Chapter – 5.2 ” ပထမဆုံး အကြည့်တစ်ချက် ”
°°°
” ကောင်းပြီ ညီလေး မင်းပြောခဲ့တယ်မဟုတ်လား မင်းရဲ့၀ိညာဥ်စွမ်းရည်ကို ဘယ်လောက်အချိန်ကြာကြာ အသုံးပြုလို့ရလဲ မသိသေးဘူးလို့ ဒါဆိုရင် ငါတို့တွေ လေ့လာကြည့်ရအောင် တိုက်ပွဲထဲမှာ နောက်ထပ် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လဲ ပိုပြီး အသုံး၀င်လိမ့်မယ်…မင်းရဲ့ကိုယ်ပိုင်အရည်အချင်းကို နားလည်ပြီးသဘောပေါက်သွားလို့ရှိရင်း ပိုပြီး အဆင်ပြေလိမ့်မယ် ”
ပေ့ပေ့ရဲ့ အကြုံပြုချက်ကြောင့် ဟို့ယွိဟောင်လဲ စတင်ပြီး အသုံးပြုပါတော့တယ်။ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းက မျက်၀န်းထဲကနေ ထွက်ပေါ်လို့လာခဲ့ပြီး သုံးဖက်မြေပုံရိပ်တွေက ဘေးပတ်၀န်းကျင် မီတာသုံးဆယ်အတွင်းရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။ သူနဲ့ ပေ့ပေ့ရဲ့စိတ်ထဲကို ဒီလိုထောက်လှမ်းမှုက ၀င်ရောက်လာခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းရှာဖွေမျှဝေက အရမ်းကို ပြိုင်ဘက်ကင်းနေခဲ့တယ်။ ဒါ့အပြင် အသေးစိတ်အပြောင်းအလဲတွေကအစ မြင်ရဖို့ကူညီပေးခဲ့တယ်။
ပေ့ပေ့ပိုပြီး လေ့လာလေလေ ပေ့ပေ့ ပိုပြီးထိတ်လန့်လာလေပါပဲ။ ဒီလိုမျှဝေပြီး ထောက်လှမ်းတဲ့အရာက သာမန်အကူစူးစမ်းလေ့လာရေးအရည်အချင်းတွေထက် အများကြီးပိုပြီး သာလို့နေခဲ့တယ်။ ဒါ့အပြင် သူ့အတွက်တော့ နောက်ထပ်ဦးနှောက်တစ်ခုရလိုက်သလိုပါပဲ။ အသေးစိတ်အချက်အလက် တစ်ခုချင်းဆီတိုင်းက အပြောင်းအလဲမရှိ ဟာကွက်မရှိပဲနဲ့ မြင်နေခဲ့ရတယ်။ ဒီအရည်အချင်းရဲ့ သက်ရောက်မှုအောက်မှာဆိုရင် မရေမတွက်နိုင်တဲ့ မျက်လုံးတွေအများကြီး ရှိပြီး အရာအားလုံးကို အပေါ်ဆီကနေ မြင်နေခဲ့ရသလိုပါပဲ။
သူ့ကိုပိုပြီး အံ့အားသင့်စေတဲ့အရာကတော့ ဟို့ယွိဟောင်က ဒီစွမ်းရည်ကိုသုံးတဲ့အချိန်မှာ အရမ်းသက်သောက်သက်သာ ဖြစ်နေခဲ့တာပါ။ မောပန်းတဲ့ပုံစံတောင် တစ်စက်လေးမှမရှိနေခဲ့ပါဘူး။ သူတို့တွေ မျှဝေနေချိန်မှာ ထန်ယာ့ရဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေကိုလဲ မြင်နေခဲ့ရပါတယ်။ သူမ ၀ိညာဥ်စက်ကွင်းနဲ့ ပေါင်းစပ်ပြီးချိန်မှာ ခန္ဓာကိုယ်က ပိုပြီး သွယ်လျသွားသလို အရှိန်အ၀ါကလဲ ကြောက်စရာကောင်းလောက်အောင် အားကောင်းလာနေခဲ့ပါတယ်။ ဒါ့အပြင် အရေပြားပေါ်မှာ တောက်ပတဲ့ ရောင်စဥ်တန်းတစ်ချို့လဲ ပေါ်လာခဲ့ပြီး သူမရဲ့ချည်တွေနဲ့ သွေးတွေက ပိုလို့လှုပ်ရှားလာခဲ့ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာ ဆယ့်ငါးမိနစ်အချိန်က ကုန်ဆုံးလို့ သွားခဲ့ပါပြီး ဟို့ယွိဟောင်ရဲ့မျက်နှာက အနည်းငယ်ဖြူဖျော့သွားရုံကလွဲပြီး အပြောင်းအလဲကြီးကြီးမားမားမရှိခဲ့ပါဘူး။
ပေ့ပေ့ကတော့ စိတ်ထဲမှာ ချီးမွမ်းနေခဲ့မိပါတယ်။ အချိန်အကြာကြီးသုံးနိုင်တဲ့ စိတ်၀ိညာဥ်စွမ်းရည်ဆိုတာက တိုက်ပွဲအတွက် အသုံးပြုဖို့ အကောင်းဆုံးအရာပါပဲ။ ဒါ့အပြင် ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျှဝေမှုက တိုက်ပွဲထဲမှာ တခြားအသုံးပြုလို့ရတဲ့အရာတွေလဲ အများကြီးရှိနေသေးတယ်။ ဥပမာအားဖြင့် ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်တဲ့အချိန်မှာ ဖြစ်စေ အန္တရာယ်များတဲ့ခရီးစဥ်တွေမှာဖြစ်စေ အသုံးပြုလို့ရတဲ့အရာပါ။ မြင်ရဖို့လဲ ရှားပါးလွန်လှပါတယ်။
တစ်နာရီနီးပါးကြာတဲ့အထိ အရည်အချင်းကို ထိန်းချုပ်ထားပြီတဲ့နောက် သူလဲ နောက်ထပ် တောင့်မခံနိုင်တော့ပါဘူး။ ခန္ဓာကိုယ်က သိပ်ပြီး လှုပ်ရှားမှုမဖြစ်ပေမဲ့ စိတ်ထဲမှာတော့ ပြင်းပြတဲ့နာကျင်မှုက ၀င်ရောက်လို့လာခဲ့ပါပြီး ဒါ့အပြင် စတင်ပြီး မူးဝေလာရင်း လှဲကျမတတ်ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ချက်ချင်းဆိုသလို တင်ပလ္လင်ခွေထိုင်လိုက်ရင်း တရားထိုင်ပြီး စွမ်းရည်ကိုဖြည့်တင်းပါတော့တယ်။
ဟို့ယွိဟောင်အနေနဲ့ ဒီလိုပြင်းထန်တဲ့ နာကျင်မှုကို ခံစားရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ စိတ်၀ိညာဥ်စွမ်းအားအများကြီး ကုန်ဆုံးမှုကြောင့် ဗဟာဟင်လင်ဖြစ်သွားတဲ့ ခံစားချက်က သေချာပေါက် သက်သောက်သက်သာ မရှိလှတာတော့ အမှန်ပါ။
ပေ့ပေ့ကတော့ သူ့ကို တစ်ချိန်လုံးလေ့လာနေခဲ့ပါတယ်။ စွမ်းအင်တွေအများကြီး ကုန်ဆုံးအောင် အသုံးချပြီးတဲ့နောက်မှာတောင် ဟို့ယွိဟောင်ပြိုလဲမသွားတာကိုကြည့်ရင်း သူချီးမွမ်းနေခဲ့မိပါတယ်။ အဲ့ဒီနောက် ဆက်တိုက်ခေါင်းညိတ်ရင်း အသိအမှတ်ပြုနေခဲ့တယ်။ ဒီလိုမျိုးလူက ပါရမီရှင်တွေထက်ကို ပိုပြီးသာလွန်တယ်လို့ စိတ်ထဲမှာ တွေးထင်ထားခဲ့တာပါ။ သူ့ရဲ့စိတ်ထဲမှာ ဆရာတူညီလေးက စမ်းသပ်ချက်ကို အောင်မြင်သွားခဲ့ပါပြီ။
နှစ်တစ်ထောင်သားရဲကောင်ရဲ့ ၀ိညာဥ်စက်ကွင်းကို စုပ်ယူဖို့လိုအပ်တဲ့အချိန်က အတော်ကို ကြာရှည်ပါတယ်။ ဒါကြောင့် ပေ့ပေ့ကတော့ ပတ်၀န်းကျင်တစ်လျှောက်လှည့်ပတ်ကြည့်နေရင်း သားရဲကောင်တွေမလာနိုင်အောင် ဆေးတစ်ချို့ကို ဖြန်းထားခဲ့တယ်။ သူတို့ရဲ့ ကံကတော့ အတော်လေးကို ကောင်းပါတယ်။ ထန်ယာ့လေ့ကျင့်နေတဲ့ အချိန်မှာ ဆယ့်နှစ်သားရဲကောင်နဲ့ နှစ်တစ်ရာသားရဲကောင်တစ်ချို့သာ ပေါ်လာခဲ့တာကြောင့် ပေ့ပေ့က အကုန်လုံးကို မောင်းထုတ်နိုင်ခဲ့တယ်။ ဒါ့အပြင် နှစ်တစ်ထောင်သားရဲကောင်အစစ်မျိုးကိုလဲ နောက်ထပ် မတွေ့တော့ပါဘူး။ ဒါကြောင့် အခြေအနေတွေကတော့ ချောချောမွေ့မွေ့နဲ့ ပြီးသွားခဲ့ပါတယ်။
အသက်ပြင်းပြင်းရှုထုတ်လိုက်ရင်း ထန်ယာ့က မျက်လုံးတွေ ပွင့်လာခဲ့ပါပြီး တောက်ပတဲ့အလင်းတန်းက သူမရဲ့ မျက်လုံးလှလှတွေထဲမှာ ပေါ်လာခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်တွေကလဲ အများကြီးကို မြင့်တက်လို့သွားခဲ့တယ်။
၀ိညာဥ်ပညာရှင်တွေရဲ့ ကျင့်ကြံတဲ့လမ်းတစ်လျှောက်မှာ အဆင့်ဆယ့်သုံးက ဖြတ်ကျော်ဖို့အရေးကြီးတဲ့ အဆင့်တစ်ချို့ပါပဲ။ အဲ့ဒီအတားအဆီးတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင် ၀ိညာဥ်အကြီးအကဲနယ်ပယ်ကို ရောက်ရှိနိုင်ခဲ့ပါပြီး ၀ိညာဥ်အကြီးအကဲ နယ်ပယ်ကို ရောက်ရှိတာက အနာဂတ်အတွက် အတော်ကို ကောင်းမွန်တဲ့ အရာပါပဲ။ ပါရမီသိပ်မရှိတဲ့ ၀ိညာဥ်ပညာရှင်တွေကတော့ အဆင့်ဆယ့်သုံးမှာတင် တစ်သက်တာလုံး ရပ်တန့်လို့သွားပါတယ်။
“နောက်ဆုံးတော့ အောင်မြင်သွားပြီး ”
ထန်ယာ့က စိတ်လှုပ်ရှားမှုအပြည့်နဲ့ ထခုန်ပါတော့တယ်။ သူမရဲ့ ၀ိညာဥ်စွမ်းအားတိုးတက်လာမှုနဲ့အတူ ခြေထောက်အောက်ဖက်မှာ အ၀ါရောင်၀ိညာဥ်စက်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းတို့က ချက်ချင်းဆိုသလို ထွက်ပေါ်လို့လာခဲ့တယ်။ အဲ့ဒီအထဲမှာ လူတွေရဲ့ အာရုံကိုဖမ်းစားနိုင်ဆုံးကတော့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းပါပဲ။ တောက်ပတဲ့ခရမ်းရောင်အလင်းတန်းတွေက ခမ်းနားလို့နေခဲ့တယ်။ ထန်ယာ့ရဲ့ စွမ်းအားက လက်ရှိအချိန်မှာ လုံး၀ကို ကွာခြားသွားခဲ့ပါပြီ။
” ဂုဏ်ပြုပါတယ် ရှောင်ယာ့ ”
ပေ့ပေ့က ပြုံးပြရင်းနဲ့ ပြောလာခဲ့တယ်။ ထန်ယာ့ကတော့ ပျော်ပျော်ကြီးအော်ရင်း ပေ့ပေ့ဆီကို ခုန်၀င်ပြီး ဖက်ထားလိုက်ပါပြီ။
” ပေ့ပေ့ ကျေးဇူးပဲ ”
ပေ့ပေ့ကလဲ သူ့ကိုပြန်ဖက်ထားခဲ့ပါတယ်။
” အိပ်မက်တွေကို အောင်မြင်အောင်လုပ်ပေးမယ်လို့ ကတိပေးထားပြီးဆိုမှတော့ သေချာပေါက် လုပ်ပေးရမှာပေါ့ ”
ထန်ယာ့ကတော့ ပေ့ပေ့ရဲ့ ရင်ခွင်ထဲမှာ အနားယူနေရင်း ရုတ်တရက်ဆိုသလို ကြီးမားတဲ့ မျက်၀န်းတစ်စုံက သူတို့ကို စိုက်ကြည့်နေမှန်း သတိထားမိလိုက်ပါတယ်။ ချက်ချင်းဆိုသလို ဖက်ထားရာကနေ ထွက်လာပြီး ဟို့ယွိဟောင်ကို လှမ်းကြည့်ရင်း ပြောလာခဲ့ပါတော့တယ်။
” ဘာကြည့်နေတာလဲ ဆရာနဲ့ တပည့်ရဲ့ အချစ်ဆိုတာကို နင်မမြင်ဖူးဘူးလား ”
ဟို့ယွိဟောင်ကတော့ ရိုရိုသားသားပြန်ဖြေခဲ့ပါတယ်။
” ကျွန်တော်ဘယ်တုန်းကမှ မမြင်ဖူးဘူး ”
ထန်ယာ့ရဲ့ ပေ့ပေ့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်နေတာကို မြင်ချိန်မှာ စိတ်ထဲမသက်မသာဖြစ်မိပေမဲ့ မနာလိုဖြစ်ခဲ့တာတော့ မရှိပါဘူး။ သူ့ရဲ့ ဆရာတူအစ်ကိုကြီးနဲ့ ဆရာရှောင်ယာ့နှစ်ယောက်က တကယ်ကို လိုက်ဖက်ညီတဲ့ သူတွေပါ။
ပေ့ပေ့ကတော့ ချောင်းဟန့်ရင်းနဲ့ ပြောလာခဲ့တယ်။
” ကောင်းပြီလေ ၀ိညာဥ်စက်ကွင်းကို စုပ်ယူတာပြီးပြီဆိုမှတော့ ဒီနေရာက မြန်မြန်သွားကြရအောင် လွန်ခဲ့တဲ့နှစ်တွေမှာ သစ်တောထဲပြဿနာဖြစ်တာတွေက ပိုပိုပြီးများလာတယ်…ငါတို့ရဲ့ ဒီပတ်ပတ်လည်မှာ နှစ်တစ်ထောင်သားရဲကောင် ထပ်ပြီး မရှိသေးပေမဲ့ မြန်မြန်သွားတာက ကောင်းလိမ့်မယ် ”
ထန်ယာ့ကလဲ ခေါင်းညိတ်လိုက်ပါတယ်။
” သွားမယ်လေ ”
အဲ့ဒီအချိန်မှာပဲ မိုးကတော့ချုပ်နေခဲ့ပါပြီး ဒါပေမယ့် သစ်တောထဲမှာ တစ်ညအိပ်တာက သေချာပေါက် ကောင်းတဲ့အစီအစဥ်မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် သူတို့သုံးယောက်က ဘယ်လောက်ပဲ မောပန်းနေပါစေ သစ်တောအပြင်ဘက်ကို ခပ်မြန်မြန်ပဲ ပြေးလာခဲ့ကြပါတော့တယ်။
စိတ်၀ိညာဥ်စွမ်းအားတွေ ပြန်လည်ရရှိသွားပြီဖြစ်တဲ့ ဟို့ယွိဟောင်ကတော့ သူ့ရဲ့ စိတ်၀ိညာဥ်စူးစမ်းရှာဖွေမှုကို နောက်တစ်ကြိမ် အသုံးပြုထားရင်း ခရီးလမ်းပန်းကို လုံခြုံအောင် ကူညီလို့ပေးနေခဲ့တယ်။ ဒါကြောင့် လမ်းတစ်လျှောက်မှာ နှစ်တစ်ထောင်သားရဲကောင်တွေကိုတောင် အသာလေးရှောင်ရှားနိုင်ခဲ့ပါတယ်။
နှစ်နာရီနီးပါး ခရီးဆက်လာပြီတဲ့နောက် သူတို့တွေ ငါးကင်စားခဲ့တဲ့နေရာကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ အဲ့ဒီနေရာက ကြယ်တာရာသစ်တောနဲ့ ဆယ့်မိုင်ကျော်လောက် ခရီးရှိနေခဲ့တယ်။ နောက်ဆုံးမှာတော့ အန္တရာယ်တွေကနေ လွှတ်ကင်းခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ နောက်တစ်ကြိမ် စာဖိုမှုလုပ်ရပြန်ပါတော့တယ်။ ထန်ယာ့ရဲ့ ပြင်းထန်တဲ့ တောင်းဆိုမှုအောက်မှာ သူနောက်ထပ် ငါးတွေအများကြီးကင်နေခဲ့ရတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူငါးဖမ်းပေးဖို့မလိုပါဘူး။
ပေ့ပေ့က လက်ဆန့်ထုတ်ရင်း ရေထဲကို ညွှန်လိုက်ရုံနဲ့ ငါးတွေက သူနဲ့လက်ထဲကို ပါလာခဲ့ကြတယ်။ ဒါ့အပြင် သူ့ရဲ့ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးနည်းလမ်းကို အသုံးပြုပြီး ငါးတွေကိုလဲ အမြန်ရှင်းလင်းပေးပါသေးတယ်။ ချက်ချင်းဆိုသလို စားလို့ရနိုင်လောက်တဲ့အထိ ခပ်မြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့တယ်။
ထန်ယာ့ကတော့ သူ့ရဲ့ ထိန်းသိမ်းရေးအိတ်ထဲကနေ ၀ိညာဥ်လက်နက်တစ်ချို့ကိုတောင် ထုတ်ယူလို့လာခဲ့ပါပြီး အဲ့ဒီနောက် သူတို့သုံးယောက်အတူတူ ထိုင်ရင်း အပြည့်အ၀ စားသောက်ကြပါတော့တယ်။
ထန်ယာ့က အရမ်းကို လန်းဆန်းတက်ကြွတဲ့သူဖြစ်တာကြောင့် သူက အများဆုံးစားတဲ့သူပါပဲ။ စားသောက်ပြီးတဲ့နောက် သစ်ပင်ကြီးဘေးမှာရှိတဲ့ မီးပုံမှာအိပ်ပါတယ်။ တခြားတစ်ဖက်မှာတော့ အကျိုးကျေးဇူးအများဆုံးရတဲ့သူက ဟို့ယွိဟောင်ပါပဲ။ သူက အခုအထိ အိပ်မပျော်သေးပါဘူး။ ခန္ဓာကိုယ်က ဘယ်လောက်ပဲ ပင်ပန်းနေပါစေ မောပန်းမှုကို ဆက်တိုက်ဆိုသလို တောင့်ခံလို့ထားခဲ့ရင်း ပေ့ပေ့ကို အကြုံပြုချက်တွေ တောင်းခံနေခဲ့တယ်။ ဒါ့အပြင် လမ်းညွှန်မှုတွေကိုလဲ နားထောင်နေခဲ့ရပါသေးတယ်။
ပေ့ပေ့ကတော့ ဟို့ယွိဟောင်ရဲ့ လုံလ၀ိီရိယကို အတော်လေး သဘောကျနေခဲ့တယ်။ သူ့ရဲ့အပေါ်၀တ်ရုံကို ချွတ်ပြီထန်ယာ့ကို ခြုံပေးလိုက်ပြီးတဲ့နောက် ကျင့်ကြံတဲ့ နည်းစနစ်တွေကို အသေးစိတ်ကျကျ ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင် စတင်လေ့ကျင့်ဖို့ကိုလဲ ကူညီပေးခဲ့တယ်။
ထူးဆန်းကောင်းကင်နည်းလမ်းကတော့ ဟို့ယွိဟောင်ရဲ့ သာမန်တရားထိုင်တဲ့နည်းလမ်းထက် အများကြီးပိုပြီး ရှုပ်ထွေးသလို အကျိုးကျေးဇူးကလဲ မနည်းပါဘူး။ ဒီနည်းလမ်းကို အသုံးပြုပြီး ဖြတ်သန်းဖြတ်သွားလုပ်ရတဲ့ လမ်းတစ်လျှောက်မှာ နားလည်သဘောပေါက်ဖို့အတွက် အဓိက အချက်တွေကအများကြီးလိုအပ်နေခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားကလဲ ဒီလိုများပြားတဲ့ နေရာတွေကိုတောင် တစ်ခါမှမဖြတ်သန်းခဲ့ဖူးပါဘူး။
ဟို့ယွိဟောင် လေ့ကျင့်နေတဲ့အချိန်မှာ လုံခြုံစေဖို့အတွက် ပေ့ပေ့က သူ့ဘေးနားမှာ အမြဲတမ်းထိုင်စောင့်လို့နေခဲ့ပါတယ်။ ပေ့ပေ့ရဲ့ လက်တွေက ဟို့ယွိဟောင်ရဲ့ ကျောအလယ်ဗဟိုကို ထိတွေ့လို့ထားခဲ့ရင်း သူ့၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး ညွှန်ပြကူညီလို့နေခဲ့တယ်။
အပိုင်း ၅•၂ ပြီး၏။