အပိုင်း ၉၇•၂
” များပြားတဲ့ပေါင်းစည်းစွမ်းရည်တွေအကြောင်း ခန့်မှန်းချက် ”
°°°
ဒီနေ့ကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ လေးကြိမ်မြောက်ပေါ်ထွက်လာမှုလို့ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေပါ၀င်ယှဥ်ပြိုင်ကြမလဲဆိုတာကိုတော့ မသိကြပါဘူး။ ဒါပေမယ့် သူတို့တွေဘယ်လိုပဲ ယှဥ်ပြိုင်ပါစေ နောက်ဆုံးအဆုံးသတ်မှာတော့ အောင်မြင်မယ်လို့ လူတ်ိုင်းကသေချာနေခဲ့ပါတယ်။
အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်က မယုံနိုင်စရာကောင်းတဲ့ ဇွဲလုံလ၀ီရိယနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုကို ပိုင်ဆိုင်ထားရုံတင်မကပဲ သူမတူအောင်ထူးခြားတဲ့ပါရမီလဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့်သာ နောက်ဆုံးတိုက်ပွဲရဲ့ အသန်မာဆုံးပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ သူတို့ရဲ့အဖွဲ့ထဲမှာ ၀ိညာဥ်ဘိုးဘေးလေးယောက် ၀ိညာဥ်အကြီးအကဲတစ်ယောက် ၀ိညာဥ်မဟာပညာရှင်နှစ်ယောက်ရှိပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေကို အနိုင်ရခဲ့ပြီးပါပြီ။ မိုးထိလွှာကျောင်းတော်ကတော့ ၀ိညာဥ်ဘုရင်သုံးယောက်နဲ့ ၀ိညာဥ်ဘိုးဘေးလေးယောက်ရှိခဲ့တယ်။ သူတို့တွေနောက်ဆုံးမှာ အနိုင်ရခဲ့ပေမဲ့ နာနာကျင်ကျင်ပေးဆပ်မှုတွေကလဲ များပြားခဲ့ပါတယ်။ တိုက်ပွဲအဆုံသတ်သွားချိန်မှာတော့ ခြောက်ယောက်က စင်ပေါ်ကနေသယ်ထုတ်သွားရတဲ့အခြေအနေကို ရောက်ခဲ့ပြီ တချို့တွေရဲ့ဒဏ်ရာတွေကတော့ အတော်ကိုပြင်းထန်ပါတယ်။ အမျက်ဒေါသကျောင်းတော်အနေနဲ့ နောက်တစ်ချီကိုယှဥ်ပြိုင်ဖို့လူလောက်မလားဆိုတာ ပြောလို့တောင်မရနိုင်ပါဘူး။
ဒါ့အပြင် နောက်တစ်ချီမှာရော တူညီတဲ့အံ့ဖွယ်ရာကို ဆောင်ရွက်နိုင်မှာလား။ ဒီနေ့ပြိုင်ပွဲမှာ ဒီလိုဒဏ်ရာရပြီ ပင်ပန်းနွမ်းနယ်နေတဲ့အသင်းနဲ့ အနိုင်ကိုရယူနိုင်ဦးမှာလား။
စောင့်ကြည့်တဲ့သူတွေကတော့ ပြိုင်ပွဲမစခင်ကထဲက ကြိုရောက်နေခဲ့ကြတာပါ။ အားလုံးကလဲ သံသယတွေအပြည့်နဲ့ ရပ်စောင့်နေခဲ့ကြပါတယ်။ အမျက်ဒေါသကျောင်းတော်မှာ နောက်ထပ်ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပေါ်လာမလား ရှုံးနှိမ့်သွားမလားဆိုတာကို သူတို့သိချင်နေခဲ့ကြတယ်။ နေ့လည်ခင်းရောက်နေပြီဖြစ်ပေမဲ့ လက်ရှိကောင်းကင်မှာတော့ ရာသီဥတုမသာယာပါဘူး။ မှောင်မိုက်တဲ့တိမ်တိုက်တွေက ဆက်တိုက်ဆိုသလို ဝှေ့၀ဲတိုက်ခိုက်နေရင်း မိုးစက်မိုးပေါက်တွေကလဲ ရံဖန်ရံခါကျဆင်းလျက်ရှိပါတယ်။ ဒါ့အပြင် ပြိုင်ပွဲအစကထဲက ဒီလိုမိုးရွာတာပထမဆုံးအကြိမ်ပါပဲ။ ဒီတစ်ကြိမ်မှာတော့ ပြိုင်ဘက်တွေက မိုးထဲရေထဲမှာ ယှဥ်ပြိုင်ရတော့မှာပါ။
” သူတို့လာကြပြီ ”
လူတစ်ယောက်က ထအော်လိုက်ပါတယ်။ ဒါကြောင့် အားလုံးလဲ၀င်ပေါက်ရှိရာကို အကြည့်ရောက်သွားကြတော့တယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ ပါ၀င်ယှဥ်ပြိုင်သူတွေက ရောက်ရှိနေခဲ့ပါပြီ။ သူတို့တွေရဲ့ ပုံမှန်အစိမ်းရင့်ရောင်ကျောင်း၀တ်စုံကို ၀တ်ဆင်ထားခဲ့ပါတယ်။
အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ပေ့ပေ့က တစ်ဖွဲ့လုံးကို ဦးဆောင်လာခဲ့ပြီ ဟယ့်ချိုက်ထို့ ကျန်းနန်နန် ၀မ်သုန့်နဲ့ နောက်ထပ်အသက်နှစ်ဆယ်၀န်းကျင်ရှိတဲ့ ကောင်မလေးတစ်ယောက်ကတော့ အစဥ်အတိုင်းလိုက်လာခဲ့ပါတယ်။ ဒီကောင်မလေးကို ပြိုင်ပွဲမှာဘယ်သူမှမမြင်ဖူးပါဘူး။ နူးညံ့ပြီလှပတဲ့ဒီမိန်းကလေးက ရေခဲလိုမျိုးအေးစက်တဲ့ အမူအရာကိုပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ သူတို့ရဲ့ ဦးဆောင်သူဆရာ၀မ်ယန်ကတော့ သူမရဲ့အနောက်မှာပါ။ ဒီနေ့မှာတော့ ကျောင်းတော်ကိုကိုယ်စားပြုပြီး ယှဥ်ပြိုင်သူက ခြောက်ယောက်ပဲရှိပါလိမ့်မယ်။ ရှောင်းရှောင်းနဲ့ ရှုစန်းရှီနှစ်ယောက်စလုံးကတော့ မ၀င်ရောက်နိုင်ပါဘူး။ ရှောင်းရှောင်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသလို ရှုစန်းရှီရဲ့ အသက်စွမ်းအားကလဲ ထိခိုက်ခံထားရပါတယ်။ ရှုစန်းရှီအနေနဲ့ သူ့အသက်စွမ်းအားကို ထိခိုက်စေပြီတဲ့နောက် ပြန်လည်ကောင်းမွန်ဖို့အချိန်အတော်လိုအပ်မှာပါ။ ရှောင်းရှောင်းရဲ့ဒဏ်ရာတွေက တည်ငြိမ်နေပြီဖြစ်ပေမဲ့ သူ့အနေနဲ့ ပြိုင်ပွဲမှာအချိန်အတာတစ်ခုအထိတော့ ပါ၀င်ယှဥ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် သူမရဲ့ ဒဏ်ရာတွေမှာ နောက်ထပ်ကိစ္စတစ်ခုလဲ ရှိနေပါသေးတယ်။ သူမက အဆင့်သုံးဆယ်ရဲ့အဆုံးစွန်းရောက်နေတဲ့သူ ဖြစ်တာကြောင့် အဆင့်တစ်ဆင့်တိုးတက်သွားတာနဲ့ ၀ိညာဥ်အကြီးအကဲဖြစ်လာမှာပါ။ သူမလိုအပ်တဲ့တစ်ခုတည်သောအရာကတော့ ၀ိညာဥ်စက်ကွင်းတစ်ခုကို ရယူဖို့ပါပဲ။
ရှောင်းရှောင်းအနေနဲ့ ဒီအချိန်ကာလတစ်လျှောက်မှာ တည်ခိုဆောင်မှာပဲ ဆက်တ်ိုက်ကျင့်ကြံဖို့ကအချိန်များပါတယ်။ အေးစက်တဲ့အမူအရာနဲ့ မိန်းကလေးက သေချာပေါက် လင်းလော့ချန်ပါပဲ။ ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ပါ။
အကယ်၍ အရင်ပြိုင်ပွဲက အမျက်ဒေါသကျောင်းတော်ရဲ့လူတွေကို မှတ်မိမဲ့သူရှိခဲ့မယ်ဆိုရင်တော့ လင်းလော့ချန်ကို သေချာပေါက် သတိထားမိမှာပါ။ အရွယ်ရောက်မှုက မိန်းကလေးတစ်ယောက်ရဲ့ရုပ်သွင်ကိုအမျိုးမျိုးပြောင်းလဲစေနိုင်ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်မှာ လင်းလော့ချန်က အသက်ဆယ့်လေးနှစ် ဆယ်ငါးနှစ်သာရှိပါသေးတယ်။ လက်ရှိအချိန်မှာတော့ အသက်နှစ်ဆယ်နီးပါးဖြစ်နေပါပြီ။ ဒါကြောင့် သူမရဲ့ ရုပ်သွင်ကအတော်လေးကို ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဒါ့အပြင် အရင်တစ်ခေါက်မှာလဲ အကြိုအဖွဲ့ရဲ့ လူတစ်ယောက်သာဖြစ်တာကြောင့် ဘယ်တုန်းကမှပေါ်မလာခဲ့ပါဘူး။ ဒါကြောင့်သာ သူမရဲ့အစွမ်းအစတွေနဲ့ပတ်သက်ပြီ ဘယ်သူမှလဲ မရင်းနှိီးကြတာပါ။
နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်အဖွဲ့ကတော့ သူမထွက်ပေါ်လာတာကို မြင်မြင်ချင်ပဲ ချက်ချင်းဆိုသလို တုန့်ပြန်ပါတော့တယ်။ မာယုလုံက မျက်မှောင်ကြုတ်သွားခဲ့ပါပြီ။
နောက်ဆုံးတော့ အဓိကအဖွဲ့ရဲ့ လူတွေကိုထုတ်သုံးပြီလား ငါမှတ်မိတာမှန်မယ်ဆိုရင် သူတို့ရဲ့အဲ့ဒီအဖွဲ့မှာတုန်းက ဆယ်ယောက်နီးပါးရှိတယ်..ဒါက အဲ့ဒီတုန်းက အကြိုအဖွဲ့ပထမဆုံးပေါ်လာတာပဲ ”
၀မ်ယန်ကတော့ ဒီတစ်ကြိမ်မှာ ဘယ်လိုနည်းဗျူဟာကိုမှမစီစဥ်ထားခဲ့ပါဘူး။ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ ထူးချွန်တဲ့လုပ်ဆောင်ချက်တွေကြောင့် ရှိရှိသမျှဩဇာအာဏာတွေအားလုံးကို ပေ့ပေ့လက်ထဲအပ်လိုက်ပါပြီ။ ပေ့ပေ့က ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပါဘူး။ ဒါပေမယ့် မောပန်းနေရုံသက်သက်ပါပဲ။ သူအနားယူပြီတဲ့အချိန်မှာကတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က သန်မာမှုနဲ့ ရွှေရောင်မြင့်မြတ်နဂါးခန္ဓာကိုယ်နှစ်ခုစလုံးကြောင့် အတော်လေးပြန်ကောင်းမွန်သွားပြီဖြစ်ပါတယ်။ ထိုင်နေမဲ့အစား ပေ့ပေ့က သူအပေါင်းအဖော်တွေရဲ့အရှေ့မှာရပ်ရင်း ပြောလိုက်တယ်။
” ဒီနေ့ငါတို့ရဲ့ပြိုင်ဘက်က ကြယ်တာရာလော့မြို့တော်ရဲ့ ထာ၀ရငြိမ်းချမ်းရေးကျောင်းတော်ပဲ ဒါ့အပြင် သူတို့က သူ့တို့ရဲ့ အိမ်ကွင်းကို အားဖြည့်ပြီသူတို့ကို လက်ခံပေးလို့ရတယ်..သူတို့ရဲ့စွမ်းအားက မိုးထိလွှာကျောင်းတော်ကို ယှဥ်လို့မရပေမဲ့ အဲ့ဒီလောက်အထိ အားမနည်းကြဘူး..ဒါ့အပြင် ၀ိညာဥ်ဘုရင်တစ်ယောက်လဲ သူတို့ထဲမှာရှိနေသေးတယ်…ဒါကြောင့် တိုက်ပွဲမှာဘယ်လိုယှဥ်ပြိုင်ရမလဲဆိုတာကို မဲခွဲပြီရင် ငါဆုံးဖြတ်ပေးမယ် ”
ဒိုင်လူကြီးကတော့ စင်ပေါ်ကိုခပ်မြန်မြန်ပဲ ရောက်ရှိလို့လာခဲ့ပါပြီ။ အဲ့ဒီနောက် မဲခွဲဖို့အကြောင်းကို စတင်ကြော်ငြာပါတော့တယ်။ ပပေ့ပေ့ကတော့ ဒီတစိကြိမ်မှာ ကံကောင်းလို့သွားခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ကတော့ ဒီနေ့ကံကောင်းမှုအပြည့်ရှိနေခဲ့ပါတယ်။ သူတို့တွေလူတစ်ယောက်လျော့နေတာကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီတစ်ကြိမ်မှာတော့ အုပ်စုလိုက်တိုက်ပွဲက ဖြစ်ပေါ်လို့လာခဲ့ပါတယ်။
ပေ့ပေ့ စင်အောက်ကိုဆင်းခါနီးအချိန်မှာပဲ တစ်ဖက်ခေါင်းဆောင်က ပြောလာခဲ့တယ်။
” ကြည့်ရတာ အမျက်ဒေါသကျောင်းတော်ကို အနိုင်ယူဖို့လုပ်ငန်းတာ၀န်က ငါတို့လက်ထဲရောက်လာပြီပဲ ”
ဆံပင်အလယ်ခွဲနဲ့ ဒီလူကအတော်လေးကို မြင့်မားပြီ ခန္ဓာကိုယ်ကလဲ ကြံ့ခိုင်ပါတယ်။ မျက်လုံးထဲမှာ မောက်မာမှုတွေကတော့အပြည့်ပါပဲ။ ပေ့ပေ့ကို သူအနိုင်ယူပြီသားဖြစ်တဲ့အကြည့်နဲ့ ကြည့်နေခဲ့ပြီ အထင်သေးမှုအပြည့် ရှိနေခဲ့တယ်။
ပေ့ပေ့ကတော့ သူ့ကိုမျက်လုံးထောင့်စွန်းနဲ့သာ တစ်ချက်သာကြည့်လိုက်ရင်း နှုတ်ခမ်းကိုတွန့်လိုက်ပါတယ်။
” တောင်ပေါ်က၀ါးပင်တွေပါပဲလား နှုတ်သီးကောင်းလျှာပါးပြီ အရေခွံမှာမာပေမဲ့ အထဲမှာဗလာကြီး ”
ပြောပြီတဲ့နောက် အောက်ကိုဆင်းသွားပါတော့တယ်။ ထာ၀ရငြိမ်းချမ်းရေးကျောင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင်ကတော့ အတော်လေးကိုအားကျယ်ကျယ်ပြောနေခဲ့တာကြောင့် အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတွေအားလုံးနီးပါးက သူ့စကားကိုကြားကြပါတယ်။ ဟယ့်ချိုက်ထို့ကတော့ မကျေနပ်ပါဘူး။
” ကြည့်ရတာ အားလုံးကငါတို့ကျောင်းတော်ကို အနိုင်ကျင့်ချင်နေကြပုံပဲ သူတို့ကိုသေချာပေါက် သင်ခန်းစာကောင်းကောင်းပေးရမယ် ”
ဒီတစ်ကြိမ်မှာပဲ လင်းလော့ချန်က အရှေ့ထွက်လာရင်း ပေ့ပေ့ဘက်ကိုရောက်လာပါတော့တယ်။ အဲ့ဒီနောက် သူအသံခပ်တိုးတိုးနဲ့ပြောလိုက်တယ်။
” ငါတို့မှာ အစွမ်းအစမရှိဘူးလို့ သူတို့တကယ်ထင်နေကြတာလားဒီတိုက်ပွဲကိုငါတို့လက်ထဲအပ်လိုက်ပေ့ပေ့ ဟို့ယွိဟောင်နဲ့ ငါ နှစ်ယောက်ထဲနဲ့ ဒီအချိန်ကိုရှင်းပလိုက်မယ်..ဒီကောင်တွေပါးစပ်ဖွာတာအတွက် သေချာပေါက် တန်ကြေးကြီးကြီးပေးရမယ် ”
ပေ့ပေ့က တွေဝေလို့သွားခဲ့ပါတယ်။
” နှစ်ယောက်ထဲဖြစ်ရဲ့လား အစ်မကြီးဒါက
လင်းလော့ချန်က အသံကိုထပ်ပြီတိုးလိုက်ပါတယ်။
” ငါတို့ကျောင်းတော်ရဲ့ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီ ငါဘယ်တော့မှဟာသမလုပ်ဘူး ”
ပေ့ပေ့က ဒီအကြံနဲ့ပတ်သက်ပြီ စိတ်မချပေမဲ့ နောက်ဆုံးမှာ ခေါင်းညိတ်လိုက်ပါတယ်။
” ကောင်းပြီလေ ကျေးဇူးပြုပြီး သတိထားပါ ”
လင်းလော့ချန်လဲ ဟို့ယွိဟောင်အနားကိုကပ်ရင်း တစ်စုံတစ်ရာကိုပြောလိုက်ပါတယ်။ ဟို့ယွိဟောင်လဲ ဆက်တိုက်ဆိုသလို ခေါင်းညိတ်နေရင်း လင်းလော့ချန်နဲ့အတူ စင်ပေါ်ကိုတက်သွားခဲ့ပါပြီ။
ထာ၀ရငြိမ်းချမ်းရေးကျောင်းတော်အဖွဲ့ရဲ့လူခုနှစ်ယောက်စလုံးကတော့ သူတို့ရဲ့တိုက်ပွဲပုံစံကို ဆုံးဖြတ်ပြီဖြစ်ပါတယ်။ သူတို့တွေက ထောင့်ဘက်ကိုကပ်နေရုံတင်မကပဲ သူတို့ရဲ့အချွန်ပုံသဏ္ဍာန်ဗျူဟာကို ဖန်တီးလိုက်ပါပြီ။ အရှေ့ဆုံးမှာရပ်နေတဲ့သူကတော့ အစောတုန်းက ပါးစပ်ဖွာသွားတဲ့ အဖွဲ့ခေါင်းဆောင်ပါပဲ။ ဒိုင်ကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ လူနှစ်ယောက်သာတက်လာတာကိုမြင်တဲ့အတွက် အနည်းငယ်စိတ်ရှုပ်ထွေးလို့နေခဲ့မိတယ်။
” ဒါကအုပ်စုလိုက်ပြိုင်ပွဲပါ အမျက်ဒေါသကျောင်းတော် နှစ်ယောက်နှစ်ယောက် သုံးယောက်သုံးယောက်ပြိုင်ပွဲမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး တခြားအဖွဲ့၀င်တွေကို စင်မြင့်ပေါ်ပို့ဆောင်ပေးပါ ဒီလိုမဟုတ်ဘူးဆိုရင် သူတို့က ဒီပြိုင်ပွဲကို မပါ၀င်ဖို့ဆုံးဖြတ်ထားတာလား ”
တစ်ဖက်ကျောင်းတော်ရဲ့ခေါင်းဆောင်ကတော့ ရယ်နေခဲ့ပါတယ်။
” အမျက်ဒေါသကျောင်းတော်က တကယ်စိတ်ပျက်စရာကောင်းတာပဲ ဒီလိုမျိုးအဆင့်နှိမ့်အမှားမျိုးကို ဖိအားအောက်မှာလုပ်တယ်ပေါ့ ”
သူသက်ပြင်းချရင်းပြောလိုက်ပါတယ်။
” တိုက်ကြီးရဲ့နံပါတ်တစ်ကျောင်းတော်ဂုဏ်သတင်းအတွက်တော့ တကယ်မကောင်းတဲ့သတင်းပါပဲလား ကောင်လေးတို့အသင့်ပြင်လိုက်ကြ ဒီကောင်တွေကို ငါတို့ရှုံးလို့မဖြစ်ဘူး ”
လင်းလော့ချန်က ပုံမှန်အတိုင်းသာပြောလိုက်ပါတယ်။
” ဒီအုပ်စုပြိုင်ပွဲအတွက် လူနှစ်ယောက်ပဲလိုတယ် ”
တစ်ဖက်လူတွေကို တစ်ချက်လေးတောင်မကြည့်ပဲ ဟို့ယွိဟောင် ကိုခေါ်ပြီ စင်တစ်ဖက်ကိုဆုတ်သွားခဲ့ပါပြီ။
ဒိုင်ကတော့လန့်သွားခဲ့ပါတယ်။ ဒါကြောင့် သူသေချာအောင်ထပ်မေးလိုက်တယ်။
” တကယ်မင်းတို့နှစ်ယောက်ထဲလား ”
လင်းလော့ချန်က ခေါင်းညိတ်ပြပါတယ်။ ဒါပေမယ့် ပြန်လှည့်မကြည့်ပါဘူး။ တစ်ဖက်ကျောင်းတော်ကတော့ စိတ်ရှုပ်ထွေးနေခဲ့ပါပြီ။
” ဒီကောင်တွေအရမ်းမောက်မာနေလွန်တာလား ဒါမှမဟုတ်အရှုံးကို အစောကြီးကထဲက လက်ခံချင်တာလား ”
အဖွဲ့၀င်တစ်ယောက်က ပြောလိုက်ပါတယ်။
” သူတို့တွေအရှုံးခံချင်တယ်လို့ထင်နေတာပဲ နောက်ဆုံးပြိုင်ပွဲမှာ အရမ်းကြီးအားကုန်သွားပြီဆိုတော့ ဒီနေ့လူခြောက်ယောက်ပဲ ခေါ်လာနိုင်တယ်လေ အဲ့ဒီကောင်မလေးကိုလဲ ငါမမြင်ဖူးဘူး သူတို့သုံးယောက်ပဲ စင်ပေါ်မှာရှိနေပြီဆိုမှတော့ ဘာများလုပ်နိုင်ဦးမှာလဲ ဒါပေမယ့် တကယ်ကြီးရှုံးအောင်လုပ်ကြမလို့လား သေချာအောင်လုပ်တာတော့ ကောင်းပါတယ်လေ သူတို့တွေက နှစ်ယောက်နဲ့ ခုနှစ်ယောက်ပြိုင်ရရင်း ရှုံးနှိမ့်ရင်းလဲ သိပ်ပြီအရှက်မကွဲဘူးပေါ့ ဒါပေမယ့် ရှုံးတာကရှုံးတာပဲ အမျက်ဒေါသကျောင်းတော်ကတော့ သေချာပေါက် ဒီပြိုင်ပွဲမှာ ရှုံးရမယ် ”
ထာ၀ရငြိမ်းချမ်းရေးကျောင်းတော်ရဲ့ အဖွဲ့သားခုနှစ်ယောက်ကတော့ မကြာခင်မှာ သဘောတူလိုက်ကြပါပြီ။ ဒါကတိုက်ကြီးရဲ့ ကျောင်းတော်အဆင့်တက်ပြိုင်ပွဲပါပဲ။ ဒါကြောင့် လူနှစ်ယောက်က သူတို့ကိုအနိုင်ယူနိုင်မယ်လို့ လုံး၀မယုံကြည်နိုင်ကြပါဘူး။
ဒိုင်ကသူတို့ရဲ့ ဆွေးနွေးသံကိုကြားချိန်မှာ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။ ဒါကြောင့် သူအလေးအနက်ပြောလိုက်တယ်။
” အားလုံးနောက်ဆုတ်ကြ တိုက်ပွဲအတွက်အသင့်ပြင် ”
သူတို့ရဲ့ပြောတဲ့ပုံစံကို ဒိုင်ကတော့ သဘောမတူပါဘူး။ အားကောင်းတဲ့၀ိညာဥ်သူတော်စင်တစ်ယောက်အနေနဲ့ လင်းလော့ချန်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်နေတဲ့အားကောင်းတဲ့စွမ်းအားတွေကို သူကောင်းကောင်းခံစားမိပါတယ်။ သူမကအနည်းဆုံး၀ိညာဥ်ဘုရင်ဖြစ်နေပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့၀ိညာဥ်ဘုရင်ပါ။ ဒါကြောင့် ပုံမှန်တခြားကျောင်းတော်ထက် ၀ိညာဥ်ဘုရင်အနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းက ပိုပြီးသန်မာမှာအမှန်ပါပဲ။ သူမရဲ့ အဆင့်ပါ၀င်ယှဥ်ပြိုင်မယ်ဆိုရင် အမျက်ဒေါသကျောင်းတော်က ဘယ်လိုလုပ်အရှုံးလက်ခံတာဖြစ်နေမလဲ။
လင်းလော့ချန်က စင်အဆုံးစွန်းကို ရောက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က သူ့နောက်မှာရပ်နေခဲ့ပါတယ်။ သူမရဲ့ အမူအရာကတော့ ပုံမှန်အတိုင်းအေးစက်စက်ပါပဲ။ ဒါပေမယ့် လက်ရှိအချိန်မှာကတော့ ကြောက်စရာကောင်းလောက်အောင်ကို တင်းမာအေးစက်လို့နေခဲ့ပါတယ်။ ဖြူလဲဖြူဖျော့လို့နေခဲ့ပါပြီ။
အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကအဖွဲ့၀င်တစ်ယောက်အနေနဲ့ သူမက မာရှောင်ထောင့်လိုမျိုးပေါက်ကွဲတဲ့ပုံစံမရှိပါဘူး။ ဒါပေမယ့် သူမရဲ့နှလုံးသားထဲမှာ ကိန်းအောင်နေတဲ့ကျောင်းတော်နဲ့ သက်ဆိုင်တဲ့မာနကတော့ တခြားအမျက်ဒေါသကျောင်းတော်အဖွဲ့သားတွေနဲ့အတူပါပဲ။ သူ့ကျောင်းတော်ကိုဘယ်လိုမှအရှက်ကွဲခံမှာမဟုတ်သလို ဒါမျိုးကိုလဲ သည်းခံနေမှာမဟုတ်ပါဘူး။
ဒိုင်ရဲလက်ဟန်ပြမှုနဲ့အတူ တစ်ဖက်ကျောင်းတော်ရဲ့ အဖွဲ့သားတွေအားလုံးကလဲ သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပါပြီ။ တစ်ဖက်ခေါင်းဆောင်မောက်မာနေတဲ့အကြောင်းအရင်းက အံ့ဩစရာမရှိပါဘူး။ သူက၀ိညာဥ်စက်ကွင်းငါးကွင်းဘုရင်ဖြစ်နေတာကြောင့်ပါ။ ကျန်ခြောက်ယောက်ကတော့ ၀ိညာဥ်ဘိုးဘေးကြီးပါပဲ ဒါ့အပြင် သူတို့ရဲ့အဖွဲ့ခေါင်းဆောင်ကတော့ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်း ခရမ်းရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းရှိနေပါတယ်။ ဒါက မောက်မာရတဲ့အဓိကအကြောင်းအရင်းပါပဲ။
လင်းလော့ချန်ကလဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ပါပြီ။ သူ့မှာလဲ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်း ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းရှိနေပါတယ်။ ဟို့ယွိဟောင်ကတော့ အဖြူရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့သာ သူ့နောက်မှာပုံမှန်အတိုင်းရပ်နေခဲ့တယ်။ ဘယ်သူကမှသူ့ရဲ့တကယ်၀ိညာဥ်စက်ကွင်းအရောင်အစစ်တွေကို မသိကြပါဘူး။ ၀မ်သုန့်နဲ့ သူ့သူငယ်ချင်းတွေတောင်မသိမှတော့ သူ့ပြိုင်ဘက်တွေဆိုပိုလို့တောင်ဆိုးပါသေးတယ်။
လင်းလော့ချန်က ညာဘက်လက်ကိုမြောက်ရင်း ပြောလိုက်ပါတယ်။
” စကြမယ် ”
အဲ့ဒီနောက် သူ့ရဲ့ပထမ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာပြီ ရေခဲတုတ်ချောင်းကလဲ ပေါ်လာပါတော့တယ်။ ပတ်၀န်းကျင်လေထုက အေးစက်လို့သွားခဲ့ပါပြီ။ သူက ဟို့ယွိဟောင်ကိုပြောလိုက်တာပါ။ ဟို့ယွိဟောင်က သူမအနားကိုလျှောက်လာရင်းသူ့လက်နှစ်ဖက်စလုံးကို လင်းလော့ချန်ရဲ့နောက်ကျောဖက်မှာ ထိထားပါတော့တယ်။
ချက်ချင်းဆိုသလို လင်းလော့ချန်ရဲ့ မျက်လုံးတွေက ပိုမိုအေးစက်လို့သွားခဲ့ပြီ ကြောက်စရာကောင်းတဲ့အရှိန်အ၀ါကလဲ သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လို့လာပါတော့တယ်။ မကြာခင်အချိန်မှာပဲ သူက ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းဖြစ်တဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းကို စပြီသုံးပါပြီ။ ကြောက်စရာကောင်းလွန်လှအောင် တောက်ပတဲ့အပြာရောင်အလင်းတန်းတွေနဲ့အတူ ဖိအားတွေကအရှေ့ကိုပြေးထွက်လို့သွားပါတော့တယ်။
အပိုင်း ၉၇•၂ ပြီး၏။