Switch Mode

Chapter – 67

ဂိုဏ်းနှစ်ခု။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၇။ ဂိုဏ်းနှစ်ခု။

” ကြီးကြပ်သူ ယဲ့။ ဒီနေ့ ကျွန်တော် ဒကာခံမှာ။ တစ်ခမ်းတစ်နားကြီး ရပ်မနေနဲ့တော့ ကြိုက်သလောက်စား ”

နဥ်ယွိဟန်က သူ့ရင်ဘက်သို့ ပုတ်လိုက်ရာ ယဲ့ရှောင်က ခေါင်းအနည်းငယ် ပုတ်လိုက်သည်။

” ကောင်းပြီလေ ”
နှစ်ယောက်သားက ဆိုင်ထဲသို့ ဘေးချင်းယှဥ် လျှောက်သွားတော့သည်။ တစ်နာရီခန့်ကြာသွား၏။

နဥ်ယွိဟန်သည် တူကို ကိုင်ထားလျက် သူ့ရှေ့တွင် ပုံနေသော ပန်းကန်အထပ်လိုက်နှင့် စားနေသေးဆဲဖြစ်သော ယဲ့ရှောင်နှင့် ဟွမ်လျိုလီကို ကြည့်နေသည်။ သူ သံသယဝင်မိသွားတော့၏။

” ဆရာ နှစ်ယောက်သားက ဒီလောက် စားနေတာ ဗိုက်အစ်မှာ မဆိုးဘူးလား ”

အမှန်တကယ်တွင် လူတစ်ယောက်၏ ကျင့်ကြံ
ဆင့် မြင့်တက်သွားပြီးနောက် မည်မျှ စားစေကာမူ သူတို့က ပြည့်မှာ မဟုတ်ပေ။ လူတစ်ယောက်၏ ကျင့်စဥ် တိုးလာချိန်တွင် ရုပ်ခန္ဓာကလည်း သင့်တော်သည့် တိုးမြင့်မှု ရရှိလာသောကြောင့် ဖြစ်သည်။ သူတို့ စားလိုက်သည့် အစားအစာများကို ခန္ဓာကိုယ်ထဲရှိ စွမ်းအင်က အာဟာရအဖြစ် လျှင်မြန်စွာ ​ချေဖြတ်ပေးပြီး သိုလှောင်ပေးမှာပဲ ဖြစ်သည်။ ယဲ့ရှောင်သည် ဟင်းလျာများကို အရသာ ခံရန်သာ လိုအပ်ပြီး သူတို့က သယ်လာသော စွမ်းအင်ကို မလိုအပ်ချေ။ ထို့ကြောင့် သူက အနည်းငယ် ပိုစားတာပဲ ဖြစ်သည်။ သို့သော် ရပ်တန့်ရမည့် အချိန်လည်း ရှိ၏။

ယဲ့ရှောင်သည် ပန်းကန်လုံးနှင့် တူကို ချပြီး ပါးစပ်သုတ်ရန် တစ်ရှူးတစ်ရွက် ယူပြီးနောက် ထူးမခြားနား အမူအယာဖြင့် ပြောလိုက်သည်။

” ငါ စားလို့ ပြီးသွားပြီ ”
နဥ်ယွိဟန်က နှာဖူးပေါ်ရှိ ချွေးစီးများကို သုတ်လိုက်၏။ သူက ယဲ့ရှောင်၏ အစာအိမ် ပေါက်ကွဲထွက်လာမှာကို အမှန်တကယ် စိုးရိမ်မိသည်။

” စားပြီးသွားတာ ကောင်းတယ်။ နောက်ကျနေပြီ။ ကျွန်တော် ပိုက်ဆံ သွားရှင်းလိုက်ဦးမယ် ”

ထိုသို့ပြောပြီးနောက် ချက်ချင်းပင် ပိုက်ဆံ သွားရှင်း၏။ ဘေပေါ်တွင် နံပါတ်အတန်းလိုက်ကို မြင်သည့်အချိန်တွင် နဥ်ယွိဟန်က အလိုလို တုန်ရီသွားမိသည်။

ယွမ် ၆၅၇၂၁။

ကြမ်းတမ်းလိုက်တာ။ ဤနေရာရှိ စားစရာများသည် စျေးကြီးပြီး စားသုံးနှုန်းမြင့်ကာ ယွမ် ၁၀၀၀၀ကျော် သုံးသော်ငြား ကြီးကြပ်သူနှင့် ကြောင်၏ စုစုပေါင်း စားနှုန်းသည် လူ လေးငါးယောက် စားတာနှင့် ညီမျှသည်။

ဒါက စားတာများလွန်နေတာ မဟုတ်ဘူးလား။

မဖြစ်ဘူး။ နောင်ကြ ကြီးကြပ်သူကို ဒီလို နေရာမှာစားဖို့ ခေါ်လာလို့ မရဘူး။

ကြီးကြပ်သူ သူ့ကို ပေးထားသော စာအုပ်ကနေ ငွေကြေးများစွာ ရထားသော်ငြား သုံးလေးကြိမ် စားသောက်ပြီးနောက် ၄င်းအတွက် သူ ပေးရဦးပေမည်။

” ပိုက်ဆံ ရှင်းပြီးပြီလား ”

ယဲ့ရှောင်က ဟွမ်လျိုလီကို ချီလျက် နဥ်ယွိဟန်ကို ခေါင်းညိတ်ပြလိုက်သည်။

” ကျွန်တော် ရှင်ပြီးသွားပြီ ”

” ဒါဆို ပြန်ကြမယ် ”
နှစ်ယောက်သားသည် စားသောက်ဆိုင်ထဲမှ ထွက်လာပြီး လမ်းထောင့်ဆီသို့ လျှောက်သွားလိုက်၏။ နှစ်ယောက်သားက လမ်းမတူသော်ငြား လမ်းမကြီးကမူ တူနေသေးဆဲ ဖြစ်သည်။

” ဆရာ ဘယ်မှာနေတာလဲ ”

” ဆင်ခြင်ဖုံးဒေသမှာ ”

” ဆင်ခြင်ဖုံးလား။ ဝေးလွန်းတယ်ရော အလုပ်သွားရတာ အဆင်ပြေလား ”

” မဆိုးပါဘူး။ အဓိက အကြောင်းအရင်းက ငှားရမ်းခက စျေးပေါတယ်လေ ”

” ဘယ်လောက် စျေးပေါမှာလဲ။ ဆရာ့ရဲ့ လစာက အခု တစ်လကို ယွမ် ၂၀၀၀၀ ဝန်းကျင်မလား။ အလုပ်အသွားအပြန် လုပ်ရတာ အဆင်ပြေတယ်။ နီးတဲ့နေရာတစ်ခု ရှာပါလား ”

” သိပ်မဆိုးပါဘူး။ တစ်လကို ယွမ် ၁၀၀ပဲ “။ နဥ်ယွိဟန်က ထိတ်လန့်သွားတော့သည်။

ဆင်ခြင်ဖုံးက အိမ်တွေအားလုံး ဒီလောက်စျေးပေါတယ်လား။ ကြည့်ရတာ သူလည်း လိုက်မေးရတော့မယ့်ပုံပဲ။ စာကြည့်တိုက်ထဲတွင် အခမဲ့ နေထိုင်ခွင့် မရသော်ငြား ဝန်ထမ်းများစွာကြားထဲ၌ နေထိုင်ခြင်းက သူ့အတွက် မသင့်တော်ပေ။ ထို့အပြင် စာကြည့်တိုက်ထဲတွင် လူများလွန်းသည်။ သူ၏ ကြယ်တာရာသားရဲ သွေးမျိုးဆက် အရှိန်အဝါကို မတော်တဆ ထုတ်ဖော်မိခဲ့လျှင် ပြဿနာကြီး တက်နိုင်၏။

သူ တွေးနေစဥ် သေစေနိုင်သော အန္တရာယ်က ရုတ်တရက် ကျရောက်လာပြီး သူ့ကိုယ်ပေါ်ရှိ ခေါင်းမွေးများကို ထောင်ထသွားစေ၏။

” ဒီခံစားချက် ဒီအစွမ်းထက်တဲ့ အရှိန်အဝါ သူများလား။ ဆရာ မြန်မြန်သွားသင့်တယ်။ တတ်နိုင်သမျှ မြန်မြန်သွား။ မဟုတ်ဘူး။ နောက်ကျနေပြီ။ ဆရာ ကျွန်တော့်ကို ထားခဲ့တာ ပိုကောင်းမယ်။ ဆရာ ကျွန်တော့်နောက် လိုက်မလာနဲ့နော် ”

သူ ပြောပြီးသည်နှင့် ခွန်အားကုန် ထုတ်ကာ တစ်ဖက်အရပ်မျက်နှာဆီသို့ ထွက်ပြေးသွားသည်။

နဥ်ယွိဟန်က ဟို့ထျန်းပဥ္စမအဆင့် ဖြစ်၏။ သူသည် ယဲ့ရှောင်ကို ဟို့ထျန်းဒုတိယအဆင့်ဟုသာ အမြဲတမ်း ထင်နေတာ ဖြစ်သည်။ ယဲ့ရှောင်ကို ထွက်ပြေးခွင့် ပြုမည့်အစား သူက ပြေးသွားတာ ပိုကောင်းသည်။

ယခင်ကနဲ့မတူပဲ လိုက်လာသည့်သူများက အစွမ်းထက်လွန်းသည်။ သူတို့က အစွမ်းထက်လွန်းသောကြောင့် နဥ်ယွိဟန်တောင် မခုခံနိုင်ပေ။

ယခုအခေါက်တွင် သူ မလွတ်နိုင်မှာ သေချာမှန်း သိနေ၏။ သို့သော် သူ ပြေးရပေမည်။ အနည်းဆုံးတော့ ကြီးကြပ်သူကို ပါဝင်ငြိစွန်းခွင့် မပေးနိုင်ပေ။

တစ်ဖက်တွင်မူ ယဲ့ရှောင်က ခေါင်းခါလိုက်တော့၏။

” ဒီအရူးက သေတော့မှာကို တခြားသူအတွက် တွေးပေးနေသေးတယ် ”

နဥ်ယွိဟန် ထွက်သွားချင်ရသည့် အကြောင်းအရင်းကို သူ နားလည်သည်။ အကြောင်းမှာ ထိုစွမ်းအားကို အာရုံခံမိပြီး နဥ်ယွိဟန်ထက် စောပြီး အာရုံခံမိသောကြောင့် ဖြစ်သည်။

ရှန်းထျန်းပထမအဆင့် ချီရှန်းသားရဲလူသားနှစ်ဦး ဖြစ်သည်။ သားရဲနတ်ဘုရားဂိုဏ်းက ပို့လိုက်သည့်လုပ်ကြံသတ်ဖြတ်သမားများဆိုတာ အလွန်သိသာနေ၏။ ဆိုရလျှင် ပြီးခဲ့သည့်အခေါက်က သူသည် သူတို့၏ တပည့်နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။ နဥ်ယွိဟန်သည် တစ်ဖက်လူကို မြှားခေါ်သွားရန် ထွက်ပြေးသွားချင်နေတာ ဖြစ်ရမည်။ သို့မှသာ သူ မထိခိုက်တော့မှာပဲ ဖြစ်၏။ ယဲ့ရှောင်က သူဗိုက်ကို ပုတ်လိုက်၏။

” အများကြီး စားပြီးပြီဆိုတော့ ငါ အစာချေရဦးမှာပဲ ”
နဥ်ယွိဟန် အတော်မြန်ဆန်၏။ စက္ကန့်ပိုင်းအတွင်း သူက လမ်းဆုံး၌ ပျောက်ကွယ်သွားတော့သည် ။

သူ၏ ကျင့်ကြံဆင့်သည် ဟို့ထန်းပဥ္စမအဆင့်တွင်သာ ရှိသေးသည်။ ထို့ကြောင့် ထိုမျှ မမြန်သင့်ပေ။ နဥ်ယွိဟန်၏ ငွေရောင်မြေခွေး သွေးမျိုးဆက်သည် သူ့ကို ကူညီရာတွင် အခန်းကဏ္ဍတစ်ခု ပါဝင်နေကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်၏။

တူညီသော ကြယ်တာရာသားရဲ သွေးမျိုးဆက်ထဲတွင် ကျင့်စဥ်တစ်မျိုး ပါဝင်ခြင်းထက် ပိုနေပုံ ရသည်။ သားရဲလူသားများ ထိုမျှ သန်မာနေတာ အံ့သြစရာ မရှိပေ။ သို့သော် နဥ်ယွိဟန်သည် လမ်းမပေါ် ထွက်ပြေးပြီးနောက် ခြေဖဝါးပေါ်ရှိ သက်ရောက်အားကြောင့် အရိုက်ခံလိုက်ရသည်။

ဘန်း။

ပေါက်ကွဲသံကြီးနှင့်အတူ နဥ်ယွိဟန်၏ ခြေထောက်များက နေရာတွင်ပင် လွင့်ထွက်သွား၏။

” အား ”
သူက နာကျင်စွာ အော်လိုက်ပြီး မြေကြီးပေါ် ဖုတ်ခနဲ ပြုတ်ကြသွားသည်။ ပြင်းထန်သည့်နာကျင်မှုက တစ်ကိုယ်လုံးကို ထိန်းချုပ်မရအောင် တုန်ယင်စေ၏။ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းတစ်စုံဖြင့် ပိန်ပါးပါး ပုံရိပ်နှင့် ဝံပုလွေတစ်ကောင်က ဖြည်းဖြည်းချင်း ထွက်လာသည်။

သူ၏ လက်မောင်းနားတွင် ထူထဲသော ချိန်းကြိုးများ ရစ်ပတ်ထား၏။ ယင်းတို့က အဆင့်နိမ့်ချီရှန်းလက်နက်များ ဖြစ်ပေမည်။

” မျိုးမစစ်ကောင် မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေလား ”

နဥ်ယွိဟန်က အံကြိတ်ထားပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

” ချီရှန်း အစိမ်းရောင် ဝံပုလွေ ။ ခေါင်းဆောင်က ကျုပ်ကို အမဲလိုက်ဖို့ ခင်ဗျားလို လူကို ပို့လိုက်လိမ့်မယ်လို့ တကယ် မထင်ထားဘူး ”

” မင်းကိုမင်း အထင်ကြီးမနေနဲ့။ မင်းကို အမဲလိုက်နေဖို့ မလိုဘူး။ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ပြီးခဲ့တဲ့အခေါက်က မင်းကို ကာကွယ်ပေးတဲ့လူကို လက်စားချေဖို့ပဲ ”
ထိုသို့ပြောပြီးနောက် အစိမ်းဝံပုလွေသည် သူ့လက် လွှဲရမ်းလိုက်ရာ ချိန်းကြိုးများသည် ကြာပွတ်ရှည်များသဖွယ် နဥ်ယွိဟန်၏ ရင်ဘက်ပေါ် ကျသွားတော့၏။

ဘန်း။

နဥ်ယွိဟန်က လွင့်ထွက်သွားသည်။ သူ၏ ရင်ဘက်က ဆိုးဆိုးရွားရွား ပုံပျက်သွားပြီး အရိုးဖြူများတောင် ပေါ်လာတော့သည်။

” မင်းမှာ ငွေရောင်မြေခွေး သွေးမျိုးဆက် ရှိတာပဲ။ ဒီလိုပြင်းထန်တဲ့ ဒဏ်ရာနဲ့တောင် မြန်မြန်ဆန်ဆန် ပြန်ကောင်းနိုင်တယ်။ ဒါပေမဲ့ ဒီလို ဝေဒနာ ခံစားရဖို့ မင်း ရွေးချယ်လိမ့်မယ် မထင်ဘူး။ ပါ့ဆန် နဲ့ မတ်ကို သတ်တာ ဘယ်သူလဲ ”

” ငါ့ကို ပြောလိုက်။ မင်းကို မြန်မြန်ဆန်ဆန် သေ
ခွင့်ပေးမယ် ”

ချီရှန်း အစိမ်းရောင် ဝံပုလွေ၏ လေသံက လွှမ်းမိုးနိုင်စွမ်း ရှိနေပြီး ပြန်ခံမပတ်နိုင်ပေ။

သူက နဥ်ယွိဟန်ကို ဂရုမစိုက်ပေ။ သူ့အမြင်တွင် နဥ်ယွိဟန်က ပုရွက်ဆိတ်လေးတစ်ကောင်သာ ဖြစ်ပြီး ထည့်ပြောရန် မထိုက်တန်ချေ။ သူ့လက်ထဲတွင် သာ သေမှာပဲ ဖြစ်သည်။

နဥ်ယွိဟန်က နာကျင်လွန်းသောကြောင့် သတိလစ်လုနီးပါး ဖြစ်နေ၏။ သို့သော အံကြိတ်ထားလျက် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။

” ငါ့ကို သတ်လိုက်။ ငါ ဘာမှပြောမှာ မဟုတ်ဘူး “။ အစိမ်းရောင် ဝံပုလွေက သူ၏ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို ကြည့်ပြီး နှာခေါင်းရှုတ်လိုက်၏။

” မျိုးမစစ် ငတုံးကောင်။ မင်းရဲ့ အမေလိုပဲ တုံးအပြီး ခေါင်းမာတယ်။ ဒါပေမဲ့ ဒါက ကွာဟချက်တစ်ခု ဖြစ်စေမယ်လို့ ထင်လား ”

အစိမ်းရောင် ဝံပုလွေ ပြောပြီးသည်နှင့် ရမ္မက်ရိပ်ပါသည့် ပျင်းရိလေးတွဲသော အသံတစ်သံက နဥ်ယွိဟန်၏ နားထဲ ရောက်လာသည်။

” အစိမ်းရောင် ဝံပုလွေ။ ကလေးတွေကို မခြောက်နဲ့”

ထိုအသံကို ကြားသောအခါ နဥ်ယွိဟန်၏ သူငယ်အိမ်တို့ ကျုံ့သွားသည်။

” ဒီအသံ။ ချီရှန်း ညို့ငင်ခြင်း မြေခွေးမလား။ သားရဲနတ်ဘုရားဂိုဏ်းက တကယ်ကြီး ချီရှန်းနှစ်ယောက် ပို့လိုက်ပြီး သူတို့ထဲက တစ်ယောက်က ဝိညာဥ်ဂိုဏ်းပညာရှင် တစ်ယောက်ပဲလား ”

အပိုင်း ၆၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset