Switch Mode

Chapter – 99.3

ထိပ်တန်းအရည်အသွေး ကုန်ပစ္စည်းတွေနဲ့ မင်းသမီး

အပိုင်း ၉၉•၃

” ထိပ်တန်းအရည်အသွေးကုန်ပစ္စည်းတွေနဲ့ မင်းသမီး ”
°°°
” ငါရဲ့ရွှေအလင်းဘယ်ဘက်လက်မောင်းအရိုးက နှစ်တစ်သိန်း၀ိညာဥ်အရိုးနဲ့ ယှဥ်လို့မရပေမဲ့ ၀ိညာဥ်အရိုးတွေထဲမှာ အတော်လေးကို ကြောက်စရာကောင်းတဲ့ အရိုးလို့ပြောလို့ရတယ်။ ဒါကြောင့်သာရတနာဂုဏ်ပြုလေလံပွဲမှာ စျေးအကြီးဆုံးဖြစ်နေခဲ့တာပေါ့ အဲ့ဒီနေရာမှာ ပစ္စည်းတွေအများကြီးရှိနေပေမဲ့ ဘယ်လိုပစ္စည်းအားလုံးကမှ ထိပ်တန်းအဆင့်လေလံပွဲမှာ ထည့်နိုင်တာမဟုတ်ဘူးလေ ”

နှစ်ယောက်သားစကားပြောနေကြချိန်မှာပဲ အလင်းပြင်ပေါ်မှာရှိတဲ့ နံပါတ်အရေအတွက်က ဆက်တိုက်ပြောင်းလဲနေခဲ့ပါပြီ။

၀ိညာဥ်ရွှေပြားအရေအတွက်ကတော့ တစ်သန်းအထိကို အမြန်ဆုံးရောက်ရှိလို့သွားပါတော့တယ်။ တစ်သန်းကိုဖြတ်ကျော်သွားပြီချိန်မှာတော့ ဖြည်းဖြည်းချင်းတစ်ရိပ်ရိပ်တိုးလာနေဆဲပါ။

ချင်းယာက ပြောလိုက်ပါတယ်။

” ဂုဏ်ကျက်သရေရှိလူကြီးမင်းတို့ ဒီဧကရာဇ်ကျား၀ိညာဥ်ဓားက သူ့ရဲ့အရည်အသွေးကို မူတည်ပြီရွှေပြားခြောက်သိန်းအဖြစ်အကြုံပြုတွက်ချက်ထားတာပါ သူ့ကိုထွင်းထုပေးတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဲ့ လက်မှုပညာကိုထည့်သွင်းမစဥ်းစားထားပါဘူး…ကျွန်မတို့လေလံအိမ်ရဲ့ စူးစမ်းလေ့လာမှုတွေအရဆိုရင် ဒီလိုအကြောင်းအရင်းတွေကြောင့်သာ ပစ္စည်းရဲ့ကြမ်းခင်းစျေးကို မြင့်လိုက်ရတာပါ တကယ်မူလစျေးကတော့ ၀ိညာဥ်ရွှေပြားတစ်ဒဿမသုံးသန်းရှိနိုင်ပါတယ်..ဒါ့အပြင် ၀ိညာဥ်အရိုးကလဲ ထွင်းထုတဲ့အချိန်မှာ အမှားအယွင်းပြစ်ချက်တစ်ခုရှိနေခဲ့တယ်…ဒါပေမယ့် အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်က ဓားအဖြစ်ပြောင်းလဲတဲ့အချိန်မှာ ဒီပြစ်ချက်ကိုဖယ်ရှားလိုက်ပါပြီ။ အကယ်၍ အရိုးကသာပြီးပြည့်စုံနေခဲ့မယ်ဆိုရင်တော့ ဒီဓားသွားကပိုပြီးအားကောင်းမှာအမှန်ပါပဲ ဒါပေမယ့် စျေးကလဲပိုကြီးမားပါလိမ့်မယ်..ကိုယ်တိုင်အတွေ့အကြုံအရပြောရမယ်ဆိုရင် ဒီဓားရဲ့စျေးနှုန်းကအတော်လေးကို သက်သာနေပါပြီ ”

ထိပ်တန်းအဆင့်လေလံပွဲကိုရောက်လာတဲ့သူတွေထဲမှာ အရူးတွေများပါနေလို့လား။ သူပြောလိုက်သလိုပါပဲ ဒီနေရာမှာရှိတဲ့ သူတွေအားလုံးက စျေးနှုန်းအမှန်ကိုကောင်းကောင်းမြင်နိုင်တဲ့သူတွေကြီးဖြစ်နေခဲ့တယ်။ ဒါ့အပြင် လေလံအိမ်က စစချင်ကြမ်းခင်းစျေးကို အလွန်အကျွံလဲစျေးမခေါ်ထားခဲ့ပါဘူး။ အားလုံး၀ယ်ယူလို့ရနိုင်လောက်တဲ့ အနေအထားကိုသာထားထားခဲ့ပါတယ်။

ထိုက်ယွဲ့ဟန်ကလဲ ချက်ချင်းဆိုသလို စိတ်ကိုဆုံးဖြတ်လိုက်ပြီ၀ိညာဥ်ရွှေပြားတစ်ဒဿမငါးခြောက်သန်းအထိကို တိုးမြင့်ရင်းစျေးခေါ်ပါတော့တယ်။

ဓားရဲ့စျေးက တစ်မိနစ်တိတိ မပြောင်းလဲခဲ့ပါဘူး။ လေလံပွဲပြီးဆုံးလို့သွားချိန်မှာကတော့ အခန်းတစ်ခုလုံးရွှေရောင်အလင်းတန်းတွေက မီးရှုးမီးပန်းတွေလိုမျိုး ပေါက်ထွက်လာပါတော့တယ်။ ဒါကတော့ လေလံပွဲအောင်မြင်သွားလို့ပါ။

ထိုက်ယွဲ့ဟန်ရဲ့နှလုံးသားထဲက နာကျင်နေခဲ့ပါပြီ။ အမျက်ဒေါသရဲ့အစောင့်အရှောက်ဖြစ်ပြီတဲ့နောက် အချိန်အကြာကြီး သူလုပ်ငန်းတာ၀န်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်စုငွေက ၀ိညာဥ်ရွှေပြားသိန်းချီလောက်ပဲရှိတာပါ။ ဒါပေမယ့် ကြယ်တာရာလော့မြို့တော်ကတော့ သူ့ရဲ့တကယ်အခြေစိုက်နယ်မြေဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့အမိမြေပါပဲ ဒါကြောင့် ငွေကြေးတွေကို ထုတ်ယူဖို့ဆိုတာက သိပ်မခက်ခဲခဲ့ပါဘူး။

အနီရောင်၀တ်ရုံရှည်ကို၀တ်ဆင်ထားခဲ့တဲ့ မင်းသမီးကျိုးကျိုးကတော့ နောက်တစ်ကြိမ်စင်ပေါ်မှာပေါ်လာခဲ့ရင်း ပြုံးပြနေခဲ့ပါတယ်။ အဲ့ဒီနောက် သူအနည်းငယ်ဦးညွတ်လိုက်ပြီ ပြောလာခဲ့တယ်။

” လေလံပွဲအောင်မြင်တဲ့ဧည့်သည်တော်ကို အထူးကျေးဇူးတင်ပါတယ်…ဒီနေ့ကျွန်မတို့လေလံပွဲကို ပါ၀င်ကြွရောက်ပေးတဲ့အတွက် တကယ်ကိုလေးစားမိပါတယ်..ဒုတိယလေလံပစ္စည်းကို မကြာခင်မှာပဲ စတင်တော့မယ်…နောက်တစ်ကြိမ် ထပ်ပြီးပြောရမဲ့ကိစ္စကတော့ ဒီလေလံပစ္စည်းက အရမ်းကို ရှားပါးတယ်ဆိုတာပါပဲ တစ်စုံလုံးအပြည့်အ၀ရရှိဖို့ဆိုတာ မလွယ်ကူပါဘူး…ဧည့်သည်တော်တို့ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြပါ ”

၀ိညာဥ်လက်နက်အလင်းပြင်က နောက်တစ်ကြိမ်ပြောင်းလဲလို့သွားခဲ့ပါတယ်။ အပိုင်းဆယ့်နှစ်ပိုင်းအဖြစ်ကို ခွဲခြားလို့ထားခဲ့ပြီ ဒီဆယ့်နှစ်ခုလုံးပစ္စည်းတွေကလဲ တစ်ခုနဲ့တစ်ခုကို အတော်တူညီလို့နေခဲ့တယ်။ ဒါတွေအားလုံးကတော့ ကန်တော့ပုံသဏ္ဍာန်ပစ္စည်းတွေပါပဲ။ သူတို့တွေရဲ့အရောင်က တစ်ခုတည်သောကွာခြားချက်ဖြစ်သလိုမျိုး မတူညီတဲ့သတ္ထုတွေနဲ့ ထုထားပုံပေါ်ပါတယ်။

” ရွေ့လျား၀ိညာဥ်အမြောက်ခွံတွေပဲ ”

ဟယ့်ချိုက်ထို့က မြင်မြင်ချင်ထပြောပါတော့တယ်။ သူအတော်လေးကို လန့်နေခဲ့တာပါ။

မင်းသမီးကျိုးကျိုးရဲ့အသံက အခန်းထဲမှာထွက်ပေါ်လာခဲ့ပါပြီ။

” ဒီရွေ့လျား၀ိညာဥ်အမြောက်ခွံတွေကလဲ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ ထုတ်လုပ်ထားတာပါပဲ။ ဒါ့အပြင် သူတို့အားလုံးကို စုဆောင်းဖို့အတွက် အတော်လေးကိုကြိုးစားအားထုတ်ခဲ့ရပါတယ်…တစ်ခုချင်းဆီက မတူညီတဲ့ အကျိုးရလဒ်တွေရှိပြီအရွယ်အစားတွေကတော့ စံသတ်မှတ်ထားတဲ့ပုံစံအတိုင်းလာပါတယ်…သူတို့တွေကို ကောင်းကောင်းအသုံးပြုနိုင်မယ်ဆိုရင် သော့်လော့တစ်ယောက်ရဲ့အသက်ကိုတောင် ခြိမ်းခြောက်လို့ရနိုင်တဲ့အစွမ်းအစရှိနေပါပြီ “:

” ဒီလို၀ိညာဥ်လက်နက်အဆင့်အတန်းကို တိုင်းတာဖို့အတွက် အသေးစိတ်ကျတဲ့ ဗျူဟာအချက်အလက်တွေရှိပါတယ်..ဒါ့အပြင် ဗျူဟာတွေက အဆင့်ခြောက်၀ိညာဥ်လက်နက်တွေရှုပ်ထွေးသလောက် တူညီလို့နီးပါးရှိတဲ့အပြင် သူတို့ရဲ့ဓာတ်သဘောသဘာ၀တွေက အများကြီးပါပဲ ဒီဓာတ်သဘောသဘာ၀တွေထဲမှာ ရေ မီး လေ မြေ အမှောင် အလင်း အဆိပ် လျှပ်စီး မြူခို သတ္ထု ပေါက်ကွဲမှုနဲ့ အကြောသေမှုဆိုပြီ အမျိုးမျိုးကွဲပြားသွားပါတယ်..အဆင့်ခြောက်၀ိညာဥ်အမြောက်တစ်ခုက အမြောက်ဆံကိုပြစ်လွှတ်ဖို့လိုအပ်ဆဲပါပဲ ဆက်တိုက်ပြစ်လွှတ်ဖို့အတွက် အနည်းဆုံးအဆင့်ခုနှစ်ရွေ့လျား၀ိညာဥ်အမြောက်ခွံကို လိုအပ်ပါလိမ့်မယ်..ဒါကြောင့် ဒီပစ္စည်းဆယ်နှစ်ခုကို သေချာကြည့်ဖို့ ငါးမိနစ်အချိန်ပေးပါ့မယ် ”

သူမဆက်ပြီမပြောခင်အချိန်မှာပဲ ဟယ့်ချိုက်ထို့က ပစ္စည်းတွေကိုသေချာကြည့်ဖို့အလင်းပြင်အနားရောက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ သူ့နောက်ကပ်လိုက်ပါတယ်။ သူတို့တွေက ဒီပစ္စည်းတွေအကြောင်းကို ကောင်းကောင်းမသိသေးပေမဲ့ ကြည့်နေရတာအတော်ကို ကောင်းလို့ပါ။

အထူးသဖြင့်ဟယ့်ချိုက်ထို့အတွက်ပါပဲ။ သူက ရွေ့လျား၀ိညာဥ်အမြောက်ကို ကောင်းကောင်းသုံးဖူးတဲ့သူပါ။ ဒါကြောင့် အမြောက်ခွံတွေဘယ်လောက်အရေးကြီးလဲဆိုတာကို သူသိပါတယ်။ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲမှာတောင် အသုံးပြုခွင့်မပြုတဲ့အခြေအနေကိုကြည့်မယ်ဆိုရင် ဘယ်လောက်အထိအားကောင်းမလဲဆိုတာ သိနေခဲ့ပါပြီ။

မင်းသမီးကျိုးကျိုးရဲ့ ပြောဆိုမှုက ချဲ့ကားပြောဆိုနေတာမဟုတ်ပါဘူး။ အခွံတွေက အဆင့်ခြောက်သာဖြစ်ပေမဲ့ တကယ်ပဲသော့်လော့တစ်ယောက်ရဲ့အသက်ကို ခြိမ်းခြောက်နိုင်ပါတယ်။

” ဒါတွေကအရမ်းလှတာပဲ ညီငယ်လေးသူတို့ရဲ့ဗျူဟာအခင်းအကျင်းက အမြောက်ဆံအခွံတွေရဲ့အဖျားမှာရှိနေတယ်…ဒါ့အပြင် အပေါ်ဖက်ကိုလဲ သူတိုပြန်ပြီးအရှိန်မြင့်တဲ့ပစ္စည်းတွေထပ်ပေါင်းထည့်ထားသေးတယ်..ဒါ့အပြင် ဒီလောက်ဗျူဟာအချက်အလက်တွေက အကြီးကြီးတွေပဲ အမြောက်ခွံတစ်ခုကိုအသုံးပြုလိုက်ပြီဆိုရင်သူတို့ရဲ့အရှိန်နှုန်းက သေချာပေါက် ကြောက်စရာကောင်းမှာ တွေးလို့တောင်ရနိုင်တယ်…အဆင့်ခြောက်နဲ့အထက်ရွေ့လျား၀ိညာဥ်အမြောက်တွေက သူတို့ကိုပြစ်ဖို့နဲ့ ဖောက်ကွဲဖို့ထိန်းချုပ်ရတာအရမ်းကိုခက်တယ်လို့ ပြောကြတာမဆန်းဘူး ”

ဟယ့်ချိုက်ထို့က ဒီအခွံတွေကို ဆက်တိုက်ကြည့်ရင်းအရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်။

၀မ်ယန်က သူ့အနားကိုလျှောက်လာရင်းမေးလိုက်တယ်။

” ချိုက်ထို့ ဒီအခွံတွေရဲ့တန်ကြေးကိုသိလား ”

ဟယ့်ချိုက်ထို့က ခေါင်းညိတ်ရင်းပြောလာခဲ့ပါတယ်။

” ဒါပေါ့ ကျွန်တော်သူတို့ သူတို့ကိုအများကြီးရှာဖွေထားပြီးပြီဆရာ၀မ် ကျွန်တော်တို့ဒါတွေကိုအကုန်ယူရမယ်…ဒီနေ့မှာကျွန်တော်တို့၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေက ဖယ်ရှား၀ိညာဥ်လက်နက်တွေကိုလေ့လာတဲ့နေရာမှာပဲ အဓိကအာရုံစိုက်ထားခဲ့တာ ရွေ့လျား၀ိညာဥ်အမြောက်တွေက ကျွန်တော်တို့အတွက် ကျော်လွှားဖို့ကြီးမားတဲ့ပြဿနာပဲ အခုအချိန်မှာ ကျွန်တော်တို့ကျောင်းတော်အနေနဲ့ အဆင့်ငါး၀ိညာဥ်အမြောက်ခွံကိုပဲ ထုတ်လွှတ်နိုင်သေးတယ်..ဒါတောင်အဲ့ဒီပစ္စည်းက အတော်ကိုစျေးကြီးပြီ အများကြီးထုတ်လုပ်နိုင်ဖို့လဲမလွယ်ဘူး..ဒီအခွံတွေက အဆင့်မြင့်အမြောက်ခွံတွေကိုလေ့လာဖို့အတွက် အများကြီးအသုံး၀င်လိမ့်မယ် ”

” ကောင်းပါပြီ ငါနားလည်ပြီ ”

၀မ်ယန်ကခေါင်းညိတ်လိုက်ပါတော့တယ်။ ချင်းယာက သူတို့ကိုသတိပေးလိုက်ပြန်ပါပြီ။

“:ဧည့်သည်တော်ကြီးတို့ အခွံတွေက ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ထူးခြားတိကျတဲ့ဗျူဟာစနစ်အပေါ်မှာမူတည်ပြီတပ်ဆင်ရတာပါ အကယ်၍ ဒါတွေကိုလေ့လာဖို့၀ယ်ယူမယ်ဆိုရင် ကျေးဇူးပြုပြီး သေချာလေးသတိထားပေးပါ သူတို့ရဲ့ဗျူဟာတွေကို ထိခိုက်ခံရမယ်ဆိုရင် သေချာပေါက် ပေါက်ကွဲမှုဖြစ်လာနိုင်ပါတယ် ”

” ဒါပေါ့ သိတာပေါ့ ”

ဟယ့်ချိုက်ထို့က ပြောပါတော့တယ်။

” ဒီလိုအဆင့်မြင့်တဲ့၀ိညာဥ်လက်နက်တွေကို ဘယ်သူပဲဖန်တီးပါစေ သူတို့သုံးတဲ့ပုံစံကအတူတူပဲလေ ဒါပေမယ့် အပေါ်ယံမျက်နှာပြင်ကိုကြည့်ပြီ တူညီတဲ့ဗျူဟာကို ပြန်ဖန်တီးလို့ရတယ် ”

သူဆက်ပြောချင်ပေမဲ့ ၀မ်ယန်က ချောင်းဟန့်လိုက်ရင်း သူ့စကားတွေကို တားဆီးလိုက်ပါတယ်။ ဟယ့်ချိုက်ထို့ကလဲ သူအရမ်းစိတ်လှုပ်ရှားပြီ စကားကျွံမိတော့မလို ဖြစ်သွားတာကို နားလည်သဘောပေါက်မိသွားတော့တယ်။

ဒီအမြောက်ခွံဆယ့်နှစ်ခုရဲ့ စျေးကလဲကြောက်စရာပါပဲ။ နောက်ထပ်လေလံပွဲတွေမှာ ပိုစျေးမြင့်တဲ့ပစ္စည်းတွေရောက်လာမယ်ဆိုတာ အံ့ဩစရာမရှိပါဘူး။ သူ့ရဲ့ကြမ်းခင်းစျေးကတင် ၀ိညာဥ်ရွှေပြားပေါင်းခြောက်သိန်းခွဲအထိကို စျေးရောက်နေခဲ့တာပါ။

” ဧည့်သည်တော်ကြီးတို့ ဒီအမြောက်ခွံတွေအစုံလိုက်က အရမ်းကြီးစျေးကြီးနေတယ်လို့တော့ မမှတ်လိုက်ပါနဲ့ ဒါတွေက တိုက်ပွဲမှာအသုံးပြုနိုင်ရုံတင်မကပဲ သူတို့တွေကို အထွဠ်အမြတ်အဖြစ်လဲသိမ်းထားလို့ရပါတယ်..ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမအနေနဲ့ ဒီလိုမျိုးအစုံလိုက်ကို ထုတ်သုံးဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စပါ အ​​ရေးကြီးဆုံးအရာကတော့ သူတို့တွေကရှားပါးတယ်ဆိုတဲ့ကိစ္စပါပဲ ကြယ်အလင်းလေလံအိမ်အနေနဲ့ ဒီလိုမျိုးအဆင့်ခြောက်၀ိညာဥ်အမြောက်ခွံအစုံလိုက်ကို အမိန့်ပေးတာပထမဆုံးအကြိမ်ပါ ”

စျေးတွေကတော့စခေါ်နေခဲ့ပါပြီ။ ၀မ်ယန်က အလောတကြီးနဲ့မလှုပ်ရှားခဲ့ပါဘူး။ ဖြည်းဖြည်းချင်းသာ ထိုင်ကြည့်နေခဲ့ပါတယ်။

လေလံပွဲတစ်ခုမှာ သူပါ၀င်တာက ပထမဆုံးအကြိမ်လဲမဟုတ်သလို ဒုတိယအကြိမ်လဲမဟုတ်ခဲ့ပါဘူး။ ထူးခြားတဲ့လေလံပွဲတွေမှာတောင် လေလံပစ္စည်းတွေအားလုံးက အလွယ်တကူရောင်းမထွက်နိုင်မှန်း သူသိနေခဲ့တယ်။ အဲ့ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် သေချာပေါက် ဒုတိယလေလံပွဲကဆက်ပြီကျင်းပမှာပါ။

ဒီအခွံတွေရဲ့စျေးက ပထမဓားထက်လဲအများကြီးပိုပြီး မြင့်လာနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုဖြစ်လာနိုင်တာကလဲ သူတို့ရဲ့ရှားပါးမှုကြောင့်ပါပဲ။ ဒါတွေကိုကောင်းကောင်းသုံးပေမဲ့ အသုံးပြုချင်စိတ်ရှိသူကလဲ ပိုနည်းပါးပါလိမ့်မယ်။ ဒါ့အပြင် အခွံတွေရဲ့စျေးက အရမ်းကိုများပြားနေခဲ့တာကြောင့် သူတို့ကိုဘယ်လိုသုံးရမလဲဆိုတာ ကောင်းကောင်းမသိပဲ အလကားဖြုန်းတီးရုံသက်သက်သာဖြစ်သွားခဲ့မှာပါ။ အခုအချိန်တွေကိုကောင်းကောင်းတစ်ကြိမ်သုံးပြီတယ်ဆိုတာနဲ့ သူတို့ကို နောက်ထပ်သုံးဖို့မလွယ်ကူတော့ပါဘူး။

၀မ်ယန်ရဲ့ တည်ငြိမ်မှုကတကယ်ပဲ အကျိုးရှိခဲ့ပါပြီ။ ခြောက်သိန်းခွဲဆိုတဲ့ပမာဏက လုံး၀ကိုမတက်လာပဲ ရှိခဲ့ပါတယ်။ ဘယ်သူကမှ သူ့ကိုစျေးမခေါ်ကြပါဘူး။ တစ်မိနစ်ကြာပြီတဲ့နောက် မင်းသမီးကျိုးကျိုးက နောင်တအပြည့်နဲ့ပြောလာခဲ့ပါတယ်။

” ကြည့်ရတာ အမြောက်ခွံဆယ့်နှစ်ခုက ပိုင်ရှင်မရှိတဲ့ပုံပါပဲ နောက်ထပ်စက္ကန့်နှစ်ဆယ်ရေတွက်ပါ့မယ်..အကယ်၍ ဘယ်သူမှလေလံမဆွဲတော့ဘူးဆိုရင် ဒီပစ္စည်းကို ဒုတိယလေလံပွဲအတွက် ထားတော့မှာပါ ”

၀မ်ယန်က ချင်းယာဘက်ကိုလှည့်ရင်း ခပ်တိုးတိုးပြောလိုက်ပါတယ်။

“‘ ဒုတိယပွဲမှာရော ဘယ်လိုကြမ်းခင်းစျေးနဲ့စမှာလဲ ”

” ကြမ်းခင်းစျေးတွေက အတူတူပါပဲ ”

ချင်းယာကပြန်ဖြေလိုက်ပါတယ်။

၀မ်ယန်လဲ ခေါင်းညိတ်လိုက်ပြီ သူ့ရဲ့မျက်နှာပေါ်မှာရင့်ကျက်ပြီအားကောင်းတဲ့ အလင်းတန်းက ပေါ်ထွက်လာပါတော့တယ်။

” ငါး လေး သုံး နှစ် တစ် ”

နောက်ဆုံးနှစ်စက္ကန့်ကိုရောက်ချိန်မှာ ၀မ်ယန်ကပြောလိုက်ပါတယ်။

” ၀ိညာဥ်ရွှေပြားခြောက်သိန်းငါးသောင်းငါးထောင်ကို စျေးခေါ်ပါ့မယ် ”

ဒီလိုအသေးငယ်ဆုံးစျေးမြင့်မှုက ၀ိညာဥ်ရွှေပြားငါးထောင်ပါပဲ။ သူက ကြမ်းခင်းစျေးကိုငါးထောင်ထည့်ပေါင်းလိုက်ရုံပါ ချက်ချင်းဆိုသလို စျေးကပေါ်သွားပါတော့တယ်။ နောက်ဆုံးအချိန်မှာကတော့ ခြောက်သိန်းငါးသောင်းငါးထောင်နဲ့ ရပ်တန့်လို့သွားခဲ့ပါပြီ။

ချင်းယာကတော့ မျက်လုံးပြူးသွားခဲ့ရင်း နှုတ်ခမ်းလေးကိုပိတ်ကာရယ်မောနေခဲ့ပါတော့တယ်။

” ဆရာ၀မ်က တကယ်ထက်မြက်တာပဲ ”

ဘာဖြစ်သွားလဲဆိုတာ ဟို့ယွိဟောင်လဲ နားလည်ပါတယ်။ နောက်ဆုံးအကြိမ်မှာ ၀မ်ယန်တစ်ယောက်ထဲတင် စျေးခေါ်တာမဟုတ်ပါဘူး။ တခြားကြမ်းခင်းစျေးခေါ်သူလဲရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ၀မ်ယန်က သူ့ရဲ့စျေးကိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ မြင့်တင်လိုက်တာပါ။

၀မ်ယန်က ပြုံးပြရင်း ပြောလာခဲ့ပါတယ်။

” နည်းနည်းလေးသတိထားရုံပါပဲ ကံကောင်းလို့စျေးလေးနည်းနည်းမြင့်ပြီ ရလိုက်တယ် ”

ချင်းယာကတော့ ရယ်​မောပြီတဲ့နောက် သူ့ကိုဂုဏ်ပြုပါတော့တယ်။ အမျက်ဒေါသကျောင်းတော်က သူဧည့်သည်အဖြစ်လက်ခံဆောင်ရွက်နေရတာဖြစ်ပြီ လေလံပစ္စည်းနှစ်ခုကို အောင်အောင်မြင်မြင်လေလံဆွဲပြီးသွားပါပြီ။ သူမအနေနဲ့ တန်ကြေးတစ်ခုရရှိရုံတင်မကပဲ လေလံအိမ်မှာလဲ အမှတ်မြင့်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အမျက်ဒေါသကျောင်းတော်က နောက်ပစ္စည်းငါးခုကိုတော့ လေလံမဆွဲခဲ့ပါဘူး။ ဒါကတော့ ဘယ်ဘက်အရိုးတစ်ခု ညာဘက်အရိုးတစ်ခု ညာဘက်ခြေထောက်ရိုးတစ်ခုနဲ့ ရှားပါးပစ္စည်းတွေအပြင် အဝေးပြစ်လို့ရတဲ့အဆင့်ရှစ်၀ိညာဥ်လက်နက်တစ်ခုပါ။ ဒါတွေအားလုံးထဲမှာ အဝေးပြစ်အဆင့်ရှစ်၀ိညာဥ်လက်နက်ကတော့ အကောင်းဆုံးပါပဲ။ ဒါကိုအသုံးပြုနိုင်ဖို့အတွက် သော့်လော့တစ်ယောက်ကိုလိုအပ်ပါတယ်။ သူ့ရဲ့နာမည်ကတော့ ကောင်းကင်ခွဲခြမ်းအမြောက်ပါ။ နေလနိုင်ငံတော်က ထွက်ပေါ်တဲ့ပစ္စည်းပါပဲ။ ဒါပေမယ့် ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ထုတ်လုပ်တာမဟုတ်ပဲ အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရဲ့ လက်ရာဖြစ်နေခဲ့ပါတယ်။

အပိုင်း ၉၉•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset