Switch Mode

Chapter – 96.2

သော့်လော့တွေကြားက တိုက်ပွဲ

အပိုင်း ၉၆•၂

” သော့်လော့တွေကြားကတိုက်ပွဲ ”
°°°
အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်သုံးကွင်းနဲ့ အနက်ရောင်လေးကွင်းပါတဲ့၀ိညာဥ်စက်ကွင်းကိုးကွင်းက သူ့ခန္ဓာကိုယ်မှာထွက်ပေါ်လာပါတော့တယ်။ ၀ိညာဥ်စက်ကွင်းတွေရဲ့ စည်းချက်ကျကျလှုပ်ရှားမှုနဲ့အတူ သော့်လော့တစ်ယောက်ရဲ့စွမ်းအားတွေက ထွက်ပေါ်လာခဲ့ပါပြီ။

မြေကမ္ဘာလှုပ်ခတ်မှုကလဲ ပိုပိုပြီးသန်မာလာပါတော့တယ်။ ချန်ကန်ရဲ့ သိုင်းပညာ၀ိညာဥ်လွှမ်းမိုးမှုကို ခံနေရသလိုပါပဲ။ ဒါကသော့်လော့တစ်ယောက်ရဲ့ဖိအားပါ။ သော့်လော့တစ်ယောက်က ကြီးမားတဲ့ဖျက်ဆီးမှုကို ဖြစ်စေနိုင်ပါတယ်။ သော့်လော့တွေရဲ့ တည်ရှိမှုကြောင့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ၀ိညာဥ်ပညာရှင်တွေကို မကျော်ဖြတ်နိုင်ခဲ့တာပါ။

သူအော်ဟစ်လိုက်ပြီတဲ့နောက် အရှေ့ကိုပြေးထွက်လို့သွားပါတော့တယ်။ တစ်ချိန်ထဲမှာပဲ အရှေ့မှာရှိနေတဲ့မြေကမ္ဘာက သူ့ရှေ့မှာဆယ်မီတာကျော်မြင့်မားတဲ့လှိုင်းကြီးအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် နေအပြင်အပေါက်ကြီးက အကြီးအကဲရွှမ်ကို ရိုက်ခတ်ဖို့လုပ်ပါတော့တယ်။ ဒါက မြေကမ္ဘာစွမ်းအားအမျိုးအစားစွမ်းအင်မဟုတ်ပဲ သိသာစွမ်းအားသက်သက်ပါ။ ချန်ကန်က ၀ိညာဥ်စွမ်းရည်တစ်ခုကိုတောင် အသုံးမပြုထားပါဘူး။ အကြီးအကဲရွှမ်က သူ့ရဲ့ညာဘက်ခြေထောက်ကို ရှေ့ထုတ်လိုက်ပါတယ်။

ဒီလိုရိုးရှင်းတဲ့ ခြေလှမ်းတစ်လှမ်းထဲနဲ့တင် ဥက္ကာပျံကြီးတစ်ခုက ၀င်ဆောင့်သလိုမျိုး မြေနဂါးကြီးတစ်ကောင်မြေပြင်ပေါ်ကို ထွက်ပေါ်လာသလိုမျိုး အပြောင်းအလဲကဖြစ်ပေါ်လာပါတော့တယ်။ ချန်ကန် မြင့်တင်ထားတဲ့ ဘယ်ဘက်မြေပြင်က ချက်ချင်းဖျက်ဆီးခံလိုက်ရပါပြီ။ ဒါတင်မကသေးပဲ ကြောက်စရာကောင်းလွန်လှတဲ့ဖိအားက ယပ်တောင်ပုံသဏ္ဍာန်အ၀ိုင်လှိုင်းအဖြူရောင်လှိုင်းတွေက ချန်ကန်ခြေထောက်ဆီကို ရောက်ရှိလို့သွားပါတော့တယ်။ မခုခံနိုင်လောက်အောင် အားကောင်းတဲ့စွမ်းအားက ခြေထောက်အောက်ကနေစတင်ပြီ ရွေ့လျားနေတာကို ချန်ကန်ခံစားမိပါတယ်။ ၀ိညာဥ်စွမ်းရည်တစ်ခုကို သူအသုံးချချင်ပေမဲ့ ၀ိညာဥ်စွမ်းအားတွေအားလုံးက ဖိနှိမ့်ခံလိုက်ရတာကို ထိတ်လန့်စရာကောင်းလောက်အောင်ပဲ သူရှာဖွေတွေ့ရှိလို့သွားခဲ့ရတယ်။ အဲ့ဒီနောက် လေထဲကိုလွှင့်ထွက်လို့သွားခဲ့ရပါပြီ။

အကြီးအကဲရွှမ်က ညာဘက်ခြေထောက်ကို ဆောင့်ချလိုက်ပြီတဲ့နောက် ချန်ကန်ရဲ့အရှေ့ကိုချက်ချင်းရောက်လာပါတော့တယ်။

” ပုရွက်ဆိတ်ဧကရာဇ်တစ်ပါးရဲ့ အဓိကခံတပ်က သူ့ရဲ့အင်အားပဲ ဒီအဘိုးကြီးလဲ မင်းဘယ်လောက်သန်မာလဲမြင်ပါရစေလား ”

သူပြောပြီတာနဲ့ အကြီးအကဲရွှမ်ရဲ့လက်က ချန်ကန်ရဲ့ပုခုံးပေါ်ကို ရောက်ရှိလို့လာပါတော့တယ်။

မြေပြင်ကနေ သူခုန်ထွက်လာပြီတဲ့အချိန်ကထဲကစလို့ ချန်ကန်ရဲ့ပုခုံးပေါ်လက်တင်လို့ထားခဲ့တာပါ။ အချိန်တခဏတာလေးက ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ဒါပေမယ့် ဒီအချိန်တခဏတာလေးက တစ်ဘ၀တာလောက်ကြာမြင့်တယ်လို့ ချန်ကန်ခံစားမိပါတယ်။

အကြီးအကဲရွှမ်ရဲ့ခန္ဓာကိုယ်ထွက်ပေါ်လာချိန်မှာပဲ ချန်ကန်အနေနဲ့ တစ်ဖက်လူရဲ့ထိန်းချုပ်မှုအောက်ကနေ လွှတ်မြောက်ဖို့အနည်းဆုံးနည်းလမ်းငါးခုစဥ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဘာတစ်ခုကိုမှမလုပ်နိုင်ခဲ့ပါဘူး။ အနီးကပ်ဆွဲယူခံလိုက်ရပြီတဲ့နောက် ကြောက်စရာဖိအားက ဘယ်စွမ်းရည်ကိုမှ အသုံးမပြုနိုင်အောင် ဖြစ်သွားစေခဲ့ပါတယ်။ လေထဲမှာတင် သူကတောင့်ခဲနေခဲ့တာပါ။

သော့်လော့ဖြစ်ပြီအချိန်ကစလို့ရော ၀ိညာဥ်ပညာရှင်စတင်ပြီဖြစ်တဲ့အချိန်ကပါ ဒီလိုအခြေအနေမျိုးကို တစ်ခါမှမကြုံခဲ့ဖူးသေးပါဘူး။

ချန်ကန်က တကယ်အတွေးကိုမတွေးနိုင်အောင်ဖြစ်နေခဲ့ပါပြီ။ ဒီလောကမှာဒီလောက်အင်အားကြီးတဲ့သူရှိနေမယ်ဆိုတာ ထင်တောင်မထင်ထားခဲ့ပါဘူး။ အခုအချိန်မှာကတော့ ကြောက်စရာကောင်းလွန်လှတဲ့အရှိန်အဟုန်က ပျောက်ကွယ်သွားပါတော့တယ်။ ချန်ကန်ရဲ့အကြီးအကဲရွှမ် နှစ်ယောက်စလုံးက မြေပြင်ပေါ်ကို ပြုတ်ကျလာခဲ့ပါပြီ။ အကြီးအကဲရွှမ်ရဲ့ လက်ကြီးကတော့ ချန်ကန်ရဲ့ပုခုံးကို ဖိထားဆဲပါပဲ။

” လာစမ်းပါ ငါရဲ့၀ိညာဥ်စွမ်းအားကို အသုံးမပြုဘူး ပုံမှန်စွမ်းအားတစ်ခုထဲကိုပဲ သုံးထားမယ်..မင်းဘာပဲလုပ်လုပ် ငါမင်းပုခုံးကိုတင်ထားတဲ့လက်က်ို ပြုတ်အောင်လုပ်လိုက်စမ်း ”

အကြီးအကဲရွှမ်က စိတ်ပျက်လက်ပျက်နဲ့ပြောလာခဲ့ပါတယ်။

သော့်လော့ဖြစ်တဲ့ ချန်ကန်က ပုံမှန်အနေအထားမှာ အရမ်းကိုမောက်မာတဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကလဲ အဓိကအင်အားကိုအခြေခံတာပါပဲ။

ပုရွက်ဆိတ်တွေက သေးငယ်ကောင်သေးငယ်နိုင်ပေမဲ့ သူတို့ထက်အဆပေါင်းများစွာလေးလံတဲ့ ပစ္စည်းတွေကိုသယ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ချန်ကန်ရဲ့၀ိညာဥ်စွမ်းရည်က သူ့အင်အားကိုအများကြီးတိုးတက်စေနိုင်တာပါ။ အင်အားသက်သက်သုံးထားဖူးတဲ့ သော့်လော့အဖြစ်လို့အမြဲတမ်းသတ်မှတ်ထားခဲ့တာလဲဖြစ်ပါတယ်။ သူ့ပြိုင်ဘက်ရဲ့၀ိညာဥ်စွမ်းအားက မထင်မှတ်ထားစရာကောင်းလောက်အောင်သိပ်သည်းပြီ ကျစ်လစ်နေခဲ့တယ်။ သူတို့ဘယ်လိုခုခံရမလဲဆ်ိုတာကို သိတောင်မသိခဲ့ပါဘူး။ တစ်ဖက်လူရဲ့အင်အားကို မယှဥ်နိုင်ဘူးဆိုတာ သူ့ကိုယ်သူမယုံနိုင်ဖြစ်နေခဲ့ပါတယ်။

ဒါကြောင့် ရှိသမျှစွမ်းအားအားလုံးကို အသုံးချရင်း ၀ိညာဥ်စွမ်းအားအားလုံးကို သူ့ကိုယ်ပိုင်အင်အားတိုးတက်စေဖို့အတွက်သာ သုံးခဲ့ပါတယ်။ တကယ်ကိုပဲကြောက်စရာကောင်းလောက်အောင် သူခုခံနေခဲ့တယ်။ သူ့ခြေထောက်အောက်မှာရှိတဲ့ မြေပြင်တွေက အက်ကွဲကုန်ပါပြီ။ မြေပြင်အက်ကွဲကြောင်းတွေက မိုင်ထောင်ချီအထိကို ရှည်လျားလို့သွားခဲ့ပြီ မြေနဂါးကြီးတွေလိုမျိုး ဖြစ်ပေါ်လာပါတော့တယ်။ ဒါပေမယ့် သူ့ပုခုံးပေါ်မှာဖိထားခဲ့တဲ့ လက်ကတစ်အားကြီးကိုသန်မာတာကြောင့် ဘယ်လောက်ပဲကြိုးစားပါစေ ဘယ်လိုမှပြုတ်အောင်မလုပ်နိုင်ပါဘူး။ ချန်ကန်ရဲ့သွေးကြောတွေက ပေါက်ထွက်လုမတတ်ဖြစ်နေခဲ့ပြီသလို သူအကောင်းဆုံးကြိုးစားပေမဲ့ ဘယ်လိုမှမလွှတ်နိုင်ခဲ့ပါဘူး။

” မဖြစ်နိုင်လိုက်တာ လုံး၀မဖြစ်နိုင်တာပဲ ချန်ကန်အနေနဲ့ ဘယ်လိုမှမယုံနိုင်ပဲရှိနေခဲ့တယ်။ သော့်လော့ဖြစ်တဲ့သူက သိုင်းပညာ၀ိညာဥ်မထုတ်လွှတ်ထားတဲ့ ပြိုင်ဘက်တစ်ယောက်ကို ၀ိညာဥ်စွမ်းအားအပြည့်သုံးနေတာတောင် မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ ဒါက မတွေး၀ံ့စရာကိစ္စပဲ။

သူ့ရဲ့ကိုယ့်ကိုကိုယ်ယုံကြည်ချက်တွေကလဲ ဖျက်ဆီးခံလိုက်ရပါပြီ။ ဒါ့အပြင် အစောပိုင်းတုန်းက ရှိခဲ့တဲ့ကိုယ့်ကိုဂုဏ်မောက်မှုတွေကလဲ လျော့ကျလို့သွားပါတော့တယ်။ အချိန်ကြာလာတာနဲ့အမျှ သူ့ရုန်းကန်မှုကလဲ တဖြည်းဖြည်းနည်းပါးလို့လာခဲ့ပါတယ်။ အဲ့ဒီနောက် နာကျင်မှုနဲ့စိတ်ပျက်မှုတွေက သူ့မျက်နှာပေါ်မှာကျန်ရှိတော့တယ်။ အကြီးအကဲရွှမ်က မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ရင်း​မေးလာခဲ့ပါတယ်။

” လုပ်နိုင်ရဲ့လား ”

ချန်ကန်ကတော့ ခေါင်းသာခါပြလိုက်တယ်။ အကြီးအကဲရွှမ်က ညာဘက်လက်ကို ပြန်သိမ်းလိုက်ပါပြီ။

” ဒါကမင်းအတွက် သင်ခန်းစာပဲ သော့်လော့တစ်ယောက်ဖြစ်တဲ့မင်းက သော့်လော့တစ်ယောက်နဲ့ ထိုက်တန်တဲ့မာနနဲ့ အတ္တကို ပိုင်ဆိုင်တယ်..၀ိညာဥ်စက်ကွင်းကိုကွင်းရှိတဲ့လူတစ်ယောက်အနေနဲ့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသုံးကွင်းပဲရှိတဲ့ဒီကလေးတွေကို မင်းကအနိုင်ကျင့်ခဲ့တယ်…ဒါကတော့ မင်းအတွက်အရှက်ကွဲမှုတစ်ခုပဲ ငါမင်းရဲ့အသက်ကိုမလိုချင်ဘူး..မင်းကိုယ်မင်း အကြိမ်တစ်ရာတိတိပါးရိုက်ပြီဆိုရင်ရပြီ ဒီကိစ္စကိုမေ့ထားလိုက်တော့ ငါလဲငါရဲ့လက်တွေကို မင်းကိုရိုက်နှက်ရင်း ညစ်ပေမခံချင်ဘူး ”

ချန်ကန်တစ်ကိုယ်လုံးတုန်ရီလို့သွားပါတော့တယ်။ ချန်ကန်သူ့ကိုယ်သူ ပါးရိုက်ရမှာထက် သေသာသေချင်လိုက်ပါတယ်။ ဒါပေမယ့် လူတိုင်းက သေရမှာကို တကယ်ကြောက်သူပါ။ သူကလဲ ချွင်းချက်မရှိခဲ့ပါဘူး။ ကြယ်တာရာလော့နိုင်ငံတော်မှာ သူကကြီးမားတဲ့ဩဇာအရှိန်အ၀ါကို ပိုင်ဆိုင်ထားပါတယ်။ ဘယ်လိုလုပ်သေချင်မှာလဲ သူ့ရှေ့မှာရှိနေခဲ့တဲ့ အဘ်ိုးကြီးကြောင့် ရွေးချယ်စရာမရှိတော့သလို သူလဲသူ့ကိုအနိုင်မယူနိုင်ပါဘူး။ ဒီအချိန်မှာတော့ အတော်ကိုနောင်တရနေပါပြီ။ လောဘကြောင့် မျက်ကန်းတစ္ဆေမကြောက်လုပ်ခဲ့မိသလို သော့်လော့တစ်ယောက်အဖြစ်နဲ့လဲ အတ္တကြီးသွားခဲ့မိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နောင်တရဖို့နောက်ကျသွားခဲ့ပြီ။

” ဖြန်း ”

သူ့ကိုယ်သူဆက်တိုက်ဆိုသလို ရိုက်နှက်ရပါတော့တယ်။

” ဖြန်း ဖြန်း ဖြန်း ”

ချန်ကန် သူကိုယ်သူရိုက်နေတာကိုကြည့်ရင်း အကြီးအကဲရွှမ်က တစ်ချက်ချင်းဆီသေချာရေတွက်လို့နေခဲ့ပါတယ်။ ဆယ်ချက်ပြီတဲ့အချိန်မှာကတော့ ချန်ကန်ရဲ့မျက်နှာက ရောင်းကိုင်းလို့နေခဲ့ပါပြီ။ အကြီးအကဲရွှမ်က သူ့ကိုစိုက်ကြည့်နေခဲ့တာကြောင့် သူလဲပေါ့ပေါ့ပါးပါးမရိုက်၀ံ့ပါဘူး။

ချန်ကန် သူကိုယ်သူရိုက်နေချိန်မှာပဲ အကြီးအကဲရွှမ်ရဲ့မျက်နှာက ပိုပိုပြီးကျေနပ်လာပါတော့တယ်။ နောက်ဆုံးမှာတော့ ဒီကလေးတွေအတွက် တစ်ခုခုလုပ်ပေးနိုင်ခဲ့ပါပြီ။ အချက်တစ်ရာရိုက်ဖို့အတွက် သိပ်ပြီမကြာမြင့်ခဲ့ပါဘူး။ သိပ်မကြာခင်အချိန်မှာပဲ ချန်ကန်ကလဲ ဒီအရှက်ကွဲခံရတဲ့ ကိစ္စရပ်ကြီးကိုပြီးမြောက်လို့သွားပါတော့တယ်။ အခုအချိန်မှာ သူပါးနှစ်ဖက်စလုံးကတော့ မက်မွန်သီးတွေလိုမျ်ိုးရောင်းရမ်းဖောင်းပွနေခဲ့သလို နှုတ်ခမ်းထောင့်ကနေလဲ သွေးတွေစီးကျလို့နေပြီသားဖြစ်ပါတော့တယ်။

အကြီးအကဲရွှမ်က ခေါင်းညိတ်ရင်းပြောလိုက်တော့တယ်။

” ကောင်းပြီ ထွက်သွားလိုက်တော့ ”

” အကြီးအကဲက ထူးကဲသာလွန်သော့်လော့လား ”

ချန်ကန်က ၀ူး၀ူး၀ါး၀ါးနဲ့မေးလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူခံစားနေရတဲ့ခန္ဓာကိုယ်နာကျင်မှုက နှလုံးသားထဲက နာကျင်မှုနဲ့ယှဥ်လို့မရပါဘူး။

အချိန်အတော်ကြာမှသာ ချန်ကန်အနေနဲ့လဲ သော့်လော့တွေကြားက ကွာခြားချက်ကို သိလာခဲ့ပါတယ်။ သော့်လော့ဖြစ်ပြီတဲ့နောက် သူ့ရဲ့ ကိုယ်ပိုင်အစွမ်းအစကို အရမ်းယုံကြည်ချက်ရှိပြီ ဒီကွာခြားချက်တွေကိုလဲ မေ့လာခဲ့တယ်။ အစောပိုင်းတုန်းက သူ့ကိုယ်သူ ရိုက်နေတဲ့အချိန်မှသာ စိတ်ကြည်သွားခဲ့တာပါ။

၀ိညာဥ်ပညာရှင်တွေကို အဆင့်ဆင့်ခွဲထားသလိုမျိုး သူလဲပထမဆုံး၀ိညာဥ်စက်ကွင်းရပြီတဲ့အချိန်မှာ ၀ိညာဥ်ပညာရှင်ဖြစ်လာခဲ့ပါတယ်။ ဒီ၀ိညာဥ်စက်ကွင်းကြောင့်သာ ၀ိညာဥ်ပညာရှင်တွေက ၀ိညာဥ်ကျောင်းတော်သားထက်ပိုအင်အားကြီးတာပါ။ ၀ိညာဥ်ပညာရှင်အဆင့်မှာကတော့ အဆင့်တစ်ဆင့်တက်လာတိုင်း အင်အားက ဆယ်ရာခိုင်နှုန်းနီးပါးတက်လာပါတယ်။ ဒါ့အပြင် ကွာခြားချက်ကလဲ ကြီးမားလာခဲ့တယ်။ ဒါပေမယ့် သော့်လော့တွေကြားမှာရှိတဲ့ကွာခြားချက်ကတော့ အကြီးဆုံးပါပဲ။ အဆင့်ကိုးဆယ်ပြီမှ ဒီကိစ္စကစတာပါ။

၀ိညာဥ်စက်ကွင်းကိုးကွင်းကိုရပြီ အဆင့်ကိုးဆယ်သော့်လော့အဖြစ်တိုးတက်ပြီတဲ့နောက် ၀ိညာဥ်စက်ကွင်းတစ်ကွင်းစာနဲ့စွမ်းအားအရာမှာ အဆင့်ကိုးဆယ်တစ်တိုးတက်မှာပါ။ ကိုးဆယ်တစ်နဲ့ ကိုးဆယ်ကြားမှာစွမ်းအားက နှစ်ဆကွာပါတယ်။

၀ိညာဥ်စွမ်းအားတစ်ခုထဲနဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့အင်အားကို ဆုံးဖြတ်လို့မရနိုင်ခဲ့ပါဘူး။ ဒါ့အပြင် လူတစ်ယောက်ရဲ့ ၀ိညာဥ်စွမ်းအင်အင်အားနဲ့ ဘယ်လောက်ပတ်သက်လဲဆိုတာကလဲ ကွာခြားသလို ၀ိညာဥ်အရိုးရဲ့ ထောက်ပံ့မှုကလဲ လူနှစ်ယောက်ကြားကျင့်ကြံဆင့်ကွာခြားမှုကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် ကိုးဆယ်နှစ်၀ိညာဥ်ပညာရှင်က အဆင့်ကိုးဆယ်တစ်၀ိညာဥ်ပညာရှင်ကို အလွယ်လေးနိုင်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် သေချာပေါက် ၀ိညာဥ်စက်ကွင်းကတော့ ကွာခြားမှုကြီးမားပါတယ်။ ကျင့်ကြံဆင့်တစ်ဆင့်မြင့်လာတိုင်းမှာ ကွာခြားချက်ကလဲ တိုးလာမှာပါ။ အဆင့်ကိုးဆယ်ငါးရောက်ချိန်မှာတော့ ကြီးမားတဲ့အတားအဆီးကြီးတစ်ခုဖြစ်လာပါပြီ။ အဆင့်ကိုးဆယ်ငါးဖြစ်တဲ့ ထူးကဲသာလွန်သော့်လော့ကတော့ သေချာပေါက် အဆင့်တစ်ဆင့်နှိမ့်တဲ့သော့်လော့ဆယ်ယောက်ကို ခုခံနိုင်ပါတယ်။ သော့်လော့ရဲ့ကျင့်ကြံဆင့်ကသာ ကိုးဆယ်ကိုးကိုရောက်ရှိသွားမယ်ဆိုလို့ရှိရင်တော့ အဆုံးစွန်းအန္တိမသော့်လော့အဖြစ်ကို သတ်မှတ်လို့ရနိုင်ပါပြီ။

သမိုင်းတစ်လျှောက်မှာ ဒီလိုမျိုးအန္တိမသော့်လော့အဖြစ် ရောက်ရှိတဲ့သူက အတော်ကို ရှားပါးပါတယ်။ အများဆုံး အန္တိမသော့်လော့တွေ ရှိခဲ့တဲ့အချိန်ကာလကတော့ ထန်မျိုးနွယ်ရဲ့ တည်ထောင်သူထန်စန်းတို့ကာလတုန်းကပါပဲ။ သူတို့ကာလမှာ အန္တိမသော့်လော့တွေ ပေါ်ထွက်လာရုံတင်မကပဲ ထန်စန်းနဲ့ သူ့ရဲ့ဇနီးသည်က သူတို့ရဲ့အဖော်မိတ်ဆွေနဲ့အတူ နတ်ဘုရားတွေအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ ဒ

ါပေမယ့် လက်ရှိအချိန်တိုက်ကြီးမှာတော့ အန္တိမသော့်လော့တွေက အတော်ကိုရှားပါးလို့နေခဲ့ပြီ။

” မဟုတ်ပါဘူး ”

အကြီးအကဲရွှမ်က ခေါင်းခါရင်းနဲ့ ချန်ကန်ရဲ့စကားကို ငြင်းပယ်လိုက်တယ်။

” မဟုတ်ဘူးဆိုရင် ကျွန်တော်ကိုဘွဲ့နာမည်လေးပြောပြပေးပါလား ”

ချန်ကန်က ဆက်တိုက်မေးနေခဲ့ပါတယ်။ အကြီးအကဲရွှမ်က နှုတ်ခမ်းကိုတွန့်လိုက်ပါပြီ။

” မင်းဟိုကလေးတွေကို ဘယ်လိုပြန်ဖြေလဲ မှတ်မိသေးလား ငါမင်းကိုအဲ့ဒီအတိုင်းပဲ ပြန်ဖြေမယ်..ငါ့ရဲ့ဘွဲ့နာမည်ကိုသိဖို့ မင်းကမသင့်တော်ဘူး..မင်းမှာအဲ့ဒီလောက်အဆင့်မမီသေးဘူး..အခုထွက်သွားလိုက်တော့ ”

သူပြောပြီတဲ့နောက် ချန်ကန်ရဲ့တင်ပဆုံရိုးကို ကန်လိုက်ပါတော့တယ်။ ချန်ကန်ရဲ့ အကန်ခံလိုက်ချိန်မှာ လေထဲလွှင့်ထွက်သွားတာကိုသာ ခံစားလိုက်ရပါပြီ။ ဒီကန်ချက်က အရေးမကြီးပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်မြေပြင်ပေါ်ပြန်ကျလာချိန်မှာတော့ အဲ့ဒီကြောက်စရာအကြီးအကဲက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

မျက်နှာတစ်ခုလုံးနာကျင်နေသလို နှလုံးသားကလဲ အေးစက်လို့သွားပါတော့တယ်။ ခေါင်းခါရင်း နှုတ်ခမ်းထောင့်ကသွေးတွေကိုသုတ်ကာ သူပြောမိတယ်။

” ငါကတကယ်ကို ရေတွင်းထဲက ဖားသူငယ်ဖြစ်နေခဲ့တာပဲ တကယ်ကိုပဲ သော့်လော့ဖြစ်ပြီတဲ့နောက် ငါ့ကိုယ်ငါအထူးချွန်ဆုံးလို့ ထင်ခဲ့မိတယ်..တကယ်ကိုအင်အားကြီးတဲ့ သူတွေနဲ့ယှဥ်တဲ့အချိန်မှာ ငါကဘာမှမဟုတ်သေးပါလား အမျက်ဒေါသကျောင်းတော် အမျက်ဒေါသကျောင်းတော် ငါကတော့ ပါးစပ်ပိတ်ပြီ အေးအေးဆေးဆေးပြန်ပြီလေ့ကျင့်ဖို့အချိန်တန်ပါပြီ ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကတော့ အကြီးအကဲရွှမ် သူ့တို့အတွက် လက်စားချေပြီးပြီတာကို မသိခဲ့ပါဘူး။ စားသောက်ပြီတဲ့နောက်မှသာ ရှောင်းရှောင်းဆီကို သွားကြည့်ပါတော့တယ်။

ဒါပေမယ့် သူမရဲ့အခြေအနေကို ၀င်မကြည့်ခင် အခန်း၀င်ပေါက်မှာသာရှိနေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ အတွင်းဖက်အခြေအနေကြောင့် ၀င်ရောက်ဖို့မသင့်တော်လို့ပါ။ ရှောင်းရှောင်းရဲ့အခန်းတံခါးက ပိတ်ထားတာမဟုတ်ပဲ တစ်၀က်ပွင့်နေခဲ့ပါတယ်။ တံခါးအပေါက်၀ကနေ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့အထဲကို ကောင်းကောင်းလှမ်းမြင်နေခဲ့ရတယ်။ ရှောင်းရှောင်းရဲ့ အိပ်ရာဘေးမှာလူတစ်ယောက်က ထိုင်နေခဲ့ရင်း ရှောင်းရှောင်းကို ဇွန်းအသေးလေးတစ်ချောင်းသုံးကာ ဆန်ပြုတ်တိုက်နေခဲ့လို့ပါ။

အပိုင်း ၉၆•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset