Switch Mode

Chapter – 72

နတ်အာရုံ စူးစိုက်ခြင်း ကျင့်စဥ်။

အပိုင်း ၇၂။ နတ်အာရုံ စူးစိုက်ခြင်း ကျင့်စဥ်။

ယဲ့ရှောင်သည် မွန်းတည့်ချိန်၌ အလုပ်ဆင်းသည့်အချိန် အိမ်ပြန်သွားသည်။ နောက်ဆုံး လှုပ်ရှားမှု ကျင့်စဥ်ကို ကျင့်ကြံပြီးသွားပြီ ဖြစ်ရာ စာရွက် ၈ ရွက်က ရွှေရောင်အလင်းတန်း စတင် ပေါ်ထွက်လာပြီ ဖြစ်သည်။ သို့သော် ယဲ့ရှောင်က အိမ်ထဲ ဝင်လိုက်ချိန်၌ သူ့ မျက်နှာထက်ရှိ အမူအယာက အနည်းငယ် ထိတ်လန့်အံ့အားသင့်သွားသည်။

ခြံဝန်းထဲတွင် ၄ပေခန့် မြင့်မားပြီး ဟန်လူမျိုး ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေး ရှိသည်။ ထိုကလေးမက စကပ်ကို ကိုင်ထားလျက် သူ၏ ခြေထောက်လေးကို ဆေးရန် ခြံဝန်းထဲရှိ ရေပိုက်ခေါင်းကို သုံးနေသည်။

သူမ၏ ခြေထောက်လေးက ကြည်လင်နေလေရာ ရေဆေးလိုက်သည့် အချိန်တွင် ပိုတောင် ဖြူသွားတော့သည်။

” မင်းက ဟွမ်လျိုလီလား ”

ယဲ့ရှောင်သည် သူ့ခေါင်းပေါ်ရှိ ကြောင်နှစ်ရွက်သည် လူသားများနှင့် မတူညီသောကြောင့် ဟွမ်လျိုလီကို မှတ်မိသည်။ ဟွမ်လျိုလီက ပြုံးလိုက်၏။

” ဟီး ဟီး .. သခင် မထင်ထားဘူးမလား။ နောက်တစ်ဆင့်ကို တက်သွားပြီ ”

ယဲ့ရှောင်၏ မျက်နှာထက်ရှိ အမူအယာက တောင့်တင်းသွားသည်။ ဟွမ်လျိုလီ၏ အဆင့်တက်မှုကြောင့် ထိတ်လန့်သွားတာ မဟုတ်ပေ။ သူမက သူ့ နောက် လိုက်နေတာ ကြာပြီဖြစ်ကာ ချီရှန်းနှစ်ဦး၏ အလောင်းကို ဝါးမြိုပြီး သူတို့၏ သွေးစက်များကို စုပ်ယူခဲ့သည်။ သူမအတွက် နောက်တစ်ဆင့်တက်ရန် လုံလောက်နေပြီ ဖြစ်သည်။

သူက ဟွမ်လျိုလီ၏ အစောပိုင်းက အပြုံးကြောင့် ဆွံ့အသွားတာပဲ ဖြစ်သည်။ ဘာကြောင့်ရယ်စရာကောင်းတဲ့ အမူအယာ ပေါ်နေရတာလဲ။

ထိုကဲ့သို့ လှပသည့် မိန်းကလေး။ ကံဆိုးသည်မှာ သူမရဲ့ အကျင့်စရိုက်က ရယ်စရာ ကောင်းနေသည်။ သို့သော် တိုးတက်လာတာက ကောင်းနေသေး၏။ ဟွမ်လျိုလီက ယခုဆို ရှန်းထျန်းဒုတိယအဆင့် ရောက်ပြီဖြစ်ကာ သူမ ခွန်အားက ပိုတောင် အားကောင်းလာ၏။ သူ့အတွက် သူမကို တာဝန်အချို့ လုပ်ခိုင်းရန်က ပိုလွယ်ကူသွားပေလိမ့်မည်။

ထိုသို့ပြောနေစဥ် သူ ဘုရင်အေးအ်ကို သတ်စဥ်က ခွန်အားသုံးတာ များလွန်းခဲ့သည်။ သူ၏ ခွန်အားကို သိမ်းထားသင့်၏။ သူ့ကို သေသည်အထိ ခုတ်ပိုင်းမည့်အစား သူ၏ ခွန်အားကို ထိန်းထားသင့်သည်။ သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ကာ ဟွမ်လျိုလီအား စားခွင့်ပေးခဲ့လျှင် သူမ ခွန်အား ပိုတောင် တိုးလာနိုင်သည်။

ယန်ကျန့်ယီ အပြောအရ ဘုရင်အေးအ်သည် တကွဲတပြားစီ ချိတ်ပိတ်ခံထားရ၏။ ဘုရင်အေးအ်၏ ကျန်ရှိသည့် အသားများကို တူးထုတ်လျှင် မည်သို့ ဖြစ်မည်နည်း။ ပြီးနောက် ဟွမ်လျိုလီကို စားရန် ပေးခဲ့ရင်ရော။

မည်သည့်နည်းနဲ့မဆို သူက ၄င်းတို့ကို သီးခြားစီ တူးထုတ်ခဲ့လျှင် အသားများက မဟာချီရှန်းတစ်ဦးက ကျင့်စဥ်မျိုး ရှိရန် လိုအပ်သည်။ ယင်းက သူ့ကို အနိုင်ယူနိုင်မှာတောင် မဟုတ်ပေ။

” အား။ ဟုတ်သား။ အဲ့ဒီအဝတ်အစားတွေက ဘယ်က ရလာတာလဲ။ ဒီအဝတ်အစားတွေကို အရင်က ဘာကြောင့် မမြင်ဖူးတာလဲ ”

” ဒါပေါ့။ စင်တာကနေ ကောက်လာတာလေ။ အား စင်တာထဲက အမှိုက်ပုံးထဲက ”

” ကောက်လာတယ်လား ”

ယဲ့ရှောင်၏ မျက်ဝန်းတို့ အနည်းငယ် မေးကျင်းသွားသည်။

” အိမ်မှာ တစ်ခုခု လုပ်စရာ ရှိတယ်ဆိုတာ ရုတ်တရက် သတိရသွားလို့။ ညစာစားဖို့ အိမ်ပြန်မလာတော့ဘူးနော် ”

ယဲ့ရှောင်က ခေါင်းခါလိုက်သည်။ ထိုရူးမိုက်သည့် ကြောင်သည် ထပ်မံ ခိုးယူခဲ့သည့် ပုံပေါ်သည်။ သူမကို သူ မည်မျှ ​ပြောစေကာမူ မပြောင်းလဲသေးဘူး။ အဆုံးတွင်မူ သူမက ကြယ်တာရာသားရဲ ဖြစ်နေသေးပြီး လူသားများ၏ စိတ်နေစိတ်ထားနှင့် လိုက်လျောညီထွေ ဖြစ်ရန် ခက်ခဲနေသေးသည်။

ထားလိုက်တော့။ တစ်ဆင့်စီပဲ သင်ပေးရမှာပေါ့။ စျေးရောင်းသူကို ပိုက်ဆံ အရင်ပြန်ပေးလိုက်မယ်။ ပြောရရင် သူဌေးအဖို့ သူ့ မိသားစုကို ထောက်ပံ့ဖို့ မလွယ်ဘူးလေ။

သူသည် ဟွမ်လျိုလီ ဆုတ်ဖြဲထားသော အဝတ်အစား တံဆိပ်များကို သတိပြုလိုက်မိ၏။

၁၈၈၈၈။ ၃၉၉၈။ ၁၉၉၈။ ၆၉၉၉။

ယဲ့ရှောင်က ထိတ်လန့်ကာ ဆွံ့အသွား၏။

ဒါ ဘယ်လို အဝတ်အစားတွေလဲ။ ဘာကြောင့် ဒီလောက် စျေးကြီးရတာလဲ။ ဟန်ပုံစံ အဝတ်အစားတွေက စျေးကြီးတာလား။ ဒါ အဝတ်တစ်စပဲကို။ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်တဲ့ ခုခံခြင်း သံချပ်ကာလည်း မဟုတ်ပဲနဲ့။

သေစမ်း။ အရေးကြီးဆုံးအရာက ဒီထဲမှာ အနည်းဆုံးကတောင် ယွမ် ၁၉၉၈တဲ့လား။

ဟွမ်လျိုလီရဲ့ ခန္ဓာကိုယ်လေးနဲ့ လက်ဖဝါးနှစ်ခုစာလောက်ပဲ ရှိတာလေ။ ၁၉၉၈ ယွမ် နဲ့တဲ့လား။ ရွှေနဲ့ လုပ်ထားလို့လား။ ဒါက တစ်ပတ်စာ လစာလောက် နီးနီးပဲ။ ကြည့်ရတာ နောင်ကြ ငါ ဟွမ်လျိုလီကို သင့်တော်အောင် သင်ပေးမှ ရတော့မယ်။ ဒီလိုပစ္စည်းတွေကို ခိုးတာက မမှန်ဘူး။

သက်ပြင်းချပြီးနောက် ယဲ့ရှောင်သည် သူ့လက်ထဲရှိတံဆိပ်ပြားများကို ပစ်ထုတ်လိုက်၏။ ကျင့်စဥ်များကို ဦးစွာ ပေါင်းစည်းတာက ပိုကောင်းပေမည်။

ယဲ့ရှောင်သည် အခန်းသို့ ပြန်ပြီး တံခါးပိတ်လိုက်သည်။ ချက်ချင်းပင် အံ့ဖွယ်ဝိညာဥ်ကို ထုတ်ဖော်ကာ စတင် ပေါင်းစည်းတော့သည်။

သူ၏ ခန္ဓာကိုယ်မှ တလက်လက် တောက်ပနေသော ရွှေရောင်အလင်း ဖြာထွက်လာပြီး တစ်ခန်းလုံး လင်းထိန်သွားတော့သည်။

လှုပ်ရှားမှု ကျင့်စဥ်ကို မှတ်တမ်းတင်ထားသော စာရွက်သည် အခြေခံ စကားလုံးများ တစ်လုံးပြီးတစ်လုံး ပြသလာသည်။

အရှိန်။

မြန်ဆန်ခြင်း။

ခုန်ကျော်ခြင်း။

စိတ်ဝိညာဥ်။

အခြေခံ လှုပ်ရှားမှု ကျင့်စဥ် ၉မျိုးကို တစ်သားတည်း ပေါင်းစည်းရာ အခြေခံ လှုပ်ရှားမှု ကျင့်စဥ်အားလုံးကို လှုပ်ရှားမှု ကျင့်စဥ် တစ်မျိုးတည်းအဖြစ် ပေါင်းစည်းခြင်းက လောကထဲတွင် အကောင်းဆုံး လှုပ်ရှားမှု ကျင့်စဥ် ဖြစ်ပေမည်။

နတ်ဘုရား အာရုံစူးစိုက်ခြင်း။

ထိုလှုပ်ရှားမှု ကျင့်စဥ်သည် ယဲ့ရှောင်ကို သူ့၏ ခန္ဓာကိုယ်၏ အဟန့်အတားများကို ဖြိုခွင်းနိုင်စွမ်း ရှိသော စွမ်းအားပေးသည်။ ဆိုရလျှင် လူသားတစ်ယောက်၏ ခန္ဓာကိုယ်က လှုပ်ရှားချင်လျှင် ဦးနှောက်က အမိန့်ပေးရမှာပဲ ဖြစ်သည်။ ပြီးနောက် ခန္ဓာကိုယ်သည် အမိန့်အတိုင်း လျှို့ဝှက်ချက်ကို
ဖြည့်ဆည်းပေးမည် ဖြစ်ကာ ဝိညာဥ်စွမ်းအား
လှည့်ပတ်ကာ ခန္ဓာကိုယ်ကို သွားလိုသည့် နေရာသို့ ရောက်အောင် မောင်းနှင်ပေး၏။

ဦးနှောက်ခန်း၌ ဝိညာဥ်စွမ်းအင် ခန္ဓာကိုယ်လှုပ်ရှားခြင်း နေရာသို့ ရောက်ရှိခြင်း ဖြစ်စဥ်ပင် ဖြစ်သည်။

နတ်ဘုရား အာရုံစူးစိုက်ခြင်း ကျင့်စဥ်၏ ပုံစံက ဦးနှောက် ဝိညာဥ်စွမ်းအင် သွားလိုသည့် နေရာသို့ ရောက်ရှိခြင်းပင် ဖြစ်သည်။ ၄င်းက ခန္ဓာကိုယ်မှ ခွဲထွက်သွား၏။ စိတ်က စတင်ချိန်တွင် ဝိညာဥ်စွမ်းအားက ခန္ဓာကိုယ်ကို သူ သွားလိုသည့် နေရာသို့ ပို့ပေးပြီးသား ဖြစ်သည်။

ဦးနှောက် အမိန့်ပေးသည့် ဖြစ်စဥ်နှစ်ရပ်ဖြစ်သော ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုဆီ အမိန့်ပေးသော ဦးနှောက်၏ ဖြစ်စဥ်နှစ်ရပ်ကို ချန်ထားခဲ့တာပဲ ဖြစ်သည်။ အရှိန်ကလည်း ကျင့်ကြံသူ၏ ကျင့်
စဥ်ပေါ် မူတည်နေသည်။ ကျင့်စဥ်က မကောင်းလျှင် ချီရှန်းတစ်ဦး အသုံးပြုသောကျင့်ကြံခြင်း နည်းစနစ်က မဟာချီရှန်းတစ်ဦး အသုံးပြုသော ကျင့်ကြံခြင်း နည်းစနစ်လောက် မြန်ဆန်မှာ မဟုတ်တာ သေချာသည်။ သို့သော် ယင်းကအတော်ကောင်းနေပြီဖြစ်ကာ သူ၏ အရှိန်က တိုးတက်လာ၏။ ထိုအမြင်အရ ချီရှန်းတစ်ဦးသည် နတ်ဘုရား စူးစိုက်ခြင်း ကျင့်စဥ်ကို အသုံးပြုခဲ့လျှင် ချီရှန်းအဆင့် ကျင့်စဥ်ကို အသုံးပြုသော မဟာချီရှန်းကို သေချာပေါက် ကျော်လွန်မှာ သေချာ၏။ တစ်နည်းဆိုရလျှင် အဆင့်ကျော်ဖြတ်နိုင်သည်။ ယင်းက အတော်ကောင်းပေ၏။

လှုပ်ရှားမှု ကျင့်စဥ်ကို ပေါင်းစည်းပြီးနောက် အံ့ဖွယ်ဝိညာဥ်သည် မြန်ဆန်သည့် လမ်းကြောင်းဖြင့် စတင်ကျင့်ကြံနိုင်ပြီပဲ ဖြစ်သည်။ ၅နာရီခန့် ကြာပြီးနောက် ညသန်းခေါင်ယံအချိန်တွင် အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်သည် နတ်ဘုရား အာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို ကျင့်ကြံပြီးစီးသွားသည်။

ယဲ့ရှောင် နားမလည်နိုင်သည့် ကိစ္စရပ်တစ်ခု ရှိသည်။ ကျင့်စဥ်အဆင့်များကို ပေါင်းစည်းပြီးနောက် ပိုမြင့်လာသော်ငြား ရွှေရောင်စာအုပ်၏ ကျင့်ကြံမှု အရှိန်သည် အဘယ်ကြောင့် အမှန်တကယ် မြန်ဆန်လာရသနည်း။ အခြေခံ ကျင့်စဥ်ရှိလျှင် ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံနိုင်ရန် တစ်ရက်အချိန်ယူရ၏။

အခြေခံ ကျင့်စဥ်တွေက ပေါင်းစည်းပြီး လေ့လာဖို့အချိန်လိုအပ်တာများလား။ ဒါဆို အခြေခံ ကျင့်
စဥ်တွေကို သင်ယူပြီးတာနဲ့ ရွှေရောင်စာအုပ်က သူတို့ကို ဆင့်ကဲပြောင်းလဲလိုက်တယ်။ ဒီတော့ မတူညီတဲ့ အာနိသင်တွေ ပြပေးနိုင်တာလား။

ပြောရရင် အတုံး ၁၁တုံးကို ပထမဆုံး အသုံးပြုတဲ့အချိန် လမ်းညွှန်ကို ဂရုတစိုက် ဖတ်ဖို့လိုတယ်။ ပြီးရင် အိတ်ကို ဂရုတစိုက် ဖွင့်ပြီး ဘယ်ဟာအရှေ့ ဘယ်ဟာအနောက်ဆိုတာ ဆုံးဖြတ်ဖို့ ဂရုတစိုက် ကြည့်ရမယ်။ ဒါပေမဲ့ ဆက်တိုက်သုံးနေတဲ့အချိန် အမှောင်ထဲမှာဆိုတောင် ဘယ်ဟာအရှေ့ ဘယ်ဟာအနောက်ဆိုတာ တိတိကျကျ ဆုံးဖြတ်နိုင်မယ်မလား။ လေ့ကျင့်တာက ပြီးပြည့်စုံအောင် လုပ်ပေးနိုင်တာလား။ ဒီလိုဆိုတာ ဖြစ်လောက်တယ်။ ထားလိုက်တော့ သုံးနေနိုင်သရွေ့ ကောင်းပြီပဲကို ဘယ်သူက ဂရုစိုက်မှာလဲ။

ဟွမ်လျိုလီက ပြန်ရောက်လာပြီး ဆိုဖာပေါ်တွင် အိပ်နေလေသည်။ သူမသည် ကာတွန်း ညဝတ်အင်္ကျီကို လဲထားပြီး ဖြစ်သော်ငြား သူမ၏ ခြေဖဝါးလေးထဲတွင် ခြေအိတ်ဝတ်ထားဆဲဖြစ်သည်။ သူမတွင် ထူးထူးခြားခြား ဝါသနာ ရှိနေတာ သူ မသိပေ။ အတွေးတစ်ချက်ဖြင့် သူက နတ်ဘုရား အာရုံစူးစိုက်ခြင်းကို သုံးကာ သူ ရှိနေသည့် နေရာမှ ချက်ချင်းပျောက်ကွယ်သွား၏။ ထိုစဥ် ဟွမ်လျိုလီက မည်သည်ကိုမှ မခံစားမိပေ။ အတိတ်တုန်းက ယဲ့ရှောင် ထွက်သွားချိန်တွင် ဟွမ်လျိုလီက အနည်းငယ် ခံစားမိသေးသည်ဟု ဆိုရပေမည်။

ထိုစဥ်က သူမ၏ ကျင့်ကြံမှုသည် ရှန်းထျန်းပထမအဆင့်တွင်သာ ရှိသေး၏။ ယခု ရှန်းထျန်း ဒုတိယအဆင့်သို့ ရောက်ပြီဖြစ်ကာ သူမ၏ သိမြင်နားလည်မှုသည် အနည်းငယ် ပိုသန်မာလာသည်။ နတ်ဘုရား အာရုံစူးစိုက်ခြင်းက အမှန်တကယ် သန်မာပေ၏။ မြန်ဆန်လွန်းလှရာ လူတစ်ယောက်၏ ခေါင်းမွေးများကိုတောင် ထောင်ထ သွားစေနိုင်သည်။

သုံးစက္ကန့် ကြာပြီးနောက် ကျန်းဟိုင်မြို့ အပြင်ဘက်၏ တောင်ထွတ်မှ ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာသည်။

ဖုန်း။

အသံက မြေကမ္ဘာ တုန်လှုပ်စေပြီး ကျန်းဟိုင်တစ်မြို့လုံး သတိမဲ့ အနေအထား ဖြစ်သွား၏။

” ငလျင်လား ”

” ပြေးကြဟေ့ ”

” ငါ ဘာအဝတ်စားမှ မဝတ်ထားဘူးလေ ”

” ဘာဝတ်မှာလဲ။ မျက်နှာဖုံးသာ တပ်လိုက်။ မင်း မျက်နှာကို ဘယ်သူမှ မမြင်သရွေ့ အဆင်ပြေနေပြီ”

အပိုင်း ၇၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset