အပိုင်း ၇၄။ ငါ ဒါကို မခံနိုင်ဘူး။
” ရေဒါ ဖန်သားပြင်က အမည်မသိ သတ္တဝါ ချဥ်းကပ်လာတယ်ဆိုပြီး ပြနေတာလား ”
” အမည်မသိ သတ္တဝါလား ”
အခန်းထဲရှိ သိပ္ပံပညာရှင်များက မျက်ခုံး ပင့်မိသွားကြသည်။ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးသည့် အမူအယာဖြင့် ကြည့်နေ၏။
” ကြယ်တာရာသားရဲတစ်ကောင်များ ဖြစ်နိုင်မလား ”
” မဟုတ်လောက်ဘူး။ ဒီနေရာက အာကာသနယ်မြေ ။ ကြယ်တာရာသားရဲတွေက ဒီကို လွယ်လင့်တကူ ခြေမချနိုင်ဘူး ”
” ဒါဆို စီရင်စု ၉ခုက လူသားစစ်သည်တော်တွေများလား။ ဒါက စီရင်စု ၉ခုရဲ့ အာကာသနယ်မြေ ဟုတ်တယ်မလား ”
လူတိုင်းက ခေါင်းဆောင်ကို ကြည့်လိုက်ကြသည်။ ခေါင်းဆောင်က အတော်ကြာ တွေးပြီးနောက် ပြုံးကာ ပြောလိုက်တော့၏။
” ဘာလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ။ သူတို့ ဒီရောက်နေပြီဆိုမှတော့ ငါတို့ရဲ့ တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေကို စမ်းသပ်ဖို့ ကူညီပေးလိုက်တာပဲ”
လူတိုင်း၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။
” ခေါင်းဆောင်။ ဒါ မကောင်းဘူးမလား ”
” ဘာတွေ မကောင်းရမှာလဲ။ ဒါက ဂြိုလ်သား ကြယ်တာရာသားရဲတစ်ကောင်ပဲလေ။ နားလည်လား။ ငါတို့ အမေရိကန် စစ်သည်တော် မဟုတ်သရွေ့ အဆင်ပြေတယ် ”
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ကောက်ကျစ်စွာ ရယ်မောလိုက်တော့သည်။
” ကောင်းပြီ။ ချက်ချင်း အမိန့်ပေးလိုက်။ ကြယ်တာရာသားရဲကို သတ်ကြ ”
” တိုက်ခိုက်ရေး ဂျက်လေယာဥ် နံပါတ် ၁ လက်ခံရရှိ ”
” တိုက်ခိုက်ရေး ဂျက်လေယာဥ် နံပါတ် ၂ လက်ခံရရှိ ”
” တိုက်ခိုက်ရေး ဂျက်လေယာဥ် နံပါတ် ၃ လက်ခံရရှိ ”
အမိန့်လက်ခံပြီးနောက် တိုက်ခိုက်ရေး ဂျက်လေ
ယာဥ် ၃စင်းသည် ထိုအရိပ်ဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ချက်ချင်း တိုးဝင်သွားသည်။
နတ်ဘုရား အာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို စမ်းသပ်နေသော ယဲ့ရှောင်သည် သူ့ ခန္ဓာကိုယ်တွင်းရှိ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုမှ သတိပေးချက် ရုတ်တရက် ရလိုက်သည်။ ယင်းက သူ့ကို အတော်အံ့သြမင်သက်သွားစေ၏။
” ဒါက တိုက်ခိုက်ရေး ဂျက်လေယာဥ်လား ”
လူသားများသည် ကြယ်တာရာသားရဲများကို ရင်ဆိုင်တိုက်ခိုက်ချိန်တွင် ကျင့်ကြံခြင်းအပြင် သူတို့ကို သူတို့ ခွန်အားမြင့်တင်ရန် ကျန်သည့်နည်းလမ်းများ ရှိသည်။ အကျော်ကြားဆုံးနှစ်ရပ်က မျိုးရိုးဗီဇ နည်းပညာနှင့် စစ်ပွဲ နည်းပညာပဲ ဖြစ်သည်။
မျိုးရိုးဗီဇ နည်းပညာသည် ကြယ်တာရာသားရဲ၏ မျိုးဆက်ကို ဖြည့်ပေးပြီး လူသားဗီဇအဖြစ် ပြောင်းလဲစေသည်။ ထို့ကြောင့် အကြောင်းအရင်းမှာ လူသားများအဖို့ အဆင့်မြင့်တင်ပြီး အဓိက ဂိုဏ်းသို့ ဝင်နိုင်ရန်က အချိန်တိုတောင်းသည်။ ဘေးထွက်ဆိုးကျိုးများစွာ ရှိသော်ငြား အာနိသင်က အမှန်တကယ် ကောင်း၏။
စစ်ပွဲနည်းပညာသည် နောက်ဆုံးပေါ်လက်နက်များနှင့် ကျန်သည့် ကဏ္ဍများကို သုတေသန ပြုတာပဲ ဖြစ်သည်။ ကြယ်တာရာသားရဲ စစ်မြေပြင်၌ အဖျက်စွမ်းအား ကြီးမားသည့် အစွမ်းထက်သော လက်နက်များစွာကိုလည်း နိုင်ငံများစွာက ဖန်တီးရန် ဖန်တီးခွင့် ပြုထားသည်။ အချို့ကဆို နတ်ဘုရား အံ့ဖွယ်ချီရှန်း၏ တိုက်ခိုက်မှုများဟုတောင် ခေါ်ကြသည်။
ထို့အပြင် တစ်ဖက်လူ၏ တိုက်ခိုက်ရေး လေယာဥ်ပေါ်ရှိ အလံကို ကြည့်လိုက်ရာ ယခုအချိန်တွင် အသန်မာဆုံး နည်းပညာရှိသည့် အမေရိကန်ပင် ဖြစ်ဟန်တူသည်။ ယဲ့ရှောင်က တွေးနေစဥ် ရုတ်တရက် တိုက်ခိုက်ရေး ဂျက်လေယာဥ်မှ ရောင်ခြည် ၆ခုက ပေါ်ထွက်လာသည်။ ထိုကဲ့သို့ ရောင်ခြည်သည် ကြိမ်နှုန်းမြင့်မားသော လေဆာများမှ ထုတ်ဖော်ထားတာ ဖြစ်သည်။ ချက်ချင်းပင် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက ၄င်း၏ ကြမ်းတမ်းမှုသည် ရှန့်ထျန်း စတုတ္ထအဆင့် မဟာချီရှန်းတစ်ဦး၏ တိုက်ကွက်အောက် အားမလျော့ကြောင်း ဆုံးဖြတ်ပစ်လိုက်သည်။
ထို့အပြင် ရောင်ခြည်တန်း၏ အရှိန်က အင်မတန် မြန်ဆန်၏။ ယဲ့ရှောင်က တစ်ဖက်လူသည် လူသားသိုင်းပညာရှင် တစ်ဦးကို တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ ထို့ကြောင့် သူက ကြိုတင် သတိထားတာမျိုး မရှိခဲ့ပေ။ သူ တုံ့ပြန်သည့်အချိန်၌ သူတို့၏ ရောင်ခြည်က သူ့ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။
ယဲ့ရှောင်က ချက်ချင်းပင် လွန်ကဲသော စွမ်းအား ဓါးမော့ကို ထုတ်ဖော်ပြီးနောက် ၄င်းကို ပိုင်းဖြတ်လိုက်၏။ ဓါးသွားအလင်းက လေထဲတွင် တလက်လက် တောက်ပနေသော လျှပ်ပွင့်တစ်ခုကိုဆွဲသွားလျက် ရောင်ခြည်တန်း ၆ခုကို ပေါက်ကွဲသွားစေတော့သည်။
ဖုန်း ဖုန်း ဖုန်း။
မီးရှူး မီးပန်း ၆ခုက ကောင်းကင်ထဲတွင် ပေါက်ကွဲသွားသည့်ပမာ ဖြစ်နေတော့သည်။ မီးခိုးလုံးများက အရပ်မျက်နှာအနှံ့ တက်လာလေ၏။ ယဲ့ရှောင်က ထူထဲသော မီးခိုး၏ အလယ်တွင် ရှိနေသည်။ သူက ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ကို မလေ့ကျင့်ခဲ့ပေ။ သူက သတိထားမှုများစွာ ပြုလုပ်ခဲ့ရာ မဟာချီရှန်းအဆင့် တိုက်ကွက် ၆ခုက သူ့ကို အငိုက်မိသွားသောကြောင့် ဒဏ်ရာ အနည်းငယ် ခံစားလိုက်ရသည်။
ကောင်းကင် ကုသခြင်း ကျင့်စဥ်ကို ထုတ်ဖော်ပြီး ဒဏ်ရာက လျှင်မြန်စွာ ကုသပျောက်ကင်းသွားသည်။ သူ၏ မျက်ဝန်းများက အေးစက်နေပြီး နွေးထွေးမှု အရိပ်ယောင် မရှိပေ။
တစ်ဖက်၏ နည်းပညာအဆင့်က မနိမ့်ပေ။ သူ လူသားတစ်ဦးဆိုတာ သူတို့ မည်ကဲ့သို့ သဘောမပေါက်ပဲ နေမည်နည်း။ သို့သော် သူတို့က သူ့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ သူတို့က သူ့ကို သူတို့စွမ်းရည် လေ့ကျင့်စရာ ပစ်မှတ်တစ်ခုအဖြစ် အသုံးချနေတာ သိသာ၏။
“ငါ ဒါကို သည်းမခံဘူး ”
မျက်နှာချင်းဆိုင်ရှိ တိုက်ခိုက်ရေး ဂျက်လေယာဥ် ၃ခုက တိုက်ခိုက်ပြီးနောက် ချက်ချင်းပင် ထိန်းချုပ်ရေး အခန်းဆီသို့ သတင်းပို့တော့သည်။
” တိုက်ပွဲ ပစ်မှတ် ဖယ်ရှားခံလိုက်ရပါပြီ။ နောက်ထပ် လမ်းညွှန်ချက်ကို တောင်းခံပါတယ် ”
ခေါင်းဆောင်၏ မျက်နှာထက်၌ စိတ်ပျက်မှု အရိပ်ယောင် ပေါ်လာသည်။ စီရင်စု ၉ခုမှ ငါးကြီးတစ်ကောင်ဟု သူ တွေးခဲ့သည်။ ဤနည်းဖြင့် သတ်သည်က စိန်ခေါ်မှု အနည်အကျင်းမျှသာ ဖြစ်နေ၏။ သေးငယ်သော ငါးလေး ဖြစ်လိမ့်မည်ဟု မထင်ထားပေ။
” ထားလိုက်တော့။ ပြန်လာခဲ့ ”
” ဟုတ်ကဲ့ ”
တိုက်ခိုက်ရေး ဂျက်လေယာဥ်သည် လှည့်ပြန်ရန် ပြင်ဆင်နေချိန် ရုတ်တရက် ဖန်သားပြင်ပေါ်ရှိ ရေဒါက အနီရောင် ကြိမ်နှုန်းများကို ထပ်ပြလာသည်။
” သူ မသေသေးဘူး။ မသေသေးဘူး။ သူ့ရဲ့
ဝိညာဥ်စွမ်းအင်တွေကို စလှည့်ပတ်နေပြီ ။ ရေဒါက သတင်းပို့တာက ရန်သူရဲ့ ဝိညာဥ်စွမ်းအင်လှိုင်းက မဟာချီရှန်းတစ်ယောက်ထက် ပိုတယ်။ နောက်ထပ် တိုက်ခိုက်ဖို့ တောင်းဆို ”
ခေါင်းဆောင်၏ မျက်လုံးတို့က လက်သွား၏။ ယင်းက စိတ်ဝင်စားနေတာပဲ ဖြစ်သည်။
” ခွင့်ပြုတယ် ” ပြောပြီးသည်နှင့် တိုက်ခိုက်ရေး ဂျက်လေယာဥ် နံပါတ် ၁က ရုတ်တရက် စာပို့တော့၏။
” ရန်သူ ပျောက်သွားပြီ ”
တိုက်ခိုက်ရေး ဂျက်လေယာဥ် နံပါတ် ၂က လျင်မြန်စွာ အမိန့်ပေးလိုက်သည်။
” သူ မပျောက်သွားဘူး။ သူ မင်းရဲ့ အထက်မှာ ။ သူ့ရဲ့ အရှိန်က အရမ်းမြန်တယ်။ မင်းရဲ့ ရေဒါက မရှာတွေ့တာပဲ။ မြန်မြန် အရှိန်တင်လိုက် ”
တိုက်ခိုက်ရေး ဂျက်လေယာဥ် နံပါတ် ၁ ၏ လေယာဥ်မှူးက သူ့အထက်ကနေ ရွှေရောင်အလင်းလုံးတစ်ခုကျလာတာကို တွေ့လိုက်ရသည်။ မြေကမ္ဘာတုန်လှုပ်ဖွယ် ဖိအားက သူ၏ တိုက်ခိုက်ရေး ဂျက်လေယာဥ်ရှိ သံလိုက်စက်ကွင်းများအားလုံးကို ဖိအားပေါ်လာစေ၏။ ခေါင်းမမော့နိုင်ပဲ သူ နောက်ဆုံးစကားသာ ချန်ထားခဲ့တော့သည်။
” ဘုရားသခင် ”
ဖုန်း။
ချက်ချင်းပင် ရွှေရောင်ဓါးမော့အလင်းက တိုက်ခိုက်ရေး ဂျက်လေယာဥ်ကို လွှမ်းသွားလျက် ၄င်းကို အပြည့်အဝ ဖျက်ဆီးလိုက်တော့သည်။
” မျိုးမစစ်ကောင် ”
ကျန်သည့် တိုက်ခိုက်ရေး ဂျက်လေယာဥ်နှစ်စင်းကလည်း ပေါက်ကွဲမှု ဗဟိုဆီသို့ ချက်ချင်းတိုက်ခိုက်ကြတော့သည်။ သို့သော် နောက်တစ်စက္ကန့်၌ တိုက်ခိုက်ရေး ဂျက်လေယာဥ်တစ်စင်းက ရုတ်တရက် ပေါက်ကွဲသွား၏။ ယင်းက ယဲ့ရှောင်၏ တိုက်ခိုက်မှုကို ခံလိုက်ရတာပဲ ဖြစ်သည်။
” သေစမ်း ”
နောက်ဆုံးချီရှန်း လေယာဥ်မှူးသည် ဉာဏ်ကုန်နေပြီ ဖြစ်သည်။ သူ မည်ကဲ့သို့ နေနိုင်တော့မည်နည်း။ ချက်ချင်းပင် အရှိန်အပြည့်ကို ထုတ်လျက် ကြယ်ဆုံသော ကောင်းကင်၏ ဧရိယာထဲမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် သူ သက်ပြင်းမချလိုက်သေးခင် ဖန်သားပြင်ပေါ်ရှိ တောက်ပသည့် အနီရောင် အလင်းစက်က သူ့နောက် လျင်မြန်စွာ လိုက်လာနေ၏။ ၄င်း၏ အရှိန်က မြန်ဆန်လွန်းလှကာ ခေါင်းမွေးများ ထောင်ထစေသည်။
” ဘုရားရေ။ တစ်ဖက်လူ ပျံတာက ငါ့ထက်တောင် မြန်နေတာပဲ။ အား .. မဟုတ်တော့ဘူး ”
ဖုန်း။
နောက်တစ်စက္ကန့်၌ တိုက်ခိုက်ရေး ဂျက်လေယာဥ်သည် အပြည့်အဝ ဖျက်ဆီးခံလိုက်ရသည်။ ဂျက်လေယာဥ် ၃စင်းကို ဖျက်ဆီးပြီးနောက် တိတ်ဆိတ်မှုသာ ကျန်ခဲ့တော့၏။ တစ်ဖက်လူက ထွက်သွားတာ သိသာသည်။
ထိန်းချုပ်ရေး အခန်းထဲတွင် သိပ္ပံပညာရှင်များအားလုံးက နေရာတွင်ပင် ကြက်သေ သေကုန်၏။
ခေါင်းဆောင်က ခါးထောက်ပြီး ဖန်သားပြင်ကို ကြည့်နေသည်။ သူက ဒေါသထွက်လွန်းသောကြောင့် လက်ချောင်းများတောင် တုန်ယင်နေလေ၏။
” ဒီတိုက်ခိုက်ရေးလေယာဥ်က ချီရှန်းတစ်ယောက်နဲ့ ယှဥ်နိုင်တယ်တဲ့လား ”
ခပ်ဝဝ သိပ္ပံပညာရှင်တစ်ဦးက ချောင်းဟန့်လျက် ပြောလိုက်သည်။
” ရန်သူရဲ့ တိုက်ပွဲ ခွန်အားက ချီရှန်းတစ်ယောက် အထက်မှာ ရှိတာ ဖြစ်နိုင်တယ် ”
” ချီရှန်းတစ်ယောက်လို့ မင်း ပြောချင်တာလား။ ငါတို့ ရေဒါ နည်းစနစ်ကလည်း အတုလို့တော့ ငါ့ကို မပြောနဲ့နော်။ အမေရိကန်တစ်ခုလုံးရဲ့ အဆင့်အမြင့်ဆုံး ရေဒါက သူက ချီရှန်းတစ်ယောက်ဆိုတာ ရှင်းရှင်းလင်းလင်း စမ်းသပ်ပြီးသား ”
” အန် ”
ကျန်သည့်သူက ပါးစပ်ဟလိုက်သည်။ သို့သော် အဆုံးတွင်မူ သူက ဘာမှမပြောခဲ့ပေ။
” ဒီတိုက်ခိုက်ရေး ဂျက်လေယာဥ်အတွက် သုတေသန နဲ့ ရင်းနှီးမြုပ်နှံတာက ဒေါ်လာ ဘီလီယံ၂၀ကျော်ကုန်တယ်။ ရှားပါးတဲ့ သတ္တုစွမ်း ကုန်ကြမ်းတွေပါ ပေါင်းလိုက်ရင် တိုက်ခိုက်ရေး ဂျက်လေယာဥ် ၃စင်းက စုစုပေါင်း ဒေါ်လာ ဘီလီယံ ၄၀ရှိတယ်။ အခု သူတို့က ယုန်ကို ဖြတ်သလိုမျိုး တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်တောက်ခံလိုက်ရတယ်။ တစ်ဖက်လူက ခြေရာလက်ရာတောင် မချန်ပဲ ထွက်သွားတာ ”
” တစ်ဖက်လူ ဘယ်သူလဲဆိုတာ မသိဘူး။ ဒီမှာ ရှိတဲ့လူတိုင်း ဒီအရာကို တာဝန်ယူရမယ်။ ငါ သတင်းပို့တာကို စောင့်ပေးလိုက်။ အရူးကောင်တွေ သေစမ်း ”
အဆင့်မြင့် ဂျက်လေယာဥ် ၃စင်းကို ဖျက်ဆီးပြီးနောက် ယဲ့ရှောင်သည် ကျန်းဟိုင်မြို့သို့ လျင်မြန်စွာ ပြန်ရောက်လာ၏။ အမေရိကန်၏ ခွန်အားက အလွန်သန်မာပြီး အဆင့်မြင့် သိုင်းပညာရှင်များစွာ ရှိသည်။ တစ်ဖက်က ဆုံးရှုံးမှု ခံစားရပြီးနောက် သူတို့သည် မဟာချီရှန်း သို့မဟုတ် အံ့ဖွယ်ချီရှန်းတစ်ဦး ပို့မည်လားဆိုတာ အာမခံရန် ခက်ခဲနေသည်။
ကြောက်ရွံ့တာကြောင့် မဟုတ်ပေ။
သူ သိုင်းပညာရှင်တစ်ဦးနှင့် တိုက်ခိုက်ရမည်ဆိုလျှင် အချိန်တိုအတွင်း အနိုင်ရသူကို ဆုံးဖြတ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ထိုအချိန်ကျပါက သူသည် လူများစွာကို ပိုဆွဲဆောင်မိပြီး သူ၏ အထောက်အထား ပေါ်သွားပေလိမ့်မည်။ ဟာကွက်က ပိုကြီးမားလာမည်သာ ဖြစ်ပြီး ဘာမှကောင်းစရာ ရှိလာမှာ မဟုတ်ပေ။
အပိုင်း ၇၄ ပြီး၏။