Switch Mode

Chapter – 62

သူရဲကောင်းတွေက အမေ့မခံရသင့်ဘူး။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၂။ သူရဲကောင်းတွေက အမေ့မခံရသင့်ဘူး။

နောက်နေ့ နံနက်စောစောတွင် ယဲ့ရှောင်က နံနက်စာစားပြီး ဟွမ်လျိုလီကို အလုပ်သို့ ခေါ်သွားသည်။ လမ်းတလျှောက် ဟွမ်လျိုလီက မေးခွန်းများ ဆက်တိုက် မေးနေ၏။

” သခင် ။ ကျွန်မ တစ်ခုခု မူမမှန်ဘူးလို့ ဘာကြောင့် ခံစားမိနေတာလဲ ”

” ဘာမှားလို့လဲ ”

” ကျွန်မကို တစ်ယောက်ယောက်က နှိပ်ပေးထားသလိုမျိုး ခံစားနေရတယ်။ တစ်ကိုယ်လုံး လန်းဆန်းနေတာပဲ ”

” ငါ မသိဘူး။ မနေ့ညက မင်း ကောင်းကောင်းအိပ်တာကြောင့်နေမယ် ”

အမှန်တကယ်တွင် ကောင်းကင်ကုသခြင်း ကျင့်စဥ်သည် ဒဏ်ရာများကို ကုသပေးရုံနိုင်သာမက အချိန်ကြာလာလျှင် ဒဏ်ရာအဟောင်းများကိုလည်း ကုသပေးနိုင်၏။

အစောပိုင်းနှစ်များအတွင်း ဟွမ်လျိုလီ ခံစားခဲ့ရသော ဒဏ်ရာပုန်းအချို့ကို ကုသပေးပြီးတာ ဖြစ်သည်။ အသေးစိတ်ကျကျ ရှင်းပြရမည်ဆိုလျှင် အထိန်းတော်တစ်ဦးသည် နှစ်ပေါင်းများစွာကြာပြီးနောက် ယောင်္ကျားအစစ်တစ်ဦး ဖြစ်လာသည်နှင့် တူနေ၏။

သူ၏ နှစ်ပေါင်းများစွာ မသန်စွမ်းမှုသည် သာမန်အနေအထားသို့ ချက်ချင်းပြန်ရောက်လာ၏။ ညိုးရော်နေရော အဖိုးအိုသည် နွေဦးထဲ ထပ်မံရောက်လာသည်။

ဤလောကထဲတွင် ကုသခြင်းကျင့်စဥ် များစွာရှိသော်ငြား ကန့်သတ်ချက်များ ရှိတာ သေချာ၏။ လောကထဲတွင် ကုသခြင်းကျင့်စဥ်၏ အဆင့်က အကန့်အသတ် ရှိသောကြောင့် ဖြစ်သည်။ ယဲ့ရှောင် ပေါင်းစည်းလိုက်သော ကောင်းကင်ပြုပြင်ခြင်းကျင့်စဥ်၏ အဆင့်ကို သူတို့ လိုက်မမှီနိုင်ပေ။ လူအများစုသည် ခြေလက်များ ဆုံးရှုံးပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရတတ်သည်။ သူတို့သည် အလွန်အဆင့်မြင့်သော ကုသခြင်းကျင့်စဥ်များကို အသုံးပြုလျှင်တောင် ပြန်ပြင်နိုင်သေးသည်။

သို့သော် အဆင့်မြင့် ကုသသူများ ရှိမနေခဲ့လျှင် ဒဏ်ရာက ကြာမြင့်သွားလျှင် သူတို့ အပြီးသတ်သွားပေလိမ့်မည်။

လက်တွေ့တွင်မူ အစတည်းက အဆင့်မြင့်နှင့်အထက် ကုသသူက အနည်းစုသာ ရှိသည်။ အလယ်အဆင့်နှင့် အဆင့်နိမ့် ကုသသူများသည် ဒဏ်ရာအသေးအမွှားများကို ကုသပေးနိုင်သည်။ သို့သော် ပြင်းထန်သော ဒဏ်ရာများကို မည်ကဲ့သို့ ကုသပေးနိုင်မည်နည်း။

ဤလောကထဲရှိ ဆေးပညာ စံ သတ်မှတ်ချက်သည် ယဲ့ရှောင်၏ ယခင်ဘဝထက် အနည်းငယ်သာ ပို
မြင့်သည်။ သို့သော် သူတို့က ပြီးပြည့်စုံမှု မရှိပေ။ ယဲ့ရှောင်၏ စံသတ်မှတ်ချက်ကို ရောက်ရန် ဝေးနေသေးသည်။

ထိုစဥ် အာမေဋိတ်သံများက ရှေ့မှ ရုတ်တရက် ပေါ်ထွက်လာ၏။

” ဒါ ယာဥ်တိုက်နေတာပဲ ”
ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအားက ၄င်းကို သိမ်းကျုံးကြည့်လိုက်သည်။ ဘတ်(စ် )ကားတစ်စီးနှင့် အမှိုက်လှည်းလေးတစ်စီးတိုက်မိပြီး ပေါက်ကွဲကာ မီးများ ထလောင်ကာ လူတော်တော်များများ အထဲတွင် ပိတ်မိနေ၏။

အမှိုက်ကားနှင့် ဘတ် (စ် )ကားတို့ တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ကာ မီးများထတောက်ပြီး လူအချို့ ပိတ်မိနေတာပဲဖြစ်သည်။ သို့သော် မကြာမီ၌ သိုင်းပညာကို လေ့ကျင့်ထားသည့် လူတစ်စုက ရှေ့တိုးသွားပြီး လူ ကယ်တင်တော့၏။ အားလုံးက ထိုနေရာဆီ တိုးဝင်သွားကာ အမှိုက်ကား ယာဥ်မောင်းနှင့် ဘတ် ( စ် )ကား ခရီးသည်များကို မြန်မြန်ဆန်ဆန် ကယ်တင်လိုက်သည်။

အကြီးအကဲများထဲမှ တစ်ဦးက ဦးဆောင်ပြီး လက်သီးဖြင့် မှန်ကို ထိုးလိုက်တော့၏။ သူ၏ လက်မှ သွေးများ ထွက်နေတာကို ဂရုမစိုက်ပဲ ကလေးအချို့ကို ကယ်တင်ခဲ့၏။

လူအများစုက သိုင်းပညာရှင်များ ဖြစ်နေကြသောကြောင့် ဖြစ်သည်။ သိုင်းပညာများကို လေ့ကျင့်ပြီးနောက် သူတို့က ပိုသတ္တိရှိလာသည်။ သို့သော် ဤလောက၏ လူသားများက ပိုပြီး စည်းလုံးညီညွတ်သည်ကို ငြင်းဆန်နိုင်ခွင့် မရှိပေ။

သူတို့သည် တစ်နှစ်ပတ်လုံး ကြယ်တာရာသားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရကာ ကျန်သည့် မျိုးနွယ်စုများ၏ ခြိမ်းခြောက်မှုကို ခံရသောကြောင့် ဖြစ်နိုင်သည်။ လူသားများက တစ်ယောက်ကိုတစ်ယောက် မည်သို့ အားကိုးရမည်မှန်း သိနေ၏။

သူ၏ ယခင်ဘဝနှင့်ယှဥ်လျှင် ဤလောကသည် မလုံခြုံသော်ငြား အနည်းငယ် ပိုနွေးထွေးသည်က ယဲ့ရှောင်ကို အလွန်သက်သောင့်သက်သာ ဖြစ်စေသည်။

ယဲ့ရှောင်သည် အခင်းဖြစ်ရာ နေရာသို့ ရောက်သည့်အချိန်၌ ခရီးသည်များကို ကယ်တင်ပြီးနေပြီ ဖြစ်သော်ငြား ဒဏ်ရာရထားသည့်သူက ရှိသေးသည်။

” ကုသသူ ရှိလား။ ဘယ်သူက ကုသသူလဲ ”

” ကျွန်တော်ပါ ”

” ကျွန်တော်ရောပဲ ”

” ကျွန်တော်က ကျောင်သားတစ်ယောက်ပါ။ ဒါပေမဲ့ ကုသခြင်းကျင့်စဥ် သင်ယူနေပါတယ် ”

လူအုပ်ထဲတွင် ကုသခြင်းကျင့်စဥ်များကို သိသည့် လူအချို့က ဒဏ်ရာများကို ကုသပေးတော့သည်။

ယဲ့ရှောင်ကလည်း ကလေးတစ်ယောက်ကို ချီထားသော အမျိုးသမီးတစ်ဦးဆီ လျှောက်သွား၏။ ကောင်လေး၏ လက်နှင့် ဒူးခေါင်းက ပွန်းပဲ့နေလေရာ သူ့ကို မျက်ရည်များဝဲစေ၏။ သို့သော် သူက အံကြိတ်လျက် မငိုပေ။ သူ၏ အမေ စိုးရိမ်ပူပန်မှာကို ကြောက်နေသည့်ပမာ အံကြိတ်လျက် မငိုပေ။

သူက ဆောင့်ကြောင့်ထိုင်ချကာ ကောင်လေး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ အပြုံးတစ်ချက်ဖြင့် ကုသခြင်းကျင့်စဥ်ကို ထုတ်ဖော်လိုက်၏။ မကြာမီတွင် ကောင်လေး၏ ဒဏ်ရာများ ကုသပျောက်ကင်းသွားပြီ ဖြစ်သည်။

” မာမီ။ သား မနာတော့ဘူး ”

အမျိုးသားက သူ့ ခေါင်းလေးကို ပွတ်ပေးလိုက်၏။

” ဒါဆိုရင် ဦးဦးကို ကျေးဇူးတင်လိုက်လေ ”

” ကျေးဇူးပါ ဦးဦး ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။

” ရပါတယ်။ သားကလည်း သတ္တိရှိတဲ့ လူလေးပဲ ”

ပြီးနောက် သူသည် ကျန်သည့်သူများကို ကုသပေးရန် သွားလိုက်သည်။ သူက အလွန်မြန်ဆန်၏။ ကုသမှု ပြီးသည်နှင့် သူက ထွက်သွားသည်။ စကားမပြောသောကြောင့် မျက်စိဖမ်းစားမှု မဖြစ်စေပေ။

လက်ကျိုးသွားသည့် လူက လမ်း၏ တစ်ဖက်ခြမ်း မလှမ်းမကမ်းတွင် ထိုင်နေသည်။ သူ၏ လက်က သွေးများ ထွက်နေသေးဆဲ ဖြစ်သည်။ ယဲ့ရှောင်က သူ့ရှေ့သို့ လျှောက်လာလေ၏။

” ဒဏ်ရာ ကြည့်ပေးပါရစေ ”

အဖိုးအိုက လက်ကာပြလိုက်၏။

” ကလေးတွေဆီ အရင်သွား။ သူတို့ အဆင်ပြေတာ သေချာအောင်လုပ်။ ငါရဲ့ အရိုးတွေက အိုမင်းနေပြီ။ နောက်မှကြည့်ရင်လည်း သိပ်နောက်ကျလွန်းမှာ မဟုတ်ဘူး ”

” ရပါတယ်။ ဒဏ်ရာရတဲ့သူ အားလုံးနီးပါးကို ကုသပေးပြီးပြီပဲ ”

ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က ဆောင့်ကြောင့်ထိုင်ချကာ အဖိုးအို၏ လက်ကို မြောက်လိုက်သည်။ အဖိုးအို၏ လက်က တုန်ယင်နေလေ၏။ သူ၏ အသားများ ပွန်းပဲ့သွားရုံသာမက လက်ဆစ်များကလည်း ကျိုးနေသည်။

” ဒဏ်ရာက အတော်ပြင်းတာပဲ ”

” ဒါ ဘာဟုတ်သေးလို့လဲ။ အရင်တုန်းက ငါ စစ်မြေပြင်မှာရှိတဲ့အချိန် ငါ့ရဲ့ အူတွေက ကြယ်တာရာသားရဲတွေ ဆွဲထုတ်တာ ခံခဲ့ရသေးတာ ”

ယဲ့ရှောင်က အနည်းငယ် ထိတ်လန့်အံ့အားသင့်သွား၏။

” ခင်ဗျားက အငြိမ်းစား တစ်ယောက်လား ”

” ငါက သတ္တမ ကော်ပိုရေးရှင်းကပေါ့။ အနှစ်သုံးဆယ်ကျော်လောက် စစ်သားတစ်ယောက် ဖြစ်လာခဲ့တာ။ ဒီအရိုးအိုတစ်စုံက အိုမင်းပြီး ဒဏ်ရာရသွားတာကြောင့်သာ မဟုတ်ရင် စစ်မြေပြင်ထဲမှာ ကြယ်တာရာသားရဲတွေကို သတ်ဖြတ်နေဦးမှာပဲ ”

ယဲ့ရှောင်က လေးစားမှုအပြည့် ဖြစ်သွားတော့သည်။ သူ ကုသနေစဥ် ပြောလိုက်၏။

” ဒီတော့ ဆရာကြီးက သတ္တမ ကော်ပိုရေးရှင်းကကိုး။ သူတို့အကြောင်း အများကြီး ကြားဖူးပါတယ် ”

အဖိုးအိုက စိတ်ဝင်တစား ပြောလိုက်သည်။

” သတ္တမ ကော်ပိုရေးရှင်း အကြောင်း မင်းသိလား ”

” သတ္တမ ကော်ပိုရေးရှင်းက စစ်နတ်ဘုရားရဲ့ တပ်ဖွဲ့လို့ သိကြပြီး သတ္တမ ကော်ပိုရေးရှင်းရဲ့ တပ်ကြပ်ကြီးတွေကလည်း လူသိများတယ်။ သူတို့ရဲ့ တိုက်ပွဲက အကြမ်းတမ်းဆုံး ဖြစ်ခဲ့တာပေါ့။ နှစ်တိုင်း သူတို့က စီရင်စု ၉ခု ထဲက ကော်ပိုရေးရှင်းတွေ ကြားထဲမှာ သေဆုံးနှုန်းက အမြငိ့ဆုံး ဖြစ်ခဲ့တယ်။ သတ္တမ ကော်ပိုရေးရှင်း ထဲက စစ်သားတိုင်းက ဆုတံဆိပ်တွေ ချီးမြှင့်ခံရတာလို့ ပြောကြတယ် ”

” ဒီလောက် မလွယ်ဘူး။ လူငယ်လေးတွေ မသိတဲ့ ကိစ္စတွေ အများကြီ ရှိသေးတယ် ”

အားလုံးကို ကုသပေးပြီးသည်နှင့် ကုသသူများနား၌ လက်ခုပ်သံများ စိတ်အားထက်သန်စွာ ပေါ်ထွက်လာတော့သည်။

ယဲ့ရှောင်က အပျော်ထဲ ဝင်မပါပေ။ သူက မတ်တပ်ထရပ်ပြီးနောက် ပြုံးကာ လှည့်ထွက်သွားတော့သည်။

” ရသွားပြီ။ ကျွန်တော် အလုပ်သွားရဦးမယ်။ ဒါကြောင့် အရင်သွားနှင့်မယ် ”

အဖိုးအိုက အနည်းငယ် အံ့သြသွားလေ၏။

“ဒီလူငယ်လေးရဲ့ အငွေ့အသက်က သာမန်မဟုတ်ဘူး။ လူတစ်ယောက်ကို ကယ်ပြီးတော့ သူက အတုအရောင် ဂုဏ်သတင်းတွေ တပ်မတ်မနေဘူး။ ထွက်သွားပြီပဲ ”

သူက လက်သီးကျစ်ကျစ် ဆုပ်ထားလျက် သူ၏ လက်သီး မူလအခြေအနေသို့ ပြန်ကောင်းနေပြီ ဖြစ်တာကို ခံစားမိလိုက်သည်။ သူက ပြုံးပြီး ပြောလိုက်မိ၏။

” သူ့ရဲ့ ကုသတဲ့အဆင့်က မဆိုးဘူးပဲ။ ငါ့ကို အချိန်တိုအတွင်း ကုသခဲ့တာ။ သူက အလယ်အဆင့် ကုသသူတစ်ယောက်ထက် ပိုသန်မာမှာပဲ ”

သို့သော် သူ အရယ်ရပ်သွားလေ၏။ သူ၏ လက်မောင်းတွင် စီးဆင်းနေသော ကြွယ်ဝသည့် ဝိညာဥ်စွမ်းအင်ကို ခံစားမိနိုင်သည်။

” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

ထိုစဥ်က စစ်မြေပြင်ထဲတွင် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည်။ သူ့ကို ကုသပေးမည့် အဆင့်မြင့် ကုသသူ မရှိသောကြောင့် ချီသွေးကြောများ ခမ်း​ခြောက်ပြီး ဆက်လက် မကျင့်ကြံနိုင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူက စစ်မြေပြင်မှ နှုတ်ထွက်ခဲ့တာပဲ ဖြစ်သည်။

ဆယ်စုနှစ်များစွာ ကြာလာခဲ့ချေပြီ။ ယုတ္တိရှိရှိဆိုရလျှင် ချီသွေးကြောများ ပြန်ကောင်းဖို့က သူ့အတွက် မဖြစ်နိုင်ပေ။ ယင်းက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သူသည် ကျည်ကာမှန်နှင့် ယှဥ်နိုင်သည့်အထူးပြုလုပ်ထားသော အုတ်နီခဲကို လက်သီးဖြင့် ထိုးချလိုက်၏။

ဘန်း။

ပေါက်ကွဲသံနှင့်အတူ အုတ်နီခဲက တစ်စစီ ဖြစ်သွားသော်ငြား သူ၏ လက်သီးကမူ အထိအခိုက်မရှိပေ။

အဖိုးအိုက ထိတ်လန့်သွားတော့သည်။

သူသည် အစောပိုင်းက ကားမှန်နှင့် ရိုက်မိပြီး သူ၏ လက်မောင်းရိုး သွင်သွင်ကျိုးသွားခဲ့သော်ငြား ယခု အကောင်းပကတိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်များကလည်း သူ့ကိုကာကွယ်ပေးထား၏။ သူ အမှန်တကယ် ပျောက်ကင်းသွားပြီ ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသော အတွင်းဒဏ်ရာများကလည်း ယခုအချိန်တွင် ကုသ၍ ပျောက်ကင်းသွားသည်လော။

အဲ့ဒီလူငယ်လေးပဲ ဖြစ်မယ်။ သူပဲ။ သူပဲ ဖြစ်ရမယ်။ သူက အဆင့်မြင့် ကုသသူတစ်ယောက်လား။
ဘုရားရေ။ ကျန်းဟိုင်မြို့ထဲမှာ အဆင့်မြင့် ကုသသူတစ်ယောက် တကယ်ကြီး ရှိနေတာပဲ။

” ခဏနေပါဦး။ သူက ဘယ်လိုပုံလဲ။ ငါ ဘာ
ကြောင့် မမှတ်မိတာလဲ ”

ခပ်ဝေးဝေးသို့ ရောက်သွားပြီဖြစ်သော ယဲ့ရှောင်က ပြုံးလိုက်လေ၏။

ဒဏ်ရာကို ကုသပေးပြီးနောက် သူ၏ ရုပ်ရည်သွင်ပြင်ကိုမူ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုဖြင့် ဖြတ်ထားလေသည်။ တစ်ဖက်လူက သူရဲကောင်းတစ်ဦး ဖြစ်သောကြောင့် သူ ကယ်တင်ခဲ့တာပဲ ဖြစ်သည်။ သူရဲကောင်းတစ်ဦးသည် အမေ့မခံရသင့်ပေ။ သူရဲကောင်းတိုင်းက စီရင်စု ၉ ခု၏ ဂုဏ်ကျက်သရေဖြစ်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်သည်။

သို့သော် သူ၏ အိုင်ဒီ ထုတ်ဖော်ခံရခြင်းမှလည်း သူ့ကိုသူ ကာကွယ်ရမည်။ ပြောရရင် လူတစ်ယောက်ကို ကယ်တင်တာက စည်းမျဥ်းကို ချိုးဖောက်ရာ မရောက်ဘူးမလား။

အပိုင်း ၆၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset