Switch Mode

Chapter – 75

ပစ်မှတ်အသစ် ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်။

အပိင်း ၇၅။ ပစ်မှတ်အသစ် ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်။

ထိုနေ့ပြီးနောက် ကျန်းဟိုင်မြို့က တဖန်ပြန်လည်ငြိမ်းချမ်းသွားပြန်၏။ နဥ်ယွိဟန်ကလည်း အလုပ်ပြန်လာသည်။ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေတော့သည်။ သို့သော်ငြား ကျန်းဟိုင်မြို့ထဲတွင် နောက်ထပ် ဒဏ္ဍာရီတစ်ခု ပေါ်လာသည်။ ချီရှန်းသိုင်းပညာရှင်တစ်ဦး ထပ်ပေါ်လာသည်ဟု ဆိုကြသည်။ ထိုထိတ်လန့်ဖွယ် ရှာဖွေတွေ့ရှိမှုက အင်တာနက် အသုံးပြုသူများကြားထဲ၌ အပူတစ်ပြင်း ဆွေးနွေးမှုတစ်ခုကို ဖြစ်စေတော့သည်။

လူများစွာက ကျန်းဟိုင်မြို့ထဲတွင် ရတနာတစ်မျိုး ရှိနေတာဟု ခံစားမိပြီး မိုး နဲ့ မြေ၏ ရတနာများ ပေါ်ပေါက်လာခြင်းက အဓိက ဂိုဏ်းများမှ သိုင်းပညာရှင်များစွာကို ဆွဲဆောင်မိတာ ဖြစ်ဟန်တူသည်။ အင်တာနက်ပေါ်တွင် ထိုဆန်းကြယ်သော သိုင်းပညာရှင်အကြောင်းကို မရေမတွက်နိုင်သည့် ပို့စ်ပေါင်းများစွာ တင်ကြတော့၏။ တစ်ချက်နှိပ်ကြည့်ရုံဖြင့် ကျန်းဟိုင်မြို့၏ ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သော လျှို့ဝှက်ချက်ကို ရှာတွေ့မှာပဲ ဖြစ်သည်။ မုဆိုးမရွာတွင် ကိုယ်ဝန်ဆောင်သည် အဘယ်ကြောင့် များနေရသနည်း။

ရွာ၏ ပျိုးကြဲမှုက လတ်တလောတွင် ညသန်းခေါင်ယံအချိန်တွင် သိသာနေသည်လော။ လူသား သဘာဝ၏ ထင်ယောင်ထင်မှားလေလော။ သို့တည်းမဟုတ် အကျင့်သိက္ခာ ပျက်ပြားခြင်းပေလော။

ကျန်းဟိုင်မြို့၏ မွေးဖွားနှုန်းက မြင့်တက်လာပြီး အစွမ်းထက်သော သိုင်းပညာရှင်များ အားလုံးကို အပူတစ်ပြင်း လာရောက်ရန် နှိုးဆော်နေပြီး ဖခင်ဖြစ်ကြောင်း လာရောက်စစ်ဆေးရန် ပြောနေ၏။

တိုတိုဆိုရလျှင် မည်သည့်အရာမဆို သိုင်းပညာရှင်များနှင့် သက်ဆိုင်နေနိုင်ပြီး ရေးသားသည့် ဇာတ်ကြောင်းများကလည်း ကွက်ကွက်ကွင်းကွင်း ဖြစ်နေ၏။

ယဲ့ရှောင်က ထိုသိုင်းပညာရှင်များသည် သူ ဖြစ်နေကြောင်းသာ မသိထားလျှင် သူသည်လည်း ပို့စ်တင်ရန် ရှောင်ကြဥ်နေတာမျိုး လုပ်မှာ မဟုတ်ပေ။ ထင်သည့်အတိုင်းပင် ကီးဘုတ် စစ်သည်တော်များ၏ သတ္တိက အလွန်ကောင်းသည်။ မည်သည့်နည်းနဲ့မဆို ယင်းက အင်တာနက်ပေါ်တွင် ဖြစ်၏။ သူ မည်သူမှန်း မည်သူမှ မသိပေ။ ထို့ကြောင့် စကားလုံး အချို့ကို ကြုံသလို ရေးနိုင်သည်။

၄င်းကို လူပေါင်းများစွာ ပြောနေလေရာ မဟာ ချီရှန်းတစ်ဦးအဖို့ သူတို့ကို တစ်ယောက်စီ ရှာဖို့က မဖြစ်နိုင်ပေ။ ထို့အပြင် သူ့၌ အချိန်ရှိပါက သူ့ကိုသူ တိုးတက်အောင် ဆောင်ရွက်ရန် နည်းလမ်းသာ တွေးနေမှာပဲ ဖြစ်သည်။

ကုန်လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်စဥ်များကို တွေ့ကြုံပြီးနောက် ယဲ့ရှောင်သည် နတ်ဘုရား အာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို သတိပြုမိပြီး ဖြစ်သည်။ ၄င်းကို အပြည့်အဝ အသုံးပြုနိုင်ရန်အတွက် အခြေအနေအချို့ ရှိနေသေးသည်။ ယဲ့ရှောင်သည် နတ်ဘုရား အာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ပြီး တစ်စုံတစ်ခုနှင့် ဝင်မတိုက်အောင် သူ့ကိုသူ ကာကွယ်နိုင်သော်ငြား ထိုအတိုင်းတော့ မဖြစ်သင့်ပေ။

သို့သော် နတ်ဘုရား အာရုံ စူးစိုက်ခြင်း ကျင့်စဥ်သည် အကန့်အသတ်ကို ရောက်သွားသည့်အချိန်တွင် သူ၏ အရေပြားက အလွန်ပြင်းထန်သည့် အက်ကွဲမှုကို ခံစားမိမည်ဖြစ်ကာ ဆုတ်ပြဲသွားမည့်ပမာ ဖြစ်နေ၏။ ဆိုလိုသည်က သူ၏ ရုပ်ခန္ဓာသည် နတ်ဘုရား အာရုံစူးစိုက်မှု ကျင့်စဥ်က သယ်ဆောင်လာသော အရှိန်ကို ဖြေရှင်းနိုင်စွမ်း မရှိသေးတာပဲ ဖြစ်သည်။ ဆိုရလျှင် အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က ပေါင်းစည်းထားသော ကျင့်စဥ်သည် သာမန်ချီရှန်းအဆင့် ကျင့်စဥ်တစ်ခုထက် များစွာ ပိုအစွမ်းထက်သည်။ ချဲ့ထွင်မှုက မဟာချီရှန်းတစ်ဦး၏ ရုပ်ခန္ဓာက ဖြေရှင်းနိုင်သည့် အနေအထားထက် ကျော်လွန်နေသည်။

ကောင်းကင် ပြုပြင်ခြင်းသည် ဆုတ်ပြဲသွားသော အရေပြားကို အချိန်မရွေး ပြန်ကုသပေးနိုင်သော်ငြား နတ်ဘုရား အာရုံ စူးစိုက်ခြင်း ကျင့်စဥ်ကို အသုံးပြုနေသရွေ့ ဆုတ်ပြဲနေမည်ဖြစ်ကာ ယင်းက အလွန်နာကျင်လွန်းပေ၏။

ထို့အပြင် သွေးများကလည်း နေရာအနှံ့ သွေးစွန်းထင်းမည်ဖြစ်ကာ သူ၏ ချောမောခန့်ညားသော ရုပ်ရည်သွင်ပြင်နှင့် အလွန်ဆန့်ကျင်ဘက် ဖြစ်နေသည်။ ရင်ထဲတွင် သက်သောင့်သက်သာ ရှိတော့မှာ မဟုတ်ပေ။ ထို့ကြောင့် ယဲ့ရှောင်သည် ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ကို လေ့ကျင့်ရန် ပြင်ဆင်လိုက်၏။ လကုန်ချိန်၌ ကျန်းဟိုင် သိုင်းကျောင်းတော် အတန်း ၂၂၇က တရားဝင် ဘွဲ့ရသည်။

ယဲ့ရှောင်သည် ထိုအရာကို စိတ်မဝင်စားပေ။
ကုဟိုင်က သူ့ကို ဖျောင်းဖျရန် ကြိုးစားရင်တောင် သူက သွားရမှာ ပျင်းရိနေ၏။ သို့သော် အဆုံးတွင်မူ သူက သွားရသေးသည်။ ချူ စီရင်စု ရှောင်လင် သိုင်းကျောင်းတော်သည် ဘွဲ့ယူခြင်း အခမ်းအနားတွင် ပါဝင်ပြီး မိန့်ခွန်းပြောကြားမည်ဆိုတာ ကြားလိုက်ရသည့် အကြောင်းအရင်းအပြင် ကျန်သည့် အကြောင်း မရှိပေ။ ထိုကဲ့သို့သော အရာမျိုးက ကျန်းဟိုင်သိုင်းကျောင်းတော်ကဲ့သို့ သေးငယ်သည့် ကျောင်းတော်လေး၏ စံသတ်မှတ်ချက် တစ်ခုနီးပါး ဖြစ်လာနိုင်သည်။ ဘွဲ့နှင်းသဘင် အခမ်းအနား၌ မိန့်ခွန်းပြောရန် အဆင့်အတန်းနှင့် မျက်နှာရှိသူကို မဖိတ်ခေါ်ခြင်းက သင့်လျော်မှု မရှိဘူးဟု ထင်ရသည်။

ယဲ့ရှောင် ဤနေရာသို့ အဓိက လာရခြင်းက အခြေခံကျင့်စဥ် အချို့ကို ရယူနိုင်ရန် အခွင့်အရေး ရှိမည်လားဆိုတာ မြင်ချင်သောကြောင့် ဖြစ်သည်။ ဤလောကထဲရှိ သိုင်းပညာရှင်များ အားလုံးက ရှောင်လင်မှ လာသည်ဟု ဆိုကြပြီး ရှောင်လင်၌ ကျင့်စဥ်များစွာ ရှိနေသည့် အခြေခံကျင့်စဥ်များကို ရှာဖွေရန် အလွန်လွယ်ကူပေလိမ့်မည်။ ထင်သည့်အတိုင်း သူ အမှန်တကယ်တစ်ခု ရှာဖွေခဲ့၏။

မိန့်ခွန်းပြောကြားနေသော မဟာဂိုဏ်း ရဟန်းအိုကြီးတစ်ပါးက ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်၊ အရိုးခွန်အားနှင့် အရိုးအားဖြင့် ကျင့်စဥ်ပင် ဖြစ်သည်။ ယင်းက ရှောင်လင် သိုင်းကျောင်းတော်၏ ဘိုးစဥ်ဘောင်ဆက် အခြေခံ ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်တစ်မျိုး ဖြစ်သည်။ ၄င်းက ခန္ဓာကိုယ်ကို ခွန်အားဖြည့်ပေးနိုင်သော အာနိသင်ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တိုးတက်စေပြီး ခန္ဓာကိုယ်၏ ပြောင်းလွယ်ပြင်လွယ်မှုကို တိုးစေ၏။

ရှောင်လင် ခန္ဓာ ခွန်အားဖြည့် ကျင့်စဥ်၏ အမြင့်ဆုံး ကျင့်စဥ်က တန့်ထုံ ပြောင်းလဲခြင်း ကျမ်း ဖြစ်သည်။

သို့သော် ဤကဲ့သို့ နေရာမျိုး၌ သင်ယူ၍ မရနိုင်တာ သိသာသည်။ ကြက်သား အရွတ်ကြောနှင့် အရိုးခွန်အားဖြညိ့ ကျင့်စဥ်တို့ကဲ့သို့ ကျင့်စဥ်မျိုးကိုသင်ကြားပေးမည့်အစား ဂိုဏ်းထဲသို့ ၀င်သည့် ရှောင်လင် တပည့်များကသာလျှင် လေ့ကျင့်ကြတာပဲ ဖြစ်သည်။ သို့သော် ယင်းကလည်း အလွန်ကောင်းမွန်ပေ၏။

ယဲ့ရှောင်တွင် ယခင်က ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်လေးတစ်ခု ရှိပြီးသား ဖြစ်သည်။ ယနေ့တွင် သူ တစ်ခု ထပ်မံသင်ယူလိုက်လေရာ သူ့၌ ခန္ဓာသန့်စင်ခြင်း ကျင့်စဥ် ၆မျိုးရှိနေပြီ ဖြစ်ပြီး သူတို့ကို အောင်မြင်စွာပေါင်းစည်းနိုင်ရန် သိပ်မလိုတော့ပေ။ ယင်းက အကျိုးအမြတ် ရှိသည့် ရိတ်သိမ်းမှုသာ ရှိသည်။ အံ့သြဖွယ် ကောင်းလှပေ၏။

လူအနည်းစုသာလျှင် မိန့်ခွန်းရှည်ကြီးကို ဂရုတစိုက်နားထောင်သည်။ ကျန်းဟိုင်သိုင်းကျောင်းတော်၏ တပည့်များက ကျင်းတု သို့မဟုတ် ကျင်းသို့ ကျောင်းတော်၏ ထိပ်တန်းသိုင်းကျောင်းတော်၏ တပည့်များနှင့် ယှဥ်နိုင်ရန် ဝေးကွာလွန်းနေသည်။ မိန့်ခွန်းပြီးနောက် ကျောင်းသားများသည် အမှတ်တရအနေဖြင့် ဓာတ်ပုံရိုက်ရန် စုဝေးချိန် ရောက်လာတော့သည်။ ချင်ယွိယန်နှင့် လုဝမ်ဝမ်တို့က ကျောင်းယူနီဖောင်းများ ဝတ်ထားသည်။
လုဝမ်ဝမ်၏ ဗိုက်က အတော်လေး ဖောင်းနေပြီ ဖြစ်ကာ ယူနီဖောင်း၏ ဝမ်းဗိုက်နားရှိ ကြယ်သီးများကို မတပ်နိုင်တော့ပေ။

ကုဟိုင်သည် မြို့စောင့်တပ်ဖွဲ့၏ ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ သူက မြို့စောင့်တပ်ဖွဲ့တွင် အလုပ်ဝင်ပြီးမှ ကျောင်းတော်သို့ ရောက်လာတာပဲ ဖြစ်သည်။ တာဝန်ကို အမည်ခံမိသူက သူ၏ ဇနီးကို အမှန်တကယ် စနှောက်နေသည်။ ကျန်သည့်သူများကို အမြတ်ထုတ်ရသည့် အချိန်တွင် သူက အမြဲတမ်း ဉာဏ်များသည်။
သို့သော် ယဲ့ရှောင်က ထိုလူသည် အထူးလေ့ကျင့်ရေးစခန်းထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်လိမ့်မည်ဟုပဲ မထင်ထားပေ။ သူက နောက်လ စုဆောင်းမှု လေ့ကျင့်ရေးထဲ စတင်ဝင်ပါမှာပဲ ဖြစ်သည်။ ယင်းက သူ ထင်ထားတာကို ကျော်လွန်နေ၏။

သူတို့က ဓာတ်ပုံရိုက်ပြီးနောက် ကုဟိုင်နှင့် လုဝမ်ဝမ်သည် ထွက်သွားရန် အခွင့်အရေးတစ်ခုတိတ်တဆိတ်ရှာပြီး ယဲ့ရှောင်နှင့် ချင်ယွိယန်တို့ကို ချန်ထားရစ်ခဲ့၏။ ထွက်မသွားခင် ကုဟိုင်က ယဲ့ရှောင်ကို အချက်တောင် ပြလိုက်သေးသည်။

လက်တစ်ဖက်က စက်ဝိုင်းဖွဲ့လျက် ကျန်လက်တစ်ဖက်က နို့လက်ဖက်ရေကို မွှေရန် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

ယဲ့ရှောင်က ကုဟိုင်သည် သူ့ကို ဤနေရာသို့ လာရန် ခက်ခက်ခဲခဲ ဖျောင်းဖျနေရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။ သူက ချင်ယွိယန်နှင့် ချိတ်ပေးချင်နေသောကြောင့် ဖြစ်သည်။ သူ ယခင်က ပြောခဲ့ဖူး၏။ ချင်ယွိယန်က ချမ်းသာပြီး ရည်မွန်ကာ လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ ထို့အပြင် သူသည် ငယ်ရွယ်သော သိုင်းပါရမီရှင်လည်း ဖြစ်သည်။
သူမ၏ စိတ်နေသဘောထားက အလွန်ကောင်းမွန်၏။ သူသာ သူမကို လက်ထပ်ခဲ့လျှင် လက်ကျန်ဘဝ၌ စိုးရိမ်ပူပန်စရာ ရှိမှာ မဟုတ်ပေ။ ကံဆိုးသည်က ယဲ့ရှောင်က ချင်ယွိယန်ကို စိတ်မဝင်စားပေ။ သူ့၌ ထူးထူးခြားခြား ပြဿနာများ ရှိနေသောကြောင့် မဟုတ်ပေ။

သို့သော် သူက အသက် ၂၀သာ ရှိသေး၏။ သူ၏ အချိန်များ အားလုံးကို အမျိုးသမီးများဆီ အဘယ်ကြောင့် ကုန်ဆုံးမည်နည်း။ အမျိုးသားများသည် လောကကို ဦးစွာ စိုးမိုးရမည်။ သူ ပြိုင်ဘက်ကင်းလာသည့် အချိန်တွင် မည်ကဲ့သို့သော အမျိုးသမီးကို သူ မရှာနိုင်ပဲ ရှိမည်နည်း။

” ကုဟိုင် .. ဝမ်ဝမ်နဲ့ တခြားသူတွေ ဘယ်မှာလဲ ”

” မသိဘူး။ တစ်နေရာရာမှာ ဓာတ်ပုံရိုက်နေတာ နေမယ် ”

” နှစ်ယောက်သားက ငါတို့ကို နောက်မှာထားခဲ့တာပဲ ”

” ငါတို့နှစ်ယောက်ကို တတိယဘိတ်လို့ တွေးနေတာကြောင့်နေမှာ ”
ချင်ယွိယန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။

” တစ်ကိုယ်တည်းသမား ဖြစ်ရတာ ခက်ခဲတာပဲ။ သွားလိုက်တဲ့ နေရာတိုင်း သူများတွေ အထင်သေးတာ ခံရတယ် ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။

” မင်း ဘွဲ့ရပြီးသွားရင် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဆက်ဖြေပြီး ကျင့်ကြံမှာလား ဒါမှမဟုတ် အလုပ်ရှာချင်တာလား ”

ချင်ယွိယန်က ဆံပင်ကို နားရွက်နောက် သပ်တင်ပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။

” ကျွန်မ ဘွဲ့လွန် ဝင်ခွင့်စာမေးပွဲ မဖြေတော့ဘူး။ စာလေ့လာတာကို အာရုံစိုက်နေမယ်ဆိုရင် ကျွန်မ တိုးတက်မှု ဖြစ်စဥ်က အမြဲတမ်း ကန့်သတ်ခံထားရမှာ။ ဒါ့အပြင် လက်ရှိမှာ စီရင်စု ၉ခုထဲ ပညာရေး အရင်းအမြစ်တွေ ချို့ယွင်းနေတယ်။ ဆရာဖြစ် စာမေးပွဲ ဖြေဖို့ ကျန်းဟိုင် သိုင်းကျောင်းတော်မှာ သင်ပေးဖို့ ပြင်ဆင်နေတယ်။ တိုင်းပြည်အတွက် ပါရမီရှင်တွေ ပျိုးထောင်ပေးရမှာ ကျွန်မ အပိုင်းပဲ ”

” ကြားရတာ ကောင်းပါတယ် ”

ယင်းက ချင်ယွိယန်အပေါ် ယဲ့ရှောင်၏ အမြင်အနည်းငယ် ပိုကောင်းသွားစေ၏။

မျိုးချစ်သိသူ တစ်ယောက်သည် လူကောင်းတစ်ဦး ဖြစ်ရန် မလိုအပ်ပေ။ သို့သော် သေချာပေါက် ဆိုးယုတ်နေမှာလည်း မဟုတ်ပေ။

” အား .. ဟုတ်သား နောင်ကြ ကျွန်မ သင်ပေးတဲ့အချိန် စာအုပ်တွေ ပစ္စည်းတွေ လိုလာမှာပဲ။ အဲ့ဒီအခါ ရှင့်ကိုပဲ ဒုက္ခပေးရတော့မှာ ”

” ရပါတယ်။ လိုတာရှိရင် မင်းအတွက် နဥ်ကို ပြင်ဆင်ခိုင်းလိုက်မယ် ”

” ကျေးဇူးပါ ”
သူတို့နှစ်ယောက်က ပြောနေစဥ် ယဲ့ရှောင်၏ နောက်မှ အသံတစ်သံက ပေါ်ထွက်လာလေ၏။

” အား … မင်းလည်း ဒီမှာလား ”

အပိုင်း ၇၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset