Switch Mode

Chapter – 99.1

ထိပ်တန်းအဆင့် ကုန်ပစ္စည်းနဲ့ မင်းသမီး

အပိုင်း ၉၉•၁

” ထိပ်တန်းအဆင့် ကုန်ပစ္စည်းနဲ့ မင်းသမီး ”
°°°
လေလံခန်းမက စတုရန်မီတာပေါင်းနှစ်ရာရှိတဲ့ အခန်းတစ်ခန်းပါပဲ။ ဒါ့အပြင် အလှဆင်ထားတဲ့ပစ္စည်းတွေအားလုံးကလဲ အကောင်းဆုံးအရည်အသွေးတွေကြီး ဖြစ်နေခဲ့တယ်။ ရှားပါးသစ်သားတွေ ကျောက်စိမ်းတုံးတွေအပြင် ထိုင်ခုံတွေ ပရိဘောဂတွေအားလုံးတောင်မှ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဘယ်လောက်တန်ကြေးရှိလဲသိပါပြီ။ ဒါ့အပြင် အခန်းတစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ အငွေ့အသက်ကလဲ မချီးမွမ်းပဲမနေနိုင်လောက်တဲ့အထိကို ခမ်းနားပြီကျက်သရေရှိနေခဲ့တယ်။ ဒါ့အပြင် မဟာကြယ်အလင်းလေလံအိမ်ရဲ့ပထမဆုံးလေလံခန်းမဖြစ်သလို အခန်းခုနှစ်ခန်းမြောက်ပါပဲ။ အခန်းတစ်ခုလုံးက ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိပြီ ရှည်လျားတဲ့နံရံဘက်ကတော့ ကြည်လင်တဲ့အဖြူရောင်ရှိပါတယ်။ ဒါ့အပြင် အလှဆင်ပြင်ပစ္စည်းတစ်ခုထဲရှိတဲ့ ရှားရှားပါးပါးနံရံပါ။

ထိုင်ခုံရှည်ကြီးက အမျိုးအမည်မသိရတဲ့ သားရဲကောင်ရဲ့ အရေးခွံနဲ့ပြုလုပ်ထားတာ​ဖြစ်ပြီ အမွေးဖြူဖြူတွေကတော့ အရမ်းကိုနူးညံ့ချောမွေ့ပါတယ်။ ဒါ့အပြင် ခုံပေါ်မှာထိုင်တဲ့ဘယ်သူမဆို နစ်မြုပ်သွားသလိုမျိုး အေးစက်တဲ့ခံစားချက်ကို ခံစားရမှာပါ။ ဒီထိုင်ခုံရှည်ကြီးက လူဆယ့်နှစ်ယောက်ထိုင်ဖို့အတွက်ကို လုံလုံလောက်လောက်ကျယ်ပြန့်ပါတယ်။ ဒါ့အပြင် ကျောက်စိမ်းဖြူစားပွဲပေါ်ကလဲ များပြားတဲ့လတ်လတ်ဆတ်ဆတ်စားစရာတွေအများကြီးရှိလို့နေခဲ့တယ်။

ဟို့ယွိဟောင်လဲ သူသတိထားမိသွားပါတယ်။ ဒီစားပွဲပေါ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ ဘယ်အသီးကိုမှသူမမြင်ဘူးသလို စားလဲမစားဖူးပါဘူး။

အားလုံးက ဒီခုံတန်းရှည်ကြီးပေါ်မှာ အေးအေးဆေးဆေးထိုင်လိုက်ကြပါတော့တယ်။

လေလံပြစ်သူချင်းယာနဲ့ ရွှေရောင်၀တ်မိန်းကလေးနှစ်ယောက်ကတော့ အနောက်မှာသာနေခဲ့တယ်။ ချင်းယာက ခုံရဲ့ဘေးမှာရပ်ရင်း သူမပြောလိုက်ပါတယ်။

” ကျွန်မတို့လေလံပွဲရဲ့ အရင်းအမြစ်တွေကို ရှင်းပြပေးပါ့မယ်. ”

သူပြောပြီတဲ့နောက် ဘေးမှာရှိတဲ့အမျိုးသမီးငယ်နှစ်ယောက်ကို အချက်ပြလိုက်ပါတယ်။ အမျိုးသမီးငယ်တစ်ယောက်က အရှေ့ကိုတက်လာခဲ့ပြီ နံရံကိုခပ်ဖွဖွလေးခေါက်လိုက်ပါတယ်။ ချက်ချင်းဆိုသလို အလင်းတန်းတွေက နံရံတစ်ခုလုံးပေါ်မှာ ပြန့်နှံ့လို့လာခဲ့ပါပြီ။ အဲ့ဒီနောက် အလင်းတန်းတွေက ပိုပိုသိပ့်သည်းလာခဲ့ရင်း နံရံတစ်ခုလုံးက ထွင်းဖောက်မြင်လို့ရတဲ့ အလင်းပြင်ကြီးတစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။

ဟယ့်ချိုက်ထို့ဘက်ကို လှည့်ရင်းဟို့ယွိဟောင်က ကြည့်လိုက်မိတယ်။ ဟယ့်ချိုက်ထို့က ပထမဆုံးမေးလိုက်မိသူပါ။

” ဒါက၀ိညာဥ်လက်နက်လား ”

ချင်းယာကခေါင်းညိတ်ရင်း ပြန်ဖြေလိုက်ပါတယ်။

” ဒါကအထူးပြုလုပ်ထားတဲ့ ၀ိညာဥ်အလင်းတန်းရုပ်ပုံလွှာပါပဲ နေလနိုင်ငံတော်ကနေ ရရှိထားတာပါ ထူးဆန်းတဲ့နည်းလမ်းတစ်ခုကို အသုံးချရင်း အပြင်မှာရှိတဲ့အရာတွေကို ပြလို့ရပါတယ်..ဒါ့အပြင် ၀ိညာဥ်စွမ်းအားနဲ့ အသုံးပြုလို့ရတာမဟုတ်ပဲ နေလနိုင်ငံတော်ရဲ့ အထူးကိရိယာတချို့ကို အသုံးပြုပြီး ဟို့ယွိဟောင်ရော ဟယ့်ချိုက်ထို့ရောတို့ပါ သူ့ရဲ့စကားကြောင့် လန့်သွားခဲ့ရပါတယ်။ သူတို့တွေတင်မကသေးပဲ အမျက်ဒေါသရဲ့ တခြားကျောင်းတော်သားတွေအားလုံးပါအတူတူ တုန့်ပြန်ကြတာပါ။

ဘယ်လိုပစ္စည်းကများ ၀ိညာဥ်လက်နက်တွေကို ၀ိညာဥ်စွမ်းအားမပါပဲနဲ့ အသက်သွင်းနိုင်ရတာလဲ။ ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်နဲ့ ၀ိညာဥ်လက်နက်တွေကို အသုံးချဖို့အတွက် ၀ိညာဥ်စွမ်းအားလိုအပ်စရာမလိုတော့ပါဘူး။ ဒီလောကမှာ ၀ိညာဥ်လက်နက်တွေရဲ့တန်ကြေးကလဲအများကြီးတန်ဖိုးကလဲအများကြီး ကြီးမားလာပါလိမ့်မယ်။

ချင်းယာက လူတွေရဲ့ခံစားချက်တွေကို အကဲခတ်တဲ့နေရာမှာ အတော်ကိုတော်ပါတယ်။ ဒါကြောင့် သူမက သူ့ရဲ့ပရိတ်သတ်တွေကို ကောင်းကောင်းဆွဲဆောင်ထားနိုင်ခဲ့တာပါ။ ဒါကြောင့် ခပ်မြန်မြန်ပဲရှင်းပြပါတော့တယ်။

” အားလုံးပဲ အလောမကြီးကြပါနဲ့ ပထမဆုံးပြီအောင် ရှင်းပြပါ့မယ်…ဒီအလင်းတွေကို စုစည်းပေးတဲ့ ရုပ်ပုံလွှာက အဓိကပစ္စည်းနဲ့ အသက်သွင်းရပေမဲ့ ဒီပစ္စည်းမျိုးက အတော်ကိုအားနည်းပြီ စွမ်းအားကလဲ နည်းပါးပါတယ်…ဒါကြောင့် တိုက်ခိုက်ရေးနဲ့ ခုခံရေး၀ိညာဥ်လက်နက်တွေမှာ အသုံးပြုလို့မရနိုင်ပါဘူး..ဒီလိုအားနည်းတဲ့ ၀ိညာဥ်လက်နက်တွေအတွက်သာ ၀ိညာဥ်ပစ္စည်းကိရိယာတွေနဲ့သာ သုံးနိုင်ပါတယ် ”

ချင်းယာက အရိုးရှင်းဆုံးဖြေရှင်းချက်ကို ပေးပေးမဲ့ လူတွေရဲ့စိတ်ထဲမှာရှိနေခဲ့တဲ့ထိတ်လန့်မှုကတော့ မပြောင်းလဲသေးပါဘူး။

နေလနိုင်ငံတော်အနေနဲ့ ဒီလောက်အထ်ိကြီးမားတဲ့ စမ်းသပ်ချက်ကို မလုပ်နိုင်သေးဘူးလို့ ထင်နေခဲ့တယ်။ ဒါပေမဲ့ ဒီအလင်းအပြင်ကတော့ နေလနိုင်ငံတော်ဘယ်လောက်အထိ တိုးတက်သွားပြီးပြီလဲဆိုတာကို ပြသလို့နေခဲ့တာပါ။ ၀မ်ယန်ရဲ့ပြောခဲ့တဲ့စကားတွေကလဲ သူတို့ရဲ့စိတ်ထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ၀င်ရောက်လို့လာပါတော့တယ်။ အချိန်က အမြဲတမ်းပြောင်းလဲနေခဲ့သလို လူမှုဘ၀ကလဲ ဆက်တိုက်တိုးတက်နေခဲ့တာပါ။ လက်နက်တွေက ပိုပိုပြီးတော့ တိုးတက်လာပါလိမ့်မယ်။ နေလနိုင်ငံတော်က တခြားနိုင်ငံတော်တွေနဲ့ ဆက်တိုက်ဆိုသလို ဆက်သွယ်လို့နေတာမျိုးမရှိတာကြောင့် ဘယ်သူကမှသူတို့ဘယ်လောက်အထိ တိုးတက်သွားပြီးပြီလဲဆိုတာ မသိနိုင်ခဲ့ပါဘူး။ သိပ်မကြာခင်အချိန်မှာပဲ သူတို့က အဲ့ဒီကျောင်းတော်နဲ့ ရင်ဆိုင်ရတော့မှာပါ။ အလင်းတန်းတွေကို ဖြန့်ကျက်ပေးတဲ့ အလင်းပြင်ကပိုပြီး ကြည်လင်ရှင်းလင်းလာပါတယ်။ ပုံရိပ်တချို့ကတော့ ထပ်မံပေါ်လာခဲ့ပါပြီ။ လေလံပွဲကို ကိုယ်စားပြုတဲ့စင်မြင့်က အလယ်မှာပေါ်ထွက်လာပါတယ်။ ဒီလေလံပွဲက အရမ်းကြီးကြီးတဲ့ပုံမပေါ်ပါဘူး။ ဒါပေမယ့် အလင်းပြင်မှာကတော့ ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ ချင်းယာကဆက်ပြောလိုက်တယ်။

” လေလံပွဲမှာ ပါ၀င်သူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့အတွက် တန်ဖိုးထားရတဲ့ဧည့်သည်တော်တွေအားလုံးက ကိုယ်ပိုင်အခန်းတွေရှိကြပါတယ်..အခုဒီအခန်းလိုပါပဲ ဒါ့အပြင် အခန်းတိုင်းမှာလဲ ဒီလိုမျိုးပြသမှုကို လုပ်မှာပါ လေလံပွဲရဲ့ပစ္စည်းတွေအားလုံးကို မိတ်ဆက်ပေးဖို့အတွက် တာ၀န်ကတော့ကျွန်မမှာရှိပါတယ်…ဒီအမျိုးသမီးလေးနှစ်ယောက်ကတော့ လေလံပွဲတစ်လျှောက်မှာ လိုအပ်တဲ့ကိစ္စတွေကို သတင်းပို့ပေးမှာပါ ”

” အားလုံးလုပ်ဖို့လိုတဲ့အရာကတော့ စျေးနှုန်းကိုခေါ်ပေးဖို့ပါပဲ ဒီနေရာမှာရှိနေတဲ့အစားအသောက်တွေနဲ့ အဖျော်ယမကာတွေအားလုံးက ဒီအတိုင်းတစ်ခါထဲပေးထားတာ ဖြစ်ပါတယ်..လေလံပွဲပြီတဲ့နောက်မှာ ပစ္စည်းတွေအားလုံးက အခန်းတွေထဲကိုပို့ပြီး နောက်ဆုံးငွေကိုရှင်းပြီတာနဲ့ အားလုံး​အဆုံးသတ်သွားပါလိမ့်မယ်…ဧည့်သည်တော်တွေအနေနဲ့ လေလံပွဲကြီးမစခင်မှာ စိတ်ကြိုက်စားသုံးနိုင်ပါတယ် ”

အားလုံးက အစားအသောက်စားထားတာ မကြာသေးပါဘူး။ ဒါကြောင့် အစားအသောက်တွေကို သိပ်စိတ်မ၀င်စားပဲရှိနေခဲ့ပါတယ်။ ဒါပေမယ့် သောက်လို့ကောင်းမဲ့ပုံစံနဲ့ဖျော်ရည်တွေကတော့ ခုခံဖို့ရာခက်ခဲနည်းနေတာကြောင့် တချို့သူတွေကတော့ သောက်နေကြပါပြီ။

ထိပ်တန်းအဆင့်ကြယ်အလင်းလေလံအိမ်ပွဲက သူတို့ကို နာမည်နဲ့ထိုက်တန်ပါတယ်။ ဒီဖျော်ရည်တွေအားလုံးက အရသာရှိရုံတင်မကပဲ လူတွေကို အာဟာရဖြစ်စေနိုင်မဲ့အစားအသောက်တွေနဲ့ပါ၀င်နေခဲ့တယ်။ ဟို့ယွိဟောင်က သစ်သီးဖျော်ရည်တစ်ခွက်ကိုပဲသောက်လိုက်ပေမဲ့ တစ်ကိုယ်လုံးနွေးထွေးလို့သွားခဲ့ပါပြီ။

၀မ်ယန်က ချင်းယာကို ပြောလိုက်တယ်။

” လေလံပြစ်သူချင်းယာလဲ ကျေးဇူးပြုပြီးထိုင်ပါလား ”

ချင်းယာက မငြင်းပယ်ခဲ့ပါဘူး။ ခေါင်းကိုတစ်ချက်စောင်းပြီတဲ့နောက် သူမပျော်ပျော်ကြီးပြုံးပြလိုက်ရင်း သူ့ဘေးနားမှာ၀င်ထိုင်ပါတော့တယ်။ ၀မ်ယန်ကတော့ ဘေးကိုခပ်မြန်မြန်ကပ်လိုက်ရင်း သူတို့နှစ်ယောက်ကြားမှာနေရာခြားစေပြီ မျက်နှာကတော့နီရဲလို့နေခဲ့ပါပြီ။ သူကလူငယ်လေးမဟုတ်တော့ပါဘူး။ ဒါပေမယ့် အခုအချိန်အထိ မိသားစုမရှိသေးပဲ တစ်ကိုယ်သမားဖြစ်နေပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေနဲ့လဲ ဘယ်တုန်းကမှရင်းရင်းနှီးနှိီးမနေသေးဘူးပါဘူး။ သူ့ရဲ့နှလုံးသားနဲ့ စိတ်၀ိညာဥ်တွေအားလုံးကို ၀ိညာဥ်ပညာရှင်တွေအတွက် စမ်းသပ်လေ့လာချက်တွေမှာသာ အားစိုက်လို့ထားခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ အရမ်းကိုရင့်ကျက်ပြီ ဆွဲဆောင်မှုရှိတဲ့ မိန်းမချောလေးက သူ့ဘေးမှာနီးနီးကပ်ကပ်လာထိုင်နေတာကြောင့် သူ့စိတ်ထဲမှာ မသက်မသာဖြစ်နေခဲ့တယ်။

ချင်းယာကတော့ ပါးစပ်ကိုလက်နဲ့ကာရင်း သူ့ရဲ့တုန့်ပြန်မှုကို ရယ်မောနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုစနှောက်မဲ့အစား မေးလာခဲ့ပါတယ်။

” ကြယ်တာရာလော့မြို့တော်ကို ရောက်တာပထမဆုံးအကြိမ်လား ”

၀မ်ယန်က ခေါင်းခါလိုက်တယ်။

” အရင်တုန်းကလဲ ရောက်ဖူးတယ်…ဒါပေမယ့် လာတဲ့အခေါက်တိုင်းမှာ မြန်မြန်သွားပြီ မြန်မြန်ပြန်ပဲ ”

” ကျောင်းကအလုပ်တွေနဲ့ အလုပ်များမှာပေါ့ ”

” အလုပ်များတာကတော့ ပုံမှန်ကောင်းပါတယ်..အကယ်၍ ပုံမှန်သင်ကြားတဲ့အတိုင်းသာဖြစ်နေမယ်ဆိုရင် အရမ်းကြီးတော့ ပင်ပန်းမှာမဟုတ်ဘူး…နောက်ဆုံးတော့လဲ ကျောင်းတော်ရဲ့ ကျောင်းသားတွေအားလုံးက ထူးချွန်တဲ့သူတွေကြီးပဲလေ ဆရာတွေအနေနဲ့လဲ သိပ်ပြီစိုးရိမ်စရာမရှိဘူးပေါ့ ”

သူပြောပြီတဲ့နောက် သူ့ရဲ့မျက်နှာပေါ်မှာ ဂုဏ်ယူ၀ံ့ကြွားမှုက အထင်သားပေါ်လာပါတော့တယ်။ ဒီဂုဏ်ယူ၀ံ့ကြွားမှုကလဲ ဒုတိယအတန်းနံပါတ်တစ်ကျောင်းပါပဲ။ ဒါကိုသူတစ်ကြိမ်ထက်မက ပြောပြီးပါပြီ။ အဲ့ဒီဒုတိယနှစ်ရဲ့ အတန်းတစ်က သူသင်ဖူးသမျှအတန်းတွေထဲမှာ ပါရမီအရှိဆုံးအတန်းပါပဲ။ ဒါ့အပြင် သူ့ရဲ့သင်ကြားတဲ့ပုံစံနဲ့လဲ အရမ်းကိုကိုက်ညီပါတယ်။ အရည်အချင်းကိုပဲ အခြေခံတာဖြစ်တာကြောင့် သူ့ရဲ့ကျောင်းသားတွေနဲ့ ပတ်သက်တဲ့အချိန်မှာ သူလဲတင်းကြပ်ရတဲ့ဆရာတစ်ယောက်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။

သူ့ရဲ့ကျောင်းသားတွေက ပါရမီရှင်တွေဖြစ်ကြရုံတင်မကပဲ တခြားသူတွေထက်လဲ အများကြီးကြိုးစားပါတယ်။ ကိုယ်ပိုင်တွက်ချက်မှုအရဆိုရင် သေချာပေါက် အတန်းနံပါတ်သုံးကို တက်တဲ့အချိန်မှာ တစ်တန်းလုံးလဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့သူတွေဖြစ်ကုန်ကြမှာပါ။ ဒါကဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်မလဲ။ သူ့အနေနဲ့ ဒီကျောင်းသားတွေအားလုံး ကျောင်းတော်ကနေအောင်အောင်မြင်မြင်ပြီးမြောက်ဖို့ လမ်းတစ်လျှောက်မှာပါ၀င်သင်ကြားပေးရုံနဲ့တင် သူဂုဏ်ယူ၀ံ့ကြွားနေပါပြီ။ ချင်းယာက ပြုံးပြရင်း ပြောလိုက်ပါတယ်။

” တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဆရာကောင်းဆိုတာသိသာပါတယ်..ကျောင်းသားတွေအကြောင်းကိုပြောတဲ့အချိန်မှာ တကယ်ကိုစိတ်ခံစားချက်အပြည့်နဲ့ တက်ကြွနေတာပဲ ”

ဒီလိုစကားနည်းနည်းလေးက ၀မ်ယန်ကို ပိုပြီးပျော်ရွှင်သွားစေခဲ့ပါတယ်။ သူ့ရဲ့ခံစားချက်တွေက တင်းမာနေတာအတော်ကိုလျော့ပါးသွားခဲ့ပါပြီ။

” ဘာကြောင့်လဲဆိုတော့ ငါရဲ့ကျောင်းသားတွေက အတော်ကို ချစ်စရာကောင်းလွန်လို့လေ အမှန်တကယ်တော့ ဆရာတစ်ယောက်အနေနဲ့ ငါရဲ့အကြီးမားဆုံးဆန္ဒက ကျောင်းသားတွေအားလုံးအောင်မြင်တာကို မြင်ချင်တာပဲ အခုအချိန်အထိ ငါကျောင်းသားတွေက ငါ့ကိုဘယ်တုန်းကမှစိတ်မပျက်စေဘူး ”

ချင်းယာက ခေါင်းငုံ့ရင်း အရိုအသေပြုလိုက်ပါတယ်။

” ပိုပြီးထူးချွန်တဲ့ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ”

” ကျေးဇူးအများကြီးတင်ပါတယ် ”

၀မ်ယန်က သူ့ရဲ့စကားကို လေးလေးစားစားနဲ့သာ ပြန်ဖြေလိုက်တယ်။ ဒါပေမယ့် သူ့ကိုကြည့်နေတဲ့ ချင်းယာရဲ့မျက်လုံးတွေထဲက ပုံမှန်မဟုတ်အောင်တောက်ပနေတဲ့ အလင်းတန်းတွေကိုတောင် သူမထောက်လှမ်းနိုင်ခဲ့ပါဘူး။

ချင်းယာကရယ်မောရင်းနဲ့ မေးလိုက်ပါတယ်။

” ဆရာ၀မ် ကြယ်အလင်းလေလံအိမ်က အမျက်ဒေါသကျောင်းတော်မှာ စီးပွားရေးတစ်ခုချဲ့တွင်နေချင်ပါတယ်..ဒါဆိုရင်ဘာများ အကြံပြုချက်ပေးပါချင်သလဲ ”

၀မ်ယန်က လန့်သွားပါတော့တယ်။

” ကြယ်အလင်းလေလံအိမ်က အမျက်ဒေါသမြို့တော်ကိုလဲ လာချင်တာလား..ဒါကောင်းတဲ့ကိစ္စပဲ ဒါပေမယ့် အဲ့ဒီမှာလေလံအိမ်က အများကြီးရှိနေပြီဖြစ်တာကြောင့် ပြိုင်ပွဲကတော့ အတော်ပြင်းထန်လိမ့်မယ် ”

ချင်းယာက ပြန်ဖြေပါတယ်။

” ကြယ်အလင်းလေလံအိမ်က ပြိုင်ပွဲတွေကို ဘယ်တုန်းကမှ မကြောက်လန့်ခဲ့ပါဘူး..ကိုယ်ပိုင်အင်အားကိုလဲ ယုံကြည်ပါတယ်..အကယ်၍ ကျောင်းတော်ကိုသာ လာရောက်ဖို့ အခွင့်အရေးရှိမယ်ဆိုရင် ဆရာကိုကျွန်မဆက်သွယ်လို့ရနိုင်မလား ”

” သေချာပေါက် ရတာပေါ့ ”

၀မ်ယန်က သတိလက်လွှတ်နဲ့ ဖြေလိုက်မိပါတယ်။

ချင်းယာက ပြုံးပြရင်း လက်မြောက်ရင်းနဲ့ ရွှေရောင်သေတ္တာလေးတစ်ခုကို ထုတ်လာခဲ့တယ်။

” ဒါဆိုရင် ဒီလက်ဆောင်လေးကို လက်ခံပေးပါ ဒါက အသံတွေကို စုစည်းထိန်းသိမ်းပေးတဲ့ ၀ိညာဥ်လက်နက်တစ်ခုပါပဲ သူတို့က တစ်စုံထဲထုတ်ထားတာ ကျွန်မမှာတစ်ခုရှိတယ်..ကီလိုငါးဆယ်မီတာအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် နီးကပ်နေပြီဆိုရင် ဒါလေးကိုသုံးပြီ ဆက်သွယ်လို့ရပါတယ်..ကြယ်တာရာလော့မြို့တော်အတွင်း ဆရာရှိနေတဲ့အချိန်တစ်ခုခုလိုအပ်တာရှိရင် ကျွန်မကို ဆက်သွယ်ပြီပြောလို့ရပါတယ် ”

၀မ်ယန်က လက်ဆောင်ငယ်လေးကို လက်ခံလိုက်ရင်း ချင်းယာကိုကြည့်နေခဲ့ပါတယ်။ ချင်းယာအနေနဲ့ သူ့ကိုတလက်လက်တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်နေတာကိုအခုမှသာ သူသတိထားမိတော့တယ်။ ချက်ချင်းဆိုသလို သူ့ရဲ့ခံစားချက်က ​ပြေလျော့လို့သွားခဲ့ပါပြီ။ သူချက်ချင်းခေါင်းညိတ်ရင်း လက်နက်ကိရိယာလေးကိုယူသွားပါတော့တယ်။

ဒီတစ်ကြိမ်မှာပဲ အခန်းတစ်ခုလုံးကို ရွှေရောင်အလင်းတန်းတွေက ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ အားလုံးကလဲ အလင်းလွှာကြီးကိုကြည့်လိုက်ပါတော့တယ်။ ရွှေရောင်အလင်းတန်းတွေက မျက်စိမစူးပါဘူး။ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းတွေက အခန်းတစ်ခုလုံးကို ပြန့်လွှင့်လို့သွားခဲ့ပြီတဲ့နောက် ချက်ချင်းဆိုသလို နယ်မြေတစ်ခုလုံးရဲ့ အခြေအနေကလဲ ပိုပြီးနွေးထွေးလာပါတော့တယ်။

ချင်းယာက မိတ်ဆက်လိုက်တယ်။

” ဂုဏ်ကျက်သရေရှိဧည့်သည်တော်တို့ လေလံပွဲကစတင်ပါတော့မယ် ”

ရွှေရောင်အလင်းတန်းတွေက ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားပြီတဲ့နောက် ဆွဲဆောင်မှုရှိတဲ့အသံတစ်သံက ထွက်ပေါ်လို့လာခဲ့ပါပြီ။

” ထိပ်တန်းအဆင့် ကြယ်အလင်းလေလံအိမ်ကနေ ကြိုဆိုပါတယ်..ဒီနေ့မှာကတော့ လေလံပွဲအတွက် ရှားပါးပစ္စည်းကိုးခုကို ပြသမှာပါ ဒီပစ္စည်းတွေအားလုံးကို တန်ဖိုးအနှိမ့်ဆုံးကနေ အမြင့်ဆုံးအထိ ပြသသွားမှာဖြစ်ပါတယ်…အားလုံးလဲနှစ်ခြိုက်မယ်လို့ မျှော်လင့်ပါတယ် ”

အလင်းပြင်ကြီးက ရှင်းလင်းလို့သွားခဲ့ပါပြီ။ နောက်ထပ်အဖြူရောင်အလွှာတစ်ခုက ဒီအလင်းပြင်ကြီးပေါ်မှာ ပေါ်လာခဲ့ပါတယ်။ အနီရင့်ရင့်၀တ်ရုံကို၀တ်ဆင်လို့ထားခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်က လေလံပွဲစင်မြင့်ပေါ်မှာ ရောက်ရှိလို့နေခဲ့တယ်။

ဒီကောင်မလေးက အသက်ဆယ့်ရှစ်နှစ်ထက် မကြီးနိုင်သေးပါဘူး။ ဆွဲဆောင်မှုရှိရှိ လှပလို့နေခဲ့ပြီ သူ့ရဲ့ပုံစံက ကျန်းနန်နန်နဲ့တောင် ယှဥ်နိုင်မဲ့ရုပ်သွင်ပေါ်နေခဲ့တယ်။ ဒါ့အပြင် သူက ကျန်းနန်နန်ထက် နှစ်ပိုင်းလောက်သာကြီးမှာပါ။ ခန္ဓာကိုယ်ကတော့ အများကြီးဖွံ့ဖြိုးနေခဲ့ပါပြီ။ သူမရဲ့လှပပြီ ဝှေ့၀ဲနေတဲ့ အနီရောင်၀တ်စုံနဲ့ ဖြူဖွေးတဲ့အသားအရေးပေါင်းစည်းလိုက်ချိန်မှာတော့ ပြီးပြည့်စုံတဲ့ခံစားချက်ကို ပေးစွမ်းပါတော့တယ်။ ထူးဆန်းတဲ့အရာကတော့ လေလံပွဲစင်မြင့်ပေါ်မလာသေးတာပါပဲ။

” တန်ဖိုးထားရတဲ့ဧည့်သည်တော်တို့ကို နှုတ်ခွန်းဆက်ပါတယ်…ကျွန်မကတော့ ဒီနေ့လေလံပြစ်မဲ့သူဖြစ်ပါတယ်…နာမည်ကတော့ ကျိုးကျိုးပါ ဒီနေရာမှာထိပ်တန်းအဆင့် လေလံပွဲကို ကျင်းပပေးခွင့်ရတဲ့အတွက် တကယ်ကိုဂုဏ်ယူမိပါတယ်…အချိန်ဆိုတာက အားလုံးအတွက် တန်ကြေးရှိတဲ့အရာပါပဲ ဒါကြောင့် လေလံပွဲကိုစတင်ပါတော့မယ်..ပထဆုံးပစ္စည်းကိုစတင်ပြီကြည့်ရှု့ရအောင်လား ”

သူပြောပြီတဲ့နောက် လှပတဲ့အပြုံးက ချက်ချင်းဆိုသလို ပေါ်ထွက်လို့လာပါတော့တယ်။ သူမရဲ့ဒီလိုနား၀င်ချိုလှတဲ့ နှုတ်ခွန်းဆက်စကားက လူတိုင်းရဲ့နားထဲကို ပျော်၀င်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ညာဘက်လက်ကို လှုပ်ရှားလိုက်ချိန်မှာတော့ မြင်ကွင်းက ပြောင်းလဲလို့သွားပါတော့တယ်။ ၀ိညာဥ်အလင်းပြင်ပေါ်မှာကတော့ ပစ္စည်းတစ်ခုပေါ်လာခဲ့ပါပြီ။

အပိုင်း ၉၉•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset