Switch Mode

Chapter – 96.3

သော့်လော့တွေကြားက တိုက်ပွဲ

အပိုင်း ၉၆•၃

” သော့်လော့တွေကြားကတိုက်ပွဲ ”
°°°
” ချိုက်ထို့က သူကိုယ်တိုင်ဆန်ပြုတ်ကြိုလာခဲ့တာ တစ်ညလုံးလုံးဆန်ပြုတ်ကြိုပြီတဲ့နောက် ဆန်ပြုတ်ရဲ့မျက်နှာပြင်အပေါ်ကအဆီတွေကို ဆက်တိုက်ခပ်ထုတ်တယ်..ဒါက ဆန်ပြုတ်ရဲ့တကယ်အဆီအနှစ်တွေပဲလေ ဒီလိုမျိုးအေးစက်စက်ရုပ်သွင်ရဲ့အောက်မှာ တကယ်ကြင်နာတတ်တဲ့စိတ်ထားရှိနေမယ်လို့ ငါတွေးတောင်မတွေးထားခဲ့မိဘူး ”

၀မ်ယန်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အနောက်ဖက်မှာပေါ်လာရင်း ရုတ်တရက်ပြောလာခဲ့ပါတယ်။

” အစ်ကိုကြီးချိုက်ထို့က တကယ်လူကောင်းတစ်ယောက်ပါပဲ ”

၀မ်သုန့်က ချီးမွမ်းတော့တယ်။ ၀မ်ယန်က ရယ်မောရင်ပြောလိုက်ပါတယ်။

” မင်းတို့အားလုံး​ပြန်လာတဲ့အချိန်မှာ မင်းတို့အားလုံးက သတိလစ်နေတာကြောင့် ချိုက်ထို့ဘယ်လိုဖြစ်နေလဲဆိုတာကို မမြင်လိုက်ရဘူး..သူစကားတစ်ခွန်းကိုပဲဆက်တိုက်ပြောနေခဲ့တာလေ အနာဂတ်မှာဘာတွေပဲ ဖြစ်လာပါစေ ရှောင်းရှောင်းကိုသူ့ကြောင့် ထိခိုက်စေမှာမဟုတ်ဘူး..ဒါ့အပြင် သူမကိုကာကွယ်ဖို့သူကျိန်ဆိုထားခဲ့တယ်..ထားပါတော့ အခုချ်ိုက်ထို့ကတော့ ဒီနေရာမှာ ရှောင်းရှောင်းကို ဂရုစိုက်နေပြီဆိုမှတော့ ရှောင်းရှောင်းလဲ အခုမှနိုးလာတာလေ သူတို့ကို မနှောင့်ယှက်ရအောင် ”

ပြောပြီတဲ့နောက် တံခါးကိုဖြည်းဖြည်းချင်းပိတ်လိုက်ပြီတဲ့နောက် ၀မ်ယန်က သူတို့နှစ်ယောက်ကို သူ့အခန်းထဲခေါ်သွားပါတော့တယ်။ သူ့စိတ်ထဲမှာ သံသယတွေအများကြီးရှိနေခဲ့တာကြောင့် ဖြေရှင်းဖို့လိုနေခဲ့ပါပြီ။

၀မ်ယန်အခန်းကိုရောက်ချိန်မှာကတော့ ၀မ်ယန်က သူတို့နှစ်ယောက်ကို ထိုင်ခုံပေါ်ထိုင်ခိုင်းလိုက်ပါတယ်။ အဲ့ဒီနောက် လေးလေးနက်နက်စိုက်ကြည့်ရင်း လုံး၀ကိုစကားမပြောခဲ့ပါဘူး။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ၀မ်ယန်ဒီလိုမျိုး မျက်စိဒေါက်ထောက်ကြည့်တာကိုခံရတဲ့အတွက် ကြက်သီးတွေတောင်ထားလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ၀မ်သုန့်လဲ သည်းမခံနိုင်တော့ပဲ မေးလာတော့တယ်။

” ဆရာ၀မ် ဘာလို့ကျွန်တော်တို့ကို ဒီလိုကြည့်နေတာလဲ ”

၀မ်ယန်ကတော့ ပြန်မဖြေခင် သက်ပြင်းချနေခဲ့ပါတယ်။

” ငါငယ်ငယ်လေးထဲကနေ ၀ိညာဥ်ပညာရှင်ဖြစ်လာအောင် လေ့ကျင့်လာခဲ့တာ ငါအသက်နှစ်ဆယ်ရောက်တဲ့အချိန်မှာ မွေးရာပါပါရမီမရှိဘူးလို့ကိုယ့်ကိုကိုယ် နားလည်ခဲ့ရတယ်..ဒါကြောင့် သိုင်းပညာ၀ိညာဥ်တွေကို စတင်ပြီရှာဖွေဖို့လုပ်တော့တာပဲ ဒီလိုနဲ့အမျက်ဒေါသကျောင်းတော်မှာနေရာတစ်ခုရနိုင်ခဲ့တာ လက်ရှိအခုငါ့အသက်လေးဆယ်တစ်နှစ်ရှိပြီ သိုင်းပညာ၀ိညာဥ်တွေကို လေ့လာခဲ့တာစုစုပေါင်းသုံးဆယ်ငါးနှစ်နီးပါးလောက်ရှိနေပြီ အမျက်ဒေါသကျောင်းတော်ထဲမှာ ပါရမီရှင်တွေဆိုတာ မရှားခဲ့ဘူး..ဒါပေမယ့် ပါရမီရှင်ဆိုတာကရော ငါနားလည်တာက မင်းတို့ရဲ့အုပ်စုကိုမြင်တဲ့အချိန်မှာပြန်ပြီဲပြောင်းလဲသွားတယ်…ဒဏ္ဍာရီတွေ ယုံတမ်းပုံပြင်တွေထဲမှာပဲရှိခဲ့ဖူးတဲ့ အခြေအနေအများကြီးကိုငါမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပြီ ”

” အစောပိုင်းမှာ ထိုက်ဟွပင်းက မင်းတို့အုပ်စုတွေထဲ အတော်ဆုံးနဲ့ အထူးချွန်ဆုံးသူလို့ ငါထင်ခဲ့တယ်..သူကအသက်ဆယ်သုံးနှစ်သာရှိသေးပေမဲ့ အဆင့်သုံးဆယ်ခုနှစ်၀ိညာဥ်စွမ်းအားကို ပိုင်ဆိုင်ထားပြီးပြီ ဒါကြောင့် အသက်နှစ်ဆယ်ပြည့်တဲ့အချိန်မှာ ၀ိညာဥ်ဧကရာဇ်လဲဖြစ်လာနိုင်တယ်…ကျောင်းတော်ကလဲ သူ့ကို ကောင်းကောင်းလေး ညွန်ကြားပေးမယ်ပေါ့ ”

” မင်းတို့နှစ်ယောက် မသိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..ဒါပေမယ့် ကျောင်းတော်ထဲမှာ အစေ့ကောင်းဆိုတဲ့ဒဏ်ရာတွေရှိတယ်..ဒါက အသက်နှစ်ဆယ်မတိုင်ခင်မှာ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရတဲ့အထိ ကျင့်ကြံနိုင်တဲ့ကျောင်းသားတွေကို လိုချင်တာပဲ အခုအချိန်မှာတော့ ကျောင်းတော်ထဲမှာအဲ့ဒါမျိုးတွေ လေးယောက်ပဲရှိသေးတယ်..ရှောင်ထောင့် ထိုက်ယောင်ဟန်အပြင် မင်းတို့မမြင်ဖူးတဲ့နောက်နှစ်ယောက်ပေါ့ အသက်နှစ်ဆယ်မှာ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိပြီ အောင်မြင်တာက တိုက်ကြီးတစ်ခုလုံးမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တွေလို့ သတ်မှတ်လို့ရတာပဲ ”

” ဒါမျိုးကို ငါအရင်တုန်းက အမြဲတမ်းတွေးထားခဲ့တာ ဒါပေမယ့် မင်းတို့နှစ်ယောက်က်ိုပိုပြီသိလာတာကြာလေလေ မင်းတို့ရဲ့ပြုမှုလုပ်ဆောင်ချက်တွေအားလုံးက ဒီအတွေးအခေါ်ကိုဆန့်ကျင်နေတယ်ဆိုတာ သူနားလည်လေပဲ..လူတစ်ယောက်ရဲ့၀ိညာဥ်စွမ်းအားက အရာအားလုံးကိုပြောတာမဟုတ်ဘူး..အဓိကအရေးကြီးဆုံးအချက်က နောက်ထပ်အရာအများကြီးအပေါ်မှာမူတည်သေးတယ်..မင်းတို့နှစ်ယောက်ကိုငါရှင်းပြမယ်..မင်းအကြောင်းအရင်ပြောကြရအောင် ”

” မင်းတ်ို့ငါ့ကို အံ့အားအသင့်ဆုံးသူပဲ လုံလ၀ီရိယကိုကြည့်မယ်ဆိုရင် မင်းက ငါမြင်ဖူးသမျှကျောင်းသားတွေထဲမှာ ထိပ်တန်းသုံးယောက်ပါနေတယ်..ပါရမီကတော့ ငါမြင်ဖူးသမျှထဲမှာ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ရှိတဲ့တစ်ယောက်တည်သောသူပဲ ပိုပြီးမယုံနိုင်စရာကောင်းတာကတော့ အမွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့အပြင် သူ့ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်က ပထမပြီးမှနိုးထလာတယ်..ဒါ့အပြင် မင်းရဲ့တခြားအချက်အလက်ကလဲ ငါစူးစမ်းလေ့လာမှုအတွက် သင့်တော်နေသေးတယ်..အခုအချိန်အထိ မင်းရဲ့ပဟေဠိကို ငါအပြည့်အ၀နားမလည်နိုင်သေးဘူး..မင်းရဲ့လုံလ၀ီရိယနဲ့ ခိုင်မာတဲ့စိတ်စွမ်းအားကတော့ သက်တူရွယ်တူတွေထက်မြင်ဖူးသမျှထဲမှာ အခိုင်မာဆုံးနဲ့ အကောင်းမွန်ဆုံးပဲ သေချာပေါက် အနာဂတ်မှာ မင်းရဲ့အောင်မြင်မှုတွေက ထိုက်ဟွပင်းထက် ပိုသာမယ်ဆိုတာ ငါသေချာတယ်..မနေ့ကပြိုင်ပွဲမှာ မင်းအနေနဲ့ စွမ်းအားနှစ်ခုကို အဆုံးစွန်းထုတ်သုံးခဲ့တယ်..ဒါတွေက မင်းရဲ့ပထမ၀ိညာဥ်စက်ကွင်းကနေ ရလာတာလို့မပြောနဲ့လေ ငါထင်တာမမှားဘူးဆိုရင် ပထမ၀ိညာဥ်စွမ်းရည်က မင်းရဲ့၀ိညာဥ်အရိုးကနေရတယ်မလား နယ်မြေတစ်ခုကိုဖန်တီးနိုင်မယ်ဆိုရင် ပုံမှန်အရမင်းရဲ့အခြေအနေအရ ဒီလိုစွမ်းအားမျိုးကို မပိုင်ဆ်ိုင်သေးဘူး…ဒီစွမ်းရည်ကိုထုတ်သုံးတဲ့အချိန်မှာ ယဲ့၀ူချင်းကို စင်ပေါ်ကနေ စင်အောက်ရောက်အောင် တွန်းပေးနိုင်ခဲ့တယ်..ငါနေရာထဲမှာ ရှိမနေတာတောင် အဲ့ဒီ၀ိညာဥ်စွမ်းရည်ရဲ့ ကြောက်စရာအရှိန်အ၀ါတွေကို ခံစားမိနိုင်တယ်…ဒါ့အပြင် ယဲ့၀ူချင်းက ရွှေရောင်လမ်းရဲ့ အတားအဆီးကနေ လွှတ်မြောက်သွားပြီးပြီ ၀ိညာဥ်ဘုရင်ဖြစ်နေတဲ့သူအနေနဲ့ မင်းရဲ့၀ိညာဥ်စွမ်းအားသိပ့်သည်းမှုလောက်နဲ့ ခြိမ်းခြောက်ခံရမှာမဟုတ်ဘူး…အခုအချိန်မှာ မင်းရဲ့၀ိညာဥ်စွမ်းအားကို ထိန်းချုပ်နိုင်မှုက အရမ်းကို အားကောင်းနေတယ်လို့ခံစားမိတယ်..ဘယ်လိုလုပ်လိုက်လဲဆိုတာ မင်းရှင်းပြနိုင်လား ”

၀မ်ယန်ရဲ့သံသယတွေကို ရင်ဆိုင်ရချိန်မှာ ဟို့ယွိဟောင်စိတ်ထဲ အံကြိတ်နေခဲ့မိတယ်။ ဆရာ၀မ်ယန်က စူးစမ်းလေ့လာတဲ့နေရာမှာ တကယ်ကိုထက်မြက်တဲ့သူပါ။ သူ့ရဲ့မေးခွန်းတွေအားလုံးကလဲ အချက်အခြာကျနေခဲ့တယ်။

ဒါပေမယ့် ၀မ်ယန်က အဖြေကိုချက်ချင်းမတောင်းခဲ့ဘူး။ အဲ့ဒီအစား ၀မ်သုန့်ဘက်လှည့်သွားပါတော့တယ်။

” မင်းကရော ဘယ်လိုလဲ အခြေအနေလဲ မင်းကပိုပြီးစိတ်၀င်စားစရာကောင်းသေးတယ်..မင်းလဲ အမွှာသိုင်းပညာ၀ိညာဥ်ပဲ ဟို့ယွိဟောင် ငါသာခန့်မှန်းမယ်ဆိုရင် အဲ့ဒီတူပုံသဏ္ဍာန်၀ိညာဥ်လက်နက်က အင်အားအမျိုးအစားထဲမှာ ပါလိမ့်မယ်..ဒီတော့မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အင်အားအမျိုးအစားသိုင်းပညာ၀ိညာဥ်ရှိနေတာပဲ ကောင်းကောင်းကြီးဖုံးကွယ်ထားနိုင်တယ်ပေါ့ ငါလန့်သွားပေမဲ့ လက်ခံနိုင်ပါသေးတယ်..ဒါပေမယ့် စက်ကွမ်းကန်ရဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်မင်းကိုအသုံးမပြုနိုင်အောင် ဖြစ်စေခဲ့တဲ့ကိစ္စကိုတော့ ငါအတော်ကြီးစိတ်၀င်စားခဲ့မိတယ်…မင်းရဲ့အနိုင်ရမှုက နောက်ဆုံးတူရိုက်ချက်ကြောင့် ဖြစ်ပေါ်လာတာမဟုတ်ဘူး..အရင်ဆုံးစပြီ လုပ်ဆောင်လိုက်တဲ့ နဖူးကရွှေရောင်အလင်းတန်းကြောင့်ပဲမလား ဒါ့အပြင် ပေ့ပေ့ကိုထိန်းချုပ်ထားတဲ့ ၀ိညာဥ်စွမ်းရည်ကိုတောင် ဖယ်ရှားပြစ်နိုင်တယ်..မင်းဘယ်လိုလုပ်လိုက်တာလဲ ”

၀မ်သုန့်လဲအတူတူပဲ ဘာပြောရမှန်းမသိဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်လိုပဲ သူ့မှာကိုယ်ပိုင်လျှို့၀ှက်ချက်တွေက အများကြီးရှိနေခဲ့တာပါ။

သူတို့နှစ်ယောက်ကိုကြည့်ရင်း ၀မ်ယန်ကပြောလာခဲ့တယ်။

” ကောင်းပြီလေ မင်းတို့နှစ်ယောက်ကို ငါအကြပ်ရိုက်အောင်မလုပ်တော့ပါဘူး..ထူးဆန်းတဲ့အခြေအနေတွေကို ထောက်ပြရုံပါပဲ လူတိုင်းမှာ ကိုယ်ပိုင်လျှို့၀ှက်ချက်ရှိနေတာပဲ အထူးသဖြင့် ငါတို့လို၀ိညာဥ်ပညာရှင်တွေဆိုပိုဆိုးတာပေါ့ ထပ်ပြောရမယ်ဆိုရင် မင်းတို့ရဲ့ပေါ်ထွက်လာမှုကြောင့် ၀ိညာဥ်ပညာရှင်တွေရဲ့လောကမှာလှုပ်ခတ်မှုတွေ ဖြစ်လာလိမ့်မယ်..မင်းတို့နှစ်ယောက်စလုံးက အမွှာ၀ိညာဥ်ပညာရှင်တွေဖြစ်နေတာကြောင့် ငါတို့မှာ သုံးယောက်တောင်ရှိလာပြီလေ ဒါ့အပြင် တစ်ယောက်ချင်းဆီတိုင်းကလဲ ပိုပိုအားကောင်းလာကြတယ်..မင်းတို့အားလုံးက တကယ်ထူးခြားတဲ့ဖြစ်စဥ်တွေကြီးပဲ ဒါပေမယ့် ကျောင်းအုပ်အမြဲတမ်းပြောနေခဲ့တဲ့ စကားတစ်ခုကိုငါမှတ်မိပါသေးတယ်..အကယ်၍ တစ်ခုခုသာ မှားသွားမယ်ဆိုရင် ငါတို့ထူးဆန်းတဲ့အရာတွေက ဖြစ်လာလိမ့်မယ်..ငါတို့ကျောင်းတော်က အမွှာသိုင်းပညာ၀ိညာဥ်သုံးယောက်တစ်ပြိုင်နက်ထဲပေါ်လာတာ တကယ်ကံကောင်းမှုတစ်ခုပဲ ဒါ့အပြင် မင်းတို့ကလေးတွေကတော့ ကြီးမားတဲ့တာ၀န်တွေကို ထမ်းဆောင်ရတော့မှာပေါ့ ဒါကြောင့် ဒီလိုကောင်းချီးမင်္ဂလာကို ဖြုန်းတီးမပြစ်နဲ့နော် ကောင်းကောင်းကြိုးစားလေ့ကျင့်ရင်း အကောင်းဆုံးရွေးချယ်မှုလုပ်ကြ ”

” မင်းတို့ဆရာအနေနဲ့ မင်းတို့ကြိုးစားအားထုတ်မှုနဲ့ ဘယ်လောက်အထိ ကြာရှည်ခံအောင်၀ီရိယထုတ်နိုင်မလဲဆိုတာကိုတော့ မေးခွန်းမထုတ်တော့ဘူး..​ဒါပေမယ့် မင်းတို့နှစ်ယောက်စလုံးကို ခေါ်လိုက်ရတဲ့အဓိကအကြောင်းအရင်းကတော့ အကယ်၍ မင်းတို့မှာသံသယတစ်ခုခုရှိလာပြီဆိုရင် ငါ့ကိုလာမေးလို့ရတယ်ဆိုတာပဲ နောက်ဆုံးတော့လဲ ငါကမင်းတို့ထက် အတွေ့အကြုံရှိတယ်မဟုတ်လား ပိုသိထားတဲ့ကိစ္စလဲရှိတယ်..အမျက်ဒေါသကျောင်းတော်ရဲ့ နှစ်ပေါင်းတစ်သောင်းနဲ့ဆိုရင် ငါရဲ့သိထားတဲ့ကိစ္စထက်ပိုများပါတယ်…ဒါကြောင့် လမ်းတစ်လျှောက်မှာ မလိုလားအပ်တဲ့ အနှောင့်အယှက်ဖြစ်လာပြီဆိုရင် ကူညီပြီရှင်းပေးလို့ရနိုင်တယ်..အကယ်၍ မင်းတို့ရဲ့လျှို့၀ှက်ချက်တွေနဲ့ပတ်သက်လာပြီဆိုရင်တော့ ငါရဲ့ကိုယ်ကျင့်တရားကို တိုင်တည်ပြီကျိန်ဆိုပါတယ်..ငါသေချာပေါက် ထိန်းသိမ်းထားမယ် ”

၀မ်ယန်ရဲ့စိတ်ရင်မှန်ကန်တဲ့ ပုံစံကိုမြင်ချိန်မှာတော့ ၀မ်သုန့်တို့လဲ အတော်လေးကို အေးအေးဆေးဆေးဖြစ်သွားပါတော့တယ်။

ဟို့ယွိဟောင်က ပြောလာခဲ့တယ်။

” ဆရာ၀မ် ကျွန်တော်မှာမေးခွန်းတစ်ချို့ရှိလို့မေးပါရစေလား ”

” မေးပါ ”

” ဆရာ၀မ် ကျွန်တော်တို့ရဲ့ သိုင်းပညာ၀ိညာဥ်နှစ်ခုစလုံးက အတော်ကြီးကို ကွာခြားနေပါတယ်..ကျွန်တော်ရဲ့ပထမသိုင်းပညာ၀ိညာဥ်က စိတ်၀ိညာဥ်အမျိုးအစားမျက်လုံးပါပဲ ဒုတိယသိုင်းပညာကတော့ ရေခဲပါ ရေခဲဧကရီကျောက်စိမ်းကင်းမြီးကောက် ၀မ်သုန့်ရဲ့ပထမ၀ိညာဥ်စွမ်းရည်ကတော့ ပထမသိုင်းပညာ၀ိညာဥ်ကတော့ အလင်းတန်းအမျိုးအစားဖြစ်ပြီ ဒုတ်ိယသိုင်းပညာ၀ိညာဥ်က အင်အားအမျိုးအစားပါ ဒါတွေကလုံး၀ကို မတူညီခဲ့ပါဘူး..ဒါတွေက ဘယ်လိုကြောင့်များ ဒီလောက်အထိပေါင်းစည်းနိုင်ပြီ ပေါင်းစည်းစွမ်းရည်ကိုထုတ်လွှတ်နိုင်တာလဲ ”

” သိုင်းပညာ၀ိညာဥ်တွေကြားမှာ လိုက်ဖက်ညီမှုက အတော်ကိုရှားပါးတယ်ဆိုတာ မြင်ဖူးတယ်မလား မင်းတို့လိုမြင့်မားတဲ့ အနေအထားက ပိုလို့တောင်ရှားပါးပါသေးတယ်..ပုံမှန်အတိုင်းပြောရမယ်ဆိုရင် အမျိုးအစားတူမှသာ ဒီလိုမျိူးအောင်မြင်နိုင်စွမ်းကွာခြားကြတာ မဟုတ်ရင် တူညီတဲ့အမျိုးအစားဖြစ်နေရင်ပေါ့ လန်စုစုနဲ့ လန်လော့လော့တို့နှစ်ယောက်စလုံးက သူတို့ရဲ့အမွှာဆိုတဲ့အချက်ကို မူတည်ပြီ ပေါင်းစည်းစွမ်းရည်ကိုအသုံးပြုနိုင်ကြတယ်..ထိုက်ဟွပင်းနဲ့ ကျုးလုတို့ကတော့ ကျားဖြူနဲ့ မြေအောက်လောကအသစ်ကို အသုံးပြုပြီးပေါင်းစည်းနိုင်တယ်..ဒါကြောင့် သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေက တူညီတဲ့အမျိုးအစားထဲကတူညီတာလေ ဒါ့အပြင် တစ်ခုကအပြုသဘောကိုဆောင်ပြီ ကိုယ်ကအဖျက်သဘောကိုဆောင်တယ်..ဒီတော့ပေါင်းစည်းစွမ်းရည်ကတော့အတူတူပဲလေ မင်းတို့နှစ်ယောက်ကတော့ ဒီပေါင်းစည်းမှုကနေ အရင်းအမြစ်ခံလာတာလဲ ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ပြဿနာဖြစ်လာခဲ့ပါပြီ။ အတိတ်အချိန်မှာ ၀မ်သုန့်ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က ဘာမှန်းသူမသိခဲ့ပါဘူး။ ဒီလိုပေါင်းစည်းမှုတစ်ခုဖြစ်နိုင်တယ်လို့ တွေးနေပေမဲ့ လုံး၀ကိုမသက်ဆိုင်ပဲဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေက အရမ်းကိုလိုက်ဖက်ညီညီပေါင်းစည်းနေဆဲပါပဲ။ ဟောင်သုန့်စွမ်းအားကို ရရှိရုံတင်မကပဲ လေ့ကျင့်ပြီကျင့်ကြံနိုင်မှုတောင်ရှိနေခဲ့ပါပြီ။

၀မ်ယန်က ရယ်မောလိုက်တယ်။

” မင်းတို့ဖြေဖို့အတွက်တော့ တကယ်ကိုခက်ခဲမှာပဲ ငါလဲဒါကိုစဥ်းစားနေတာ ကျောင်းတော်ထဲမှာရှိတဲ့ပစ္စည်းတွေအများကြီးကို ငါဆက်တိုက်မွှေနှောက်ပြီးပြီ ဒါပေမယ့် မင်းတို့ကိုတိကျတဲ့အဖြေမပေးနိုင်သေးဘူး ”

” ဒီလိုမျိုး အမွှာသိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုက သမိုင်းထဲမှာမရှိခဲ့ဘူးလေ တိုက်ကြီးရဲ့သမိုင်းတစ်လျှောက်မှာတောင် မရှိခဲ့ဖူးဘူး..ဒါကြောင့် ဘယ်လိုမျိုးဖြစ်လာနိုင်လဲဆိုတာကို အတိအကျမပြောနိုင်ပဲ ခန့်မှန်းရုံလောက်သာရှိတယ် ”

” မနေ့ညတုန်းက ဒါကိုတွေးပြီဖြစ်နိုင်ချေကို ဆွဲထုတ်ပေးနိုင်တယ်..ပထမဆုံးဖြစ်နိုင်ချေကတော့ သိုင်းပညာ၀ိညာဥ်တွေရဲ့ အရေအတွက်ပဲ မင်းတို့နှစ်ယောက်စလုံးရဲ့သိုင်းပညာ၀ိညာဥ်တွေက ကွာခြားတာမှန်ပေမဲ့ အမွှာသိုင်းပညာ၀ိညာဥ်တွေဖြစ်နေတယ်..အမွှာသိုင်းပညာ၀ိညာဥ်တွေက အရမ်းကိုရှားတယ်..နှစ်ခုပေါ်လာပြီဆိုရင် ဒီလိုပေါင်းစည်းနိုင်စွမ်းက ပိုလို့တောင်ရှားပါးဦးမယ်..ဒါပေမယ့် သေချာပေါက် တစ်စုံတစ်ရာကို တူညီပိုင်ဆိုင်ထားလို့ပေါင်းစည်းနိုင်ကြတာပဲ ”

” ရှောင်းရှောင်းက မင်းတို့နဲ့ဘာလို့မပေါင်းစည်းနိုင်လဲဆိုတာကို အံ့အားသင့်ကာအံ့အားတာပေါ့ ဒါကဒုတိယဖြစ်နိုင်ချေနဲ့ သက်ဆိုင်နေတယ်…အသင့်တော်ဆုံးဖြေရှင်းချက်လဲ ဖြစ်နိုင်သေးတယ်..မင်းတို့နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက်ပေါင်းစည်းဖို့ပြီးပြည့်စုံအောင် မွေးဖွားလာတဲ့သူတွေဖြစ်နေလို့ပဲ ”

” အစပိုင်းကလုံး၀အဆက်အစပ်မရှိတဲ့သိုင်းပညာ၀ိညာဥ်နှစ်ခုပေါင်းစည်းဖို့ဆိုရင် သူတို့တွေက သူတို့နဲ့လိုက်ဖက်ညီတဲ့တူညီမှုရှိရမယ်..သိုင်းပညာ၀ိညာဥ်နှစ်ခုစလုံးက ရေနဲ့ယင်လိုနှစ်ခုပဲ တွဲဖက်ပြီတည်ရှိနေတယ် ”

” ဟို့ယွိဟောင်ရဲ့သိုင်းပညာ၀ိညာဥ်နှစ်ခုက စိတ်၀ိညာဥ်တစ်ခုနဲ့ ရေခဲတစ်မျ်ိုး ၀မ်သုန့်ကတော့ အလင်းနဲ့အင်အား မင်းတို့ရဲ့သိုင်းပညာ၀ိညာဥ်ပုံစံတွေက လုံး၀ကိုကွာခြားနေပေမဲ့ ဘယ်သူကမှ ဘာကြောင့်လိုက်ဖက်ညီနေလဲဆ်ိုတာ မပြောနိုင်ဘူး…ဒါ့အပြင် သူတို့တွေဒီလိုပေါင်းစည်းသွားတယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် အစွန်းရောက်နေလို့လဲ ဖြစ်နိုင်ပါသေးတယ် ”

အပိုင်း ၉၆•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset