Switch Mode

Chapter – 65

အာဏာက ခွန်အားထက် ဘယ်တုန်းကမှ မကြီးမြတ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၅။ အာဏာက ခွန်အားထက် ဘယ်တုန်းကမှ မကြီးမြတ်။

” စိတ်မပူနဲ့ ။ ငါ လုပ်နေတာ သိတယ် ”
ကုဟိုင်က ဖြေပြီး ဖုန်းချလိုက်သည်။ ယဲ့ရှောင်က ဖုန်းကို ဘေးချိတ်ထားလျက် သူ၏ မျက်ဝန်းက အေးစက်မှုများ တဖျတ်ဖျတ် လက်နေ၏။

အမှန်တကယ်တွင် သူသည် သိုသိုသိပ်သိပ်နေရန် အကောင်းဆုံး ကြိုးစားနေသည်။ အနည်းဆုံး ယခုအချိန်သည် သူ၏ အထောက်အထားကို မည်သူမှ မသိပေ။ သို့သော် သူ့ကို ကောင်းမွန်သည့်အချိန် မရှိစေချင်သော လူအချို့က အမြဲတမ်း ရှိနေ၏။

ရုတ်တရက် သူ ယခင်ဘဝရှိ စူပါမန်းကား၏ သူရဲကောင်းကို အနည်းအကျင်း နားလည်လာပြီ ဖြစ်သည်။

သင်သည် သင့်နားတစ်ဝိုက်ရှိ လူများထက် ပိုသန်မာနေသည့်အချိန်တွင် သူတို့က သင့်ကို ထိန်းချုပ်နိုင်မှာ မဟုတ်။ ထို့ကြောင့် အကြောက်တရားနဲ့ မလုံခြုံမှုကို ခံစားလိုက်ရမည်။ ထို့ကြောင့် သင်က အပြစ်ရှိသည့်သူ ဖြစ်သွား၏။ သင်သည် ဆိုးယုတ်သည့် အရာတစ်ခု မပြုလုပ်ခဲ့လျှင်တောင် လူကောင်းပကတိ ဖြစ်နေခဲ့လျှင်တောင် လူသားများ၏ မျက်စိစုံမှိတ်ထားမှုကို ပြောင်းလဲနိုင်မှာ မဟုတ်သေးပေ။ လူသားများက သင့်ကို ချည်နှောင်ရန် ကြိုးတစ်ချောင်း ယူထားပြီး သူ၏ လက်ထဲ၌ သင့်ကို မြဲမြံစွာ တုပ်နှောင်ထားမည်။ ဤနည်းဖြင့် သူက လုံခြုံစိတ်ချရမှုကို ခံစားရပြီး သင်က လူကောင်းတစ်ယောက်ဟု ဒီတော့မှ ယုံကြည်သွားမှာပဲ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သင်သည် ရံဖန်ရံခါ လူတချို့ကို သတ်မိခဲ့လျှင် မည်သူမှ သင့်ကို ထိရဲမှာ မဟုတ်ပေ။

အဘယ့်ကြောင့်နည်း။ အကြောင်းမှာ သူတို့အမြင်တွင် သူတို့ထိန်းချုပ်နိုင်သည့် ခွေးတစ်ကောင် ဖြစ်နေသောကြောင့် ဖြစ်သည်။

သူတို့အတွက် အကျိုးအမြတ်ကြီးများ ဆောင်ယူလာနိုင်ပေးသရွေ့ ပြစ်မှုအနည်းအကျင်း ရှိ၍ အဆင်ပြေပြီး ပြစ်မှုက အမှားဖြစ်လာမှာ မဟုတ်ပေ။ အမှန်တရားဟု ခေါ်သည့်အရာက လိမ်ညာမှုတစ်ရပ်သာ ဖြစ်သွားပြီး သူတို့၏ စိတ်ဝိညာဥ်ကို ထိန်းသိမ်းထားရန်အတွက် အားနည်းသည့်သူများ သူတို့ကိုသူတို့ ဖိထားသည့်အရာသာ ဖြစ်သည်။ ယဲ့ရှောင်သည် စူပါမန်း တစ်ယောက် မဟုတ်။ လူဆိုးတစ်ယောက်လည်း မဟုတ်။ သိုသော် ဆိုးရွားသည့် ကိစ္စများ ပြုလုပ်ရခြင်းကို စိတ်ထဲထားမှာ မဟုတ်ပေ။

မြို့တော်ဝန်အိမ်တော်၏ အပြင်ဘက်ရှိ ဥယျာဥ်ထဲတွင် မစ္စတာ ကျောင်းက ဗွီဒီယိုကို မြင်သည့်အချိန်တွင် ဒေါသထွက်သွား၏။

” သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေး။ ငါတို့ သူတို့တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ် ”

သူက လက်နောက်ပစ်ထားလျက် ရှေ့လျှောက်နောက်လျှောက် ဖြစ်နေသည်။ မစ္စတာကျောင်းက သူ၏ ညာလက်ညိုးကို ထုတ်လျက် လက်ချောင်းများက တုန်ယင်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

” အဖမ်းခံထားရတဲ့ ကောင်တွေအားလုံးကို အပြစ်ပေးလိုက်။ သူတို့အားလုံးကို ၁၀နှစ်လောက် ချုပ်ထား။ အရူးတစ်သိုက်ပဲ။ သူတို့ လုပ်ခဲ့တာ လုံလောက်သွားပြီ။ လုံလောက်တာထက် ပိုပြီး ပျက်စီးသွားပြီ ”

တုထျန်းယွီ၏ မျက်နှာထားကလည်း အေးစက်နေကာ ပြောလိုက်၏။

” မစ္စတာ ကျောင်း ။ ဒါက မလွန်လွန်းဘူးလား။ သူတို့က ဆွေးနွေးရုံပဲ။ ခင်ဗျားရဲ့ လူတွေက အရင်ဆုံး လှုပ်ရှားခဲ့တာ ”

” တုထျန်းယွီ။ ဘာကိုဆိုလိုတာလဲ။ မင်းက သူတို့ကို ကာကွယ်ချင်သေးတာလား ”

” ကျုပ် ဘယ်သူ့ကိုမှ မကာကွယ်ဘူး။အချက်အလက်တွေကိုပဲ ပြောပြနေတာ။ အရင်တည်းက ဒီကိစ္စကို ကျုပ် သဘောမတူခဲ့ဘူး။ ကျုပ်က ဒီလို သိုင်းပညာရှင်တစ်ယောက်ကို ကလေးတစ်ယောက်လို ဘယ်လိုလုပ် ဆက်ဆံနိုင်ပါ့မလဲ။ အဆုံးမှာတော့ အတုတွေကို ကလေးတချို့ပဲ အသိအမှတ်ပြုတာလေ။ ရုတ်တရက်ကြီး ကလေးတွေရဲ့ အမှား ဖြစ်သွားပြီလား ”

” မင်း ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။ တုထျန်းယွီ။ မင်း တကယ် စိတ်လွှတ်သွားပြီပဲ ကိစ္စကို မဟာမိတ်ဆီ တင်ပြမယ်။ မင်း အလုပ်ကို ကောင်းကောင်းမလုပ်ဘူး။ ငါလည်း ဘာသဲလွန်စမှ ရှာမတွေ့ဘူး ”

” သွားပြီး သတင်းပို့လိုက်လေ။ ဒီမှာ ခင်ဗျားပဲ ပိုအတွေ့အကြုံ ရှိတာပဲ။ ခင်ဗျား ကြိုက်တာ လုပ်လို့ရတယ်။ ဒါပေမဲ့ ငါ တုထျန်းယွီက မလုပ်နိုင်ဘူး။ ငါက ကျန်းဟိုင်မြို့ရဲ့ မြို့တော်ဝန်ပဲ ”

” နောက်ခံအရံမှာတော့ ခင်ဗျားနဲ့ မယှဥ်နိုင်ပါဘူး။ မစ္စတာ ကျောင်း။ ခင်ဗျားမှာ ကျောထောက်နောက်ခံ လုပ်ပေးနေတဲ့သူ ရှိတယ်။ အလွန်ဆုံးမှ ကျုပ် အိမ်ပြန်ပြီး လယ်စိုက်ရုံပေါ့ ”

” ကောင်းပြီ။ မင်း ဒီရာထူးကို မဆုံးရှုံးချင်ဘူး။ ဒီရာထူးကို မလိုချင်ဘူး။ ဒီရာထူးကို လိုချင်နေတဲ့သူတွေ အများကြီးရှိတော့ ငါ သတင်းပို့ ”

ဝေ့။

သူပြောတာ မပြီးသေးခင် ပေတစ်ဒါဇင်ခန့် ရှည်
သည့် ရွှေရောင်အလင်းတန်းတစ်ခုက ပေါ်ထွက်လာပြီး သူ့ကို နှစ်ခြမ်းပိုင်းသွားတော့သည်။ ပြင်းထန်သောလေက သူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ပစ်သွားစေပြီး ဖုန်တစ်မျှင်မှ မကျန်တော့ပေ။

ဓါးမော့အလင်းသည် အဟုန်မလျော့သွားပေ။ မြေပြင်ပေါ် ရောက်သည့်အချိန်၌ ပေ ၁၀၀ခန့် ရှည်သော ဓားရာတစ်ခု ဖန်တီးလိုက်တော့သည်။

ဖုန်မှုန့်များ၊ ဖုန်လုံးများက လေထဲ တထောင်းထောင်း ထလာပြီး မြို့တော်ဝန်၏ အဆောင်များစွာက စုဝေးလာတော့သည်။

” ရန်သူ တိုက်ခိုက်နေပြီ။ ရန်သူ လာတိုက်ခိုက်တယ် ”

” မြန်မြန်။ မြို့တော်ဝန်ကို ကာကွယ်ကြ ”

အသံများက ကျယ်ပြီး ဆူညံပွက်လော ရိုက်နေ၏။ တုထျန်းယွီကမူ ရူးသပ်စွာ ရပ်နေသေးသည်။

ပြောရန်မလို တိုက်ခိုက်လိုက်သည့်သူက ဆန်းကြယ်သော သိုင်းပညာရှင်များထဲမှတစ်ဦးမှန်း သူ သိနေသည်။ တစ်ဖက်လူက သူ့ကို ဤအတိုင်း သတ်လိုက်လိမ့်မည်ဟု မထင်ထားရုံသာ ဖြစ်သည်။ အသက်ချမ်းသာပေးရန် တောင်းဆိုခွင့်တောင် မပေးခဲ့ချေ။

ရက်စက်လွန်း၏။

သူ့ကို အင်မတန် ကြောက်လန့်သွားစေသော
ကြောင့် လှုပ်တောင် မလှုပ်ရဲချေ။ တစ်ကိုယ်လုံး ဇောချွေးများ ထွက်လာတော့သည်။ ခဏကြာပြီးနောက် နောက်ဆုံးတွင် တုံ့ပြန်သွားနိုင်တော့သည်။ သူက လှည့်ပတ်ကြည့်လိုက်ရာ အဆောင်များနားတွင် မည်သူမှ မရှိကြောင်းသတိပြုမိလိုက်၏။ ယင်းက သူ့ကို သက်ပြင်းချမိစေတော့သည်။ တစ်ဖက်လူက ထွက်သွားပုံ ရသည်။ သို့သော် မြေပြင်ပေါ်ရှိ ဓါးရာများကို ကြည့်ပြီး အမူအယာက သုန်မှုန်သွားပြန်၏။

တစ်ဖက်လူသည် အသံတစ်သံမှ မထွက်ပဲ သူတို့နှစ်ယောက် ပြောတာကို ကြားနိုင်စွမ်း ရှိသည်။ သူ၏ ကျင့်ကြံဆင့်က အမှန်တကယ် မြင့်ပေ၏။ တစ်ဖက်လူသည် မစ္စတာ ကျောင်းကို အသံတစ်ချက်မှ မထွက်ပဲ သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သို့သော် သူတို့က မသတ်ရန် ရွေးချယ်ခဲ့၏။ ယင်းက မည်သည်ကို ဆိုလိုသနည်း။

သူသည် မစ္စတာ ကျောင်းကို များများစားစား မတွေးထားတာပဲ ဖြစ်သည်။ ထို့ကြောင့် သူ့ရှေ့တွင် သတ်လိုက်တာပဲ ဖြစ်သည်။ သူ့ကို ပုရွက်ဆိတ်တစ်ကောင်ပမာ ထိုပုဂ္ဂိုလ်က ညှင်းပမ်းနေတာပဲ ဖြစ်သည်။ သူ့ကို မည်သူမှ ပြဿနာ လာရှာတာ မလိုချင်ဟု သူ့ကို သွယ်ဝိုက်ပြီး ပြောလိုက်တာလဲ ဟုတ်သည်။
မဟုတ်လျှင် နောက်တစ်ကြိမ် သေမည့်သူက သူ ဖြစ်နေပြီး မစ္စတာ ကျောင်းနှင့် တူသွားပေလိမ့်မည်။ ယင်းက ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပြီး သတိပေးမှုလည်း ဟုတ်သည်။

အသက်ပြင်းပြင်းတစ်ချက် ရှူပြီးနောက် တုထျန်းယွီသည် လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်၏။

” ဒီည ဖြစ်ခဲ့တာကို ဘယ်သူ့မှ ပြောခွင့်မရှိဘူး ”

” ဟုတ်ကဲ့ ”
အားလုံးက တစ်ညီတစ်ညွှတ်တည်း ဖြေလိုက်၏။ အမှန်တကယ်တွင် တုထျန်းယွီ ဘာမှမပြောလျှင်တောင် သူတို့ကလည်း ပြောရဲမှာ မဟုတ်ပေ။ ယင်းက မဟာဂိုဏ်းဖြစ်၏။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန်က ထမင်းစား၊ ရေသောက် သကဲ့သို့ လွယ်ကူလှသည်။

ထိုကဲ့သို့သော သူမျိုးကို မည်သူမှ ရန်မစရဲချေ။ သူတို့၌ ခေါင်းတစ်ရာရှိနေခဲ့လျှင်တောင် ထိုပုဂ္ဂိုလ်အဖို့ သူတို့ကို ခုတ်ထစ်ရန် လုံလောက်မှာ မဟုတ်ပေ။

” ပြီးတော့ ထောင်ထဲက လူငယ်လေးတွေကို လွှတ်လိုက်။ ဒါ့အပြင် ဒီနေ့ကစပြီး ကျန်းဟိုင်တစ်မြို့လုံးရဲ့ အင်တာနက်ပေါ်မှာ သိုင်းပညာရှင်နှစ်ယောက်အကြောင်း ပြောခွင့်မရှိတော့ဘူး။ ပို့စ်တွေအားလုံးကို ဖျက်လိုက်။ နောင်ဆက်တွဲ ပို့စ်တွေကိုလည်း တင်ခွင့်မရှိဘူး ”

” ဟုတ်ကဲ့ ”

ဆက်တိုက် အမိန့်ပေးပြီးနောက် တုထျန်းယွီသည် မြို့တော်ဝန် အိမ်တော်ထဲ သုတ်သုတ်လေး လျှောက်သွားပြီး အထက်အရာရှိများဆီ ထိုကိစ္စကို သတင်းပို့၏။

သူ သတင်းပို့တာကို ကြားသောအခါ တစ်ဖက်လူက တိတ်ဆိတ်သွားပြီး တုထျန်းယွီ၏ အစီအစဥ်ကို ချီးကျူးလိုက်သည်။

” မင်း လုပ်တာ ကောင်းတယ်။ အခုကစပြီး ဒီသိုင်းပညာရှင်တွေကို ဘယ်သူ့မှ အာရုံစိုက်တော့မှာ မဟုတ်ဘူး ”

” ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီ မစ္စတာ ကျောင်း ”

” သူ သေသင့်တယ်။ ဒီကိစ္စကို ကျောင်းမိသားစုဆီ သတင်းပို့လိုက်။ အမှန်တိုင်းပြော။ သူတို့မြင်ရင်တောင် ဘာမှ ပြောရဲမှာ မဟုတ်ဘူးဆိုတာ ငါ ယုံတယ် ”

ဖုန်းချပြီးနောက် တုထျန်းယွီသည် သက်ပြင်းချလိုက်တော့၏။ ဤအရေးကိစ္စ ပြီးသွားပြီမှန်း သူ သိလိုက်သည်။ သူ လုပ်နိုင်တာ ဘာမှမရှိပေ။ သူ၏ အာဏာ မည်မျှ မြင့်စေကာမူ ခွန်အားထက် မည်သည့်အရာကမှ ပိုမမြင့်ပေ။ သူတို့ထဲမှ အချို့က ရှိနေပြီး သူတို့သည် မဟာဂိုဏ်းအထက် သိုင်းပညာရှင်တစ်ယောက် ဖြစ်လောက်သည်။ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်လျှင် နောက်ဆက်တွဲကို မစဥ်းစားပဲ အဆင်အခြင်မဲ့စွာ ပြုမူခဲ့သော မစ္စတာ ကျောင်းကိုသာ ကျောင်းမိသားစုက အပြစ်တင်လိုက်၏။ သို့သော် ယင်းက သူ့ကို သိချင်စိတ် အနည်းငယ် ဖြစ်သွားစေ၏။

ထိုသိုင်းပညာရှင်များသည် ကျန်းဟိုင်မြို့သို့ အဘယ်ကြောင့် ရောက်လာသနည်း။ ယင်းက ကျန်းဟိုင်မြို့ ဖြစ်သည်။ လျှို့ဝှက်ချက်အချို့ ရှိနေသည်လော။ အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် အကြောင်းပြချက်ကို မတွေ့နိုင်သေးပေ။ သူက ခေါင်းခါလျက် တင်ပြချက်တစ်ခုကို ရေးလိုက်တော့သည်။

ထိုစဥ် ယဲ့ရှောင်သည် လမ်းအကျဥ်းလေး အချို့၌ ပေါ်လာ၏။ သူက ပေါ်မလာရသည့် အကြောင်းအရင်းမှာ ကျန်သည့်သူများ သူ၏ သွင်ပြင်ကို မှတ်မိသွားမှာ စိုးရိမ်သောကြောင့် မဟုတ်ပေ။ အတွေးတစ်ချက်ထဲဖြင့် တစ်ဖက်လူ၏ မှတ်ဉာဏ်ကို ဖျက်ပစ်နိုင်သည်။ တစ်ဖက်လူ၏ မှတ်ဉာဏ်ကို ဖျက်ပစ်ရန် အတွေးတစ်ချက်သာ လိုအပ်သည်။ မထွက်လာရသည့် အကြောင်းမှာ မစ္စတာ ကျောင်းကဲ့သို့ အမှိုက်ကို ဖြေရှင်းရန်က နိမ့်လွန်းသည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။ သူသာ ထိုလူကို သတ်ဖြတ်ခြင်းကြောင့်သာ မဟုတ်လျှင် သူသည် နတ်ဆိုးတစ်ကောင်သဖွယ် ပြုမူနေဦးမှာပဲ ဖြစ်၏။
ယဲ့ရှောင်က တစ်ချက်လှုပ်ရှားဖို့တောင် အမှန်တကယ် ပျင်းရိနေသည်။ သူ့လက် ညစ်ပတ်သွား၏။ သူက လူဆိုးတစ်ယောက် မဟုတ်ပေ။
သူသည် မြို့တော်ဝန်ကောင်း ဖြစ်၏။ ထို့ကြောင့် မလှုပ်ရှားခဲ့တာပဲ ဖြစ်သည်။ မည်သည့်နည်းနဲ့မဆို သူ၏ ရည်ရွယ်ချက်များကို ပြသပြီး ဖြစ်သည်။ မဟာမိတ်က သူ့ကို ထပ်ရှာရန် တွေးတော့မှာ မဟုတ်ပေ။ ရောက်လာလျှင်လည်း ပြန်လမ်းမရှိပေ။

အပိုင်း ၆၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset