အပိုင်း ၁၀၀•၃
” အရည်အသွေးမြင့် ရေခဲဗုံး ”
°°°
ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်းနဲ့ သူမကို ခပ်တိုးတိုးပြောပြလိုက်ပါတယ်။ လင်းလော့ချန်လဲ မျက်လုံးပြူးသွားခဲ့ပါပြီ။ အဲ့ဒီနောက် သူမရဲ့အမူအရာက ပြောင်းလဲသွားပါတော့တယ်။ သူမသက်ပြင်းချလိုက်ရင်း ပြောလာတော့တယ်။
” မင်းအတွက်ဖြစ်မဲ့အရာတွေက မင်းအတွက်ပဲဖြစ်လာမှာပဲလေ မင်းအတွက်မဟုတ်တဲ့အရာကတော့ မင်းအတွက်မဟုတ်လာနိုင်ဘူး..ငါတို့တွေကိစ္စတွေအားလုံးကို ဘယ်လိုလုပ်တွန်းအားပေးလို့ရမှာလဲ ”
ဟို့ယွိဟောင်က သူမကို နှစ်သိမ့်လိုက်ပါတယ်။
” အစ်မကြီး ကျွန်တော်လဲတစ်ရာရာခိုင်းနှုန်းယုံကြည်ချက်ရှိနေတာတော့မဟုတ်ဘူး…ဒါပေမယ့် အကယ်၍ ကျွန်တော်တို့ဒီ၀ိညာဥ်အရိုးကို ရရှိနိုင်မယ်ဆိုရင် အစ်မကြီးအရင်ဆုံးကြိုးစားကြည့်လို့ရတယ်..အကယ်၍ အစ်မကြီးနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ ကျွန်တော်ကိုပေးလိုက်ပေါ့ ”
လင်းလော့ချန်ကတော့ ခေါင်းခါရင်း ဟို့ယွိဟောင်ရဲ့ခေါင်းကိုထိလိုက်ပါတယ်။ အဲ့ဒီနောက် သူပြောလိုက်တယ်။
” မလိုပါဘူး ငါကအရမ်းလောဘကြီးရာရောက်နေပြီ မင်းစကားတွေကိုငါယုံတယ်…အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် အနာဂတ်မှာ ငါနဲ့အတူ လေ့ကျင့်ကြည့်ပေါ့ ”
ဟို့ယွိဟောင် မပြောနိုင်ခင်အချိန်မှာပဲ ၀မ်ယန်က သူ့ကိုအင်္ကျီကမ်းပေးပါတော့တယ်။
” ပြန်၀တ်လိုက် ဘာကြောင့်ဒီလိုမျိုးအပေါ်ပိုင်းကိုယ်လုံးတီးကြီးနဲ့ စကားတွေလျှောက်ပြောနေရတာလဲ ငါတို့ရဲ့မျက်လုံးတွေကို ထိခိုက်စေချင်လို့လား ”
သူပြောပြီတဲ့နောက် စကားလမ်းကြောင်းကလဲ ပြောင်းသွားပါတော့တယ်။
တံခါးပွင့်လာချိန်မှာတော့ ချင်းယာလဲ ပြန်ရောက်လာပါပြီ။ မမျှော်လင့်ထားတဲ့ကိစ္စကတော့ သူနဲ့အတူလိုက်လာသူကတော့ မင်းသမီးကျိုးကျိုးဖြစ်နေတာပါပဲ။ သူမက အနီရောင်၀တ်ရုံရှည်ကို ၀တ်ဆင်လို့ထားခဲ့ပါတယ်။ သူ့ကိုမြင်ချိန်မှာတော့ အားလုံးကထရပ်လိုက်ပါပြီ။ သူက မင်းသမီးတစ်ပါးဖြစ်သလို ဒါကလဲ ကြယ်တာရာလော့နိုင်ငံတော်ဖြစ်နေခဲ့ပါတယ်။ အားလုံးကလဲ သူမကို ထိုက်သင့်တဲ့လေးစားမှုပေးရမှာပါ။
အနီးကပ်မြင်ရချိန်မှာတော့ ဒီမင်းသမီးရဲ့အလှတရားက ကြောက်စရာကောင်းလောက်အောင် လှနေတာကိုပိုသတိထားမိပါတော့တယ်။ သူမရဲ့ ခြောက်ပြစ်ကင်းသဲလဲစင်အောင်လှပတဲ့မျက်နှာက အားလုံးကိုတောင် မူးဝေသွားစေခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ ဒီအခန်းထဲမှာ သူနဲ့ထပ်တူလှပတဲ့မိန်းမလှလေးကျန်းနန်နန်ရှိနေတာကြောင့်သာ အားလုံးကသာ ပါးစပ်အဟောင်သားမဖြစ်ကြတာပါ။
မင်းသမီးကျိုးကျိုးက ရှိသမျှလူတွေအားလုံးကို အနည်းငယ်ဦးညွတ်လိုက်ပါတယ်။ အဲ့ဒီနောက် သူစိုးရိမ်တကြီးနဲ့ မေးလာခဲ့တယ်။
” ဘယ်ဧည့်သည်တော်ကြီးက ကျွန်မတို့ရဲ့၀ိညာဥ်အရိုးမှာ ပြစ်ချက်ရှိတယ်လို့ အခိုင်အမာပြောဆိုနိုင်ရတာပါလဲ ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။
” ကျွန်တော်ပါ ”
မင်းသမီးကျိုးကျိုးက သူ့ဘက်ကိုရောက်လာရင်း ပြောလာခဲ့တယ်။
” ဘာပြဿနာများရှိတာပါလဲ ဧည့်သည်တော်က ရေခဲကျောက်စိမ်းကင်းမြီးကောက်၀ိညာဥ်ပညာရှင်လား ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။
” ဟုတ်ပါတယ် ဒီ၀ိညာဥ်အရိုးမှာ ပြဿနာက မရှိပါဘူး ”
မင်းသမီးကျိုးကျိုးရဲ့မျက်လုံးက အေးစက်လို့သွားခဲ့ပြီ သူခပ်တိုးတိုးပြောလာခဲ့ပါတယ်။
” ဒါဆိုရင် ဘာကြောင့်များ မမှားယွင်းဘူးဖြစ်သွားရတာလဲ”
ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။
“‘ ဘာမှမမှားဘူးလို့ပြောတာက ၀ိညာဥ်အရိုးပါ ဒါပေမယ့် ၀ိညာဥ်အရိုးကိုစုပ်ယူတဲ့သူက ပြဿနာရှိပါတယ်…ဒါက လူတိုင်စုပ်ယူနိုင်တဲ့အရာမဟုတ်လို့ပါပဲ ”
မင်းသမီးကျိုးကျိုးက အတော်ကို စိတ်ထိန်းနိုင်တဲ့သူပါ သူ့မအနေနဲ့ လေလံအိမ်ရဲ့အောင်မြင်ပွဲကိုသာ အများကြီးအာရုံစိုက်နေရတဲ့အတွက် သူပိုပြီးတာ့ စိုးရိမ်လာပါတော့တယ်။ သူမရဲ့လေသံက မာလာပါပြီ။
” လူတိုင်းနီးပါးမစုပ်ယူနိုင်ဘူးဆိုတာ သိပါတယ်….ရေခဲအမျိုးအစား၀ိညာဥ်ပညာရှင်တွေပဲ စုပ်ယူနိုင်ပြီ ကျင့်ကြံဆင့်ကလဲ နှစ်ပေါင်းငါးသောင်းကျော်နေတာကြောင့် နောက်ထပ် ကန့်သတ်ချက်တွေရှိနေမှာကိုသိပါတယ်…ဒါကိုပြဿနာပြောနေတာလား ”
ဟို့ယွိဟောင်က ဆက်ပြောလိုက်ပါတယ်။
” ဒီ၀ိညာဥ်အရိုးရဲ့ကန့်သတ်ချက်က ဒီမှာတင်အဆုံးသတ်မသွားဘူး…မင်းသမီးအနေနဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်ကို သေချာနားမလည်ဘူးဆိုတာ ကျွန်တော်ယုံကြည်ပါတယ်…မြောင်၀င်ရိုးစွန်းရဲ့အသန်မာဆုံးသူတွေဖြစ်တာကြောင့် ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေက အမြဲတမ်းမောက်မာ၀ံ့ကြွားနေကြတယ်..ဒါ့အပြင် သူတို့ကလက်ရှိအချိန်မှာ အသန်မာဆုံးရေခဲစွမ်းအားကိုပိုင်ဆိုင်ထားတာအမှန်ပါပဲ ဒါကြောင့် သူတို့ထုတ်လုပ်တဲ့ အရာတွေကိုစုပ်ယူနိုင်ဖို့အတွက် ထူးခြားတဲ့လိုအပ်ချက်တွေလိုအပ်တယ်…ဒါက၀ိညာဥ်အရိုးနဲ့ ၀ိညာဥ်စက်ကွင်းတွေအားလုံးအတွက် အတူတူပါပဲ ”
သူဒီအထိပြောပြီးပြီဆိုမှတော့ ဟို့ယွိဟောင်လဲ ရေခဲဧကရီပြောခဲ့ဖူးတဲ့အရာတွေအားလုံးကို ပြန်ပြောပါတော့တယ်။
” ငါတို့လို ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေရဲ့ ၀ိညာဥ်အရိုးကိုစုပ်ယူနိုင်ဖို့ဆိုရင် မင်းတို့လူသားတွေမှာ အဆုံးစွန်းရေခဲကိုလိုအပ်လိမ့်မယ်…ဘယ်လို၀ိညာဥ်အရိုးကိုမဆို စုပ်ယူသည်ဖြစ်ပါစေ လိုအပ်ချက်ကအတူတူပဲ အဆုံးစွန်းရေခဲခန္ဓာကိုယ်မရှိပဲနဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်ကနေ ထုတ်လုပ်တဲ့၀ိညာဥ်အရိုးကို မစုပ်ယူနိုင်ဘူး..ဒါကရေခဲကျောက်စိမ်းကင်းမြီးကောက်တွေရဲ့ရှိတဲ့ မာန်မာနနဲ့ ဂုဏ်သိက္ခာပဲ ”
ဒီအကြောင်းကို လင်းလော့ချန်ဆီ ပြောပြပြီးသားပါဒါကြောင့် သူမရဲ့၀ိညာဥ်အရိုးကို လိုချင်စိတ်က ပြက်ပျယ်သွားပါတော့တယ်။
” တကယ်ကိုထူးခြားတဲ့ လိုအပ်ချက်ပါလား “‘
မင်းသမီးကျိုးကျိုးလဲ စိတ်ကြည်လင်လို့သွားခဲ့ပါပြီ။ ဒီအခန်းထဲကိုမ၀င်ခင်ကထဲက အထဲမှာဘယ်သူရှိနေလဲ သူသိထားပြီသားပါ။ အမျက်ဒေါသရဲ့ကျောင်းသားတွေက မတွေးတောပဲမပြောပါဘူး။
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” အဆုံးစွန်းရေခဲခန္ဓာကိုယ်မရှိပဲနဲ့ ဒီ၀ိညာဥ်အရိုးကို စုပ်ယူဖို့မဖြစ်နိုင်ဘူး ”
” လုံး၀မဖြစ်နိုင်တဲ့ကိစ္စပဲ ”
မင်းသမီးကျိုးကျိုးက ချက်ချင်းတုန့်ပြန်လိုက်ပါတယ်။
” ဒီလို၀ိညာဥ်အရိုးက ဒီလောက်လိုအပ်ချက်မြင့်နေပြီဆိုမှတော့ ဘယ်သူမှ အသုံးမပြုနိုင်ဘူးလို့ ပြောနေတာပဲမဟုတ်လား ”
ဟို့ယွိဟောင်က အေးအေးဆေးဆေးပြောလိုက်ပါတယ်။
” ဒါက ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေရဲ့ မာန်မာနပဲလေ ဒါ့အပြင် ဘယ်သူကမှ မစုပ်ယူနိုင်ဘူးလို့မပြောသလို စုပ်ယူဖို့ခက်ခဲတယ်လို့ပဲ ပြောတာပါ အားလုံးကို စိတ်ကောင်းစေတနာနဲ့ ပြောပြရုံသက်သက်ပါပဲ ဒီလေလံအိမ်ရဲ့ ဂုဏ်သိက္ခာကို မပျက်ပြားစေချင်တာကြောင့် ဒီလိုမျိုးသတိပေးရတာပါ ကျွန်တော်ကို ယုံတာမယုံတာကတော့ လေလံအိမ်ရဲ့အပိုင်းပါပဲ ပြောစရာရှိတာကို ပြောပြီးပါပြီ အရှင်မင်းသမီးအနေနဲ့ လေလံပွဲကိုဆက်လုပ်လို့ရပါတယ် ”
မင်းသမီးကျိုးကျိုးကတော့ အတော်ကိုစိတ်ထိန်းနေရပုံပါပဲ။ သူဆက်တိုက်ဆိုသလို လက်သီးကိုဖြန့်လိုက်ဆုပ်လိုက်လုပ်နေခဲ့ရပါတယ်။ စိတ်ထဲမှာဘယ်လောက်အထိ ရုန်းကန်နေရလဲဆိုတာကို သိနေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့စကားတွေက တစ်ဖက်သတ်ဖြစ်နေတာကို သူသိပါတယ်။ ဒါပေမယ့် ချင်းယာအနေနဲ့ ဟို့ယွိဟောင်ရဲ့သိုင်းပညာ၀ိညာဥ်က ရေခဲကျောက်စိမ်းကင်းမြီးကောက်ဖြစ်နေတယ်ဆိိုတာကို ပြောပြပြီးသားပါ။ သူ့အနေနဲ့ ဒီ၀ိညာဥ်အရိုးကြောင်းအများကြီးသိနေတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီကိစ္စက သူ့ရဲ့မူလအစီအစဥ်ကိုတော့ ပျက်ပြားသွားစေခဲ့ပါပြီ။ ဒါ့အပြင် ထိပ်တန်းအဆင့်လေလံပွဲအတွက်လဲ ကြီးမားတဲ့ပြစ်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။
သူမက လေလံပြစ်သူတွေအားလုံးရဲ့ခေါင်းဆောင်ဖြစ်နေတယ်ဆိုတဲ့အဆင့်အတန်းကို မေ့လို့မရပါဘူး။ ဒါကြောင့် အသက်ပြင်းပြင်းရှုသွင်းရင်း စိတ်ထိန်းလိုက်ပါတော့တယ်။ ဟို့ယွိဟောင်ကို နန်းတွင်းဓလေ့ထုံစံအတိုင်းနှုတ်ဆက်ပြီတဲ့နောက် သူမပြောလိုက်ပါတယ်။
” ဒါတွေအားလုံးပြောပြပေးလို့ကျေးဇူးတင်ပါတယ်…အချိန်ကိုက်ပါပဲ ဒီကိစ္စကို ချက်ချင်းပဲဖြေရှင်းလိုက်ပါ့မယ်..အကယ်၍ ရိုင်းစိုင်းသွားခဲ့မယ်ဆိုရင် အားလုံးပဲကျွန်မကို ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ် ”
သူမပြောပြီတဲ့နောက် လှည့်ထွက်လို့သွားခဲ့ပါပြီ။ ချင်းယာကလဲ မင်းသမီးကျိုးကျိုးထွက်သွားတာမြင်မှသာ အခန်းထဲကိုပြန်၀င်လာပါတော့တယ်။ သူမလဲ မျက်နှာမကောင်းပါဘူး။ ၀မ်ယန်က သူမကို ပြုံးပြရင်းနှစ်သိမ့်ဖို့ကြိုးစားပါတယ်။
” ချင်းယာ ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး ဒါကြောင့် အများကြီးစိတ်ထဲမထားပါနဲ့ ”
ချင်းယာက ခေါင်းခါလိုက်ပါတယ်။
” ဒါကကျွန်မတို့လေလံအိမ်ရဲ့ ဂုဏ်သိက္ခာတစ်ခုလုံးနဲ့ သက်ဆိုင်နေတာကြောင့် အတော်ကိုကြီးမားတဲ့ကိစ္စပါ ဒီ၀ိညာဥ်အရိုးရဲ့ လေလံကြမ်းခင်းစျေးကို ၀ိညာဥ်ရွှေပြားဆယ်သန်းကနေစဖို့ အစပိုင်းမှာဆုံးဖြတ်လို့ထားခဲ့တာပါ ဘယ်လိုပြဿနာမျိုးကိုမှ ဆယ်သန်းတန်တဲ့ပစ္စည်းကို အရှိမခံနိုင်ပါဘူး ”
” မသိတာထက်တော့ သိသွားတာပိုကောင်းပါသေးတယ်…အနည်းဆုံးတော့ ပြဿနာကို လေလံအပြစ်ခင်မှာ ဖြေရှင်းလိုက်နိုင်ပြီပေါ့ ”
တစ်ဖက်မှာတော့ မင်းသမီးကျိုးကျိုးက အခန်းတံခါးကနေ ထွက်သွားခဲ့ရင်း နံပါတ်တစ်အခန်းနားကတံခါးဆီကို ရောက်သွားပါတော့တယ်။ တံခါးကိုတောင် မခေါက်ပဲနဲ့ညာဘက်လက်နဲ့တွန်းပြီ အထဲကိုမြန်မြန်၀င်သွားခဲ့ပါပြီ။
” အစ်ကိုရေ ငါတို့ပြဿနာတက်ပြီ ”
ဒီအခန်းထဲမှာတော့ တစ်ယောက်ထဲသာ ထိုင်နေခဲ့ပါတယ်။ အရပ်ရှည်ရှည်ပိန်ပိန်သွယ်သွယ်နဲ့ အဲ့ဒီလူကလဲ အနက်ရောင်၀တ်စုံရှည်ကို ၀တ်ဆင်လို့ထားခဲ့တယ်။ သူ့အပြင် တခြားဘယ်သူမှမရှိပါဘူး။ အစေခံတွေတောင်မရှိပဲ ဖြစ်နေခဲ့ပါတယ်။ အကယ်၍ ဒီလူရဲ့ရုပ်ကိုသာမြင်မယ်ဆိုရင် လူတိုင်းက လန့်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်ဖြစ်နေလို့ပါပဲ။
မင်းသမီးကျ်ိုးကျိုးအခန်းထဲကို ၀င်လာတာမြင်ချိန်မှာကတော့ ဧကရာဇ်ကပြောလိုက်ပါတယ်။
” တစ်ခုခုလွဲနေပြီဆိုတာကို ငါသိတယ်..မဟုတ်ရင်မင်းအချိန်ကိုဆွဲလိုက်မှာမဟုတ်ဘူး..ဘာများဖြစ်လို့လဲ ”
မင်းသမီးကျိုးကျိုးက ဟို့ယွိဟောင်ရဲ့ စကားကိုပြန်ပြောပါတော့တယ်။
သူမစကားကိုကြားပြီချိန်မှာတော့ ဧကရာဇ်က ခေါင်းခါလိုက်ပါတော့တယ်။ အဲ့ဒီနောက် သူရယ်မောလိုက်ပါပြီ။
” ငါက သူတို့ကိုမျက်နှာသာပေးပြီ ဒီလက်ဆောင်လေးကို ပို့ပေးချင်တာ ဒါပေမယ့် ဒီလိုမျက်နှာသာရအောင်လုပ်တာက ပြစ်ချက်ကြီးရှိနေမယ်လို့ ဘယ်သူထင်ထားမိမှာလဲ သွားပါဖြေရှင်းလိုက် ခဏနေရင်း ငါသူတို့ကို သွားတွေ့မယ်..ဒီကျေးဇူးကိုကောင်းကောင်းဖြေရှင်းပေးပါ့မယ် ”
မင်းသမီးကျိုးကျိုးကတော့ သူပြောတာကိုကောင်းကောင်းနားလည်တဲ့အတွက် ခေါင်းညိတ်လိုက်ပါတယ်။
” အစ်ကိုရေ သူတို့အတွက်ဒါကတန်လို့လား အကယ်၍ ဒီအတိုင်သာလုပ်မယ်ဆိုရင် လေလံအိမ်က တော်တော်လေး ဆုံးရှုံးသွားမှာနော် ”
” ဒါပေါ့ တန်တာပေါ့ ငါတို့ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပြစ်လို့ရတယ်…အမျက်ဒေါသကျောင်းတော်နဲ့ ဆက်ဆံရေးကိုလဲ တိုးတက်အောင်လုပ်ပြီးသားဖြစ်သွားမယ်..မကြာခင်အချိန်အတွင်းမှာ နေလနိုင်ငံတော်က ငြိမ်းငြိမ်းချမ်းချမ်းနေတော့မှာမဟုတ်ဘူး…ပုံရိပ်ယောင်အစစ်အမှန်ခန်းမကလဲ ပြဿနာတက်ပြီ ကပ်ဆိုက်စေတော့မဲ့ ပစ္စည်းတွေကို ထုတ်လုပ်တော့မယ်လို့ ငါစိတ်ထဲမှာအတော်လေး အာရုံရနေတယ်..နေလနိုင်ငံတော်ကသာ လှုပ်ရှားခဲ့ပြီဆိုရင် ငါတို့က ပထမဆုံးအဆုံးသတ်ကို ကြုံရမှာပါ အချိန်ကြလာပြီဆိုရင် အမျက်ဒေါသကျောင်းတော်က ငါတို့ကို ကူညီမဲ့သူတွေက ပထမဆုံးဖြစ်လိမ့်မယ်..ဒါ့အပြင် ငါသတိထားမိသလောက်အရကတော့ ဒီလူငယ်လေးက ပင်လယ်နတ်ဘုရားခန်းမဆောင်မှာတောင် အစည်းအဝေးကို ဖြစ်စေခဲ့တဲ့သူဆိုပဲ သူ့မှာအမွှာသိုင်းပညာ၀ိညာဥ်ရှိပြီတော့ အဆုံးစွန်းရေခဲသိုင်းပညာ၀ိညာဥ်လဲ ရှိနေသေးတယ်..သူနဲ့စောစောစီးစီးကထဲက ခိုင်မာအောင်ချိတ်ဆက်ထားတာမကောင်းဘူးလား အရေးကြီးဆုံးကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ စာရင်းသွင်းတဲ့အချက်အလက်တွေအရဆိုရင် သူက ငါတို့နိုင်ငံတော်ရဲ့ နိုင်ငံသားတစ်ယောက်ပဲ ဒီလိုပါရမီမျိုးက သေချာပေါက် ငါတို့နဲ့နီးနီးကပ်ကပ်ထားမယ်ဆိုရင် အများကြီးပိုပြီးတိုးတက်လာလိမ့်မယ်…ငါတို့သူ့ကိုမသုံးဘူးဆိုရင်တောင် သေချာပေါက် ငါတို့အတွက်အသုံး၀င်နိုင်မှာပဲ သွားလိုက်တော့ ငါတို့မှာ အချိန်အများကြီးမကျန်တော့ဘူး ”
” ကောင်းပြီလေ ”
မင်းသမီးကျိုးကျိုးက သူ့ရဲ့မျက်လုံးထဲမှာ အလင်းတန်းတွေဖြာနေခဲ့သလို စိတ်ထဲမှာလဲဟို့ယွိဟောင်ရဲ့ ယုံကြည်ချက်အပြည့်နဲ့ပုံစံကို ပြန်တွေးနေခဲ့မိပါတယ်။ ဒီကလေးက အသက်ဆယ့်သုံးနှစ်တောင် မရှိသေးလောက်ပါဘူး။ ဒါပေမယ့် အတော်လေးကို တည်ငြိမ်နေခဲ့သူပါ။
မိနစ်နှစ်ဆယ်တိတိအချိန်ပြည့်သွားပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့လဲ အံ့ဩစရာကောင်းလောက်အောင် သူ့ရဲ့စကားတွေက အထိခိုက်မခံပဲနဲ့ ဒီအတိုင်းအေးအေးဆေးဆေး ဆက်ဖြစ်သွားတာကို တွေ့လိုက်ရပါတော့တယ်။ လေလံပွဲရဲ့ စျေးကဆယ့်နှစ်သန်းအထိကို ရောက်ရှိနေခဲ့ပါပြီ။ နောက်ထပ်တက်လာတဲ့စျေးတွေကလဲ ၀ိညာဥ်ရွှေပြားငါးသောင်းထက်မနည်းပါဘူး။ ဒီလိုမြင့်မားလွန်တဲ့စျေးကြောင့် အမျက်ဒေါသကျောင်းတော်ထဲမှာရှိတဲ့သူတို့တောင်မျက်လုံးပြူးသွားပါတော့တယ်။ ၀မ်ယန်ကလဲ အံကြိတ်ရင်းနဲ့ နှစ်ကြိမ်တိတိလေလံခေါ်ပေမဲ့ သူလဲနောက်ထပ် ဆက်ပြီလေလံမဆွဲနိုင်တာကြောင့် လက်လျှော့လိုက်ရပါတော့တယ်။ အမျက်ဒေါသကျောင်းတော်က ချမ်းသာပေမဲ့ နှစ်စဥ်နှစ်တိုင်းရရှိတဲ့ အခွံအခက ၀ိညာဥ်ရွှေပြားခြောက်သန်းအထိသာ ရရှိတာပါ။ ဒီလိုမျိုးရတနာတစ်ခုက မြို့တစ်ခုလုံးနဲ့တောင် လှဲလို့ရတဲ့တန်ကြေးတစ်ခုပါပဲ။ ၀မ်ယန်အနေနဲ့လဲ နောက်ထပ်ဆက်ပြီ စျေးမခေါ်နိုင်တော့ပါဘူး။
အမျက်ဒေါသကျောင်းတော်ရဲ့ အဓိက၀င်ငွေက အခွံအခတွေထဲကနေ လာတာမဟုတ်ပဲ အပြင်ဘက်မှာ ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်တာနဲ့ လုပ်ငန်းတာ၀န်တွေကို ထမ်းဆောင်တဲ့အင်အားကြီးလူတွေဆီကနေ လာရောက်တာဖြစ်နေခဲ့တယ်။ ဥပမာအားဖြင့် ပင်လယ်နတ်ဘုရားခန်းမဆောင်သာ တကယ်တမ်း စိတ်ပါလက်ပါလှုပ်ရှားလိုက်မယ်ဆိုရင် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တစ်ကောင်ကို အမဲလိုက်ပြီသတ်ဖို့ဆိုတာက မခက်ခဲပါဘူး။ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တစ်ကောင်ရဲ့ တန်ကြေးက ငွေသားနဲ့တွက်ချက်ဖို့တောင် အတော်ကိုခက်ခဲတဲ့အရာပါ။
လွန်ခဲ့တဲ့နှစ်တွေမှာ အမျက်ဒေါသကျောင်းတော်အနေနဲ့ သူတို့ရဲ့အလုပ်တွေတော်တော်များများကို လျှော့ချထားခဲ့ပါတယ်။ အရေးကြီးဆုံးကိစ္စကတော့ သူတို့အနေနဲ့ မဟာကြယ်တာရာသစ်တောနဲ့သွားပြီ ဖက်မပြိုင်ချင်လို့ပါပဲ။ အကယ်၍ မကြယ်တာရာသစ်တောထဲနဲ့သာ ပြဿနာသွားတက်မယ်ဆိုရင် အခြေအနေက ပိုဆိုးလာမှာပါ။ အမျက်ဒေါသမြို့တော်က ထိန်းသိမ်းထားနိုင်တယ်ဆိုရင်တောင် ပတ်၀န်းကျင်မြို့တွေနဲ့ ရွာတွေတော်တော်များများက မဟာကြယ်တာရာသစ်တောထဲက သားရဲကောင်တွေအကြောင့် ဖျက်ဆီးခံရပါလိမ့်မယ်။ ဒါကြောင့် ကျောင်းတော်အနေနဲ့လဲ စိတ်ရှိတိုင်းသွားပြီမသတ်ပါဘူး။ ကျောင်းတော်သားတွေ ၀ိညာဥ်စက်ကွင်းလိုလာရင်းသာ နည်းနည်းပါးပါးကူညီပြီ သတ်ဖြတ်ပေးပါတယ်။
၀ိညာဥ်အရိုးရဲ့ တန်ကြေးက ဆက်တိုက်မြင့်မားလို့လာခဲ့ပြီ ဆယ့်ငါးသန်းအထိကို ရောက်ရှိလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ရုတ်တရက်လူတစ်ယောက်ရဲ့အော်သံက ထွက်ပေါ်လာပါတော့တယ်။
” သန်းသုံးဆယ် “:
သန်းသုံးဆယ်ဆိုတဲ့ အရေအတွက်က ပေါ်လာပါတော့တယ်။ ဘယ်သူကများ ဒီလောက်အရေအတွက်ကို လွယ်လွယ်လေးပြောနေတာလဲ။ ကြောက်စရာကောင်းတဲ့အရေအတွက်ကို ကြည့်ပြီတဲ့နောက် ရှိရှိသမျှလူတွေအားလုံးက အသက်တောင်မရှုနိုင်ပဲဖြစ်ကုန်ကြပါတော့တယ်။ ဒီလူက အဲ့ဒီစျေးနဲ့ဆိုရင် အလယ်အလတ်အရွယ်အစားမြို့တစ်မြို့ကို ၀ယ်လို့ရမှာပါ။ ၀ိညာဥ်ရွှေပြားသန်းသုံးဆယ်ဆိုတဲ့ အရေအတွက်က အရမ်းကိုများပြားလွန်လှပါတယ်။ ဒီအရေအတွက်က နိုင်ငံတစ်ခုအတွက်တောင် ရိုးရှင်းတဲ့ပမာဏမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီလူကတော့ ၀ိညာဥ်အရိုးတစ်ခုအတွက် ထုတ်သုံးနေပါပြီ။ သူဘယ်လောက်ချမ်းသာနေတာလဲ။
အပိုင်း ၁၀၀•၃ ပြီး၏။