယ်သူလဲ”

သူလှည့်ကြည့်လိုက်ချိန်မှာပဲ ကျန်းနန်နန်ရဲ့ဒေါသထွက်နေတဲ့ အကြည့်ကို သူချက်ချင်းမြင်လိုက်ရပါတယ်။ ဒါကြောင့် လိမ်လိမ်မာလေး ပြန်ဖြစ်သွားပြီ သူ့ကိုယ်သူရိုက်လိုက်ရင်း သူမကို နှစ်သိမ့်ဖို့လုပ်တော့တယ်။

” မပြောတော့ဘူး မပြောတော့ဘူး ဘယ်သူကိုမှမပြောတော့ဘူး ဟုတ်တယ်ဟုတ် ”

ကျန်းနန်နန်က သူ့ကိုပြန်ပြီလျစ်လျုရှုသွားပါတော့တယ်။ အဲ့ဒီနောက် ခြေလှမ်းကိုမြန်မြန်လှမ်းရင် သူ့ကိုကျော်တက်လို့သွားခဲ့ပါပြီ။ အခုအချိန်မှာ အခြေအနေကတော့ အတော်ကိုထူးဆန်းလို့နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့သားတွေအားလုံးက အရှေ့မှာရောက်နေခဲ့တာပါ။ သူတို့အနောက်ဖက်မှာကတော့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရှိနေခဲ့ပါတယ်။ ချန်ပီယံဖြစ်မဲ့သူတော်တော်များများနဲ့ သူ့တို့နောက်မှာရှိတဲ့သူတွေက ကြယ်တာရာလော့ရင်ပြင်ကျယ်ထဲကို ရောက်ရှိလို့နေခဲ့ပါပြီ။

ကြယ်တာရာလော့နိုင်ငံတော်က နောက်ထပ်ကြည့်ရှု့သူတွေပိုများများ၀င်ရောက်နိုင်အောင် ခွင့်ပြုပေးလိုက်တာကြောင့် လက်ရှိအချိန်မှာလူတွေက ပိုပြီးများနေခဲ့ပါတယ်။ အရမ်းကိုလူကြပ်နေခဲ့ပြီ ခေါင်းတွေကတစ်လုံးအပေါ်တစ်လုံးထပ်နေကြရင်း လူပင်လယ်ကြီးဖြစ်နေပါတော့တယ်။

ပြိုင်ပွဲအတွက်အနားယူတဲ့နယ်မြေကတော့ အတော်လေးကို ဗလာဟင်းလင်းဖြစ်လို့နေခဲ့ပါတယ်။ အဖွဲ့တော်တော်များများက ထုတ်ပယ်ခံလိုက်ရပါပြီ။ လက်ရှိအချိန် အဖွဲ့ဆယ့်ခြောက်ဖွဲ့သာ ကျန်နေခဲ့ပါတော့တယ်။ ဒီနေ့မှာတော့ ပြိုင်ပွဲလေးပွဲကျင်းပမှာပါ။ မနက်ဖြန်မှာတော့ ပြိုင်ပွဲလေးပွဲကျင်းပပါလိမ့်မယ်။ အဲ့ဒီနောက် တူညီတဲ့ပြိုင်ဘက်ကို နှစ်ရက်တိုက်ခိုက်ရမှာပါ။ ပြိုင်ပွဲလေးပွဲလုံးပြီးဆုံးသွားပြီတဲ့နောက်မှာကတော့ ဆယ့်ခြောက်ကျော့ကလဲ အဆုံးသတ်လို့သွားပါလိမ့်မယ်။ နောက်ဆုံးရှစ်ဖွဲ့အထိဆုံးဖြတ်ပြီမှသာ ပြိုင်ပွဲကအဆုံးသတ်သွားမှာပါ။ ပြိုင်ပွဲစင်မြင့်တစ်ခုချင်းဆီတိုင်းမှာ အနားယူရဲ့တစ်ရက်က ရှိပါလိမ့်မယ်။ အဲ့ဒီနောက်မှသာ ပြိုင်ပွဲကဆက်ပြီကျင်းပမှာပါ။

အမျက်ဒေါသကျောင်းတော်နဲ့ နေလနိုင်ငံတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်နှစ်ခုက ဒီနေ့လေးဖွဲ့မှာ ပါ၀င်နေခဲ့ပါတယ်။ ဒါပေမယ့် နေလနိုင်ငံတော်၀ိညာဥ်လက်နက်ကျောင်းတော်ရဲ့ပြိုင်ပွဲကတော့ နေ့လည်မှာဖြစ်ပြီ သူတို့အနေနဲ့ မနက်ပိုင်းလာစရာမလိုပါဘူး။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ကနေ သုန့်လင်းကျောင်းတော်ရဲ့၀ိညာဥ်ဘုရင်ငါးယောက်ကိုဘယ်လိုတိုက်ခိုက်မလဲဆိုတာ ကြည့်ချင်တဲ့အတွက် လာရောက်ကြပါတယ်။

အနားယူတဲ့နယ်မြေမှာ ထိုင်နေတဲ့ကာလတစ်လျှောက်လုံး ၀မ်သုန့်က ရှောင်ဟုန်ချန်နဲ့ သူ့ညီမကို ဆက်တိုက်​ပြုံးပြဖို့လဲမမေ့ခဲ့ပါဘူး။ ရှောင်ဟုန်ချန်ကတော့ သူ့ကိုလာစိန်ခေါ်နေသလို အမြဲတမ်းခံစားနေခဲ့ပါတယ်။ ဒါပေမယ့် မုန့်ဟုန်ချန်အတွက်တော့ ၀မ်သုန့်ရဲ့လှပပြီတောက်ပတဲ့အပြုံးတွေက သူမနှလုံးခုန်သံတွေကိုတောင် ပိုမြန်လာစေခဲ့တယ်။

ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့လက်မောင်းကိုသွားပြီတွန်းလိုက်ရင်း ပြောပါတယ်။

” သွားပြီကစားမနေနဲ့တော့အလွန်အကျွံမလုပ်မိအောင်သတိထား ”

၀မ်သုန့်က ပြောလိုက်ပါတယ်။

” ဘာလဲမနာလိုနေတာလား အဲ့ဒီကောင်မလေးကို စိတ်၀င်စားလို့လား ”

ဟို့ယွိဟောင်က ခပ်တိုးတိုးပြန်ဖြေပါတယ်။

” အဲ့ဒီလိုမကောင်းတဲ့အတွေးတွေ မင်းတွေးနေတာမရပ်နိုင်တော့ဘူးလား ”

၀မ်သုန့်က ရယ်မောရင်းပြောလာခဲ့ပါတယ်။

” ဘယ်သူကများမကောင်းတဲ့အတွေးတွေးနေတာလဲ ငါမင်းကိုဂရုမစိုက်တော့ဘူး…တိုက်ခိုက်ဖို့အသင့်ပြင်ရတော့မယ် ”

ထုတ်ပယ်တဲ့အချီက နှစ်ရက်အတွင်းကျင်းပမှာပါ ဒီနေ့ကတော့ အဖွဲ့လိုက်ပြိုင်ပွဲဖြစ်ပါတယ်..အဖွဲ့ရဲ့အနိုင်ရရှိသူက အကြိုဗိုလ်လုပွဲအုပ်စုလိုက်ပြိုင်ပွဲဆီကို တက်ရောက်နိုင်ပြီလို့ဆိုလိုတာပါပဲ ဒါ့အပြင် တစ်ယောက်ချင်းဆီထုတ်ပယ်မှုပြိုင်ပွဲက နောက်တစ်ရက်မှာကျင်းပမှာဖြစ်ပါတယ်။

၀မ်ယန်က အလေးအနက်နဲ့အားလုံးအရှေ့မှာရပ်လိုက်ပါတယ်။

” ငါတို့ရဲ့ဗျူဟာအရဆိုရင် သုန့်လင်းတော်၀င်၀ိညာဥ်ကျောင်းတော်က သေချာပေါက် ဒီလိုမျိုးပထမနေရာကို ဆုံးရှုံးရတဲ့အကြောင်းအရင်း ရှိလိမ့်မယ်…ဒါ့မှမဟုတ်ရင် သူတို့မှာအထူးပြင်ဆင်ထားတာတွေရှိလိမ့်မယ်..ဒါကြောင့် ဒီအချီက နှစ်ဖက်စလုံးအတွက် အ​ရေးကြီးပါတယ်…ဘယ်လိုအခွင့်အရေးမျိုးမှ သူတို့ကိုပေးလို့မဖြစ်ဘူး ”

အဲ့ဒီနောက် မာရှောင်ထောင့်ရဲ့သိပ်အဆင်မပြေတဲ့အကြည့်ကို မြင်ချိန်မှာ ၀မ်ယန်က ခပ်တိုးတိုးပြောလိုက်ပါတယ်။

” ငါတို့တွေသေခြင်းတရားရဲ့တမန်တော်လက်ထဲကနေ သတိလက်လွှတ်နေခဲ့မိလို့ ဘယ်လိုဖြစ်သွားလဲဆိုတာ မမေ့ကြနဲ့ ဒီနှစ်တွေမှာ အမျက်ဒေါသကျောင်းတော်က အမြဲတမ်းချန်ပီယံဖြစ်လာခဲ့တယ်….ဒါပေမယ့် ဒီလိုဖြစ်လာတာနဲ့တစ်ပြိုင်နက်ထဲလူတိုင်ကလဲ ငါတို့ကိုပစ်မှတ်ထားနေကြတယ်…ကျောင်းတော်တွေအားလုံးနီးပါးက ငါတို့ကိုအများကြီးလေ့လာပြီးပြီ ၀ိညာဥ်လက်နက်တွေကလဲ တိုးတက်လာသလိုဗျူဟာတွေကလဲ ပိုပိုပြီးများတယ်…ငါတို့ပြိုင်ဘက်တွေကို အထင်မသေးလိုက်နဲ့ ငါ့ရဲ့ဗျူဟာကို မလုပ်ချင်တဲ့ဘယ်သူမဆို နောက်တစ်ချီမှာပြိုင်ဖို့မေ့ထားလိုက် ”

သူတို့ရဲ့အဓိကအဖွဲ့သားတွေ သေခြင်းတရားရဲ့တမန်တော်လက်ထဲမှာ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားထိခိုက်ခံရလဲဆိုတာကိုပြန်မှတ်မိပြီတဲ့နောက် အားလုံးရဲ့နှလုံးသားက အေးစက်လို့သွားပါတော့တယ်။ မာရှောင်ထော့င်ကလဲ ၀မ်ယန်ကိုလှမ်းကြည့်နေခဲ့ပါပြီ။ သူမနည်းနည်းလေးတော့ မကျေနပ်သေးပေမဲ့အရင်ကထက်ပိုပြီး နူးညံ့လို့လာခဲ့ပါတယ်။ ပြိုင်ပွဲက အဆုံးသတ်တော့မှာဖြစ်တာကြောင့် အ​ခြေအနေတွေကလဲ ပိုပြီးပြင်းထန်လာပါတော့တယ်။ ဒါကထုတ်ပယ်မဲ့ပြိုင်ပွဲပါ။ ဒါ့အပြင် ထုတ်ပယ်မှုဆယ်ခြောက်ခုရဲ့ အချီပါပဲ။ အကယ်၍ ရှုံးနှိမ့်မယ်ဆိုရင် သေချာပေါက် ပြိုင်ပွဲကနေ ထွက်ခွာရတော့မှာပါ။ တစ်ပွဲမှာနိုင်တိုင်အဆင့်တစ်ဆင့်ဆီမြင့်သွားလိမ့်မယ်။ ကျောင်းတော်တွေအားလုံးကလဲ အစွမ်းကုန်တိုက်ခိုက်ကြမှာအမှန်ပါ။

ပြိုင်ပွဲကိုပိုပြီးကြည့်လေလေ ကြည့်နေသူတွေပိုသဘောကျလေပါပဲ။ အပြင်းအထန်ဆုံးပြိုင်ပွဲကြီးက စတင်ပါတော့မယ်။ သူတို့တွေဘယ်လိုလုပ်မကြည့်ချင်ပဲ နေတော့မှာလဲ။ ဒါကြောင့်သာ လူတွေပိုများနေတာဖြစ်ပါတယ်။

များပြားလှတဲ့အဆက်အသွယ်နဲ့ မတူညီတဲ့နေရာတွေအားလုံးကိုအသုံးပြုရင်း ဒီစိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတွေကိုကြည့်ချင်နေကြပါတယ်။ အထူးသဖြင့် အမျက်ဒေါသကျောင်းတော်ကမနက်ပိုင်မှာယှဥ်ပြိုင်တာကြောင့်ပါ။ သူတို့ပြိုင်ဘက်တွေကလဲ အုပ်စုပြိုင်ပွဲမှာ ဒုတိယနေရာကို ရယူထားနိုင်ပါတယ်။ ဒီလိုဆွဲဆောင်မှုက ပုံမှန်ထက်ကိုပိုကြီးမားလို့နေခဲ့တယ်။

” ဆယ့်ခြောက်ချီမြောက်က အကြိုဗိုလ်လုပွဲပွဲစဥ်အတွက် အရည်အချင်းသတ်မှတ်ချက်ကို စတင်တော့မှာပါ ပထမပြိုင်ပွဲက အမျက်ဒေါသကျောင်းတော်နဲ့ သုန့်လင်းတော်၀င်၀ိညာဥ်ကျောင်းတော်ကြားကပြိုင်ပွဲဖြစ်ပါလိမ့်မယ်..ယှဥ်ပြိုင်မဲ့အဖွဲ့၀င်တို့ ပြင်ဆင်ထားကြပါ ”

အပိုင်း ၁၀၂•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset