Switch Mode

Chapter – 66

ခန္ဓာရွေ့လျားမှုနဲ့ ခန္ဓာသန့်စင်ခြင်းကြား ဆက်နွှယ်မှု။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၆။ ခန္ဓာရွေ့လျားမှုနဲ့ ခန္ဓာသန့်စင်ခြင်းကြား ဆက်နွှယ်မှု။

” သူဌေး။ ဒီဓါးကို တစ်ချက်ကြည့်ကြည့်ပါဦး။ ဘယ်လောက်တန်လဲ ”

တစ်ညတာ ကုန်ဆုံးသွား၏။ နံနက်စောစောတွင် ယဲ့ရှောင်သည် အလုပ်သို့ သွားသည့်လမ်း၌ ကုန်ပစ္စည်း ရောင်းသည့်ဆိုင်တွင် ရောင်းချရန် ဓါးကို သယ်သွားသည်။

” အော်။ မင်းက မနေ့က ဝယ်သူမလား။ မြန်မြန်ဆန်ဆန်လေး လေ့ကျင့်လို့ ပြီးသွားပြီပေါ့ ”

သူဌေးက ယဲ့ရှောင်ကို မှတ်မိပေ။ သူ့လက်ထဲရှိ ဓါးကို ယူလိုက်သည်။

” ဓါးကောင်းပဲ ”
ဓါးကို မြင်သည့်အချိန်၌ ထုတ်ဖော်ပြောမိသွားသည်။ ဤဓါးက သာလွန်အဆင့် လက်နက်ဟူ၍ သတ်မှတ်၍ ရသည်။ လက်နက်များ ၊ ဆေးလုံးများနှင့် ကျင့်စဥ်များက တူညီပေ၏။ သူတို့ကို သာမန်၊ သာလွန်နှင့် ချီရှန်းဟူ၍ အမျိုးစား ခွဲခြားနိုင်သည်။

ယဲ့ရှောင်သည် လက်နက်သွန်းလုပ်ခြင်း ကျင့်စဥ်ကို အပြည့်အဝ မတတ်ကျွမ်းသေးပေ။ သူက အခြေခံလက်နက်သွန်းလုပ်ခြင်း ကျင့်စဥ် အချို့သာလျှင် ရှိတာဖြစ်သည်။ သူသည် လှုပ်ရှားမှု ကျင့်စဥ်ကို လေ့ကျင့်သေးပြီး ယင်းနှင့် ဘာမှမသက်ဆိုင်ပေ။ သူက သာလွန်အဆင့် ဓါးကို သန့်စင်ရန်အတွက် သံရိုင်း အပိုင်းအစ တစ်ထောင်ကျော်ကို အသုံးပြုနိုင်သည်က အလွန်ကောင်းနေပြီးသားဖြစ်သည်။

” လူငယ်လေး မင်းကို မလိမ်ဘူး။ မင်းရဲ့ ဒီဓါးကို အင်တာနက်ပေါ်မှာ ရောင်းမယ်ဆိုရင် အနည်းဆုံး ၃၀၀၀၊ ၄၀၀၀တောင် တန်လောက်တွ။ လေလံအိမ်တော် ဒါမှမဟုတ် လက်နက်ဆိုင်မှာ ရောင်းမယ်ဆိုရင် မင်းကို ၂၇၀၀၊ ၂၈၀၀လောက် ပေးမှာ။ ဒါပေမဲ့ ငါဆိုရင် အလွန်ဆုံး ၂၆၀၀ပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ ငါက ဓါးသီးသန့် ရောင်းတာ မဟုတ်လို့လေ။ ငါလည်း အရောင်းအဝယ် ရှိသေးတာကိုး ”

” အဆင်ပြေပါတယ်။ ဒါပေမဲ့ နောင်ကြ ကျွန်တော် ကုန်ပစ္စည်းတွေ ဝယ်တဲ့အချိန် စျေးလျှော့ပေးရမယ် ”

” ဒါပေါ့။ ဒါပေါ့။ သေချာတာပေါ့။ ပြဿနာ မရှိဘူး ”

သူဌေးသည် ယဲ့ရှောင်အား ပိုက်ဆံတန်းလွှဲပေးလိုက်သည်။ ယဲ့ရှောင်သည် ကုန်ပစ္စည်းဆိုင်မှ ထွက်လာပြီး မနက်စာတချို့ ဝယ်ကာ လမ်းလျှောက်နေစဥ် စားသောက်လိုက်၏။

၄င်းကို အွန်လိုင်းပေါ် ရောင်းလျှင် ပြဿနာ များပေမည်။ ပျင်းရိတတ်သည့် သူတစ်ဦးအနေဖြင့် ၄င်းကို တွေးရန် ဂရုစိုက်နေမှာ မဟုတ်ပေ။ မည်သည့်နည်းနဲ့မဆို အရောင်းစရိတ်ကလည်း အလွန်မြင့်နေပြီးသား ဖြစ်၏။ တစ်အချို့၊ နှစ်အချို့၊ ခြောက်ကိုတောင် ရောက်နိုင်သည်။

ထို့အပြင် သူ၏ လက်ရှိ သွန်းလုပ်သည့် အဆင့်က မမြင့်သေးသည့် အခြေအနေဖြစ်ပြီး သူ၏ အဆင့်မြင့်နေခဲ့လျှင် သံရိုင်းအပိုင်းအစ တစ်ထောင်ဖြင့်ဆိုလျှင် စစ်မှန်သော သာလွန်အဆင့် လက်နက်တစ်ခုကို သွန်းလုပ်နိုင်လောက်၏။

ချီရှန်းအဆင့်အတွက်ကမူ တွေးနေရန် မလိုချေ။ ယဲ့ရှောင်၏ အဆင့် မည်မျှ ကောင်းစေကာမူ စွမ်းအင်၏ စောင့်ရှောက်ခြင်း နိယာမက သူ့ကို သံရိုင်းအပိုင်းအစ တစ်ထောင်ကို သုံးပြီး ချီရှန်းအဆင့် လက်နက်တစ်ခု သွန်းလုပ်ခွင့်ပြုမှာ မဟုတ်ပေ။

သူသည် နေ့စဥ်နေ့တိုင်း သွန်းလုပ်နိုင်ခြင်းမရှိ။ တစ်ကြိမ်၊ နှစ်ကြိမ်သာ ကစားလျှင် ယင်းကို ဝါသနာဟု ခေါ်နိုင်၏။ နေ့စဥ်နေ့တိုင်း ဆောင်ရွက်နေလျှင် အလုပ်ဟု ခေါ်ရမှာပဲ ဖြစ်သည်။
ယင်းကအမျိုးသမီးတစ်ဦးက ချစ်သူကောင်လေးကို ရှာသည့် အခြေအနေနှင့် တူ၏။ ယင်းကို ချိန်းတွေ့သည်ဟု ခေါ်နိုင်သည်။ သူမက ရည်းစားတစ်ယောက်ကို ရှာခဲ့လျှင် အလုပ်ဟု ဆိုရမှာပဲ ဖြစ်သည်။

သဘာဝက မတူပေ။ သူသည် ၄င်းကို တစ်ကြိမ် ပြုလုပ်ပြီး ဝင်ငွေအချို့ ရရှိကာ ကောင်းကောင်းမွန်မွန် စားသောက်နိုင်ခဲ့လျှင် မဆိုးဘူး ဖြစ်၏။ အဓိက အကြောင်းအရင်းက ယဲ့ရှောင်သည် ပိုက်ဆံရှာရန် သိပ်မဝင်စားပဲ ဖြစ်သည်။ ငွေကြေးသည် နေထိုင်မှုအတွက် သက်ဆိုင်သော ပိုင်ဆိုင်မှု ဖြစ်သည်။ သူ့တွင် လုံလောက်အောင် ရှိသရွေ့ လုံလောက်နေပြီ ဖြစ်သည်။ ပိုက်ဆံ အမှန်တကယ်လိုအပ်ချင်လျှင် နည်းလမ်းများစွာ ရှိ၏။

ဘဏ် ဓါးပြတိုက်ခြင်း၊ ရွှေတွင်းများ ရှာခြင်း၊ ချမ်းသာသည့် အမျိုးသမီးများကို ရှာဖွေခြင်း။
သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ကျင့်စဥ်ကိုတောင် သုံးပြီး လမ်းများပေါ်တွင် ရှာတွေ့နိုင်၏။ နေ့စဥ်နေ့တိုင်း ပိုက်ဆံကောက်ယူခြင်းဖြင့် ငွေရှာ
နိုင်သည်။ ပြန်လည် မွေးဖွားလာပြီးနောက် သူသည် ဘဝကို ပျော်ရွှင်စွာ ခံစားချင်ယုံသာ ဖြစ်သည်။

ဖြည်းဖြည်းမှန်မှန် စားစရာ မချို့တဲ့ချေ၊ သောက်စရာ မချို့တဲ့ချေ။ နေ့စဥ်နေ့တိုင်း သူသည် အမှန်အကန်ပင် ပိုသန်မာလာ၏။ ယင်းက အလွန်သက်သောင့်သက်သာ ရှိနေတာပဲ ဖြစ်သည်။

သူ စာကြည့်တိုက်သို့ ရောက်သည့်အချိန်တွင် နဥ်ယွိဟန်ကလည်း ပြန်ရောက်သွား၏။ မနေ့က ကိစ္စရပ်ကို သူ အလွန်ဒေါသ ထွက်နေသေးတာ မြင်နိုင်သည်။ မရပ်မနား ပြောနေပြီး မြို့တော်ဝန်၏ အိမ်တော်ကို ဆက်တိုက် ကျိမ်ဆဲနေ၏။

သူက မစ္စတာ ကျောင်းအကြောင်း ဘာမှမသိပဲ တုထျန်းယွီ စီစဥ်ထားခြင်းဟုသာ တွေးမိသည်။ ထို့ကြောင့် သူ စိတ်ကျေနပ်စေရန် တုထျန်းယွီကို ကျိမ်ဆဲရုံသာ တတ်နိုင်၏။

ယဲ့ရှောင်က တုထျန်းယွီကို ကာကွယ်ပေးမှာ မဟုတ်ပေ။ ယင်းက စကားလုံး အနည်းငယ် ကျိန်းမောင်းရုံမျှသာ ဖြစ်ပြီး အမှန်တကယ် ဖြစ်လာမှာ မဟုတ်ပေ။

အမှန်တကယ် ကြိုးကိုင်သူက မစ္စတာ ကျောင်းဖြစ်ကြောင်း သူပြောခဲ့လျှင် နဥ်ယွိဟန်က မေးခွန်းများစွာ မေးလာနိုင်၏။ မည်ကဲ့သို့ သိကြောင်း မေးလာခဲ့လျှင် သူ မည်သို့ ဖြေရမည်နည်း။ သို့သော် နဥ်ယွိဟန်၏ အကျင့်စရိုက်က အလွန်ကောင်း၏။

သူသည် သိုင်းပညာရှင်တစ်ဦး ကယ်တင်ခြင်းခံ
မှန်း သိသည်။ ထို့ကြောင့် သူက မှန်ကန်စွာ ထွက်ပြောခဲ့သည်။ သူ့ကို ဂရုစိုက်ရတာ အချည်းနှီး မဖြစ်ပေ။

နဥ်ယွိဟန်သည် ယဲ့ရှောင် စိတ်ဝင်စားခြင်း မရှိတာကို မြင်သောအခါ နောက်ထပ် မန်နေဂျာတစ်ယောက်ကို သွားရှာပြီး စောဒဂ တက်တော့သည်။ ယဲ့ရှောင်သည်လည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားပြီး စာဆက်ဖတ်တော့၏။ ယနေ့တွင် သူ၏ ပုံမှန်လမ်းကြောင်းကို ပြန်ရောက်လာကာ ခန္ဓာရွေ့လျားမှု ကျင့်စဥ်များကို ဆက်လက် လေ့ကျင့်နေသည်။ လက်နက်များက ပြင်ပ အရာဝတ္ထုများ ဖြစ်သည်။ ထို့ကြောင့် အချိန်တိုအတွင်းသာ သူတို့ကို လေ့ကျင့်နိုင်၏။ အဓိက မထားနိုင်ပေ။

သူ့တွင် အခြေခံ ခန္ဓာရွေ့လျားမှုကျင့်စဥ်နှစ်မျိုးရှိနေပြီးသား ဖြစ်သည်။ လတ်တလောတွင် စာအုပ်တစ်အုပ်ကို ဖတ်ရှုပြီးနောက် နောက်ထပ်နှစ်မျိုး ရလာသည်။ ယခု အခြေခံ ရွေ့လျားမှုကျင့်စဥ် ( ၄ ) မျိုး ရလာပြီ ဖြစ်သည်။

အခြေခံ ရွေ့လျားခြင်း ကျင့်စဥ်သည် ၂၀ရာခိုင်နှုန်းခန့် အရှိန်တိုးနိုင်၏။ ၂၀ ရာခိုင်နှုန်းသာ ဖြစ်သော်ငြား သိုင်းပညာရှင်တစ်ဦးအဖို့ တိုက်ခိုက်ခြင်းက ရှားပါးသည်။ ကျန်သည့်သူများက ငါးပေ လှုပ်ရှားချိန်တိုင်း သင်က ထပ်တိုးတစ်ပေ ရွေ့လျားနိုင်မည်ဟု ဆိုနိုင်တာပဲ ဖြစ်သည်။
ယင်းက မည်သည်ကို ဆိုလိုသနည်း။ သိုင်းပညာရှင်လောကထဲတွင် ဖျက်ဆီး၍ မရခြင်းနှင့် မြန်ဆန်မှုကို ချိုးဖျက်၍ မရနိုင်ပေ။ အချိန်က မြန်လွန်းလျှင် အရေပြားသည် ပွန်းမိမည်လော။ ပွတ်တိုက်မှု အားက လျစ်လျူရှူ၍ မရနိုင်သော ပြဿနာတစ်ရပ် ဖြစ်သည်။ ထိုအစား ခန္ဓာကိုယ်ကို ကာကွယ်ရန်
ဝိညာဥ်စွမ်းအား သုံးမည်လော။ ဝိညာဥ်စွမ်းအင်ကို သုံးပြီး ခန္ဓာကိုယ်ကို ကာကွယ်လျှင်တောင် ပွတ်တိုက်မှုကြောင့် အပူကို ခေါ်လာစေမည် မဟုတ်ပါလော။ ခန္ဓာကိုယ်ထဲရှိ ရေက အပူပြင်းလွန်းသောကြောင့် ပေါ်ထွက်လာသည့် မြင့်မားသည့် အပူဒဏ်နှင့် ဖိအားကို ခံနိုင်ရည် ရှိမည်လော။ လက်ရှိ ကျင့်စဥ်အရ အနည်းကျင်းသာ ဖော်ပြထားပုံ ရသည်။

ရွေ့လျားခြင်း ကျင့်စဥ်ကို လေ့ကျင့်ရန် လူတစ်ယောက်၏ ရုပ်ပိုင်း၊ ရုပ်ခန္ဓာကို နည်းနည်းစီ တိုး
မြင့်ရန် လိုအပ်သည်။ အရှိန်ကို အသုံးပြုချင်လျှင် လုံလောက်အောင် မာကျောရပေမည်။

ယင်းက ယဲ့ရှောင်ကို သက်ပြင်းချစေ၏။ ထင်သည့်အတိုင်းပင် အရည်အချင်းမှီသော တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်လာချင်လျှင် လျှင်မြန်ဖြတ်လက် ဉာဏ်ထက်မြက်ပြီး လှပကာ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရမှာပဲ ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများက အနှေးနှင့်အမြန် သေစေနိုင်လောက်မှာပဲ ဖြစ်သည်။

သို့သော် သူက ခန္ဓာသန့်စင်ခြင်းကျင့်စဥ်ကို များများစားစား မလေ့ကျင့်ခဲ့ပေ။ အဓိက အကြောင်းအရင်းက သူ့တွင် အကြောက်တရား ရှိ၏။

ခန္ဓာကိုယ် သန့်စင်ပြီးနောက် ခန္ဓာကိုယ်၏ ပေါက်ကွဲမှု စွမ်းအားကို တိုးမြင့်နိုင်သော်ငြား ခန္ဓာကိုယ်၏ မာကျောမှုကိုလည်း တိုးမြင့်ပေးနိုင်၏။ သူ၏ ခန္ဓာကိုယ်က သံမဏိနဲ့ ပြောင်းလဲသွားလျှင် သူ မည်ကဲ့သို့ ဖြစ်မည်နည်း။

သူက ယခုအချိန်တွင် တစ်ကိုယ်တည်း ဖြစ်နေသေးသော်ငြား တစ်နေ့လျှင် သူ့ကို သဘောကျလာစေသော တစ်စုံတစ်ယောက်ကို မတွေ့နိုင်ဟု အာမခံဖို့က ခက်ခဲသည်။ ထိုကိစ္စကို မည်သူမှ သေချာမပြောနိုင်ပေ။

ထိုအချိန်ရောင်လျှင် သူက စတီးတိုင်များကို သုံးပြီး အခြားသူကို ထိုးစိုက်ရမည်လော။ သူက ကောင်းကင်ပြုပြင်ခြင်း ကျင့်စဥ်ကို သင်ယူပြီးပြီဆိုပေမဲ့ အဲ့လောက် အခြေအနေထိတော့ လွန်ကြူး၍ မရဘူးမလား။ အချိန်ရောက်လာတဲ့အခါ သွေးဆူးချွန်တွေ ဆက်တိုက်ပေါ်လာပြီး သွေးရာတွေကို ပြင်နေရမှာလား။ ဟမ်။ အဲ့ဒီမြင်ကွင်းကို တွေးမိတာနဲ့တင် ကြောက်ဖို့ ကောင်းနေပြီ။

စာအုပ်က ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်၏ ဆိုးရွားသော နောက်ဆက်တွဲများအကြောင်း ရှင်းရှင်းလင်းလင်း ရေးပြထားသည်။ သို့သော် အမျိုးသားတစ်ဦးအစား အမျိုးသမီးတစ်ဦး အကြောင်းကိုသာ ဖော်ပြထားတာပဲ ဖြစ်သည်။ ခန္ဓာသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူမသည် ချီရှန်းတစ်ဦး ဖြစ်လာပြီး စစ်မြေပြင်ထဲ၌ ပြိုင်ဘက်ကင်းလာ၏။ သံမဏိလက်သီးတစ်စုံဖြင့် ကြယ်တာရာသားရဲ၏ ခေါင်းကို တူဖြင့် အခွံမာသီးများ ခွဲသည့်ပမာ ချေနိုင်၏။ သို့သော် သူမ၏ ခန္ဓာကိုယ်သည် စတီးကဲ့သို့ မာကျောနေသေးသောကြောင့် ဖြစ်ဟန်တူသည်။

ယနေ့အချိန်ထိ သူမက တစ်ကိုယ်တည်းရှိနေသေးသည်။ စိတ်ဝင်စားခြင်း မခံရ၊ ကြိုက်သူလည်း မရှိ။ ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ကို မသင်ယူခင် ၄င်းကို နားလည်ရန် အခွင့်အရေးတစ်ခု ရှာနိုင်ခြင်းက ပိုကောင်းပေမည်။ မည်သည့်နည်းနှင့်မဆို သူ့၌ အခြေခံ ခန္ဓာသန့်စင်ခြင်းကျင့်စဥ်တစ်မျိုး၊ နှစ်မျိုးသာ လိုအပ်လေရာ ပထမတစ်ခုကိုသာ ထောက်ပံ့နိုင်သည်။ သူ ညဘက် အလုပ်ဆင်းသည့်အချိန်၌ ယဲ့ရှောင်ကို နဥ်ယွိဟန် ညစာဒကာခံမည့်အချိန် ရောက်လာသည်။

သူအလုပ် လုပ်နေချိန်တွင် ယဲ့ရှောင်ကို ကျန်းဟိုင်မြို့ထဲရှိ ထူးကဲသော စားသောက်ဆိုင်တွင် ဧည့်ခံမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုအချက်အလက်အရ ယဲရှောင်သည် မွန်းတည့်ချိန်၌ နေ့လယ်စာ မစားခဲ့ပေ။ နဥ်ယွိဟန်ကို အမြတ်ထုတ်လိုသောကြောင့် မဟုတ်ပေ။ သူသည် အရသာရှိသည့် စားစရာများကို အပြည့အဝ စားသောက်ချင်နေသောကြောင့်သာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် မည်သည့်အကြောင်းကြောင့်မှန်း မသိ၊ သူ စားလေ ၄င်းက အရသာ ပိုရှိလာလေ ဖြစ်သည်။ ၄င်းအပေါ်တွင် ငွေကြေးသုံးစွဲခဲ့၏။ သို့သော် နှစ်ကြိမ်စားပြီးနောက် ငြီးငွေ့လာတော့သည်။

ယဲ့ရှောင်အဖို့ အံ့သြသွားရသည်က နဥ်ယွိဟန် သူ့ကို ခေါ်လာပေးသည်က ကျန်းဟိုင်မြို့၏ ရေစန္ဒာ ပွဲကြည့်စင်ပဲ ဖြစ်သည်။

ထိုနေရာအကြောင်း ယခင်က ကြားခဲ့ဖူးသည်။ ယင်းသည် ကျန်းဟိုင်မြို့ထဲရှိ အကောင်းဆုံံး စားသောက်ဆိုင်ဖြစ်ပြီး စီရင်စု ၉ခုအတွင်း၌ အကျော်ကြားဆုံး ဟင်းလျာများ ရှိသည်။ ထို့နည်းတူ တန်ကြေးကလည်း အလွန်မြင့်၏။

လူတစ်ယောက် ဗိုက်ပြည့်ရန် ယွမ် ၁၀၀၀၀ခန့် သုံးရမည်။ ယဲ့ရှောင်က သူ့အစာအိမ်ကို ကြည့်ပြီး ပုခုံးပေါ်ရှိ ဟွမ်လျိုလီကို ကြည့်လိုက်၏။

ဟင်။ နည်းနည်းပဲ စားတာပေါ့။ သူက ယွမ် ၃၀၀၀၀ကနေ ၅၀၀၀၀ထိ စားလို့ရလောက်တယ်။ ဒါပေမဲ့ လွန်ကြူးလို့ မရဘူးလေ။

အပိုင်း ၆၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset