အပိုင်း ၁၀၂•၁
” သုန့်လင်းနိုင်ငံတော်အဖွဲ့ ”
°`°
ခေါင်းကြီးကြီးနဲ့လူက ခေါင်းခါလိုက်ပါတယ်။
” မဖြစ်ဘူး ငါတို့လုပ်လို့မရဘူး ကြယ်အလင်းလေလံအိမ်က ကြယ်တာရာလော့နိုင်ငံတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတယ်…ဒါ့အပြင် သေချာပေါက် ထိပ်တန်းအဆင့်လေလံပွဲဖြစ်နေတာကြောင့် နောက်ခံအင်အားကြောင့်သာ စောင့်ကြပ်တဲ့သူတွေရှိနေမှာပဲ ဒီနေရာမှာမတူညီတဲ့ အင်အားလေးမျိုးပို အနည်းဆုံးငါခံစားမိနေတယ်…ဒါတွေအားလုံးကလဲ သော့်လော့လေးယောက်ဖြစ်လိမ့်မယ်….မင်းသေချင်လား ငါတို့မျိုးနွယ်စု အကြီးအကဲတွေကို မယှဥ်သေးသရွေ့ ကိစ္စကောင်းတစ်ခုကိုငါတို့အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူး..စိတ်အေးအေးထား ဒီနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားက အလွယ်လေးစုပ်ယူလို့မရနိုင်ဘူး…သူတို့တွေ လေလံပွဲနိုင်သွားရင်ကော ဘာဖြစ်လဲ ငါတို့တွေသာ မှန်ကန်တဲ့ပစ်မှတ်ကို ကောင်းကောင်းအတည်ပြုနိုင်ပြီဆိုရင် ဘယ်အချိန်မဆိုပြန်ယူလို့ရမှာပဲ ”
တူညီတဲ့အခြေအနေက တခြားဧည့်သည်တော်အခန်းတွေမှာလဲ ဖြစ်ပေါ်လို့နေခဲ့ပါတယ်။ သူတို့တွေရဲ့သတင်းအချက်အလက်ရှာဖွေတဲ့ပုံစံကသာ မတူညီကြတာပါ။ ကြယ်အလင်းလေလံအိမ်ရဲ့ လျှို့၀ှက်ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘယ်လိုလုပ်များနေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့အဖွဲ့သားတွေက သူတို့အကြောင်းကို လျှို့၀ှက်ချက်အဖြစ်ဖုံးကွယ်ထားနိုင်တော့ဦးမှာလဲ။
၀ိညာဥ်ရွှေပြားသန်းတစ်ရာငါးဆယ်အထိကို တိုးမြင့်လိုက်တဲ့သူက နောက်ထပ်စျေးမမြင့်တော့ပါဘူး။ ကြောက်စရာကောင်းလွန်တဲ့ပမာဏက လူတိုင်ကိုထိတ်လန့်သွားစေခဲ့ပါပြီ။ သူတို့တွေဘယ်လောက်ပဲအင်အားကြီးပါစေ ဒီစျေးကိုဆက်မခေါ်ကြတော့ပါဘူး။
” ထင်ထားတဲ့အတိုင်းပဲ သူတို့အားလုံးလန့်ကုန်ကြပြီ ”
ဒုတိယအခန်းမှာရှိနေခဲ့တဲ့ ရှောင်ဟုန်ချန်က အကြီးအကဲမာဘက်ကို လှည့်သွားပါတော့တယ်။ အဲ့ဒီနောက် သူပြောလိုက်တယ်။
” အကြီးအကဲမာ ဒီရတနာက ငါတို့တွေအတွက် ကိုင်တွယ်ရခက်တဲ့ပြဿနာပဲ လုံခြုံမှုကလဲ ဒီလေလံပွဲအပြင်ကိုရောက်တာနဲ့ အာမခံလို့ရတော့မှာမဟုတ်ဘူး..အပေးအယူပြီးသွားရင် ကျောင်းတော်ကိုချက်ချင်းပြန်ယူသွားပြီ ဘိုးဘေးတွေကိုလက်ဆင့်ကမ်းပေးလိုက်တော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကိုသာ၀င်ရောက်သွားပြီဆိုရင် ဘယ်သူများ မကောင်းကြံပြီလာယူ၀ံ့မလဲကြည့်ကြသေးတာပေါ့ ”
အကြီးအကဲမာကလဲ ခေါင်းညိတ်လိုက်ပါတယ်။
” ဒီလိုပဲဖြစ်သင့်ပါတယ်…အကောင်းဆုံးကြိုးစားနေထိုင်ပြီ သိုသိုသိပ်သိပ်နေပါ့မယ်…အခုလိုမျိုးလေလံပစ္စည်းမျိုးက သမိုင်းတစ်လျှောက်မှာတောင် တွေ့ဖို့မလွယ်ကူပါဘူး…လျှို့၀ှက်လမ်းကြောင်းတွေအတိုင်း ထွက်သွားရင်ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ဆီ သွားလိုက်ပါမယ် ”
ပထမဆုံးအခန်းထဲမှာကတော့ ကြယ်တာရာလော့ဧကရာဇ်က သတင်းတွေအားလုံးကို အေးအေးဆေးဆေးနားထောင်ရင်ပြုံးနေခဲ့ပါတယ်။
” သန်းတစ်ရာငါးဆယ်တဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမသခင်ရေ ငါရဲ့ဒီလက်ဆောင်လေးကို မင်းကျေနပ်နှစ်သိမ့်မယ်လို့ မျှော်လင့်ပါတယ် ”
သူပြောပြီတဲ့နောက် ဖြည်းဖြည်းချင်းထရပ်ရင်း သူ့ရှေ့မှာရှိတဲ့ ၀ိညာဥ်အလင်းပြင်ကို နှစ်ခြမ်းခွဲလိုက်ပါတော့တယ်။ အဲ့ဒီနောက် လျှို့၀ှက်လမ်းထဲမှာ သူပျောက်ကွယ်လို့သွားခဲ့ပါပြီ။
လျှို့၀ှက်လမ်းကြောင်းက ဘယ်ဧည့်သည်တော်တွေကိုမဆို လျှို့၀ှက်ထွက်ခွာဖို့အတွက် ခွင့်ပြုပေးပါတယ်။ အမျက်ဒေါသကျောင်းတော်လဲ ချွင်းချက်မရှိခဲ့ပါဘူး။
၀မ်ယန်က ကိစ္စတွေကိုဒီတစ်ကြိမ်မှာ ကိုယ်တိုင်မထိန်းသိမ်းထားဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ဧကရာဇ်ကျား၀ိညာဥ်ဓားသွားကတော့ ထိုက်ယွဲ့ဟန်ရဲ့လက်ထဲမှာ ရှိနေခဲ့တာပါ။ သူယူတာဖြစ်တာကြောင့်ပါပဲ။ အဆင့်ခြောက်၀ိညာဥ်အမြောက်ဆံတွေကိုတော့ ဟယ့်ချိုက်ထို့ကိုပဲ သူတိုက်ရိုက်လွဲအပ်ပေးလိုက်ပါတယ်။ ၀ိညာဥ်လက်နက်တွေကတော့ အမျက်ဒေါသကျောင်းတော်မှာ သူလောက်သိသေးတဲ့မရှိပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ သူ့လက်ထဲကိုဒီပစ္စည်းတွေကို အပ်ေထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဟယ့်ချိုက်ထို့က အမြောက်ခွံခုနှစ်ခုကို ဂရုတစိုက်နဲ့ယူသွားလိုက်ပါတယ်။ လက်ရှိအချိန်မှာ သူအရမ်းကို စိတ်လှုပ်ရှားလွန်တာကြောင့် မျက်နှာတစ်ခုလုံးတောင် ရဲနေခဲ့ပါပြီ။ ဒီအခွံတွေက အဆင့်ခြောက်သာဖြစ်ပေမဲ့ သူတို့ကိုအထင်သေးလို့မရပါဘူး။ သာမန်၀ိညာဥ်လက်နက်တွေနဲ့ မယှဥ်နိုင်တဲ့အနေအထားမှာရှိနေခဲ့ပါတယ်။ သူတို့တွေက တစ်ကြိမ်တစ်ခါသုံးရမှာသာဖြစ်ပေမဲ့ အဆင့်ခြောက်အခွံတွေက အဆင့်ရှစ်အဝေးပြစ်၀ိညာဥ်လက်နက်တွေထက်ကို အများကြီးပိုပြီးကြောက်စရာကောင်းနေခဲ့တယ်။
အခုအချိန်မှာ အင်အားအကြီးဆုံးအခွံက အမျက်ဒေါသကျောင်းတော်မှာ ရှိသလောက်ဆိုရင် အဆင့်ရှစ်သာရှိသေးတာပါ။ ဒီအဆင့်ရှစ်က အသေးစားမြို့တစ်မြို့ကို ကောင်းကောင်းအမှုန့်ကြိတ်ပြစ်နိုင်ပါတယ်။ ဒါ့အပြင် နေလနိုင်ငံတော်မှာတောင် အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်တဲ့ပစ္စည်းတစ်ခုပါပဲ။
၀မ်ယန်က ဒါကိုပြိုင်ပွဲမှာမလုပ်ဖို့မသုံးဖို့ အထူးညွှန်ကြားထားပါတယ်။ ဒီတစ်ကြိမ်မှာအားလုံးကတော့ သူတို့တည်ခိုဆောင်ဆီကို တိတ်တဆိတ်ပြန်လာခဲ့ပါပြီ။ မနက်ဖြန်မှာ ရင်ဆိုင်ရမဲ့ပြိုင်ဘက်ကတော့ ကြမ်းတမ်းမှာပါ။
အခန်းထဲကိုပြန်ပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ပုံမှန်အတိုင်း စတင်ပြီလေ့ကျင့်ပါတော့တယ်။ ဟောင်သုန့်စွမ်းအားကို ဆင့်ခေါ်ပြီတဲ့နောက် ရွှေအလင်းလက်မောင်းအရိုးရဲ့ အားပေးထောက်ပံ့မှုနဲ့အတူ နှစ်ယောက်စလုံးက တရားထိုင်ကြပါပြီ။
ဟို့ယွိဟောင်လဲ ရေခဲဧကရီနဲ့ ထန်အိပ်မက်ကောင်းကင်နှစ်ယောက်တို့ကတော့ သူတို့စိတ်ထဲမှာစကားပြောနေကြတာကို မသိခဲ့ပါဘူး။
” လူသားတွေကတစ်စထက်တစ်စ ပိုပြီးကောက်ကျစ်လာပြီ ငါတို့မျိုးနွယ်ကိုပါ လာပြီမျက်စိကျနေပြီ ”
ရေခဲဧကရီက ဒေါသတကြီးနဲ့ ပြောနေခဲ့ပါတယ်။
ကောင်းကင်အိပ်မက်က သက်ပြင်းချလိုက်တယ်။
” ဒေါသထွက်လို့ကောဘာများအသုံး၀င်မှာလဲ ဒီလိုမျိုးဆက်နေမယ်ဆိုရင် ဒါတွေကိုပြောင်းလဲမလို့လား ဒါ့အပြင် အခြေအနေတစ်ခုကကြည့်မယ်ဆိုရင် ငါတို့တွေက ယွိဟောင်နဲ့ပေါင်းစပ်ပြီးပြီဆိုမှတော့ ၀ိညာဥ်သားရဲကောင်တွေအဖြစ်ကိုယ့်ကိုကိုယ်မမှတ်ယူသင့်တော့ဘူးလေ ငါတို့က ယွိဟောင်ရဲ့အစိတ်အပိုင်းတွေဖြစ်နေပြီ လူသားတွေရဲ့အစိတ်အပိုင်းတစ်ခုပဲ ဒီလောကကြီးက အသက်ရှင်နေထိုင်ဖို့အတွက် အသင့်တော်ဆုံးဖြစ်အောင် ပြောင်းလဲကြရတယ်..လူသားတွေက မရေမတွက်နိုင်တဲ့၀ိညာဥ်သားရဲကောင်တွေကို သတ်ဖြတ်ပြီသွားပြီ ဒါပေမယ့် နောက်နှစ်ပေါင်းနှစ်သိန်းကြလာရင် ဘယ်လိုဖြစ်လာမလဲ ဒီတိုက်ကြီးကရော ဘယ်လိုတွေပြောင်းလဲဦးမှာလဲ လွန်ခဲ့တဲ့နှစ်တွေတုန်းကဆို သူတို့တွေက ငါတို့အတွက် အစားအစာအဖြစ်ပဲရှိခဲ့တာလေ ”
ဧကရီကတော့ အနည်းငယ်ပြန်တည်ငြိမ်လို့သွားခဲ့ပါပြီ။
” လူသားတွေကကြောက်စရာကောင်းတဲ့သတ္တ၀ါတွေပဲ ငါတို့လိုနှစ်ပေါင်းသောင်းနဲ့ချီပြီ နေထိုင်လာတဲ့၀ိညာဥ်သားရဲကောင်တွေထက်ကို အများကြီးပိုပြီးအင်အားကြီးသေးတယ်…ငါတို့နှစ်ယောက်ထက်တောင် ပိုအားကောင်းတာပေါ့ ဒါပေမယ့် ၀ိညာဥ်သားရဲကောင်တွေဆိုတာက တိုက်ကြီးရှိနေသရွေ့ ဆက်ပြီရှိနေကြမှာပဲ ငါတို့လဲ ငါတို့ရဲ့အင်အားတွေက တိုးတက်လာတယ်လေ ဒါပေမယ့် လူသားတွေကိုကြည့်လိုက်ပါဦး သူတို့တွေက မြို့တော်ကိုတည်ဆောက်တယ်..ကျင့်ကြံတဲ့နည်းလမ်းသစ်တွေကိုဆက်ပြီတီးထွင်းတယ်…ဒါ့အပြင် ငါတို့တွေကိုပါ အသက်အန္တရာယ်ပေးနိုင်လောက်တဲ့၀ိညာဥ်လက်နက်တွေလဲ ရှိနေသေးတယ်…မကြာခင်အချိန်အတွင်းမှာပဲ ငါတို့၀ိညာဥ်သားရဲကောင်တွေအားလုံး ဒီလောကကြီးကနေ ပျောက်ကွယ်သွားမှာကို တကယ်ပဲစိုးရိမ်မိတယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ပြောလိုက်ပါတယ်။
” ဖြစ်လဲဖြစ်နိုင်ပါတယ်လေ ငါတို့ရဲ့ အကြီးမားဆုံးပြစ်ချက်က မပေါင်းစည်းတဲ့ကိစ္စပဲ ၀ိညာဥ်သားရဲကောင်တစ်ကောင်က ပိုပြီးသန်မာလာလေလေ ပိုတစ်ကိုယ်ကောင်းဆန်လေပဲ မင်းပဲဥပမာအနေနဲ့ပြောကြတာပေါ့ မင်းတို့ရဲ့ရေခဲကျောက်စိမ်းကင်းမြီးကောက်မျိုးနွယ်က ဧရာမနှင်းနတ်ဆိုးဘုရင်ရဲ့လက်အောက်မှာရှိနေတဲ့ နှင်းနတ်ဆိုးတွေနဲ့ ပေါင်းစည်းပြီအဖွဲ့ဖွဲ့ချင်လို့လား လူသားတွေကငါတို့မျိုးနွယ်တွေအားလုံးအပေါ်မှာ သိသာထင်ရှားတဲ့အချက်ကို ပိုင်ဆိုင်ထားတယ်…တစ်ချိန်ထဲမှာပဲ သူတို့တွေက တီထွင်းစမ်းသပ်နိုင်ပြီတော့ တွေးလဲတွေးတောနိုင်တယ်..ငါတို့တွေက ဒါမျိုးကိုသွားပြီမယှဥ်ပြိုင်နိုင်ဘူး…လက်ရှိအချိန်မှာ တိုက်ကြီးတစ်ခုလုံးကို သူတို့တွေကောင်းကောင်းထိန်းချုပ်နိုင်နေပြီးပြီ ဒီအတိုင်းလဲအနာဂတ်မှာဆက်ဖြစ်နေဦးမှာပဲ ”
ရေခဲဧကရီက မျက်လုံးပြူးသွားပါတော့တယ်။
” တကယ်ပဲ နင့်ကိုလျှော့တွက်လို့မရဘူးပဲ အားလုံးကိုနင်တကယ်ရှင်းရှင်းလင်းလင်းပြောနိုင်တယ် ”
ကောင်းကင်အိပ်မက်က ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ ပြောလာခဲ့ပါတယ်။
” ဒါပေါ့ ဒီလိုမဖြစ်ပဲနေမလား ငါနှစ်ပေါင်းသန်းနဲ့ချီပြီ အသက်ရှင်ခဲ့တဲ့ကာလပတ်လုံး ဘာမှမလုပ်ပဲအိပ်နေတယ်လို့များ ထင်နေလား ”
” အိပ်နေတာပဲလေ မဟုတ်ဘူးလား ”
ရေခဲဧကရီကတော့ ပြန်ဖြေလိုက်ပါတယ်။
” သေချာပေါက် ဘယ်ဟုတ်မလဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ရန်စခံလိုက်ရတဲ့အတိုင်းတုန်ပြန်လာပါတော့တယ်။
ဧကရီကတော့ အတော်လေးစိတ်ခံစားချက်ကောင်းသွားတဲ့ပုံပါပဲ။ သူမသက်ပြင်းချရင်းဆက်ပြောလာခဲ့ပါတော့တယ်။
” ငါရဲ့စွမ်းအားတွေကို ဆုံးရှုံးပြီတဲ့နောက် မင်းမှာရှိတဲ့အရာတွေကို ထိန်းချုပ်နိုင်တာမျိုးမရှိတော့ဘူး…ဒါကြောင့် အရင်ကထက်ပိုပြီးစဥ်းစဥ်းစားစားလုပ်လာမိပြီ လူသားတွေက အင်အားကြီးပေမဲ့ ငါတို့၀ိညာဥ်သားရဲကောင်တွေက ဒီလောကကိုအုပ်စိုးခဲ့တာ သူတို့ထက်အချိန်အများကြီးပိုစောခဲ့လို့ပဲလေ ငါတို့တွေ အခုအချိန်မှာ သိပ်ပြီမစုစည်းကြတာကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…ဒါပေမယ့် ငါတို့ရဲ့ အသက်ရှင်သန်ရေးနဲ့ သက်ဆိုင်လာတဲ့အချိန်မှာတော့ ၀ိညာဥ်သားရဲကောင်တွေအားလုံးက ပူးပေါင်းပြီလူသားတွေကို ပြန်တိုက်ခိုက်ကြလိမ့်မယ် ”
” ဘာပဲဖြစ်ဖြစ်ပေါ့လေ ”
ကောင်းကင်အိပ်မက်က ပျင်းပျင်းရိရိနဲ့ပြန်ဖြေလာခဲ့ပါတယ်။
” ဘယ်လိုပဲဖြစ်ဖြစ်ငါက အခုတော့၀ိညာဥ်စက်ကွင်းတစ်ကွင်းဖြစ်နေပြီပဲ ယွိဟောင်သာအဆင်ပြေမယ်ဆိုရင် ငါလဲတခြားကိစ္စတွေကိုအာရုံမစိုက်တော့ဘူး..ယွိဟောင်ကိုလဲ ဖိအားမပေးနဲ့ သူက အရမ်းကိုကြိုးစားအားလွန်ကြီးနေပြီ လူသားတွေအမြဲပြောနေကြစကားတစ်ခွန်းရှိတယ်…လူတွေကမှန်ကန်တဲ့ကိစ္စကိုလုပ်ရမယ်…ကောင်းပြီလေအတူတူခဏလောက် အိပ်ကြရအောင် ”
” နင်နဲ့ဘယ်သူအိပ်လို့လဲ ”
ရေခဲဧကရီက မကျေမနပ်နဲ့အော်ပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ နှာခေါင်းရှုံ့ပြီပြောလာခဲ့တယ်။
” ငါတို့မှာအခုခန္ဓာကိုယ်တွေမရှိဘူးလေ ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ချိတ်ပိတ်ခံထားရတယ်…အကယ်၍ ငါတို့အတူတူအိပ်နေတာမဟုတ်ဘူးဆိုရင် ငါတို့တွေဘာလုပ်နေကြလို့လဲ မင်း၀န်ခံသည်ဖြစ်စေ မ၀န်ခံသည်ဖြစ်စေ ငါဘာသာငါနည်းနည်းပါးပါးတွေးကြည့်လို့မရဘူးလား ”
” နင်သေသင့်တဲ့ကောင် ”
” ငါ့ရဲ့ဘေးမှာအချစ်ရဆုံးကင်းမြီးကောက်တွေရှိနေတယ်…အိပ်ရအောင် ”
ပြောပြီတာနဲ့ သူတိတ်ဆိတ်လို့သွားပါတော့တယ်။ ရေခဲဧကရီကတော့ နာရီ၀က်လောက်ကြာအောင်တိတ်ဆိတ်ပြီမှသာရယ်မောလိုက်မိတယ်။
” အကယ်၍ ငါသာငါရဲ့ အဆင့်တက်မှုကို မအောင်မြင်တော့ပဲ တန့်တဲ့အချိန်မှာ ရောက်နေမယ်ဆိုရင်တောင် တကယ်တော့ နင့်ကိုအခွင့်အရေးယူခွင့်မပေးနိုင်ဘူး…တကယ်ပဲထူးဆန်းတယ် ဘာကြောင့်များ အဲ့ဒီ၀ိညာဥ်သားရဲကောင်သန္ဓေသားကို မြင်တဲ့အချိန်မှာ ဒီလောက်ရင်းနှီးနေခဲ့မိတာလဲ အဲ့ဒါကငါတို့မြောက်၀င်ရိုးစွန်းကပဲ လာတဲ့သူလား ဒါပေမယ့် အကယ်၍ နှစ်ပေါင်းတစ်သောင်း၀ိညာဥ်သားရဲကောင်တစ်ကောင်သာ လူသားအဖြစ်ပြန်လည်မွေးဖွားဖို့လုပ်မယ်ဆိုရင် ငါလဲသိသင့်တယ်ပေါ့ ဒါပေမယ့် ဘာကြောင့်များ ဒီလောက်ရင်းနှီးနေရတာလဲ ”
နောက်တစ်နေ့မနက်စောစောမှာကတော့ ကြယ်တာလော့ရင်ပြင်ကျယ်မှာ တောက်ပတဲ့နေရောင်ချည်က ထွန်းလင်းလို့နေခဲ့ပါပြီ။ မနက်စာစားပြီတဲ့နောက် တက်ကြွနေကြတဲ့လူတွေက ကြယ်တာရာလော့ရင်ပြင်ကျယ်ထဲမှာ ရှင်းရှင်းလင်းလင်းမြင်နိုင်အောင်အစောကြီးကထဲက လာစောင့်နေခဲ့ကြပါတယ်။ ဒါ့အပြင် တချို့သူတွေကတော့ ပြတင်းပေါက်တွေနဲ့ စင်္ကြန်နားတွေမှာကို စောင့်နေကြပါတယ်။ အချီဆယ့်ခြောက်ချီမြောက်က လေးရက်တစ်ခါပြိုင်ပွဲလေးပွဲကို ဆက်တိုက်ကျင်းပတာပါ။ ဒါ့အပြင် အစောပိုင်းမှာ ထိပ်ဆုံးရောက်နေတဲ့သူတွေက အမျက်ဒေါသကျောင်းတော်ဖြစ်တာကြောင့် သူတို့က ပထမဆုံးယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ပြိုင်ဘက်ကတော့ သုန့်လင်းတော်၀င်၀ိညာဥ်ကျောင်းတော်ဖြစ်ပြီ ၀ိညာဥ်ဘုရင်ငါးယောက်ရှိသလို နိုင်ငံတော်တစ်ခုလုံးရဲ့ ထိပ်တန်းကျောင်းတော်လဲ ဖြစ်နေခဲ့ပါတယ်။
၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်မှာ လက်တင်ရင်းမေးလိုက်တယ်။
” မင်းဘာတွေတွေးနေတာလဲ စိတ်ရှုပ်ထွေးနေလား စိတ်လှုပ်ရှားနေတာလား ”
ဟို့ယွိဟောင်က ရယ်မောရင်ပြောလာခဲ့တယ်။
” ဘာမှမဟုတ်ဘူး ငါတို့တွေ အကယ်၍ ချန်ပီယံဖြစ်လာခဲ့လို့ကတော့ အငယ်ဆုံးချန်ပီယံတွေအဖြစ် မှတ်တမ်းတင်နိုင်မလားဆိုတာ တွေးနေမိတာ ”
၀မ်သုန့်က ရယ်မောလိုက်ပါတယ်။
” တကယ်ကလေးပါလား ချန်ပီယံဖြစ်တဲ့အထိစောင့်လိုက်ပါဦး ”
ဟို့ယွိဟောင်က သူ့ကိုတစ်ချက်ရိုက်လိုက်ပါတယ်။
” မင်းငါထက်ငယ်ငယ်ရွယ်ရွယ်နဲ့ ငါ့ကိုဒီလိုလာပြီဆရာလုပ်နေတယ်လား မင်းအဲ့ဒီလောက်ကြီးယုံကြည်ချက်မရှိဘူးလား ငါတို့တွေက ”
” မပြောနဲ့ ”
၀မ်သုန့်က သူ့ပါးစပ်ကိုပိတ်ရင်း စကားတွေကိုပြန်မထွက်စေအောင် တားလိုက်ပါတော့တယ်။
ဟို့ယွိဟောင်လဲ နားလည်ပါတယ်။ ဒါကြောင့် သူလဲခေါင်းကိုဟိုကြည့်ဒီကြည့် ကြည့်ရင်းပြောလိုက်မိတယ်။
” ငါနည်းနည်းစိတ်လှုပ်ရှားလွန်သွားလို့ ”
၀မ်သုန့်က နှာခေါင်းရှုံ့ရင်းပြောလာခဲ့တယ်။
” မင်းဒီလောက်တက်ကြွနေတဲ့ မျက်လုံးတွေကို ငါမတွေ့ဘူးလို့ထင်နေတာလား မင်းတို့ငါတို့ရဲ့ ၀ိညာဥ်စွမ်းရည်တွေ ဘယ်လောက်ပဲအင်အားကြီးပါစေ ကျင့်ကြံဆင့်ကမလုံလောက်ဘူးဆိုတာကို မမေ့လိုက်နဲ့ ကလေးမင်းနေရာမင်းသိ ငါတို့တွေက အဓိကအင်အားမဟုတ်ဘူး ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ရှောင်သုန့်ရေ မင်းကတကယ်ကို ငါရဲ့ဆရာကြီးပါပဲ သတိပေးလို့ကျေးဇူးတင်ပါတယ်…ရိုးရိုးသားသားပြောရမယ်ဆိုရင် ရေခဲကျောက်စိမ်းကင်းမြီးကောက်ရဲ့ ဘယ်ဘက်လက်မောင်းရိုးက ငါ့ကိုထိန်းချုပ်မှုလွှတ်မသွားစေဘူး…ဒါပေမယ့် ငါတို့စမ်းသပ်ချက် အောင်မြင်တာကြောင့်သာ စိတ်လှုပ်ရှားတာကို မထိန်းနိုင်ပဲဖြစ်နေတာ ကြည့်ရတာ ငါတို့တွေက အတူတကွလျှောက်လမ်းဖို့ကံကြမ္မာဖန်လာပုံနဲ့တူတယ် ”
၀မ်သုန့်ရဲ့မျက်နှာက နီရဲလို့သွားပါတော့တယ်။
” မဟုတ်တရမ်းတာတွေမပြောနဲ့ ဘယ်သူကမင်းနဲ့အတူ လျှောက်လမ်းဖို့ကံကြမ္မာဖန်လာဖို့လဲ ”
” မင်းဘာလို့ပါးတွေနီနေရတာလဲ တွေးတဲ့နည်းလမ်းတွေက မှားနေပြီ မင်းကငယ်ရွယ်သေးတာကြောင့် မှန်မှန်ကန်ကန်မသင်ကြားခဲ့ရလဲကိစ္စမရှိပါဘူး…ဒါပေမယ့် မင်းစိတ်ကတော့အမြဲတမ်းညစ်ပတ်တဲ့အတွေးတွေနဲ့ ပြည့်နေတာကြီးပဲ ”
” ဟို့ယွိဟောင် မင်းနာချင်နေပြီလား ”
၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ပုခုံးကို ဆွဲလိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ သူ့ခန္ဓာကိုယ်ကိုလှည့်ရင်း ခုန်ရှောင်လိုက်ပါပြီ။ သူတို့နှစ်ယောက်ဒီလိုလျှောက်ပြေးနေတဲ့အချိန်မှာပဲ ၀မ်ယန်က သူတို့အခန်းထဲကို တိုက်တိုက်ဆိုင်ဆိုင်၀င်လာပါတော့တယ်။ ဟို့ယွိဟောင်ကတော့ သူ၀မ်ယန်ရဲ့နောက်ကျောဖက်ကိုမရောက်မချင် ဆက်တိုက်ဆိုသလို ဟိုရှောင်ဒီတိမ်ရင်း ခုန်၀င်လိုက်ပါတယ်။ ၀မ်သုန့်လဲ သူ့ကိုအချိန်မီမဖမ်းနိုင်တော့ပါဘူး။
” မင်းတို့တွေ ဘာလုပ်နေကြတာလဲ ”
၀မ်ယန်က ရယ်မောရင်းမေးလိုက်ပါတယ်။ ဒီနေ့အမျက်ဒေါသကျောင်းတော်က အသန်မာဆုံးအဖွဲ့ကို ထုတ်ပြတော့မှာပါ။ ဒါကြောင့် ၀မ်ယန်အနေနဲ့လဲ စိတ်အေးလက်အေးဖြစ်နေခဲ့ပါတယ်။ ၀ိညာဥ်ဧကရာဇ်နှစ်ယောက်သာရှေ့တန်းမှာရှိနေခဲ့မယ်ဆိုရင် သူ့ရဲ့ကိုယ်ပိုင်အစီအစဥ်နဲ့ နည်းဗျူဟာတွေကလဲ သေချာပေါက် နိုင်ပွဲကို ရယူပေးနိုင်မှာပါ။
အပိုင်း ၁၀၂•၁ ပြီး၏။