စာကြည့်တိုက် တာအိုသခင်
အပိုင်း ၇၁။ မဟာစီရင်စု ၉ခုက အောင်နိုင်ရမယ်။
” အဲ့ဒီ နံစော်နေတဲ့ လူတွေက မင်းနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ ယဲ့ရှောင်။ မင်းရဲ့ မျက်နှာနဲ့ဆို မင်းထက် ပိုသာတဲ့ အမျိုးသားကို ငါ မသိဘူး ”
မစ္စ ဝမ်က သူ၏ ခြေထောက်ကို ထပ်မံ ဆန့်ထုတ်လိုက်ပြန်၏။ သူမ၏ ပိုးသားခြေအိတ်ကနေ ခြေချောင်းများကို အပြာရောင် ခြေသည်းဆိုးထားကြောင်း ရှင်းရှင်းလင်းလင်း တွေ့နေရသည်။ ထင်သည့်အတိုင်းပင် ထိုကဲ့သို့ တောက်ပသည့် ခြေသည်းရောင်ကို ဆိုးထားသည့် သူများက ပိုမိုပွင့်လင်းသော အကျင့်စရိုက် ရှိသည်။
ဂန္နဝင်စာပေ တစ်ခုထဲ၌ အညွှန်းတစ်ခု ဖြစ်ဟန်တူတာကို ယဲ့ရှောင် မှတ်မိလိုက်သည်။ ကံဆိုးသည်မှာ ယဲ့ရှောင်သည် စာအုပ်ဖတ်ပြီးသည်နှင့် ခြေရာ လက်ရာတောင် မကျန်ပဲ ထွက်သွား၏။ ထို့ကြောင့် မစ္စ ဝမ်က သူ့ကို မထိခဲ့ပေ။ ယဲ့ရှောင်က စာအုပ်ကို ပိတ်ပြီး ထရပ်လိုက်၏။ သူက စာအုပ်ကို စာအုပ်စင်ပေါ် တင်လိုက်သည်။
” မစ္စ ဝမ် ။ တစ်ခါတစ်လေကျ လွှတ်ပေးလိုက်တာကလည်း စိတ်သက်သာရာ ရခြင်း တစ်မျိုးပဲ ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွားပြီး မစ္စ ဝမ်ကို နေရာတွင်ပင် ကြက်သေ သေလျက် ကျန်ရစ်စေတော့သည်။
စာကြည့်တိုက်ထဲရှိ လူများက မစ္စ ဝမ်ကို ရိုင်းစိုင်းပြီး ပေါင်းသင်းမရသူ ဟူ၍ သိကြသည်။ လူဟောင်းအချို့ကမူ ထိုစဥ်က သူမ စာကြည့်တိုက်သို့ လာစဥ်၌ လှပသည့်ဘဝကို မျှော်လင့်ချက်အပြည့် ထားသည့် မိန်းမငယ်လေးတစ်ဦး ဖြစ်ခဲ့ကြောင်း သိသည်။
သို့သော် ထိုစဥ်က သူမ၏ ဝိညာဥ် မနှိုးထသေးသောကြောင့် သိုင်းကျောင်းတော်မှ ဘွဲ့ရပြီးနောက် သူမသည် သိုင်းပညာနှင့် မသက်ဆိုင်သည့် အလုပ်ကိုသာ ဝင်နိုင်ခဲ့သည်။ သို့သော် သူမ၏ ချစ်သူက စိတ်ဝိညာဥ် နှိုးထခဲ့ပြီး သူက အလွန်ချောမော ခန့်ညားပြီး ပါရမီရှိ၏။ သူမရဲ့ ချစ်သူ ပိုကောင်းသည့်ဘဝ ရစေရန်အတွက် သူမ အလုပ်လုပ်ပြီး စုဆောင်းထားသမျှ ပိုက်ဆံများ အားလုံးကို သုံးပြီး သူမ ချစ်သူကို ကျင်းသို့ သိုင်းကျောင်းတော်တွင် ပညာသင်ကြားပြီး သိုင်းပညာကို လေ့ကျင့်နိုင်ရန် ထောက်ပံ့ပေးခဲ့၏။ ထိုစဥ်က သူမသည် အဝတ်တစ်ထည်ဝယ်ရန်တောင် ဆန္ဒရှိသည့်သူ မဟုတ်ပေ။ အဆုံးတွင်မူ သူမ ချစ်သူက အောင်မြင်သွားခဲ့ပြီး ပုရွက်ဆိတ် လုပ်ငန်းစုသို့ ဝင်ရောက်နိုင်ခဲ့ကာ ၄င်းသည် နိုင်ငံအတွင်းရှိ ထိပ်တန်းကုမ္မဏီများထဲမှ တစ်ခုဖြစ်သည်။
သိုသော် သူမနှင့် လမ်းခွဲပြီးဖြစ်ကြောင်း စာတစ်ကြောင်းသာ ပို့ခဲ့သည်။ ထိုအချိန်မှစကာ သူမသည် စာရိတ္တ ပျက်ပြားလာတော့၏။
လောကထဲတွင် ဆိုးယုတ်စွာ မွေးလာသည့် သူက အနည်းစုသာရှိပြီး မြင့်မားစွာမွေးဖွားလာသည့် အမျိုးသမီးကလည်း နည်းပါးပေ၏။ တစ်ခါတစ်ရံတွင် ဆန်ကုန်မြေလေးများ များပြားလွန်းသည်။
အခြေခံ လှုပ်ရှားမှု ကျင့်စဥ်များကို သင်ယူပြီးနောက် ယဲ့ရှောင်သည် နောက်ဆုံး ကျင့်စဥ်အတွက် သာ စောင့်ဆိုင်းပြီး အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က အလိုအလျောက် ပြီးပြည့်စုံအောင် ကျင့်ကြံပေးမည် ဖြစ်ကာ ၄င်းကို ပေါင်းစည်းရုံသာ ဖြစ်သည်။ မထင်ထားသည့်အရာ ဖြစ်မလာခဲ့လျှင် ယနေ့ည၌ သူ ပေါင်းစည်းနိုင်မှာပဲ ဖြစ်သည်။ ထိုအချိန် ရောက်လာလျှင် သူ၏ အရှိန်က မည်သည့် ဆင့်သို့ ရောက်နိုင်မည်နည်း။
ငါ တကယ် သိချင်နေမိတယ်။
…အနီရောင် အလံပါသော ကားနှစ်စီးသည် မြို့တော်ဝန်၏ အိမ်တော်ထဲသို့ လျှင်မြန်စွာ မောင်းလာ၏။
မြို့တော်ဝန် တုထျန်းယွီသည် ယခုအခေါက်တွင် ထွက်မကြိုတော့ပေ။ သူက အိမ်တော်ထဲတွင်သာ စောင့်နေလေ၏။ သို့သော် ပြီးခဲ့သည့်အခေါက်က မစ္စတာ ကျောင်း လာသည့်အချိန်နှင့် မတူပေ။ ယခုအခေါက်တွင်မူ သူက တံခါး ကိုယ်တိုင်သွားဖွင့်ပေး၏။
” ဦးလေး ”
တံခါးဖွင့်ပေးပြီးနောက် သူက အနည်းငယ် အရိုအသေ ပေးကာ ဦးလေးကို ခေါ်လိုက်သည်။
တံခါးထဲမှာ ထွက်လာသည့် သူမှာ တုချန်ဖုန်း ဖြစ်ပြီး သူက တုထျန်းယွီ၏ ပုခုံးကို ပုတ်ကာ ပြုံးလိုက်၏။
” ဒီတစ်ခေါက် ကျန်းဟိုင်အတွက် ကောင်းကောင်း လုပ်ဆောင်ခဲ့တယ် ”
တုထျန်းယွီ၏ မျက်နှာထက်ရှိ အမူအယာက အလေးစားဆုံးနှင့် အရိုကျိုးဆုံး ဖြစ်နေသည်။
” ဒါတွေအားလုံးက ဦးလေးရဲ့ သင်ကြားပြသမှု ကောင်းခဲ့လို့ပါ ”
တုချန်ဖုန်းက ပြုံးပြီးနောက် အစည်းအဝေး ခန်းမသို့ လျှောက်သွားလိုက်သည်။ တုထျန်းယွီကလည်း သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာ၏။
” နိမ့်ချနေဖို့ မလိုဘူး။ ဒီတစ်ခေါက် ကျင်းသို့သိုင်းကျောင်းတော်ကနေ ရွှေ့ပြောင်းပြီး ကျန်းဟိုင်မြို့ထဲမှာ မင်းကို ကူညီပေးဖို့အတွက် ကျန်းဟိုင်မြို့ဆီကို ပြောင်းလာတာ။ အရင်ဦးဆုံး အဲ့ဒီအရူးကောင် ကျောင်း ပေါ်ပေါက်လာတာကို ဟန့်တားရမယ်။ ဒုတိယအချက်က မဟာဂိုဏ်းတွေကို ရန်စမိမှာကို ရှောင်ကြဥ်ရမယ်။ မဟုတ်ရင် သေစေနိုင်မဲ့ ကပ်ဘေးတစ်ခုကို ခေါ်မိပေးပြီးသား ဖြစ်လိမ့်မယ် ”
တုထျန်းယွီ၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် လင်းထိန်သွားသည်။
” မင်းရဲ့ အမျှော်အမြင်ကြီးမှုနဲ့ဆို ကျန်းဟိုင်မြို့က ပြဿနာ မရှိလောက်တော့ဘူး ”
” မင်း ပြောသလို မဟုတ်ဘူး။ ငါက မဟာဂိုဏ်း ဆိုပေမဲ့ စီရင်စု ၉ခုထဲမှာ ဆန်းကြယ်တဲ့ သိုင်းပညာရှင်တွေ အများကြီး ရှိနေပြီးပြီ။ ငါ့ထက် ပိုသန်မာတဲ့ လူတွေလည်း များတာ။ မင်းရဲ့ အလုပ်ကို ပြီးဆုံးအောင်လုပ်။ စည်းမျဥ်းတွေကို ကိုင်ထား။ ကျန်းဟိုင်မြို့က လူတွေကို တွေ့မိနေသရွေ့ မင်းရဲ့ ရင်ထဲမှာ မှန်ကန်တဲ့ လမ်းကြောင်း ရှိနေသရွေ့ မင်းကို ကာကွယ်ပေးနေတယ်။ မဟာချီရှန်းနှစ်ယောက်ထက် ပိုသန်မာ လာလိမ့်မယ် ”
” ဟုတ်ကဲ့ ”
တုထျန်းယွီ၏ အမူအယာ ပိုလေးနက်လာတာကို မြင်သောအခါ တုချန်ဖုန်းက ဆက်ပြီးပြောသည်။
” ငါ ဖြီးဖြန်းနေတာတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ကျင်း စီရင်စုနဲ့ ချူ စီရင်စုက ပူးပေါင်းတိုက်ခိုက်ကြတဲ့ မဟာချီရှန်းတွေ ချီရှန်းတွေနဲ့ ဟို့ထျန်းနယ်ပယ် စစ်သည်တော်တွေ တော်တော်များများကို စေလွှတ်ခဲ့တာ။ သူတို့ ပစ်မှတ်က အသင်္ချေ နယ်ချဲ့ တောင်တန်းထဲမှာ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ သားရဲနတ်ဘုရားဂိုဏ်းပဲ ”
” ပူးပေါင်းထားတဲ့ အင်အားစုတွေရဲ့ တိုက်ခိုက်မှုက အလွန်သန်မာတယ် ဆိုပေမဲ့ ကျင်း စီရင်စုနဲ့ ချူစီရင်စုက သူတို့ တပ်ဖွဲ့နဲ့ အဆုံး ဒါမှမဟုတ် သုံးပုံတစ်ပုံတောင် ဆုံးရှုံးနိုင်တယ်လို့ တွက်ဆထားပြီးသား။ ပြောရရင် သားရဲနတ်ဘုရားဂိုဏ်းက အစွမ်းထက်လွန်းပြီး သိပ်ဆန်းကြယ်လွန်းတာ။ သူတို့ထဲမှာ မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ ရှိနေတယ်။ နတ်ဘုရားတစ်ဝက် ကြယ်တာရာသားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ သူတို့ခေါင်းဆောင်ကလည်း ရှိနေတာလေ။ သူတို့ခွန်အားက ရှန်းထျန်းပဥ္စမအဆင့်တောင် ကျော်လွန်လာတာ အတော်ကြာပြီ ”
” ဒါပေမဲ့ ဘာဖြစ်သွားလဲ သိလား။ ဓါးရောင်ခြည် တစ်ချက်က ဘယ်နေရာကမှန်းမသိ ထွက်လာပြီး သားရဲနတ်ဘုရားဂိုဏ်း တစ်ဂိုဏ်းလုံးကို ဖျက်ဆီးလိုက်သွားတာ ”
” ဒီလို ကိစ္စ ရှိတယ်လား ”
တုထျန်းယွီ၏ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားသည်။
” ဟုတ်တယ်။ ဒီအရေးကိစ္စက ကြီးမားလွန်းတယ်။ အစတုန်းက အထက်အရာရှိတွေက ဒါကို ကွယ်ဝှက်ထားတာ။ ဘယ်သူ့မှ ပြောခွင့် မရှိဘူး။ မဟုတ်ရင် တစ်နိုင်ငံလုံးအနှံ့ နေရာတွေကို ပြန့်ပြီးတာ ကြာရောပေါ့ ”
” ဒါပေမဲ့ ဒါက ရှားပါးတဲ့ ကိစ္စရပ် မဟုတ်ဘူးလေ။ စီရင်စု ၉ခုရဲ့ လူတွေက ထူးချွန်ထက်မြတ်ပြီး အရည်အချင်းရှိတဲ့ သူတွေက များလာတာ။ တောင်ထဲမှာ ပုန်းခိုနေထိုင်နေတဲ့ မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ ရှိမှာပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀၀တုန်းက ဒေသ ၄ခုရဲ့ လူရိုင်းတွေက စီရင်စု ၉ခုရဲ့ အားကို ဖျက်ဆီးချင်ခဲ့တယ် ”
” နိုင်ငံ ၈ခုရဲ့ ပူးပေါင်းတိုက်ခိုက်မှုက ကြယ်တာရာသားရဲတွေရဲ့ ကျူးကျော်မှုကို ဖြစ်စေခဲ့တယ်။စီရင်စု ၉ခုက စိတ်ဓာတ်ကျနေခဲ့ပြီး အဆင့်မြင့် လူတစ်ယောက်မှ ဝင်မပါခဲ့ဘူးမလား။ ဒါပေမဲ့ စီရင်စု၉ခုက ဒုက္ခ ခံစားခဲ့ရပြီး တန်ဖိုးကြီးတဲ့ သိုင်းပညာရှင်တွေ တော်တောများများ ဆုံးရှုံးခဲ့ရတာ။ ဒီအကြောင်းအရင်းကြောင့် တန်ဖိုးကြီးတဲ့ သိုင်းပညာရှင်တွေ အများစု ပျောက်ကွယ်သွားတယ်လေ ”
” မဟုတ်ရင် ဖျောင်ကျန့်ရှန်က ကျင်း စီရင်စုထဲက သက်တူရွယ်တူ ဓါးသိုင်း ပါရမီရှင်တွေကို ဘယ်လို အကြောင်းကြောင့် အနိုင်ယူနိုင်မယ် ထင်လဲ။ တိုင်းပြည်ဂိတ်ကို ကာကွယ်ဖို့အတွက် ဓါးသိုင်းပညာရှင်တွေ သိသွားပြီး လုံလောက်တဲ့ အမွေအနှစ်တွေ မပေးနိုင်ခဲ့တာကြောင့်မလား ”
” သိုင်းပညာရပ်ဆိုတာ စာအုပ်တွေကို ဖတ်ရုံနဲ့ သင်ယူနိုင်တဲ့အရာ မဟုတ်ဘူး။ သိုင်းပညာရှင်ကြီးတွေရဲ့ စကား ၊ သင်ကြားပြသမှုမရှိပဲ နယ်ပယ်တော်တော်များများက နားလည်ဖို့ ခက်ခဲနေသေးတယ် ”
တုထျန်းယွီက ခေါင်းညိတ်လိုက်၏။
” အမှန်ပဲ။ စာအုပ်တွေ ဖတ်ရုံနဲ့ လမ်းညွှန်ပြသမှု မရှိပဲ သန်မာလာနိုင်တယ်ဆိုရင် သူက လူ မဟုတ်ဘူး ”
” စီရင်စု ၉ခုမှာ ဒီအကြောင်းအရင်းကြောင့် သူတို့က မြို့ငယ်လေးတွေကို စုစည်းချင်နေတာပဲ။ ပညာရေးကိုပဲ အာရုံစိုက်ပြီး ထူးချွန်ထက်မြတ်တဲ့ သိုင်းပညာရှင်တွေရဲ့ အတွေ့အကြုံတွေကို ဖြန့်ဝေပစ်ချင်တယ်။ ဒေသတစ်ခုလုံးရဲ့ ခွန်အားတွေကို မြင့်တင်ချင်နေတာပေါ့။ အခု နိုင်ငံရပ်ခြားက ယှဥ်ပြိုင်မှုက ပိုပိုပြီး ပြင်းထန်လာပြီ ”
” မျိုးရိုးဗီဇအရ သိုင်းပညာရှင်တွေနဲ့ သိပ္ပံနည်းကျသိုင်းပညာရှင်တွေကို အမေရိကက ဦးဆောင်ပြီး အမေရိကက ဦးဆောင်တဲ့ လူတွေက ပိုပိုပြီးဖွံ့ဖြိုးတိုးတက်လာတယ်။ ဖျတ်လတ်လာတယ်။ ဒီလောကထဲမှာ နံပါတ် ၁အဆင့်နဲ့ ညီမျှတဲ့ စီရင်စု ၉ခုရဲ့ သိုင်းပညာ အဆင့်တွေကိုသာ သူတို့ မသိမ်းထားခဲ့ဘူးဆိုရင် အဲ့ဒီလူရိုင်းတွေက ခွန်အားကြီးလာပြီ ဆိုတာနဲ့ စီရင်စု ၉ခုအတွက် ကပ်ဘေးတစ်ခု ဖြစ်လာမှာ သေချာတယ်။ ငါတို့ မျိုးနွယ်စုတွေပဲ အတွေးမတူတာ မဟုတ်ဘူး ”
” ကြယ်တာရာ စစ်မြေပြင်မှာ လက်ရှိအခြေအနေက တင်းမာနေတယ်။ ဒီတော့ သူတို့က လူသားမျိုးနွယ်စုကြားက ငြိမ်းချမ်းမှုကို ဖျက်ဆီးချင်နေတာလား ”
” ငြိမ်းချမ်းမှုတဲ့လား။ ဒီအရာက လူတွေကို အရူးလုပ်ဖို့ သုံးတဲ့ လှပတဲ့ စကားလုံး လှလှလေးတစ်ခုပဲ။ ဒီနှစ်တွေမှာ ကြယ်တာရာ စစ်မြေပြင်နဲ့ ကြယ်တာရာသားရဲတွေကို တိုက်ခိုက်ရတဲ့အပြင် လူသားမျိုးနွယ်စုက တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေတာ ဘယ်တော့မှ မရပ်တန့်ခဲ့ဘူး ”
” ဒါပေမဲ့ စီရင်စု ၉ခုက နောက်ဆုံး ရယ်မောနိုင်မဲ့ သူဆိုတာ သေချာတယ်။ ဒီလောကြီးထဲ ငါတို့မှာ အသန်မာဆုံး သိုင်းပညာ သွေးမျိုးဆက် ရှိနေလို့လေ။ အမြတ်ထက်ဆုံး၊ အသန်မာဆုံး ကျောရိုးနောက်ခံ ”
” ဘယ်လောက်ပဲကြာကြာ၊ အခက်အခဲတွေ ဘယ်လောက်ပဲ ရှိရှိ လူရိုင်းတွေက စီရင်စု ၉ခု ထွန်းတောက်လာမှာကို မခုခံနိုင်ဘူး ”
တုထျန်းယွီ၏ ရင်ထဲ လှုပ်ခတ်သွားပြီး သူ၏ မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုများ ပြည့်နေသည်။
မရေမတွက်နိုင်သည့် စမ်းသပ်မှု၊ ဘေးဒုက္ခများကို ဖြတ်ကျော်ခဲ့သည့် ဤတိုင်းပြည်က တစ်ခုတည်းဆိုလျှင်တောင် လောကကြီး၏ထိပ်၌ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေနိုင်သေးမှာပဲ ဖြစ်သည်။
အပိုင်း ၇၁ ပြီး၏။