Chapter – 4.4 ” မိုးကြိုး သွား ပေ့ပေ့ ”
°°°
ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စူးစမ်းထောက်လှမ်းမှုရဲ့ စွမ်းအားက အပြည့်အ၀ကို ပေါ်ထွက်လာခဲ့ပါပြီး ပေ့ပေ့သူ့ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုတွေအားလုံးကို ခန့်မှန်းနေတဲ့အကြောင်းအရင်းကတော့ ဟို့ယွိဟောင်ရဲ့ ကူညီမှုကြောင့်ပါပဲ။ သွေးပန်းပွင့်မြွေက အရှေ့ကိုခုန်ထွက်လာခဲ့ရင်း ပေ့ပေ့ရဲ့ဘယ်ဘက်ကို ရောက်ရှိလာပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့လွှတ်လမ်းကို ကြီးမားပြီအားကောင်းတဲ့ စုပ်ယူနိုင်စွမ်းက တားဆီးလို့ထားခဲ့တယ်။ ဒါ့အပြင် ပေ့ပေ့ရဲ့လက်ထဲကို နောက်ဆုံးမှာ ရောက်ရှိလို့သွားခဲ့ပါပြီး ဒီလိုကြီးမားတဲ့ စုပ်ယူနိုင်စွမ်းက သွေးပန်းပွင့်မြွေကို အရှိန်အဟုန်ပြတ်သွားစေခဲ့ပါတယ်။
သေရေးရှင်ရေးအချိန်ကာလမှာ သွေးပန်းပွင့်မြွေက ချက်ချင်းဆိုသလို စွမ်းအင်အပြည့်အ၀နဲ့ လှုပ်ရှားနေခဲ့ပါပြီး ကြီးမားပြင်းထန်တဲ့ ပန်းရောင်အလင်းတန်းက သူ့ရဲ့ခေါင်းထိပ်မှာ ချက်ချင်းဆိုသလို တောက်ပလာခဲ့ရင်း စူးရှတဲ့ မြွေအော်သံတွေကို ထုတ်လွှတ်ပါတော့တယ်။ ခေါင်းထိပ်မှာ အသက်ပိုလိုရှိနေတဲ့ ပန်းပွင့်ပုံသဏ္ဍာန်ကလဲ ရုတ်တရက် ပေါက်ကွဲထွက်ပြီးပန်းရောင်သွေးတွေနဲ့ ပြုလုပ်ထားတဲ့ မြားတစ်စင်းက ပေ့ပေ့ဆီကို တန်တန်မတ်မတ် ၀င်ရောက်လာခဲ့တယ်။
ဒါပေမယ့် ဒီတိုက်ခိုက်မှုကို ပေ့ပေ့ကတော့ အလျင်အမြန် တုန့်ပြန်ပြီသားပါ။ ပန်းပွင့်လို ပေါက်ကွဲမှုက ထွက်ပေါ်လာပြီတဲ့နောက် ညာဘက်လက်ရဲ့ မိုးကြိုးနဂါးလက်သည်းက ပြင်းထန်တဲ့ တိုက်ခိုက်မှုကို စတင်လှုပ်ရှားပါတော့တယ်။ သွေးပန်းပွင့်ရဲ့ ခန္ဓာကိုယ်ပေါ်အဲ့ဒီလက်က ကျရောက်လို့သွားခဲ့ပြီး ပန်းရောင်သွးတွေကလဲ ဖျက်ဆီးခံလိုက်ရပါတော့တယ်။ ဒါပေမယ့် ပေ့ပေ့ကတော့ ချွေးတွေထွက်နေဆဲပါ။
မိုးကြိုးနဂါးလက်သည်းက လုံး၀ကိုပန်းရောင်ဖြစ်သွားခဲ့ပါပြီး သူ့ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းတာကြောင့်သာ မဟုတ်ရင် ဒီအဆိပ်သွေးတွေနဲ့ ထိတွေ့လို့ကတော့ အတော်လေး ပြဿနာတက်မှာအမှန်ပါပဲ။
ပေ့ပေ့ကတော့ အရှေ့ကိုချက်ချင်းတိုး၀င်လို့သွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ နှစ်တစ်ထောင်သွေးပန်းပွင့်မြွေကတော့ လုံး၀ ပြန်တိုက်ခိုက်နိုင်စွမ်းမကျန်ရှိတော့ပါဘူး။ ပေ့ပေ့ရဲ့ ညာဘက်လက်သည်းထဲမှာ ဖမ်းဆီးခံလိုက်ရပြီး ခန္ဓာကိုယ်ကို အသုံးပြုရင်း ရုန်းကန်ဖို့ ကြိုးစားနေခဲ့ပါတယ်။ ဒါပေမယ့် ကြောက်စရာတိုက်ခိုက်မှုကို ရင်ဆိုင်ရပြီးချိန်မှာ နောက်ဆုံးမှာတော့ သတိလစ်သွားပါတော့တယ်။
ဒီမြွေက လျှပ်စီးလက်သလို မြန်ဆန်တဲ့အရှိန်နှုန်းကြောင့် ကျော်ကြားတဲ့သတ္တ၀ါပါ။ ပေ့ပေ့ရဲ့ လက်ထဲကို ကျရောက်သွားပြီချိန်မှာတော့ သူ့ရဲ့ခုခံနိုင်တဲ့ စွမ်းအားတွေကလဲ မပြောပလောက်ပါဘူး။ ပေ့ပေ့ရဲ့ သူမတူအောင် ထူးခြားတဲ့တိုက်ခိုက်ရေးစိတ်၀ိညာဥ်က အရမ်းကိုအားကောင်းလွန်လှတယ်။
မိုးကြိုးဒေါသရဲ့အောက်မှာ ပေ့ပေ့က မြွေခေါင်းကိုတိုက်ရိုက်တိုက်ခိုက်လိုက်ပါတယ်။ သူ့ရဲ့အရိုးတွေက အချိန်မရွေးဖျက်ဆီးခံရတဲ့အတိုင်း မြင်နေခဲ့ရပါပြီ။
” ရှောင်ယာ ”
ပေ့ပေ့က လှမ်းပြီးအော်လိုက်တယ်။
အစောပိုင်းတုန်းထဲက စောင့်ဆိုင်းနေခဲ့တာက ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ ဟို့ယွိဟောင်ကို ချီလာရင်း သွေးပန်းပွင့်မြွေအနားကို ရောက်ရှိလာပါတော့တယ်။ အဲ့ဒီနောက် သူမရဲ့ လက်ထဲကနေ ပေ၀က်ကျော်ရှည်လျားတဲ့ ဓားသွားတစ်ခုက ပေါ်ထွက်လို့လာခဲ့ပြီး သွေးပန်းပွင့်မြွေရဲ့ ပါးစပ်ထဲကို တိုက်ရိုက်ပြစ်သွင်းလိုက်တယ်။ ဒီမြွေရဲ့သက်တမ်းကို သူအဆုံးသတ်ပေးလိုက်ပါပြီ။
နောက်ဆုံးမှာတော့ ခရမ်းပြာရောင်လျှပ်စီးတန်းတွေကလဲ ပြန်လည်ပျောက်ကွယ်လို့ သွားခဲ့ပြီး ပေ့ပေ့လဲ အေးအေးဆေးဆေး ဖြစ်သွားပါတော့တယ်။ သွေးပန်းပွင့်မြွေရဲ့ခေါင်းမှာတော့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းက ပေါ်ထွက်လို့လာခဲ့တယ်။
ထန်ယာ့က ပေ့ပေ့ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်နေခဲ့ပြီး ပေ့ပေ့ကလဲ ခေါင်းပြန်ညိတ်ပြပါတယ်။
” မြန်မြန်စလိုက်တော့ ငါတို့တွေ သစ်တောအစွန်းမှာ ဒီလိုနှစ်တစ်ထောင်သားရဲကောင်နဲ့ တွေ့ရတာ ကံကောင်းလွန်နေပြီ မဟာကြယ်တာရာသစ်တောထဲမှာ ၀ိညာဥ်သားရဲကောင်တွေရဲ့ အရေအတွက်က တကယ်တိုးပွားလာတာပဲ ”
ထန်ယာ့က ရယ်မောရင်း ပြောလာခဲ့ပါတယ်။
” ဒီလောက်လွယ်လွယ်ကူကူ ဖြစ်မယ်လို့ ထင်မထားခဲ့မိဘူး ငါ့ကိုကာကွယ်ပေး ”
သူမ ပြောပြီတဲ့နောက် ချက်ချင်းသွေးပန်းပွင့်မြွေရဲ့ဘေးမှာ တင်ပလ္လင်ခွေချိတ်ပြီး ထိုင်ချလိုက်ပါတယ်။ သူမရဲ့ညာဘက်လက်ကနေ အပြာရောင်ကျောက်မျက်ရတနာလို တောက်ပမှုတွေက ထွက်ပေါ်လို့လာခဲ့ပါပြီး အဲ့ဒီနောက် ခရမ်းရောင်၀ိညာဥ်စက်ကွင်းနဲ့ သွားပြီးထိတွေ့ပါတော့တယ်။ ခရမ်းရောင်၀ိညာဥ်စက်ကွင်းကို သူမရဲ့လက်ထဲမှာရှိနေတဲ့ အပြာရောင်အလင်းတန်းက အားကောင်းကောင်းနဲ့ စုပ်ယူလိုက်တယ်။ အဲ့ဒီနောက် သူမခန္ဓာကိုယ်နဲ့ ပေါင်းစည်းဖို့ ဖြစ်ပေါ်လာခဲ့ပါပြီ။
ထန်ယာ့ရဲ့ မျက်နှာပေါ်မှာ အပြုံးကတော့ ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားပါတော့တယ်။ လက်ရှိအချိန်မှသာ ဒဏ်ရာက အဆင့်ဆယ့်သုံးရဲ့ အခြေအနေတစ်ခုမှာ ပိတ်မိနေမှန်း ဟို့ယွိဟောင်လဲ သတိထားမိသွားတယ်။ ပေ့ပေ့နဲ့သူတို့ ဒီလိုမျိုးသင့်တော်တဲ့ ၀ိညာဥ်စက်ကွင်းကို လာရောက်ရှာဖွေတာက ထန်ယာ့ရဲ့ သိုင်းပညာ၀ိညာဥ်ကြောင့်လား ဟို့ယွိဟောင် တွေးနေခဲ့မိပါတယ်။ နောက်ပြီရင်း သူတွေ့နေရတဲ့ အရာက အပြာရောင်နွယ်ပင်လိုအရာမျိုးပါ။
” ရှောင်ယာရဲ့ သိုင်းပညာ၀ိညာဥ်က အပြာရောင်ငွေမြက်ပင်ပဲ ”
ပေ့ပေ့က ခပ်တိုးတိုး ပြောလာခဲ့တယ်။ ဟို့ယွိဟောင် စိတ်ထဲမှာတွေးနေတာကို သူသိပုံပါပဲ ဟို့ယွိဟောင်က တအံ့တဩနဲ့ ပြန်ဖြေလာတော့တယ်။
” အပြာရောင်ငွေမြက်ပင်က ထန်မျိုးနွယ်ရဲ့ ဒဏ္ဍာရီထဲမှာ ရှိတဲ့အဲ့ဒီလူနဲ့ အတူတူပဲလား ”
ပေ့ပေ့က ခေါင်းညိတ်လိုက်ပါတယ်။
” လွန်ခဲ့တဲ့ နှစ်တစ်သောင်းမှာ ထန်မျိုးနွယ်ရဲ့ မျိုးနွယ်စုပထမပညာရှင်တွေက ဒီသိုင်းပညာ၀ိညာဥ်ပိုင်ရှင်ကို မှီခိုပြီး ထန်မျိုးနွယ်တစ်ခုလုံးကို တိုးတက်စည်ပင်လာအောင် လုပ်နိုင်ခဲ့တယ်…အဲ့ဒီနောက် သူက နတ်ဘုရားတစ်ပါးဖြစ်လာပြီ မြေကမ္ဘာကနေ ထွက်ခွာသွားခဲ့တယ်လေ ထန်မျိုးနွယ်ထဲမှာ ဘယ်လိုမျိုးဆက်ကိုမှ ချန်ရစ်မထားခဲ့မိဘူး သူ့ကို အလေးအမြတ်ထားပြီး သတိရစေဖို့အတွက် နောက်ပိုင်းမျိုးဆက်သစ်တွေက ခေါင်းမာမာနဲ့ပဲ အပြာရောင်ငွေမြက်ပင်ပိုင်ဆိုင်တဲ့သူတွေကို မျိုးနွယ်စုခေါင်းဆောင်အဖြစ် ရွေးချယ်ဖို့စီစဥ်ခဲ့ကြတယ်။ ဒါ့အပြင် အပြာရောင်ငွေမြက်ပင်ပိုင်ဆိုင်တဲ့ ၀ိညာဥ်ပညာရှင်တွေကိုလဲ အများကြီးကြိုးစားအားထုတ်ပြီး မွေးမြူးခဲ့တယ်…ဒါပေမယ့် အပြာရောင်ငွေမြက်ပင်က ပိုင်ဆိုင်တဲ့သူတိုင်း အင်အားကြီးနေနိုင်တာမဟုတ်ဘူးလေ ထန်မျိုးနွယ်ရဲ့ ဒဏ္ဍာရီလာ သူရဲကောင်းကြီးထွက်ခွာသွားပြီးကထဲက မျိုးနွယ်စုထဲမှာ စွမ်းအားအထွဠ်အထိပ်ရောက်တဲ့သူသိပ်ပြီး မရှိခဲ့ဘူး…ဒါပေမယ့် အခုအချိန်အထိ အဲ့ဒီရိုးရာကတော့ ဆက်ပြီးရှိနေတုန်းပဲ ဘယ်သူမှလဲ မပြောင်းလဲနိုင်ခဲ့ဘူး..ရှောင်ယာရဲ့ အဓိကမွေးဖွားလာတဲ့ ပါရမီတွေက သူ့ရဲ့ငွေမြက်ပင်ကို အသုံးပြုတဲ့နေရာမှာ အတော်လေးကို ကောင်းမွန်အောင်အထောက်အကူပြုပေးတယ်…ဒါကြောင့် တိုးတက်မှုတစ်ခုခု ရှိပါစေလို့ ငါမျှော်လင့်နေရတာပဲ ”
ဟို့ယွိဟောင်ကတော့ သိလိုစိတ်အပြည့်နဲ့ မေးလာပါတော့တယ်။
” ဆရာတူအစ်ကိုကြီး အကယ်၍ ထန်မျိုးနွယ်သာ ဒဏ္ဍာရီထဲက ပြောသလိုမျိုး သန်မာနေခဲ့မယ်ဆိုရင် ဘာဖြစ်လို့ ဒီလိုမျိုးကျဆင်းတဲ့အခြေအနေ ရောက်သွားရတာလဲ ”
ပေ့ပေ့က ပြုံးပြရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။
” အမျက်ဒေါသကျောင်းတော်ကိုရောက်ပြီးဆိုရင် ဒီမေးခွန်းကို နားလည်မှာပါ ဒီမေးခွန်းရဲ့အဖြေကို နားလည်သွားပါလိမ့်မယ်..အတွင်းပြဿနာတွေက အများကြီးပဲ လက်ရှိအချိန်မှာ ထန်မျိုးနွယ်တစ်ခုလုံး ကျန်တဲ့သူတွေက ငါတို့ပဲ ရှိတော့တယ်လေ ဒါကလဲ သိပ်ပြီးဆိုးတဲ့ကိစ္စတော့မဟုတ်ဘူး…အနည်းဆုံးတော့ ငါတို့တွေ သိပ်ပြီးစည်းမျဥ်းစည်းကမ်းတွေကို အာရုံစိုက်စရာမလိုဘူးမဟုတ်လား နောက်တစ်နည်းပြောရမယ်ဆိုရင် ဆရာတူညီလေး မင်းက ငါ့ကိုတကယ်အံ့ဩစေတာပဲ ”
ဟို့ယွိဟောင်က ပေ့ပေ့ပြောတာ သူ့ရဲ့၀ိညာဥ်စွမ်းအားကို ပြောတာမှန်းသိနေခဲ့ပါတယ်။ ဒါကြောင့် သူခေါင်းကုတ်ရင်းနဲ့သာ ပြန်ပြီးပြောလိုက်တယ်။
” ကျွန်တော်က အခုမှစမ်းပြီး သုံးကြည့်နေတုန်း ဒါပေမယ့် အတော်အကူအညီဖြစ်သွားတယ်နော် ”
” နည်းနည်းလောက် အကူအညီ ဖြစ်သွားတယ်လို့ပြောလို့ရတယ်နော် ”
” ဘယ်လိုနည်းနည်းအကူအညီဖြစ်ရမှာလဲ သာမန်နှစ်တစ်ထောင်သားရဲကောင်ကို ရင်ဆိုင်ဖို့ဆိုရင် ငါလဲ အနိုင်ရမယ်လို့ အပြည့်အ၀ အာမမခံနိုင်ဘူး…မင်းရဲ့ စိတ်၀ိညာဥ်စွမ်းအားက အတော်လေး အထောက်အကူ ပြုပေးတာကြောင့်သာ မဟုတ်ရင် အဲ့ဒီသတ္တ၀ါငါ့လက်ထဲက လွှတ်သွားလောက်ပြီ ”
အစောပိုင်းတုန်းက သွေးပန်းပွင့်မြွေနဲ့ တိုက်ခိုက်မှုမှာ နောက်ဆုံး အဆုံးအဖြတ်အတွက် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို သူအဓိကအသုံးပြုခဲ့ရပါတယ်။ ဒါကို အသုံးပြုပြီး သွေးပန်းပွင့်မြွေရဲ့ လှုပ်ရှားမှုတွေကို ခန့်မှန်းနိုင်ခဲ့တယ်။ ဒါတင်မကသေးပါဘူး အရေးကြီးဆုံးအရာကတော့ သူ့ရဲ့ခေါင်းကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ တိုက်ခိုက်ခံရတာကိုရှောင်လွဲနိုင်ဖို့ပါပဲ။
အဲ့ဒီကိစ္စမဖြစ်ခင်မှာ သွေးပန်းပွင့်မြွေရဲ့ ငယ်ထိပ်နေရာကနေ တောက်ပတဲ့အလင်းတန်းတစ်ချို့ ထွက်ပေါ်လာတာကို ရှင်းရှင်းလင်းလင်းခံစားလိုက်မိရပါတယ်။ ဒါက သေချာပေါက် စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့်သာ မြင်နိုင်ခဲ့တာပါ။ သူ့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ မခံစားနိုင်ပေမဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကြောင့်သာ ဒါကိုကြိုသိခဲ့ရတယ်။ ဒီလိုခံစားချက်တွေက ဟို့ယွိဟောင်ရဲ့ ထောက်လှမ်းမှုက အားကောင်းလွန်တာကြောင့်သာ သိနားလည်နိုင်ခဲ့တာပါ ဒါကြောင့် မသိလိုက်မသိဘာသာနဲ့ အလျင်အမြန်အသုံးချပြီး ပြန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင် အကယ်၍ အဆိပ်သွေးတွေသာ သူ့ကို စွန်းထင်းသွားလို့ကတော့ နောက်တစ်ကြိမ် ဆုတ်ခွာပြီမှသာ ပြန်တိုက်ခိုက်ရလိမ့်မယ်။
ဒါကြောင့်သာ ဟို့ယွိဟောင်ရဲ့ တိုက်ပွဲအရည်အချင်းက ဘယ်လောက်အကူအညီပေးနိုင်လဲဆိုတာကို ပေ့ပေ့ နားလည်သွားခဲ့ရတာလဲ ဖြစ်နေခဲ့တယ်။ သူ့စိတ်ထဲမှာ ဆက်တိုက်လဲ တွက်ချက်နေမိတယ်။ ဟို့ယွိဟောင်သာ ပြိုင်ဘက်နဲ့တိုက်ခိုက်ချိန်မှာ ဒီလောက်အကူအညီပေးနိုင်တယ်ဆိုရင် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ််းက မူလအနေအထားထက်နှစ်ဆယ့်ရာခိုင်းနှုန်းအထိကို တိုးမြင့်သွားနိုင်ပါလိမ့်မယ်။ ဒါက တကယ်ကို ပုံမှန်မဟုတ်အောင် ကြီးမားတဲ့ တိုးမြင့်မှုပါပဲ။ ဟို့ယွိဟောင်ရဲ့ ပထမ၀ိညာဥ်စွမ်းအားတစ်ခုသာ ဖြစ်နေခဲ့တာကြောင့် သူထပ်ပြီးလဲ သိချင်နေခဲ့တယ်။
ဟို့ယွိဟောင်က စိတ်ထဲမှာ ကြောက်လန့်နေဆဲပါ။
” အဲ့ဒီမြွေက တကယ်ကို ကြမ်းတန်းရိုင်းစိုင်းတာပဲ အစ်ကိုကြီး အဲ့ဒါဘာ၀ိညာဥ်သားရဲလဲ ”
” အဲ့ဒီမြွေကို သွေးပန်းပွင့်မြွေလို့ခေါ်တယ်…သူ့ရဲ့ အဆိပ်က အတော်ကိုပြင်းတယ်….လူတွေကို ထုံထိုင်စေတဲ့ စွမ်းအားရှိရုံတင်မကဘူး စိတ်အခြေအနေကိုလဲ အများကြီးပျက်စီးစေနိုင်တယ်…အဆိပ်အမျိုးအစား သားရဲကောင်တွေထဲမှာ ကြောက်စရာအကောင်းဆုံးတွေထဲက တစ်ကောင်ပဲ ဒါပေမယ့် သူ့ခန္ဓာကိုယ်က အရမ်းကိုမာကျောတာကြောင့် သာမန်ဓားသွားတွေက သူ့ကို ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး…သူ့ရဲ့ တစ်ခုတည်သော အားနည်းချက်က ပါးစပ်နဲ့ မျက်လုံးပဲ ဒါပေမယ့် သွေးပန်းပွင့်မြွေတွေက သူတို့မျက်လုံးနဲ့ ပါးစပ်ကို အရမ်းကောင်းကောင်းမွန်မွန် ကာကွယ်ထားတယ်…ဒါ့အပြင် အရှိန်နှုန်းကလဲ မထင်မှတ်ထားနိုင်လောက်အောင် မြန်ဆန်တာကြောင့် လူတွေဖမ်းမိဖို့မလွယ်ကူဘူး…ကြောက်စရာအကောင်းဆုံးအရာကတော့ သူ့ရဲ့တိုက်ခိုက်မှုပဲ ပြိုင်ဘက်ကို ရှင်းရှင်းလင်းလင်း သိပြီတာနဲ့ လုံး၀ကို လက်မလျှော့ပဲ တိုက်ခိုက်တတ်တယ် ”
အပိုင်း ၄•၄ ပြီး၏။