Switch Mode

Chapter – 63

မြွေတစ်ကောင်ကို တွင်းထဲက ထွက်လာအောင် မြှားနေတာလား။ မဟုတ်ဘူး။ မင်းက နဂါးတစ်ကောင်ကို မြှားနေတာပဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၃။ မြွေတစ်ကောင်ကို တွင်းထဲက ထွက်လာအောင် မြှားနေတာလား။ မဟုတ်ဘူး။ မင်းက နဂါးတစ်ကောင်ကို မြှားနေတာပဲ။

ထွက်လာပြီးနောက် ဟွမ်လျိုလီက မမေးပဲ မနေနိုင်တော့ချေ။

” သခင်။ သခင့်ရဲ့ ကုသခြင်းကျင့်စဥ်က ဘယ်အချိန်ကစပြီး ဒီလောက် အစွမ်းထက်လာတာလဲ ”

သူမသည် ယဲ့ရှောင်က ကုသခြင်းကျင့်စဥ်ကို သင်ယူနေသည့်အကြောင်း အနည်းကျင်းသာ သိခဲ့သည်။ သို့သော် ကုသခြင်းကျင့်စဥ်ဟူသည် သင်ယူရုံမျှဖြင့် တတ်သည့်အရာ မဟုတ်ပေ။ အကြောင်းမှာ လူတစ်ယောက်၏ ကျင့်စဥ်က မြင့်မားသည်။ ဆရာဝန်တစ်ဦးအတွက် လူတစ်ယောက်ကို ကယ်တင်ရခြင်းထက် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရခြင်းက ပိုလွယ်ကူသည်။ ယဲ့ရှောင်၏ တိုက်ပွဲဝင် ခွန်အားက ထူးကဲကြောင်း သူမ အသိအမှတ်ပြုသော်ငြား ယဲ့ရှောင်၏ ကုသခြင်း စွမ်းရည်က မည်သည့်အချိန်က စကာ ထိုမျှ ကောင်းလာသနည်း။

” မင်း မသိတဲ့ ကိစ္စတွေ အများကြီးပဲ။ မင်းကို အားလုံး ပြောပြရမှာလား ”

” အန် ”

ဟွမ်လျိုလီက ဆက်မပြောတော့ပေ။ သို့သော် သူမရင်ထဲ သုန်မှုန်သွားလေ၏။ သူမရဲ့ သခင်က ပိုပိုပြီး ဆန်းကြယ်လာတာပဲ။

သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အတိုင်းထက်အလွန် ဖြစ်ရုံမကဘူး။ ဒီလိုအစွမ်းထက်တဲ့ ကုသခြင်းစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ တိုက်ခိုက်မှုနဲ့ ကုသခြင်း ပေါင်းစည်းလိုက်ရင် သူ့ကို သတ်ဖို့က အလွန်ခက်ခဲမှာပဲမလား။

သူမသည် ယခင်က သူ့ဆီကနေ နှစ် ၂၀၀ လောက် ပုန်းနေရန် ပန်းတိုင်သေးလေး ချမှတ်ခဲ့၏။ သူမ၏ ကျင့်စဥ်က သူ့ကို ကျော်လွန်သွားပြီး သူမက လွတ်လပ်မှု ရရှိပေလိမ့်မည်။ ယခုအချိန်က အနည်းငယ်တိုးသွားမည့်ပုံ ပေါ်သည်။ သူ၏ ကျွန်အဖြစ် နှစ်၂၅၀ ဆောင်ရွက်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ယာဥ်မတော်တဆမှု၏ အခင်းဖြစ်ရာကို လျှင်မြန်စွာ ရှင်းပြီးသွားပြီး ဒဏ်ရာရသူများက ကုသပျောက်ကင်းသွားပြီ ဖြစ်သော်ငြား ဘေးကင်းစိတ်ချရရေးအတွက် အတွင်းဒဏ်ရာများ မကျန်အောင် စစ်ဆေးရသေးသည်။

အငြိမ်းစားတစ်ဦး၏ စစ်ဆေးမှုပြီးနောက် အတော်လေး ဆူညံပွက်လောရိုက်သွားစေတော့သည်။

မကြာမီ၌ မစ္စတာ ကျောင်း သည် တင်ပြချက် ဖောင်များနှင့်အတူ တုထျန်းယွီရှေ့သို့ ရောက်လာလေ၏။

” ဒီကို ဘာကြောင့် ရောက်လာတာလဲ။ မစ္စတာ ကျောင်း ”

တုထျန်းယွီသည် သူ၏ တရားဝင်ဂျူတီအပြင် ဂျူတီကို ဘေးချိတ်ထားပြီးနောက် သူ့ကို ကြိုဆိုလိုက်၏။

မစ္စတာ ကျောင်းက တုထျန်းယွီ ရှေ့၌ တင်ပြချက်များကို ချထားပေးလိုက်သည်။

” မြို့တော်ဝန် ဒါကို တစ်ချက်ကြည့်ပါဦး ”

တုထျန်းယွီက မျက်မှန်တပ်ပြီးနောက် တစ်ချက်ကြည့်လိုက်သည်။ မထိတ်လန့်ပဲ မနေနိုင်တော့ချေ။

” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အသက် ၈၀အရွယ် စစ်သားတစ်ယောက်က ပြန်လည်ကောင်းမွန်တဲ့ လက္ခဏာတွေ ပြတယ်လား ”

” ဒါတွေမကဘူး။ သူက စစ်မြေပြင်မှာ ဒဏ်ရာရခဲ့တဲ့ စစ်မှုထမ်းဟောင်းပဲ။ သူ့ရဲ့ ချီသွေးကြောတွေက အပြည့်အဝ ခမ်းခြောက်သွားတာ သာမန်စစ်သားတွေထက် ပိုပြီးပြင်းထန်တယ် ”

” ဘုရားရေ။ ဒါ ဘယ်သူလုပ်လိုက်တာလဲ ”

တုထျန်းယွီက မယုံနိုင်စွာ မေးလိုက်လေ၏။

” ကျုပ် စစ်ဆေကြည့်ပြီးပြီ။ ရလဒ်မရှိဘူး။ အနားက CCTVတွေကလည်း လက်သည်ကို မရှာနိုင်ဘူး။ တစ်ဖက်လူ ပြောတာတော့ ချီရှန်းအဆင့်အထက် သိုင်းပညာရှင် ဖြစ်လောက်တယ်။ သူတို့က သံလိုက်စက်ကွင်းကို နှောင့်ယှက်နိုင်တာကိုး ”

” ပိုတောင်ကြောက်မက်ဖွယ်ကောင်းတာက စစ်မှုထမ်းဟောင်းရဲ့ မှတ်ဉာဏ်တွေထဲမှာတောင် သူ့ရဲ့ ပုံပန်းသွင်ပြင် ဖျက်ဆီးခံထားရတာပဲ။ တစ်ဖက်လူရဲ့ မှတ်ဉာဏ်က အနည်းနဲ့အများ ဖျက်ဆီးခံလိုက်ရတာပဲ။ ဝိညာဥ်စွမ်းအားကို သုံးပြီး ရှာဖို့ လူတချို့ စီစဥ်ထားတာတောင် ဘာရလဒ်ကိုမှ မရတာ အဲ့ဒါကြောင့်လေ ”

” သိပ်ကြောက်ဖို့ကောင်းမနေဘူးလား။ သူတို့က ကုသသူတစ်ယောက် ဖြစ်ရုံတင်မကဘူး။ ဝိညာဥ်စွမ်းအားသခင်တစ်ယောက်လည်း ဖြစ်နေတယ် ”

” ကျုပ် သေချာမသိဘူး။ သူ တစ်ယောက်ထဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဝိညာဥ်သားရဲသခင်တစ်ယောက်ပါတဲ့ အစွမ်းထက်တဲ့ အသင်းဖော်တစ်ယောက် လိုက်ပေးနေတာလည်း ဖြစ်နိုင်တယ်လေ”

တုထျန်းယွီက အံ့သြမင်သက်သွားသည်။ သေးငယ်သော ကျန်းဟိုင်မြို့လေး၌ နောက်ထပ် သိုင်းပညာရှင်နှစ်ဦး ရှိနေလိမ့်မည်ဟု မထင်ထားပေ။
ဒါ … ဒါ … သူ ထီပေါက်တာ မဟုတ်ဘူးလား။ ဒီနေ့ခေတ်မှာ သိုင်းပညာရှင်တွေက ကော်ဖီထုတ်တွေလို တန်ဖိုးမရှိတော့ဘူးလား။

” ဆရာ အဲ့ဒီလူတွေကို ကျွန်တော်တို့ ရှာရမယ်။ အထူးသဖြင့် ကုသသူ။ သူတို့က သိပ်ကို တန်ဖိုး
မြင့်လွန်းတယ် ”

” ကုသသူတွေကို အဆင့်နိမ့်၊ အလယ်ဆင့်၊ အဆင့်မြင့်၊ အထက်အဆင့်ဆိုပြီးခွဲနိုင်တာ။ တစ်ဖက်လူရဲ့ စံသတ်မှတ်ချက်က အနည်းဆုံး အဆင့်မြင့် ကုသသူတစ်ယောက် ဖြစ်မှာပဲ။ ဒါမှမဟုတ် ပိုတောင်မြင့်နိုင်သေးတယ်။ ဒါ့အပြင် ကုသသူတွေက အစတည်းက ရှားပါးတာ။ အထက်အဆင့် ကုသသူတစ်ဦးရဲ့ တန်ဖိုးက အထွတ်အထိပ် ချီရှန်းတစ်ဦးနဲ့ ယှဥ်နိုင်ပြီးသား။ ဒါမှမဟုတ် မဟာချီရှန်းတစ်ယောက်နဲ့တောင် ယှဥ်နိုင်တယ်။ တစ်ဖက်လူက အထက်အဆင့် ကုသသူတစ်ယောက်ရဲ့ အတိုင်းအတာကိုတောင် ကျော်လွန်လောက်တယ် ”

တုထျန်းယွီက ခေါင်းညိတ်လိုက်သည်။

” ခင်ဗျားပြောတာ မှန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ဒီလူကို ဘယ်လိုရှာမလဲ ”

” အလောတကြီး အဆင်အခြင်မဲ့ ရှာမယ်ဆိုရင် သူ့တို့ကို ရှာတွေ့မှာ မဟုတ်ဘူး။ သူတို့လို သိုင်းပညာရှင်တွေက သူတို့မှာ ဘယ်လိုစိတ်ဝင်စားမှုပဲ ရှိရှိ သူတို့ရဲ့ အာသီသကို နှိုးဆွနိုင်ဖို့ဆိုတာ ခက်ခဲတယ်။ ဒါပေမဲ့ သူတို့ ထွက်လာဖို့ ဆန့်ကျင်ဘက် ဖိအားပေးနည်းတစ်ခုကို သုံးလိုက်ရင် ဆိုးရွားတဲ့ ရွေးချယ်မှုတစ်ခု မဟုတ်ဘူးပဲ ”

” ဘာကိုဆိုလိုတာလဲ ”

” သူတို့အယောင်ဆောင်ဖို့ တစ်ယောက်ကို ရှာပြီး သူတို့ရဲ့ သတင်းကို ဖျက်ဆီး။ အရင်ဆုံး အဲ့ဒီဓါးမော့ပညာရှင်နဲ့ ဓါးသိုင်းပညာရှင်ကို ရှာ။ သူတို့ ထွက်လာအောင် ဖိအားမပေးနိုင်ဘူးဆိုတာ မယုံဘူး။ သူတို့အားလုံးက သိုင်းပညာရှင်တွေပဲ။ ဒီတော့ အဆက်အသွယ်တစ်ခု ရှိမှာပဲ။ သူတို့ကို ထွက်လာအောင် ဖိအားပေးနိုင်မယ်ဆိုရင် ကုသသူနဲ့ ဝိညာဥ်စွမ်းအင် သိုင်းပညာရှင်လည်း ပေါ်လာလိမ့်မယ် ”

” မင်း ရူးနေလား ”
တုထျန်းယွီက လက်ကို ဝှေ့ရမ်းပြကာ ငြင်းဆန်လိုက်လေ၏။

” ဒါ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲ့ဒီလူတွေက ကျန်းဟိုင်မြို့ကို အချိန်ပေါင်းများစွာ ကူညီခဲ့တာ။ ကျုပ်က ဘယ်လိုလုပ် ဒီလို သေးသိမ်နုံဖျင်းတဲ့ကိစ္စရပ်မျိုး လုပ်နိုင်ပါ့မလဲ။ ဒါ့အပြင် သူတို့အားလုံးက အစွမ်းထက်တဲ့ ချီရှန်းတွေ။ သူတို့ကို ဒေါသထွက်အောင် လုပ်မိရင် ကျန်းဟိုင်မြို့အတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ် ”

” မဟုတ်ဘူး။ ခင်ဗျား အတွေးလွန်နေပြီ ”

မစ္စတာ ကျောင်းက ပြုံးလိုက်လေ၏။

” သူတို့တွေက လူဆိုးမဟုတ်တာ သိသာနေတာပဲ။ ဒီတော့ အန္တရာယ်ရှိမှာ မဟုတ်ဘူး ”

” ခင်ဗျားက ဒီအခြေအနေတွေ အားလုံးက နားလည်မှု လွှဲနေတာပါဆိုပြီး ကြေညာချက် မထုတ်သရွေ့ တာဝန်မယူသရွေ့ ရတယ် ”

” မင်း တာဝန်ယူစရာ မလိုဘူး..။ လက်အောက်ငယ်သားတွေက မှားယွင်းစွာ ဆုံးဖြတ်မိတာလို့ ကြေညာလိုက်ရင် ရပြီ။ သူတို့ကို ရှာတွေ့နိုင်မယ်ဆိုရင် ဂုဏ်ထူးဆောင်မှု အားလုံးက ငါတို့ဆီ ရောက်ပြီပဲ။ မင်း ထပ်ဝေးဝေး မရောက်ချင်ဘူးလား။ မင်းရဲ့ ရာထူးကို မမြင့်တင်ချင်ဘူးလား ”

” ကြည့်ရတာ ဆရာက ဒါမျိုးကိစ္စတွေ အကြိမ်ပေါင်းများစွာ လုပ်ဖူးတဲ့ပုံပဲ။ ဒီနေ့ ကျွန်တော် အမြင်ကျယ်သွားတာပဲ။ ကံဆိုးတာက ကျွန်တော် ဒီလောက် အရှက်မမဲ့ဘူး ”

တုထျန်းယွီက နှာခေါင်းရှုတ်လိုက်၏။ မစ္စတာ ကျောင်းက ပြောသည်။

” တုထျန်းယွီ သတ္တိကြောင်မနေနဲ့။ မင်းကို ပြောလိုက်မယ်။ အထက်အရာရှိတွေက အဲ့ဒီ သိုင်းပညာရှင်တွေကို မင်းကို ရှာစေချင်ပြီးသား။ မင်း ဘာများ တိုးတက်မှု ရှိလို့လဲ။ ဒါက မင်းရဲ့ တာဝန်ပဲလေ။ မင် မပြီးမြောက်နိုင်ရင် ရာထူးတို့ဖို့ဆိုတာ မေ့ထားလိုက်။ မင်းရဲ့ လက်ရှိရာထူးကို ထိန်းနိုင်မှာ မဟုတ်ဘူး ”

” မစ္စတာ ကျောင်း။ ခင်ဗျား ”

” ဘာ ခင်ဗျားလဲ။ ငါ အခု မဟာမိတ်ကို ဒီကိစ္စ ဘာကြောင့် သတင်းမပို့တာလဲ ။ ခင်ဗျားရဲ့ အလုပ်ကောင်းကောင်း မလုပ်ဘူးဆိုရင် ရလဒ်ကလည်း ထပ်ပြီး ရှေ့ရောက်မှာ မဟုတ်ဘူး။ ငါက အထက်အရာရှိထဲက တစ်ယောက်မဟုတ်ဘူး။ မင်းကို တိုက်ရိုက်မဖြေရှင်းနိုင်ဘူးဆိုပေမဲ့ ပြဿနာကို အထက်အရာရှိတွေဆီ တင်ပြပိုင်ခွင့် ရှိသေးတယ်”

တုထျန်းယွီက မင်သက်သွားသည်။ သူက မငြင်းဆန်နိုင်တော့ပုံ ရ၏။ မစ္စတာ ကျောင်းက ပြုံးလိုက်သည်။

” အဆင်ပြေပါတယ်။ သူတို့ကို ငါတို့ ရှာတွေ့မယ်ဆိုရင် နှစ်ယောက်လုံးအတွက် ကောင်းတာပဲလေ။ ဒါ့အပြင် သူတို့ကို သတ်ဖို့မှ မဟုတ်တာ။ သူတို့အဆင့်မြင့်တက်ပြီး ကြွယ်ဝချမ်းသာအောင် ကူညီပေးမှာပဲ။ သူတို့က ကျော်ဇောမှု၊ ကြွယ်ဝချမ်းသာမှု နှစ်မျိုးလုံးကို ခံစားရမှာ။ သူတို့က စီရင်စု ၉ ခုက လူပဲလေ။ စီရင်စု ၉ ခုရဲ့ အရင်းအမြစ်တွေကို
သုံးပြီး သန်မာလာတာပဲ ဖြစ်ရမယ်။ ဒါကြောင့် စီရင်စု ၉ခုအတွက် ဂုဏ်ထူးဆောင်ပေးသင့်တယ်။ မဟုတ်ဘူးလား ”

” ဘယ်သူက သူတို့ကို ပုန်းနေခိုင်းပြီး ထွက်မလာခိုင်းလို့လဲ။ ဒါကြောင့် ဒီလို လုပ်ရတာပဲလေ ”

ယဲ့ရှောင်ဘက်တွင်မူ သူ၏ စိတ်ကို ပြောင်းလဲချင်သည်။ သို့သော် သူက ကိုယ်ဖော့သိုင်းများကို မကြည့်တော့ပေ။ သူက တစ်မနက်လုံး သန့်စင်ခြင်းကျင့်စဥ်များကို ဖတ်ရှုနေစဥ် နဥ်ယွိဟန်က ရုတ်တရက် ရောက်လာလေ၏။

” ကြီးကြပ်သူ ယဲ့။ ကြည့်ပါဦး။ ကျန်းဟိုင်မြို့က ဖိုရမ်တော့ ပေါက်ကွဲကုန်ပြီ ”

” ဘာဖြစ်တာလဲ ”

” ကျန်းဟိုင်မြို့ထဲက ဆန်းကြယ်တဲ့ သူ ထုတ်ဖော်ခံလိုက်ရပြီ ”

ယဲ့ရှောင်က နှလုံးတစ်ချက် ခုန်သွားသည်။
သူ ထုတ်ဖော်ခံလိုက်ရတာလား။ ဘယ်လိုများ ပေါ်သွားတာလဲ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူ ဘာမှမူမမှန်တာ မလုပ်ခဲ့ဘူးလေ။ ဒီတော့ တခြားသူတွေ အာရုံစိုက်မှု မရသင့်ဘူးမလား။ ဒီမနက်က သူ လူတွေကို ကယ်တဲ့အချိန် ခုနှစ်စင်ကြယ်ရဲ့ ခမ်းနားသော ဆန်းကြယ်မှုကို သုံးပြီး သူ ကုသပေးခဲ့တဲ့ သူတွေအားလုံးရဲ့ မှတ်ဉာဏ်ကို ရှင်းခဲ့တာလေ။ တခြားသူတွေအဖို့ သူ့ သွင်ပြင်ကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

အပိုင်း ၆၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset