Switch Mode

Chapter – 73

သတိပေးချက် .. သတိပေးချက် .. မြင့်မားတဲ့ စွမ်းအင် ဦးတည်လာနေပြီဟ။

အပိုင်း ၇၃။ သတိပေးချက် .. သတိပေးချက် .. မြင့်မားတဲ့ စွမ်းအင် ဦးတည်လာနေပြီဟ။

” အဟွန့် အဟွန့် အဟွန့် ”

ယဲ့ရှောင်၏ မျက်နှာတွင် ဖုန်မှုန့်များ ဖုံးသွားတော့သည်။ သူသည် ကျောက်တုံး ၊ ကျောက်ခဲ အပုံလိုက်မှ ထလာပြီး သူ၏ ခန္ဓာကိုယ်ကို ခါလိုက်၏။ တစ်ချိန်တည်းတွင် သူသည် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကုသရန် ကောင်းကင် ကုသခြင်း ကျင့်စဥ်ကို အသုံးပြုလိုက်သည်။ ယင်းက ကို့ရို့ကားယား ဆန်လွန်းသည်။

ကောင်းကင် အာရုံစူးစိုက်ခြင်း ကျင့်စဥ်၏ အရှိန်က မြန်ဆန်လွန်းသည်။ ခဏတာအတွင်း သူ ၄င်းကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူ၏ အတွေးက စခါစ၌ ခန္ဓာကိုယ်က တောင်ပေါ်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုအချိန်၌ သူက ရပ်တန့်ရန် အချိန်မရှိတော့ပဲ တန်းပြီး ဝင်တိုက်မိသွား၏။ ကံကောင်းသည်မှာ သူသည် ယခု ရှန်းထျန်းစတုတ္ထအဆင့် မဟာချီရှန်းတစ်ဦး ဖြစ်နေပြီး သူ၏ ရုပ်ခန္ဓာကိုယ်က အနည်းငယ် သန်မာလာ၏။ ထို့အပြင် သူသည် ခန္ဓာသန့်စင်ခြင်း ကျင့်စဥ် တစ်မျိုးနှစ်မျိုးကို ကျင့်ကြံထားသောကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခဲ့ပေ။

မဟုတ်လျှင် ထိုမျှ အစွမ်းထက်သော အရှိန်ဖြင့် တောင်တစ်တောင်လုံးဆီ ဝင်တိုက်မိသည်က သူ့အတွက် ဝေဒနာ ခံစားရစေမှာပဲ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကုသပြီးနောက် ယဲ့ရှောင်၏ စိတ်ဝိညာဥ်သည် ချဥ်းကပ်လာသော ဝိညာဥ်စွမ်းအင်လှိုင်းအချို့ကို အာရုံခံမိလိုက်သည်။ ပြီးနောက် နတ်ဘုရားစူးစိုက်ခြင်း ကျင့်စဥ်ကို ထပ်သုံးပြီးနောက် အထက်သို့ ပျံသန်းသွားသည်။

သိပ်မကြာမီ၌ လူရိပ်အချို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ သူတို့က ကျန်းဟိုင်မြို့၏ ချီရှန်းများသာ ဖြစ်ပြီး ကျန်းဟိုင်မြို့သို့ ပြန်ရောက်ခါစ အဆင့်တူ သိုင်းကျောင်းတော်၏ ပါမောက္ခ မဟာချီရှန်း တုန်ချန်ဖုန်းလည်း ပါသည်။

ဤနေရာသို့ ရောက်လာသည့်သူ အချို့က ချိုင့်ဝင်နေသော ကျောက်တောင်ကြီး တစ်ဝက်ကို ကြည့်ပြီး ထိတ်လန့်မိသွားကြသည်။

” အစွမ်းထက်လိုက်တဲ့ အဖျက်စွမ်းအားပါလား။ ဒီစွမ်းအားက ပြင်းလိုက်တာ ”

” ဒီနည်းစနစ်နဲ့ မဟာဂိုဏ်းတစ်ယောက်ရဲ့ ခွန်အားမျိုး မရှိဘူးဆိုရင် ဒါကို သုံးနိင်မှာ မဟုတ်ဘူး။ လောင်တု .. မင်း ဘယ်လိုထင်လဲ ”

တုချန်ဖုန်းက မေးစေ့ကို ပွတ်လျက် လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။

” ဒီတိုက်ကွက်ရဲ့ ထိခိုက်မှု အတိုင်းအတာအရ မဟာချီရှန်းတစ်ယောက်ရဲ့ တိုက်ကွက်ဆိုတာ သံသယဖြစ်ဖို့ မရှိဘူး။ ဒါပေမဲ့ သူ တိုက်ခိုက်ခြင်း နည်းလမ်းနဲ့ ပုံသဏ္ဍန်က ငါ့ကို အတော်ဇဝေဇဝါ ဖြစ်စေတယ် ”

” ဘာလဲ ”

” ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဒါက ထိုးနှက်ခြင်း ကျင့်စဥ် တစ်မျိုးပဲ။ ပြိုင်ဘက်က တိုက်ခိုက်ဖို့အတွက် ထိုးနှက်ခြင်း ကျင့်စဥ်တစ်မျိုးကို သုံးလိုက်လို့ ဒီလို ထိခိုက်မှုမျိုး ဖြစ်လာတာပဲ ”

လူတိုင်းက အေးစက်သော လေထုများ ရှူရှိုက်မိသွားပြီး ဦးရေပြားများ ထုံကျင်ကုန်၏။

ကျန်းဟိုင်မြို့၌ ဓါးသိုင်းပညာရှင်နှင့် ဓါးမော့ပညာရှင်တစ်ဦး ရှိနေပြီးသား ဖြစ်သည်။ ယခုမူ နောက်ထပ်ထိုးနှက်ခြင်း သိုင်းပညာရှင်တစ်ဦး ပေါ်လာပြီ ဖြစ်သည်။ ဤနည်းဖြင့် ချီရှန်းသိုင်းပညာရှင် သုံးဦး ရှိနေပြီး ဖြစ်သည်။

” ငါတို့ ကျန်းဟိုင်မြို့ ဘာတွေဖြစ်နေတာလဲ။ ဘာကြောင့် ချီရှန်း သုံးယောက် ရှိနေရတာလဲ ”

တုချန်ဖုန်းက သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။

” တကယ်တော့ ကျန်းဟိုင်မြို့ထဲမှာ ချီရှန်း သိုင်းပညာရှင် သုံးယောက်ထက် ပိုတယ်။ ငါ ဒီနေ့ ပြန်လာတဲ့အချိန် မြို့တော်၀န်က လတ်တလော ကျန်းဟိုင်မြို့မှာ အဆင့်မြင့်အထက် ကုသသူ တစ်ယောက်နဲ့ ဝိညာဥ်ရေးရာချီရှန်းတစ်ယောက် ရှိနေတယ်လို့ သတင်းပို့တယ်။ သူတို့ရဲ့ ကျင့်ကြံဆင့်အရ အဆင့်အနိမ့်ဆုံးက အနည်းဆုံး ချီရှန်း ဖြစ်မှာပဲ ”

ထိုသို့ပြောပြီးနောက် အားလုံးက အံ့သြဆွံ့အကုန်၏။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်သွားတော့သည်။ တောင်တန်းပေါ်တွင် လေများကသာ တဟူးဟူး တိုက်ခတ်နေလျက် အပေါက်ကြီးထဲနေ ပေါ်ထွက်လာသည်မှာ ​ကျောစိမ့်ဖွယ် ကောင်းနေတော့သည်။ ကျန်းဟိုင်မြို့က ရတနာအချို့ ထုတ်နိုင်တာ သေချာ၏။

ယဲ့ရှောင်ဘက်တွင်မူ သူသည် ကြယ်ဆုံသော ကောင်းကင်နယ်၌ လှုပ်ရှားမှု ကျင့်စဥ်ကို စမ်းသပ်ပြီး လေ့ကျင့်နေ၏။ အကြိမ်ရေ အနည်းငယ် ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် နတ်ဘုရားအာရုံစူးစိုက်ခြင်း ကျင့်စဥ်၏ လှည့်ပတ်သည့် နည်းလမ်းကို အသုံးပြုနိုင်သွားပြီ ဖြစ်သည်။ ၄င်းကို ဆန္ဒရှိသလို သုံးနိုင် ရပ်နိုင်၏။

သူ၏ ကျင့်ကြံဆင့်ကြောင့် မဟာချီရှန်းတစ်ဦး၏ အဆင့်သို့ ရောက်ရှိပြီး သူက လေထဲတွင် ပျံသန်းကာ လေ့ကျင့်နိုင်မည် ဖြစ်သည်။

သူသာ မြေပြင်ပေါ်တွင် လေ့ကျင့်မည် ဆိုပါက သူ ပစ္စည်းအရာဝတ္ထုများကို အချိန် မည်မျှများများ ထိနိုင်မည်ဆိုတာ မည်သူက သိမည်နည်း။

သွင်ပြင်အရ နတ်ဘုရားအာရုံစူးစိုက်ခြင်း ကျင့်စဥ်၏ အရှိန်က မဆိုးပေ။ မူလက သူ၏ အရှိန်သည် အသံ၏ အရှိန်ထက် အနည်းငယ် မြန်နေပြီးသား ဖြစ်သည်။ အသံ၏ အရှိန်က တစ်နာရီကို မိုင် ၇၆၀ ဖြစ်၏။ သူက တစ်နာရီကို မိုင် ၈၀၀ခန့် ပျံသန်းနိုင်သည်။ ယခု သူ၏ အရှိန်က တစ်နာရီကို မိုင် ၄၀၄၀ ပျံရောက်နိုင်သည်။ တစ်စက္ကန့်ကို ၁.၁မိုင်သို့ ရောက်နိုင်ပြီး ပေ ၆၀၀၀ အကွာဖြစ်၏။

ထိုအရှိန်က ချဲ့ကားထားတာ မဟုတ်ပေ။ ဆိုရလျှင် နတ်ဘုရားအာရုံစူးစိုက်ခြင်း ကျင့်စဥ်သည် သာမန်ကျင့်စဥ်တစ်မျိုး မဟုတ်ပေ။ ချီရှန်းအဆင့် ကျင့်
စဥ်ထက် အဆပေါင်းများစွာ ပိုမြင့်မားသည်။
ထိပ်တန်းအဆင့် သိုင်းလောကထဲရှိ ထိပ်တန်းအ
ဆင့် လှုပ်ရှားမှု ကျင့်စဥ်တစ်ခုအနေဖြင့် ယဲ့ရှောင်က အံ့ဖွယ်ဖြစ်ကြောင်း ခံစားမိသည်။

ဆိုရလျှင် ကမ္ဘာကို နတ်ဘုရားများက ကမ္ဘာနှင့် လူကို ဖန်တီးနိုင်သည့် ဝတ္ထုများနှင့် ယှဥ်လျှင် ဤအရာက ချဲ့ကားမှုနှင့် ဝေးနေသေးသည်။ သို့သော် သူသည် ရှန်းထျန်းစတုတ္ထအဆင့် မဟာချီရှန်း တစ်ဦးသာ ရှိသေးသည်။ သူက နောင်၌ အဆင့်တက်သွားခဲ့လျှင် သူ၏ အရှိန်က ပိုတောင် တိုးသွားပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ သူက အလင်း၏ အရှိန်နဲ့ ဝေးနေသေး၏။

အသံ၏ အရှိန်သည် အလင်းအရှိန်၏ ၁/၉သိန်းသာရှိသည်။ သူသည် အသံ၏ အရှိန်ထက် ၅ဆကျော် ပိုမြန်ရုံသာ ရှိသည်။

ငါ့ရဲ့ လက်ရှိ အမြင့်ဆုံး အရှိန်က ဘယ်လောက်လဲဆိုတာ သိချင်လိုက်တာ။

ယဲ့ရှောင်က ခေါင်းမော့ပြီး သူ့အထက် ကြယ်ဆုံသော ကောင်းကင်ကို ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူ၏ မျက်လုံးထဲတွင် သန်မာသည့် သိလိုစိတ်များ ပြည့်နေသည်။

ငါက အခု မဟာချီရှန်းတစ်ယောက် ဖြစ်နေပြီးပြီ။ ငါ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ ဝိညာဥ်စွမ်းအားနဲ့ဆို နေရဲ့ ရောင်ခြည်ကို ရှောင်နိုင်မှာပဲ။ ပြီးတော့ မြင့်မားတဲ့ ကောင်းကင်ထဲက အောက်ဆီဂျင် ချို့တဲ့တဲ့ ပြဿနာကိုလည်း ရှောင်နိုင်လိမ့်မယ်။ ငါ ဘာကြောင့်။

တစ်ချိန်တည်းတွင် ကြယ်ဆုံသော ကောင်းကင်ထဲရှိ တလက်လက် တောက်ပနေသော ကြယ်တစ်စိတ်ဖြင့် ဓာတ်ခွဲခန်းတစ်ခုကို သိပ္ပံနည်းကျ နည်းပညာ လက်တွေ့စမ်းသပ်မှုစခန်း၏ ခေါင်းဆောင်နှင့် သိပ္ပံပညာရှင်တစ်စုက ပြတင်းပေါက်ရှေ့တွင် ရပ်နေလျက် ဖန်သားပြင်ကြီးကနေ အချက်အလက်များကို စစ်ဆေးနေသည်။

ဖန်သားပြင်ပေါ်တွင် မှောင်မဲနေသော ကောင်းကင်အောက်၌ လျှင်မြန်စွာ ပျံသန်းနေကြသည့် ဆန်းကြယ်သော တိုက်ခိုက်ရေး ဂျက်လေယာဥ် ၃စင်း ရှိသည်။ သူတို့၏ အရှိန်က မြန်ဆန်လွန်းကာ လူတစ်ယောက်၏ အန်ဒရီလေးများကို တက်လာနိုင်စေသည်။ သူတို့က လက်ရှိတွင် တက်လှမ်းခြင်းနှင့် အရှိန်မြင့်တင်ခြင်း စစ်ဆင်ရေးကို သရုပ်ဖော်ပြသနေတာဖြစ်ပြီး သူတို့က ဦးတည်ရာနေရာတွင် ကွေးညွှတ်လွယ်ပြီး ကျန်သည့် ကဏ္ဍများကိုလည်း သွားနိုင်၏။ သိပ္ပံပညာရှင်များက ခေါင်းဆောင်ကို မိတ်ဆက်ပေးနေသည်။

” ဒီတံဆိပ်အသစ် တိုက်ခိုက်ရေးဂျက်က လေဟာနယ်ထဲမှာ တွေ့တဲ့ ကုန်ကြမ်းအသစ်တချို့နဲ့ လုပ်ထားတာ။ ထူးခြားတဲ့ သတ္တုစက် ပုံစံတစ်မျိုးပဲ။ အလေးချိန်က ပေါ့ပြီး မြင့်မားတဲ့ အပူချိန်နဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်စွမ်း ရှိတယ်။ ဒါနဲ့ဆို အရင်တုန်းက တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေ တော်တော်များများ မခံနိုင်ခဲ့တဲ့ လေကြောင်းတိုက်ပွဲကို ဆင်နွှဲဖို့ ခံနိုင်ရည် မြင့်မားလောက်တယ်”

” ပြင်းထန်တဲ့ စွမ်းအားကြောင့် တိုက်ခိုက်ရေးဂျက်ရဲ့ လေယာဥ်မှူးက မြင့်မားတဲ့ ရုပ်ခန္ဓာနဲ့ တုံ့ပြန်မှုအရှိန် ရှိရမယ်။ သူက ချီရှန်းအဆင့် ရောက်မှ ရမယ် ”

” ဒါပေမဲ့ အဲ့ဒါက မဟာချီရှန်းနဲ့ ယှဥ်နိုင်တဲ့ အရှိန်နဲ့ တိုက်ခိုက်ရေး စွမ်းအားကို ပြနိုင်တာ။ ရိုးရိုးရှင်းရှင်း ပြောရရင် ချီရှန်းတစ်ယောက်ကို မဟာချီရှန်းတစ်ယောက်အဖြစ် ပြောင်းပေးနိုင်တာပဲ ”

” ဒါက အမေရိက တစ်ခုလုံးကို အထွတ်အထိပ်ထိရောက်အောင် ယူဆောင်လာပေးနိုင်တယ် ”

ခေါင်းဆောင်၏ မျက်လုံးထဲ၌ တွေဝေမှုများ ပြည့်သွားသည်။

ပစ္စည်းကောင်းပဲ။ တကယ် ပစ္စည်းကောင်း။

ကျင့်ကြံခြင်းသည် ကေင်းကင်ကို တက်လှမ်းရခြင်းသဖွယ် ခက်ခဲလှသည်။

သာမန်လူတစ်ဦးအဖို့ ချီရှန်းအဆင့်သို့ ရောက်ရန်က အချိန်အတော်ကြာမှာပဲ ဖြစ်သည်။ ချီရှန်းတစ်ဦးကို မဟာချီရှန်းအဖြစ်သို့ရောက်အောင် ပျိုးထောင်ရန်က ပိုတောင်ကြာသည်။
ယခု ဤအခွင့်အရေးဖြင့် သူတို့သည် ချီရှန်းတစ်ဦး၏ ခွန်အားကို အရေအတွက်များစွာ မြင့်တင်နိုင်ပြီး တပ်ဖွဲ့တစ်ဖွဲ့၏ ချီရှန်း ခွန်အားကို မဟာချီရှန်းတစ်ယောက်အဖြစ် မြင့်တင်နိုင်သည်။ တိုးတက်လာမှုက သာမန်လူသားများ မှန်းဆနိုင်သည့် အရာမဟုတ်ပေ။

အမေရိကက အာကာသ စစ်မြေပြင်ကို အပြည့်အဝ ထိန်းချုပ်ထားပြီးနောက် လူသားမျိုးနွယ်စု တစ်စုလုံး၏ အသံကို ထိန်းချုပ်မည် ဖြစ်သည်။ ကျန်သည့် ပြည်နယ်များရှိ အင်အားကြီးသူများကို ဖိနှိပ့်ရန်က အသေးအမွှားသာ ဖြစ်သွားမည်။

သိုင်းပါရမီရှင်များ၊ သိုင်းပညာအတွေ့အကြုံများ၊ ကျင့်စဥ်များကို ကျန်သည့် ပြည်နယ်များမှ စုဆောင်းခြင်းဖြင့် သူတို့သည် အမေရိက၏ ခွန်အားကို တိုးအောင်လုပ်နိုင်သည်။

” ဒီတိုက်ခိုက်ရေး ဂျက်ကို အများကြီ ထုတ်နိုင်နေပြီလား ”

” ဒါက ခေါင်းဆောင်ရဲ့ ခွင့်ပြုချက် လိုပါတယ် ”

” ငါ ခွင့်ပြုတယ်။ ချက်ချင်းပဲ ဒီလို ပုံစံအသစ် တိုက်ခိုက်ရေး လေယာဥ်ကို ထုတ်လုပ်ဖို့ အမေရိကန် ကြယ်တာရာ ခုခံမှု ဌာနဆီ သတင်းပို့လိုက်။ အောင်မြင်သွားရင် အမေရိကရဲ့ ခွန်အားက အချိန်တိုအတွင်း နောက်ထပ် တစ်ဆင့်တက်သွားပြီ ဖြစ်မယ် ”

“အဲ့ဒီအချိန်ကြရင် အမေရိကရဲ့ ထိပ်တန်းခွန်အားက ပိုတောင့်တင်း ခိုင်မာလာလိမ့်မယ် ”

” ကောင်းပြီ။ အခု ပျံသန်းဖို့ လေယာဥ်မှူး ရှိပြီးသား။ စာရင်းသွင်းပြီး စစ်ဆေးထားတဲ့ အချက်အလက်တွေကို သတင်းပို့။ အကျိုးရှိအောင် သုံးပြီးရင် အမေရိကန် ကြယ်တာရာ ခုခံမှု ဌာနကို ထုတ်လုပ်ဖို့အတွက် တိုက်ရိုက်ပို့လိုက် ”

လေယာဥ်ခန်းထဲရှိ လေယာဥ်မှူးအချို့သည် တစ်ပြိုင်နက်တည်းနီးပါး သတင်းကို ရရှိလိုက်သည်။ သူတို့က လှည့်ပြန်ရန် ပြင်ဆင်နေကြသည်။ သို့သော် ထိုစဥ် လေယာဥ်မှူးတစ်ယောက်က သူ၏ ရေဒါ ဖန်သားပြင်ပေါ်၌ အနီရောင်အစက်တစ်စက် ရုတ်တရက် ပေါ်လာတာကို သတိပြုမိလိုက်သည်။

အပိုင်း ၇၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset