Switch Mode

Chapter – 97.1

များပြားတဲ့ပေါင်းစည်းစွမ်းရည်တွေအကြောင်း ခန့်မှန်းချက်

အပိုင်း ၉၇•၁

” များပြားတဲ့ပေါင်းစည်းစွမ်းရည်တွေအကြောင်း ခန့်မှန်းချက် ”
°°°
” ငါရဲ့နောက်ဆုံးခန့်မှန်းချက်က အတော်လေးဖြစ်နိုင်ချေရှိတယ်..ပြောရမယ်ဆိုရင်တော့ မင်းအထဲမှာသူရှိနေပြီ သူ့အထဲမှာမင်းရှိနေတယ်ပေါ့ ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့မျက်လုံးပြူးသွားပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက်ထူးဆန်းတဲ့ မျက်လုံးကြီးတွေနဲ့ကြည့်နေခဲ့သလို ၀မ်သုန့်ရဲ့မျက်နှာကနီရဲလို့နေခဲ့တယ်။

” ငါပြောတာကိုအထင်မလွဲလေနဲ့ ”

၀မ်ယန်က ပြောတော့တယ်။

“မင်းတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေအကြောင်းကို ပြောနေတာမင်းတို့နှစ်ယောက်ကိုပြောနေတာမဟုတ်ဘူး..မင်းတို့ဒီကလေးတွေကတော့လေ တကယ်ကိုအများကြီးတွေးကြတာပဲ ”

” ဆရာကမှကျွန်တော်တို့ကို အတွေးလွန်အောင်လုပ်တာကို ”

၀မ်ယန်က လျစ်လျူရှုရင်းဆက်ပြောပါတော့တယ်။

” မင်းထဲမှာသူရှိပြီ သူ့ထဲမှာမင်းရှိတယ်ဆိုတာက မင်းတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေရဲ့အထဲမှာ ပူးတွဲတည်ရှိမှုရှိတယ်လို့ဆိုလိုတာပဲ အပြင်ဘက်မှာမဆက်စပ်ပေမဲ့ ပြောရမယ်ဆိုရင် ဒီလိုဥပမာပြလို့ရတယ် ”

” ဥပမာအားဖြင့် စိတ်၀ိညာဥ်မျက်လုံးနဲ့ တောက်ပရောက်စဥ်လိပ်ပြာနတ်မိမယ်တို့က တစ်ခုနဲ့တစ်ခု ချိတ်ဆက်တဲ့ပုံမပေါ်ဘူး..ဒါပေမယ့် ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးထဲမှာ အလင်းစွမ်းအားပါ၀င်နေရင်ကော ဘယ်လိုလဲ ယွိဟောင်ရဲ့သိုင်းပညာ၀ိညာဥ်က ၀မ်သုန့်ရဲ့ သိုင်းပညာ၀ိညာဥ်လိုအလင်းရောင်ကိုဆောင်နိုင်တယ်ပေါ့ ဒါ့အပြင် ရေခဲကင်းမြီးကောက်နဲ့ အင်အားအမျိုးအစားသိုင်းပညာ၀ိညာဥ်ကို ပြောရကြအောင် နှစ်ခုစလုံးက အင်အားအတော်ကြီးတယ်လေ ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေက ကြီးမားတဲ့အင်အားကို ပိုင်ဆိုင်ထားတယ်..ဒါကလဲ အဓိကအချက်ဖြစ်နိုင်တယ်…ဒါပေမယ့် အသေးစိတ်ကိုသေချာသိဖို့အတွက် ခက်ခဲနေဆဲပါပဲ ”

၀မ်ယန်ရဲ့စကားကိုကြားပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ သေချာစဥ်းစားရင်း လေးစားတဲ့မျက်နှာတွေပေါ်လာပါတော့တယ်။ အမှန်ပါပဲ ဆရာ၀မ်ဖော်ပြတဲ့အခြေအနေတွေက သူတို့ခန္ဓာကိုယ်ထဲမှာတည်ရှိနေတယ်။ ဒါပေမယ့် ဒီအချက်ကို သူတို့မစဥ်းစားမိတာပါ။ ဒါကြောင့် သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေပေါင်းစည်းတဲ့ကိစ္စကို အများကြီးမတွေးမိပါဘူး။

၀မ်ယန်က အတွေးအခေါ်တွေအပြည့်နဲ့ တောက်ပနေရင်းပြောပါတော့တယ်။

” မင်းတို့ရဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုကဘယ်လိုအကြောင်းအရင်းပဲ ရှိပါစေ သူတို့ကပေါင်းစည်းပြီးသွားပြီ ဒါပေမယ့် ငါဆက်ပြီရှာဖွေပေးမယ်..ဒါပေမယ့်က ဒါကအရေးကြီးတဲ့အချက်လဲမဟုတ်သေးဘူး..နောက်ဆုံးတော့လဲ ပေါင်းစည်းဖို့အတွက် ဖြစ်လာမဲ့အရာတွေက သေချာပေါက် ပေါင်းစည်းရမယ်လေ မင်းတို့ရဲ့ပေါင်းစည်းမှုတွေက အမွှာသိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုနဲ့ တစ်ခုထဲပေါင်းစည်းမှုဘယ်လိုဖြစ်မလဲဆိုတဲ့ကွာခြားချက်ကို ငါသိချင်တယ် ”

” မင်းတို့နှစ်ယောက်စလုံးရဲ့ လိုက်ဖက်ညီမှုက အတော်လေးကို မြင့်မားလွန်တယ်..ဒါကြောင့် ရွှေရောင်လမ်းကို ထုတ်လွှတ်နိုင်တယ်..အင်အားကြီးတဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုက ထိန်းချုပ်ဖို့ကောင်းကောင်းလိုတယ်…ဒါကြောင့် မင်းတို့နှစ်ယောက်စလုံး ပထမသိုင်းပညာ၀ိညာဥ်ကို ပေါင်းစည်းတဲ့အချိန် ဒါကိုနားလည်ထားခဲ့တယ်…ဒီလိုဖြစ်ပြီဆိုမှတော့ ပေါင်းစည်းမှုလေးမျိုးပြုလုပ်ရင်ရော ဘယ်လိုဖြစ်လာမလဲ မင်းတို့နှစ်ယောက်စလုံးမှာ သိုင်းပညာ၀ိညာဥ်နှစ်ခုဆီရှိနေတာကြောင့် သေချာပေါက် ပေါင်းစည်းမှုက ပုံစံလေးမျိုးဖြစ်သွားလိမ့်မယ်..အတွေးအခေါ်နည်းစနစ်အရပြောရမယ်ဆိုရင် ပေါင်းစည်းစွမ်းရည်လေးခုတိတိ ထွက်လာနိုင်တယ် ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကလဲ ဒါကိုကြားချိန်မှာ အထိတ်တလန့်ဖြစ်သွားပါတော့တယ်။ ပေါင်းစည်းစွမ်းရည်လေးခုတဲ့လား ဒါကဘယ်လိုအတွေးအခေါ်မျိုးလဲ သူတို့တွေက စွမ်းရည်လေးခုကို တစ်ပြိုင်နက်ထဲအသုံးပြုနိုင်မယ်ဆိုရင် အနာဂတ်မှာ ၀ိညာဥ်ဘုရင်တစ်ယောက်ကိုတောင် စိန်ခေါ်နိုင်တော့မှာလား။

၀မ်ယန်က ခုံပေါ်မှာမှိီလိုက်ရင်းနဲ့ တောက်ပတဲ့မျက်လုံးတွေကိုကြည့်နေခဲ့ပါတယ်။

” ဒါပေမယ့် အရမ်းကြီးအကောင်းမမြင်နေကြနဲ့ သိုင်းပညာ၀ိညာဥ်မှာ ပေါင်းစည်းတဲ့စွမ်းရည်ပေါ်လာဖို့ဆိုတာက လေးခုလုံးပြီးမြောက်ဖို့ရှားပါးနိုင်တယ်..သိုင်းပညာ၀ိညာဥ်တွေရဲ့ ပေါင်းစည်းစွမ်းရည်အင်အားက မင်းတို့ရဲ့ကျင့်ကြံဆင့်နဲ့အတူ မြင့်တက်တာကြောင့် မင်းတို့ရဲ့စွမ်းအားတွေကလဲ တစ်ခေါက်အသုံးပြုပြီးသွားရင် ကုန်ဆုံးသွားလိမ့်မယ်..ဒါကြောင့် တိုက်ပွဲတစ်ပွဲမှာ မင်းတို့အနေနဲ့ အများဆုံးသိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်နှစ်ခုလောက်ပဲ သုံးနိုင်မှာ ဒါကလဲ ကြိုတင်ခန့်မှန်းထားတဲ့ အခြေအနေမျိုးဖြစ်မလာမှပဲ ဖြစ်လာမှာနော် ဒါပေါ့ မင်းတို့ရဲ့အနာဂတ်က ဒီလိုမျိုးသိုင်းပညာ၀ိညာဥ်က ၀ိညာဥ်စွမ်းရည်ပေါင်းစည်းမှုရှိလာရင်း အများကြီးတောက်ပနေပြီပဲ ”

ဟို့ယွိဟောင်က မေးလိုက်မိပါတယ်။

” ဆရာ၀မ် ဒါတကယ်ကြီးဖြစ်နိုင်လို့လား ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ ”

၀မ်ယန်က ပြန်ဖြေလိုက်ပါတယ်။

” တကယ်ဖြစ်နိုင်လားဆိုတာကိုတော့ ငါမသေချာဘူး ဒီလိုအခြေအနေမျိုးက ၀ိညာဥ်ပညာရှင်တွေရဲ့သမိုင်းတစ်လျှောက်မှာပေါ်မလာဖူးဘူးလို့ဆိုတာကိုတော့ ငါပြောခဲ့ပြီးပြီ ဒီအကြောင်းကို ငါပြောပြနေရတဲ့ကိစ္စက မင်းတို့နှစ်ယောက်ကိုယ်တိုင်လုပ်ဆောင်ပြီ ရှာဖွေစေချင်လို့ပဲ ဒါပေမယ့် မင်းတို့လုပ်ရမဲ့ကိစ္စကအရမ်းရိုးရှင်းပါတယ်…ဒါကသိုင်းပညာ၀ိညာဥ်တွေပေါင်းစည်းတာပဲလေ မင်းတို့အနေနဲ့ မတူညီတဲ့သိုင်းပညာ၀ိညာဥ်တွေကို ဆင့်ခေါ်ပြီ ပေါင်းစည်းတဲ့ဖြစ်စဥ်ကို ပြန်ပြီစတင်လို့ရတယ်..ဒီတော့ မင်းတို့အနေနဲ့ သိုင်းပညာ၀ိညာဥ်တစ်ခုချင်းဆီကို ဆင့်ခေါ်ပြီကြိုးစားကြည့်ကြတာပေါ့ ဒါဆိုရင်အောင်မြင်နိုင်ချေကလဲ ပိုများလိမ့်မယ် ”

” ဒီတော့ အဲ့ဒီလောက်ရိုးရှင်းနေတာလား ”

၀မ်ယန်ကတော့ ရယ်သာရယ်နေခဲ့ပါတယ်။

” ဒါဆိုရင် ဘာလုပ်ရမလဲဆိုတာ မင်းထင်လို့လဲ ပေါင်းစည်းလို့မရတဲ့ သိုင်းပညာ၀ိညာဥ်တွေအတွက်တော့ အကြိမ်ပေါင်းတစ်သောင်းကြိုးစားလဲ အလကားပဲ မင်းတို့အတွက်ကတော့ သိုင်းပညာ၀ိညာဥ်တွေက လိုက်ဖက်ညီနေပြီ ဒီလိုဖြစ်ပြီဆိုမှတော့ ကိစ္စကလဲမခက်ခဲတော့ဘူးလေ မင်းတို့အခုပိုင်ဆိုင်ထားတဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို အခြေခံမယ်ဆိုရင် နောက်ထပ်သိုင်းပညာ၀ိညာဥ်ပေါင်းစည်းသုံးခုကလဲ သုံးရက်တစ်ကြိမ် ထုတ်လုပ်နိုင်မယ်လို့ ငါထင်တယ်..အကယ်၍ မင်းတို့သာ တခြားပေါင်းစည်းစွမ်းရည်သုံးခုကို အောင်မြင်နိုင်ခဲ့မယ်ဆိုရင် သေချာပေါက် ကိုးရက်တိတိစမ်းသပ်ဖို့လိုလိမ့်မယ်..ကိုးရက်တိတိမှာ စမ်းသပ်မှုတွေအားလုံးကိုပြီးမြောက်မယ်..၀မ်သုန့် မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က ဘာလဲဆိုတာငါ့ကိုပြောပြလို့ရမလား ”

၀မ်သုန့်က တခဏတာတွေဝေနေပြီတဲ့နောက် သူခေါင်းညိတ်လိုက်ပါတော့တယ်။

” ကျွန်တော်ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က ကြည်လင်ကောင်းကင်တူပါ ”

ကြည်လင်ကောင်းကင်ဆိုတဲ့စကားကိုကြားပြီချိန်မှာ အထိတ်တလန့်နဲ့ ထရပ်ပါတော့တယ်။ ဟို့ယွိဟောင်တောင် ဘာပြောရမှန်းမသိတော့ပါဘူး။

” ဘာကြီး ကြည်လင်ကောင်းကင်တူ တကယ်ကြည်လင်ကောင်းကင်တူ မင်းကကြည်လင်ကောင်းကင်မျိုးနွယ်ကလား ”

၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။
” ဟုတ်တယ်လေ ဘာလို့လဲ ”

” အံ့ဩစရာမရှိတော့ဘူးပဲ ကြည်လင်ကောင်းကင်မျိုးနွယ်က တိုက်ကြီးတစ်ခုလုံးမှာ ထိပ်တန်းမျိုးနွယ်ဖြစ်ခဲ့ဖူးတယ်…စဥ်းစားကြည့်ရအောင် ငါတို့ကျောင်းတော်နဲ့ သူတို့မျိုးနွယ်က အများကြီးရှုပ်ထွေးတဲ့ဆက်ဆံရေးရှိနေတာပဲ ဒါပေမယ့် ထန်စန်းကျဆင်းသွားတဲ့အချိန်မှာ ကြည်လင်ကောင်းကင်မျိုးနွယ်ကလဲ လောကကြီးထဲကနေ ပုန်းကွယ်နေဖို့ဆုံးဖြတ်လိုက်တယ်..အကယ်၍ ငါထင်တာသာမမှားဘူးဆိုရင် သူတို့ရဲ့တိုက်ရိုက်တပည့်သားတွေက သေချာပေါက် ထန်မျိုးနွယ်ဖြစ်ရမှာမဟုတ်လား ဘယ်လိုဖြစ်ပြီ မင်းက၀မ်ဖြစ်နေတာလဲ ”

” ဒါကလဲ ကျွန်တော်လျှို့၀ှက်ချက်လေ မပြောပြနိုင်ဘူး..ကျွန်တော်မျိုးနွယ်က ၀မ်ဖြစ်နေတော့ရော ဘာဖြစ်လဲ ကြည်လင်ကောင်းကင်တူကို အမွေဆက်ခံရရှိထားတာက မျိုးနွယ်စုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတယ်လို့ ဆိုလိုတယ်..ဒါ့အပြင် မျိုးနွယ်စုက ပုန်းအောင်နေတာမဟုတ်ရပါဘူး ”

” အံ့ဩစရာမရှိတော့ဘူးပဲ ယွိဟောင်ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်က အဆုံးစွန်းရေခဲ မင်းကသူနဲ့ဒီလိုပေါင်းစည်းနေနိုင်တာ တိုက်ကြီးတစ်ခုလုံးမှာ အင်အားအကြီးဆုံးတိုက်ခိုက်ရေးလက်နက်ကိုရှိလို့ကို တကယ်ပဲ မင်းတို့ရဲ့တခြားပေါင်းစည်းစွမ်းရည်က ဘယ်လိုဖြစ်မလဲဆိုတာကို ငါသိချင်နေပြီ မင်းတို့နှစ်ယောက်ကြည်လင်ကောင်းကင်တူနဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်နှစ်ခုကို အရင်ပေါင်းစည်းဖို့အကြံပြုပါရစေ ဒီနှစ်ခုကမင်းတို့အနေနဲ့ ပုံမှန်အချိန်မှာ သိပ်မသုံးကြဘူးမဟုတ်လား ဒါပြီရင် ကြည်လင်ကောင်းကင်တူနဲ့ စိတ်၀ိညာဥ်မျက်လုံးနှစ်ခုကိုပေါင်းစည်းဖို့ကြိုးစားကြည့်လိုက် အဲ့ဒီနောက်မှာ ကျောက်စိမ်းဧကရီနဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကိုသုံး ”

” ဆရာ၀မ် သိုင်းပညာ၀ိညာဥ်သုံးခု ဒါမှမဟုတ်ရင် လေးခုရော တစ်ပြိုင်နက်ထဲပေါင်းစည်းဖို့ ဖြစ်နိုင်မှာလား “,

ဟို့ယွိဟောင်က ရုတ်တရက်မေးလာခဲ့ပါတယ်။ ၀မ်ယန်က အထိတ်တလန့်နဲ့ ပြောလာခဲ့တယ်။

” မဖြစ်သေးဘူး အဲ့ဒါကိုအခုလုံး၀မလုပ်သေးနဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်လာမလဲဆိုတာ ပြောဖို့မလွယ်ဘူး..ဒါပေမယ့် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုက စွမ်းအားတွေအများကြီးကို ကုန်ဆုံးစေတယ်…မင်းတို့ဒီလောက်အထိ ပေါင်းစည်းပြီးပြီဆိုရင် မင်းတို့ရဲ့စွမ်းအားတွေက အောင်မြင်တာနဲ့ကုန်ဆုံးသွားမှာပဲ မင်းတို့လုံလုံခြုံခြုံရှိစေဖို့အတွက် ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရောက်တဲ့အချိန်မှာ ဒါမျိုးလုပ်ဖို့စဥ်းစား မင်းအနေနဲ့ ငါပြောတဲ့ပေါင်းစည်းစွမ်းရည်သုံးခုထဲက တစ်ခုကိုအောင်မြင်ပြီဆိုရင် သေချာပေါက် နောက်ပိုင်းတက်ရောက်ရမဲ့ပြိုင်ပွဲတွေမှာ ပုံစံအပြောင်းအလဲတွေဖြစ်လာလိမ့်မယ် ”

” အလှည့်ကျပွဲစဥ်တွေမှာ သုံးကျော့ကတော့ ပြီးသွားပြီ ဒါ့အပြင် ငါတို့ရဲ့ အဖွဲ့ထဲမှာ အသန်မာဆုံးပြိုင်ဘက်တွေကိုလဲ တွေ့ကြုံပြီးပြီ ဒါကမိုးထိလွှာကျောင်းတော်ပဲ ကျန်ရစ်တဲ့လေး​ကျော့ကတော့ အဲ့ဒီလောက်ကြီးခက်ခဲတော့မှာမဟုတ်ဘူး…အထူးသဖြင့် မနက်ဖြန်ပြိုင်ပွဲမှာ လင်းလော့ချန်ကလဲ ပြန်ကောင်းနေပြီးပြီ နောက်တစ်ချီတိုက်ခိုက်ပြီရင် မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်လဲ ပြန်ကောင်းလာတော့မယ်..သူတို့သုံးယောက်သာ ပြန်လာလိုက်မယ်ဆိုရင် ငါတို့အတွက်မခက်ခဲနိုင်တော့ဘူး…အနည်းဆုံးတော့ အလှည့်ကျပွဲစဥ်တွေတိုက်တဲ့အချိန်မှာ မင်းတို့နှစ်ယောက်အနေနဲ့ မင်းတို့ရဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်အသစ်ကို ဘယ်လိုထုတ်လွှတ်ရမလဲဆိုတာ စဥ်းစားနေလိုက် ”

” ဆရာ၀မ် ကျွန်တော်တို့အကောင်းဆုံးကြိုးစားပါ့မယ်…လျှို့၀ှက်ချက်ကို ထိန်းသိမ်းထားပေးပါ ”

” ဒါပေါ့ မင်းတို့ရဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည် အောင်မြင်မယ်ဆိုရင်တောင် အခုတောင်အသုံးမပြုခိုင်းသေးပါဘူး…နောက်ဆုံးတော့လဲ ကျောင်းတော်အတွက် နောက်ငါးနှစ်အချိန်မှာ မင်းတို့တွေတာ၀န်ရှိကြဦးမှာလေ ”

” ဆရာ၀မ် ကျွန်တော်ကို ၀ိညာဥ်၀ါးမြိုဓားပေးနိုင်မလား ကျွန်တော်က စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ပါ ကျွန်တော်ဒီဓားကို လေလံဆွဲတဲ့အချိန်မှာ ကျွန်တော်နဲ့အများကြီးထူးခြားတဲ့ဆက်နွယ်မှုရှိတယ်လို့ ခံစားရပါတယ်။ သူကကျွန်တော်ကိုလုံး၀မထိခိုက်စေပါဘူး ”

၀မ်ယန်ခေါင်းခါလိုက်ပါတယ်။

” ငါပေးလို့မရဘူး မင်းတို့နှစ်ယောက်စလုံးက ကျောင်းတော်ရဲ့ဂုဏ်သိက္ခာတွေပဲ ဒါကြောင့် အန္တရာယ်လေးတစ်ခုခုတောင် အဖြစ်မခံနိုင်ဘူး..ဒါကိုငါခပ်ဝေးဝေးမှာ သိမ်းထားပေးမယ်..မင်းတို့၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ဆရာတစ်ယောက်ရဲ့အကူအညီနဲ့ ပြန်ရောက်မှအဲ့ဒါကိုသွားပြီသုံးကြတော့ အခုအချိန်မှာ လက်ရှိမင်းအနေနဲ့ ၀ိညာဥ်လက်နက်ကို ပြုလုပ်လုပ်လို့လဲမရဘူးမလား ”

ဟို့ယွိဟောင်လဲ ဘာပြောရမှန်းမသိဖြစ်သွားပါတော့တယ်။ ၀ိညာဥ်၀ါးမြိုဓားကို ရယူဖို့စိတ်ဆန္ဒကိုတခဏတာ ခေါက်ထားလိုက်ရပါပြီ။

၀မ်ယန်ကို နှုတ်ဆက်ပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ဟို့ယွိဟောင်ရဲ့အခန်းကိုပြန်လာကြပါတော့တယ်။ သူတို့အနေနဲ့လဲ လက်ရှိအချိန်မှာ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းတဲ့အချိန်မှာ စွမ်းရည်အသစ်ကို စမ်းသပ်ကြည့်ဖို့မဖြစ်နိုင်သေးပါဘူး..ရွှေရောင်လမ်းကိုမနေ့ကမှ ထုတ်သုံးထားခဲ့တဲ့အတွက် သူတို့ကအပြည့်အ၀မကောင်းသေးပဲ ရှိနေခဲ့ပါတယ်။ စွမ်းအားအပြည့်သာရှိမနေခဲ့ဘူးဆိုရင် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုက မအောင်မြင်နိုင်လောက်ပါဘူး။ ဟို့ယွိဟောင်အနေနဲ့လဲ စွမ်းအားတွေက ကုန်ဆုံးလုနီးပါးဖြစ်နေတာကြောင့် လက်ရှိအချိန်မှာ အားပြန်ပြည့်ဖို့ကအရေးကြီးပါတယ်။

ဟောင်သုန့်စွမ်းအားစတင်ချိန်မှာကတော့ သူတို့ရဲ့လေ့ကျင့်မှုက မကြာခင်မှာပဲ ဖြစ်ပေါ်လာပြီ နှစ်ယောက်စလုံးကလဲ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်အသစ်ကို ဖန်တီးဖို့စိတ်အားထက်သန်နေခဲ့ကြပါတယ်။

၀မ်ယန်ရဲ့စကားတွေက သူတို့အတွက် တံခါးအသစ်ဖွင့်ပေးလိုက်သလိုပါပဲ။ မကြိုးစားရသေးပေမဲ့ အောင်မြင်တော့မယ်ဆိုတဲ့ခံစားချက်ကို ရနေခဲ့တယ်။

မှောင်မိုက်တဲ့တိမ်တိုက်တစ်ခုက ကောင်းကင်မှာအပြည့်ပါ။ တိုက်ကြီးရဲ့အဆင့်တက်ကျောင်းတော်ပွဲကတော့ တစ်ကျော့ပြီတစ်ကျော့ ဆက်တိုက်တိုက်ခိုက်နေခဲ့ကြပါတယ်။ မနေ့ကပြိုင်ပွဲတစ်ခုက ပြီးဆုံးသွားခဲ့ပါပြီ။ အဲ့ဒီနောက် အဖွဲ့နှစ်ဖွဲ့ကသာ အောင်နိုင်ဖို့ကျန်ပါတော့တယ်။

ပထမသုံးကျော့ပြီသွားတဲ့ရလဒ်အနေနဲ့ အခြေအနေကတော့ ပိုရှင်းလာခဲ့ပါပြီ။ အဓိကအင်အားကြီးတဲ့သူတွေကသာ ကျန်ရစ်ခဲ့ပြီ ကျန်ရစ်တဲ့သူတွေကတော့ ဖယ်ရှားခံလိုက်ရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ အငြင်းအခုန်ဖြစ်ဆုံးကျောင်းတော်ကတော့ အမျက်ဒေါသကျောင်းတော်ပါပဲ။

အပိုင်း ၉၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset