အပိုင်း ၉၈•၂
” ထိပ်တန်းအဆင့်လေလံပွဲ ”
°°°
” လေလံပွဲကို နောက်ဆုံးအချိန်ဆရာတို့လာခဲ့တဲ့အချိန်တုန်းက ကျောင်းတော်ရဲ့တန်ကြေးကိုအသုံးချပြီ ငွေရှင်းခဲ့ပါတယ်…ဒါကြောင့် ဇစ်မြစ်ကိုခန့်မှန်းပြီးပါပြီ နောက်ထပ်တွက်ချက်မှုတွေ လုပ်ပြီတဲ့နောက် ဘယ်နေရာမှာရှိလဲဆိုတာကို ရှာနိုင်ခဲ့ပါတယ်။ ကြယ်အလင်းလေလံအိမ်က ဒီနေ့ညမှာထိပ်တန်းဆင့်လေလံပွဲကို ကျင်းပမှာပါ ဒီလိုလေလံပွဲမျိုးက တစ်နှစ်တစ်ကြိမ် နှစ်နှစ်တစ်ကြိမ်မှသာ ကျင်းပပါတယ်..ဒါကြောင့် ဂုဏ်ကျက်သရေရှိလူကြီးမင်းတို့အတွက် လာရောက်ဖို့ဖိတ်ခေါ်တာပါ လွန်ခဲ့တဲ့အချိန် တွေ့ဆုံခဲ့တုန်းက တိုက်ကြီးရဲ့နံပါတ်တစ်ကျောင်းတော်ဖြစ်တဲ့ အမျက်ဒေါသကျောင်းတော်ကနေလာမှန်း မသိခဲ့ကြပါဘူး…ဒါကြောင့်သာ အမှားလုပ်ပြီလျစ်လျုရှုခဲ့မိပါတယ်..ဒီနေ့လေလံအိမ်ရဲ့အကြီးအကဲက ဒီလိုမျိုးလာပြီ ဖိတ်ခေါ်ခိုင်းတာကြောင့် လာရောက်ရတာပါ အကယ်၍ အားလုံးပဲဒီညအချိန်ရကြမယ်ဆိုရင် ကျေးဇူးပြုပြီး လာရောက်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်…ဒါ့အပြင် သေချာပေါက် စိတ်၀င်စားစရာကောင်းတဲ့ ပစ္စည်းတွေလဲရှိနေမှာပါပဲ ”
သူပြောပြီတဲ့နောက် စားပွဲပေါ်မှာဖိတ်ခေါ်စာကို ချလိုက်ပါတော့တယ်။ အဲ့ဒီနောက် ပြုံးပြရင်းနဲ့ ဦးညွတ်လိုက်တယ်။
” ဒါဆိုရင် အားလုံးကိုမနှောင့်ယှက်တော့ပါဘူး…နောက်တစ်ကြိမ်ထပ်ပြီး တောင်းပန်ပါတယ် ”
အဲ့ဒီနောက် သူဖြည်းဖြည်းချင်းနောက်ဆုတ်ရင်း ထွက်သွားခဲ့ပါတယ်။ တံခါးကိုလဲ ပိတ်သွားခဲ့ပါတယ်။ ၀မ်ယန်ကတော့ လှပတဲ့ရွှေရောင်ဖိတ်ခေါ်စာကိုကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့ပါပြီ။
” ဒီကြယ်အလင်းလေလံအိမ်က အထင်ကြီးစရာကောင်းတာပဲ ဖိတ်ခေါ်စာကတောင် အတော်လေးကို တန်ဖိုးကြီးနေပြီ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ တော်၀င်တည်ခိုဆောင်ထဲကိုတောင် ၀င်ရောက်ပြီဒီစာကိုပို့လွှတ်နိုင်တယ်ဆိုတဲ့ အစွမ်းအစကို အထင်သေးလို့မရဘူး..တကယ်ပဲအရည်အချင်းရှိကြတာပဲ ”
ထိုက်ယွဲ့ဟန်က ဖိတ်ခေါ်စာကိုတစ်ချက်ကြည့်လိုက်ပါတယ်။
” တကယ်ကိုထိပ်တန်းအဆင့် လေလံပွဲပါလား လေလံပြစ်တဲ့သူပြောတာမမှားဘူး..အဲ့ဒီလိုလေလံပွဲမျိုးက တစ်နှစ်တစ်ကြိမ် နှစ်နှစ်တစ်ကြိမ်မှသာ ကျင်းပတာ အရင်တုန်းကတောင် အဲ့ဒီလေလံပွဲကိုသွားဖို့တောင် ကျွန်တော်သွားဖို့အခွင့်အရေးမရှိခဲ့ဘူး…ဒီတော့အဖေနဲ့ တော်၀င်မိသားစုတွေ အရမ်းကိုကြီးမားတဲ့စီးပွားရေးလုပ်ငန်းပိုင်ဆိုင်ထားသူတွေနဲ့ ထိပ်တန်းပညာရှင်တွေ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေပဲ ပါ၀င်ယှဥ်ပြိုင်ဖို့အခွင့်အရေးရှိတာ ဒါ့အပြင် ပစ္စည်းကောင်းတွေအများကြီးရောင်းမှာလဲ အသေအချာပဲ စျေးကတော့အတော်ကြီးတာပေါ့ လေလံအိမ်ကကျွန်တော်တို့ကျောင်းတော်နဲ့ ဆက်ဆံရေးကောင်းတစ်ခု ဖန်တီးချင်နေပြီဆိုမှတော့ သေချာပေါက် သူတို့မှာလဲ သူတို့နဲ့သက်ဆိုင်တဲ့ အကြံအညံတွေရှိလိမ့်မယ်..ဆရာ၀မ်ဒါဆိုရင်ကော ဘယ်လိုထင်လဲ ”
၀မ်ယန်က အားလုံးကိုကြည့်လိုက်ပါတယ်။ ကလေးတွေရဲ့မျက်လုံးထဲက မျှော်လင့်ချက်အရိပ်အယောင်တွေကို သူမြင်ပြီးပါပြီ ကလေးတွေက သက်တူရွယ်တူတွေထဲမှာ အထူးချွန်ဆုံးသူတွေပါပဲ။ ဒါပေမယ့် ကလေးတွေအဖြစ်သာ ကျန်ရှိပါသေးတယ်။ ပစ္စည်းအသစ်အဆန်းတွေနဲ့ ကိစ္စအသစ်အဆန်းတွေကို စိတ်၀င်စားတဲ့ကိစ္စက ဖြစ်သင့်တာပါပဲ။ ဒီလိုထိပ်တန်းအဆင့်လေလံပွဲမျိုးက ၀င်ဖို့တောင်မလွယ်ကူခဲ့ပါဘူး။
” ကောင်းပြီလေ အားလုံးကလဲ ယှဥ်ပြိုင်နေကြရတာ အချိန်တစ်ခုရှိပြီ ဒါကြောင့် ငါတို့နည်းနည်းပါးပါးတော့ စိတ်အေးလက်အေးနေသင့်တယ်..ပြဿနာမတက်အောင် ပါးစပ်နဲ့နားတွေကို ထိန်းထားရမယ်နော် မနက်ဖြန်ပြိုင်ပွဲက အရေးကြီးဆုံးပဲ လေလံပွဲပြီးတာနဲ့ ငါတို့တွေ ချက်ချင်းတည်ခိုဆောင်ကို ပြန်ပြီနားကြမယ် ”
” ဆရာ၀မ် သက်တော်ရာကျော်ရှည်ပါစေ ”
ရှောင်းရှောင်းက ပထမဆုံးခုန်ထရင်ပြောတဲ့သူပါ။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ တခြားသူတွေကလဲ အတော်လေးကို စိတ်လှုပ်ရှားနေခဲ့ပါတော့တယ်။
နောက်ဆုံးတစ်ကြိမ် လေလံအိမ်တော်ကို သွားပြီအချိန်ကထဲကစလို့ သူတို့တွေအတော်လေးကို သိလိုစိတ်အပြည့်ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် နောက်ဆုံးလေလံပွဲက အဆင့်နှိမ့်လေလံပွဲတစ်ခုသာ ဖြစ်ပေမဲ့ သူတို့အတွက် ၀ိညာဥ်လက်နက်တစ်ခုကိုရခဲ့ပါတယ်။ လက်ရှိအချိန် သူတို့တက်ရောက်ရမဲ့လေလံပွဲက ထိပ်တန်းအဆင့်ဖြစ်တာကြောင့် ဘယ်လိုပစ္စည်းကပေါ်လာမှာလဲ။ သေချာပေါက် ဒီလေလံပွဲကနေ တစ်ခုခု၀ယ်ယူနိုင်ဖို့ဆိုတာက မလွယ်ကူပေမဲ့ အသိပညာရဖို့ကိုမျှော်လင့်နေခဲ့ပါတယ်။
၀မ်ယန်ကတော့ ပြုံးပြလိုက်တယ်။
” မင်းတို့ကလေးတွေကတော့လေ စိတ်ငြိမ်ငြိမ်ထားကြပါဦး မနက်ဖြန်အတွက် ပြိုင်ပွဲဗျူဟာကိုလဲ ငါစီစဥ်ရဦးမယ် ”
ဒီလိုမျိုးပြိုင်ပွဲဗျူဟာကို စီစဥ်တာက အချိန်သိပ်မကြာခဲ့ပါဘူး။ အဲ့ဒီနောက် သူတို့အခန်းသူတို့ ပြန်သွားပြီညစာစားတဲ့အထိ လေ့ကျင့်ကြပါတော့တယ်။ အဲ့ဒီနောက် ပုံမှန်အ၀တ်အစားတွေကို ပြန်လည်လှယ်လည်လိုက်တယ်။ ဖိတ်ခေါ်စာကိုရပြီတဲ့နောက် သူတို့ဆယ်တစ်ယောက်စလုံး လေလံအိမ်ဆီကို ထွက်ခွာသွားကြပါတော့တယ်။ ၀မ်ယန်ကတော့ ဦးဆောင်သူပါ။
အံ့ဩစရာကောင်းလောက်အောင်ပဲ လေလံပြစ်တဲ့သူချင်းယာက ၀င်ပေါက်မှာသူတို့ကို စောင့်နေခဲ့ပါတယ်။ သူမရဲ့လှပတဲ့အနက်ရောင်၀တ်ရုံရှည်ကြောင့် ညအလင်းရောင်တွေအောက်မှာတောင် ပိုပြီးလှပကျက်သရေရှိနေခဲ့ပါတယ်။ ဒါ့အပြင် နွေးထွေးတဲ့အပြုံးကိုလဲပြုံးထားခဲ့တာပါ။ ၀မ်ယန်က သူ့ရဲ့အကြည့်ကို မြင်ချိန်မှာတော့ ခေါင်းညိတ်လိုက်ပါတယ်။
” မင်္ဂလာပါ လေလံပြစ်သူချင်းသာ ငါတို့ပြန်ဆုံကြပြန်ပြီ ”
ချင်းယာကတော့ ပျော်နေတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
” ကျက်သရေရှိလူကြီးမင်းတို့ ဂုဏ်ယူပါတယ် ”
” ငါတို့တွေရောက်လာမယ်ဆိုတာ ဘယ်လိုသိလဲ ”
၀မ်ယန်က မေးလိုက်တယ်။
” သေချာပေါက် မသိပါဘူး..ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေ လာကြိုဖို့တာ၀န်ရှိတာကြောင့် အစောကြီးကထဲက လာစောင့်နေတာပါ ဧည့်သည်တော်တို့ ကျေးဇူးပြုပြီး ချင်းယာနောက်ကိုလိုက်ခဲ့ပါ ”
အဲ့ဒီနောက် ၀မ်ယန်ကို ချိုမြိန်တဲ့အပြုံးနဲ့ ပြုံးပြလိုက်ပြီ အရှေ့ကို ဦးဆောင်သွားပါတော့တယ်။ သူတို့နောက်မှာရှိနေခဲ့တဲ့ ရှုစန်းရှီကတော့ ပေ့ပေ့အနားကိုကပ်ရင်း ခပ်တိုးတိုးပြောကာရယ်တော့တယ်။
” ဒီအမျိုးသမီးက ငါတို့ဆရာကို ခဏခဏပြုံးပြနေတာ ငါတို့ဆရာ၀ိညာဥ်တောင်လွှင့်တော့မယ်..သူကတကယ်ကို တအားချောတာပဲ ”
” ငတုံးကောင် ”
ပေ့ပေ့က သူ့ကိုပြန်ပြောပါတော့တယ်။ သူတို့ပြောရင်းဆိုရင်ကနေ အထဲကို၀င်သွားခဲ့ပါပြီ။ လေလံအိမ်ရဲ့အတွင်းပိုင်းက အစောပိုင်းတုန်းက လာခဲ့သလိုအတူတူပါပဲ။ ဒီနေ့လေလံပွဲအကြောင်းကို ပြင်ပကလူတွေဆီ သတင်းမလွှင့်ထားပါဘူး။ ချင်းယာဦးဆောင်ပြီတဲ့နောက် သူတို့တွေ အတွင်းနယ်မြေဆီကို ရောက်လာပါတော့တယ်။ ခပ်မြန်မြန်ပဲ အစောပိုင်းတုန်းက မြင်ခဲ့တဲ့လေလံခန်းမတွေကို ဖြတ်ကျော်လို့သွားခဲ့ပါပြီ။ တံခါးအဆုံးကိုရောက်ချိန်မှာကတော့ ရွှေရောင်၀တ်ရုံရှည်၀တ်ဆင်ထားတဲ့ အမျိုးသမီးလေးနှစ်ယောက်က သူတို့ဆီကို လျှောက်လာပါတော့တယ်။ ၀မ်ယန်နဲ့အဖွဲ့တွေကို သူတို့ဦးညွတ်ပြီနှုတ်ဆက်လိုက်ပါတယ်။ အဲ့ဒီနောက် ချင်းယာနဲ့စကားတချို့ပြောကြတယ်။ နောက်ဆုံးမှာကတော့ မိန်းကလေးက နံရံနားကိုလျှောက်သွားရင် သူမလက်ကိုအသုံးပြုကာ နံရံကိုဖိလိုက်ပါတော့တယ်။
ချက်ချင်းဆိုသလို ထူးခြားတဲ့မြင်ကွင်းက ထွက်ပေါ်လာခဲ့ပါပြီ။ လှိုင်းတွေက နံရံတစ်လျှောက်မှာ ပေါ်လာပြီတဲ့နောက် အလင်းတန်းအလွှာတွေက တည်ငြိမ်လို့သွားပါတော့တယ်။
နံရံကိုလက်နဲ့ဖိထားတဲ့ ကောင်မလေးရဲ့ လက်ပေါ်မှာကတော့ အလင်းတန်းပုံသဏ္ဍာန်တချို့က ဆက်တိုက်ဆိုသလို ပြန့်ထွက်လာပါတော့တယ်။ အဲ့ဒီနောက် တစ်၀ှီး၀ှီးမြည်သံတွေနဲ့အတူ နှစ်ခြမ်းကွဲသွားရင် လျှောက်လမ်းကပေါ်လာခဲ့ပါပြီ။
အပြင်ဘက်ကရွှေရောင်တွေနဲ့ မတူညီပဲ ဒီလမ်းကတော့ လုံး၀ကို ဖြူစင်တောက်ပလို့နေခဲ့ပါတယ်။ အေးစက်တဲ့အဖြူရောင်မဟုတ်ပဲနဲ့ နူးညံ့ပြီလက်တွေ့ကြတဲ့အဖြူနဲ့ ပြိုင်ဘက်ကင်းတည်ရှိမှုမျိုး ရှိနေခဲ့တာပါ။
ကြမ်းခင်း အမိုး နံရံတွေအားလုံးက ကျောက်စိမ်းဖြူတွေနဲ့ ပြုလုပ်ထားပြီ မှိန်ဖျော့ဖျော့ပုံသဏ္ဍာန်တချိုု့လဲ ပါ၀င်နေခဲ့ပါတယ်။ ဒါပေမယ့် သူရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ဒါပေမယ့် ဒီအခန်းကတော့ အပြင်လမ်းထက်အများကြီးပိုပြီး လက်ရာမြောက်တာအမှန်ပါပဲ။
မှိန်ဖျော့ဖျော့အဖြူရောင်အလင်းတန်းက နေရာအနှံ့ကိုပြန့်လွှင့်လို့နေခဲ့ပါတယ်။ ဒါ့အပြင် အခန်းရဲ့ဘေးနှစ်ဘက်မှာကလဲ အပြာရောင်အလင်းတချို့က မျဥ်းဖြောင့်တွေအဖြစ်ကို ပြောင်းလဲလို့နေခဲ့တယ်။ အဲ့ဒီနောက် ချင်းယာက ရှင်းပြပါတယ်။
” ဒါကထိပ်တန်းလေလံပွဲကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ နံပါတ်တစ်လေလံပါပဲ ဒါ့အပြင် တန်ဖိုးအထားဆုံးဧည့်သည်တော်တွေသာ ဒီနေရာကနေဖြတ်သန်းပြီ လေလံပွဲကို သွားရောက်ခွင့်ရှိတာပါ ကျွန်မ ဒီကိုဖြတ်သန်းသွားလာခွင့်ရတာကလဲ ဧည့်သည်တော်တို့ရဲ့ ကျေးဇူးကြောင့်ပါပဲ။ မဟုတ်ရင် ကျွန်မရဲ့အဆင့်နဲ့ ဒီနေရာကို၀င်ရောက်ဖို့တောင် မလွယ်ကူခဲ့ပါဘူး။
၀မ်ယန်က မေးလိုက်ပါတယ်။
” အခု၀တ်ဆင်ထားတဲ့ပုံစံကို ကြည့်ရမယ်ဆိုရင် ကြည့်ရတာမင်းရာထူးတက်သွားတဲ့ပုံစံပဲ ”
ချင်းယာက ပြုံးပြလိုက်တယ်။
” ဒါတွေအားလုံးက ဆရာကိုပဲ ကျေးဇူးတင်ရမှာပါ ၀ိညာဥ်၀ါးမြိုဓားကို ရောင်းနိုင်ခဲ့တဲ့အတွက် နောက်ဆုံးတစ်ခေါက်လေလံပွဲကနေ စလို့အမှတ်တိုးသွားပြီ အနက်ရောင်အဆင့် လေလံပြစ်သူဖြစ်လာခဲ့ပါတယ်…အားလုံးပဲကျေးဇူးပြုပြီး အထဲကို၀င်ကြပါ ”
အဲ့ဒီနောက် သူလမ်းကိုဦးဆောင်ရင် ဖြည်းဖြည်းချင်းလျှောက်လာခဲ့ပါတယ်။ ရွှေရောင်၀တ်ရုံ၀တ်ထားတဲ့ မိန်းကလေးနှစ်ယောက်ကတော့ အသက်ဆယ့်ရှစ်နှစ် ဆယ်ကိုးနှစ်အရွယ်ရှိပြီ သူတို့ကို လာရောက်နှုတ်ဆက်တယ်။
အရှေ့ကိုနည်းနည်းလျှောက်ပြီအချိန်မှာကတော့ နောက်ထပ်ဆက်ပြီလျှောက်လာရင်းနဲ့ တံခါးတွေက သူတို့ရှေ့မှာ ထပ်မံပေါ်လာပါတော့တယ်။ ချင်းယာကတော့ နံပါတ်ခုနှစ်ခုမြောက်တံခါးကို ရွေးချယ်ပြီ၀င်ရောက်လိုက်တယ်။
အပိုင်း ၉၈•၂ ပြီး၏။