အပိုင်း ၁၀၁•၃
” နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ သန္ဓေသား ”
°°°
ကြယ်တာရာလော့ဧကရာဇ်က ဘေးမှာရပ်နေခဲ့တဲ့ ဟို့ယွိဟောင်ကို ကြည့်လိုက်ပါတယ်။
” အကာအကွယ်သော့်လော့က ပြောပြခဲ့ဖူးတာရှိတယ်..မင်းကအဆုံးစွန်းရေခဲအမျိုးအစား၀ိညာဥ်ကို ပိုင်ဆိုင်ထားတယ်တဲ့ ဒီတော့ ဒီ၀ိညဥ်အရိုးက မင်းအတွင်သင့်တော်တာပါ သူရဲကောင်းတွေက ရှားပါးဓားကိုထိုက်တန်သလိုပေါ့ ဒါ့အပြင် လောကကြီးတစ်ခုလုံးမှာ အဆုံးစွန်းရေခဲပိုင်ဆိုင်တဲ့ဒုတိယလူကို ရှာတွေ့နိုင်မယ်လို့မထင်ထားပါဘူး..ဒီလိုဖြစ်ပြီဆိုမှတော့ ဖုံထဲမှာရှိနေမဲ့အစား သင့်တော်မဲ့တစ်စုံတစ်ရာကို လက်ဆောင်ပေးလိုက်တာက ပိုကောင်းပါတယ်..ဒါပေါ့ သေချာပေါက် ချန်ပီယံဖြစ်ဖို့လဲ လိုသေးတယ်..ဒီ၀ိညာဥ်အရိုးက တန်ကြေးကြီးကြီးနဲ့၀ယ်လို့မရပေမဲ့ သေချာပေါက် လေးစားမှုနဲ့ ဂုဏ်သိက္ခာသာရှိကြမယ်ဆိုရင် ၀ယ်ယူဖို့အတွက်ထိုက်တန်မှာပါ ”
” ကျေးဇူးတင်ပါတယ်အရှင်ဧကရာဇ် ”
ဟို့ယွိဟောင်အနေနဲ့ နိုင်ငံတစ်ခုရဲ့ဧကရာဇ်ကိုမြင်ဖူးတာ ပထမဆုံးအကြိမ်ပါပဲ။ သူ့အနေနဲ့ စိတ်ရှုပ်ထွေးတယ်ဆိုတာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါ။ ဒါကြောင့် နောက်တစ်ကြိမ် ဦးညွတ်လိုက်ပါတော့တယ်။
” မင်းရဲ့နာမည်က ဟို့ယွိဟောင်ပဲဖြစ်လိမ့်မယ်..မွေးဖွားတဲ့နေရာကို မှတ်တမ်းတင်ထားသလောက်အရဆိုရင် သေချာပေါက် ငါရဲ့နိိုင်ငံတော်ကပဲ နောက်ဆုံးတော့လဲပစ္စည်းကောင်းတွေကို အပြင်လူတွေဆီပေးဖို့ မသင့်တော်ဘူးမဟုတ်လား..ကြယ်တာရာလော့နိုင်ငံတော်ရဲ့ မြို့တံခါးတွေက မင်းအတွက်အမြဲဖွင့်ထားပါတယ်..ဒီကိစ္စကိုအရင်ဆုံးဒီအတိုင်းပဲထားလိုက်တာပေါ့ လေလံပွဲရဲ့အဓိက ပစ္စည်းက သေချာပေါက် တန်ကြေးအများကြီးရှိမယ်လို့ ထင်တယ်..မင်းတို့အနေနဲ့လဲ မထွက်ခွာခင်အချိန်မှာ အံ့ဖွယ်ရာကိစ္စကို ကြုံရကောင်းကြုံရနိုင်လိမ့်မယ် ”
ပြောပြီတဲ့နောက် ဧကရာဇ်က ခေါင်းကိုတစ်ချက်ဦးညွတ်လိုက်ပြီ ထွက်ခွာသွားပါတော့တယ်။
ဟို့ယွိဟောင်အနေနဲ့လဲ ဒီလူရဲ့ခမ်းနားတဲ့အငွေ့အသက်နဲ့ ဂုဏ်ကျက်သရေရှိမှုတွေက အလွန်အကျွံကြီးဖြစ်နေတာမဟုတ်ပဲ အားကောင်းတဲ့အငွေ့အသက်တချို့နဲ့ လွှမ်းခြုံနေတာကို သတိထားလိုက်မိပါတယ်။ သူ့ရဲ့အေးဆေးတည်ငြိမ်တဲ့အပြုံးတွေအောက်မှာ အဆုံးစွန်းထိန်းချုပ်မှုက ပါ၀င်နေခဲ့တယ်။ ဒါ့အပြင် စကားပြောတဲ့အချိန်မှာလဲ လူတွေကိုကောင်းကောင်းသိမ်းပိုက်နိုင်ပါတယ်။
” သူတကယ်ကြီးအလကားပေးမလို့လား ”
ရှောင်းရှောင်းက လန့်သွားခဲ့ပါတယ်။ ၀မ်ယန်ကတော့ ခေါင်းခါလိုက်တယ်။
” ဘယ်လိုလုပ်ဟုတ်မလဲ အတိအကျပြောရမယ်ဆိုရင် သူက အမျက်ဒေါသကျောင်းတော်ရဲ့ ယွိဟောင်ကိုလက်ဆောင်ပေးသွားတာ ဧကရာဇ်က တကယ်ကိုသတင်းကောင်းကောင်းစုတတ်တဲ့သူပဲ ”
သူပြောရင်းနဲ့ သူကျောင်းသားတွေကို ကြည့်လိုက်မိပါတယ်။ အားလုံးကလဲ မျက်လုံးထဲမှာ အပြောင်းအလဲဖြစ်သွားသလိုပါပဲ။ ပါးစပ်ကိုပိတ်လိုက်ကြပြီ ဒီကိစ္စကိုဆက်ပြီမပြောကြတော့ပါဘူး။ အဆုံးသတ်မှာ ချင်းယာနဲ့ တခြားသူတွေက အခန်းထဲမှာရှိနေပါသေးတယ်။
ခုနှစ်မြောက်အခန်းကနေ ထွက်လာပြီတဲ့နောက် ဧကရာဇ်ကပြုံးရင်းနဲ့ ပြောလာပါတယ်။
” ဒီကလေးက ငါ့ကိုစိတ်မပျက်စေဘူးလို့မျှော်လင့်ပါတယ်…ယုံကြည်မှုနဲ့ မိတ်ဆွေအဖြစ်လက်ဆောင်ပမာဏတော့ပို့ပြီးပြီ အမျက်ဒေါသကျောင်းတော်ရဲ့တုန့်ပြန်မှုကို ငါမျှော်လင့်နေတယ်…ကျိုးကျိုး ပြိုင်ပွဲကိုပေးပြီးပြီဆိုရင် ကျောင်းတော်နဲ့ငါတို့ရဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင်လုပ်တော့ အမျက်ဒေါသကျောင်းတော်နဲ့ ငါတို့ကြားမှာကုန်သွယ်ရေးလုပ်နေတဲ့သူတွေကို အခွန်အခကငါးဆယ်ရာခိုင်နှုန်းအထိ လျှော့ကြပေးလိုက် ”
” အစ်ကိုကြီးတစ်ခုခုတော့ဖြစ်နေပြီ ”
မင်းသမီးကပြောလိုက်ပါတယ်။ ဧကရာဇ်ကလဲ ခေါင်းညိတ်လိုက်တယ်။ နောက်ထပ်မပြောတော့ပဲ ပထမအခန်းကိုသာ သူပြန်ရောက်သွားပါတော့တယ်။ မင်းသမီးကျိုးကျိုးကတော့ သူ့နောက်ကနေလိုက်လာခဲ့ပါပြီ။ အနီးကပ်ကြည့်လိုက်မယ်ဆိုရင် သူမရဲ့ဘက်နားရွက်မှာ အဖြူရောင်နားကျပ်တစ်ခုတပ်ထားတာကို မြင်ရမှာပါ။ သူမအနေနဲ့ တစ်စုံတစ်ရာကို နားထောင်နေပုံပဲ။
တံခါးပိတ်ပြီတဲ့နောက် သူတို့နှစ်ယောက်သာ အခန်းထဲမှာကျန်ပါတော့တယ်။
” ပြောလို့ရပြီ ”
ဧကရာဇ်က မင်းသမီးကျိုးကျိုးကို အချက်ပြလိုက်ပါတယ်။ ကျိုးကျိုးကပြန်ဖြေလိုက်တယ်။
” ပစ်မှတ်ကတော့ ငါးစာကိုဟပ်မိသွားပါပြီ ဒါ့အပြင် ကျွန်မတို့အတွက် သင့်တော်တဲ့၀ိညာဥ်လက်နက်တွေကို ကောင်းမွန်တဲ့ငွေကြေးပမာဏအတွက် ရောင်းချနေပါတယ်…ဒါ့အပြင် သူတို့တွေပြောပုံအရ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ ထုတ်လုပ်တဲ့ပစ္စည်းတွေအတွက်ကုန်းကျစရိတ်ကို ဆယ်ရာခိုင်နှုန်းအထိ လျှော့ကြပေးပါ့မယ်တဲ့ ဒါ့အပြင် ခန်းမဆောင်က ပစ္စည်းတချို့ကိုရောင်းချဖို့လဲ ဆွေးနွေးထားပါတယ်..တကယ်ကိုအောင်မြင်မှုကြီးပါပဲ ”
ဧကရာဇ်က ပြုံးပြရင်ပြောလိုက်တယ်။
” ဒါတွေအားလုံးက ခန့်မှန်းတွက်ချက်ထားတဲ့အတိုင်းဖြစ်လာပြီ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ အငယ်ဆုံးမြစ်က နေလနိုင်ငံတော်ရဲ့ သမိုင်းတစ်လျှောက်မှာအထူးချွန်ဆုံးသူတစ်ယောက်ပဲ အကယ်၍ သူတို့သာ ဒီသန္ဓေသားနဲ့ပေါင်းစည်းနိုင်ခဲ့မယ်ဆိုရင် သေချာပေါက် ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုဖြစ်လိမ့်မယ်….သူတို့အနေနဲ့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်လိုလုပ်လက်လွှတ်ခံမှာလဲ ငွေကြေးအင်အားအရ တိုက်ကြီးတစ်ခုလုံးမှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က နံပါတ်တစ်လို့ပြောလို့ရနိုင်တယ်…ဒါ့အပြင် သူတို့ဆီကနေရလာတဲ့ ၀ိညာဥ်လက်နက်တွေအားလုံးကို တစ်ခုမကျန်စမ်းသပ်ရေးနယ်မြေဆီပို့လိုက် ”
” အမိန့်အတိုင်းပါ ”
မင်းသမီးကျိုးကျိုးရဲ့ မျက်လုံးထဲမှာတော့ ကောက်ကျစ်မှုအရိပ်အယောင်တွေက ပေါ်လာပါတော့တယ်။
” ပြန်သွားတဲ့အချိန်မှာ အဆင့်ကိုး၀ိညာဥ်ပညာရှင်ကို သူတို့ရှာတွေ့နိုင်ဖို့မျှော်လင့်ကြတာပေါ့ ”
ဧကရာဇ်ကလဲ ပြောလာခဲ့ပါတယ်။
” ဒီအစီအစဥ်က ပြောရမယ်ဆိုရင် သိပ်ပြီအခြေအမြစ်မရှိပဲဖြစ်နေတယ်လေ နောက်ဆုံးလေလံပွဲပြီတာကို စောင့်ကြည့်ကြတာပေါ့ သုံးလကြာပြီတဲ့နောက် ဒီတစ်ခေါက်စွန့်စားတဲ့အဖွဲ့အစည်းရဲ့ တာ၀န်၀တ္တရားနဲ့ လုပ်ဆောင်ရမဲ့ပဟေဠိက ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကရတနာတွေကိုခိုးဖို့ဆိုတဲ့အကြောင်း ကြော်ငြာလိုက် ဒါ့အပြင် အဲ့ဒီပြိုင်ပွဲပြီးဆုံးတဲ့ ဆုလာဘ်ကလဲ ၀ိညာဥ်ရွှေပြားသန်းတစ်ရာဖြစ်မယ်လို့ သတ်မှတ်ရမယ်..ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က ခန်းမသခင်ရဲ့အငယ်ဆုံးမြစ်က ဘယ်လောက်ပဲပါရမီရှိပါစေ သေချာပေါက် ဆယ်နှစ်အတွင်းမှာ ပေါင်းစည်းဖို့က မဖြစ်နိုင်ဘူး…ဒီလိုပေါင်းစည်းဖို့အတွက် သူတို့တွေနဲ့ ရှားပါးတဲ့ဆေး၀ါးတွေအများကြီးကို လိုလိမ့်မယ်..ဆေး၀ါးကကိစ္စတွေအများကြီးကို ပြောင်းလဲစေဖို့လုံလောက်ပါတယ်…ဒါ့အပြင် အပြောင်းအလဲတွေကလဲ ဆက်ဖြစ်လာဦးမှာ ”
မင်းသမီးကျိုးကျိုးကတော့ ရယ်မောရင်းစနှောက်ပါတော့တယ်။
” ငါ့အစ်ကိုကတော့လေ တစ်နေ့ထက်တစ်နေ့ပိုပြီး ကောက်ကျစ်လို့အကြံအစည်တွေများလာတာပဲ ”
ဧကရာဇ်ရဲ့ မျက်လုံးတွေကတော့ အနည်းငယ်မှိန်ဖျော့လို့သွားခဲ့တယ်။
” အကယ်၍ ငါတို့မှာသာ အင်အားအလုံအလောက်ရှိနေမယ်ဆိုရင် ဒီလိုနည်းလမ်းပေါင်းစုံသုံးဖို့လိုမှာလဲ ငါတို့ရဲ့အသိပညာအရဆိုရင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ၀ိညာဥ်လက်နက်တွေအပေါ် လေ့လာမှုက အများကြီးတိုးတက်မှုတွေဖြစ်နေပြီးပြီ သူတို့ကို အခုကထဲက ထိန်းမထားလို့ရှိရင်း အနာဂတ်မှာ သူတို့နိုင်ငံတော်က ကြီးမားတဲ့လုပ်ဆောင်ချက်တွေ ပြုလုပ်လာဖို့ဆယ်နှစ်တောင်လိုမှာမဟုတ်ဘူး…ငါတို့တွေ စောစောစီးစီးကြိုပြင်ဆင်ထားတာကောင်းတာပေါ့ ”
မင်းသမီးကျိုးကျိုးကတော့ သူ့ကိုနှစ်သိမ့်ပါတော့တယ်။
” ဒါကလဲ အစ်ကိုအမှားမဟုတ်ဘူးလေ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုကြိုးစားခဲ့တာပဲ ငါတို့တွေ၀ိညာဥ်လက်နက်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်တဲ့နေရာမှာပဲ ကွာခြားချက်ရှိနေတာ နေလနိုင်ငံတော်လိုမျိုး မျက်နှာအသွင်အပြင်အနေအထားနဲ့ ပိုကြွယ်၀တဲ့သဟဇာတတွေမရှိဘူးလေ ဒါ့အပြင် သူတို့တွေက ဒီလိုစမ်းသပ်မှုတွေ လုပ်ဆောင်လာခဲ့တာ သော့်လော့တိုက်နဲ့မတိုက်ခင်ကထဲကပဲ ”
ဧကရာဇ်က လက်ကိုဝှေ့ရမ်းလိုက်ပါတယ်။
” မင်းပြောခဲ့တဲ့ ကိစ္စတွေအားလုံးက အမှန်တရားကိုမဖုံးကွယ်နိုင်ဘူး..ငါတို့တွေက အမှန်တရားဖြစ်တဲ့ကိစ္စတွေနဲ့ပဲ ဆက်ပြီလုပ်ဆောင်လို့ရတယ်…အနာဂတ်မှာ အမျက်ဒေါသကျောင်းတော်ကို ငါကိုယ်တ်ိုင်းသွားရောက်မယ်…အကယ်၍ နေလနိုင်ငံတော်ကသာ ကြီးမားတဲ့လှုပ်ရှားမှုတွေ လုပ်လာခဲ့ပြီဆိုရင် အမျက်ဒေါသကျောင်းတော်တစ်ခုကိုပဲ မဟာမိတ်ဖွဲ့ပြီ မှီခိုရလိမ့်မယ်…တခြားအင်အားကြီးမျိုးနွယ်စုတွေကရော ဘယ်လိုလဲ ”
” အားလုံးနီးပါးက ပြန်တုန့်ပြန်ကြပါတယ်…နှစ်ဖွဲ့ကတော့သူတို့ရဲ့ စိတ်အကြံအစည်ကို ရှင်းရှင်းလင်းလင်းပြောထားပါတယ်…ဒါ့အပြင် အများကြီးအထောက်အကူပြုသလို ရောင်းချမှုတွေလဲလုပ်ထားပြီးပါပြီ ဒီလေလံပွဲရဲ့ တိုက်ရိုက်၀င်ငွေတွက်ချက်မှုကတော့ ၀ိညာဥ်ရွှေပြားသန်းငါးဆယ်အထက်ကို ကျော်လွန်မှာပါ ဒီပမာဏနဲ့ဆိုရင် ငါတို့တွေရဲ့ လူတွေကိုအသုံးချပြီ နေလနိုင်ငံတော်ကပစ္စည်းတွေအများကြီးကို၀ယ်လို့ရတယ် ”
ကြယ်တာရာလော့ဧကရာဇ်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်းတွေက ထွက်ပေါ်လာခဲ့ပါပြီ။
” ကောင်းပြီ နှစ်ဖွဲ့ကြားမှာမီးပွားတွေဖြစ်လာအောင် အမြန်ဆုံးလုပ်ရအောင် ”
” အမိန့်အတိုင်းပါ ”
သုံးဆယ်မိနစ်က လုံလောက်တဲ့အချိန်ပါပဲ လူတွေအများကြီးကတော့ ကိစ္စတွေကိုရှင်းထုတ်ပြီးပါပြီ။
အမျက်ဒေါသကျောင်းတော်ရဲ့လူတွေကတော့ ဆက်တိုက်တက်လာနေတဲ့ စျေးတွေကိုထိုင်သာကြည့်နေခဲ့ပါတယ်။
စဖွင့်တဲ့စျေးကတင် ၀ိညာဥ်ရွှေပြားသန်းတစ်ရာဖြစ်နေခဲ့ပါတယ်။ မင်းသမီးကျိုးကျိုးကတော့ သမိုင်းတစ်လျှောက်လုံးမှာ အကြီးဆုံး လေလံတင်ရောင်းချမှုလို့ ပြောခဲ့ပြီသားပါ။
နောက်ထပ်ဖြစ်လာတဲ့ကိစ္စကတော့ ရက်စက်ပြီကြမ်းတမ်းတယ်လို့သာပြောလို့ရပါတယ်။ အဖွဲ့သုံးဖွဲ့က အစကထဲကနေ ဆက်တိုက်တိုက်ခိုက်လို့နေခဲ့ပါတယ်။ စျေနှုန်းကတော့ ဖြည်းဖြည်းချင်းမြင့်တက်လို့သွားခဲ့ရင် ၀ိညာဥ်ရွှေပြားသန်းသုံးရာအထိကို ရောက်သွားခဲ့ပါပြီ။ ဒီအရေအတွက်ကိုရောက်ချိန်မှာတော့ စျေးခေါ်တဲ့အရှိန်နှုန်းက ဖြည်းဖြည်းချင်းတည်ငြိမ်လို့သွားပါတော့တယ်။ ၀ိညာဥ်ရွှေပြားသန်းတစ်ရာဆိုတာက လူတိုင်းထုတ်နိုင်တဲ့ပမာဏမဟုတ်ပါဘူး။
ဒီတစ်ကြိမ်မှာပဲ အရေအတွက်က ရုတ်တရက်ပြောင်းလဲသွားတော့တယ်။
” ၀ိညာဥ်ရွှေပြားသန်းတစ်ရာငါးဆယ် ”
လူတစ်ယောက်က သန်းနှစ်ဆယ်တိတိကို တစ်ပြိုင်နက်ထဲထွက်လာတာပါ။
အလင်းပြင်ကြီးရှေ့မှာ ထိုင်နေတဲ့လူငယ်ကတော့ ဒုတိယအခန်းကလူငယ်ဖြစ်ပါတယ်။
” ဘယ်သူငါနဲ့ပြိုင်နေလဲဆိုတာ ငါသိချင်လိုက်တာ ”
သူ့ဘေးနားမှာလဲ လူတွေအများကြီးထိုင်နေကြပါတယ်။ သူတွေရဲ့အမူအရာကတော့ နည်းနည်းလေးမတူညီကြပါဘူး။ တချို့ကမနာလိုနေကြသလို တချို့ကလဲ မတူညီတဲ့မျက်နှာထားနဲ့ ရှိနေခဲ့ပါတယ်။ တချို့က မနာလိုဖြစ်နေကြပြီ တချို့ကတော့ မကျေနပ်တဲ့ပုံပါပဲ။
အကယ်၍ အမျက်ဒေါသကျောင်းတော်ကလူတွေသာ ဒီနေရာမှာရှိနေခဲ့မယ်ဆိုရင် တစ်ဖက်လူတွေကိုသိကြမှာပါ။ ဒါကတော့ နေလနိုင်ငံတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က လူတွေပါပဲ။ အရှေ့ဆုံးမှာရှိနေတဲ့လူက အကြိုအဖွဲ့ရဲ့ခေါင်းဆောင်ရှောင်ဟုန်ချန်ပဲ ဖြစ်ပါတယ်။ အကြီးအကဲမုကတော့ မျက်မှောင်ကြုတ်လိုက်တယ်။
” စျေးမြင့်တာ မြင့်လွန်နေတယ်မထင်ဘူးလား ၀ိညာဥ်ရွှေပြားသန်းနှစ်ဆယ်ကို တစ်ပြိုင်နက်ထဲမြင့်လိုက်တာက များလွန်တယ်လေ ”
ရှောင်ဟုန်ချန်က ခေါင်းခါလိုက်တယ်။
” ဒါကပြိုင်တဲ့သူတွေလန့်သွားပြီ ဆက်မပြိုင်နိုင်တော့အောင် ခြိမ်းခြောက်လိုက်တာပဲ အကယ်၍ သူတို့ကိုသာ ဖြည်းဖြည်းလေး ချေမှုန်းနေမယ်ဆိုရင် စျေးကပိုပြီးမြင့်လာလိမ့်မယ် ”
မာယုလုံက အသံခပ်တိုးတိုးနဲ့မေးလိုက်ပါတယ်။
” ပစ္စည်းတစ်ခုထဲအတွက်နဲ့ ဒီလောက်ငွေကိုသုံးတာ တန်လို့လား ”
ရှောင်ဟုန်ချန်ရဲ့ စိတ်ခံစားချက်နဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေက ဒီနှစ်တစ်သိန်းသားရဲကောင်ရဲ့ သန္ဓေသားကြောင့် အများကြီးလွှမ်းမိုးခံလိုက်ရပါပြီ။ ဒါ့အပြင် သူက အိပ်မက်ထဲလမ်းလျှောက်နေသလိုပုံစံမျိုး ဖြစ်နေခဲ့ပါတယ်။ ဒုတိယတစ်ခေါက်တောင်မတွေးတော့ပဲ သူပြန်ဖြေလိုက်တယ်။
” တန်တာပေါ့ ငါကကျောင်းတော်ရဲ့ ငွေတွေကိုလဲသုံးနေတာမဟုတ်ဘူးလေ ဒီရတနာနဲ့ဆိုရင် အမွှာသိုင်းပညာ၀ိညာဥ်ကို ရနိုင်သလို နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ အရိုးကိုလဲရနိုင်တယ်…ဒါက တစ်သက်မှာတစ်ခါပဲကြုံရတဲ့အခွင့်အရေးပဲ ဘယ်လိုလုပ်လက်လွှတ်ခံနိုင်မှာလဲ ”
မာယုလုံရဲ့မျက်နှာက မဲမှောင်လို့သွားပေမဲ့ အကြီးအကဲမာက သူ့ကိုဘာမှမပြောတော့အောင် စိုက်ကြည့်နေခဲ့ပါတယ်။ တတိယအခန်းထဲမှာကတော့ တစ်စုံတစ်ယောက်က အော်နေခဲ့ပါပြီ။
” ဒီခွေးမသားကတော့လေ ဘယ်ကောင်စျေးမြင့်လိုက်လဲပြောစမ်းပါ ငါဒီကောင်ကိုသတ်ပြစ်မယ် ”
အဲ့ဒီအခန်းထဲမှာ နှစ်ယောက်သာရှိတာပါ။ သူတို့နှစ်ယောက်က အသက်လေးဆယ်အရွယ်လောက်ရှိပါတယ်။ စကားပြောနေတဲ့သူကတော့ အတော်လေးအရပ်ရှည်ရှည်နဲ့ ပိန်ပိန်ပါးပါးပုံစံရှိပြီ သူ့ရဲ့ညာဘက်လက်မောင်းကတော့ ပုံမှန်ထက်တုတ်ခိုင်နေခဲ့ပါတယ်။ ဘယ်ဘက်လက်မောင်းထက်ကို နှစ်ဆပိုကြီးနေခဲ့တာပါ။ သူတစ်ကိုယ်လုံးက သားရဲကောင်ကြီးတစ်ကောင်လိုမျိုး အငွေ့အသက်တွေကို ထုတ်လွှတ်နေခဲ့ပါတယ်။
သူ့ရဲ့ဘေးဘက်မှာရှိသူကတော့ ပိန်ပိန်ပါးပါးလူတစ်ယောက်ပါပဲ။ ခေါင်းကတော့အတော်ကြီးမားပြီ ခေါင်းကြီးအရုပ်လိုတူညီနေခဲ့ပါတယ်။ ခေါင်းပေါ်မှာပေါက်နေတဲ့ဆံပင်နည်းနည်းကလဲ အ၀ါရောင်ဖြစ်နေခဲ့ပြီ သူမျက်တောင်ခတ်လိုက်တိုင်းမှာ မျက်လုံးကမီးတွေဖြာထွက်လို့နေခဲ့တယ်။
” ဘယ်သူလဲဆိုတာ ရှာဖို့လိုပြီထင်ပါတယ်..အကယ်၍ ဒီပစ္စည်းကိုသာ သခင်လေးဆီပြန်မယူသွားနိုင်ဘူးဆိုရင်တောင် ဘယ်သူလုသွားလဲဆိုတာ သေချာပေါက်ရှာမှရမယ် ”
ခေါင်းကြီးကြီးနဲ့လူကတော့ ပြောပြီတဲ့နောက် တစ်ချက်ဝှေ့ရမ်းလိုက်ချိန်မှာ အခန်းထဲမှာရှိတဲ့လေထုတွေအားလုံးက တွန့်ကွေးသွားပါတော့တယ်။ သူ့အနေနဲ့ အခန်းတစ်ခုလုံးကို ထွင်းဖောက်မြင်နေရသလို ဒေါသမီးတွေတောက်လောင်နေခဲ့ပါပြီ။
အခန်းထဲမှာအစေခံလေးတွေက အမြဲတမ်းနှစ်ယောက်ဆီရှိပါတယ်။ ပထမဆုံးဒီလိုကြောက်စရာကောင်းမှုကို ခံစားလိုက်မိသူကတော့ လေလံပွဲအတွက် အလုပ်လုပ်နေတဲ့ မိန်းကလေးပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်တွေက တုန်ရီလို့သွားခဲ့သလို မျက်လုံးတွေကလဲ ဗဟာဟင်းလင်းဖြစ်သွားခဲ့ပါတယ်။ မြေပြင်မှာရပ်တန့်လို့သွားခဲ့ပြီ တစ်လက်မလေးတောင်မလှုပ်နိုင်တော့ပါဘူး။
ခေါင်းကြီးကြီးလူကတော့ အနောက်ဖက်မှာပြန်ထိုင်နေရင်းပြောလိုက်တယ်။
” မင်းဒီကိုလာခဲ့ ”
အနက်ရောင်၀တ်ရုံကို၀တ်ထားတဲ့ လေလံပြစ်တဲ့သူက ခပ်မြန်မြန်ပဲရောက်လာရင်း သူ့ရှေ့မှာရပ်လိုက်ပါတယ်။
” အခုစျေးမြင့်လိုက်တဲ့သူက ဘယ်သူလဲဆိုတာ သွားရှာလာခဲ့ ဘယ်ခွေးမသားကများ ၀ိညာဥ်ရွှေပြားသန်းတစ်ရာငါးဆယ်အထိ မြင့်လိုက်တာလဲ ”
” အမိန့်အတိုင်းပါ ကောင်းပါပြီ ”
ချက်ချင်းဆိုသလိုတလေးတစားဦးညွတ်ရင် သူမထွက်ခွာသွားပါတော့တယ်။
အကယ်၍ ၀ိညာဥ်စုပ်ယူခေါင်းလောင်းကိုအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်စန်ကွမ်းကန်သာ ဒီမြင်ကွင်းကိုမြင်မယ်ဆိုရင်ကတော့ သူပါးစပ်အဟောင်းသားဖြစ်နေတော့မှာပါပဲ။ အဲ့ဒီခေါင်းကြီးကြီးနဲ့ ၀ိညာဥ်ပညာရှင်က လူတွေအများကြီးရဲ့စိတ်ကို တစ်ချိန်ထဲမှာထိန်းချုပ်လိုက်တဲ့သူပါ။ တစ်ချိန်ထဲမှာပဲ သူသိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးနေစရာတောင်မလိုပါဘူး။ သူတို့တွေက သာမန်လူတွေနဲ့တူပေမဲ့ တကယ်ကို မယုံနိုင်လောက်အောင် ထူးဆန်းတဲ့မြင်ကွင်းဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာရှိတဲ့ လက်မောင်းကြီးကြီးနဲ့လူကတော့ ပြောလာခဲ့တယ်။
” ဒုတိယအစ်ကိုကြီးက တကယ်အင်အားကြီးတာပဲ ကျွန်တော်တို့တွေ ဒီလေလံပွဲက လူတချို့ကိုထိန်းချုပ်ရင်း ပစ္စည်းတွေကို အလွယ်လေးခို့လို့မရဘူးလား ”
သူပြောပြီတဲ့နောက် သူ့မျက်လုံးထဲမှာ လူသတ်လိုစိတ်အပြည့်နဲ့အကြည့်တွေက တောက်ပလာတော့တယ်။ ကြီးမားတောင့်ခိုင်တဲ့လက်မောင်းကြီးကလဲ အရင်ထက်ပိုကြီးမားလို့လာခဲ့ပါပြီ။ ဒါ့အပြင် အသံတစ်၀ုန်း၀ုန်းတွေကလဲ သူလက်လှုပ်ရှားတဲ့လေထုထဲမှာ ထွက်ပေါ်နေခဲ့ပါတော့တယ်။
အပိုင်း ၁၀၁•၃ ပြီး၏။