စာကြည့်တိုက် တာအိုသခင်
အပိုင်း ၇၀။ နောက်ဆုံးသော လှုပ်ရှားမှု ကျင့်စဥ်။
” ကြီးကြပ်သူ ယဲ့ .. ရောက်လာတာပဲ ”
ယဲ့ရှောင် ရောက်လာတာကို မြင်သောအခါ နဥ်ယွိဟန်သည် အိပ်ရာကနေ ချက်ချင်းထလာ၏။
ယဲ့ရှောင်က လက်ကာပြလိုက်သည်။
” ရတယ်။ လှဲနေလိုက်။ ဒဏ်ရာကို မထိနဲ့ ”
” အဆင်ပြေပါတယ်။ ကျွန်တော် အဆင်ပြေတယ် ”
ယဲ့ရှောင်သည် သယ်လာသော ပစ္စည်းများကို ဘေးသို့ တင်ပြီး ဒဏ်ရာအကြောင်း ရိုးရှင်းသော မေးခွန်းအချို့သာ မေးခဲ့သည်။ နဥ်ယွိဟန်သည် အနည်းငယ် ဖြေသော်ငြား တစ်ခုစီ မဖြေခဲ့ပေ။ သူက အနည်းငယ် နားဝင်တိမ်တောင် ဖြစ်နေတာ သိသာ၏။ ယဲ့ရှောင် သူ၏ မူလဇစ်မြစ်ကို မေးမှာကို စိုးရိမ်ပူပန်နေတာ ဖြစ်သည်။
မေးခွန်း အနည်းငယ် မေးပြီးနောက် ယဲ့ရှောင်က ပြောလိုက်တော့သည်။
” မင်း ပြန်နားချင်လား။ စာကြည့်တိုက်ကို အရင်သွားရမလား ”
နဥ်ယွိဟန်က အံကြိတ်လျက် မပြောပဲ မနေနိုင်တော့ပေ။
” ဆရာ ဖြစ်နိုင်တာက မနေ့ညက ဖြစ်ခဲ့တာကို မသိချင်ဘူးလား ”
” ဘာများ သိချင်စရာ ရှိလဲ။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိကြတယ်။ မင်း ပြောချင်တယ်ဆို အစောတည်းက ပြောပြီးဖြစ်နေမှာပေါ့။ မပြောချင်ရင်လည်း မင်း ငါ့ကို လိမ်ဖို့အတွက် အလိမ်ညာတစ်ခု သုံးလို့ ရတာပဲ ”
နဥ်ယွိဟန်သည် အိပ်ယာခင်းကို တင်းကြပ်စွာ ဆုတ်ကိုင်ထားလိုက်၏။ ခဏအကြာတွင် သူက သက်ပြင်းချလိုက်တော့သည်။
” ဆရာ … ရိုးရိုးသာသား ပြောရရင် ဆရာ့ရဲ့ သဘောထားက ကျွန်တော် တွေ့ဖူးသမျှ သူတွေအားလုံးထဲမှာ အကောင်းဆုံးပဲ။ တစ်ခါတစ်လေမှာ ဆရာက လျှို့ဝှက်သိုင်းပါရမီရှင်လား .. သိုင်းပညာရှင်လားလို့တောင် သံသယ ဖြစ်မိတယ်။ မုန်တိုင်းကြီးတွေ လှိုင်းကြီးတွေကို အသားကျနေပြီး တော့ ဘဝအပေါ် ဆရာ့ရဲ့ သဘောထားက အမြဲတမ်း တည်ငြိမ်ပြီး သိမ်မွေ့တာ လူတွေကို အားကျစေတယ် ”
” ဝိညာဥ်တောင် မဖွင့်နိုင်တဲ့ ငါလိုလူက ကြိုးစားရင်တောင် ဘာမှမလုပ်နိုင်ဘူး။ သိုသိုသိပ်သိပ် နေတာက ပိုကောင်းတယ် ”
နဥ်ယွိဟန်သည် ခေါင်းခါလိုက်တော့သည်။
” ဆရာ ကိုယ့်ကိုကိုယ် အထင်မသေးလိုက်ပါနဲ့။ ရိုးရိုးသားသား ပြောရရင် ဆရာ ကျင့်ကြံနိုင်တယ်။ ကျင့်ကြံနိုင်မယ်ဆိုရင် နောင်ကြ အောင်မြင်မှုက သေချာပေါက် နိမ့်နေမှာ မဟုတ်ဘူး။ ဆရာ့ရဲ့ စိတ်နေသဘောထားကလည်း ကောင်းလှတာ ”
ခဏကြာပြီးနောက် သူက ထပ်ပြောလိုက်သည်။
” ဒါက ကံကြမ္မာ ဖြစ်နိုင်ပါတယ်လေ။ ကောင်းကင်ဘုံက လူတိုင်းကို ပြီးပြည့်စုံခွင့် မပေးဘူး။ ဆရာ့ရဲ့ စိတ်နေသဘောထားက သိပ်ကောင်းပေမဲ့ မကျင့်ကြံနိုင်ဘူး။ ကျွန်တော့်မှာ ပါရမီရှိပေမဲ့ ပွင့်ပွင့်လင်းလင်း ကျင့်ကြံလို့ မရဘူး။ ကောင်းကင်က လူတွေကို လှည့်စားရတာ သဘောကျတာကိုး ”
သူ တွေဝေနေတာကို မြင်သောအခါ ယဲ့ရှောင်က ထရပ်လိုက်သည်။
” ကောင်းပြီ။ တဗြစ်တောက်တောက် ပြောနေတာ ရပ်လိုက်တော့။ ကောင်းကောင်းပြန်ကုစား။ အလုပ်ကို စောစော ပြန်ဝင်ဖို့ ကြိုးစား။ မင်းအတွက် ဖျားနာခွင့် ၃ရက် တင်ထားပေးမယ် ”
” ကျေးဇူးပါ ဆရာ ”
” ရပါတယ်ကွာ ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွားတော့သည်။ နဥ်ယွိဟန်က ယဲ့ရှောင်ကို အမြန်ခေါ်လိုက်၏။
” ကြီးကြပ်သူ ယဲ့ ”
ယဲ့ရှောင်က လှည့်ကြည့်လိုက်ရာ နဥ်ယွိဟန်သည် တည်ကြည်သော အမူအယာဖြင့် ပြောလိုက်၏။
” တစ်နေ့ကြရင် ဆရာ့ကို အရေးကြီးတာတစ်ခုခု ကျွန်တော် ဖုံးကွယ်ထားတာ ရှာတွေ့သွားရင် ကျွန်တော့်ကို အရမ်းမုန်းနေမှာလား ”
” မမုန်းပါဘူး ”
” ဘာကြောင့်လဲ ”
” မင်းက ငါ့လောက် မချောဘူး။ ငါ့လောက် မချမ်းသာဘူး။ ငါ့လောက်လည်း ယောင်္ကျားမပီသဘူး။ ငါ့ထက် အခြေအနေ ဆိုးတဲ့ သူတစ်ယောက်ကို ဘာကြောင့်များ မုန်းရမှာလဲ ”
နဥ်ယွိဟန်သည် ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။
” ဆရာက ကြင်နာဖို့ မကြိုးစားဘူးပဲ ”
” ကောင်းပြီ။ ငါအရင် သွားတော့မယ် ”
ယဲ့ရှောင်က စာကြည့်တိုက်သို့ ပြန်သွားပြီး စာဆက်လက် ဖတ်ရှုနေသည်။
သူ ကြီးကြပ်သူအဖြစ် ရာထူးတက်သွားပြီးနောက် သူ့အောက်ရှိ မန်နေဂျာများကသာ ကိစ္စရပ်များကို ဆောင်ရွက်၏။ ထို့ကြောင့် သူ ဝင်စွက်ဖက်စရာ မလိုချေ။ ထို့အတွက် သူသည် သူ့ဧရိယာအတွင်းရှိ လှုပ်ရှားမှု ကျင့်စဥ်များ အားလုံးကို ဖတ်ရှုနိုင်ရာ ယဲ့ရှောင် အခြေခံ လှုပ်ရှားမှု ကျင့်စဥ် ( ၆ ) မျိုးကို ရှာတွေ့သွားသည်။
ကြီးကြပ်သူဟူသော သူ၏ ရာထူးကို သုံးပြီး ကျန်သည့်ဧရိယာများဆီ သွားကာ စာဖတ်ရှုခဲ့ပြီး တစ်ဆက်တည်း အခြေခံ လှုပ်ရှားမှု ကျင့်စဥ် ( ၂ ) မျိုး ရလာခဲ့သည်။ ဤနည်းဖြင့် သူသည် အခြေခံ လှုပ်ရှားမှု ကျင့်စဥ် ( ၈ ) မျိုးကို စုဆောင်းခဲ့ပြီ ဖြစ်သည်။
ရွှေရောင်စာအုပ်သည် ရွှေရောင်အလင်း တဖြတ်ဖြတ်နဲ့ စတင် ပေါ်လာပြီဖြစ်သည်။ ဆိုလိုသည်က သူသည် နောက်ထပ် အခြေခံ လှုပ်ရှားခြင်း ကျင့်
စဥ်တစ်ခုသာ လိုအပ်ပြီး ၄င်းကို ပေါင်းစည်းနိုင်တော့မှာပဲ ဖြစ်သည်။
ပေါင်းစည်းထားသော ကျင့်စဥ်က မည်ကဲ့သို့ ဖြစ်မည်မှန်း သူ မသိပေ။ လက်ရှိတွင် သူက တိုက်ပွဲဝင်ပုံစံ လွန်ကဲခြင်း ဓါးမော့၊ ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါး၊ ခရမ်းရောင် ကြယ်ပင်လယ် ဝိညာဥ် ရေးရာ ကျင့်စဥ် ၊ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုနှင့် ကောင်းကင်ကို ပြုပြင်ခြင်း ကျင့်စဥ်ဟူသော ကုသမှု ကျင့်စဥ်တို့ ရှိနေပြီ ဖြစ်သည်။
ကျင့်စဥ် ( ၅ ) မျိုးတွင် တစ်ခုချင်းစီက အကောင်းတကာ့ အကောင်းဆုံး ဖြစ်ပြီး ဤလောကထဲရှိ ကျင့်စဥ်များထက် သာလွန်သည်။
သူ၏ ကျင့်ကြံဆင့်ထက် သာလွန်သော ခွန်အားကို ပြသခွင့် ပေးနိုင်သည်။ သူသည် နောက်ထပ် လှုပ်ရှားမှု ကျင့်စဥ်တစ်မျိုးကို ပေါင်းစည်းခဲ့လျှင် ယင်းက ဆိုးဝါးမှာ မဟုတ်ပေ။ အရှိန် မည်မျှ တိုးလာမည်နည်း။ လက်ရှိ အရှိန်သည် အသံထက် မြန်နေသည် ဖြစ်သည်။ သူက အဆင့် ပိုမြင့်သွားခဲ့လျှင် အလင်း၏ အလျှင်ကိုတောင် မှီမည်လော။ ယခုအချိန်တွင် သူက အလင်းကဲ့သို့ ပြုမူနိုင်လောက်သည်။
သူ၏ ခွန်အား တိုးလာသည်နှင့် ကျင့်ကြံဆင့်အရ ပြသသော ခွန်အားသည်လည်း ပိုမိုသန်မာလာပေလိမ့်မည်။
ထို့အပြင် ကျင့်စဥ်ကို ဆက်လက်ပေါင်းစည်းနိုင်မည်လားဆိုတာ သူ မသိပေ။ ပိုတောင် သန်မာ
သည့် ကျင့်စဥ်နှင့် ပေါင်းစည်းနိုင်ခဲ့မည်ဆိုလျှင် အဆုံးတွင်မူ အလင်း၏ အရှိန်ကို သူ ရောက်နိုင်မည်လော။ အလင်း၏ အရှိန်ထက်တောင် သာသွားမည်လော။
ထို့ကြောင့် သူက လေလည်ပြီး ကျင့်စဥ်ကို အသုံးပြုခဲ့လျှင် အနံ့သည် တစ်ကမ္ဘာလုံးကို ပတ်သွားမည်လော။
ထိုအကြောင်းကို တွေးပြီး လက်တွေ့မကျကြောင်း သိလိုက်ရသည်။ ဆိုရလျှင် လှုပ်ရှားမှု ကျင့်စဥ်က နေရာရွှေ့ပြောင်းခြင်း မဟုတ်ပေ။
လှုပ်ရှားမှု ကျင့်စဥ်၌ အကန့်အသတ် ရှိသည်။အသံထက်မြန်သော အရှိန်သည် အလင်း၏ အရှိန်နှင့် အလွန် ဝေးကွာနေသေးသည်။ အမှန်တကယ်တွင် အလင်း၏ အရှိန်ကို ရောက်ဖို့က အလွန်ဝေးသေး၏။ ယင်းက သဘာဝတရား၏ ကွာဟချက်ကြီး ဖြစ်နေလေရာ အလင်း၏ အရှိန်ထက် သာဖို့ဆို ပြောနေရန် မလိုတော့ချေ။
လေဟာနယ် ပုံစံ အစီအရင်များသည် အကွာအဝေး အကျယ်ကို ချက်ချင်း ရွှေ့ပြောင်းနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။ သို့သော် လေဟာနယ် ကျင့်စဥ်များသည် ယုံကြည်စိတ်ချရသည့် အမြင့်ဆုံးအဆင့်တွင် ရှိနေပုံ ရသည်။ ကျန်းဟိုင်မြို့ စာကြည့်တိုက်တွင်တောင် မရှိ။ ထို့ကြောင့် သူ့အဖို့ လိုချင်လျှင်တောင် သင်ယူနိုင်ရန် အခွင့်အရေး မရှိချေ။
တစ်ကြိမ်လျှင် တစ်လှမ်းသာ လှမ်းမည်။ နောင်ကြ သူ ပိုသန်မာလာသည့်အချိန်တွင် ၄င်းတို့ကို အနှေးနှင့်အမြန် သင်ယူနိုင်မှာပဲ ဖြစ်သည်။
ထိုအတွေးဖြင့် ယဲ့ရှောင်က နောက်ထပ် လှုပ်ရှားမှုကျင့်စဥ်ကို ဖတ်ရှုလိုက်သည်။ ရွှေရောင်စာအုပ်က ရုတ်တရက် လှုပ်ခါလာလေရာ ယဲ့ရှောင်၏ မျက်နှာကို အပျော်တို့ဖြင့် လင်းထိန်သွားစေ၏။ ယင်းက နောက်ဆုံး လှုပ်ရှားမှု ကျင့်စဥ် ဖြစ်သည်။
” ဟေ့ .. ဒါက ချစ်စရာ ယဲ့ရှောင်လေး မဟုတ်ဘူးလား။ ငါ့နယ်ပယ်ထဲ ဘာကြောင့် ရောက်လာတာလဲ ”
အသံက သူ့ကို မျက်ခုံးအနည်းငယ် ပင့်သွားစေသည်။ သူက အလေးအနက် ဖတ်ရှုနေသောကြောင့် အမျိုးသား သတ်ဖြတ်သူ၏ နယ်မြေထဲ ရောက်လာတာကို သူ သတိမပြုလိုက်မိပေ။
အမှားအယွင်း တစ်ခုသာ ဖြစ်သည်။ ခေါင်းမော့လိုက်လေရာ ပုံမှန်အတိုင်း ဝတ်ဆင်ထားသော မစ္စဝမ်ကို တွေ့လိုက်ရသည်။
သူမ ခန္ဓာကိုယ် အထက်ပိုင်းက အလွန်သေးသည့် ကိုယ်ကြပ် ရှပ်အင်္ကျီ ဖြစ်သည်။ သူမသည် အလုပ်အတွက် အနက်ရောင် ကုတ်ကို ဝတ်ဆင်ထားပြီး အောက်ပိုင်းက ဒူးထိဖုံးသော စကပ် ဝတ်ထားလေ၏။ ခြေတံရှည်များကို ဖြူဖွေးသော ခြေအိတ်တို့ဖြင့် ဝတ်ထား၏။ သူမ ခြေထောက်ပေါ်ရှိ ဒေါက်မြင့်ဖိနပ်က ခြေထောက်အောက်တွင် အက်ရာ အနည်းငယ်ကို ဖြစ်စေသည်။
ထိုကဲ့သို့ အလုပ်ယူနီဖောင်းသည် စျေးမကြီး။ အလွန် ကွက်တိကျသည်။ သို့သော်ငြား အချို့သော အကြောင်းပြချက်ကြောင့် မစ္စ ဝမ် ဝတ်လိုက်သည့်အချိန်တွင် လူများကို ဆန့်ကျင်ဘက် ဖြစ်သွားစေ၏။
၄င်းက အရှေ့အရပ်ရှိ ကျင့်၀တ်မသုံးသော တိုင်းပြည်သည် ၄င်း၏ ယဥ်ကျေးမှုထဲ အကြံဉာဏ်များစွာကို ပို့နေတာ ဖြစ်နိုင်သည်။
အဓိက ဝက်ဆိုက်များ၌ အလုံးစုံအတွက် ခွဲခြားထားသော ကဏ္ဍခွဲများ ရှိနေသည့် အချက်ကို မဆိုထားနှင့် အမြို့မြို့သော ပြည်နယ်များက အဆင့်တူ အနေဖြင့် ပြသထားသည်။ ထိုသို့တိုင် ကဏ္ဍခွဲများ၌ တစ်ခါတစ်ရံတွင် နာမည်ကြီးတို့၏ သွင်ပြင်များ တီရာနိုဖါ၊ ကော်ပါးနက်၊ တိုင်းအောက်စသည့် ဂန္နဝင် သွင်ပြင်များကိုလည်း လိုက်ကြည့်ကြသည်။
မစ္စ ဝမ်သည် ယဲ့ရှောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။ ရှန်နန်မွှေး၏ ရနံ့ပြင်းပြင်းက နှာခေါင်းဝသို့ ရောက်လာပြီး သူမက အနည်းယ် ပြုံးလိုက်တော့သည်။ လခြမ်းသဏ္ဌန်မျက်ဝန်း၌ အမျိုးသားများကို သေစေနိုင်မှုများ ကြည့်စေသည်။
ယဲ့ရှောင်က တစ်ချက်သာ ကြည့်ပြီးနောက် ခေါင်းငုံ့ကာ စာဆက်ဖတ်နေလေ၏။
မစ္စ ဝမ်က ဒေါသမထွက်သွားပေ။ သူမက စားပွဲပေါ်တွင် ပါးကို ညာလက်ဖြင့် ထောက်လျက် ယဲ့ရှောင်ကို ပြုံးကြည့်နေသေးသည်။
” ယဲ့ရှောင် နေ့တိုင်း စာအုပ်တွေ ဘာကြောင့် ဖတ်နေတာလဲ။ စာအုပ်တွေက ဘာကောင်းလို့လဲ ”
” စာအုပ်တွေထဲမှာ ရွှေရောင် အိမ်တစ်လုံး ရှိတယ်”
” ဟဲ့ .. ဟဲ့ .. အမျိုးသမီးတစ်ယောက်ကို ဖွက်ထားဖို့ ရွှေရောင် အိမ်တစ်လုံး တည်ဆောက်နေတာလား။ ဘာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံနေတာလဲ။ တစ်ခွန်းပြောပြီး ငါ့ အိမ်သာ လာခဲ့။ ကြိုက်တဲ့ တံခါး ဖွင့်လို့ရတယ် ”
ယဲ့ရှောင်က ခြေထောက်ယားလာလေ၏။ သူက ဝိညာဥ်စွမ်းအားဖြင့် ဖြန့်ကျက်ကြည့်လိုက်ရာ မစ္စ ဝမ်သည် သူမ၏ ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်တာ သဘောပေါက်သွားသည်။ ပိုးသားခြေအိတ်ကို ဝတ်ထားသည့် ခြေထောက်က သူ၏ ခြေသလုံးသားကို ကျီစယ်နေသည်။
သူက တစ်သီးတစ်သန့်ဖြင့် နောက်သို့ ဆုတ်ကာ မစ္စ ဝမ်ကို ရှောင်လိုက်သည်။
” မစ္စဝမ်ရဲ့ ငါးအိုင်က နက်လွန်းပါတယ်။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်လေးနဲ့ အထဲရောက်သွားရင် ပြန်ထလာနိုင်မှာတောင် မဟုတ်ဘူး ။ တခြားတစ်ယောက် ရှာတာ ပိုကောင်းလိမ့်မယ် ”
အပိုင်း ၇၀ ပြီး၏။