စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၁။ ဘုန်းတော်ကြီးလား။ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ငါ့ကို အရှင် ရှင်ပြန်ထမြောက်သူ ကွိုင် လို့ခေါ်။
ယဲ့ရှောင်က အိမ်ပြန်ရောက်သည့်အချိန် သူ ပထမဆုံးပြုလုပ်သည့်အရာက ကုသခြင်းကျင့်စဥ်များကို စတင်ပေါင်းစည်းတာပဲ ဖြစ်သည်။
အခန်းထဲရှိ တံခါးများ၊ ပြတင်းပေါက်များအားလုံး သေချာပိတ်ပြီးမှ ကုသခြင်းကျင့်စဥ်ကို စတင် ပေါင်းစည်းလိုက်တော့သည်။ သို့မှသာ ရွှေရောင်အလင်းက ယိုစိမ့်ထွက်တော့မှာ မဟုတ်ပေ။
နာရီဝက်ခန့်ကြာပြီးနောက် အခြေခံ ကုသခြင်း
ကျင့်စဥ် (၁၀ )မျိုးကို ရိုက်နှိပ်ထားသော စာရွက်ဆယ်ရွက်သည် တစ်ရွက်တည်း ပေါင်းစည်းသွားတော့သည်။
ကောင်းကင်ကို ပြုပြင်ခြင်း။
ယင်းက ပေါင်းစည်းထားသော ကျင့်စဥ်၏ အမည်ပင် ဖြစ်သည်။ ၄င်းက ယဲ့ရှောင်အတွက် အလွန်
သင့်တော်သည်။ ယင်းတွင် သန်မာသော၊ လွှမ်းမိုးနိုင်သည့် အရှိန်အဝါများဖြင့် ပြည့်နေလေ၏။
ကောင်းကင်ကို ပြုပြင်ခြင်း။ ဆိုလိုတာက ကောင်းကင်ထဲက အပေါက်ကိုတောင် ပြင်နိုင်တာလား။
သူ၏ စိတ်ဝိညာဥ်က သူ့ဘာသာသူ စတင်ကျင့်ကြံနေပြီ ဖြစ်သည်။
နောက်တစ်နေ့တွင် ကောင်းကင်က လင်းထိန်လာ
စဥ် ကျင့်ကြံမှုက ပြီးစီးသွားပြီ ဖြစ်သည်။
ယခုအချိန်တွင် ယဲ့ရှောင်က ကောင်းကင်ကို ပြုပြင်ခြင်းကို ပြီးပြည့်စုံစွာ သုံးနိုင်ပြီ ဖြစ်သည်။ ချက်ချင်းပင် လေ့ကျင့်ရန်အတွက် ခြံဝန်းထဲမှ ပုရွက်ဆိတ်တစ်ကောင်ကို ဆွဲယူလိုက်သည်။ ရှေးဦးစွာ သူသည် ပုရွက်ဆိတ်ကို ထပ်ပိုင်းပိုင်းရန် ဓါးဆန္ဒကို သုံးလိုက်၏။ ပြီးနောက် ၄င်း၏ ခြေရှစ်ချောင်းကို တစ်ချောင်းပြီးတစ်ချောင်း ဆွဲနုတ်လိုက်သည်။ နောက်ဆုံးတွင် နှာမောင်းကိုလည်း ချိုးလိုက်သည်။ ဤနည်းဖြင့် ပုရွက်ဆိတ်က မလှုပ်ရှားနိုင်တော့ချေ။
သူသည် ကောင်းကင်ကို ပြုပြင်ခြင်း၊ ကုသခြင်းကျင့်စဥ်ကို သုံးနေသည့်အချိန်တွင် ရွှေရောင်အလင်းက ဖွဲ့တည်လာပြီး ပုရွက်ဆိတ်၏ ကျိုးနေသော လက်များကို ချက်ချင်း လွှမ်းခြုံသွားတော့၏။
ယဲ့ရှောင်သည် အမည်ကို မြင်သောအခါ ကျင့်စဥ်က အလွန်အစွမ်းထက်မည်မှန်း အာရုံခံမိပြီး သား ဖြစ်၏။ ၄င်းကို အသုံးပြုသည့် အချိန်၌ ရွှေရောင် ရောင်ခြည်တစ်ခု ထုတ်ဖော်နိုင်လိမ့်မည်ဟု မထင်ထားပေ။
ယဲ့ရှောင်သည် ကုသခြင်းကျင့်စဥ်များစွာကို တွေ့ကြုံခဲ့ဖူး၏။ သူတို့အားလုံးက အဖြူရောင် ရောင်ခြည်သာ ရှိကြောင်း သိထားရပေမည်။
ထိုပုံစံအရ ကောင်းကင်ကို ပြုပြင်ခြင်းက ထူးကဲသည်ဟု ဆိုနိုင်ပေသည်။
ပုရွက်ဆိတ်၏ ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းက တလက်လက် တောက်ပနေလေ၏။ ချက်ချင်းပင် ပုရွက်ဆိတ်၏ ခန္ဓာကိုယ်သည် လျှင်မြန်စွာ ပြန်ကောင်းလာပြီး အတူတကွ ချက်ချင်း ပေါင်းစည်းသွား၏။
ခဏအကြာတွင် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေသော ပုရွက်ဆိတ်က အိမ်မက်ဆိုး မက်နေသည့်ပမာ စားပွဲပေါ်၌ စိတ်ပူပန်စွာ စတင်ပြေးလွှားနေတော့သည်။
အစွမ်းထက်လိုက်တာ။ သေသူကိုတောင် ပြန်အသက်သွင်းနိုင်တယ်။
ယဲ့ရှောင်က တလေးတစား ထုတ်ဖော်ပြောမိသွားသည်။ သို့သော် သေးငယ်သော စမ်းသပ်ချက်လေးက ကောင်းကင်ပြုပြင်ခြင်း ကျင့်စဥ်၏ ခွန်အားကို သက်သေပြရန် မလိုအပ်ပေ။ ကုသခြင်းကျင့်စဥ်ကို စစ်ဆေးရန် နည်းလမ်းများစွာလည်း အသုံးပြုခဲ့သည်။
ဥပမာအနေဖြင့် ပုရွက်ဆိတ်ကို ဖုန်ဖြစ်အောင် ပြောင်းလဲပြီး ခေါင်းကို ဖိချေကာ ပုရွက်ဆိတ်၏ ခေါင်းကို အပိုင်းပိုင်း အစစ ပြတ်စေ၏။
သို့သော် ယဲ့ရှောင် မည်သို့ပင် ပြုလုပ်စေကာမူ ပုရွက်ဆိတ်က မူလ အနေအထားတိုင်း ပြန်ကောင်းလာသည်။
လက်ရှိတွင် အကျိုးသက်ရောက်မှု အရှိဆုံး စမ်းသပ်မှုသည် အမှုန့်အဖြစ် ပြောင်းလဲသော ပုရွက်ဆိတ်ကို ကုသပေးတာပဲ ဖြစ်သည်။
သို့သော် အနည်းငယ် သံသယဝင်စရာလည်း ရှိနေ၏။ သူသည် အမှုန့်အဖြစ် ပြောင်းလဲသွားပြီးနောက် ကုသခြင်းကျင့်စဥ်ကို မည်ကဲ့သို့ အသုံးပြုနိုင်တော့မည်နည်း။ သူ့ဘာသာသူ သုံးသွားမည်လော။
၄င်းကို သူ့ဘာသာသူ သုံးနိုင်မည်ဆိုလျှင်တောင် ချီသွေးကြောများ မရှိတော့ရာ ဝိညာဥ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိတော့မှာ မဟုတ်ပေ။ ထိုသို့ဆိုလျှင် ကောင်းကင်ပြုပြင်ခြင်း ကျင့်စဥ်ကို မည်ကဲ့သို့ အသုံးပြုရမည်နည်း။
ပိုအရေးကြီးသည့် မေးခွန်းလည်း ရှိသေးသည်။ ကောင်းကင်ပြုပြင်ခြင်း ကျင့်စဥ်က အစွမ်းထက်သော်ငြား ကိုယ်ပိုင်ခွန်အားပေါ် မူတည်နေရုံသာမက အသုံးပြုသည့် ပစ်မှတ်၏ ခွန်အားပေါ်လည်း မူတည်နေသည်။
သေးငယ်သော ပုရွက်ဆိတ်ကို ကယ်တင်ရန်အတွက် အင်မတန် တိုတောင်းသော ကာလသာ လိုအပ်သည်။ သို့သော် အပ်ိုင်းပိုင်း အစစ ခုတ်ထစ်ခံလိုက်ရသော သူ့ကို ကယ်တင်ရန် တစ်နှစ်ခွဲခန့်မကြာဟု မည်သူက ပြောရဲမည်နည်း။ ထိုအချိန်ရောက်လျှင် သူ၏ ဆဲလ်များက ခြောက်ခမ်းသွားလိုက်သည်။
စွန့်စားရမည့် ကိစ္စက များပြားလွန်းနေပြီး ပြဿနာက ကြီးလွန်း၏။ နောင်မှ စမ်းသပ်တာက ပိုကောင်းပေမည်။ သူက အကောင်ကြီးတစ်ယောက်ယောက်နှင့် တိုက်ခိုက်သည့် အချိန်ထိ စောင့်နေသည်။ နောက်ဆုံးသော မိနစ်ပိုင်း၌ ပြန်ရှင်သန်လာအောင် လုပ်နိုင်တယ်မလား။
ထိုအကြောင်းကို တွေးမိပြီးနောက် ယဲ့ရှောင်က ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ဓါးဆန္ဒဖြင့် သူ၏ လက်တစ်ဖက်ကို ဖြတ်လိုက်တော့သည်။ ချက်ချင်းပင် အသဲခိုက်ဖွယ် နာကျင်မှုက သူ့စိတ်ထဲ ဝင်ရောက်လာသည်။ ယဲ့ရှောင်က အံကြိတ်လျက် ရေရွတ်ပြောလိုက်မိတော့သည်။
တကယ်နာတာပဲ။
သူ၏ လက်ရှိကျင့်စဥ်က ရှန်ထျန်းစတုတ္ထအဆင့် မဟာချီရှန်းတစ်ဦးဖြစ်ကာ ကျင့်စဥ်ပိုမြင့်လေ ခန္ဓာကိုယ်၏ သိမြင်နားလည်မှုက ပိုအသေးစိတ်ကျလေ ဖြစ်သည်။
ထို့အပြင် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကဲ့သို့ ဝိညာဥ်စွမ်းအင် ကျင့်စဥ်ကိုလည်း ကျင့်ကြံနေလေသည်။ ထို့ကြောင့် သူက နာကျင်မှုကို ပိုတောင် ခံစားမိ၏။
သူ၏ အံ့သြဖွယ်ကောင်းသော စိတ်စွမ်းအား
ကြောင့်သာ မဟုတ်လျှင် အစောတည်းက အော်ပြီးလောက်ပြီ ဖြစ်သည်။
အနည်းငယ်မျှ တွေဝေမနေပဲ ချက်ချင်းပင် ကောင်းကင်ကုသခြင်းကျင့်စဥ်ကို အသုံးပြုလိုက်သည်။ ရွှေရောင်အလင်း ဖြတ်ခနဲ ပေါ်လာပြီး သူ၏ လက်က လျှင်မြန်စွာ ပြန်ကောင်းလာ၏။ နာကျင်မှုက ပျောက်ကွယ်သွားပြီး ဒဏ်ရာက ကျက်သွားသည်။ ဖြစ်စဥ်တစ်ခုလုံးအတွက် လေးစက္ကန့်သာ ကြာသည်။
လက်တစ်ဖက်ကို ကုသရန် လေးစက္ကန့်သာ ကြာပြီး ပုရွက်ဆိတ်တစ်ကောင်ထက် အချိန်များစွာ ပိုသည်။
၄င်းကို ဂရုတစိုက် တွေးမိပါက သူ၏ ခွန်အားသည် ပုရွက်ဆိတ်ထက်လည်း ပိုကြီးနေကြောင်း သိရမှာပဲ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာက ပုရွက်ဆိတ်တစ်ကောင်ထက် အဆပေါင်းများစွာ ပိုကြီးတာ သေချာ၏။ ထို့ကြောင့် ဤအခြေအနေက လက်ခံနိုင်သည်။
မည်သည့်နည်းနဲ့မဆို သူ၏ ကျင့်စဥ် တိုးတက်လာသည်နှင့် ပြန်ကောင်းသည့် အရှိန်ကလည်း နောင်တွင် သူ ကောင်းကင်ပြုပြင်ခြင်း ကျင့်စဥ်ကို အသုံးပြုသည့်အခါ ပိုမြန်ဆန်လာလိမ့်မည်။
အချက်အလက် စုဆောင်းရန်အတွက် လက်တွေ့စမ်းသပ်မှာများ ထပ်မလုပ်နိုင်တော့တာ နှမြောစရာကောင်းသည်။ ယင်းက နာကျင်လွန်းပေ၏။ သူ၏ စိတ်စွမ်းအားက အံ့သြဖွယ်ကောင်းနေလျှင်တောင် ထိုကဲ့သို့ အသဲခိုက်ဖွယ် နာကျင်မှုကို သည်းခံဖို့က သူ့အတွက် မလွယ်ကူချေ။
သူ့ကိုသူ ညှင်းပန်းနှိပ်စက်ရန် လုပ်စရာ မလိုပေ။
” ချီရှန်းအဆင့်အထက် စမ်းသပ်စရာတစ်ခုခု ရှိရင် ကောင်းမယ်။ အချက်အလက်က နီးစပ်မှာပဲ ”
ယဲ့ရှောင်က တွေးနေစဥ် တံခါးဘက်၌ တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
” သခင်။ တံခါးမြန်မြန်ဖွင့်။ ကျွန်မ ပြန်လာပြီ ”
အသံက ယဲ့ရှောင်ကို မင်သက်သွားစေပြီး မျက်လုံးက လက်သွားတော့၏။
မကောင်းဆိုးဝါးအကြောင်း ပြောနေစဥ် မကောင်းဆိုးဝါးက ရောက်လာ၏။ သူက ချက်ချင်းပင် သူမကို ထွက်ကြိုဆိုတော့သည်။ တံခါးဖွင့်လိုက်သည်နှင့် ယဲ့ရှောင်က မင်သက်သွား၏။
ယခုအချိန်တွင် ဟွမ်လျိုလီက ချီရှန်းအဆင့် အင်အားကြီးသူနှင့် မတူတော့ပေ။ ထိုအစား အမှိုက်ကောက်သည့် ကလေးမလေးနှင့် ပိုတူနေ၏။ သူမ ကိုယ်ပေါ်ရှိ စကပ်ကလည်း စုတ်ပြဲနေပြီး ဖိနပ်နှစ်ဖက်ကလည်း ပစ်ထုတ်ခံထားရသည်။ ခြေထောက်အောက်ရှိ ခြေအိတ်ဖြူတွင်လည်း ရွံ့များ ကပ်နေကာ ခြေအိတ်တစ်ဖက်က ပေါက်နေပြီး ခြေသန်းလေးက ထွက်နေ၏။
သူမ၏ မျက်နှာလေးတွင်လည်း ဖုန်များ ပေတလူးနေပြီး သူ့ကို ရင် အနည်းငယ်နာသွားစေသည်။ ထားလိုက်ပါတော့။ ဟွမ်လျိုလီကို စမ်းသပ်မှုအဖြစ် မသုံးတာက ပိုကောင်းမယ်။
သူ အခု တော်တော်လေး စုတ်ပျက်နေပြီပဲ။ လွှတ်ထားလိုက်တာပေါ့။
” အဟင့် အဟင့် အဟင့် ။ သခင် နောက်ဆုံးတော့ ပြန်တွေ့ရပြီ ”
ဟွမ်လျိုလီက ယဲ့ရှောင်ဆီသို့ ပြေးဝင်ကာ ကျယ်လောင်စွာ ငိုကြွေးလိုက်၏။
ယဲ့ရှောင်က အနည်းငယ် သက်ပြင်းချလိုက်သည်။ သူက ဟွမ်လျိုလီ၏ ခေါင်းလေးကို ပုတ်တော့မည့်အချိန်တွင် သူမ ငြီးတာ ကြားလိုက်ရ၏။
” သခင် ။ အဟင့် အဟင့် အဟင့် ။ ဘယ်သူတောင်းစားက ကျွန်မကို ပင်လယ်ထဲ ပစ်လိုက်လဲ မသိဘူး။ ဒါပေမဲ့ ကျွန်မ ရေ ဘယ်လိုကူးရမလဲဆိုတာ မသိဘူးလေ။ ဒါကြောင့် သုံးရက်သုံးညတိုင်တိုင် ပင်လယ်ထဲ ခရီးနှင်လာရတာ ”
” နောက်ကွယ်က လူကို သိမယ်ဆိုရင် သူ့ကို အပိုင်းတစ်ထောင် ခုတ်ပစ်မှာ သေချာတယ်။ အပိုင်းတစ်ထောင်ခုတ်ပြီး အရိုးတွေကို ပြာဖြစ်အောင် ကြိတ်ပစ်မယ်။ ပြီးရင် နေ့စဥ်နေ့တိုင်း သူ့ရဲ့ အုတ်ဂူကို သွားပြီး အီးသွားပါ၊ ရှူးသွားပေါက်ပစ်မယ် ”
ယဲ့ရှောင်သည် ဟွမ်လျိုလီ၏ လက်ကို ပွတ်သပ်ချင်ခဲ့၏။ သို့သော် လက်က လေထဲတွင် ရပ်တန့်သွားလေ၏။ အံကြိတ်နေသော ဟွမ်လျိုလီကို ကြည့်ပြီး ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်မိသွားသည်။ နောက်ဆုံးတွင်မူ သူ၏ လက်က ရောက်သွားပြီးနောက် လက်ကိုင်ပုဝါတစ်ထည် ပါလာပြီး ဟွမ်လျိုလီကို သတိမေ့အောင် လုပ်လိုက်၏။ ပြီးနောက် ဟွမ်လျိုလီ၏ ခြေကျင်းဝတ်ကို ကိုင်ကာ ဝက်ပေါက်လေးတစ်ကောင်ကို ဆွဲထားသည့်ပမာ ခြံဝန်းထဲသို့ ဆွဲခေါ်သွား၏။
တစ်ညလုံး သုသေသနပြု စစ်ဆေးပြီးနောက် ယဲ့ရှောင်သည် ကောင်းကင်ကုသခြင်းကျင့်စဥ်၏
စည်းမျဥ်းများကို နောက်ဆုံး၌ နားလည်သွားပြီ ဖြစ်သည်။
ကောင်းကင်ကုသခြင်းကျင့်စဥ်က ပုံမှန်မဟုတ်ပဲ သန်မာလွန်းသည်။ ၄င်းသည် ဒဏ်ရာများကို ကုသပေးရုံနိုင်သာမက ပြာဖြစ်သွားသည့် သက်ရှိကိုလည်း အပြည့်အဝ ကုသပေးနိုင်၏။
လုံလောက်သည့် သက်ဝင်လှုပ်ရှားမှု ရှိသရွေ့ ကောင်းကင်ကုသခြင်းကျင့်စဥ်သည် သူ၏ အခန်းကဏ္ဍအတိုင်း ဆောင်ရွက်နိုင်မှာပဲ ဖြစ်သည်။ ယေဘုယျအားဖြင့် ငွေ့ရည်မပျံသွားသရွေ့ အဓိက ပြဿနာ မဟုတ်ပေ။ ကောင်းကင်ကုသခြင်း ကျင့်စဥ်ကလည်း သူ့ဘာသာသူ ပြင်နိုင်၏။ ၄င်းက အသင်္ချေ ၊ ရှင်ပြန်ထမြောက်ခြင်း၊ အကြွေစေ့တစ်ခုကို ဝယ်မိခြင်းနှင့် ညီမျှနေသည်။
အပိုင်း ၆၁ ပြီး၏။