Switch Mode

Chapter – 69

ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ဆန္ဒရှိ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၉။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ဆန္ဒရှိ။

ဓါးရောင်ခြည်သည် ကြယ်ကြွေတစ်စင်းပမာ ကောင်းကင်ထဲသို့ တန်းတန်းမတ်မတ် ပေါ်ထွက်သွားပြီး တောက်ပကာ လျှင်မြန်သည့် လမ်းကြောင်းတစ်ခုကို ဆွဲလိုက်တော့သည်။

ခေါင်မိုးပေါ်တွင် ကလေးနှစ်ဦးက ကြယ်များကို ကြည့်နေ၏။ ထိုမြင်ကွင်းကို တွေ့သောအခါ သူတို့က ချက်ချင်း ပျော်ရွှင်သွားကြတော့သည်။

” မမ .. မမ ကြည့်ကြည့်။ ကြယ်ကြွေနေပြီ ”

” ဝိုး တကယ်ကြယ်ကြွေနေတာပဲ။ ကြယ်ကြွေတာ တွေ့ရင် ဆုတစ်ခု တောင်းရမယ်။ ဒါဆိုရင် နင့်ရဲ့ဆုတောင်းက အမှန်အတိုင်း ဖြစ်လာလိမ့်မယ် ”

” ဟုတ်ပြီ။ ကြယ်ကြွေကြီးရေ .. လောကကြီးဆီ ငြိမ်းချမ်းမှုတွေ ဆောင်ယူလာပေးဖို့ မျှော်လင့်ပါတယ်။ လူသားတွေ သားရဲလူသားတွေနဲ့ ကြယ်တာရာသားရဲတွေ ငြိမ်းငြိမ်းချမ်းချမ်း အတူတူ နေနိုင်ဖို့ ”

​ကျင်း စီရင်စု၏ အနောက်တောင်အရပ် ချူ စီရင်စု၏ နယ်စပ် ဝမ်ကျန်း တောင်တတ်းတွင် ဖြစ်သည်။

လူဦးရေ ရာချီသော အဖွဲ့တစ်ဖွဲ့သည် တောင်အုပ်ထောင့်ဘက်၌ စုဝေးနေ၏။

” ဒီတစ်ခေါက် ​ကျင်း စီရင်စု မြို့စောင့်တပ်ဖွဲ့နဲ့ ချူ စီရင်စု မြို့စောင့်တပ်ဖွဲ့က ပုဂ္ဂလိက ကုမ္မဏီ သုံးခုနဲ့ပေါင်းပြီး အဖွဲ့လိုက် တိုက်ခိုက်မှာ။ သူတို့ ပန်းတိုင်က ဒီတောင်ထဲက သားရဲလူသား အဖွဲ့အစည်း၊ သားရဲနတ်ဘုရားဂိုဏ်းကို အပြည့်အဝ ရှင်းထုတ်ပစ်ဖို့ပဲ ”

” သားရဲနတ်ဘုရားဂိုဏ်းကို အပြည့်အဝ ဖျက်ဆီးနိုင်ဖို့ဆို ချီရှန်း ၁၆ယောက်၊ မဟာဂိုဏ်းနှစ်ယောက်ကို လွှတ်ပေးရမယ်။ ဝိညာဥ်ရေးရာ ချီရှင်း ၃ယောက်၊ အဆင့်မြင့် ကုသသူ ၁ယောက်၊ အလယ်ဆင့် ကုသသူ ၆ယောက်နဲ့ ဟို့ထျန်းနယ်ပယ် စစ်သည်တော် ၄၃၅ယောက်လိုတယ် ”

” ဒီစီတန်းမှုကို အထက်အရာရှိတွေ စီစဥ်ထားတာ။ ပြီးတော့ အနီးပတ်ဝန်းကျင် မြို့တွေက ဒီအတွက် လူစုဖို့အတွက် ပူးပေါင်းရမယ်။ ဒါက ငါတို့အတွက် ရှားပါးတဲ့ အခွင့်အရေးလည်း ဟုတ်တယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီအကန့်အသတ်မဲ့ တောင်တန်းထဲက သားရဲနတ်ဘုရားဂိုဏ်းကို မြုပ်ပစ်ရမယ်။ နားလည်လား ” ။ ” နားလည်ပါပြီ ”

” ကောင်းပြီ။ မဟာချီရှန်း ၂ဦး လမ်းကို ဦးဆောင်။ ဝိညာဥ် သိုင်းပညာရှင် ချီရှန်းတွေက လေ့လာ ”

သားရဲနတ်ဘုရားဂိုဏ်း၏ မြေအောက်ခန်းမထဲတွင် ကျောက်ပြားနှစ်ခုက ရုတ်တရက် ပေါက်ကွဲသွားရာ တပည့်များကို နှိုးလာစေတော့သည်။

” ဘာဖြစ်သွားတာလဲ ”

မြင့်မားသည့် ခုံတွင် ထိုင်နေသော ခေါင်းဆောင်က အလွန်အေးစက်သည့် အမူအယာ ပေါ်လာလေ၏။

” ဒါက ဖြားယောင်ခြင်း မြေခွေးနဲ့ အစိမ်းရောင် ဝံပုလွေပဲ။ သူတို့ အသတ်ခံလိုက်ရပြီ ”

” ဘာ။ ချီရှန်း ဖြားယောင်ခြင်း မြေခွေးနဲ့ ချီရှန်း အစိမ်းရောင် ဝံပုလွေလည်း အသတ်ခံရတယ်လား”

” သေသင့်တဲ့ လူသားတွေက သားရဲနတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေကို ထပ်သတ်နေပြန်ပြီ။ ငါတို့ သူတို့ကို သတ်ပြီး ချီရှန်းနှစ်ယောက်အတွက် ကလဲ့စား ချေရမယ် ”

” အမှန်ပဲ။ လူသားတွေကို တိုက်ခိုက်ပြီး ကျန်းဟိုင်မြို့ကို ဖျက်ဆီးပစ်ရမယ် ”

ခေါင်းဆောင်သည် ပြောနေစဥ် တစ်စုံတစ်ခုကို အာရုံခံမိသောအခါ သူ၏ အမူအယာက တောင့်ခဲသွား၏။

” မပြီးသေးဘူး။ နောက်ထပ် လှိုင်း ရောက်လာနေပြီ။ လူသားတွေ ကျူးကျော်လာပြီ ”

” ကြည့်ရတာ တုံးအတဲ့ လူသားတွေကို သင်ခန်းစာ ပေးရတော့မယ့် ပုံပဲ ”

” သားရဲနတ်ဘုရားဂိုဏ်းရဲ့ နောက်လိုက်တွေ အားလုံးကို တိုက်ခိုက်ဖို့ အမိန့်ပေးတယ်။ ”
ထိုအမိန့်ဖြင့် သားရဲနတ်ဘုရားဂိုဏ်းက အားလုံးသည် မြေပြင်ပေါ် တစ်ဟုန်ထိုး ပေါ်ထွက်လာကြသည်။

” လူသားအားလုံးကို သတ် ”

” လူသားတွေရဲ့ သွေးကို သုံးပြီး ငါတို့ သားရဲနတ်ဘုရားဂိုဏ်းရဲ့ နတ်စွမ်းအားကို ဆေးကြောမယ် ”

မြေပြင်က အနည်းငယ် လှုပ်ခါလာပြီး မြေပြင်ပေါ်ရှိ လူများက ရုတ်တရက် ရွေ့လျားကြတော့သည်။

” ဒုက္ခပဲ။ ငါတို့ ပေါ်သွားပြီ ”

” အားလုံးပဲ အာရုံစိုက်ထားပါ။ တိုက်ခိုက်ကြမယ် ”

ထိုသို့ပြောပြီးနောက် လူအုပ်ကြီးထဲရှိ အမျိုးသမီး စစ်သည်တော်သည် ကောင်းကင်ကို ဖြတ်ခနဲ ကြည့်လိုက်ရာ ဇဝေဇဝါ ဖြစ်သွားလေ၏။

” အန် .. ခေါင်းဆောင် ကြည့်ပါဦး။ အဲ့ဒါ ဘာလဲ ”

လူတိုင်းက ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကောင်းကင်ကို ခွင်းလျက် လာနေသော ကြယ်ကြွေတစ်စင်းကို တွေ့လိုက်ရပြီး သူက ပရာဗလာ ပုံစံမျိုး ဖွဲ့တည်ပြီး နောက်ဆုံးတွင် အားလုံးရှေ့သို့ ရောက်လာ၏။

မြေပြင်မှ အင်မတန် တောက်ပသည့် အလင်းလုံးက ပေါ်ထွက်လာပြီး မြေကမ္ဘာ တုန်လှုပ်ဖွယ် ပေါက်ကွဲမှု လိုက်ပါလာတော့သည်။

ဖုန်း။

ပြင်းထန်သည့် ပေါက်ကွဲသံ ပေါက်ထွက်လာပြီး မြေက သိပ့်သိပ့် တုန်သွားသည်။ လှိုင်းများက အရပ်မျက်နှာအနှံ့ ပြန့်ကားသွားပြီး ချက်ချင်းပင် သစ်ပင်ကြီးများကို တစ်ပင်ပြီးတစ်ပင် လဲသွားစေတော့၏။

” အားလုံးပဲ အာရုံစိုက်။ ခန္ဓာကိုယ်ထဲက စွမ်းအင်ကို စုစည်း။ စိတ်ကို သတိထား။ ခန္ဓာအောက်ပိုင်းကို ငြိမ်အောင်လုပ်။ ချီရှန်းနဲ့ မဟာချီရှန်းတွေ ဝိညာဥ်အရံအတား ခုခံမှုကို အသက်သွင်း ”

ခေါင်းဆောင်သည် ဗျူဟာကျကျ အမိန့်ပေးလိုက်ရာ လူတိုင်းက ဗျူဟာအတိုင်း အမြန်ဆောင်ရွက်ကြတော့သည်။ ချီရှန်းများနှင့် မဟာချီရှန်းများက သူတို့ရှေ့၌ လှိုင်းများကို ကာပိတ်ဆို့ပေးရန် ဝိညာဥ်စွမ်းအင် နံရံတစ်ခုကို ဖွဲ့တည်လိုက်တော့သည်။

ယဲ့ရှောင်၏ ကျင့်စဥ်က အလွန်အစွမ်းထက်လွန်းပြီး ၄င်း၏ ချဲ့ထွင်မှုသည် သာမန်ကျင့်စဥ်များထက် ပိုပြီး အားကောင်းသည်။ သာမန်ဓါးတိုက်ကွက်တစ်ကွက်က ကျင့်ကြံဆင့်တစ်ဆင့် ပိုမြင့်မားသော ရန်သူကို ရင်ဆိုင်နိုင်သော ခွန်အား ပိုင်ဆိုင်သည်။ ထို့အပြင် ဝိညာဥ်စွမ်းအင် ပမာဏ များစွာကို သိပ်သည်းခြင်းဖြင့် အကွက်များစွာ၏ စွမ်းအင်သည် ဓါးတိုက်ကွက်တစ်ကွက်တည်းဖြင့် ပေါင်းစည်းသွားသည့် ရလဒ်အနေဖြင့် ခွန်းအားက အဆင့်အမှန် မဟာချီရှန်း တိုက်ကွက်တစ်ကွက်ဖြစ်နေပြီ ဖြစ်သည်။

ဖုန်း။

လှိုင်းနှင့် စွမ်းအင်နံရံ တိုက်မိသည့်အချိန်တွင် ၄င်းက ၁၀ မိုင်ကျော် ပြန့်ပြီး ဖြစ်သော်ငြား ချီရှန်းများကို လှုပ်ခါသွားစေဆဲ ဖြစ်သည်။ သူတို့ လက်များ အနည်းငယ် ထုံကျင်သွားပြီး ဝိညာဥ်စွမ်းအင်များ အတက်အကျ ဖြစ်သွား၏။

မဟာဂိုဏ်းနှင့် နောက်တွင် ပုန်းနေသော လူများသာ အနည်းငယ် သက်သာပြီး သက်ရောက်မှု သိပ်မရှိတာ ဖြစ်သည်။

ထိုသို့တိုင် အားလုံးက ထိတ်လန့်နေသေး၏။

အစွမ်းထက်လိုက်တဲ့ တိုက်ကွက်ပဲ။ ဒါက ကောင်းကင်ဘုံက အပြစ်ပေးတာပဲ ဖြစ်ရမယ်။

ထိုတိုက်ကွက် ရှေ့တွင် သူတို့အဖွဲ့ အုပ်စုပမာသဖွယ် သေးငယ်နေတော့သည်။

သူတို့အဖွဲ့၏ ခွန်အားကို လျှော့တွက်၍ မရမှန်း သိထားရပေမည်။ ထိုသို့တိုင် သူတို့က ထိုတိုက်ကွက်ရှေ့၌ ကြွားလုံးထုတ်ပိုင်ခွင့် မရှိပေ။ ကံကောင်းသည်မှာ တိုက်ကွက်သည် သူတို့ခေါင်းပေါ် ရောက်မလာပဲ မဟုတ်လျှင် မဟာဂိုဏ်းနှင့် ချီရှန်းတို့၏ ခုခံမှုဖြင့်တောင် မည်သူမှ အသက်ရှင်မှာ မဟုတ်ပေ။

လှိုင်းသည် ခဏတစ်ဖြုတ်သာ ကြာရှည်ခံပြီးနောက် သူတို့ကို ကျော်ဖြတ်သွားကာ ဆက်လက်
ပြန့်ကားသွားပြီး ဖြည်းဖြည်းချင်း အားလျော့သွား၏။

သို့သော် ပတ်ဝန်းကျင်ရှိ ဆိုးရွားသော မြင်ကွင်းက ထိုတိုက်ကွက် မည်မျှ အစွမ်းထက်ကြောင်း ပြသနေ၏။ လှိုင်းကြောင့် သစ်ပင်များ လှဲပြိုကုန်၏။ ပေါက်ကွဲမှု ဗဟိုတွင် သစ်ပင်များက စိစိညက်ညက် ကြေနေလေ၏။

ပေါက်ကွဲမှု၏ အလယ်ထဲကနေ ကြီးမားသည့်
မှိုပွင့်တစ်ပွင့် ပေါ်ထွက်လာသည်။

” ကြည့် .. မြန်မြန်ကြည့်ကြ ”

ခေါင်းဆောင်က အမိန့်ပေးလိုက်ရာ သူတို့အဖွဲ့သည် ရှေ့သို့ မြန်မြန်တိုးသွားသည်။ မဟာဂိုဏ်းအချို့နဲ့ ချီရှန်းများက အမြန်ဆုံး ဖြစ်ရာ သူတို့က အဖွဲ့ကို ထားခဲ့ပြီး ပေါက်ကွဲမှု ဗဟိုသို့ ချက်ချင်းသွားလိုက်တော့သည်။

ပေါက်ကွဲမှုအောက်တွင် ပတ်ဝန်းကျင်၏ သက်ရှိများအားလုံးနီးပါး မရှိတော့ပေ။ သူတို့နောက်တွင် ကျန်ရှိသည့် အဖွဲ့ဝင်များကို စိုးရိမ်ပူပန်စရာ မလိုတော့ချေ။ မိနစ်အနည်းငယ် ကြာပြီးနောက် မဟာဂိုဏ်းများ ရောက်လာတော့သည်။

သူတို့သည် မြေပြင်ပေါ်ရှိ တွင်းနက်ကြီးကို ကြည့်ပြီး အားလုံး ကြက်သေ သေကုန်၏။

မြေပြင်က ပြားကပ်နေပြီး အသက်ရှင်သည့်
လက္ခဏာရပ် မရှိတော့ပေ။ တွင်းပေါက်များသာ ရှိနေ၏။ ပေါက်ကွဲမှုမှ အပူချိန်သည် မြင့်မားလွန်းသောကြောင့် အချို့သော မြေပြင်သည် မြေထဲတွင် ပြောင်းလဲသွားသည်။

” ဒါ ဒါ .. ဘယ်သူလုပ်လိုက်တာလဲ ”

” ဘုရားရေ … ဒီလူက သားရဲနတ်ဘုရားဂိုဏ်း တစ်ခုလုံးကို သုတ်သင်ရှင်းလင်း လိုက်တာပဲ ”

” ဘယ်သူ ဘယ်သူများလဲ။ ဒီလိုလုပ်ဖို့ ဘယ်သူ့မှာ စွမ်းရည်ရှိတာလဲ။ ဒီခွန်အားနဲ့ဆို ဒါအတွက် နတ်ဘုရားဂိုဏ်းပဲ တာဝန်ယူနိုင်မှာ ”

အချိန်က လျှင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်း နောက်ထပ်တစ်ညတာ ကုန်သွားလေ၏။

ကျန်းဟိုင်မြို့က တည်ငြိမ်နေပြီး ​ကျင်း စီရင်စုကလည်း အလွန်ငြိမ်နေ၏။ သားရဲနတ်ဘုရားဂိုဏ်း၏ အရေးကိစ္စက မပြန့်လာပေ။

အံ့ဖွယ်ဂိုဏ်းသည် ဂိုဏ်းကြီး မဟုတ်။ ချီရှန်းဂိုဏ်းလည်း မဟုတ်ပေ။ စီရင်စု ၉ ခုထဲတွင် ပါဝင်ပြီးဖြစ်ကာ လောက၏ ထိပ်တန်းတိုက်ပွဲဝင် ခွန်အားတောင် ဖြစ်သည်။

ထိုအဆင့်တွင် လူအနည်းစုသာ ရှိပြီး သူတို့အားလုံး
က မြင့်မြတ်လွန်းပေသည်။

သူတို့အချက်အလက် အထောက်အထားများသည်စီရင်စု ၉ခု၏ လျှို့ဝှက်ချက်တစ်ခုအနေဖြင့် တင်းကြပ်စွာ ကာကွယ်ထားရမည်။ လူတစ်စုသာလျှင် ထိုအရေးကိစ္စကို သိ၏။

ယဲ့ရှောင်ကမူ သစ်သီးအချို့ သယ်ပြီး နဥ်ယွိဟန်ဆီ သွားရောက်လည်ပတ်သည်။

မနေ့ကပြီးနောက် သူသည် နဥ်ယွိဟန်၏ လက်နှင့် ခြေထောက်ကိုသာ ကုသပေးခဲ့သည်။ ကျန်ရှိသည့် ဒဏ်ရာကိုမူ ဆက်လက်မကုသခဲ့ပေ။ ထိုအစား သူ့ကို ဆေးရုံ ပို့လိုက်၏။

သူ့ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာသားရဲ သွေးမျိုးဆက်က ကိုယ်တိုင် ကုသနိုင်၏။ ဆေးရုံ၏ ကုသမှုများပါ ပေါင်းထည့်လိုက်လျှင် အပြည့်အဝ ပျောက်ကင်းသွားပေလိမ့်မည်။ သူ့ကို စာကြည့်တိုက်သို့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြန်ပို့လျှင်အရူးတောင် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားမည်။

အပိုင်း ၆၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset