Switch Mode

Chapter – 101.1

နှစ်တစ်သိန်းဝိညာဉ်သားရဲကောင်ရဲ့ သန္ဓေသား

အပိုင်း ၁၀၁•၁

” နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသား ”
°°°
” ဆရာ၀မ် ”

ရှားရှားပါးပါးဖြစ်စဥ်မျိုးမှာ လင်းလော့ချန်က ပြောလာခဲ့ပါတယ်။

” ဒီကြယ်အလင်းလေလံအိမ်က ၀ိညာဥ်အရိုးကို ပြစ်ချက်ရှိမှန်းသိနေရဲ့သားနဲ့ ဒီလောက်ကြီးစျေးခေါ်နေတာ သူတို့ဘာသာသူတို့ ပြန်၀ယ်တာရော မဖြစ်နိုင်ဘူးလား “:

သူမက အစောပိုင်းမှာ ဟို့ယွိဟောင်ရဲ့စကားကြောင့် အတော်လေး စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ ဒါကြောင့် ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းဖို့ကိစ္စကို တွေးမိပေမဲ့ ဒီလိုပြစ်ချက်ရှိနေခဲ့မယ်ဆိုရင်တော့ တစ်ဖက်ကသူတို့ကို ရောင်းဖို့စိတ်၀င်စားဆုံးဖြစ်မှာပါ။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်က အဆုံးစွန်းရေခဲ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်နေခဲ့တာကြောင့် တခြားသူကိုရောင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။

” လျှောက်မပြောနဲ့လေ ”

၀မ်ယန်က ပြောလိုက်ပါတယ်။

ချင်းယာက ၀မ်ယန်အနားကိုကပ်ရင်း စကားတချို့ပြောလိုက်ပါတယ်။ ၀မ်ယန်ကတော့ ရယ်မောရင်း ပြန်ဖြေလိုက်တယ်။

” ဒီလိုဖြစ်မယ်ဆိုတာ ခန့်မှန်းမိသားပါ ဒီနေရာမှာစောင့်နေပါ့မယ်..နောက်ဆုံးလေလံပစ္စည်းရှိတယ် မဟုတ်လား အဲ့ဒါကို တစ်ချက်ကြည့်ရအောင် ရေခဲကျောက်စိမ်းကင်းမြီးကောက်ထက်ကို ပိုတန်ကြေးရှိတဲ့အရာက ဘာများထပ်ရှိနိုင်ဦးမှာလဲ ”

၀မ်ယန်ရဲ့အမူအရာကို မြင်ချိန်မှာတော့ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန် နှစ်ယောက်စလုံးစိတ်အေးသွားပါတော့တယ်။ တစ်စုံတစ်ရာကိုလဲ နားလည်သွားခဲ့ပါပြီ။ ပေ့ပေ့ ဟယ့်ချိုက်ထို့နဲ့ ရှုစန်းရှီတို့အားလုံးကလဲ အံကြိတ်နေကြပါတယ်။ ရှုစန်းရှီကတော့ ကျန်းနန်နန်ရဲ့ သံသယကိုဖြေရှင်းဖို့အတွက်တောင် ကြိုဖြေဖို့လုပ်နေခဲ့တာပါ။

၀မ်သုန့်ကတော့ အစောပိုင်းမှာ လင်းလော့ချန်ကြောင့် အနည်းငယ်မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်က လင်းလော့ချန်နားနားကိုကပ်ပြီ တစ်စုံတစ်ရာပြောလိုက်လို့သာ ဒီကိစ္စတွေက ပြီးသွားပုံပါပဲ။ ရှောင်းရှောင်းကတော့ ဘာမှန်းမသိကိုဖြစ်နေခဲ့တယ်။ လင်းလော့ချန်ကတော့ မျက်မှောင်ကြုတ်ထားဆဲဖြစ်ပေမဲ့ ဘာမှမပြောတော့ပါဘူး။

တိုက်ကြီးရဲ့အဆင့်တက်ကျောင်းတော်စာမေးပွဲက ဆက်တိုက်ဖြေနေမှာဖြစ်တာကြောင့် ၀မ်ယန်အနေနဲ့လဲ သူ့ကျောင်းသားတွေကို အသိပညာရော ကြိုးစားမှုရောတိုးတက်စေချင်ပါတယ်။

” နောက်ဆုံးလေလံပွဲပစ္စည်း ရောက်လာပါပြီ ”

အဲ့ဒီရွှေရောင်အလင်းတန်းတွေက အလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီတဲ့နောက် မင်းသမီးကျိုးကျိုးက ပေါ်လာပြန်ပါတယ်။ သူမက ရွှေရောင်ဂါ၀န်ရှည်ကို ၀တ်ဆင်ထားခဲ့ပါပြီ။

နို့နှစ်လိုဖြူဖွေးနေတဲ့အသားအရေးက ရွှေရောင်နန်းတော်၀တ်စုံကို ၀တ်ဆင်ထားချိန်မှာ တစ်ချက်လေးမှ ပုံစံပြောင်းမသွားခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့ကောက်ကြောင်းတွေကိုတောင် ပေါ်လွှင်စေပါတော့တယ်။

ချင်းယာက ပြောထားပြီသားပါ။ ရွှေရောင်၀တ်စုံကို ၀တ်ဆင်ဖို့အတွက် သေချာပေါက် ၀ိညာဥ်ရွှေ​ပြားပေါင်းသန်းတစ်ရာပြည့်တဲ့အထိ ရောင်းချမှသာ ဖြစ်နိုင်မှာပါ။

မင်းသမီးကျိုးကျိုး၀တ်စုံပြောင်းလဲလိုက်တဲ့ပုံစံကိုကြည့်ရင်း ဒီလေလံပစ္စည်းက ဘယ်လောက်အထိ တန်ကြေးကြီးနေမှန်းသိပါပြီ။ ထိပ်တန်းလေလံပွဲမှာတောင် သူမက အားလုံးကို သေသေချာချာထိန်းထားနိုင်သူပါ။

” ဂုဏ်ကျက်သရေရှိလူကြီးမင်းတို့ နောက်ဆုံးလေလံပွဲပစ္စည်းက ဘယ်လောက်တန်ကြေးကြီးလဲဆိုတာ မင်းသမီးကျိုးကျိုးရဲ့အ၀တ်အစားကို ကြည့်ရုံနဲ့တင် သိနိုင်လိမ့်မယ်..ရိုးရိုးသားသားပြောရမယ်ဆိုရင် တစ်ဘ၀လုံးမှာ ဒီပစ္စည်းကို မြင်ဖူးတာပထမဆုံးအကြိမ်ပါပဲ…ကျွန်မရဲ့အမြင်အရကတော့ ဒီပစ္စည်းရဲ့ တန်ကြေးကို ငွေသားနဲ့တောင် အဖိုးဖြတ်လို့မရနိုင်ပါဘူး ”

မင်းသမီးကျိုးကျိုးက ရွှေရောင်၀တ်စုံကိုပြောင်းလဲလိုက်ပြီတဲ့အချိန်မှာ အနည်းငယ်အပြောင်းအလဲဖြစ်သွားခဲ့ပါတယ်။ အရင်နဲ့မတူညီတော့ပဲ ပိုပြီးဆွဲဆောင်မှုရှိလာခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူမရဲ့အသံကလဲပိုပြီး လေးနက်လို့နေခဲ့တယ်။ စကားတချို့ကို ပြောရုံနဲ့တင်ဘယ်လောကိအထိစိတ်ရင်းမှန်ကန်နေလဲဆိုတာကို သိသာစေခဲ့ပါတယ်။ သူမ ပြောသမျှအားလုံးကို လူတိုင်းကယုံကြည်နေကြမှာပါ။

” လေလံပစ္စည်းရဲ့နာမည်ကို ဖော်ပြပါရစေလား သူ့ရဲ့အဓိက အကျိုးသက်ရောက်မှုတွေအကြောင်းကို အရင်ဆုံးရှင်းပြပါ့မယ်..ရေခဲကျောက်စိမ်းကင်းမြီးကောက်ရဲ့ ဘယ်ဘက်အရိုးက အတော်ကိုရှားပါပြီ မြင့်မြတ်တဲ့ပစ္စည်းလို့ပြောလို့ရနိုင်နေပါပြီ နောက်ဆုံးပစ္စည်းကတော့ ထူးခြားပါတယ်..ဒါ့အပြင် ငွေသားနဲ့လဲ တန်ဖိုးဖြတ်လို့မရပါဘူး ”

” ဒီပစ္စည်းက တစ်ကြိမ်မှာတစ်ခါသာ ဖြစ်ပေါ်နိုင်ပြီ အထူးပြောရမယ်ဆိုရင် အဆင့်သဘောသတ္တိလဲရှိပါတယ်..လောကမှာလဲ တစ်ခုပဲရှိနိုင်တာကြောင့် ကျေးဇူးပြုပြီးကြည့်ကြပါ ”

သူပြောပြီတာနဲ့ ညာဘက်လက်ကိုဝှေ့ရမ်းလိုက်ချိန်မှာတော့ အလင်းပြင်က အပြောင်းအလဲဖြစ်သွားပါတော့တယ်။ အဖြူရောင်အလင်းတန်းတွေနဲ့အတူ ဗန်းတစ်ခုကပေါ်လာခဲ့ပါပြီ။ အဲ့ဒီဗန်းပေါ်မှာကတော့ နောက်ထပ်သစ်သားဗန်းရှိနေခဲ့ပြီ သစ်သားဗန်းထဲမှာကတော့ များပြားတဲ့ကျောက်မျက်ရတနာတွေအပြည့် နှစ်ထားသလိုတစ်စုံတစ်ရာရှိနေခဲ့ပါတယ်။ ဒီသစ်သားဗန်းရဲ့အပေါ်မှာကတော့ လွှင့်မျောနေတဲ့ဘောလုံးလိုတစ်စုံတစ်ရာရှိနေခဲ့တယ်။ အဲ့ဒီဘောလုံးလိုတစ်စုံတစ်ရာက အဖြူရောင်ပါ။ သူ့ရဲ့စွမ်းအားကို မသိရနိုင်ပါဘူး။ ဒါ့အပြင် ဘောလုံးလေးလိုပုံစံနဲ့သာ လွှင့်မျောလို့နေခဲ့တာကြောင့် ဘယ်လောက်ထူးခြားလဲဆိုတာကို အာရုံခံဖို့ ခက်ခဲနေခဲ့ပါတယ်။

ဒီလွှင့်မျောနေတဲ့ အငွေ့တွေက အတော်ကိုသိပ့်သည်းလို့နေခဲ့ပြီ လုံး၀လဲ ပြန့်ကျဲလို့မသွားခဲ့ပါဘူး။ တစ်စုံတစ်ရာကို ရုန်းကန်ရပြီ လွှတ်မြောက်ဖို့ကြိုးစားနေရသလိုပါပဲ။ အောက်ဖက်မှာရှိနေခဲ့တဲ့ သစ်သားဗန်းကတော့ ရွှေရောင်အလင်းတန်းတွေကို ထုတ်လွှတ်နေရင်း ရုန်းကန်နေတဲ့တစ်စုံတစ်ရာကို တားဆီးလို့နေခဲ့ပါတယ်။

” အားလုံးသိချင်နေကြမှာပါ ဒါကဘာကြီးလဲလို့ ပထမဆုံးကျွန်မဒါကိုမြင်တဲ့အချိန်မှာ ဘာမှန်းမသိခဲ့ပါဘူး…တကယ်ကိုမသိခဲ့တာပါ ဒါပေမယ့် အကြိမ်ကြိမ်လေ့လာပြီတဲ့နောက် အသေးစိတ်ကိုသိခဲ့ရပါတယ်..ဒီထွက်ပြေးနေတဲ့အငွေ့အသက်လေးတွေကို အထင်မသေးလိုက်ပါနဲ့ ဒါကိုမြင်ရတာကလဲ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်နေခဲ့ပါပြီ။ လေလံတင်သူတစ်ယောက်အနေနဲ့ ဒါမျိုးကိုပြောရမှာကတော့ အနည်းငယ်မလေးစားရာ ကျပါလိမ့်မယ်..ကျွန်မအနေနဲ့ ဒီပစ္စည်းရဲ့တန်ကြေးကို ဒီထက်လဲဘယ်လိုပြောရမှန်းမသိတော့ပါဘူး ”

” ၀ိညာဥ်သားရဲကောင်တွေရဲ့ လောကမှာဒီလိုအခြေအနေတစ်ခုရှိတာကို အားလုံးသိကြမှာပါ နှစ်တစ်သိန်းသက်တမ်းကို ရောက်ပြီးပြီဆိုရင် သူတို့မှာရွေးချယ်မှုတစ်ခုရှိလာပါလိမ့်မယ်..ဆက်ပြီကျင့်ကြံမလား ထိုးဖောက်တက်မလားဆိုတာကိုပါပဲ ဒါ့အပြင် ဒီလိုထိုးဖောက်တိုးတက်မှုက သူတို့ရဲ့၀ိညာဥ်ကို တခဏတာပျောက်ကွယ်သွားစေနိုင်ပါတယ်။ အကယ်၍ ထိုးဖောက်တိုးတက်မှုကို ကျော်ဖြတ်ပြီးသွားပြီဆိုရင် သူတို့တွေက ထူးကဲသာလွန်သားရဲကောင်အဖြစ်နဲ့ နှစ်နှစ်သိန်းသက်တမ်းအထိ ရောက်ရှိနိုင်မှာပါ ထူးကဲသာလွန်သားရဲကောင်တွေထဲမှာ အင်အားအကြီးဆုံးကတော့ ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ပါပဲ ”

” ဒါပေမယ့် သားရဲကောင်တွေအားလုံးက နှစ်တစ်သိန်းသက်တမ်းကို ရွေးချယ်ကြတာမဟုတ်ပါဘူး..သူတို့ရွေးချယ်တဲ့နောက်ရွေးချယ်မှုတစ်ခုလဲရှိပါတယ်…အဲ့ဒါကတော့ လူသားအဖြစ်ပြန်လည်မွေးဖွားတာပါ သူတို့အနေနဲ့ လူသားမူလပုံစံအစကို ပြောင်းလဲဖို့လိုပါတယ်…ပထမဆုံးကျင့်ကြံဆင့်ကို တိုးမြငိ့စေဖို့အတွက် သန္ဓေသားအဖြစ်ကို စတင်အသွင်ယူရမှာပါ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းအထိ ကျင့်ကြံနိုင်ပြီဆိုရင် သူတို့အနေနဲ့ လူသားအစစ်ဖြစ်လာနိုင်ပြီ ဒီလို၀ိညာဥ်သားရဲကောင်တွေက သေချာပေါက် ထူးကဲသာလွန်သော့်လော့အဖြစ် ရောက်ရှိနိုင်မှာပါပဲ ဒါပေမယ့် အရင်လမ်းကိုမရွေးပဲ ဒီလိုလမ်းကိုရွေးတဲ့ကိစ္စက အတော်ကိုရှားပါတယ်.. ဘာကြောင့်များလဲ ”

” မင်းတို့အနေနဲ့ ရှိရှိသမှကျင့်ကြံဆင့်တွေအားလုံးကို ဖယ်ရှားပြီ ပြန်လည်မွေးဖွားဖို့ရွေးချယ်တာက အရမ်းကိုခက်ခဲတာကြောင့်ပါ။ သူတို့ရဲ့၀ိညာဥ်စွမ်းရည်ကို ပြန်လည်ရရှိဖို့ ကြိုးစားရတာက ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တစ်ကောင်ကိုသတ်ဖြတ်ဖို့ သူတို့ကိုယ်သူတို့လဲ အားဖြည့်ဖို့ခက်ပါလိမ့်မယ်..ဒါ့အပြင် သူတို့ခန္ဓာကိုယ်တွေက လူသားတွေအဖြစ်နဲ့ဆို အားနည်းနေမှာပါ ၀ိညာဥ်သားရဲတွေကိုယ်တိုင်ပဲဖြစ်စေ အားအကြီးဆုံး၀ိညာဥ်ပညာရှင်တွေပဲဖြစ်စေ သေချာပေါက် လူနဲ့သားရဲကောင်ကြားကွားခြားက ရှိပါတယ်..ဒါကြောင့် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေအနေနဲ့ လူသား၀ိညာဥ်ပညာရှင်တွေ ဖမ်းဆီးပြီအမဲလိုက်တာကို ခံရလေ့ရှိတယ်…၀ိညာဥ်သားရဲကောင်ဆယ်ကောင်ထဲမှာ တစ်ကောင်ကသာအစောပိုင်းလမ်းကိုရွေးချယ်တာပါ ဒါ့အပြင် ဒီလမ်းကိုရွေးချယ်တဲ့ တော်တော်များများကလဲ အသက်ရှင်ဖို့မလွယ်ကူပါဘူး..ရလဒ်အနေနဲ့ ရွေးချယ်မှုပြုလုပ်တဲ့သားရဲကောင်တွေက ရှားပါးလှပြီ…သူတို့အနေနဲ့ နှစ်တစ်သိန်း၀ိညာဥ်သက်တမ်းအထိ ရောက်လာပြီဆိုရင်တောင်အတော်လေး ကံကောင်းတယ်လို့ပြောလို့ရမှာပါ ဒါ့အပြင် အမျိုးအစားကလဲ အတော်ကို ရှားပါးပြီ ရှင်သန်ဖို့တောင်ခက်ခဲတာတွေကလဲ များပါတယ် ”

” ဒီလောက်အများကြီးပြောပြီးပြီဆိုမှတော့ ဘယ်လိုပစ္စည်းဖြစ်မလဲဆိုတာကို ခန့်မှန်းလို့ရလောက်ပြီထင်ပါတယ်…နောက်ထပ်သတိပေးဖို့တော့ မလိုတော့ပါဘူး…ကျွန်မပြောသမျှအရာအားလုံးက ချဲ့ကားပြောဆိုထားတာမရှိပဲ အားလုံးအမှန်တွေကြီးပါပဲ ဒီနေ့နောက်ဆုံးလေလံတင်တဲ့ပစ္စည်းကတော့ နှစ်ပေါင်းတစ်သိန်းသက်တမ်းရှိတဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင် သူ့ရဲ့ကျင့်ကြံဆင့်ကို ချိုးဖောက်ပြီ လူသားအဖြစ်ပြန်လည်ရွေးချယ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အင်အားကြီးတဲ့သူတစ်ယောက်က ဖမ်းဆီးပြီ ထိန်းချုပ်ထားတာပါပဲ အဆင့်ကိုးနတ်ဘုရားချိတ်ပိတ်အခင်းအကျင်းထဲမှာ သူ့ကိုချိတ်ပိတ်ထားတာပါ ”

ကျိုးကျိုးရဲ့စကားကိုကြားပြီချိန်မှာ တစ်ခန်းလုံးတိတ်ဆိတ်သွားပါတော့တယ်။ ၀မ်ယန်တင်မကပဲ လူတိုင်းမျက်လုံးပြူးသွားခဲ့တာပါ။ ဟို့ယွိဟောင်ကတော့ ရေခဲကျောက်စိမ်းကင်းမြီးကောက်ရဲ့အရိုးနဲ့ အံ့ဩနေချိန်မှာပဲ ဒါကိုကြားပြီချိန်မှာတော့ ပါးစပ်အဟောင်သားဖြစ်သွားပါတော့တယ်။

၀ိညာဥ်သားရဲကောင်တွေကို ဒီလိုဖမ်းဆီးပြီ လူသားအဖြစ်ပြောင်းလဲတဲ့ကာလမှာ ပိတ်ဆို့ထားတယ်လား။ သန္ဓေသားအဆင့်မှာ ဒီလိုကြီးလုပ်လိုက်တာလား ဒါကဘာကိုဆိုလိုတာလဲ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေကို အလွယ်တကူသတ်လို့ရတယ်လို့ ပြောချင်တာပေါ့ ရလဒ်အနေနဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးနှစ်ခုစလုံးကို သူတို့ရနိုင်မှာပါ။ တစ်ချိန်ထဲမှာလဲ အရမ်းကိုရက်စက်ရာကြနိုင်ပါတယ်။

သေချာပေါက် ဒီအဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်က နေလနိုင်ငံတော်မှာသာ ဒီလောက်မြင့်မားတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ကို ပိုင်ဆိုင်ထားမှာပါ။

ဒါကရတနာစစ်စစ်ကြီးတစ်ခုပါပဲ။ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ နှစ်နှစ်သိန်းအရိုးတို့က လောကမှာတန်ကြေးရှိဆုံးအရာတွေဖြစ်နေခဲ့တယ်။ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ကို အရှင်ဖမ်းဖို့ဆိုတာက လွယ်တဲ့အရာမဟုတ်ပါဘူး။ ဒီသန္ဓေသားကိုရနိုင်ဖို့ဆွဲဆောင်မှုက တအားကိုကြီးမားပါတယ်။ မင်းသမီးကျိုးကျိုးအနေနဲ့ ရွှေရောင်၀တ်စုံကို ပြောင်းလဲ၀တ်ဆင်လိုက်ပြီဆိုတာက အံ့ဩစရာလဲမရှိတော့ပါဘူး။

သန်းတစ်ရာတန်တဲ့ပစ္စည်းက သေချာပေါက် ဘယ်သူကိုမဆို လှုပ်ခတ်စေနိိုင်မှာပါ။ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်နဲ့ ယှဥ်လိုက်မယ်ဆိုရင် ဘယ်သူကများ သူတို့ရဲ့ပိုက်ဆံတွေကိုအားလုံးကို ပုံအောမပေးချင်ပဲနေမှာလဲ။

ဒါက အဆုံးသတ်မဟုတ်သေးပါဘူး။

မင်းသမီးကျိုးကျိုးက တောက်တောက်ပပကြီးပြုံးပြရင်း ဆက်ပြောလာခဲ့ပါတယ်။

” ဧည့်သည်တော်ကြီးတို့ အခုအားလုံးအံ့ဩနေကြပြီမဟုတ်လား ကျွန်မပြောတာ မမှားလောက်ပါဘူး…ဒါပေမယ့် ပိုပြီးလန့်စရာကောင်းတဲ့အချက်ကို မပြောရသေးတာရှိပါတယ်..နေလတော်၀င်နိုင်ငံတော်ရဲ့ ဖော်ပြချက်အရဆိုရင် ဒီ၀ိညာဥ်သားရဲကောင်က မှတ်ဉာဏ်တွေအားလုံးကို ချိတ်ပိတ်ခံလိုက်ရပြီ ဒီအခြေအနေအထိရောက်အောင် သိပ့်သည်းစုစည်းခံလိုက်ရပါတယ်…သူ့ဆီကနေ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးကို ရရှိန်ိုင်ရုံတင်မကပဲ အလွယ်တကူလဲစုပ်ယူလို့ရနိုင်တယ်လို့လဲ ပြောပါတယ်..ဒါ့အပြင် အဆင့်ကိုးနတ်ဘုရားချိတ်ပိတ်အခင်းအကျင်းရဲ့စွမ်းအားတွေက စုပ်ယူတဲ့ကာလမှာလဲ ကောင်းကောင်းထိန်းသိမ်းပေးထားမှာပါ ဒါ့အပြင် တိုက်ရိုက်စုပ်ယူနိုင်တဲ့ အခွင့်အရေးက သိပ်မများပါဘူး..သိုင်းပညာ၀ိညာဥ်ကြီးတစ်ခုလုံးကလဲ ဒီလိုစုပ်ယူရင်းနဲ့ အောင်အောင်မြင်မြင်ရရှိနိုင်ပါတယ်..၀ိညာဥ်သားရဲကောင်တွေရဲ့အင်အားအားလုံးကို အစအဆုံးစုပ်ယူနိုင်မှဖြစ်တာကြေ Huhာင့်သာ အကယ်၍ ဒီလိုသာဖြစ်မယ်ဆိုရင် ၀ိညာဥ်စက်ကွင်းကိုးကွင်းကို ပေါင်းထည့်ရင်းသိုင်းပညာ၀ိညာဥ်တစ်ခုကို ရရှိနိုင်တာထက်တောင် ပိုပါဦးမယ်..ဒါကသေချာပေါက် ၀ိညာဥ်စက်ကွင်းတစ်ကွင်းနဲ့ ၀ိညာဥ်အရိုးတစ်ကွင်းကိုရရှိထက်ကိုအများကြီးသာလွန်နေတာအမှန်ပါပဲ ”

ရှိရှိသမျှလူတွေအားလုံး တိတ်ဆိတ်လို့သွားပါတော့တယ်။ ဒါပေမယ့် သူတို့ရဲ့ အသက်ရှုသံတွေကတော့ ပိုလို့ပူပြင်းလာခဲ့ပါပြီ။

အပိုင်း ၁၀၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset