Switch Mode

Chapter – 95.3

ထိပ်တန်း ရူးသွပ် သားရဲကောင် ဆယ်ကောင်

အပိုင်း ၉၅•၃

” ထိပ်တန်းရူးသွပ်သားရဲကောင် ဆယ်ကောင် ”
°°°
သူပြောပြီတဲ့နောက် အကြီးအကဲက ဟို့ယွိဟောင်ဆီကို လက်ဆန့်တန်းလိုက်ရင်း သူ့ကိုဆွဲယူဖို့ကြိုးစားပါတော့တယ်။ ဟို့ယွိဟောင်ကလဲ မခုခံနေခဲ့ပါဘူး။ သူနဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက ဒီလူကိုတိုက်ခိုက်နိုင်စွမ်းမရှိတာ အသိအသာကြီးပါ။

သော့်လော့အဆင့် အကြီးအကဲက သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကို အသုံးချရင်း သူတို့ကိုမလှုပ်နိုင်အောင် ဖိနှိမ့်ထားခဲ့ပါတယ်။

ဟို့ယွိဟောင်ကို ကိုင်ပြီတာနဲ့ အကြီးအကဲက ဟို့ယွိဟောင်လည်ပင်းကို နောက်လက်တစ်ဖက်နဲ့ ဆွဲလိုက်ပါတော့တယ်။ များပြားတဲ့၀ိညာဥ်စွမ်းအားတွေကို ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကို ဆက်တိုက်၀င်ရောက်လို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်က ဘောလုံးတစ်လုံးလိုဖောင်းပွလာပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရော ရေခဲဧကရီရော အကြီးအကဲတို့ပါ လုံး၀ကို မတုန့်ပြန်ခဲ့ပါဘူး။ ဒီလိုမျိုးလူနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘယ်သူကမှ ဟို့ယွိဟောင်ကိုမကယ်တင်နိုင်ပဲ ရှိနေခဲ့ပါတယ်။

အခြေအနေကြီးတစ်ခုလုံး ကပြောင်းကပြန်ဖြစ်သွားပြီလို့ ဟို့ယွိဟောင်က ခံစားနေခဲ့ရပါတယ်။ ငါတကယ်ပဲ ဒီလိုကြီးသေသွားတော့မှာလား။ ချန်ကန်ကို သူပထမဆုံးမြင်ဖူးတာပါ။ ဒါ့အပြင် သူကလဲ ၀ိညာဥ်သားရဲကောင်တွေရဲ့လူဆိုတာ ဟုတ်တောင်မဟုတ်နေခဲ့ပါဘူး။

” အမ် တစ်ခုခုတော့မဟုတ်သေးဘူး ”

ချန်ကန်က ရုတ်တရက်ဆိုသလို တအံ့တဩဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကို သူထည့်သွင်းနေတဲ့ ၀ိညာဥ်စွမ်းအားတွေက ရုတ်တရက်ရပ်တန့်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို အိပ်ရာပေါ်သူခပ်မြန်မြန်ပဲ ချလိုက်ပါတော့တယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကိုအသုံးပြုပြီး ဟို့ယွိဟောင်ရဲ့တစ်ကိုယ်လုံးကို ရိုက်ပုတ်တော့တယ်။

ဒီတစ်ကြိမ်မှာတော့ ၀ိညာဥ်စွမ်းအားတွေရဲ့ စီးဆင်းမှုက အရင်ကထက်နည်းပါးလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့လဲ ရှိရှိသမျှတစ်ကိုယ်လုံးထုံထိုင်နေတာကိုသာ ခံစားရပါတော့တယ်။ သက်သောက်သက်သာရှိနေတာလား ကြောက်စရာကောင်းနေလားဆိုတာကိုတောင် မသိတော့ပါဘူး။ ဒါပေမယ့် ချန်ကန်ရဲ့ သိပ့်သည်းတဲ့၀ိညာဥ်စွမ်းအားတွေက သူ့ရဲ့သွေးလည်ပတ်မှုကို မထိခိုက်စေခဲ့သလို ရေခဲဧကရီပေးခဲ့တဲ့ အဆုံးစွန်းနာကျင်မှုတွေကိုလဲ သက်သာပျောက်ကင်းသွားစေခဲ့ပါတယ်။

ချန်ကန်က သူ့ရဲ့ရိုက်ပုတ်မှုတွေကို အရှိန်မြင့်လိုက်ချိန်မှာတော့ သူ့ရဲ့အမူအရာက ပိုပြီးစိတ်ပျက်လက်ပျက်ဖြစ်လာပါတော့တယ်။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်ကို အိပ်ရာပေါ်ကနေ ပြန်ဆွဲယူပြီး သူ့ရှေ့မှာထားရင်မေးတော့တယ်။

” မင်းကထိပ်တန်းရူးသွပ်သားရဲကောင် ဆယ်ကောင် ပြန်လည်မွေးဖွားတာမဟုတ်ဘူးလား ”

ဟို့ယွိဟောင်က သူ့ကိုအေးစက်တဲ့အကြည့်တွေနဲ့သာ စိုက်ကြည့်နေခဲ့ပါတယ်။

” ဘယ်တုန်းကများ ကျွန်တော်အဲ့ဒီလိုပြောဖူးလို့လဲ ကျွန်တော်က တကယ်လူသားစစ်စစ်ကြီး ”

အဲ့ဒီနောက် ချန်ကန်က လေရောက်သွားတဲ့ပူဖောင်းလိုဖြစ်နေတဲ့ ဟို့ယွိဟောင်ကို အိပ်ရာပေါ်ပြစ်တင်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူစိတ်ဖိစီးမှုအပြည့်နဲ့ ပြောတော့တယ်။

” ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲ့ဒီရူးသွပ်သားရဲကောင်ရဲ့ အရှိန်အ၀ါကို ငါခံစားမိတယ်..ငါမမှားနိုင်ဘူးလေ အရမ်းအင်အားကောင်းတဲ့ ရူးသွပ်သားရဲကောင်တွေသာ ဒီလိုမျိုးအသက်စွမ်းအားကို ပိုင်ဆိုင်နိုင်တာ ”

ဟို့ယွိဟောင်ကတော့ သူစွမ်းအားအောက်မှာမလှုပ်နိုင်သေးပါဘူး။ ဒါပေမယ့် သူ့စကားတော့ ပြောနိုင်ပါသေးတယ်။

” ဒါကတော့ ကိုယ့်လောဘနဲ့က်ိုယ်ပဲလေ ခင်ဗျာကိုပြောပြဖို့လဲ ကျွန်တော်ဘာအထိအခိုက်မှမရှိပါဘူး..ကျွန်တော်ရဲ့ ရေခဲသ်ိုင်းပညာ၀ိညာဥ်က တကယ်ရေခဲဧကရီကင်းမြီးကောက်ပဲ ”

ချန်ကန်ရဲ့မျက်လုံးတွေက မယုံနိုင်မှုအပြည့်ဖြစ်သွားပါတော့တယ်။

” ဒီလိုဖြစ်နေတာပေါ့ ဒီလိုဖြစ်နေတာပေါ့ ဒါဆိုရင် ရေခဲဧကရီကင်းမြီးကောက်ရဲ့အရှိန်အ၀ါကို မင်းဘယ်လိုလုပ်တုပနိုင်တာလဲ မဖြစ်နိိုင်လိုက်တာ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်တွေထဲမှာ ရေခဲဧကရီကင်းမြီးကောက် ပေါ်လာနိိုင်တယ်လား ဒါမျိုးကိုငါမကြားဖူးဘူး ”

သော့်လော့အကြီးအကဲကတော့ တကယ်ကို စိတ်ပျက်လက်ပျက်နဲ့ ဆက်တ်ိုက်ငြီးငြူးနေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ အတော်လေး ဒေါသထွက်လာခဲ့ပြီဖြစ်တာကြောင့် သူထအော်တော့တယ်။

” ကျွန်တော်ဘယ်လိုလုပ်သိမှာလဲ ခင်ဗျာကသော့်လော့မဟုတ်ဘူးလား ကျွန်တော်ထက်ဒီကိစ္စတွေကို ပိုသိမှာပေါ့ ဒါပေမယ့် အခြေအနေကိုတောင် ရှင်းရှင်းလင်းလင်းသိရအောင်မလုပ်တော့ပဲ ဒီကိုလာပြီရမ်းကားနေတယ် ”

” ထားလိုက်ရအောင်ယွိဟောင် အကြီးအကဲက ဒီနေရာမှာရှိမနေခဲ့ပါဘူး ”

၀မ်သုန့်က နောက်ဆုံးမှာပြောလာခဲ့ပါပြီ။ သူ့ရဲ့လေသံက ပုံမှန်နဲ့မတူပဲ အရမ်းကိုနူးညံ့နေခဲ့ပါတယ်။ ဒါ့အပြင် သူကအတော်လေးကိုလဲ ပြုံးပြလို့နေခဲ့တယ်။

” လူတွေဆိုတာ အမှားနဲ့မကင်းနိုင်ဘူးလေ အကြီးအကဲက သော့်လော့အဆင့် မဟာပညာရှင်တစ်ဦးပါပဲ ဒါပေမယ့် သူလဲအမှားလုပ်ကောင်းလုပ်မိနိုင်တယ်လေ ဒါကိုတမင်တကာလုပ်တာ မဟုတ်ရပါဘူး..ဒါ့အပြင် မင်းလဲဘာမှမထိခိုက်ဘူးမဟုတ်လား မေ့လိုက်ပါတော့ ”

၀မ်သုန့်က ပြောပြီတဲ့နောက် ဟို့ယွိဟောင်ကို မျက်စပြစ်လိုက်ပါတယ်။ သူတို့တွေက အတူတူအလုပ်တွဲလုပ်လာတာကြာလှပါပြီ။ ဒါကြောင့် စိတ်ပိုင်ဆိုင်ရာက အတော်လေးကို နားလည်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ဘာပြောချင်လဲဆိုတာကို ချက်ချင်းနားလည်တဲ့အတွက် သူလဲနှလုံးခုန်ရပ်မတတ်ဖြစ်သွားခဲ့ရပါတယ်။ ဒီလိုအ​ရေးကြီးအခြေအနေမျိုးမှာ ၀မ်သုန့်လိုမျိုး အေးဆေးတည်ငြိမ်မနေခဲ့ပါဘူး။

သူတို့သုံးယောက်က အခန်းတစ်ခန်းထဲမှာရှိနေခဲ့တာပါ။ ဒီအခန်းတစ်ခန်းလုံးကလဲ ချိတ်ပိတ်ခံထားရပါတယ်။ အကယ်၍ ဒီသော့်လော့ကသာ ဖြစ်သမျှအရာအားလုံးကို ဖုံးကွယ်ချင်တယ်ဆိုရင် သူတို့ကို အလွယ်လေးသတ်လိုက်လို့ကတော့ ဘယ်သူမှကယ်နိုင်တော့မှာမဟုတ်ဘူး။

ဒါပေမယ့် ရုတ်တရက်စိတ်အပြောင်းအလဲကလဲ အဆင်ပြေမှာမဟုတ်တာကို သိနေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ စကားကိုလုံး၀မပြောတော့ပါဘူး။

ချန်ကန်က အော်လိုက်ပါတော့တယ်။

” ဒါငါကံဆိုးတာပါ မင်းတို့ကလေးနှစ်ယောက် ပါးစပ်ပိတ်ထားတာ ကောင်းလိမ့်မယ် ”

၀မ်သုန့်က မေးလိုက်ပါတယ်။

” ဆရာကြီးက ဘယ်လိုဘွဲ့အမည်မျိုးရှိလဲဆိုတာ ကျွန်တော်မမေးရသေးပါဘူး ”

ချန်ကန်က နှာခေါင်းရှုံ့လိုက်ပါတော့တယ်။

” မင်းတို့ဘယ်သူကမှသိဖို့မတန်ဘူး ”

သူပြောပြီတဲ့နောက် ညာဘက်လက်ကိုဝှေ့ရမ်းရင်း ၀ိညာဥ်စွမ်းအားတွေကို ပြန်သိမ်းကာပြတင်းပေါက်အပြင်ကိုထွက်သွားရင်း ပျောက်ကွယ်သွားပါတော့တယ်။

၀မ်သုန့်နဲ့ ဟို့ယွိဟောင်နှစ်ယောက်ကတော့ ဒီဖိအားပျောက်ကွယ်သွားမှသာ သက်ပြင်းချမိပါတယ်။ သူတို့တွေ သေမင်းရဲ့ချောက်ကမ်းပါး၀မှာ ရပ်နေခဲ့ရတာပါ။

ဟို့ယွိဟောင်က ပြတင်းပေါက်ကို ပိတ်လိုက်ပြီတဲ့နောက် လက်သီးကိုဆုပ်ရင်းနဲ့ ပြောလာပါတော့တယ်။

” ငါတို့က ဒီလိုအားနည်းနေလို့ အရှက်ကွဲခံရပြီ အနိုင်ကျင့်ခံရတာ ဒီအရှက်တကွဲဖြစ်ရတဲ့ကိစ္စကို ငါသေချာမှတ်ထားမယ်..သေချာပေါက် ငါပြန်ချေမှုန်းပြစ်မယ် ”

၀မ်သုန့်ကတော့ တိုက်ရိုက်ပြန်မဖြေခဲ့ပါဘူး။ အဲ့ဒီအစား စကားလမ်းကြောင်းလွဲလိုက်ပါတယ်။

” သွားရအောင် ငါတို့တွေသန့်ရှင်းရေးလုပ်ပြီရင်း သွားစားကြမယ် ”

” ကောင်းပြီလေ ”

၀မ်သုန့်ပြောတဲ့စကားကို ဟို့ယွိဟောင်နားထောင်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီနှစ်ယောက်စလုံးလဲ နိုးလာကြတာကို ခံစားလိုက်မိတယ်။

” ဒီနေရာထဲမှာ ပါရမီရှိတဲ့လူတွေက အများကြီးရှိနေတာပဲလား ငါ့ရဲ့အရှိန်အ၀ါကို ဆံချည်မျှင်တစ်မျှင်လောက်ပဲ လွှတ်ထားတာတောင် သူကတွေ့သွားပြီ အန္တရာယ်များလိုက်တာ ဒါပေမယ့် အားနည်းတဲ့သော့်လော့ဖြစ်နေလို့တော်ပါသေးတယ်..ဒီလိုနေ့မျိုးရောက်လာမယ်လို့ ဘယ်သူကများတွေးမိမှာလဲ ဒီလိုအားနည်းတဲ့သတ္တ၀ါက ငါရှေ့မှာခြေထောက်ဆောင့်ရင်း မောက်မာထောင်လွှားနေ၀ံ့တယ်ပေါ့ ငါရဲ့ပုံမှန်အနေအထားမှာဆိုရင် ဒီကောင်ကို ရေခဲရုပ်ထုဖြစ်အောင်လုပ်ပြစ်လိုက်ပြီ ”

ရေခဲဧကရီက အတော်လေးဒေါသထွက်နေခဲ့ပါတယ်။ ဟို့ယွိဟောင်က သက်ပြင်းချရင်းနဲ့ မေးလာခဲ့တယ်။

” ရေခဲဧကရီ အဲ့ဒီသားရဲကောင်ဆယ်ကောင်တွေက ဘာတွေလဲ ”

ရေခဲဧကရီကတော့ စိတ်ထဲမှာဒေါသထွက်နေခဲ့ပေမဲ့ နောက်တော့စိတ်ရှည်လက်ရှည်ပြန်ဖြေပါတယ်။

” ဒါကလူသားတွေသတ်မှတ်ထားတဲ့ အင်အားအကြီးဆုံးသားရဲကောင် ဆယ်ကောင်ပဲ ကုန်းပေါ်မှာရှိတဲ့ သားရဲကောင်တွေကိုပဲ သူကအဓိကမှတ်တမ်းတင်ထားတာ သူတို့သိရသလောက်အရပဲ အဆင့်သတ်မှတ်ထားတယ်လေ ဒီကောင်က တကယ်ငတုံးတစ်ကောင်ပဲ ငါတို့တွေက သက်တမ်းနှစ်တစ်သိန်းအထိကို ကျော်ဖြတ်ပြီးပြီဆိုရင် လူသားတွေမမွေးဖွားနိုင်တော့ဘူး..ထိပ်တန်းသားရဲကောင်ဆယ်ကောင်ထဲမှာ အားအနည်းဆုံးကတောင် နှစ်ပေါင်းသုံးသိန်းရှိနေပြီ ဘယ်လိုလုပ်လူသားပုံစံပြောင်းနိုင်တော့မှာလဲ ဒီကောင်ဒါကိုတောင် ထည့်မတွေးနိုင်ဘူး ”

ဟို့ယွိဟောင်ကတော့ အခုအချိန်အထိ သားရဲကောင်ဆယ်ကောင်အကြောင်းကို တွေးနေဆဲပါ။

” ဒါဆိုရင် စာရင်းထဲမှာဘယ်သူရှိနေတာလဲ ကျွန်တော်ဒီ​ထူးခြားသာလွန် သားရဲကောင်တွေအများကြီးကို မသိဘူး ”

” ငါပြောပြရင်တောင် မင်းသိမှာမဟုတ်ဘူးလေ ဒါပေမယ့် ဒီသားရဲကောင်တွေအားလုံးက အင်အားအကြီးဆုံးမဟုတ်ဘူးလေ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် ၀ိညာဥ်သားရဲကောင်တစ်ကောင်က အသက်ပိုကြီးလာလေ အင်အားပိုကြီးလာလေပဲ ဒါပေမယ့် လူသားတွေသတ်မှတ်ထားတဲ့စာရင်းထဲမှာ ပင်လယ်သမုဒ္ဒရာတွေထဲမှာ ၀ိညာဥ်သားရဲကောင်တွေ မပါ၀င်ဘူး…ဒါတွေတင်မကသေးပဲ မြေပြင်ပေါ်မှာရှိတဲ့၀ိညာဥ်သားရဲကောင်တွေကို စာရင်းသွင်းတဲ့အထဲမှာတောင် တစ်ချိန်လုံးဆောင်ခိုနေတဲ့ ကောင်းကင်အိပ်မက်လိုနှစ်တစ်သန်းသားရဲကောင်လိုမျိုး သူတို့မထည့်သွင်းနိုင်ဘူးလေ…ဒါ့အပြင် မင်းတို့လိုလူသားတွေ ရှာမတွေ့သေးတဲ့အင်အားကြီးနတ်ဘုရားလိုသားရဲကောင်တွေ ထပ်ရှိသေးတယ် ”

” ရေထဲက ၀ိညာဥ်သားရဲကောင်တွေက အင်အားကြီးလား ”

ဟို့ယွိဟောင်တအံ့တဩမေးလိုက်မိပါတယ်။

ရေခဲဧကရီက တစ်ချက်လေးတောင်မတွေးဝေပဲ အတည်ပြုလိုက်တယ်။

” ဒါပေါ့ သူတို့ကအင်အားကြီးတာပေါ့ ဒါပေမယ့် တကယ်အင်အားအကြီးဆုံးတွေက ပင်လယ်သမုဒ္ဒရာရဲ့ အနက်ရှိုင်းချောက်နက်ထဲမှာရှိနေတာ ဒါ့အပြင် လူသားတွေက ပင်လယ်ထဲကိုရှာဖွေလေ့လာဖို့အတွက် အရည်အချင်းအပြည့်အ၀မရှိသေးဘူးလေ ဒီတော့ မြေပြင်ပေါ်မှာရှိတဲ့၀ိညာဥ်သားရဲကောင်တွေလိုမျိုး ပင်လယ်ထဲမှာရှိတဲ့ ၀ိညာဥ်သားရဲကောင်တွေက လူသားတွေနှောင့်ယှက်တာကို မခံရဘူးပေါ့ ဒါကြောင့် သူတို့တွေက အများကြီးပိုစုစည်းသလို မြေပြင်ပေါ်က ၀ိညာဥ်သားရဲကောင်ထက် ပိုအင်အားကြီးကြတယ်..ဒါပေမယ့် ပင်လယ်ထဲမှာအသက်ရှင်သန်နိုင်ဖို့အတွက် ပြိုင်ဆိုင်ရတာကလဲ အများကြီးပိုကြမ်းတမ်းတာပေါ့ ၀ိညာဥ်သားရဲကောင်တွေရဲ့ မျိုုးစိတ်တွေအများကြီးထဲမှာ ပင်လယ်ထဲမှာရှိတဲ့ မျိုးစိတ်တွေက မြေပြင်ကထက် ပိုပြီးအရွယ်အစားကြီးကြတယ်..ဒါကြောင့် အားကောင်းတဲ့ပင်လယ်နေ၀ိညာဥ်သားရဲကောင်တွေတောင်မှ ပိုကြောက်စရာကောင်းတဲ့ ၀ိညာဥ်သားရဲကောင်အမျိုးအစားနဲ့တွေ့မယ်ဆိုရင် အသက်ဘေးကလွှတ်ဖို့ပြေးနိုင်သလောက် ပြေးကြရတာပဲ ဒါကြောင့် ပင်လယ်နေ၀ိညာဥ်သားရဲကောင်တွေက ပိုအင်အားကြီးလား မြေပြင်ပေါ်မှာရှိတဲ့ ၀ိညာဥ်သားရဲကောင်တွေက ပိုအင်အားကြီးလားဆိုတာကို ငါသေချာမပြောပြနိုင်တာပဲ ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်မေးလိုက်ပါတယ်။

” ဒါဆိုရင် ထိပ်တန်းသားရဲကောင်ဆယ်ကောင်ရဲ့ နံပါတ်တစ်စာရင်းထဲမှာ ဘယ်သူရှိနေတာလဲ ဘယ်လိုစွမ်းအားရှိနေတာကကော ကျွန်တော်သိခွင့်ရှိမလား ”

” ငါလဲသိပ်မသေချာဘူး ”

ရေခဲဧကရီက ပြန်ဖြေလိုက်ပါတယ်။

” ကောင်းကင်အိပ်မက်ကို မေးသင့်တယ်..သူဆိုရင်သိချင်သိမှာပေါ့ ငါသိသလောက်အရကတော့ ဒီထိပ်တန်းသားရဲကောင်ဆယ်ကောင်ရဲ့အဓိကခေါင်းဆောင်က မဟာကြယ်တာရာသစ်တောထဲမှာရှိနေတယ်…ဒါပေမယ့် သူက နှင်းဧကရီထက်တော့ ပိုအင်အားကြီးတယ်လို့ ငါမထင်ဘူး ”

” ဟုတ်သားအစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်ဘာလို့အစ်ကိုကိုမေ့နေရတာလဲ အစ်ကိုမှာနှစ်ပေါင်းတစ်သိန်း၀ိညာဥ်စွမ်းရည်ရှိတယ်လေ တကယ်ဆိုရင် အစ်ကိုကိုစာရင်းထဲထည့်သင့်တယ်မဟုတ်ဘူးလား ”

” သူ့က်ိုစာရင်းထဲထည့်ရမယ်တယ်တဲ့လား ”

ကောင်းကင်အိပ်မက်မပြောနိုင်ခင်အချိန်မှာပဲ ရေခဲဧကရီက ပြောပါတော့တယ်။

” သူက ဖောင်းဖောင်းပွပွပိုးကောင်ကြီးတစ်ကောင်ပဲလေ ဘယ်လိုလုပ်ရူးသွပ်သားရဲကောင်လို့ ခေါ်လို့ရမှာလဲ သူ့ရဲ့မဟာကြယ်တာရာသစ်တောထဲမှာ အများကြီးစွမ်းဆောင်ပေးခဲ့တာကြောင့်သာ မဟုတ်ဘူးဆိုရင် အဲ့ဒီနေရာမှာ ဘာကြောင့်များ အန္တရာယ်ကြီး၀ိညာဥ်သားရဲကောင်တွေ ပေါလာရမှာလဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ မကျေမနပ်နဲ့ ပြန်ပြောပါတော့တယ်။

” မင်းရဲ့သွေးကအများကြီးပိုကောင်းတာမဟုတ်ဘူးလား အကယ်၍ မင်းသာငါ့ကို ကောင်းကောင်းဆက်ဆံပြီ ငါနောက်လိုက်မယ်ဆိုရင် သေချာပေါက် ငါတို့စွမ်းအားတွေပေါင်းစည်းပြီ ဇနီးနဲ့ ခင်ပွန်းသည်အဖြစ် လောကကြီးကိုတောင် အုပ်စိုးလို့တောင်ရနေပြီ ”

ရေခဲဧကရီက အေးစက်စက်နဲ့ ပြန်မေးလိုက်ပါတယ်။

” ဇနီးနဲ့ ခင်ပွန်းသည်လား နင်ငါနဲ့တန်လို့လား နင်က ငါအစာအဖြစ်တန်တာနဲ့တင် လုံလောက်နေပြီ အကယ်၍ အဲ့တုန်းကငါသာနင့်ကိုစားနိုင်လိုက်မယ်ဆိုရင် သေချာပေါက် နယ်မြေတစ်ခွင်မှာအင်အားအကြီးဆုံးသားရဲကောင်ဖြစ်လာမှာပဲ ”

ကောင်းကင်အိပ်မက်က ရေခဲဧကရီကို အရင်ကလောက်ဆက်တိုက်မပိုးပန်းနေတော့ပါဘူး။ သူတို့ကြားမှာ ကွာခြားချက်က အများကြီးရှ်ိတယ်ဆိုတာကိုလဲ နားလည်သွားလို့လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူမာကျောဖို့အတွက် ဆုံးဖြတ်လိုက်တယ်။

” စားဖို့စားဖို့ မင်းသိတာအားလုံးက စားဖို့ပဲ မင်းကကင်းမြီးကောက်လား ၀က်လား ”

” နင်သေချင်နေပြီလား ”

ရေခဲဧကရီကင်းမြီးကောက်က ထအော်ပါတော့တယ်။

ကောင်းကင်အိပ်မက်က အကြောက်လန့်ကင်းကင်းနဲ့ ပြန်ဖြေတယ်။

” လာလေ ငါ့ကိုကိုက်လိုက်စမ်းပါ ငါတို့တွေအားလုံးက တစ်လှေထဲစီး တစ်ခရီးထဲသွားဖြစ်နေပြီဆိုမှတော့ အကယ်၍ ငါသေရင်း ယွိဟောင်လဲသေမယ်..မင်းလဲသေပြီပဲ ဟွန့် ”

” ငြင်းခုန်မနေကြနဲ့တော့ ပြန်အိပ်ကြရအောင် ”

ဟို့ယွိဟောင်က သူ့ခေါင်းသူကိုင်လိုက်ချိန်မှာပဲ မူးဝေအောင်ခံစားလိုက်ရပါတော့တယ်။

” ယွိဟောင် မင်းရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းပြန်ကောင်းနေပြီ အဆင့်သုံးဆယ်ရအောင် ကြိုးစားသင့်တယ်.ဒါဆိုရင် စွမ်းအားတွေကို ပိုချောချောမွေ့မွေ့ထိန်းချုပ်နိုင်လိမ့်မယ်..အနည်းဆုံးတော့ ကိုယ့်ကိုကိုယ်ပိုပြီးကာကွယ်နိုင်တာပေါ့ ”

” ကောင်းပါပြီ ”

ဟို့ယွိဟောင်လဲ ပြန်ဖြေလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာပဲ အိုမင်းတဲ့အသံကြီးက ထွက်ပေါ်လို့လာပါတယ်။

” ၀ိညာဥ်၀ါးမြိုထွင်းထုရေးဓားကို မြန်နိုင်သလာက်မြန်အောင် မင်းယူလာခဲ့ ဒါကမင်းအတွက်အများကြီးအဓိပ္ပာယ်ရှိတယ်..ငါအတွက်လဲ အဓိပ္ပာယ်ရှိတာပေါ့ ဒါဆိုရင် ငါ့ရဲ့အသိစိတ်က ပျောက်ကွယ်သွားမှာကို စ်ိုးရိမ်စရာမလိုတော့ဘူး ”

” ကောင်းပါပြီ ”

ဟို့ယွိဟောင်က လျှပ်စီးဧကရာဇ်ကို ကောင်းကင်အိပ်မက်နဲ့ ရေခဲဧကရီတို့ထက် ပိုလေးစားလာသလို ပိုလဲယုံကြည်ပါတယ်။ ဒီလျှပ်စီးဧကရာဇ်က တည်ငြိမ်အေးဆေးရုံတင်မကပဲ လူသားတစ်ယောက်လဲဖြစ်ခဲ့ဖူးတယ်။

သူ့ကိုဆေးကြောသုတ်သင်ပြီတာနဲ့ ဟို့ယွိဟောင်လဲ ၀မ်သုန့်နဲ့အတူ အစာသွားစားပါတော့တယ်။ သူတို့နှစ်ယောက်စလုံးက ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကို တစ်ခွန်းမှတောင်မပြောခဲ့ပါဘူး။ တစ်ဖက်လူက သော့်လော့ဖြစ်နေရင်တောင် သူတို့အတွက်ကတော့ တကယ်အရှက်ကွဲမှုကြီးဖြစ်နေဆဲပါ။ ဒါ့အပြင် သူတို့အဖွဲ့ကလဲ ကြယ်တာရာလော့မြို့တော်ထဲမှာရှိနေတုန်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲ၀င်တွေဖြစ်သလို သူတို့အုပ်စုဆရာကလဲ ၀မ်ယန်ပါ။ သူက၀ိညာဥ်ဘုရင်အဆင့်သာရှိပါသေးတယ်။ ဘယ်သူကများ သူတို့အတွက် တရားမျှတအောင်လုပ်ပေးနိုင်မှာလဲ။ အဲ့ဒီသော့်လော့က ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အကာအကွယ်သော့်လော့ပါ။ ဒါ့အပြင် ဒီအရှက်ကွဲမှုက သူတို့နှလုံးသားထဲမှာ ထာ၀ရကျန်ရှိနေမှာလဲဖြစ်ပါတယ်။

အပိုင်း ၉၅•၃ ပြီ၏။

Comment

Leave a Reply

Options

not work with dark mode
Reset