Switch Mode

Chapter – 5.1

" ပထမဆုံး အကြည့်တစ်ချက် "

Chapter – 5.1 ” ပထမဆုံး အကြည့်တစ်ချက် ”
°°°
” အတွင်းမူလစွမ်းအားနဲ့ သူ့ရဲ့အဆိပ်ကြောင့် သွေးပန်းပွင့်မြွေက သဘာ၀အန္တရာယ်ပြုသူတွေ သိပ်မရှိကြဘူး….သူတို့တွေ အသက်နှစ်တစ်ထောင်မရောက်ခင်အချိန်မှာ ခန္ဓာကိုယ်က အစိမ်းရင့်ရောင်ရှိကြတယ်…ဒါ့အပြင် ရှင်သန်လာတဲ့ အသက်နှစ်တစ်ရာပြည့်တိုင်းမှာ ခန္ဓာကိုယ်က တစ်မီတာဆီပိုပြီး ရှည်လျားလာတယ်…နှစ်တစ်ထောင်နားကို ရောက်ပြီဆိုရင်တော့ သူတို့ခန္ဓာကိုယ်က ဆယ့်မီတာကို ရှိသွားမှာပဲ သူတို့တွေ အဆင့်ကျော်တိုးတက်သွားပြီရင်း ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအားတွေက သိပ်သည်းသွားပြီး ပုံစံပြန်ပြောင်းသွားကြတယ်…ခန္ဓာကိုယ်အရောင်က အစိမ်းရင့်ရောင်ကနေ ပန်းရောင်ကိုပြောင်းသွားရုံတင်မကဘူး တစ်မီတာဆီလဲ ပြန်ပြီးကျုံ့သွားသေးတယ် ..အဲ့ဒီနောက် နှစ်ရာချီကြာတိုင်းမှာ နောက်ထပ် တစ်မီတာပိုပြီး ကြီးမားလာကြတယ်….အသက်နှစ်နှစ်ထောင်ကို ပြည့်ပြီးဆိုရင်တော့ တစ်မီတာပြန်ကျုံ့သွားပြန်ရော ဒါပေမယ့် ပန်းရောင်ပိုပြီးတော့ ရင့်လာလိမ့်မယ်…အကယ်၍ ငါတို့ဖမ်းမိထားတဲ့ သွေးပန်းပွင့်မြွေကို သေချာကြည့်မယ်ဆိုရင် သူ့အသက်က နှစ်ပေါင်းထောင့်သုံးရာလောက်ရှိနေပြီး မင်းရဲ့အကူအညီကြောင့်သာ မဟုတ်ရင် သူ့ကိုသတ်ဖို့ ငါအတော်လေး ခက်ခဲမှာပဲ ”

ပေ့ပေ့ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ သူ့နဲ့ ထန်ယာ့နှစ်ယောက်သာ ပူးပေါင်းပြီး သတ်မယ်ဆိုလို့ရှိရင်း မြွေကိုသတ်ဖို့မခက်ခဲမှန်း သိနေခဲ့လို့ပါ။ အကယ်၍ ဟို့ယွိဟောင် မရှိလို့ရှိရင်တောင် သူတို့နှစ်ယောက်ပေါင်းပြီး သတ်နိုင်ချေက များပါတယ်။

ပေ့ပေ့ရှင်းပြတာကို နားထောင်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ အသိပညာတိုးပွားလာပါတော့တယ်။

” ဒီသွေးပန်းပွင့်မြွေက တကယ်ထူးဆန်းတာပဲ သူက နှစ်တစ်သောင်းအသက်ပြည့်သွားမယ်ဆိုရင်ကော အရေးခွံလှယ်သွားမှာလား ”

ပေ့ပေ့က ခေါင်းညိတ်ရင်း ပြန်ဖြေပါတယ်။

” နှစ်တစ်သောင်းသွေးပန်းပွင့်မြွေက အ၀ါရောင်ပြောင်းသွားတယ်..သူက တကယ်ကြောက်စရာကောင်းရုံတင်မကဘူး ၀ိညာဥ်ဘုရင်တွေတောင် သွားမထိ၀ံ့တဲ့ တည်ရှိမှုဖြစ်သွားလိမ့်မယ်…ဒါကြောင့် အနည်းဆုံး၀ိညာဥ်ဧကရာဇ်တစ်ယောက်ကို ဆင့်ခေါ်ပြီးတော့မှတိုက်ခိုက်လို့ရမှာ ”

” ဆရာတူညီလေး ရှောင်ယာ့က လက်ရှိသူ့ရဲ့၀ိညာဥ်စက်ကွင်းကို စုပ်ယူနေတယ်ဆိုတော့ မင်းရဲ့ ၀ိညာဥ်စွမ်းရည်အကြောင်း ပြောပြရအောင် အဲ့ဒါက နာမည်ဘယ်လိုခေါ်လဲ ဘယ်လောက်အချိန်ကြာအောင် ထိန်းနိုင်လဲ အားလုံးက အရမ်းအရေးကြီးတယ် ”

ဟို့ယွိဟောင်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အစောပိုင်းသတိပေးမှုကို ကြားယောင်နေဆဲပါ။ သူက အပြည့်အ၀ မဖော်ပြခိုင်းပါဘူး။ ဒါကြောင့် တခဏတာ စဥ်းစားပြီတဲ့နောက် သူပြန်ဖြေလိုက်ပါတယ်။

” အစ်ကိုကြီး ကျွန်တော်အသုံးပြုလိုက်တဲ့ နည်းလမ်းက စိတ်၀ိညာဥ်ထောက်လှမ်း ရှာဖွေမျှဝေလို့ ခေါ်တယ်…အဲ့ဒါကို အကွာအဝေးအထိ သုံးနိုင်ပြီး လက်ရှိအချိန် ကျွန်တော်ပတ်ပတ်လည်မီတာသုံးဆယ်အကွာအဝေးကို ထောက်လှမ်းနိုင်တယ်…ကျွန်တော်ရဲ့၀ိညာဥ်စွမ်းအား တိုးလာရင်းတိုးလာသလောက် ထောက်လှမ်းနိုင်တဲ့ အကွာအဝေးကလဲ ပိုပြီး တိုးပွားလာတယ်…ဘယ်လောက်ကြာကြာထိန်းနိုင်လဲတော့ ကျွန်တော်မသိသေးဘူး…ဒါပေမယ့် အဲ့ဒီစွမ်းရည်ကိုသုံးနေရင်း ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက သိပ်မများသလိုပဲ ”

” မဖြစ်နိုင်လိုက်တာ ”

ပေ့ပေ့က သူ့ကို တအံ့တဩကြည့်ရင်း ပြောလာခဲ့ပါတယ်။

” ဒီလိုမျိုး၀ိညာဥ်စွမ်းအားကို အသုံးပြုတဲ့ စွမ်းရည်က စွမ်းအားသိပ်မကုန်ဘူးတဲ့လား မင်းရဲ့ စိတ်၀ိညာဥ်မျက်၀န်းက အရမ်းသန်မာနေလို့နဲ့တူတယ်….ဒါ့အပြင် မင်းရထားတဲ့ ၀ိညာဥ်စက်ကွင်းကလဲ ဆယ့်နှစ်အရွယ်ပဲရှိသေးတာလေ ယုံဖို့ခက်လိုက်တာ သော့်လော့တိုက်ရဲ့ ၀ိညာဥ်ပညာရှင်တွေထဲမှာတောင် နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းရှိတဲ့သူတွေတောင်မှ ဒီလောက်အထိ ကြာကြာမခံနိုင်ဘူး…မင်းရဲ့အခြေအနေက ငါဖတ်ဖူးတဲ့ဘယ်စာအုပ်ထဲမှာမှ မပါတာတော့အမှန်ပဲ တွေးကြည့်ဖို့တောင်ခက်လိုက်တာ ”

ဟို့ယွိဟောင်က ခေါင်းငုံ့ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ကျွန်တော်လဲ ဘာတွေဖြစ်နေမှန်းကို မသိပါဘူးဗျာ ”

ပေ့ပေ့က သူ့ဘာသာသူ စဥ်းစားနေပြီးတဲ့နောက် ပြန်ပြောလာခဲ့ပါတယ်။

” ညီလေး အများကြီးမတွေးနဲ့ ၀ိညာဥ်စွမ်းရည်အားကောင်းတယ်ဆိုတာက ကောင်းတဲ့ကိစ္စပဲလေ ဒီ၀ိညာဥ်စွမ်းရည်ရဲ့ အကူအညီနဲ့ဆိုရင် အနာဂတ်မှာ မင်းနဲ့အလုပ်တွဲမလုပ်ချင်တဲ့သူကို ရှိမှာမဟုတ်ဘူး…ဒါပေမယ့် ညီငယ်လေး မင်းက အခုစိတ်၀ိညာဥ်အမျိုးအစား ပညာရှင်ဖြစ်နေပြီဆိုတော့ အနာဂတ်မှာ အထောက်အကူပြု၀ိညာဥ်ပညာရှင်အဖြစ် အလုပ်လုပ်ချင်လား ဒါမှမဟုတ်ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်အဖြစ် အလုပ်လုပ်ချင်လား ”

” ကျွန်တော်မသိသေးဘူး ”

” ကိုယ်လျှောက်မဲ့လမ်းကို ရွေးချယ်တာက အရမ်းကို အရေးကြီးတယ်…ပြောရမယ်ဆိုရင် မင်းရဲ့၀ိညာဥ်အရည်အချင်းတွေက အနာဂတ်မှာ ၀ိညာဥ်စက်ကွင်းတွေကို ရွေးချယ်ဖို့အတွက် အကူအညီရလိမ့်မယ်….မင်းသာ ကျင့်ကြံဖို့အတွက် ရည်မှန်းချက်ကို ရွေးချယ်ပြီးပြီဆိုရင် လျှောက်လမ်းဖို့လမ်းက သတ်မှတ်ပြီသား ဖြစ်သွားမှာပဲ လက်ရှိအချိန် မင်းက စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင် ဖြစ်နေခဲ့ပြီး သာမန်၀ိညာဥ်စက်ကွင်းကိုပဲ ရထားပေမဲ့ အလားအလာက အရမ်းကို ကောင်းတယ်…အကယ်၍ ရိုးရှင်းတဲ့ အထောက်အကူပြု၀ိညာဥ်ပညာရှင် ဖြစ်မယ်ဆိုရင် နှမြောစရာကောင်းလွန်တယ်…ဘယ်လို၀ိညာဥ်စွမ်းအားမျိုးကို အနာဂတ်မှာ မင်းရလာမယ်မှန်း ငါမသိသေးပေမဲ့ အနည်းဆုံးတော့ ထိန်းချုပ်ရေးပညာရှင် ဖြစ်လာစေဖို့ ငါတော့စိတ်ကူးရှိနေတယ်…စိတ်၀ိညာဥ်စွမ်းအားထိန်းချုပ်မှုကိုသာ ကောင်းကောင်းအာရုံစိုက်ပြီး ကြိုးစားလိုက်မယ်ဆိုရင် မင်းသေချာပေါက် အနာဂတ်မှာ မင်းအဖွဲ့အစည်းရဲ့ ဗဟိုချက်ဖြစ်လာမှာပဲ ”

” ဗဟိုချက်တဲ့လား ကျွန်တော်တို့ ၀ိညာဥ်ပညာရှင်တွေက အဖွဲ့အစည်းရှိလာနိုင်တယ်လား ”

ဟို့ယွိဟောင်က မေးလာခဲ့ပြန်ပါတယ်။ သူက အရမ်းကို ငယ်ရွယ်သေးပြီး ကိုယ့်အားကိုယ်ကိုးကျင့်ကြံခဲ့ရတာကြောင့် အတွေ့အကြုံရော အသိပညာပါမရှိသေးပါဘူး။ သူ့အမေကလွဲပြီး သင်ကြားပေးမဲ့သူလဲ တခြားမရှိပဲဖြစ်နေခဲ့တယ်။ အခုအချိန်မှာ ထန်မျိုးနွယ်ကို ၀င်ရောက်ပြီးဖြစ်တာကြောင့် သူ့အမြင်အရ သူ့အတွက် လက်ဦးဆရာဆိုတာ သူ့ရဲ့ဆရာတူအစ်ကိုကြီးပါပဲ။ အချိန်တိုလေးအတွင်းပဲ ရှိသေးတယ်ဆိုပေမဲ့ ပေ့ပေ့က သူ့ကိုသင်ပေးတာ အများကြီးရှိနေပါပြီ။

ပေ့ပေ့က စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပါတယ်။

” ငါတို့တွေ ၀ိညာဥ်ပညာရှင်တွေအဖြစ် အသက်မွေးမယ်ဆိုရင် နှစ်တွေအကြာကြီးကြာအောင် စွမ်းအားကို ပြုစုပျိုးထောင်ရတယ်…ဒါပေမယ့် အဖွဲ့တစ်ခု ဖန်တီးဖို့ဆိုတာက ငါတို့ထန်မျိုးနွယ် အဓိကတည်ထောင်သူကြီးရဲ့ လုပ်ဆောင်ချက်ပဲ အဲ့ဒီအချိန်မှာ သူနဲ့ သူ့အဖွဲ့အစည်းတွေက အမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်လို့ ခေါ်တွင်းခဲ့ကြရတယ်လေ..သူတို့ခုနှစ်ယောက်စလုံးမှာ ကြောက်စရာကောင်းတဲ့ စွမ်းရည်တွေ ရှိကြတယ်…ဒါ့အပြင် အတူတူ ပေါင်းစည်းလိုက်မယ်ဆိုရင် ပိုအားကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်တယ်…အဲ့ဒီနောက် ၀ိညာဥ်ပညာရှင်တွေက အတူတူပေါင်းစည်းကြရင်း စွမ်းအားကို အမြင့်ဆုံးအထိ တိုးပွားအောင်လုပ်နိုင်တယ်…ဥပမာအားဖြစ် မင်းနဲ့ငါ ပေါင်းစည်းပြီး တိုက်ခိုက်မယ်ဆိုရင် တိုက်ပွဲမှာ အေးအေးဆေးဆေးဖြစ်သွားနိုင်တယ်…ရှောင်ယာ့နဲ့ငါ့မှာလဲ ပေါင်းစည်းဖို့ တခြားနည်းလမ်းတွေ ထပ်ရှိနေသေးတယ်….ငါတို့အဖွဲ့အစည်းအပြင် တိုက်ခိုက်ရေးစိတ်၀ိညာဥ်ပညာရှင်တွေလဲ ထပ်ပြီးရှိသေးတာပဲ ဒါ့အပြင် အဲ့ဒီအဖွဲ့အစည်းတွေထဲမှာ ခုခံတဲ့သူ တိုက်ခိုက်တဲ့သူအပြင် တိုက်ခိုက်ပြီးထိန်းချုပ်ရတဲ့သူတွေပါ ထပ်ရှိသေးတယ်…ထိန်းချုပ်ရေးပညာရှင်ကစစ်မြေပြင်တစ်ခုလုံးကို ထိန်းချုပ်ပြီး အမိန့်ပေးနိုင်တဲ့သူ ဒါ့အပြင် အထောက်အကူပြု၀ိညာဥ်လက်နက်ပညာရှင်တွေလဲ ရှိတယ်…ဒါ့အပြင် အထောက်အကူပြု ၀ိညာဥ်ပညာရှင်တွေနဲ့ အထောက်အကူပြုတဲ့အထဲမှာ အရှိန်အဟုန်နဲ့အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေလဲ ရှိသေးတယ်…ဒါ့အပြင် နောက်ထပ် အမျိုးအစားကွဲတဲ့ ပညာရှင်တွေအများကြီးပဲ သူတို့တွေကို ပေါင်းစည်းပြီး အဖွဲ့ဖွဲ့ကြတယ်လေ ”

” ဒါဆိုရင် အစ်ကိုကြီးက တိုက်ခိုက်ရေးစိတ်၀ိညာဥ်ပညာရှင်လား ”

ဟို့ယွိဟောင်က တစ်စုံတစ်ရာကို နားလည်သွားဟန်နဲ့ မေးလာခဲ့ပါတယ်။

ပေ့ပေ့က ပြုံးရင်းနဲ့ ခေါင်းညိတ်လိုက်တယ်။

” ငါ့ရဲ့ သိုင်းပညာ၀ိညာဥ်က လျှပ်စီးပြာမဟာနဂါးခန္ဓာကိုယ်ပဲ ဒါကို တိုက်ခိုက်ရေးသားရဲကောင်တွေထဲမှာ အတော်လေးသန်မာတယ်လို့ သတ်မှတ်လို့ရတယ်…သူက တိုက်ခိုက်ဖို့အတွက် အဓိက သုံးတာ တခြားတစ်ဖက်မှာ ရှောင်ယာ့ရဲ့ သိုင်းပညာ၀ိညာဥ်က အပြာရောင်ငွေမြက်ပင် သူ့ကို ဒီသိုင်းပညာ၀ိညာဥ်က ထိန်းချုပ်ဖို့အတွက် အဓိက အကူအညီပေးနိုင်တယ်….ဒါ့အပြင် ထန်မျိုးနွယ်ရဲ့ ဒဏ္ဍာရီထဲက ဘိုးဘေးကြီးလဲ အတူတူပဲ လက်ရှိအချိန်မှာ သူ့ရဲ့ထိန်းချုပ်နိုင်တဲ့စွမ်းရည်တွေက မြက်ပင်ထဲမှာ အဓိကရှိနေတယ်….အကယ်၍ မင်းလဲ အဲ့ဒီလိုထိန်းချုပ်တဲ့၀ိညာဥ်ပညာရှင် ဖြစ်လာချင်တယ်ဆိုရင် မင်းရဲ့ စိတ်၀ိညာဥ် ထိန်းချုပ်စွမ်းရည်နဲ့ ရှောင်ယာရဲ့ အပြာရောင်ငွေမြက်ပင်နှစ်ခုကို ပေါင်းပြီး တိုက်ခိုက်လို့ရနေတယ်….ငါတို့သာ ထိန်းချုပ်ရေးပညာရှင်နှစ်ယောက် ရှိနေခဲ့မယ်ဆိုရင် အထောက်အကူပြု၀ိညာဥ်လက်နက်ပညာရှင်တောင် လိုမနေတော့ဘူး ”

ဟို့ယွိဟောင်က လေးလေးနက်နက်စဥ်းစားရင်း ခေါင်းညိတ်နေခဲ့ပါတယ်။

” အစ်ကိုကြီးကျွန်တော် အစ်ကိုကြီးရဲ့ အကြုံပြုချက်ကို နားထောင်ပါ့မယ်…ကျွန်တော်ကြိုးစားပြီး ထိန်းချုပ်ရေးပညာရှင် ဖြစ်လာအောင် လုပ်မယ်…ကျွန်တော်ရဲ့ မူလပါရမီက မကောင်းလို့ ကျင့်ကြံတဲ့နှုန်းက အတော်လေး နှေးနေတယ် ”

သူဒီအထိ ပြောပြီတဲ့နောက် ခေါင်းငုံ့သွားပါတော့တယ်။ သူ့ကိုယ်သူပြန်ပြီး စဥ်းစားကြည့်မယ်ဆိုရင် အသက်ဆယ့်တစ်နှစ်သာရှိလာပြီး အခုအချိန်ထိ ၀ိညာဥ်စက်ကွင်းတစ်ခုသာ ရှိပါသေးတယ်။ ပေ့ပေ့နဲ့ ထန်ယာ့ နှစ်ယောက်စလုံးထက် သူပါရမီက အတော်လေး နုံ့နည်းနေခဲ့ပါတယ်။

ပေ့ပေ့က ဟို့ယွိဟောင်ရဲ့ ခေါင်းကိုပုတ်ပေးနေရင်း ပြုံးပြနေခဲ့တယ်။

” ပါရမီဆိုတာ အောင်မြင်ဖို့အတွက် အစိတ်အပိုင်းတစ်ခုပဲလေ အတိတ်အချိန်မှာ မင်းကိုကျင့်ကြံဖို့အတွက် လမ်းညွှန်ပေးတဲ့သူမှ မရှိခဲ့တာပဲ ပြောရမယ်ဆိုရင် မင်းနဲ့ သင့်တော်တဲ့ကျင့်ကြံရေးနည်းစနစ်မရှိခဲ့တာကြောင့်လဲ ဖြစ်မှာပါ အခုလက်ရှိအချိန်အထိ မင်းက ကြိုးစားမှုတစ်ခုထဲနဲ့ မင်းက ဒီနေရာကို ရောက်လာခဲ့တာလေ ဒါ့အပြင် မင်းရဲ့ သိုင်းပညာ၀ိညာဥ်ပါ ပေါင်းလိုက်မယ်ဆိုလို့က အတော်လေးကောင်းနေပြီး ဒီတော့ အနာဂတ်မှာ တိုးတက်နိုင်ချေက အရမ်းကို များပြားလွန်တယ်…သိပ်ပြီးလဲ စိတ်ပူမနေပါနဲ့ အခုမင်းမှာ အချိန်ရှိနေပြီးပဲမဟုတ်လား ကြိုးကြိုးစားစားကျင့်ကြံပေါ့ မင်းက အသက်နှစ်ဆယ်မပြည့်ခင် အဆင့်ဆယ့်သုံးကို ထိုးဖောက်နိုင်ခဲ့မယ်ဆိုရင် သန်မာတဲ့၀ိညာဥ်ပညာရှင် ဖြစ်လာဖို့အတွက် မျှော်လင့်ချက် ရှိတယ် ..ငါရော ရှောင်ယာ့ပါ မင်းအတွက် အကောင်းဆုံးကြိုးစားပြီ ကူညီပေးမှာပါ ”

” ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး ”

စိတ်ထိခိုက်သွားတာကြောင့် ဟို့ယွိဟောင်ရဲ့မျက်နှာက အမူအရာတွေ မဖုံးကွယ်နိုင်ပဲ ဖြစ်နေခဲ့ပါတယ်။

ပေ့ပေ့ကတော့ သူ့ပုခုံးကို လာပုတ်ရင်း အားပေးနေခဲ့တယ်။

” မင်းနဲ့တွေ့ရတာ ငါနဲ့ရှောင်ယာ့အတွက် ကံကောင်းတာပဲမဟုတ်လား ငါတို့တွေက သူအဆင့်တက်ဖို့ကိစ္စကို အလွယ်လေးဖြေရှင်းနိုင်သွားပြီး သူ့ရဲ့ ၀ိညာဥ်စက်ကွင်းကိုစုပ်ယူပြီးသွားရင်း ငါတို့ကျောင်းကို ပြန်ကြမယ်…ဒီနေရာက ကျင့်ကြံဖို့အတွက် အတော်လေး မကောင်းဘူး ငါအစောတုန်းက မင်းကိုပြောပြတဲ့ ထူးဆန်းကောင်းကင်နည်းလမ်းကို မှတ်မိတယ်မဟုတ်လား လုံခြုံတဲ့နေရာ ရောက်လို့ရှိရင် အဲ့ဒါကို စပြီးကျင့်ကြံတော့ ”

” ကောင်းပါပြီ အစ်ကိုကြီး ”

ဟို့ယွိဟောင်က တလေးတစားနဲ့ ပြန်ဖြေလိုက်ပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာ ပေ့ပေ့က ဆရာဖြစ်တဲ့ ထန်ယာ့ထက်တောင် ပိုပြီး လေးစားချင်စရာ ပုဂ္ဂိုလ်ဖြစ်နေခဲ့ပါပြီ။

အပိုင်း ၅•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset