Switch Mode

Chapter – 100.1

အဆင့်မြင့်ရေခဲဗုံး

အပိုင်း ၁၀၀•၁

” အဆင့်မြင့်ရေခဲဗုံး ”
°°°
အဲ့ဒီအင်အားကြီးတဲ့ ၀ိညာဥ်အမြောက်က ဟယ့်ချိုက်ထို့အသုံးပြုခဲ့တဲ့ အထူးစွမ်းအား၀ိညာဥ်အမြောက်နဲ့ ပိုပြီးဆင်တူပါတယ်။ ဒါပေမယ့် အားကောင်းပြီတစ်ရက်ကိုသာ တစ်ခေါက်အသုံးပြုလို့ရတဲ့အပြင် အဆင့်ကိုးဆယ်ငါးအောက် သော့်လော့တွေနဲ့ ညီမျှတဲ့စွမ်းအားကို ထုတ်ဖော်နိုင်မှာပါ။

အဆင့်ရှစ်၀ိညာဥ်လက်နက်အဖြစ်နဲ့သာ သတ်မှတ်လို့ရပြီ အဆင့်ကိုးအဖြစ်ကိုတော့ သူ့ကိုပြုလုပ်ထားတဲ့ပစ္စည်းတွေက အနည်းငယ်နှိမ့်ကြနေလို့ပါပဲ။ ဒါကြောင့်သာ တစ်ရက်ကိုတစ်ကြိမ်သာသုံးလို့ရတဲ့ကန့်သတ်ချက်ကို ဖြစ်ပေါ်လာစေပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့ကိုအသုံးပြုတဲ့အတွက် အားသွင်းချိန်က အတော်ကိုကြာရှည်ပြီ ပစ်မှတ်တစ်ခုကိုသာအဓိကတွေ့နိုင်ပါတယ်။ ဒါကြောင့် အဆင့်တူတဲ့တိုက်ပွဲမျိုးတွေမှာ အတော်လေးကို အသုံး၀င်တဲ့ပစ္စည်းပါ။ မင်းသမီးကျိုးကျိုးရဲ့စကားအရကတော့ အဲ့ဒီအဆင့်ရှစ်၀ိညာဥ်လက်နက်အဆင့်ကိုးဗျူဟာအခင်းအကျင်းကို ပိုင်ဆိုင်ပါတယ်။

အဆုံးသတ်မှာကတော့ ၀ိညာဥ်ရွှေပြားခုနှစ်သန်းဆိုတဲ့ စျေးမြင့်မြင့်နဲ့ ၀ယ်သူတစ်ယောက်က သူ့ကို၀ယ်သွားခဲ့ပါတယ်။

၀မ်ယန်က ဒါကို၀င်ပြီမစွက်ဖက်ချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် ထုတ်ဖော်ပြသတဲ့ ကြမ်းခင်းစျေးကြောင့်သူအတော်လေးကို လေးလေးနက်နက် စဥ်းစားဖို့လိုပါတယ်။ နောက်ဆုံးတော့လဲ ကျောင်းတော်ထဲမှာ သူ့ရဲ့အစွမ်းအစက အကန့်အသတ်ရှိနေတာပါ။ ကျောင်းသားတွေထဲမှာကတော့ ဘယ်သူကမှဒါမျိုးကို အသုံးမပြုနိုင်ပါဘူး။ သူတို့မှာ၀ယ်ဖို့လဲပိုက်ဆံမရှိတာကြောင့် ထိုင်သာကြည့်နေခဲ့ရပါတော့တယ်။

ပထမပစ္စည်းနှစ်ခုပြီးတဲ့နောက် ကျန်ရစ်တဲ့ပစ္စည်းတွေအားလုံးကလဲ ပိုမြင့်မားတဲ့စျေးတွေနဲ့ ရောင်းထွက်လို့သွားခဲ့ပါပြီ။ သူတို့တွေက ၀င်ပြီလဲလေလံမဆွဲနိုင်တဲ့အတွက် ပါးစပ်ပိတ်ပြီတော့သာ ထိုင်နေကြပါတယ်။

ချင်းယာကတော့ နောက်ထပ်များပြားတဲ့အကြောင်းတွေကို မပြောပြတော့ပါဘူး။ သူမကတော့ ပစ္စည်းတစ်ခုချင်းဆီတိုင်းရဲ့ အဓိကလုပ်ဆောင်ပုံတွေနဲ့ အစွမ်းအစတွေကိုသာ မျှမျှတတရှင်းပြပါတယ်။

မင်းသမီးကျိုးကျိုးကတော့ ရှစ်ကြိမ်မြောက်ပေါ်လာခဲ့ပါပြီ။

” နောက်ထပ်ပစ္စည်းနှစ်ခုကတော့ ဒီနေ့လေလံပွဲရဲ့အဓိက ကြယ်ပွင့်တွေပါပဲ ဧည့်သည်တော်တို့တစ်ယောက်ချင်းဆီတိုင်း ဒီပစ္စည်းတွေကို စိတ်၀င်စားကြမယ်လို့ ယုံကြည်ပါတယ်.. ဒါကြောင့် အခွင့်အရေးကို အမိအရယူကြပါ ဒီပစ္စည်းတွေကို တစ်ခေါက်သာမြင်ရမှာဖြစ်ပြီ တိုက်ကြီးတစ်ခုလုံးမှာ ဒုတိယတစ်ကြိမ်ရှာရင်တောင် နောက်ထပ် ထပ်တွေ့ရတော့မှာမဟုတ်ပါဘူး..ကျွန်မတို့ရဲ့ရှစ်ခုမြောက်လေလံပစ္စည်းကလဲ ဒီလိုဥပမာမျိုးဖြစ်ပါတယ်…၀ိညာဥ်အရိုးတစ်ခုဖြစ်ပေမဲ့ တခြားအရာတွေနဲ့မတူညီပါဘူး ကျေးဇူးပြုပြီး ကြည့်ကြပါ ”

၀ိညာဥ်အရိုးရဲ့ပုံစံက ခပ်မြန်မြန်ပဲထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီ၀ိညာဥ်အရိုးက အစိမ်းရောင်ဖြစ်ပါတယ်။ မြစိမ်းရောင်တောက်ပနေတဲ့ အလင်းတန်းက အရည်ကြည်လိုမျိုးပစ္စည်းတွေနဲ့ ပြည့်နှက်လို့နေခဲ့တယ်။

အပြင်ပိုင်ပုံစံနဲ့တောင် ဒါကဘယ်ဘက်လက်မောင်းအရိုးပါ။ ဒီမြစိမ်းရောင်အရိုးက အဖြူရောင်မြူခိုတွေ ထွက်ပေါ်လို့နေခဲ့ပါတယ်။ တစ်စုံတစ်ရာထူးခြားနေမယ်ဆိုတာကို ကြည့်လိုက်ရုံနဲ့တင် သိသာနေခဲ့ပြီ ဒီမြစိမ်းရောင်အရိုးက သေးငယ်တဲ့ကျောက်မျက်ရတနာလေးတွေနဲ့ ပေါင်းစည်းထားသလိုမျိုး တောက်ပလို့နေခဲ့ပါတယ်။ ကြည်လင်နေတဲ့ဒီကျောက်မျက်ရတနာလေးတွေက သတ္ထုကြီးတဲ့ပစ္စည်းတစ်ခုနဲ့ ဖြစ်ပေါ်လာပုံပါပဲ။ တခြား၀ိညာဥ်အရိုးတွေက ဒီ၀ိညာဥ်အရိုးနဲ့ယှဥ်လိုက်မယ်ဆိုရင် လုံး၀ကို မှိန်ဖျော့လို့သွားခဲ့ရပါပြီ။ အဆင့်အတန်းတစ်ခုထဲမှာတောင် ရှိမနေပါဘူး။ ၀မ်သုန့်ရဲ့ ရွှေအလင်းလက်မောင်းအရိုးတောင်မှ ဒီလောက်အင်အားမကြီးပဲရှိမယ်လို့ ပြောလို့ရပါတယ်။

” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

” ခွေးမသားတွေ ”

အသံနှစ်သံက ရုတ်တရက်ထွက်ပေါ်လို့လာခဲ့ပါပြီ။ ပထမတစ်ခုကတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသံဖြစ်ပြီ ဒုတိယအော်ဆဲသံကတော့ ရေခဲဧကရီပါပဲ။ ရုတ်တရက်တုန့်ပြန်မှုကြောင့် ဟို့ယွိဟောင်လဲ မျက်လုံးပြူးသွားခဲ့တယ်။ အထူးသဖြင့် ရေခဲဧကရီဒေါသထွက်နေတာကို သူသိနေလို့ပါ။

” ရေခဲဧကရီ ဘာများဖြစ်လို့လဲ ”

ဟို့ယွိဟောင် ခပ်မြန်မြန်ပဲ မေးလိုက်ပါတယ်။ ရေခဲဧကရီက ပြန်မဖြေခဲ့ပါဘူး။ သူဘယ်လောက်ဒေါသထွက်နေလဲဆိုတာကို ဟို့ယွိဟောင်ကောင်းကောင်းသိပါတယ်။

ဒီတစ်ကြိမ်မှာပဲ မင်းသမီးကျိုးကျိုးရဲ့ ဆွဲဆောင်မှုရှိတဲ့အသံက ထွက်ပေါ်လို့လာခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူမရဲ့အသံက ပိုမိုလေးနက်နေခဲ့ပြီလှုပ်ရှားစရာပိုကောင်းနေခဲ့တယ်။ ဆွဲဆောင်မှုကလဲ ပိုလို့အားကောင်းလာခဲ့ပါပြီ။

” ဂုဏ်ကျက်သရေရှိလူကြီးမင်းတို့ ဒီ၀ိညာဥ်အရိုးကို မိတ်ဆက်ပေးခွင့်ရတဲ့အတွက် တကယ်ကို၀မ်းသာမိပါတယ်…၀ိညာဥ်ပညာရှင်တွေအတွက် နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းအပြင် နောက်ထပ်တန်ဖိုးအကြီးဆုံးအရာက နှစ်တစ်သိန်း၀ိညာဥ်အရိုးပါပဲ ဒီပစ္စည်းနှစ်ခုက တစ်ချိန်ထဲမှာ ပေါ်လာပြီအရမ်းကိုရှားပါးလွန်ပါတယ်…ကျွန်မတို့ရဲ့ကြယ်အလင်းလေလံအိမ်က ဒီလိုအထူးပစ္စည်းမျိုး ရှိနေခဲ့ပါပြီ နောက်ဆုံးတော့လဲ ဒီပစ္စည်းတွေကို ပိုင်ဆိုင်တဲ့ဘယ်သူမဆို သေချာပေါက် လေလံပွဲကို လာပြီရောင်းဖို့ဆိုတာမဖြစ်နိုင်တဲ့ ကိစ္စပါပဲ ကိုယ့်ကိုကိုယ်ထိပ်ဆုံးရောက်အောင်သာ ဒီပစ္စည်းတွေကိုအသုံးပြုပြီး ဖန်တီးလို့ရပါတယ် ”

” အားလုံးရဲ့အရှေ့မှာရှိနေတဲ့အရိုးကတော့ ကျွန်မတို့ကြယ်အလင်းလေလံအိမ်ရဲ့ အခုနှစ်ပိုင်းတွေမှာ ရရှိဖူးသမျှ၀ိညာဥ်အရိုးတွေထဲမှာ တန်ဖိုးအမြင့်ဆုံးပါပဲ ပုံမှန်အခြေအနေမျိုးမှာ ဒီအရိုးကိုလေလံပွဲတွေပါ ထုတ်ရောင်းဖို့မတွေးတောခဲ့ပါဘူး။ အရမ်းကိုတန်ဖိုးကြီးပြီ ရှားပါးလို့ပါပဲ ”

” တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ရေခဲအမျိုးအစား၀ိညာဥ်အရိုးဖြစ်နေမယ်ဆိုတာကို အားလုံးသိကြမှာပါ သူ့ရဲ့အကျိုးတွေကိုမပြောခင်အရင်ဆုံးပြစ်ချက်ကို ပြောပါရစေလား တချို့ဧည့်သည်တော်တွေ သိချင်နေကြပါလိမ့်မယ်…ဘာကြောင့်များ လေလံပြစ်တဲ့သူက ပြစ်ချက်တွေကို အရင်ပြောရတယ်ဆိုတာ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့လေလံအိမ်က ယုံကြည်မှုကိုအားလုံးထက် ပိုပြီးတန်ဖိုးထားလို့ပါပဲ ဒါ့အပြင် ဒီပစ္စည်းရဲ့မကောင်းတဲ့အချက်က အင်အားလို့ပြောလို့ရနိုင်တယ် ”

” ဒါ့အပြင် အရေးကြီးဆုံးကတော့ ရေခဲအမျိုးအစား၀ိညာဥ်ဖြစ်နေလို့ပါပဲ အရိုးတွေတော်တော်များများမှာ ဓာတ်သဘောသဘာ၀ကိုမရှိကြတာ သိမှာပါ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တွေအားလုံးနီးပါးက အသုံးပြုလို့ရပါတယ်… သိုင်းပညာ၀ိညာဥ်အပေါ်မူတည်ပြီ ၀ိညာဥ်စွမ်းရည်ကလဲအမျိုးမျိုးပြောင်းလဲနိုင်လိုက်မယ်…ဒါမျိုးက နှစ်တစ်သိန်း၀ိညာဥ်အရိုးတွေအတွက်လဲ အတူတူပါပဲ ဒီလို၀ိညာဥ်အရိုးက အတော်လေးကို တွေ့ရတာများပြီ တခြားအဓိက၀ိညာဥ်အရိုးတွေမှာတော့ ကွာခြားချက်ရှိပါတယ်..အခုတည်ရှိနေတဲ့ ဓာတ်သဘောသဘာ၀ပါတဲ့ ၀ိညာဥ်အရိုးကတော့ မကိုက်ညီတဲ့ ၀ိညာဥ်ပညာရှင်တွေအတွက်ဆိုရင် ဘယ်တော့မှမပေါင်းစည်းနိုင်ပါဘူး…အတင်းအကြပ်ကိုယ့်ကိုကိုယ်ဖိအားပေးနိုင်တာကိုသာ ထိခိုက်ပါစေလိမ့်မယ်..ဒါ့အပြင် သေတောင်သေနိုင်ပါတယ်…ဒါကြောင့် ရှစ်ခုမြောက်ပစ္စည်းက ရေခဲအမျိုးအစား၀ိညာဥ်ပညာရှင်သာ အသုံးပြုနိုင်မယ်လို့ အရင်ဆုံးပြောပါရစေ ”

ရှစ်ခုမြောက်လေလံပစ္စည်းကိုရောက်ချိန်မှာကတော့ မင်းသမီးကျိုးကျိုးက ပိုလို့အသံကျယ်လာခဲ့ပါပြီ သူမရဲ့ အသံအနှိမ့်အမြင့်က လူတွေရဲ့စိတ်နှလုံးကို ကောင်းကောင်းလှုပ်ခတ်စေနိုင်ပါတယ်။ သူမပြောသလောက် စကားကိုနားထောင်ပြီ လူတွေကအာရုံစိုက်မှုပိုမြင့်လာခဲ့ပါပြီ။

” ရေခဲအမျိုးအစားဓာတ်သဘောသဘာ၀မျိုးက အရမ်းကိုအတားအဆီးများပါတယ်..၀ိညာဥ်ပညာရှင်တွေထဲမှာ တစ်ရာခိုင်းနှုန်းလောက်ပဲ အမျိုးအစားကိုအသုံးပြုကြတာပါ ဒါကြောင့် ဒီ၀ိညာဥ်အရိုးကအားကောင်းပေမဲ့ သူ့ရဲ့လိုအပ်ချက်ကို အဆင်ပြေနိုင်သူတဲ့အတွက်သာ ကောင်းမွန်မှာပါ ”

” ဒုတိယပြစ်ချက်ကတော့ အရမ်းကိုရှင်းလင်းပါတယ်..ဒါပေမယ့် အဲ့ဒီပြစ်ချက်က ၀ိညာဥ်စွမ်းရည်ပါ ကြယ်အလင်းလေလံအိမ်က ပညာရှင်တွေအများကြီးကို ဖိတ်ခေါ်ပြီဒီအရိုးကို ဆက်တိုက်လေ့လာခဲ့ပါတယ်…ဒီအရိုးရဲ့၀ိညာဥ်စွမ်းရည်က လုံး၀ကို ပုံသေကြီးဖြစ်နေခဲ့တယ်..ဘယ်လိုရေခဲအမျိုးအစား၀ိညာဥ်ပညာရှင်ရဲ့ သိုင်းပညာ၀ိညာဥ်နဲ့ ပေါင်းစည်းသည်ဖြစ်ပါစေ ၀ိညာဥ်စွမ်းရည်က ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး..ဒါက ကြီးမားတဲ့ကန့်သတ်ချက်ကြီးပါပဲ ”

” သူ့ရဲ့နောက်ဆုံးအားနည်းချက်ကတော့ သက်တမ်းပါပဲ ကျွန်မတို့ရဲ့လေ့လာမှုအရဆိုရင် ဒီ၀ိညာဥ်အရိုးရဲ့သက်တမ်းက နှစ်ပေါင်းငါးသောင်းကနေ ခုနှစ်သောင်းကြားမှာရှိမှာပါ ဒါကြောင့် သူ့ရဲ့အင်အားက အရမ်းကြီးမကြီးမားပေမဲ့ ပြစ်ချက်တစ်ခုလဲပါနေခဲ့ပါတယ်။ အကယ်၍ ဒါကြောင့်သာ မဟုတ်လို့ရှိရင် သေချာပေါက် သေမတတ်ကိုကြိုက်ရမဲ့ပစ္စည်းတစ်ခုပါပဲ စုစုပေါင်းပြစ်ချက်ကတော့ ဒီသုံးခုပါ ”

” ဒါတွေက ပြစ်ချက်တွေတဲ့လား ”

၀မ်ယန်ကလဲ မျက်နှာကိုတွန့်ရင်းပြောပါတယ်။

” ဘာပြစ်ချက်တွေလဲ ဒါကသေချာပေါက် သူ့ရဲ့အင်အားပါပဲဓာတ်သဘောသဘာ၀တစ်ခုထဲနဲ့တင် ပြစ်ချက်ရှိနေခဲ့ပါပြီ..အရိုးတွေအားလုံးထဲမှာ ဓာတ်သဘောသဘာ၀ပါ၀င်နေတဲ့ လိုအပ်ချက်က အကြီးမားဆုံးပါပဲ ၀ိညာဥ်ပညာရှင်တွေပေါင်းစည်းဖို့အတွက် အခက်အခဲဆုံးကိစ္စလဲဖြစ်နေခဲ့တယ် ”

ဥပမာအားဖြင့် ၀မ်သုန့်ရဲ့ရွှေအလင်းလက်မောင်းရိုးက သူ့လိုအလင်းအမျိုးအစား၀ိညာဥ်ပညာရှင်နဲ့ ပေါင်းစည်းဖို့အသင့်တော်ဆုံးပါ။ ပေါင်းစည်းပြီတဲ့နောက်မှာ သာမန်၀ိညာဥ်အရိုးတွေထက်လဲ အများကြီးပိုပြီးအားကောင်းပါတယ်။ ဒုတိယအားနည်းချက်ကတော့ ကြီးမားတဲ့အားသာချက်တစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားနိုင်ပါတယ်။ အားကောင်းတဲ့၀ိညာဥ်အရိုးတွေက သေချာပေါက် ၀ိညာဥ်စွမ်းရည်တွေ အစုံလိုက်ရှိနေသင့်တယ်။

နောက်ဆုံးပြစ်ချက်ကတော့ သူ့ရဲ့သက်တမ်းပါပဲ။ ၀ိညာဥ်အရိုးတစ်ခုရဲ့သက်တမ်းက ပြစ်ချက်ဟုတ်ရောဟုတ်သေးရဲ့လား။ အဲ့ဒီနောက် ကျိုးကျိုးက ပြစ်ချက်ဆိုတဲ့အရာတွေကို အသုံးပြုရင်း ၀ိညာဥ်အရိုးရဲ့ တန်ဖိုးကို ကောင်းကောင်းပြသသွားခဲ့ပါတယ်။

” ပြစ်ချက်တွေကိုပြောပြီးပြီဆိုတော့ အင်အားကိုပြောကြရအောင် ”

မင်းသမီးကျိုးကျိုးရဲ့အသံက မှန်ကန်ပြီလေးနက်တဲ့ အသွင်ကိုပြောင်းလဲသွားခဲ့ပါတယ်။

” ကြယ်အလင်းလေလံအိမ်ရဲ့အဓိကလေလံပြစ်သူအနေနဲ့ရော ကြယ်တာရာလော့နိုင်ငံတော် တော်၀င်မိသားစုရဲ့မင်းသမီးတစ်ပါးအနေနဲ့ပါ ကျွန်မပြောပြအရာအားလုံးက မှန်ကန်တယ်ဆိုတာကို ကျိန်ဆိုနိုင်ပါတယ်…ပထမဆုံးအနေနဲ့ ဒီ၀ိညာဥ်အရိုးက ကျွန်မမြင်ဖူးသမျှအားလုံးထဲမှာ ပြီးပြည့်စုံပါပဲ။ သူ့ရဲ့ရှားပါးမှုကလဲ နှစ်တစ်သိန်း၀ိညာဥ်အရိုးတွေနဲ့ယှဥ်လို့ရနေပါပြီ သူ့ကကျွန်မတို့ရဲ့ တိုက်ကြီးကလဲလာတာမဟုတ်သလို တခြားနိုင်ငံတွေကလဲ လာတာမဟုတ်ပဲ အထူးကန့်သတ်ထားတဲ့မြောက်၀င်ရိုးစွန်းကနေလာတဲ့အရိုးဖြစ်နေလို့ပါ ဒါ့အပြင် မြောက်၀င်ရိုးစွန်းရဲ့အလယ်ဗဟိုကနေလာရောက်တာဖြစ်ပြီ ဒီအရိုးရဲ့ပိုင်ရှင်ကတော့ အေးစက်လွန်လှတဲ့မြောက်၀င်ရိုးစွန်းမှာ ထူးကဲသာလွန်တဲ့၀ိညာဥ်သားရဲကောင်အဖြစ် ရပ်တည်နေတဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်ကနေရတာဖြစ်နေလို့ပါပဲ ”

မင်းသမီးကျိုးကျိုး ပြောလိုက်တဲ့စကားကို ကြားပြီချိန်မှာကတော့ အားလုံးက ဟို့ယွိဟောင်ဆီကို အကြည့်ရောက်သွားပါတော့တယ်။ သူတို့တွေတအံ့တဩ ဖြစ်နေကြပါပြီ။ သူတို့အားလုံးက ဟို့ယွိဟောင်ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်ကိုသိကြပါတယ်။ ဒါပေမယ့် ရှစ်ခုမြောက်ပစ္စည်းက ဟို့ယွိဟောင်ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ တူညီနေမယ်လို့ မထင်ထားခဲ့ပါဘူး။ ဟို့ယွိဟောင်သာ ဒါကိုရနိုင်မယ်ဆိုရင် သူ့အတွက်အကောင်းဆုံးဖြစ်မှာပါ။

ဟို့ယွိဟောင်လဲ ရုတ်တရက်နားလည်သွားပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လန့်သွားပြီ ရေခဲဧကရီဒီလောက်ဒေါသထွက်နေတာ ဘယ်အံ့ဩစရာရှိမလဲ ဒါကသူမမျိုးနွယ်ကလူရဲ့အရိုးဖြစ်နေလို့ပါ။

မင်းသမီးကျိုးကျိုးက ဆက်ပြောပါတယ်။

” ရေခဲကျောက်စိမ်းကင်းမြီးကောက်က အားလုံးအတွက်ရင်းနှီးတဲ့နာမည်တစ်ခုတော့ မဟုတ်နိုင်ပါဘူး.. ဒါပေမယ့် မှတ်မိတဲ့သူတွေရှိမယ်လို့ ထင်ပါတယ် .ရေခဲကျောက်စိမ်းကင်းမြီးကောင်တွေရဲ့ ခေါင်းဆောင်က ရေခဲကျောက်စိမ်းကင်းမြီးကောက်ဘုရင်ပါ သူ့ကိုရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်လို့လဲသိကြတယ်..ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲမှာ အဆင့်ရှစ်ရှိတဲ့သူပါပဲ သေချာပေါက် ဒီအဆင့်ထဲ၀င်လာနိုင်တဲ့သူတွေက ထိပ်တန်းတွေဆိုတာသိကြမှာပါ သူ့ရဲ့သက်တမ်းကိုမပြောရင်တောင် ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေက ၀ိညာဥ်သားရဲကောင်တွေအားလုံးမှာ ထိပ်ဆုံးကိုရောက်နေတာပါ ”

” ဒီ၀ိညာဥ်အရိုးက ရေခဲကျောက်စိမ်းကင်းမြီးကောက်ကနေလာတာဖြစ်သလို သူတို့တွေက အုပ်စုလိုက်သွားလာနေတာဖြစ်တာကြောင့် ဒီလိုမျိုးအုပ်စုထဲက တစ်ကောင်ကိုသတ်ဖို့က ခက်ခဲတဲ့အရာပါပဲ ဒါ့အပြင် မဟာကြယ်တာရာတောအုပ်ထဲက နှစ်တစ်သိန်းသားရဲကောင်တွေကို သတ်ရတာထက်ပိုခက်ပါသေးတယ် …ဒါ့အပြင် အခက်အခဲဆုံးအရာကတော့ သတ်ဖြတ်ပြီတဲ့အချိန်မှာ ၀ိညာဥ်အရိုးကိုထုတ်ယူရတာပါပဲ ”

အပိုင်း ၁၀၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset