စာကြည့်တိုက် တာအိုသခင်
အပိုင်း ၇၆။ အိမ်စာကူးရေးရုံပဲကို ငါက ကိုယ်ဝန်ရှိနေတာမှ မဟုတ်တာ။
ယဲ့ရှောင်က လှည့်ကြည့်လိုက်လေရာ ဖျောင်ကျန့်ရှန် ဖြစ်နေသည်။
” ရှင်တို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် သိတယ်လား ”
ချင်ယွိယန်က ယဲ့ရှောင်နှင့် ဖျောင်ကျန့်ရှန်ကို ထူးဆန်းသော အမူအယာဖြင့် ကြည့်နေ၏။ သူမက ထိုနှစ်ယောက်အကြောင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။ သူတို့နှစ်ယောက်ထဲတွင် တစ်ယောက် စာကြည့်တိုက်ထဲတွင်သာ စာဖတ်ဖို့ သိသည်။ လူမှုဆက်ဆံရေးနှင့် ကင်းဝေးနေသူ ဖြစ်ပြီး နောက်တစ်ယောက်ကမူ သိုင်းခန်းမဆောင်၌ ဓါးရေးကို ကျင့်ကြံဖို့သာ သိသည့် အရူးတစ်ယောက် ဖြစ်သည်။
သူတို့က မည်သည့်အခါကမှ အပြင်မထွက်ကြပေ။
နှစ်ယောက်သားက မည်ကဲ့သို့ သိနိုင်မည်နည်း။
ဖျောင်ကျန့်ရှန်က ပြောလိုက်သည်။
” စာအုပ်ငှားဖို့ စာကြည့်တိုက်ကို သွားတဲ့အချိန် မစ္စတာ ယဲ့နဲ့ သိခဲ့တာ ”
” ကျွန်မ သဘောပေါက်ပြီ ”
” မင်းတို့နှစ်ယောက် ချိန်းတွေ့နေတာမလား။ ဟုတ်ပြီ .. ငါ မနှောက်ယှက်တော့ဘူး ”
သူ၏ စကားများက ချင်ယွိယန်၏ မျက်နှာကို နီရဲသွားစေတော့သည်။ သို့သော် ချင်ယွိယန် မရှင်းပြနိုင်ခင် ဖျောင်ကျန့်ရှန်က လှည့်ထွက်သွားပြီး နောက်တစ်ဖက်သို့ ထွက်သွားတော့၏။
ဖျောင်ကျန့်ရှန်ကို ဆက်သွယ်ရန် အချက်အလက် လိုအပ်ချင်သည့် မိန်းကလေးများစွာလည်း ရှိသည်။ သို့သော် သူက အားလုံးကို လျစ်လျူရှူပြီး ထွက်သွား၏။ သွားသည့်ဘက်က ကျောင်းတော်သိုင်း ခန်းမဆောင်၏ အရပ်ဘက် ဖြစ်သည်။
” ဒီလူက အတော်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ တခြားသူတွေနဲ့ မတူဘူး။ လူငယ်တွေ အများကြီးထဲမှာ အရည်အသွေးက သူ့လောက် မမြင့်ကြဘူး ”
ယဲ့ရှောင်က သူ့နောက်ကျောကို ကြည့်ပြီးမှတ်ချက်ချလိုက်မိ၏။
ချင်ယွိယန်က သူ့ကို အပြစ်ရှိစိတ်အချို့ဖြင့် ကြည့်ပြီးနောက် ရှင်းပြလိုက်သည်။
” သူက စီရင်စု ၉ခု သွေးမျိုးဆက် ၈ပုံ ၇ပုံပါတယ်။ ကျန်တဲ့ ၈ပုံ ၁ပုံက ဟန်နိုင်ငံသွေးမျိုးဆက်ပဲ ”
” သိပြီ ”
သူက လူကောင်းတစ်ယောက်ပါပဲ။ ကျွန်မ အဖိုးက ဒီအကြောင်းရင်းကြောင့်ပဲ သူ့ကို ကူးပြောင်း ကျောင်းသားတစ်ယောက်အဖြစ် လိုချင်တာလေ။ မဟုတ်ရင် သူ့ရဲ့ ပါရမီ ဘယ်လောက်ပဲ ကောင်းကောင်း ဘယ်လောက်ပဲ ကျော်ကြားကျော်ကြား ကျွန်မ အဖိုးက လက်ခံမှာ မဟုတ်
ဘူး ”
” ဒီအကြောင်းရင်းကြောင့်ပဲနဲ့တော့ မဟုတ်လောက်ဘူး။ ဟုတ်တယ်မလား ”
ချင်ယွိယန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
” ဟုတ်တယ်။ သူက ဟန်နိုင်ငံက ဓါးပညာရှိ လျိုချန်စွင်းရဲ့ တပည့်လေ။ ကျွန်မ အဖိုးက လျိုချန်စွင်းရဲ့ ဓါးဆန္ဒ တချို့နဲ့ သူ့ဆီက သိုင်းကွက်တချို့ သင်ယူချင်နေတာ ”
” သိုင်းပညာရှင် တစ်ယောက်အနေနဲ့ ဒီလိုလုပ်တာက နည်းနည်းတော့ စပ်ဆုတ်ဖို့ ကောင်းတယ် ”
” ဒါပေမဲ့ ကျွန်မ အဖိုးမှာလည်း ရွေးချယ်စရာ မရှိဖူးလေ ”
” ကျန်ခဲ့တဲ့ နှစ် ၂၀၀တုန်းက ကြယ်တာရာသားရဲတွေဆီကနေ ထပ်ခါတလဲလဲ တိုက်ခိုက်ခံရတာကြောင့် အမွေအနှစ် တော်တော်များများ စီရင်စု ၉ခုထဲမှာ ဆုံးရှုံးသွားခဲ့တယ်။ ဒေသအသီးသီးရဲ့ နည်းပညာ ပိတ်ဆို့မှု ဇီဝနည်းပညာမှာ စီရင်စု ၉ခုရဲ့ နည်းပညာတွေကလည်း မဖွံ့ဖြိုးလာနိုင်တော့ဘူး။ ဒါကြောင့် ကျွန်မ အဖိုးက စီရင်စု ၉ခုရဲ့ သိုင်းပညာရှင်တွေ ပိုသန်မာလာပြီး ပြန်ရှင်သန်လာနိုင်မဲ့ အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး ”
ယဲ့ရှောင်က တိတ်သွားတော့သည်။
ထိုလူများ၏ အသံတိတ် ကြိုးစားအားထုတ်မှုနှင့် ခက်ခက်ခဲခဲ ကြိုးစားမှုတို့က စီရင်စု ၉ခုကို အရှေ့အရပ်၌ ရပ်တည်နေနိုင်စေပြီး မပြိုလဲသွားစေနိုင်ဟု ဆိုရမှာပဲ ဖြစ်သည်။ ထိုလူများက စီရင်စု ၉ခု၏ ကျောရိုးများ ဖြစ်သည်ဟု ဆိုနိုင်၏။
လူတစ်ယောက်က အနည်းငယ် တစ်ကိုယ်ကောင်းဆန်နိုင်သော်ငြား လူပေါင်းများစွာသည် စီရင်စု ၉ခုထဲ နစ်မြုပ်ထားကြသည်။ အဆုံးတွင်မူ သူတို့က အထင်ကြီးလောက်သည့် ဧရာမ လူတစ်ဦးအဖြစ် မြင့်တင်ခံရမှာပဲ ဖြစ်သည်။
ယခင်ဘဝတုန်းက ယဲ့ရှောင်သည် အမိမြေအတွက် သူတို့အသက်ကို မြုပ်နှံလိုသည့် အမည်မသိ သူရဲကောင်းများကို ကိုးကွယ်ခဲ့၏။
မဟာသိပ္ပံ ပညာရှင်များ။
ယခု သူက စီရင်စု ၉ခုအတွင်း ရှိနေပြီ ဖြစ်ကာ အရည်အချင်းအချို့ ရှိနေသောကြောင့် သူသည် တိုင်းပြည်အတွက် အနည်းကျင်း အထောက်အကူလည်း ပြုသင့်သည်။ ယင်းက အချို့သော အံ့ဖွယ်တာဝန်ယူမှု မဟုတ်ပဲ စီရင်စု ၉ခု၏ လူသားတစ်ယောက်အနေဖြင့် ပေးသင့်သည့် တာဝန်ယူမှု တစ်ခုဖြစ်သည်။
စီရင်စု ၉ခု၏ သိုင်းပညာ အမွေအနှစ်များက အတော် လျော့ကျသွားတော့သည်။ ယင်းက စီရင်စု ၉ခုအတွက် မကောင်းပေ။ သို့သော်ငြား အနှေးနှင့် အမြန် ၄င်းတို့ကို ဖာထေးနိုင်ရန် အခွင့်အရေးတစ်ခု ရှိနေသေး၏။ ဆိုရလျှင် ဤနေရာ၌ စီရင်စု ၉ခု၏ အုတ်မြစ် ရှိနေသည်။
ထို့အပြင် သိုင်းပညာရပ်များ၏ ခွန်အားက တစ်ရက်အတွင်း ပြောင်းလဲနိုင်သည့် အရာမဟုတ်ပေ။ သို့သော် စီရင်စု ၉ခု၏ စစ်ပွဲနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုက ခက်ခဲလာသည်။ သူ ဒီစစ်ပွဲ နည်းပညာအကြောင်း အချက်အလက်အချို့ မျှဝေပေးနိင်မည်ဆိုလျှင် စီရင်စု ၉ခု၏ အလုပ်ခွန်အားအတွင်း သိသိသာသာ တိုးတက်မှုကို ယူဆောင်လာပေးနိုင်မှာပဲ ဖြစ်သည်။ ထို့အပြင် အကျိုးသက်ရောက်မှုကလည်း အင်မတန် မြန်ဆန်ပေမည်။
ထိုအကြောင်းကို ပြောတော့မှ သူသည် ကြယ်ဆုံသော ကောင်းကင်၌ သူ ရင်ဆိုင်တွေ့ခဲ့ရသော အမေရိကန် ဂျက်လေယာဥ် အချို့က အတော်ကောင်းမွန်ပုံ ရ၏။ လေယာဥ်မှူးကတောင် ချီရှန်းတစ်ဦး ဖြစ်သည်။ သူတို့ တန်ဖိုးကို လျှော့တွက်၍ မရလောက်ပေ။ ထိုစဥ်က ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးသည်။ တိုက်ခိုက်ရေး ဂျက်လေယာဥ် တစ်စင်းလုံးကို စစ်ဆေးကြည့်ခဲ့သည်။ ထို့ကြောင့် တည်ဆောက်ပုံနှင့် အတွင်းတွင် ပါဝင်သော ကုန်ကြမ်းများကို ကောင်းမွန်စွာ နားလည်သွားပြီ ဖြစ်၏။
အဲ့ဒီအရာရဲ့ ဒီဇိုင်းကို ဆွဲလိုက်ရင်ရော။ မည်သည့်နည်းနဲ့မဆို ယင်းက အမေရိကမှ ဖြစ်သည်။ အမေရိကန် လူမျိုးများသည်လည်း တစ်ပါးသူ၏ ပစ္စည်းများကို လုယူရတာ နှစ်သက်ကြသည်။ ယင်းကို သူ လုယူသွားသည်နှင့် လူ့အသိုင်းအဝိုင်းအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေသည်ဟု တွေးတောရမှာပဲ ဖြစ်သည်။
ထို့အပြင် ဒီဇိုင်းတစ်ခုကို ကူးယူခြင်းနှင့် အိမ်စာကူးယူခြင်းကြောင့် မည်သည့်ကွာဟချက် ရှိမည်နည်း။ အားလုံးက ခဲတံကို အသုံးပြုပြီး စာရွက်ပေါ်၌ ရေးခြင်းသာ ဖြစ်၏။ ရေးကြီးခွင်ကျယ် မဟုတ်။ သူတို့ ကိုယ်ဝန်ရသွားမှာလည်း မဟုတ်ပေ။
အမေရိကန်လူမျိုး သိပ္ပံပညာရှင်များသည်လည်း ယင်းကို နားလည်သဘောပေါက်ပြီး သူ့ကို ကျေးဇူးတင်နေမည်ဖြစ်ကာ သူတို့၏ တီထွင်ဖန်တီးမှုများကို ပိုမြင့်မားသည့် အဆင့်ထိရောက်အောင် မြင့်တင်ပေးသောကြောင့် သူ့ကို ကျေးဇူးတင်နေကြမည်ဟု ယုံကြည်သည်။
” ယဲ့ရှောင် … ရှင် ဘာတွေတွေးနေတာလဲ ”
ချင်ယွိယန်က အော်လိုက်၏။ ယဲ့ရှောင်သည် တိတ်ဆိတ်နေရာမှ သတိဝင်လာပြီး သူ့ကို ကြည့်လိုက်တော့သည်။
” ဘာမှမဟုတ်ဘူး။ ဘာကိစ္စမှ မရှိတော့ရင် ငါ ပြန်သွားတော့မယ်။ နေ့ဝက်ပဲ ခွင့်ယူလာတာ ”
” ကုဟိုင်နဲ့ ဝမ်ဝမ်တို့ကို မပြောတော့ဘူးလား ”
” မလိုဘူး။ နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာ။ ငါလည်း တတိယဘီး မဖြစ်ချင်ဘူး။ သွားတော့မယ် ”
ယဲ့ရှောင်က ချင်ယွိယန်ကို နှုတ်ဆက်ပြီး ထွက်သွားတော့သည်။ ချင်ယွိယန်က ခေါင်းအနည်းငယ် ခါမိလိုက်သည်။
” ဒီလူကတော့ စာကြည့်တိုက်ပြန်ပြီး စာအုပ်တွေ ထပ်ဖတ်ဦးမယ်နဲ့ တူတယ်။ သူ့အတွက် မျှော်လင့်ချက် မရှိဘူး ”
မြို့တော်ဝန်၏ အိမ်၌ တုချန်ဖုန်းသည် မြို့အစီအစဥ်နှင့် တည်ဆောက်မှု ပုံစံကို တုထျန်းယွီ၊ ချင်ရှန်းလုံ အိုးရန်ယွင်ကျုံးတို့နှင့် ဆွေးနွေးနေ၏။
” မြို့တစ်မြို့ရဲ့ အုတ်မြစ်က စာကြည့်တိုက်ထဲမှာ ရှိနေတယ်။ စာကြည့်တိုက်ကို သိုင်းပညာရပ်တချို့ကို ထိန်းသိမ်းပြီး ထပ်အဆင့်မြင့်ရမယ်။သွေးသစ်တွေလည်း စီးမထွက်နိုင်အောင် ထိန်းသိမ်းထားရမယ်။ ဒါမှ သိုင်းပညာရှင်တွေက သူတို့အတွက် သင့်တော်တဲ့ နည်းစနစ်တွေကို ပိုကောင်းကောင်း ရှာဖွေနိုင်မှာ ”
” လက်ရှိ ချူ စီရင်စုမှာ အဆင်ပြေနေတဲ့ ကျောင်းသားတချို့ ရှိတယ်။ သိုင်းကျမ်းတချို့ရှာဖို့ ငါ့ အဆက်အသွယ်တွေနဲ့ သုံးနိုင်တယ်။ အထူးသဖြင့် လက်ရွေးစဥ်တွေ လိုအပ်နေတဲ့ အဆင့်မြင့် သိုင်းကျမ်းတွေပေါ့ ”
” သိုင်းကျောင်းတော်ကလည်း ထပ်ချဲ့ထွင်ဖို့ လိုတယ်။ အဆင့်မြင့် သိုင်းပညာရှင်တစ်စုကို လေ့
ကျင့်ပေးဖို့ ဘွဲ့လွန်စစ်ဆေးခြင်း အတန်းအတွက် ဒိုဂျိုတချို့ကိုလည်း တည်ထောင်ဖို့ စီစဥ်နေတယ်။ တစ်ချိန်တည်းမှာပဲ ကျင့်ကြံဆင့် နိမ့်တယ်။ ဒါပေမဲ့ ကျင့်ကြံဆင့်နိမ့်တဲ့ ကျောင်းသားတွေကို စီမံပေးဖို့ သိပ္ပံ သုတေသန အတန်းတက်ဖို့လည်း တည်ထောင်ချင်တယ်။ ဒါပေမဲ့ နက်နဲတယ်။ နက်နဲတဲ့ ကျောင်းတော်ပညာရပ်တွေက သိပ္ပံသုတေသန အတန်းမှာ ပါပြီး သိပ္ပံနဲ့ နည်းပညာ ပါရမီရှင် တစ်စုကို လေ့ကျင့်ပေးမယ် ”
ချင်ရှန်းလုံ ပြောပြီးသည်နှင့် တုချန်ဖုန်းက ထောက်ခံကြောင်း လက်မြောက်လိုက်သည်။
” ဖြစ်နိုင်တာပဲ။ လက်ရှိ သိပ္ပံနဲ့ နည်းပညာ အရည်အချင်းက စီရင်စု ၉ခုအတွက် အင်မတန် အရေးပါနေတယ်။ သူတို့က မြင့်မြင့်မားမား တန်ဖိုးထားခံရတဲ့ ပါရမီတစ်မျိုးပဲ။ သူတို့ထဲက တချို့ကိုသာ ကျင့်ကြံပေးနိုင်မယ်ဆိုရင် အချိန်တိုအတွင်းမှာ သူတို့ ယူလာပေးနိုင်တဲ့ အကျိုးအမြတ်က လျှော့တွက်လို့ မရမှာ သေချာတယ်။ ကံဆိုးတာက အမေရိကန် သိပ္ပံပညာရှင်တွေရဲ့ ထောက်ပံ့မှုမျိုး ငါတို့မှာ မရှိဘူး။ နည်းပညာအသစ်က အဆင့်မြန်လွန်းတယ်။ ကြည့်ရုံပဲ ကြည့်နေတာပဲ။ သိပ်ကို မက်မောစရာ ကောင်းလိုက်တာ ”
ပြောပြီးသည်နှင့် အတွင်းရေးမှူး တစ်ယောက်သည် စာရွက်စာတမ်း အိတ်ကို သယ်လျက် တုချန်ဖုန်းဆီ ရောက်လာသည်။
” ပါမောက္ခ တု .. ဒါကို တစ်ချက်ကြည့်ပေးပါဦး ”
” ဘာဖြစ်တာလဲ ”
” ဘယ်သူပေးမှန်းတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ သတိပြုမိတဲ့အချိန် ဒါက ကျွန်တော့် လက်ထဲ ရောက်နေပြီ ”
တုချန်ဖုန်း၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားတော့သည်။ သူ့ အတွင်းရေးမှူး၏ ကျင့်ကြံဆင့်သည် ဟို့ထျန်း သတ္တမအဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း သူ သိသည်။ တစ်ဖက်လူက သူမကို သတိမပြုစေပဲ လက်ထဲ စာအိတ်တစ်အိတ် ထည့်သွားနိုင်ခြင်းမှာ ထိုကဲ့သို့သော ခွန်အားမျိုးကို လျှော့မတွက်သင့်ပေ။
သူသည် စာရွက်စာတမ်းအိတ်ကို ချက်ချင်း ဖွင့်လိုက်၏။ သို့သော် စာအိတ်ထဲတွင် ပါသည့်အရာများကို မြင်လိုက်ရသောအခါ သူသည် ကျောင်းတော်၏ ဒါရိုက်တာများကို လျစ်လျူရှူပြီး ထဆဲမိသွား၏။
” လခွမ်း ”
အပိုင်း ၇၆ ပြီး၏။