Switch Mode

Chapter – 101.2

နှစ်တစ်သိန်းဝိညာဉ်သားရဲကောင်ရဲ့ သန္ဓေသား

အပိုင်း ၁၀၁•၂

” နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ သန္ဓေသား ”
°°°
မင်းသမီးကျိုးကျိုးအနေနဲ့ လေလံပစ္စည်းအကြောင်းကို ချဲ့ကားပြောဆိုနေကြတယ်လို့ ထင်ပေမဲ့ အခုချိန်မှာတော့ ဒီစိတ်ကပြောင်းလဲလို့သွားခဲ့ပါပြီ။ မင်းသမီးကျိုးကျိုးပြောတာသာ မှန်မယ်ဆိုရင် ဒီနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်က သေချာပေါက် တန်ဖိုးဖြတ်လို့မရတဲ့ ရတနာတစ်ခုပါပဲ။

” ဒါကဖြစ်ကောဖြစ်နိုင်ရဲ့လား ”

ဟို့ယွိဟောင်က ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို မေးလိုက်ပါတယ်။

ရေခဲဧကရီက ဘာမှမပြောပါဘူး။ သူ့အနေနဲ့ အချိန်မရွေးပေါက်ကွဲမလိုခံစားနေရပါတယ်။ ဒီအချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တောင် သူ့ကိုသွားပြီမစရဲပါဘူး။ အဲ့ဒီအစား စိတ်ငြိမ်အောင်ထိန်းပေးနေခဲ့ရပါတယ်။

” ဒါတကယ်ဖြစ်နိုင်တယ်…မယုံနိုင်စရာကောင်းလောက်အောင်ပဲ မင်းတို့လူသားတွေက လူအဖြစ်ပြောင်းတော့မဲ့နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ကို သန္ဓေသားအဆင့်မှာတင် ဖမ်း၀ံ့တယ်ပေါ့ တကယ်ကို ကံကောင်းကြတာပဲ ဒါ့အပြင် အဲ့ဒီသန္ဓေသားကိုရအောင်ဖမ်းနိုင်တဲ့သူက သေချာပေါက် အချိန်အတော်ကြာပြင်ဆင်ထားတာပဲဖြစ်ရမယ်…၀ိညာဥ်သားရဲကောင်တစ်ကောင်က လူအဖြစ်ပြောင်းလဲဖို့ကြိုးစားနေတဲ့အချိန်မှာ အားအနည်းဆုံးပဲ အရမ်းကိုလဲ ဂရုစိုက်ဖို့လိုတယ်..ဒါ့အပြင်ဖမ်းတဲ့သူက သူ့ကိုမထောက်လှမ်းမိအောင်လို့ အင်အားကြီးတဲ့ဖုံးကွယ်နိုင်စွမ်းကိုလဲ လိုအပ်လိမ့်မယ်..အကယ်၍ ဒီသန္ဓေသားကသာ အတင်းအားသုံးပြီပေါင်းစည်းလိုက်မယ်ဆိုရင် သေချာပေါက် သိုင်းပညာ၀ိညာဥ်ဖြစ်လာမှာပဲ ဒါပေမယ့် မင်းတို့ငါတို့လိုမျိုး ကောင်းကောင်းပေါင်းစည်းနိုင်မှာမဟုတ်ဘူး …သိုင်းပညာ၀ိညာဥ်တစ်ခုဖြစ်လာမယ်ဆိုရင်တောင် သူ့မှာအသိစိတ်ကတော့ ကျန်နေဦးမှာပဲ တွေးကြည့်လိုက်ပါ ပေါင်းစည်းဖို့စိတ်မပါတဲ့သူက သေချာပေါက် ပြဿနာအများကြီးကို မဖန်တီးနိုင်ပေမဲ့ ကောင်းတဲ့ကိစ္စတော့ဘယ်ဟုတ်မလဲ ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်းသက်ပြင်းချလိုက်ပါတယ်။ သူလဲဒါကိုရရှိနိုင်ဖို့အခွင့်အရေးမရှိပါဘူး။ အကြီးအကဲအပြင်သူ့မှာ သိုင်းပညာ၀ိညာဥ်က သုံးခုရှိနေပါပြီ။ ဒါ့ပေမယ့် အဲ့ဒီအငွေ့တွေကိုကြည့်ရင်း ကိုယ့်ကိုကိုယ်မလိုချင်အောင် မလုပ်နိုင်ပဲဖြစ်နေခဲ့တယ်။

လူတွေကတင်းကြပ်တဲ့၀ိညာဥ်သားရဲကောင်တွေကို သတ်ဖြတ်တဲ့အချိန်မှာ ဒီလိုရှင်သန်မှုက အသင့်တော်ဆုံးပါပဲ။ လူသားတွေအနိုင်ရချိန်မှာ ၀ိညာဥ်စက်ကွင်းတွေကိုရရှိပါတယ်။ သူတို့တွေ အသတ်ခံရချိန်မှာတော့ လူသားတွေကအစာဖြစ်သွားမှာပါ။ ဒါပေမယ့် ဘယ်သူကမှ လူသားအငယ်တွေနဲ့ ၀ိညာဥ်သားရဲကောင်အငယ်တွေကို မရွေးချယ်ကြပါဘူး။ နှစ်ဖက်က ကလေးငယ်တွေကို သားရဲကောင်အငယ်တွေကို ထိခိုက်အောင်လုပ်တဲ့ကိစ္စက အတော်လေးရှက်စရာကောင်းတယ်လို့ မှတ်ယူထားကြပါတယ်။

မင်းသမီးကျိုးကျိုးက မိတ်ဆက်တာမပြီးသေးပါဘူး။ ဒါကြောင့် သူဆက်ပြောပါတယ်။

” လေးစားရပါသော ဂုဏ်ကျက်သရေရှိလူကြီးမင်းတို့ အများကြီးစိုးရိမ်မနေကြပါနဲ့ အကယ်၍ ပေါင်းစည်းတာမအောင်မြင်ခဲ့ဘူးဆိုရင် သေချာပေါက် သားရဲကောင်က သေရပါလိမ့်မယ်..တစ်ချိန်ထဲမှာပဲ၀ိညာဥ်စက်ကွင်းတွေနဲ့ ၀ိညာဥ်အရိုးတွေက ပေါ်လာမှာပါ ဒါကြောင့် ဘယ်လိုပဲပေါင်းစည်းပါစေ သေချာပေါက် သော့်လော့စွမ်းအားကိုပါပိုင်ဆိုင်မှရပါလိမ့်မယ်..မဟုတ်ရင် သားရဲကောင်သေဆုံးပြီ ဖြစ်လာတဲ့ရလဒ်တွေက သေချာပေါက် စုပ်ယူဖို့အများကြီးခက်ပါလိမ့်မယ်…ဒါ့အပြင် ၀ိညာဥ်သော့်လော့အဆင့်ကို ရောက်နေမှသာ အောင်အောင်မြင်မြင်ပေါင်းစည်းနိုင်မှာပါ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ပြဿနာကတော့ မရှိန်ိုင်ပါဘူး ”

” ဒါပေမယ့် အကယ်၍ အင်အားမကြီးရင်လဲ အဆင်ပြေပါတယ်..နတ်ဘုရားချိတ်ပိတ်အခင်းအကျင်းက အချိန်နဲ့လေဟာနယ်တွေကို ချိတ်ပိတ်နိုင်တယ်..အင်အားကြီးအစွမ်းအစရှိတာကြောင့် ထူးခြားတဲ့မန္တန်းကိုအသုံးချပြီ ဒီချိတ်ပိတ်စည်းကိုမဖွင့်ဘူးဆိုရင် သားရဲကောင်က အထဲမှာပဲရှိနေမှာပါ နှစ်တစ်ထောင်ကြာပြီသည်ဖြစ်စေ နှစ်တစ်သောင်းကြာပြီသည်ဖြစ်စေ ပျက်ဆီးနိုင်ပါဘူး..ဒါပေမယ့် ပြဿနာကတော့ ရှိနိုင်ပါတယ်..ဒီသားရဲကောင်ကို၀ယ်တဲ့ဘယ်သူမဆို အဆင့်ကိုး၀ိညာဥ်လက်နက်ကိုပါ ၀ယ်ရမှာပါ ဒါမှသာ သန္ဓေသားကိုထိန်းနိုင်မှာပါ ”

” အားလုံးကိုယူပြီ ပစ္စည်းကို ကြည့်ရှု့နိုင်ဖို့အတွက် အချိန်မိနစ်သုံးဆယ်ပါပဲ မိနစ်သုံးဆယ်ပြည့်ပြီတဲ့နောက် လေလံပွဲကိုစတင်ပါ့မယ်..ဒါ့အပြင် ငွေသားနဲ့အလှဲအလှယ်လုပ်ဖို့လဲ ပြင်ပေးထားမှာဖြစ်သလို အလှဲအလှယ်လုပ်လို့ရတဲ့ ပစ္စည်းတွေလဲ လက်ခံပါ့မယ်..ဒါပေမယ့် ဘယ်လိုအ​လှဲအလှယ်အတွက်မဆို ကော်မရှင်ခနှစ်ဆယ်ရာခိုင်းနှုန်းကို ကောက်ခံမှာပါ ဒါက တစ်သက်မှာတစ်ခါသာကြုံတွေ့ရမဲ့အခွင့်အရေးပါပဲ ဒီပစ္စည်းကလဲ တစ်လောကလုံးမှာ လက်ခံနိုင်တဲ့ပစ္စည်းဖြစ်တာကြောင့် သေချာပေါက် လူတစ်ယောက်ရဲ့စွမ်းအားကိုလဲ အများကြီးတိုးတက်စေနိုင်မှာပါ အခွင့်အရေးကို မလွဲချော်စေပါနဲ့ ”

နတ်ဘုရားချိတ်ပိတ်အခင်းအကျင်းရဲ့ပုံရိပ်က ဆက်တိုက်ဆိုသလို ပေါ်ထွက်လို့လာနေခဲ့ပါတယ်။ အထဲမှာရှိနေခဲ့တဲ့ အလင်းတန်းကလဲ ပိုလို့ကြည်လင်လာခဲ့ပါပြီ။ သေချာကြည့်မယ်ဆိုရင် ဒီအထဲမှာ လူသားလေးပုံသဏ္ဍာန်တစ်စုံတစ်ရာရှိနေတာကို မြင်ရမှာပါ။

၀မ်ယန်လဲ ခုံပေါ်မှာထိုင်နေရင်း သေချာအာရုံစိုက်နေခဲ့မိပါတယ်။ ဒီရတနာက သေချာပေါက် ဆွဲဆောင်မှုရှိလွန်တာအမှန်ပါပဲ။ ဒါပေမယ့် အားလုံးလဲ ကူကယ်ရာမဲ့နေခဲ့ပါတယ်။ ဒီပစ္စည်းရဲ့တန်ကြေးက ကြောက်စရာကောင်းလောက်အောင် မြင့်နေခဲ့လို့ပါ။ အမျက်ဒေါသကျောင်းတော်က ၀ယ်ချင်မယ်ဆိုရင်တော့ သူတို့လဲ ငွေကြေးအကြပ်အတည်စိုက်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့လက်ရှိအခြေအနေအရ ယူသွားဖို့တောင် အခွင့်အရေးမရှိပါဘူး။

ဒီတစ်ကြိမ်မှာပဲ မာရှောင်ထောင့်က အဖွဲ့ခေါင်းဆောင်အနေနဲ့ လက်ခုပ်တီးလိုက်ပါတယ်။ သူ့ရဲ့လက်ခုပ်တီးသံကြောင့် အားလုံးက သူ့ဆီအကြည့်ရောက်သွားပါပြီ။

” ကျောင်းတော်အနေနဲ့ ပစ္စည်းကောင်းတွေအားလုံးကို မပိုင်နိုင်တာ ကိစ္စမရှိဘူးလေ ဒီပစ္စည်းကဘယ်လောက်ကောင်းပေမဲ့ စျေးကြီးလွန်တယ်..ငါ့အတွက်တော့ စျေးအများကြီးမြင့်ထားတဲ့ပစ္စည်းပဲ ဒီလောက်ပိုက်ဆံနဲ့ဆိုရင် နှစ်ပေါင်းတစ်သိန်း၀ိညာဥ်သားရဲကောင် တချို့ကိုတောင်ဖမ်းလို့ရတယ်…ဒါ့အပြင် လေလံတင်တဲ့သူတွေကလဲ အများကြီးပြောထားပြီးပြီ သူ့ရဲ့အသေးစိတ်တွေကိုလဲ ငါမသိသေးဘူး..ဒီတန်ကြေးက ဒုတိယသိုင်းပညာ၀ိညာဥ်ဖြစ်နေပေမဲ့ ဒါကအောင်အောင်မြင်မြင်ပေါင်းစည်းမှဖြစ်မှာလေ ကျရှုံးသွားရင်ကောဘယ်လိုလဲ ငါတို့တွေပွဲပဲကြည့်ကြတာပေါ့ ”

ထိုက်ယွဲ့ဟန်လဲ သတိ၀င်လာတာကြောင့် ခေါင်းပဲညိတ်လိုက်ပါတယ်။

” ရှောင်ထောင့်ပြောတာမှန်တယ်..ဒီရတနာက ငါတို့တွေကြုံနိုင်ဖို့ခက်ပေမဲ့ ပိုင်ဖို့မလွယ်တဲ့အရာပဲ ငါတို့ရဲ့လက်ရှိငွေကြေးအနေအထားနဲ့ဆိုရင် ၀ယ်လို့ရတဲ့ပစ္စည်းမဟုတ်ဘူး ရှက်စရာတော့နည်းနည်းကောင်းတာပေါ့ ”

အဲ့လိုပြောချိန်မှာတော့ သူ့မျက်လုံးကမှောင်မိုက်လို့သွားတော့တယ်။ အကယ်၍ ကြယ်အလင်းလေလံအိမ်ရဲ့အနောက်ဖက်မှာ ရှိနေတဲ့သူတွေက တော်၀င်မိသားစုသာမဟုတ်ဘူးဆိုရင် သူတကယ်ပဲ တစ်စုံတစ်ခုကိုလုပ်မှာပါ။ စိတ်ထဲမှာကတော့ အမုန်းတွေပြည့်နေပါပြီ။ ဒီလိုရတနာမျိုးက သူ့အဖေတောင်အသေးစိတ်မသိပါဘူး။ သူသာသိခဲ့မယ်ဆိုရင်တော့။

ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကတော့ ကြည်လင်နေခဲ့ပါတယ်။ သူက ဒါကိုမလိုချင်ပါဘူး မလိုချင်တဲ့အတွက် သူ့စိတ်ကလဲတည်ငြိမ်လို့နေခဲ့ပါတယ်။ ၀မ်သုန့်ကိုကြည့်လိုက်ချိန်မှာကတော့ ၀မ်သုန့်က စားပွဲပေါ်ကသစ်သီးကိုယူပြီစားနေခဲ့တာပါ။ သူ့ထက်တောင် ပိုပြီးပုံမှန်ဖြစ်နေခဲ့ပါတယ်။ ၀မ်သုန့်ကိုကြည့်ရင်း ဟို့ယွိဟောင်က မေးလာခဲ့တယ်။

” ဘာလဲမင်းဒါကိုနည်းနည်းလောက်တောင်မလိုချင်ဘူးလား ”

၀မ်သုန့်က ခေါင်းခါလိုက်ပါတယ်။

” မလိုချင်ပါဘူး ”

မာရှောင်ထောင့်က သူတို့ပြောနေတာကိုကြားချိန်မှာတော့ စိတ်မထိန်းနိုင်ပဲ ၀င်ပြောပါတော့တယ်။

” နှစ်ယောက်စလုံးက အမွှာ၀ိညာဥ်ပညာရှင်တွေဖြစ်နေပြီ ဘာများထပ်လိုချင်သေးလို့လဲ ဒါပေမယ့် ဒီတိုက်ကြီးတစ်ခုလုံးမှာတော့ အမွှာ၀ိညာဥ်ပညာရှင်တွေ ဘယ်လောက်များများရှိကြလဲ မင်းတို့မသိဘူးမလား လက်တစ်ဖက်နဲ့တောင် တွက်ချက်ကြည့်ရတယ်..ငါတို့ကျောင်းမှာတောင် နှစ်ပေါင်းလေးရာအတွင်း တစ်ယောက်မှမမြင်ဖူးဘူး အခုသုံးယောက်တစ်ပြိုင်နက်ထဲပေါ်လာတာ ”

တစ်ချိန်ထဲမှာပဲ တံခါးခေါက်သံပေါ်လာပါတော့တယ်။ ချင်းယာက ထရပ်ရင်း ၀မ်ယန်ကိုတစ်ချက်ကြည့်လိုက်ပါပြီ။ သူ့ရဲ့ခွင့်ပြုချက်ကို တောင်းခံနေတဲ့အတိုင်းပါပဲ ၀မ်ယန်က ခေါင်းညိတ်လိုက်ချိန်မှာတော့ ချင်းယာတစ်ယောက်သာထပြီ တံခါးဖွင့်ပေးလိုက်ပါတော့တယ်။ ပထမဆုံး၀င်လာသူက မင်းသမီးကျိုးကျိုးဖြစ်ပြီ သူ့ရဲ့ရွှေရောင်၀တ်ရုံကို ၀တ်ဆင်ထားဆဲပါ။ သူ့ရဲ့အနောက်ဘက်မှာရှိနေတဲ့သူကတော့ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်ပါပဲ။

ဘယ်သူတွေဆိုတာကို မြင်မြင်ပြီချင်အချိန်မှာ ချင်းယာလဲ တုန်လှုပ်လို့သွားပါတော့တယ်။ နောက်ကိုခြေနှစ်လှမ်းလောက်ဆုတ်လိုက်ပြီ သူဒူးတစ်ဖက်ထောက်လိုက်တယ်။ အစေခံတွေအားလုံးကလဲ ဒူးနှစ်ဖက်စလုံးထောက်ချလိုက်ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတွေအားလုံးလဲ ကြယ်တာရာလော့ဧကရာဇ်ကို ရင်ပြင်ထဲမှာမြင်ပြီသားပါ။ ဒီလိုအနီးကပ်မြင်လိုက်ရချိန်မှာတော့ လန့်ကုန်ပါတော့တယ်။ ထိုက်ယွဲ့ဟန်ကတော့ ချက်ချင်းဆိုသလိုခုံပေါ်ကနေ ခုန်ထလာခဲ့ပြီ ဒူးတစ်ဖက်ထောက်ကာအရိုအသေပြုလိုက်ပါတော့တယ်။

” အရှင်ဧကရာဇ် ”

ကြယ်တာရာလော့ဧကရာဇ်ကတော့ လက်ကိုမြောက်ရင်းနဲ့သာ ပြောလိုက်ပါတယ်။

” အားလုံးထကြပါ ဒါကလေလံပွဲပဲ မင်းတို့ဧည့်သည်တော်တွေပါ ငါက ကျင်းပပေးတဲ့သူပေါ့ ဓလေ့ထုံတမ်းတွေလုပ်စရာမလိုပါဘူး…တကယ်တော့ လေလံပွဲကျင်းပသူအနေနဲ့ အစောကထဲက လေးစားမှုကိုပြသင့်တာပါ ယွဲ့ဟန် မင်းအဖေကငါ့အစ်ကိုကြီးပဲ ငါ့ကိုဦးလေးလို့ခေါ်သင့်တာပေါ့ ဘာကြောင့်ဒီလောက်ဓလေ့ထုံတမ်းဆန်ဆန်ပြုမှုနေရတာလဲ ”

ဒီတစ်ကြိမ်မှသာ အမျက်ဒေါသကျောင်းတော်ရဲ့လူတွေလဲ လန့်နေတာရပ်သွားပါတော့တယ်။ သူတို့တွေအားလုံးလဲ အရိုအသေပြုလိုက်ကြပြီ ဒါပေမယ့် ဒူးထောက်မဲ့အစား တစ်ချက်သာဦးညွတ်ကြတာပါ။ သူတို့တွေအားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့လူတွေပါ။ ဒါ့အပြင် သူတို့ကျောင်းအုပ်ဆိုတာက ဧကရာဇ်တွေနဲ့ တူညီတဲ့သူတွေပါပဲ။ ဒါကြောင့် ဒီလိုဦးညွတ်တာက သိပ်ပြီမလေးစားလဲရောက်သလို ရိုးသေတဲ့အပြုအမူလဲဖြစ်နေခဲ့ပါတယ်။

၀မ်ယန်က ဦးညွတ်ပြီတဲ့နောက် တအံ့တဩပြောလာခဲ့ပါတယ်။

” အရှင်ဧကရာဇ် ဘာများလုပ်နေတာများလဲ ”

ဧကရာဇ်တစ်ယောက် ဒီလိုမျိုးထွက်လာတာက အတော်ကိုအံ့ဩစရာကောင်းပါတယ်။ ဒါ့အပြင် သူ့ကိုယ်တိုင်ကလဲ လေလံပွဲရဲ့အဓိကနောက်ခံလူလို့ ဖော်ပြနေခဲ့ပါပြီ။

ဧကရာဇ်က ပြုံးပြရင်းပြောလိုက်ပါတယ်။

” အားလုံးကိုကြည့်ဖို့လာတာပါ အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတွေကို သေချာကြည့်ချင်တာအတော်ကြာပြီ ပြိုင်ပွဲတွေကိုတစ်ပွဲမှ မလွှတ်အောင်ကြည့်လာခဲ့တယ်လေ ဒါ့အပြင် အားလုံးကိုပါရမီနဲ့ စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုက တကယ်ကိုအထင်ကြီးစေတာပဲ ”

” ကျေးဇူးပြုပြီး ကြွပါအရှင်ဧကရာဇ် ”

၀မ်ယန်က ထိုင်ဖို့လက်ဟန်ပြရင်း ပြောလိုက်ပါတယ်။

ကြယ်တာရာလော့ဧကရာဇ်က ခေါင်းခါလိုက်ပါတယ်။

” မလိုတော့ဘူး အားလုံးပဲဒီပစ္စည်းဘယ်လောက်အံ့ဩစရာကောင်းလဲဆိုတာ မြင်ရမှာပါ ဒါကြောင်ငါ့ရဲ့ဒီရတနာကို မကောင်းတဲ့လူရဲ့လက်ထဲမရောက်စေဖို့ စောင့်ကြပ်ဖို့လိုတယ်..ဒီပစ္စည်းအကြောင်းပြောရမယ်ဆိုရင် တကယ်ရောင်းမထုတ်ချင်ဘူး..ဒါပေမယ့် နိုင်ငံတော်တစ်ခုလုံးရဲ့ကုန်ကျစရိတ်က အတော်ကိုမြင့်တယ်လေ ဒါကြောင့် မြတ်နိုးရတဲ့အရာတွေကို တစ်ခါတစ်လေမှာ စွန့်လွှတ်ရတာပဲ ဒီနေ့မှာပါရမီရှိတဲ့သူတွေကို လာကြည့်တဲ့အပြင် ဒီတစ်ခေါက်လေလံပွဲမှာ ပြဿနာရှိနေတာကို သတိပေးတဲ့အတွက်လဲ ကျေးဇူးတင်စကားဆိုချင်တာပါ နောက်ဆုံးမှာတော့ လေလံအိမ်ရဲ့အပေါ်ထားရှိတဲ့ယုံကြည်မှုကို ထိန်းသိမ်းနိုင်လိုက်ပြီ ”

မင်းသမီးကျိုးကျိုးက ပြောလာခဲ့တယ်။

” အခုပဲကျွန်မရဲ့ထိန်းချုပ်မှုအောက်မှာ ရေခဲကျောက်စိမ်းကင်းမြီးကောက်အရိုးကို လေလံအိမ်အတွက်ပဲပြန်သိမ်းလိုက်ပါပြီ ဒါပေမယ့် နောက်ထပ်ကိစ္စတွေကို ဖြေရှင်းဖို့အတွက် ပစ္စည်းကိုနောက်ထပ်မရောင်းတော့ပါဘူး..အမျက်ဒေါသကျောင်းတော်ရဲ့ အချိန်ကိုက်သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်..ဒါကိုလက်ဆောင်တစ်ခုအဖြစ်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ အကယ်၍ အမျက်ဒေါသကျောင်းတော်ကသာ တိုက်ကြီးရဲ့အဆင့်တက်စာမေးပွဲမှာ ချန်ပီယံဖြစ်လာခဲ့မယ်ဆိုရင် ဒီရေခဲကျောက်စိမ်းကင်းမြီးကောက်ဘယ်ဘက်အရိုးကို မူလပြိုင်ပွဲဆုလာဘ်အပြင် ထပ်ပေါင်းပြီပေးပါ့မယ်…ဒါကိုလျှို့၀ှက်ချက်အဖြစ်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ် ”

မင်းသမီးကျိုးကျိုးက ကိုယ်တိုင်မပြောရင်တောင် စျေးကိုသန်းသုံးဆယ်အထိ မြင့်လိုက်တဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးသိပြီသားပါ။ ဒီနည်းလမ်းကိုအသုံးပြုရင်း တခြားသူတွေအနေနဲ့ လေလံအိမ်က ဒီပစ္စည်းကိုဘာကြောင့်ရောင်းမထုတ်ချင်လဲဆိုတဲ့ကိစ္စကို ဖုံးပြီသားဖြစ်သွားပါလိမ့်မယ်။

ဒါက၀မ်ယန်နဲ့ အားလုံးလဲလန့်သွားခဲ့ပါတယ်။ ရေခဲကျောက်စိမ်းကင်းမြီးကောက်ရဲ့လက်မောင်းအရိုးက စျေးမသတ်မှတ်ထားပေမဲ့ တကယ်ကိုတန်ဖိုးကြီးတဲ့အရာပါပဲ သေချာပေါက် ဟို့ယွိဟောင်အတွက်တော့ တန်ဖိုးဖြတ်လို့မရတဲ့အရာပါ။ ၀မ်သုန့်ရဲ့ ရွှေအလင်းဘယ်ဘက်လက်မောင်းအရိုးကတောင် ပိုတန်ကြေးကြီးပါသေးတယ်။ ဒါက သူ့အတွက်အများကြီးတန်ဖိုးနည်းနေပါပြီ။ ကြယ်တာရာလော့နိုင်ငံတော်က သူတို့ကို လက်ဆောင်အဖြစ်ပေးဖို့ ရည်ရွယ်လိုက်တာ အဆုံးစွန်းရေခဲကို အသုံးပြုသူက လိုအပ်နေလို့ပါ။ ဒါ့အပြင် ဒီလိုကြီးမားတဲ့ဒီကျေးဇူးကြွေးက ၀မ်ယန်အနေနဲ့တောင် လက်ခံဖို့မ၀ံ့ရဲတဲ့အရာပါပဲ။

အပိုင်း ၁၀၁•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset