Switch Mode

Chapter – 64

ထိပ်ကို အနည်းငယ်ကျော်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၄။ ထိပ်ကို အနည်းငယ်ကျော်။

ယဲ့ရှောင်က ဖုန်းကိုထုတ်ပြီး ၄င်းကို တစ်ချက်
ကြည့်လိုက်သည့်အချိန်တွင် ဖြစ်ပျက်နေတာကို နောက်ဆုံးတော့ နားလည်သွားသည်။

ယင်းက ကျန်းဟိုင်မြို့၏ ဒေသတွင်း ပရိုဂရမ်အသစ်ပင် ဖြစ်သည်။ သူတို့သည် သိုင်းပညာရှင်
နှစ်ဦးကို ရှာတွေ့ပြီးဖြစ်ကာ ယနေ့ည ၇နာရီတွင် အင်တာဗျူးပြုလုပ်မည်ဖြစ်ကြောင်း လူထုကို ကြေညာခဲ့သည်။ ယင်းက ယဲ့ရှောင်ကို မျက်ခုံး ပင့်မိသွားစေသည်။ ထိုလူနှစ်ဦးက အတုအယောင်မှန်း သူ သေချာပေါက် သိနေ၏။ သူတို့သည် အတုအယောင်နှစ်ဦး အဘယ်ကြောင့် ပြုလုပ်ရသနည်း။ လူအများကို ရင်အေးစေချင်သောကြောင့်လော။

မဖြစ်နိုင်တာ သိသာနေသည်။ လတ်တလောတွင် ကျန်းဟိုင်မြို့ထဲ၌ ပြဿနာ ကြီးကြီးမားမား မရှိပေ။ အများပြည်သူက ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အလုပ်လုပ်နေကြကာ သူတို့ဘဝက အဆင်ပြေနေ၏။ လူအများကို စိတ်အေးအောင် ပြုလုပ်ပေးရန် သူတို့ မည်ကဲ့သို့ လိုအပ်မည်နည်း။

ယင်းက သူ့ကို မြှားခေါ်ရန်အတွက်လော။

ဆိုရလျှင် အပြင်လောကက သူသည် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦးဆိုတာ သိနေ၏။ သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူသည် ဒေါသစိတ် သေချာပေါက် ရှိလောက်သည်။

သူ့အနေဖြင့် တစ်စုံတစ်ယောက်က ဟန်ဆောင်
သည့်အချိန်တွင် သူသည် မည်ကဲ့သို့ ဘာမှမလုပ်ပဲ နေထိုင်နိုင်မည်နည်း။ သေချာပေါက် ပေါ်လာမှာပဲ ဖြစ်သည်။

သို့သော် သူတို့ မှားယွင်းတွက်ချက်ခဲ့သည်က နှမြောစရာကောင်းလှ၏။ ယဲ့ရှောင်သည် ဂုဏ်သိက္ခာအတွက် ကြိုးစားပမ်းစား တိုက်ခိုက်မည့် ခေါင်းမာသော အဖိုးအိုတစ်ဦး မဟုတ်ပေ။ သူက လူငယ်တစ်ဦး ဖြစ်နေ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့ပုံစံ ဟန်ဆောင်သည့်အချိန်တွင် ဒေါသထွက်စရာ မရှိပေ။ ယင်းက အရေးကြီးသည့် ကိစ္စမဟုတ်။ မည်သူကမှ သေမှာ မဟုတ်ပေ။ သူတို့က စော်ကားမှု မပြုသရွေ့ ဒဏ်ရာရအောင် မလုပ်သရွေ့ ကိစ္စ မရှိပေ။

” ကြီးကြပ်သူ ယဲ့။ ဒီနေ့ည ရုပ်မြင်သံကြား ဌာနကို သွားကြည့်ကြရအောင်။ ရုပ်မြင်သံကြား ဌာနက အပြင်ဘက်မှာ ထုတ်လွှင့်မယ်လို့ ကြားထားတယ် ”

” ငါ မသွားဘူး ”

” အန်။ ဘာကြောင့်လဲ။ ကျန်းဟိုင်မြို့ တစ်မြို့လုံးက ဂရုစိုက်နေတဲ့ စူပါသိုင်းပညာရှင်နှစ်ယောက်ကို မတွေ့ချင်ဘူးလား ”

” သူတို့ကို တွေ့တော့ ဘာလုပ်ရမှာလဲ။ သူတို့ကို စားလို့ရလို့လား။ သူတို့က ငါ့ရဲ့ ကျင့်ကြံဆင့်ကို တိုးတက်အောင် လုပ်ပေးနိုင်မှာလား ”

” ငါ့မှာ အချိန်ရှိတယ်။ ငါ အိပ်လိုက်၊ စားလိုက် လုပ်ရုံပေါ့ ”

နဥ်ယွိဟန်က မင်သက်သွားပြီးနောက် ခေါင်းခါလိုက်တော့သည်။ ကြီးကြပ်သူ ယဲ့၏ အတွေးများကို နားလည်နိုင်ဖို့က သူ့အတွက် ခက်ခဲသည်။ သူ၏ အမြင်ကို လက်ခံဖို့ကလည်း ခက်ခဲနေသည်။

အစွမ်းထက်သော သိုင်းပညာရှင် နှစ်ဦးဖြစ်သည့် သူတို့က နှစ် ၁၀၀လျှင် တစ်ယောက် တွေ့ရခဲသည့်သူများ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

” ကြီးကြပ်သူ မသွားချင်ရင် ကျွန်တော့်ဘာသာ သွားမယ်။ ဒါပေမဲ့ ဒီနေ့ ကြီးကြပ်သူကို ဧည့်မခံနိုင်တော့ဘူး ”

သူ သွားရပေမည်။

နဥ်ယွိဟန်သည် သူ့ကို ကယ်ခဲ့သည့်သူက ထိုသိုင်းပညာရှင်များထဲမှ တစ်ဦးဖြစ်ရမည်မှန်း ခန့်မှန်းမိ၏။ ထို့ကြောင့် မည်သို့ပင် ဆိုစေကာ သူ သွားပြီး တစ်ချက်ကြည့်ရမည်။ ထိုလူကို သူကိုယ်တိုင် ကျေးဇူးတင်နိုင်လျှင် အကောင်းဆုံး ဖြစ်၏။

” ရတယ်လေ။ နောက်ရက်ပေါ့ ”
ယဲ့ရှောင် ထူးမခြားနား ပြန်ပြောလိုက်သည်။ အလုပ်ဆင်းပြီးနောက် သူသည် ဟွမ်လျိုလီနှင့် အိမ်ပြန်စဥ် နဥ်ယွိဟန်က ရုပ်မြင်သံကြား ဌာနသို့ သွားတော့သည်။

ယဲ့ရှောင်သည် လက်နက်သန့်စင်မှာကို စတင်စူးစမ်းနေလေ၏။ သူသည် သန့်စင်ခြင်း ကျင့်စဥ်များမှ စုစုပေါင်း အခြေခံကျင့်စဥ် ( ၄ )မျိုးကို ပေါင်းစည်းပြီး သူတို့ကို အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ထဲတွင် မှတ်သားထားပြီးဖြစ်သည်။

သူသည် ထိပ်တန်းအဆင့် သန့်စင်ခြင်းကျင့်စဥ်တစ်ခု မပေါင်းစည်းရသေးသည့်တိုင် သူတို့ကို လေ့ကျင့်ရန်အတွက် အတွေ့အကြုံ လိုအပ်နေသေးသည်။ သူသည် ကုန်ကြမ်းပစ္စည်းဆိုင်မှ အခြေခံ ကုန်ကြမ်းအချို့ ဝယ်လာသည်။ သူတို့က သာမန်သံမဏိသား ဖြစ်ပြီး တစ်ထောင်ဝန်းကျင်သုံးလိုက်ရ၏။ သူ သွန်းလုပ်တာ ပထမဆုံးအချိန် ဖြစ်သောကြောင့် ယဲ့ရှောင်သည် ပစ္စည်းကောင်းများကို အသုံးပြုရန် မရည်ရွယ်ထားပေ။ လေ့ကျင့်ရုံမျှသာ ဖြစ်ပြီး သူသည် ၄င်းတို့ကို သမန်ကာလျှံကာ ဆော့ကစားနိုင်၏။

ကုန်ကြမ်းက သိပ်မများပေ။ သို့သော် ၄င်းက သံမဏိ ဖြစ်နေသောကြောင့် ထုထည်က အလွန်မကြီး။ စားပွဲအရွယ်အစားခန့်တောင် မရှိပေ။

အိမ်ပြန်ရောက်သည့်အချိန်တွင် ယဲ့ရှောင်က စတင် ထွင်းထုတော့သည်။ ယခင်ဘဝ၌ ယဲ့ရှောင်သည် ဝတ္ထုများစွာ ဖတ်ဖူး၏။ လက်နက်များ သန့်စင်ရန် သို့မဟုတ် ဆေးလုံးများ သန့်စင်ဖော်စပ်ရန် မီးတောက်များ လိုအပ်သည်။ ဤနေရာတွင် ဝိညာဥ်စွမ်းအင်တစ်ခုသာလျှင် လုံလောက်၏။ ဝိညာဥ်စွမ်းအင်က အလွန်အာဏာရှိပေ၏။ ကွဲပြားခြားနားသော ကျင့်စဥ်များအလိုက် သူတို့ ပြသသည့်နည်းလမ်းကလည်း ကွဲပြားသွားသည်။

လက်နက်တပ်ဆင်ခြင်းကျင့်စဥ်ကို အသုံးပြုနေချိန်တွင် ဝိညာဥ်စွမ်းအင်၏ အပူချိန်က နည်းနည်းချင်း တိုးလာမည်ဖြစ်ပြီး သွန်းလုပ်နေသော လက်နက်အတွင်းရှိ မသန့်စင်မှုများ အားလုံးကို ရှင်းထုတ်ပြီးဖြစ်ကာ ပုံပေါ်လာပေလိမ့်မည်။ ယဲ့ရှောင်၏ ထိန်းချုပ်မှုအောက်၌ ပေါင်တစ်ထောင်ခန့်ရှိသော သံရိုင်းများကို ကောင်းမွန်သည့် သံဓါးရှည်အဖြစ် လျှင်မြန်စွာ သန့်စင်လိုက်တော့သည်။

ဓါးက ၃ပေခန့်ရှည်ပြီး အလေးချိန်ကမူ သာမန် ၃ပေခန့်ရှည်သော ဓါး၏ အလေးချိန်နှင့် ကွာနေသေးသည်။ အကြောင်းအရင်းမှာ သိပ်သည်းထားသော သံဓာတ်၏ ပမာဏကြောင့်ဖြစ်ပြီး ၄င်း၏ အလေးချိန်သည် ပေါင် ၄၀ကျော်ပေသည်။ ယဲ့ရှောင်က အကြမ်းမျဥ်း တွက်ချက်လိုက်ရာ အချို့က ၃၀နားကပ်နေပြီ ဖြစ်သည်။ မြင့်စေသည့်နှုန်းက လက်ခံနိုင်သေး၏။
ဆိုရလျှင် သံရိုင်း ပေါင်၁၀၀၀ကျော်ကို ယွမ် ၁၀၀၀ဖြင့် ဝယ်ယူနိုင်ချေက အလွန်အဆင်ပြေသည်ဟု ဆိုရနိုင်သေးသည်။ ဓါးရှည်၏ အလေးချိန်က ပိုမြင့်အောင် ပြောင်းလဲခွင့်ရှိသည့် ကြယ်တာရာသားရဲများကို သတ်ဖြတ်နေသည့်အချိန်တွင် ဓါးကိုယ်ထည်ကို ကာကွယ်ခြင်းအပြင် ၄င်းက ဝိညာဥ်စွမ်းအား ရောနှောခြင်းပါ ပေါင်းလိုက်လျှင် ကြယ်တာရာသားရဲကို ထိခိုက်မှု ပိုဖြစ်စေ၏။ လိုတိုရှင်းဆိုရလျှင် ယင်းက ပိုတောင်အံ့သြဖွယ် ကောင်းလေသည်။

ယဲ့ရှောင်သည် မူလက စမ်းသပ်ချင်ခဲ့သည့် သူ့လက်ထဲရှိဓါး၏ အားဖြည့်ပေးမှုဖြင့် သူ၏ ခွန်အား မည်မျှ တိုးလာသနည်း။ သို့သော် ဂရုတစိုက် စဥ်းစားပြီးနောက် မေ့ထားရန် ဆုံးဖြတ်လိုက်တော့သည်။

သူက နောက်ထပ် ရုတ်ရုတ်သည်းသည်း ဖြစ်ရပ်တစ်ခုကို ဖန်တီးမိခဲ့လျှင် ကျန်းဟိုင်မြို့၏ လူများ စိတ်လွတ်သွားပြီး သူတို့ စိတ်ကူးများက ရိုင်းစိုင်းကုန်လိမ့်မည်။

ထို့အပြင် နောက်ထပ် တစ်ချက် ရှိသေး၏။ ဆိုရလျှင် ဤဓါးက သံရိုင်းကုန်ကြမ်းမှ ပြုလုပ်ထားတာပဲ ဖြစ်သည်။ သာမန်သိုင်းပညာရှင်တစ်ဦးက အသုံးပြုခဲ့လျှင် အဆင်ပြေ၏။ သူက မဟာချီရှန်းတစ်ဦး ဖြစ်နေပြီးသားပေ။ ၄င်းကို အသုံးပြုပြီးနောက် ယင်းက ခံနိုင်ရည်မရှိ တိုက်ရိုက်ပေါက်ကွဲသွားနိုင်မည်လော။ ထိုအချိန်ရောက်လျှင် သူက ၄င်းကို ဆုံးရှုံးသွားခဲ့လျှင် ထိုက်တန်မှာ မဟုတ်ပေ။

မနက်ဖြန် တည်ဆောက်ပြီး ဓါးကို ငွေကြေးမည်မျှဖြင့် ရောင်းချနိုင်ကြောင်း မေးသင့်သည်။ ရှေးဦးစွာ သူက ငွေကြေးအချို့ လိုအပ်နေ၏။ ပြီးနောက် အဆင့်မြင့် ကုန်ကြမ်းများဖြင့် စမ်းသပ်ရပေမည်။ ၄င်းကို သွန်းလုပ်ပြီးနောက် ယဲ့ရှောင်သည် အနားသွားယူရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုစဥ် သူက ဖုန်းက လင်းလာတော့၏။ ခေါ်သည့်သူက ကုဟ်ိုင် ဖြစ်နေသည်။

” နောက်ကျနေပြီကို။ မင်းရဲ့ မိန်းမနဲ့ ဖက်မအိပ်ပဲ ငါ့က်ို ဘာကြောင့် ဖုန်းခေါ်တာလဲ ”

” လောင်ယဲ့။ တစ်ခုခုတော့ ဖြစ်နေပြီ။ မင်းရဲ့ လက်အောက်ဝန်ထမ်း နဥ်ယွိဟန် အဖမ်းခံလိုက်ရတယ် ”

ယဲ့ရှောင်က မျက်ခုံး အနည်းငယ်ပင့်မိသွားသည်။

” သူ ဘာလုပ်လိုက်လို့လဲ ”

” ရုပ်မြင်သံကြား ဌာနကို သူ ပြဿနာရှာလို့လေ ”

ယဲ့ရှောင်က မျက်ခုံး ပိုတောင်ပင့်မိသွား၏။

” အဲ့ဒီကလေးက အတော်လေး အကျင့်ကောင်းတာပဲ။ သူ ဘာကြောင့် ပြဿနာရှာမှာလဲ ”

” သူတင် မဟုတ်ဘူး။ ဒီနေ့ လူတော်တော်များများ ပြဿနာတက်တာ။ ယွိယန်လည်း ပါသွားတာပဲ ”

ယဲ့ရှောင်က ပိုတောင်ဇဝေဇဝါ ဖြစ်သွားသည်။

” ဘာဖြစ်တာလဲ။ ရှင်းရှင်းလင်းလင်း ရှင်းပြ ”

” ရုပ်မြင်သံကြား ဌာနက ဒီနေ့ သိုင်းပညာရှင်နှစ်ယောက်ကို ဖိတ်ထားပြီး ဓါးသခင်နဲ့ ဓါးမော့သိုင်းသခင်တို့ကို ဖိတ်ထားတယ်လို့ ပြောခဲ့တာမလား။ ဒါပေမဲ့ သူတို့ စီစဥ်ထားတဲ့ လူက ဟာကွက်တွေ ပြည့်နေပြီး အတော်လေး မောက်မာတယ်။ ယွိယန်၊ နဥ်ယွိဟန်နဲ့ လူတော်တော်များများက သူတို့ကို အတုလို့ ပြောကြတာ။ ဒါကြောင့် နှစ်ဖက်က စကားစများတာပဲ။ အဆုံးမှာ တိုက်ခိုက်ကြတယ်လို့တောင် ကြားထားတယ် ”

” ချင်ယွိဟန်လည်း အဖမ်းခံလိုက်ရတာလား ”

” သူ အဖမ်းမခံရဘူး။ သူ့အဖိုးက ကျန်းဟိုင်သိုင်းကျောင်းတော်ရဲ့ ဒါရိုက်တာပဲ။ ဖုန်းခေါ်ပြီးတာနဲ့ သူ့ကို လွှတ်ပေးလိုက်တာ။ တစ်ဖက်မှာတော့ နဥ်ယွိဟန်နဲ့ နောက်ခံမရှိတဲ့ လူငယ်တချို့က အဖမ်းခံလိုက်ရတယ် ”

” ပြီးတော့ ပြဿနာ နည်းနည်းရှိခဲ့လို့ ငါ တွေးမိလို့ ”

” ဒါက ရိုးရိုးရှင်းရှင်းနဲ့ နှောင့်ယှက်မှု မဟုတ်ဘူး။ ငါ ယောက္ခထီးဆီက ကြားတာတော့ အဲ့ဒီလူနှစ်ယောက်က အစတည်းက အတုတွေပဲ။ သိုင်းပညာရှင်အစစ်နှစ်ယောက်ကို မြှားထုတ်ဖို့အတွက် မျိုးရိုး​ကျောင်းနဲ့ လူတစ်ယောက်က သူတို့ကို စီစဥ်ထားတာ ”

” အဆုံးမှာ သူတို့က နဥ်ယွိဟန်နဲ့ တခြားသူတွေ ထုတ်ဖော်တာ ခံလိုက်ရပြီး သူ့အစီအစဥ် ပျက်စီးသွားတယ်။ နဥ်ယွိဟန်နဲ့ တခြားသူတွေကို လွယ်လွယ်လေး လွှတ်ပေးမှာ မဟုတ်လောက်ဘူး ”

ယဲ့ရှောင်က မျက်ခုံးနှစ်ဖက်ကြားကို ပွတ်လိုက်မိ၏။

လူလိမ်တစ်စုက တကယ် ဘာမှကောင်းတာ မရှိပေ။ မျိုးရိုး​ကျောင်းဖြင့်လူက သူ့ကို အကျိုးအမြတ် အတွက် ရှာချင်နေတာပဲ ဖြစ်ရမည်။ အပြင်လူများ၏ အမြင်တွင် သူက ဓါးမော့သိုင်းပညာရှင်၊ ဓါးသိုင်းပညာရှင် ဖြစ်သည်။ ထို့အပြင် သူတို့က ချီရှန်း သို့မဟုတ် မဟာချီရှန်းအထက် သိုင်းပညာရှင်တောင် ဖြစ်လောက်သည်။ ထိုကဲ့သို့ ပါရမီရှင်ကို ရှာတွေ့ပြီး စီရင်စု ၉ခု မဟာမိတ်၏ ဌာနချုပ်ဆီ ခေါ်ယူနိုင်ခဲ့လျှင် သူ၏ အဆင့်ကို မြှင့်တင်နိုင်ပြီး ဥစ္စာဓနတို့ ဖြစ်ထွန်းလာမည်ဖြစ်ကာ အောင်မြင်မှု ရရှိပြီး လူ့ဘဝ၌ စားသောက်နေထိုင်ရေးအတွက် စိုးရိမ်ပူပန်စရာ ရှိတော့မှာ မဟုတ်ပေ။ ထိုလူများက သူတို့ကိုယ်ပိုင် အကျိုးအမြတ်အတွက် အမှန်တကယ် အရှက်မဲ့နေကြသည်။

” ငါ သိပြီ။ အရင်ဆုံး နဥ်ယွိဟန်ကို ချုပ်ထားတဲ့နေရာ ရှာဖို့ ကူညီဦး။ သူ့ရဲ့ မျက်နှာက တိုင်းပြည်ရဲ့ ကပ်ဘေးနဲ့ လူတွေဆီ ကပ်ဘေးယူလာလိမ့်မယ်။ ထောင်ထဲမှာ သူ့ကိုသူ မကာကွယ်နိုင်မှာစိုးရတယ်။ ဒါ့အပြင် သူ့ကို ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားခိုင်းလိုက်ဦး။ မနက်ဖြန်မှာ ကျန်တာတွေ ဆွေးနွေးမယ် ”

အပိုင်း ၆၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset