Switch Mode

Chapter – 98.1

ထိပ်တန်းအဆင့်လေလံပွဲ

အပိုင်း ၉၈•၁

” ထိပ်တန်းအဆင့်လေလံပွဲ ”
°°°
” ဆရာ၀မ် ကျွန်တော်တို့က အလှည့်ကြတိုက်ပွဲမှာ ပထမနေရာကိုရဖို့အဆင့်အတန်းပြည့်မီတယ်မဟုတ်လား ဒါ့အပြင် သူတို့ရဲ့အင်အားနဲ့ဆိုရင် သုန့်လင်းတော်၀င်၀ိညာဥ်ကျောင်းတော်က အတူတူပဲဖြစ်လိမ့်မယ်…ဒီလိုဖြစ်ပြီဆိုမှတော့ ဘာကြောင့်သူတို့နဲ့ကျွန်တော်တိုက်ခိုက်နေရမှာလဲ နံပါတ်တစ်ကျောင်းတော်ဆိုတာက ဒုတိယနေရာမှာရှိသင့်တာလေ ဘာကြောင့်များအချီဆယ်ခြောက်ကို ရောက်သွားတာလဲ ”

ထိုက်ယွဲ့ဟန်က သံသယအပြည့်နဲ့မေးလာခဲ့တယ်။

၀မ်ယန်က ပြောလိုက်ပါတယ်။

” အင်အားအရာမှာ သုန့်လင်းတော်၀င်ကျောင်းတော်က သူတို့အဖွဲ့ရဲ့ပထမဆုံးနေရာမှာရှိသင့်တယ်..ဒါပေမယ့်အဲ့ဒီလို မဟုတ်ခဲ့ဘူး ဒါကတော့ ဒီလိုမျိုးသူတို့ရဲ့အုပ်စုအဖွဲ့ထဲမှာ တစ်ချက်လေးတောင်မရှုံးနှိမ့်ပဲ ဆက်တ်ိုက်အနိုင်ရတဲ့ ထူးထူးခြားခြားဖြတ်မြင်းတစ်ကောင်ပေါ်လာလို့ပဲ ဒါကြောင့် သုန့်လင်းတော်၀င်၀ိညာဥ်လက်နက်ကျောင်းတော်က အဲ့ဒီဖြတ်မြင်းကို ဘယ်လိုမှမယှဥ်နိုင်ပဲ ဖြစ်သွားခဲ့ရတယ်.. ဒါကြောင့်သာ သူတို့ဒုတိယနေရာကို ရောက်သွားခဲ့တာ ငါတို့လဲ သူတို့နဲ့ တွေ့ရမယ်လို့ ထင်မထားပါဘူး ”

” ဒါဆိုပြဿနာရှိလို့လား ”

မာရှောင်ထောင့်က မေးလိုက်ပါတယ်။

” သုန့်လင်းတော်၀င်၀ိညာဥ်ကျောင်းတော်က ကျော်ကြားတဲ့ကျောင်းတော်တစ်ခုပဲ သူတို့အနေနဲ့ အုပ်စုပွဲစဥ်တွေအကြောင်းကို ကောင်းကောင်းသိရမှာပေါ့ ဒါ့အပြင် ပထမနေရာက ဘာကိုကိုယ်စားပြုလဲဆိုတာ သိနေမှာပဲ ဘာကြောင့်များသူတို့က ပထမနေရာကိုရဖို့လက်လျော့လိုက်ရတာလဲ သူတို့တွေက တစ်ချက်ထဲနဲ့ တိုက်ခိုက်ဖို့အင်အားကို ချွင်းချန်ထားတာလား ”

၀မ်ယန်က ပြန်ဖြေလိုက်ပါတယ်။

” ငါလဲဒီအကြောင်းကိုတွေးပြီးပြီ ပထမနဲ့ ဒုတိယနေရာရဲ့ အဓိကကွာခြားချက်က အချီနံပါတ်ဆယ်ခြောက်မှာ သတ်မှတ်ချက်အပေါ်မူတည်တယ်…ဒီလိုတော့လဲ ဒီပြိုင်ပွဲပြီးသွားရင် ဘာမှထူးထူးခြားခြားမရှိနိုင်ဘူးလေ သုန့်လင်းတော်၀င်၀ိညာဥ်လက်နက်ကျောင်းတော်က ဒီလိုလုပ်ရတာ သူတို့အကြောင်းအရင်ရှိပါလိမ့်မယ်..ကောင်းကောင်းလဲဖုံးကွယ်ထားနိုင်တယ်..ဘာကြောင့်လဲဆိုတာ ပြိုင်ပွဲထဲမှာသိရမှာပဲ ကံမကောင်းစွာနဲ့ပဲ သူနဲ့ယွိဟန်နှစ်ယောက် ပြိုင်ပွဲမှာပါလာတာကို လျှို့၀ှက်ထားနိုင်တယ်..မင်းတို့တွေအဖွဲ့ကိုဦးဆောင်မယ်ဆိုရင် ပြဿနာအကြီးကြီးရှိနိုင်တော့မှာမဟုတ်ဘူး..ကောင်းပြီလေ နောက်ထပ်ထုတ်ပယ်ရမဲ့ပွဲစဥ်တွေရဲ့ စည်းမျဥ်းတွေကို ရှင်းပြပေးမယ် ”

” တိုက်ကြီးရဲ့အဆင့်တက်ကျောင်းတော်စာမေးပွဲရဲ့ နှစ်ထောင်ချီအတွင်းမှာ စည်းမျဥ်းတွေက ဘယ်တော့မှမပြောင်းလဲခဲ့ဘူး..အထူသဖြင့် နောက်ဆုံးထုတ်ပယ်တဲ့ အချီနဲ့ပတ်သက်ပြီ ပိုသေချာတယ်..ပြိုင်ပွဲထဲကို ပိုစိတ်၀င်စားစရာကောင်းအောင်လုပ်ဖို့အတွက် ပါ၀င်တဲ့ကျောင်းတော်တွေရဲ့အင်အားကို ပိုနားလည်အောင်လုပ်ဖို့လဲလိုလိမ့်မယ်..ဒါ့အပြင် အစောပိုင်းပြိုင်ပွဲတွေနဲ့ မတူညီတော့ပဲ ပြိုင်ပွဲရဲ့ပုံစံကလဲ နည်းနည်းပြောင်းလဲသွားတယ် ”

” ထုတ်ပယ်တဲ့ပြိုင်ပွဲက အစောပိုင်းပြိုင်ပွဲတွေလိုမျိုး မဲခွဲဆုံးဖြတ်ပြီ ယှဥ်ပြိုင်ရမှာမဟုတ်ဘူး…ပြိုင်ပွဲတစ်ခုကို နှစ်ရက်ကျင်းပမှာဖြစ်တဲ့အပြင် အဖွဲ့လိုက်တိုက်ပွဲရော တစ်ယောက်ချင်းဆီရှုံးထွက်ပွဲစဥ်ရော ကျင်းပရလိမ့်မယ်..နိုင်တဲ့သတင်းက မင်းတို့အနေနဲ့ နောက်တစ်ချီကို လုံး၀တက်ရောက်ရမယ်လို့ မပြောနိုင်ဘူး..မင်းအနေနဲ့ အကယ်၍ အဖွဲ့၀င်သုံးယောက်သာအသုံးပြုပြီး ဒီပြိုင်ဘက်ရဲ့ နှစ်ယောက်စလုံးကို အနိုင်ရမယ်ဆိုရင် အဖွဲ့ပွဲစဥ်ရဲ့ရလဒ်ကိုရလိုက်မယ်..တခြားတစ်ဖက်မှာကတော့ အဖွဲ့အသင်းကိုနိုင်တဲ့ကျောင်းတော်က သူတို့အနေနဲ့ အဖွဲ့၀င်ခုနှစ်ယောက်စလုံးကို အသုံးချပြီ တစ်ဖက်လူရဲ့ သုံးယောက်ကို အနိုင်ယူနိုင်မှသာ နောက်ပွဲစဥ်ကိုတက်ရောက်နိုင်လိမ့်မယ် ”

” ပြိုင်ပွဲစည်းမျဥ်းတွေက အဖွဲ့ရဲ့တစ်ယောက်ချင်းစွမ်းအားကိုရော အားလုံးပေါင်းစည်းတဲ့စွမ်းအားကိုရော အရေးကြီးတယ်ဆိုတာကို ပြသနေတာပဲ ဥပမာအားဖြင့် သူတို့အဖွဲ့မှာ ရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်လိုမျိုး ၀ိညာဥ်ဧကရာဇ်နှစ်ယောက်ရှိတယ်.. အကယ်၍ ငါတို့သာအဖွဲ့လိုက်တိုက်ပွဲမှာ ရှုံးနှိမ့်သွားရမယ်ဆိုရင် သူတို့တွေက တစ်ဖက်ပြိုင်ဘက်ရဲ့ခုနှစ်ယောက်ကို သူတို့နှစ်ယောက်ထဲနဲ့အနိုင်ယူပြီ ပိုတောက်ပရမယ်လို့ရတယ်..ဒီလိုဖြစ်ပြီဆိုရင် ငါတို့က ထုတ်ပယ်တဲ့ပွဲစဥ်ကို သေချာပေါက်အနိုင်ရမှာပဲ ဒါကြောင့်သာ ထုတ်ပယ်တဲ့အချီက ငါတို့အဖွဲ့တစ်လုံးရဲ့စွမ်းအားကို စမ်းသပ်ရုံတင်မက သန်မာတဲ့သူတွေအတွက်လဲ ကြီးမားတဲ့အခွင့်အရေးဖြစ်စေလိမ့်မယ်..တကယ်ကိုအားကောင်းတဲ့ ကျောင်းတော်တွေက သေချာပေါက် အကောင်းဆုံးကျောင်းသားတွေကို မွေးထုတ်ပေးမှာပဲ ဒါ့အပြင် ဒီလိုမျိုးထုတ်ပယ်တဲ့အချီမှာ အလှည့်အပြောင်းကိုဖြစ်စေနိုင်တာကတော့ တစ်ယောက်ချင်းဆီပွဲစဥ်တွေပဲ ”

ထုတ်ပယ်တဲ့ပွဲစဥ်တွေက ဒီလိုမျိုးကျင်းပမယ်လို့ ဘယ်သူမှမထင်ထားခဲ့ပါဘူး။ ဟို့ယွိဟောင်က မေးလိုက်ပါတယ်။

” ဆရာ၀မ် ဒါဆိုရင် တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာ အဖွဲ့၀င်တစ်ယောက်က ဒဏ်ရာရသွားသည်ဖြစ်စေ စွမ်းအားကုန်သွားသည်ဖြစ်စေ ဘယ်လိုလုပ်မှာလဲ ”

” ဒါကတော့ အဖွဲ့လိုက်အင်အားကို သုံးမှာပေါ့ ကျောင်းတော်တွေအားလုံးက အကြိုအဖွဲ့၀င်တွေရှိတယ်လေ မင်းတို့ဒီနေရာမှာရှိခဲ့သလိုပဲ အကယ်၍ အဓိကအဖွဲ့သားတွေထဲမှာသာ တစ်ခုခုဖြစ်လာမယ်ဆိုရင် အကြိုအဖွဲ့မှာရှိတဲ့လူက သူတို့နေရာကို၀င်ယူကြရတယ် ”

” ပေ့ပေ့နဲ့ ရှုစန်းရှိီမင်းတို့နှစ်ယောက်က အခုဒဏ်ရာတွေလဲ သက်သာနေပြီဆိုတော့ ထုတ်ပယ်တဲ့ပွဲစဥ်တွေမှာ ပါ၀င်ယှဥ်ပြိုင်ပြီဆိုရင် စွမ်းအားတွေကို သုံးနိုင်နေပြီမဟုတ်လား ”

ပေ့ပေ့ရဲ့နဂါးနဲ့ ရှုစန်းရှီရဲ့လိပ်နတ်အကြောင်းကို ၀မ်ယန်ကပြောနေတာပါ။ ပေ့ပေ့က ခေါင်းညိတ်လိုက်ပါတယ်။

” ကျွန်တော်လုပ်နိုင်ပါတယ်..သိုင်းပညာ၀ိညာဥ်က စန်းရှီလောက်အများကြီးအားမကောင်းပေမဲ့ သေချာပေါက် ထွက်လာနိုင်အောင်တော့ လုပ်နိုင်ပါတယ်..ဒါကိုတစ်ခေါက်သုံးပြီးရင် သုံးရက်လောက်ပြန်စောင့်ရတယ်..ကျွန်တော်တို့ညီငယ်လေးသုံးတဲ့ ပေါင်းစည်းစွမ်းရည်လိုပါပဲ ဒါ့အပြင် တစ်ချက်ထဲနဲ့ တိုက်ခိုက်မှုတွေမှာ စွမ်းအားအပြည့်သုံးဖို့ နည်းလမ်းတစ်ခုပဲရှိတယ်..ဒီစွမ်းအားတွေကို ကျွန်တော်၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရပြီ သူတော်စင်ဖြစ်မှသာ အပြည့်အ၀တည်ငြိမ်အောင် ထိန်းချုပ်နိုင်မှာပါ ”

ရှုစန်းရှီကတော့ ခါးသီးတဲ့အကြည့်နဲ့ပြောလာခဲ့ပါတယ်။

” ကျွန်တော်လဲ သေချာတော့မပြောနိုင်ဘူးလေ ထိန်းမှမထိန်းနိုင်တာ ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်ကို နိုးထစေဖို့အတွက် လုပ်ဆော်မှုတစ်ခုလိုအပ်တယ်..ဒါပေမယ့် ကျွန်တော်လဲပေ့ပေ့လိုပါပဲ ၀ိညာဥ်သူတော်စင်ဖြစ်ပြီရင်တော့ အားလုံးအဆင်ပြေသွားမှာပါ ”

၀မ်ယန်က ခေါင်းညိတ်လိုက်ပါတယ်။

” ကောင်းပြီလေ အခုတော့မနက်ဖြန်ပြိုင်ပွဲအတွက် ပြိုင်ရမဲ့သူတွေကို အရင်ဆုံးစီစဥ်ပေးမယ်…ငါတို့တွေထုတ်ပယ်တဲ့ အချီကို၀င်ပြီဆိုတာနဲ့ လုံး၀လွဲချော်လို့မဖြစ်ဘူး..လာမဲ့ငါတို့ပြိုင်ဘက်က ထိပ်တန်းလေးဖွဲ့မှာပါ၀င်တဲ့သူတွေဖြစ်နေတယ်…ဒါကြောင့် သေချာပေါက်အစွမ်းကုန်တိုက်ခိုက်ရမယ်…မာရှောင်ထောင့် ထိုက်ယွဲ့ဟန် လင်းလော့ချန် ပေ့ပေ့ ရှုစန်းရှီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့် မင်းတို့ခုနှစ်ယောက်က အဖွဲ့လိုက်ပွဲစဥ်ကိုတိုက်ခိုက်ရမယ်..လင်းလော့ချန်နဲ့ ဟို့ယွိဟောင်နှစ်ယောက်ကတော့ အဓိကထိန်းချုပ်တဲ့သူတွေပဲ ကျန်တဲ့သူတွေကတော့ အရှေ့တန်းက တိုက်ခိုက်မှုတွေကို ချေမှုန်းပြစ်ရမယ်..ချ်ိုက်ထို့မင်းကတော့အားလုံးအတွက် သောက်ဖို့ဆေးပြင်းလိပ်တွေ လုပ်ပေးထားပါ ဒါမှသာသူတို့အင်အားပြန်ဖြည့်နိုင်မှာ ”

” ကောင်းပါပြီ ”

ဟယ့်ချ်ိုက်ထို့က ပြန်ဖြေလိုက်ပါတယ်။ ရှောင်းရှောင်းကတော့ နှုတ်ခမ်းကို ကွေးရင်းပြောလိုက်ပါတယ်။

” ဒါဆိုရင် ပြိုင်ပွဲက ကျွန်မဘာမှလုပ်စရာမရှိတော့ဘူးပေါ့ ”

၀မ်ယန်ကတော့ ပြုံးပြရင်း ပြန်ဖြေပါတယ်။

” ပြိုင်ပွဲကအဆုံးသတ်ဖို့နီးလာပြီဆိုမှတော့ ငါတို့တွေဒဏ်ရာမရနိုင်ဘူးလို့ ဘယ်သူမှလဲ အာမမခံနိုင်ဘူးလေ နောက်တန်းကနေ စောင့်ပေးနေရမဲ့သူတွေကလဲ အရေးကြီးတာပဲ မင်းတို့အားလုံးအစောပိုင်းပွဲစဥ်မှာကောင်းကောင်းလုပ်ခဲ့တယ်…မင်းရော နန်နန်ရော ချိုက်ထို့ရော အချိန်မရွေးတိုက်ခိုက်နိုင်အောင် ပြင်ဆင်ထားကြ မနက်ဖြန်အဖွဲ့ပွဲစဥ်တွေမှာ အသုံးချမဲ့နည်းစနစ်တွေကို ပြောပြမယ်..သုန့်လင်းတော်၀င်၀ိညာဥ်ကျောင်းတော် ဘယ်လိုပဲပြင်ဆင်ထားပါစေ ငါတို့အနေနဲ့ သူတို့ကို အင်အားကောင်းကောင်းပြရမယ် ”

၀ိညာဥ်ဧကရာဇ်နှစ်ယောက်ပြန်လာပြီဖြစ်တာကြောင့် လက်ရှိအချိန်မှာ ၀မ်ယန်က အနိုင်ရမယ်လို့ယုံကြည်ချက်ရှိနေခဲ့ပါတယ်။ သူတို့တွေအနေနဲ့ နောက်ထပ် ပွဲစဥ်လေးခုကို ဖြတ်သန်းရဦးမှာပါ ဒါ့အပြင် ပြိုင်ပွဲတွေကလဲ အတော်ကိုကြမ်းတမ်းပါလိမ့်မယ်…သေချာပေါက်အကြိုအဖွဲ့နဲ့တင် အနိုင်ရဖို့မလုံလောက်ပါဘူး ”

ဒီတစ်ကြိမ်မှာပဲ လူတစ်ယောက်က ရုတ်တရက်တံခါးခေါက်လိုက်ပါတော့တယ်။ ၀မ်ယန်က မျက်မှောင်ကြုတ်ရင်အော်တော့တယ်။

” ၀န်ထမ်းတွေလာမနှောင့်ယှက်ဖို့ ငါပြောထားတယ်မဟုတ်ဘူးလား ”

သာယာကြည်လင်တဲ့အမျိုးသမီးအသံက တံခါးအပြင်ကထွက်ပေါ်လာခဲ့ပါတယ်။

” နှောင့်ယှက်ရတဲ့အတွက် တောင်းပန်ပါတယ်…၀န်ထမ်းတွေထဲက မဟုတ်ပါဘူး…ကြယ်တာအလင်းလေလံအိမ်ကနေလာတာပါ ”

၀မ်ယန်လဲ ဒါကိုကြားချိန်မှာတော့ မျက်လုံးပြူးသွားပါတော့တယ်။ ဒါ့အပြင် ဒီအသံကလဲရင်းနှီးနေတဲ့အသံပါ။ တံခါးနဲ့အနီးဆုံးမှာရှိနေတဲ့ပေ့ပေ့ကတော့ ထရပ်ရင်း၀မ်ယန်ကို မေးခွန်းထုတ်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတော့တယ်။ ၀မ်ယန်က သူ့ကိုခေါင်းတစ်ချက်ညိတ်ပြလိုက်ချိန်မှာတော့ တံခါးဆီလျှောက်သွားရင်း ဖွင့်ပေးလိုက်ပါပြီ။

တစ်ကိုယ်လုံးအနက်ရောင်၀တ်ရုံရှည်လှလှလေးကို ၀တ်ဆင်ထားတဲ့အမျိုးသမီးကတော့ တံခါးအပြင်ဘက်မှာရပ်နေခဲ့တာပါ။ အသက်က နှစ်ဆယ်ရှစ် နှစ်ဆယ်ကိုးအရွယ်လောက်ရှိပြီဖြစ်တဲ့သူမက ရင့်ကျက်တဲ့အလှတရားကို ပိုင်ဆိုင်လို့ထားခဲ့ပြီ ငယ်ရွယ်တဲ့အငွေ့အသက်တွေလဲ ပြန့်လွှင့်လို့နေပါတယ်။

ဟို့ယွိဟောင်နဲ့ တခြားသူတွေအားလုံးက သူမကို မှတ်မိခဲ့တယ်။ သူကတော့ အဲ့ဒီနေ့မှာလေလံပွဲကိုကျင်းပပေးသူဖြစ်တဲ့ချင်းယာပါပဲ။

ချင်းယာက ၀မ်ယန်ကိုစိုက်ကြည့်ရင်း စတင်ပြီနှုတ်ဆက်ပါတော့တယ်။

” မင်္ဂလာပါဆရာ၀မ်ယန် ဒီလိုမျိုးအရေးကြီးတဲ့အချိန်ကို လာနှောင့်ယှက်ရတဲ့အတွက် တောင်းပန်ပါတယ် ”

၀မ်ယန်ကတော့ ကျုးကျော်လာသူက ချင်းယာမှန်းမြင်ချိန်မှာ သူ့ရဲ့အကြည့်က နူးညံ့လို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် သူမေးလိုက်တယ်။

” တစ်ခုခုများပြောစရာရှိလို့လား လေလံပြစ်တဲ့သူချင်းယာ ဘယ်လိုများဒိီကိုရောက်လာရတာလဲ ”

အပိုင်း ၉၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset