Switch Mode

Chapter – 99.2

ထိပ်တန်းအဆင့် ကုန်ပစ္စည်းနဲ့ မင်းသမီး

အပိုင်း ၉၉•၂

” ထိပ်တန်းအဆင့်ကုန်ပစ္စည်းနဲ့မင်းသမီး ”
°°°
လေလံစင်မြင့်ရှိမနေခဲ့တာ အံ့ဩစရာမဟုတ်တော့ပါဘူး။ ပစ္စည်းကိုတိုင်းကို တစ်ခုချင်းဆီသီးသန့်ပြသပေးလို့နေခဲ့တာပါ။ ဆယ်မီတာကျော်ရှည်လျားတဲ့နံရံကြီးပေါ်မှာအသေးစိတ်တွေကို ပြသထားခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်က ရုတ်တရက်မေးလိုက်မိတယ်။

” ဘာကြောင့် လေလံပြစ်တဲ့သူက ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တော်၀င်မိသားစုရဲ့ ထုံတမ်းစဥ်လာတွေအတိုင်း လိုက်လုပ်နေရတာလဲ ”

ချင်းယာက ထိုက်ယွဲ့ဟန်ကို လန့်သွားတဲ့ပုံစံနဲ့ကြည့်ရင်း ပြန်ဖြေလိုက်ပါတယ်။

” တကယ်ကိုမျက်စိရှင်တာပါပဲ ဧည့်သည်တော် လေလံပြစ်သူကျိုးကျိုးက ကြယ်တာရာလော့လေလံအိမ်ရဲ့ အဓိကလေလံပြစ်သူဖြစ်ပြီ တစ်ယောက်တည်သောရွှေရောင်အဆင့်လေလံပြစ်သူပါပဲ။ ဒါပေမယ့် လက်ရှိအချိန်သူ၀တ်ဆင်ထားတဲ့ ပုံစံက သူ့အနေနဲ့ လေလံပွဲကနေ ၀ိညာဥ်ရွှေပြားပေါင်းသန်းတစ်ရာကို ရအောင်လုပ်ပြီမှသာ ရွှေရောင်၀တ်စုံကိုပြောင်းပြီ၀တ်ဆင်ရမှာပါ တစ်ချိန်ထဲမှာပဲ လေလံပြစ်သူ ကျိုးကျိုးက လက်ရှိဧကရာဇ်ရဲ့ညီမအငယ်ဆုံးလဲဖြစ်ပါတယ်..ဒါ့အပြင် သူ့ကိုယ်သူလေလံပြစ်တဲ့သူအဖြစ်သာ သတ်မှတ်ထားတာကြောင့် သူ့ကိုအရှင်မင်းသမီးလို့ မခေါ်ဝေါ်ကြတာပါပဲ ”

အားလုံးက လက်ရှိအချိန်မှာ အကြည့်ပြောင်းသွားခဲ့ပါပြီ။ ကြယ်တာရာအလင်းအိမ်က ကြီးမားတဲ့နောက်ခံအင်အားရှိမှာကို ခန့်မှန်းပြီသားဖြစ်ပေမဲ့ ဒီလောက်အဆင့်ရောက်နေမယ်လို့ မခန့်မှန်းမိပါဘူး။ တော်၀င်နန်းတော်ရဲ့မင်းသမီးတစ်ပါးက လေလံပြစ်သူတောင်ဖြစ်နေပါပြီ။ ဒါက ဘာကိုဆိုလိုတာလဲ ဒီကြယ်အလင်းလေလံအိမ်ကြီးတစ်ခုက တော်၀င်မိသားစုကအပိုင်ဆိုတာ သေချာသလောက်ဖြစ်နေတာပါပဲ။

ဒါပေမယ့် သူတို့လက်ရှိရှာဖွေတွေ့ရှိသွားတဲ့အချက်ကြောင့် အားလုံးရဲ့အာရုံစိုက်မှုက ဒိီကိစ္စကိုသာရောက်သွားခဲ့တယ်။ ဒီတစ်ကြိမ်မှာပဲ မင်းသမီးကျိုးကျိုးရဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါပြီ။

ဧကရာဇ်ကျား၀ိညာဥ်ဓားသွား အဆင့်ရှစ် အနီးကပ်၀ိညာဥ်တိုက်ခိုက်ရေးလက်နက် ပစ္စည်းတွေက အတော်ကို တန်ဖိုးကြီးတဲ့အပြင် နှစ်တစ်သိန်းဧကရာဇ်ကျားရဲ့ ညာဘက်လက်မောင်းအရိုးလဲ ပါ၀င်ပါတယ်။ ဒါ့အပြင် ဧကရာဇ်မင်းဓားချက်လို့ခေါ်တဲ့ ၀ိညာဥ်အရိုးစွမ်းရည်တစ်ခုလဲ ပါရှိတာကြောင့် တိုက်ခိုက်ရေးစွမ်းအား​ကို ၀ိညာဥ်စွမ်းအားနဲ့ပေါင်းစည်းပြီငါးဆယ်ရာခိုင်းနှုန်းအထိ ထပ်တူတိုးမြင့်ပေးလိုက်ပါတယ်။

” သတိပေးချက်တစ်ခုရှိတာကတော့ သူ့ကိုအသုံးပြုတဲ့ တိုက်ကွက်တစ်ခုချင်းဆီတိုင်းမှာ နောက်ထပ်၀ိညာဥ်စွမ်းရည်တစ်ခုကိုထပ်ပြီထည့်သုံးပေးရမှာပါ တစ်ချိန်ထဲမှာပဲ ပေါင်းစည်းပြီလုပ်ဆောင်တဲ့အတူ တိုက်ပွဲဗျူဟာအလင်းတန်းတွေအားလုံးကလဲ ကြောက်စရာကောင်းလောက်တဲ့စွမ်းအားကို လိုအပ်ပါလိမ့်မယ်..ကိုယ်ရဲ့ကိုယ်ပိုင်၀ိညာဥ်စွမ်းအား သုံးပုံတစ်ပုံအထိကို ဓားချက်တစ်ချက်ဆီလို့လိုအပ်မှာပါ ”

” နောက်ဆုံးတစ်ခုကတော့ ဧကရာဇ်ကျား၀ိညာဥ်ဓားသွားက နေလနိုင်ငံတော်ရဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ လာရောက်ရတာပါပဲ ဒီစကားလုံးသုံးလုံးက သူ့ရဲ့အရည်အသွေးကို သက်သေပြဖို့လုံလောက်ပါတယ်..၀ိညာဥ်ခုနှစ်ကွင်းအဆင့် ၀ိညာဥ်သူတော်စင်ကနေစပြီ ဒီလက်နက်ကိုအသုံးပြုနိုင်ပါတယ်…ဒါ့အပြင် ၀ိညာဥ်သူတော်စင်တွေအသုံးပြုမယ်ဆိုရင်တောင် ၀ိညာဥ်သော့်လော့ကို စိန်ခေါ်နိုင်မှာပါ ဒီပစ္စည်းကိုသေချာလေ့လာဖို့အတွက် အချိန်ငါးမိနစ်ရပါတယ် ”

မင်းသမီးကျိုးကျိုးမိတ်ဆက်ပြီတာနဲ့ လူတွေအားလုံးက သက်ပြင်းချသံတွေပေါ်လာပါတော့တယ်။ ဒါကလေလံပွဲရဲ့ပထမဆုံး၀ိညာဥ်ပစ္စည်းဖြစ်နေတာပါ။ ဒါတောင်မှ အဆင့်ရှစ်၀ိညာဥ်ဖြစ်နေပါပြီ။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့နှစ်ယောက်စလုံးတောင်မှ ဒါကိုမမြင်ဖူးကြပါဘူး။ ရိုးရှင်းပြီအတော်လေးကို မာဆတ်တဲ့စကားလုံးတွေက ဒီပစ္စည်းရဲ့ဆွဲဆောင်မှုရှိတဲ့စွမ်းအားဖြစ်နေခဲ့ပါတယ်။

အတွေ့အကြုံအရင့်ဆုံးဖြစ်တဲ့ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့တောင်မှ တအံ့တဩတွေဖြစ်နေခဲ့ပါပြီ။ သူတို့အနေနဲ့ အရင်လေလံပွဲတွေမှာ အဆင့်ရှစ်၀ိညာဥ်လက်နက်ကို မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်အထိ အားကောင်းတာမျိုးမရှိပါဘူး။ ပုံမှန်မှာ အဆင့်ခြောက်၀ိညာဥ်လက်နက်ပေါ်လာဖို့ကတင် အတော်လေးကို ရှားပါးနေပါပြီ။ တစ်သက်မှာတစ်ခါလောက် မြင်တွေ့ရတဲ့အဆင့်ရှစ်၀ိညာဥ်လက်နက်က သူတို့ရှေ့ကိုရောက်လာနေပြီ ဒါကလဲ အစသာရှိပါသေးတယ်။ ဒီနေ့မှာနောက်ထပ်ပစ္စည်းတွေ ဘယ်လိုရောက်လာဦးမလားဆိုတာ ခန့်မှန်းလို့မရနိုင်ပါဘူး။ သူတို့တွေ ဘယ်လိုလုပ်မလန့်ပဲနေမှာလဲ။

အနီးကပ်တိုက်ခိုက်ရေးလက်နက်တစ်ခုဖြစ်နေရုံနဲ့ဆိုရင် ဒီဓားသွားကိုအထင်သေးလို့်မရနိုင်တာအမှန်ပါ။ အမှန်တကယ်မှာတော့ ၀ိညာဥ်ပညာရှင်တွေအတွက် အနီးကပ်တိုက်ခိုက်ရေးလက်နက်တွေက အဝေးပြစ်လက်နက်တွေထက် ပိုပြီးအရေးကြီးဆုံးပါပဲ။ သူတို့ရဲ့ စွမ်းအားနဲ့သာ လိုက်လျောညီထွေးရှိနေမယ်ဆိုရင် ကြောက်စရာကောင်းလောက်အောင် အသုံး၀င်နိုင်ပါတယ်။

ကျောင်းတော်တွေကတော့ စိတ်မထိန်းနိုင်တော့ပဲထရပ်ပြီ ဒီပစ္စည်းကို အနီးကပ်သွားကြည့်မိပါတော့တယ်။

အလင်းပြင်ကြီးပေါ်မှာကတော့ ပစ္စည်းအကြောင်းအသေးစိတ်ကို နားလည်အောင်ရှင်းပြလို့ထားခဲ့တယ်။ ဓားကလေးပေနဲ့ခြောက်လက်မရှည်လျားပြီ အကျယ်ကတော့ တစ်လက်မရှိပါတယ်။ သူက ဓားကောက်လိုပုံစံမျိုးပုံသွင်းထားခဲ့ပြီ လက်ကိုင်ကတော့ အရိုးတစ်ခုလိုအသွင်ပါပဲ။ ဒါ့အပြင် လက်ကိုင်ကလဲ ဆယ်မီတာကျော်ကျယ်ပြန့်ပါတယ်။ နောက်ဆုံးမှာတော့ ကျားတစ်ကောင်ရဲ့ ခေါင်းပုံဏ္ဍာန်နဲ့ အဆုံးသတ်လို့ထားခဲ့ပြီ ၀ိညာဥ်လက်နက်ဗျူဟာအခင်းအကျင်းက အဲ့ဒီနေရာမှာ ရှိနေတယ်ဆိုတာ သံသယ၀င်စရာမရှိပါဘူး။ ကျားခေါင်းမှာတော့ အ၀ါရောင်အလင်းတန်းတွေက ဆက်တိုက်လွှင့်ထွက်လို့နေပါသေးတယ်။ ထူးခြားတဲ့ကျောက်မျက်ရတနာတစ်ခုနဲ့ ပြုလုပ်ထားသလိုမျိုး တောက်ပလို့နေခဲ့တာပါ။

အဖွဲ့တစ်ဖွဲ့လုံးမှာ ၀ိညာဥ်လက်နက်တွေအကြောင်း သိအနားလည်ဆုံးဖြစ်တဲ့ ဟယ့်ချိုက်ထို့က တခဏတာကြည့်ရင်းပြောလာခဲ့ပါတယ်။

” ဒါက ဗျူဟာကို၀ိညာဥ်အရိုးထဲကနေ စွမ်းအားထုတ်ဖို့သုံးထားရုံတင်မကပဲ သူ့ရဲ့ကိုယ်ထည်တစ်ခုလုံးက ပရင်းရွှေတွေနဲ့လုပ်ထားတာပဲ ထူးခြားလိုက်တာ ဒါ့အပြင် ပရင်းရွှေကအတော်ကို တန်ဖိုးကြီးတယ်..ဒါကြောင့် ၀ိညာဥ်အရိုးရဲ့စွမ်းအားတွေကို သိပ့်သည်းအောင်လုပ်ပေးနိုင်တာ အံ့ဩစရာမရှိတော့ဘူး…ဒီလိုမျိုးပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာ ထုတ်လုပ်တဲ့ပစ္စည်းတွေက တကယ်ကို ထူးခြားလွန်တယ် ”

ဟို့ယွိဟောင်က ဟယ့်ချိုက်ထို့ဘေးမှာရှိနေခဲ့တာပါ။ သူလဲသေချာလေ့လာနေခဲ့ပါတယ်။ ပုံရိပ်တစ်ခုသာဖြစ်ပေမဲ့ ဘယ်လောက်အစွမ်းထက်မလဲဆိုတာကို ကြည့်ရုံနဲ့သိနေခဲ့ပါပြီ။ ကျယ်ပြန်တဲ့ဓားသွားက ရွှေရောင်အလင်းတန်းတွေ ဖြာထွက်နေခဲ့သလို ကြောက်စရာကောင်းတဲ့သွေးအငွေ့အသက်တွေလဲ လျှံထွက်နေခဲ့ပါတယ်။ ဟို့ယွိဟောင်က မေးလာခဲ့တယ်။

” အစ်ကိုကြီးပုံရိပ်ယောင်အစစ်အမှန်ခန်းမဆိုတာ ဘယ်လိုနေရာကြီးလဲ ”

ဟယ့်ချိုက်ထို့ပြန်မဖြေနိုင်ခင် ၀မ်ယန်က ပြန်ဖြေလိုက်ပါတယ်။

” ပုံရိပ်ယောင်အစစ်အမှန်ခန်းမနဲ့ ငါတို့အမျက်ဒေါသကျောင်းတော်ရဲ့ ဆက်ဆံရေးကတကယ်ကို နက်ရှိုင်းလွန်တယ်..သူတို့ကလေလံနိုင်ငံတော်မှာအမြင့်မားဆုံးအဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်တဲ့ အတိအကျပြောရမယ်ဆိုရင် နေလတော်၀င်၀ိညာဥ်လက်နက်ကျောင်းတော်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ငါတို့ရဲ့အတွင်းနယ်မြေလိုပုံစံမျိုးနဲ့တူသလို အထူးချွန်ဆုံးကျောင်းသားတွေကပဲ အဲ့ဒီနေရာကို ၀င်ရောက်ပြီလေ့ကျင့်သင်ကြားနိုင်တယ်…တစ်ချိန်ထဲမှာပဲ သူတို့က ၀ိညာဥ်လက်နက်တွေကို ထုတ်လုပ်ဖန်တီးတဲ့နေရာမှာ အဓိကဩဇာအရှိန်အ၀ါကို ပိုင်ဆိုင်ထားတယ်…ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ ထုတ်လုပ်တဲ့၀ိညာဥ်လက်နက်တွေအားလုံးက စျေးကွက်ကိုရောက်တာနဲ့ ၀ယ်လိုအားအရမ်းကို မြင့်ကြတာပဲ ဒါကြောင့် ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ၀ိညာဥ်လက်နက်တွေရဲ့ အရည်အသွေးကို အဓိကကိုယ်စားပြုတဲ့ သူတွေလို့ပြောလို့ရနိုင်တယ် ”

ချင်းယာက ပြုံးပြရင်းပြောလာခဲ့ပါတယ်။

” ဆရာ၀မ်ပြောတာမှန်တယ်…အဲ့ဒီနေရာမှာ ဆရာတွေကကျောင်းသားတွေထက်တောင် ပိုများသေးတယ်..အင်အားအကြီးဆုံး၀ိညာဥ်ပညာရှင်တွေကလဲ အမြဲတမ်းစုစည်းနေတာကြောင့် နှစ်စဥ်နှစ်တ်ိုင်းများပြားတဲ့၀ိညာဥ်လက်နက်တွေက ခန်းမကနေထွက်ပေါ်လာတယ်..ပုံရိပ်ယောင်အစစ်အမှန်ခန်းမက နေလနိုင်ငံတော်အတွက် အ​ရေးကြီးဆုံးထောက်တိုင်ကြီးတစ်ခုလို့တောင် ပြောလို့ရနိုင်နေပါပြီ သူတို့ရဲ့နည်းပညာတွေက ၀ိညာဥ်လက်နက်တွေကို ဖန်တီးတဲ့နေရာမှာ အတိုးတက်ဆုံးပါပဲ ”

ပေ့ပေ့က ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာသရဲတစ်ကောင်လိုပေါ်လာခဲ့ပါတယ်။ ချင်းယာရဲ့ ရှင်းပြချက်ကို သေချာနားထောင်နေခဲ့တာပါ။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ပုခုံးကို ထိလိုက်ရင်းပြောလိုက်ပါတော့တယ်။

” ညီငယ်လေး လုပ်လိုက်စမ်း ”

ဟို့ယွိဟောင်ရဲ့ နားထဲကို၀င်လာခဲ့တဲ့ဒီစကားလုံးတချို့က သူ့ကိုမျှော်လင့်ချက်တွေပြည့်သွားစေခဲ့ပါတယ်။ ဟို့ယွိဟောင်သူ့ဘာသာသူတွေးလိုက်မိတယ်။ အကယ်၍ ထန်မျိုးနွယ်မှာသာ ဒီလိုမျိုးချီးမွမ်းခံရတဲ့ နေ့ရက်မျိုးရောက်လာခဲ့မယ်ဆိုရင် ဘယ်လောက်တောင် ပျော်စရာကောင်းလိမ့်မလဲ။

ဟို့ယွိဟောင်က ကျောင်းတော်ထဲမှာ ဆက်တိုက်လေ့ကျင့်ပြီတဲ့နောက် စိတ်ခံစားချက်တွေမယိမ်းယိုင်တော့တာ အတော်ကြာပါပြီ။ ဒါပေမယ့် ကြယ်တာရာလော့မြို့တော်မှာ လာရောက်ယှဥ်ပြိုင်ဖို့ စတင်ချိန်ကနေစပြီ ခရီးစဥ်တစ်လျှောက်အများကြီးသင်ယူခဲ့ရသလို အများကြီးကိုလဲ မြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာကတော့ ၀ိညာဥ်လက်နက်တွေရဲ့အရေးပါမှုကို နားလည်သွားပြီဖြစ်သလို ၀ိညာဥ်လက်နက်ကိုထုတ်လုပ်နေတဲ့ နေလနိုင်ငံတော်က တခြားနိုင်ငံတော်တွေထက်အများကြီးသာလွန်နေတာကို ပိုသိမြင်လာခဲ့ရတယ်။

ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ ထိုးနှက်နေတဲ့အရာကတော့ အဆင့်ရှစ်၀ိညာဥ်လက်နက်မဟုတ်ပဲ ချင်းယာရဲ့၀ိညာဥ်လက်နက်ကို ၀ိညာဥ်စွမ်းအားမလိုပဲ အသုံးပြုလို့ရအောင်ကူညီပေးတဲ့ အထောက်အပံ့ပစ္စည်းပါပဲ။ နေလနိုင်ငံတော်က ဒါမျိုးကိုထုတ်လုပ်နိုင်နေပြီဆိုရင် အင်အားနည်းတဲ့သူနဲ့ အင်အားကြီးတဲ့သူကြားမှာ ကွာခြားချက်က နောက်ဆိုရှိတော့မှာတောင် မဟုတ်တော့ပါဘူး။ နှစ်အနည်းငယ်အတွင်းမှာပဲ သူတို့အနေနဲ့ ၀ိညာဥ်စွမ်းအားမလိုပဲ အသုံးပြုလို့ရမဲ့၀ိညာဥ်လက်နက်ပစ္စည်းအကြီးတွေကို ထုတ်လုပ်နိုင်ပါလိမ့်မယ်။ အဲ့ဒီအချိန်သာ ရောက်လာခဲ့မယ်ဆိုရင် တိုက်ကြီးတစ်ခုလုံးရဲ့တည်ဆောက်ပုံက ပြောင်းလဲတော့မှာပါ။

” ပိုသန်မာလာဖို့အတွက် ငါဆက်တိုက်ကြိုးစားမှရမယ်. ”

ဟို့ယွိဟောင်က စိတ်ထဲမှာလုံး၀မှတ်သားလိုက်ပါတယ်။

” အချိန်ပြည့်သွားပါပြီ ဒီဓားရဲ့အဖွင့်စျေးက ၀ိညာဥ်ရွှေပြားခြောက်သိန်းပါ စျေးခေါ်မှုက ၀ိညာဥ်ရွှေပြားငါးထောင်ထက် လျော့လို့မရပါဘူး..အားလုံးပဲ ဒီကြုံတွေ့မှုအတွေ့အကြုံတွေကြောင့် အများကြီးရှင်းပြဖို့မလိုတော့ဘူးလို့ ထင်ပါတယ် .အကယ်၍ တစ်မိနစ်ပြီတဲ့နောက်မှာ ကြမ်းခင်းစျေးကိုဘယ်သူမှမခေါ်ကြဘူးဆိုရင်တော့ ပြီးသွားပါပြီ စတင်ကြရအောင် ”

နောက်တစ်ကြိမ် အလင်းပြင်ကြီးတစ်ခုလုံးက အဖြူရောင်ပြောင်းလဲလို့သွားပါတော့တယ်။ လက်ရှိအချိန်မှာကတော့ ဓားရဲ့အပေါ်ဘက်မှာ ခြောက်သိန်းဆိုတဲ့စကားလုံးကသာ ထင်ထင်ရှားရှားကျန်ရစ်နေတော့တယ်။

” ခြောက်သိန်းငါးသောင်း ”

ထိုက်ယွဲ့ဟန်က ပထမဆုံးစပြီစျေးခေါ်တာပါ အဲ့ဒီနောက် သူ၀မ်ယန်ကိုလှည့်ပြီ ပြောလိုက်ပါတယ်။

” ဆရာ၀မ် ဒါကကျွန်တော်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါပဲ ”

၀မ်ယန်က ဘာမှမပြောခဲ့ပါဘူး။ ရိုးရိုးရှင်းရှင်းသာ ခေါင်းညိတ်ပြလိုက်တယ်။

အတွင်းနယ်မြေရဲ့ကျောင်းသားတွေက ငွေကြေးနဲ့ပတ်သက်ပြီ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ပါဘူး။ သူတို့တွေက လုပ်ငန်းတာ၀န်တွေကို လုပ်ဆောင်ပြီချိန်မှာ ကိုယ်ပိုင်စုဆောင်းလို့ရရှိတဲ့ ငွေတွေလဲရှိပါတယ်။ ထိုက်ယွဲ့ဟန်ကိုယ်တိုင်ကလဲ ကျားဖြူမြို့စားမင်းရဲ့အကြီးဆုံးသားဖြစ်တာကြောင့် သေချာပေါက် သူ့မှာက ပိုက်ဆံတွေအများကြီးပါပဲ။

သူစျေးခေါ်ပြီတဲ့အချိန်မှာပဲ ရွှေရောင်၀တ်ရုံ၀တ်အမျိုးသမီးလေးတွေက ချက်ချင်းဆိုသလို ခေါ်စျေးကိုတင်ပေးပါတော့တယ်။ ထိုက်ယွဲ့ဟန်အနေနဲ့ ဒီလိုလှုပ်ရှားသွားရတဲ့အကြောင်းအရင်းကတော့ ဒီပစ္စည်းကကျားနဲ့ပတ်သက်နေလို့ပါပဲ။ ဒါ့အပြင် ၀ိညာဥ်သူတော်စင်တစ်ယောက်တောင် အသုံးပြုနိုင်ပြီဖြစ်တာကြောင့် သူ့အနေနဲ့ သိပ်ပြီအလှမ်းမဝေးတော့ပါဘူး။ ၀ိညာဥ်ခုနှစ်ကွင်းသာရမယ်ဆိုရင် နောက်သုံးနှစ်ကနေ ငါးနှစ်တွေမှာ ဒီဓားကိုသူအသုံးပြုနိုင်တော့မှာပါ။

မာရှောင်ထောင့်က ပြောလာခဲ့ပါတယ်။

” ချမ်းသာတာနဲ့ ဒီလောက်ကိုယ့်ကိုကိုယ် အထင်ကြီးလို့ရပြီများထင်နေတာလား ”

ထိုက်ယွဲ့ဟန်က ဒေါသမထွက်ခဲ့ပါဘူး။ ပြုံးပြရင်းနဲ့သာ ပြန်ဖြေလိုက်တယ်။

” ရှောင်ထောင့် မင်းကငါထက်သန်မာတာပဲလေ သေချာပေါက် မင်းက ငါထက်အရင်၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရနိုင်မှာပေါ့ ဒါဆိုရင် မင်း၀ိညာဥ်သူတော်စင်ဖြစ်လာတဲ့အချိန် ဒီဓားကိုအရင်သုံးကြည့်ရင်ကောဘယ်လိုလဲ ပြီးမှငါ့ကိုပြန်ပေးပေါ့ မဟုတ်ရင် ငါလဲဒီပစ္စည်းကိုဥစ္စာခြောက်တာနဲ့ သေလိမ့်မယ် ”

မာရှောင်ထောင့်က သူ့ကိုမျက်စောင်းထိုးရင်း ပြောလာခဲ့ပါတယ်။

” နင့်ပစ္စည်းတွေဘာလို့ငါကလိုမှာလဲ ဒါ့အပြင် နင်ဒီလေလံပွဲကို နိုင်နိုင်မလားတော့ငါမသိဘူး ”

အမှန်တကယ်ပါပဲ နောက်ထပ်ခေါ်စျေးတွေကစပြီ တက်လာခဲ့ပါပြီ။

ဟို့ယွိဟောင်အနေနဲ့လဲ စိတ်ရှုပ်ထွေးလို့နေခဲ့ပါတယ်။ ၀မ်သုန့်နဲ့အတူတူ ရတနာဂုဏ်ပြုစုဝေးပွဲကို ၀င်ချိန်မှာတော့က သူတို့၀ယ်ယူခဲ့တဲ့၀ိညာဥ်အရိုးကတောင် ၀ိညာဥ်ရွှေပြားကိုးသန်းနဲ့ငါးသိန်းရှိခဲ့တာပါ။ ဒီအဆင့်ရှစ်၀ိညာဥ်ပစ္စည်းရဲ့ လေလံကြမ်းခင်းစျေးက ၀ိညာဥ်ရွှေပြားခြောက်သိန်းသာရှိပါတယ်။ ဒါ့အပြင် ကျားအမျိုးအစားသတ္တ၀ါရဲ့ လက်မောင်းရိုးလဲပါ၀င်နေခဲ့တာကြောင့် ကွာခြားချက်အရမ်းမကြီးမားနေဘူးလား။

၀မ်သုန့်က သူ့ကိုအရမ်းနားလည်ပါတယ်။ ဒါကြောင့် ချက်ချင်းဆိုသလို ၀င်ပြောတော့တယ်။

” ရွှေအလင်းလက်မောင်းအရိုးအကြောင်းတွေးနေတာလား ယှဥ်လို့မရဘူးလေ အရိုးတွေအားလုံးက တန်ဖိုးကြီးတယ်ဆိုပေမဲ့ သူတို့ရဲ့အရည်အသွေးက တန်ဖိုးတွေကို ကွာခြားသွားစေတယ်။ ဒါ့အပြင် ဒီဓားသွားရဲ့အင်အားကိုပြောပြတဲ့ပုံစံက အတော်ကိုကောင်းပေမဲ့ သူ့မှာပေါင်းစည်းထားတဲ့၀ိညာဥ်အရိုးက သိပ်ပြီမကြီးနိုင်ဘူး…မဟုတ်ရင်ဘာကြောင့် ၀ိညာဥ်လက်နက်အဖြစ်သုံးနေရဦးမှာလဲ သေချာပေါက် ၀ိညာဥ်ပညာရှင်တစ်ယောက်ကစုပ်ယူပြစ်လိုက်ပြီပေါ့ ငါသုံးထားတဲ့ရွှေအလင်းလက်မောင်းရိုးက ငါရဲ့စွမ်းအားတွေတိုးတက်စေနိုင်တယ်…ဒါ့အပြင် ငါ့အနေနဲ့ အစွမ်းအစကိုကောင်းကောင်းမထိန်းချုပ်နိုင်သေးလို့သာ ၀ိညာဥ်စွမ်းရည်တွေက အဆုံးစွန်းအထိ မမြင့်မားသေးတာပါ မဟုတ်ရင် သေချာပေါက် ကောင်းကောင်းကိုင်တွယ်နိုင်နေပြီပေါ့ ငါတို့တွေ ဟောင်သုန့်စွမ်းအားကို အသုံးပြုတဲ့အချိန်မှာ ကျင့်ကြံဆင့်တွေဘယ်လောက်တက်လာလဲဆိုတာကို သတိထားမိတယ်မဟုတ်လား ဒီလိုကျင့်ကြံဆင့်မျိုးက ပိုက်ဆံနဲ့တောင်လိုက်လို့မရဘူး..ဒါ့အပြင် အဆင့်ရှစ်၀ိညာဥ်လက်နက်ရဲ့ ကြမ်းခင်းစျေးက သေချာပေါက်၀ိညာဥ်ရွှေပြားခြောက်သိန်းလောက်ပဲရှိသင့်တယ်လေ နောက်ဆုံးစျေးဘယ်လောက်ဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မလို့လဲ ”

အပိုင်း ၉၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset