Switch Mode

Chapter – 4.3

" မိုးကြိုး သွား ပေ့ပေ့ "

Chapter – 4.3 ” မိုးကြိုး သွား ပေ့ပေ့ ”
°°°
အစောပိုင်းတုန်းက ရှိနေခဲ့တဲ့ မိုးကြိုးနဂါးလက်သည်းက သွေးပန်းပွင့်မြွေကို လှုပ်ရှားလာအောင် ပြုလုပ်ဖို့သာဖြစ်ပါတယ်။ ပေ့ပေ့ရဲ့ ဒုတိယဝိညာဉ်စွမ်းရည်ဖြစ်တဲ့ မိုးကြိုးကွန်ယက်ကတော့ လက်ရှိအချိန်မှာ စစ်မှန်တဲ့ ထောင်ချောက်အဖြစ်ကို တည်ရှိနေခဲ့ပါပြီး မြွေကြီးကသာ လျှပ်စီးတန်းထောင်ချောက်ထဲမှာ ပိတ်မိသွားခဲ့မယ်ဆိုရင် နဂါးလက်သည်းကို အသုံးပြုပြီး အနောက်ကနေ ဖမ်းဆီးလိမ့်မယ်။ မြွေက ဒဏ်ရာပြင်းပြင်းထန်ထန် မရသေးပေမဲ့ ပေ့ပေ့အတွက်တော့ အခွင့်အရေးက ရှိလာခဲ့ပါပြီး ဒါပေမယ့် နှစ်တစ်ထောင်သားရဲကောင်ရဲ့ စွမ်းအားက အဲ့ဒီလောက် မရိုးရှင်းခဲ့ပါဘူး။ မြွေကိုချက်ချင်းဖမ်းမိပြီး ပိတ်ဆို့တော့မဲ့အချိန်မှာပဲ သူ့ပါးစပ်ကနေ ပန်းရောင်မြူခိုတွေက ထွက်လာခဲ့ပါတော့တယ်။ အစောပိုင်းတုန်းကထက် ဆယ့်ဆမက ပိုပြီး ချိုမြတဲ့အနံ့က နယ်မြေတစ်ခွင်လုံးကို လှုပ်ရှားခဲ့တယ်။ ထန်ယာ့ကတော့ ဟို့ယွိဟောင်ကို သူ့နဲ့အတူ ခေါ်လာရင်း အနောက်ဖက်ကို ခပ်မြန်မြန်ပဲ ဆုတ်ခွာလို့လာခဲ့ပါတယ်။ နှစ်ယောက်စလုံးက ဒီမြူခိုတွေကို ရှုမိမှာကြောက်နေခဲ့ရတယ်။ ပထမဆုံးအနေနဲ့ ထန်ယာ့ရဲ့ မျက်နှာပေါ်မှာ ဒီလိုကြောက်လန့်တဲ့အမူအရာ ပေါ်လာတာပါပဲ။

မိုးကြိုးသွားတွေကနေ ထွက်ပေါ်လာတဲ့ လျှပ်စီးတန်းမြားတွေက မြူခိုတွေကို ဖောက်ထွက်သွားပေမဲ့ မြူခိုတွေက ဆက်ပြီးတည်ရှိနေဆဲပါ။ သွေးပန်းပွင့်မြွေကတော့ လက်ရှိအချိန်မှာ သူ့ခန္ဓာကိုယ်ကို လေထဲမှာ ဖြောင့်တန်းလိုက်ရင်း လျှပ်စီးတန်းကွန်ယက်ထဲက ဖောက်ထွက်ဖို့လုပ်နေခဲ့ပါတယ်။ အဲ့ဒီနောက် အပေါက်တစ်ပေါက်ထဲကို သူက မမျှော်လင့်ပဲ ထိုးဖောက်လို့နိုင်ခဲ့ပါပြီး ထောင်ချောက်ရဲ့အပြင်ကို ပြန်ထွက်သွားပြီတဲ့နောက် အမြီးကိုစတင် ဝှေ့ရမ်းပါတော့တယ်။ ပန်းရောင်အလင်းတန်းတွေက အမြီးတစ်ခုလုံးကို တောက်ပလာစေခဲ့ပြီး မိုးကြိုးနဂါးလက်သည်းကို နောက်ကနေ ရစ်ပတ်ပါတော့တယ်။ အဲ့ဒီနောက် ပေ့ပေ့ရဲ့ပထမဝိညာဉ်အစွမ်းအစကို ပျက်စီးသွားစေခဲ့ပါပြီ။

ဒါပေမယ့် ပေ့ပေ့ရဲ့ တိုက်ခိုက်မှုတွေက အပြည့်အ၀ အသုံးမ၀င်ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ အသန်မာဆုံးဝိညာဉ်သားရဲကောင် ရှိသူတစ်ယောက်အနေနဲ့ သူ့ရဲ့ တိုက်ခိုက်မှုစွမ်းအားက အဆင့်တူဝိညာဉ်ပညာရှင်တွေထက်ကို အများကြီး သာလွန်နေခဲ့ပါတယ်။ တစ်ဖက်မှာ သူကြုံတွေ့နေရတဲ့ မြွေက အတော်ကို အားကောင်းပေမဲ့ လျှပ်စီးတန်းအလွှာတွေက ဆက်တိုက်ဆိုသလို သူ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် နောက်ဆုံးမှာ မတိုက်ခိုက်နိုင်တော့ပဲ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ရပါပြီး တစ်ချိန်ထဲမှာပဲ ပေ့ပေ့လဲ နောက်ထပ် မတိုက်ခိုက်တော့ပါဘူး။ မြူခိုတွေရဲ့အဆိပ်ကို မခံစားနိုင်တာကြောင့် ခပ်မြန်မြန်ပဲ ဆုတ်ခွာလာခဲ့ပါတယ်။ အဲ့ဒီနောက် ပုလင်းလေးတစ်လုံးကို သူထုတ်ယူလာလိုက်တယ်။ အဲ့ဒီနောက် သူ့အတွက်သူ ဆေးတစ်လုံးထုတ်ယူသောက်ပြီးတဲ့နောက် ထန်ယာ့ဆီကို ပုလင်းပြစ်ပေးလိုက်တယ်။ ထန်ယာ့ကလဲ ဆေးနှစ်လုံးကို ထုတ်ပြီးသူ့တစ်လုံး ဟို့ယွိဟောင်ရဲ့ပါးစပ်ထဲတစ်လုံး ထည့်ပေးပါတယ်။

” ပေ့ပေ့ ငါနင့်ကို ကူညီမယ် ”

ဆေးကိုဝါးပြီတဲ့နောက် ထန်ယာ့က ပြောလိုက်တယ်။ ပေ့ပေ့ကတော့ ခေါင်းသာခါပြပါတယ်။

” ဒီကောင်အတော်လေး ပြဿနာများတယ် တိုက်ပွဲအတွက် ငါ့မှာ အကြံရှိတယ်…ဒါ့အပြင် ပတ်ပတ်လည်မှာ နောက်ထပ် ဝိညာဉ်သားရဲကောင်တွေ ထပ်ပြီး ပေါ်လာဦးမှာမလို့ သတိထား ငါသူ့ကိုတစ်ယောက်ထဲ ဖြေရှင်းလို့ရတယ်…ယွိဟောက်ကိုသာ ဂရုစိုက် ‘”

ဟို့ယွိဟောင်ကို ဂရုစိုက်ဖို့အတွက် ဒုတိယအကြိမ်မြောက် သတိပေးချင်ပါပဲ။ ဒီလိုရိုးရှင်းတဲ့စကားတစ်ခွန်းက ဟို့ယွိဟောင်ရဲ့ နှလုံးသားကို နွေးထွေးလို့သွားစေခဲ့တယ်။ သူတစ်ဘ၀တာလုံးမှာ ပေ့ပေ့က ဒီလိုဂရုစိုက်တာ ဒုတိယမြောက်လူပါပဲ။ သူ့အမေကွယ်လွန်သွားပြီတဲ့နောက် ဒီလိုမျိုးကို ဘယ်သူဆီကမှ မရရှိခဲ့ပါဘူး။ ဒါကြောင့် စိတ်လှုပ်ရှားလာပါတော့တယ်။

ငါအစ်ကိုကြီးကို ကူညီတယ် ငါက အသုံးမ၀င်တဲ့သူမဟုတ်ဘူး။ ဟို့ယွိဟောင် ချက်ချင်းဆိုသလို စိတ်ဝိညာဉ်မျက်လုံးထဲကို သူ့ရဲ့ဝိညာဉ်စွမ်းအားစတင် ထည့်သွင်းလိုက်ပါတော့တယ်။ သူအစောပိုင်းတုန်းက ရရှိခဲ့တဲ့ စွမ်းအားက သူ့စိတ်ထဲကို၀င်ရောက်လို့လာခဲ့ပါပြီး အပြာရောင်မျက်၀န်းတွေထဲမှာ ရွှေရောင်အလင်းတန်းက စတင်ထွက်ပေါ်လို့လာပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ခြေထောက်အောက်မှာ ကျောက်စိမ်းဖြူရောင် ဝိညာဉ်စက်ကွင်းက စတင်ပေါ်ထွက်လာခဲ့ပါတယ်။ အပေါ်ယံကနေ ကြည့်မယ်ဆိုရင်တော့ ဘာမှဖြစ်နေတာကို မြင်ရမှာမဟုတ်ပါဘူး။ မကြာခင်မှာပဲ ပေ့ပေ့နဲ့ ထန်ယာ့တို့ရဲ့ ခန္ဓာကိုယ်နှစ်ခုစလုံးက စတင် လှုပ်ခတ်သွားပါတော့တယ်။ ထိတ်လန့်တဲ့အကြည့်တွေကလဲ သူ့မျက်လုံးထဲမှာ ပေါ်လာခဲ့တယ်။

သူတို့ရဲ့ အမြင်အရတော့ အချိန်တွေကနှေးကွေးသွားသလိုပါပဲ သူတို့ဘေးမှာ ပတ်ပတ်လည်ရှိသမျှ အရာအားလုံးက ကြည်လင်ပြတ်သားလို့လာခဲ့ပြီး သတင်းအချက်အလက်တွေအများကြီးက သူတို့ရဲ့ စိတ်ထဲကို ဆက်တိုက်၀င်ရောက်လို့လာခဲ့တယ်။ မြင်မြင်သမျှက အသေးစိတ်ဖြစ်နေခဲ့တာပါ သွေးပန်းပွင့်မြွေကို ကြည့်တဲ့အချိန်မှာ သူတို့ကြားအကွာအဝေးက ပိုမိုကြည်လင်ပြတ်သားလို့ လာခဲ့ပါတယ်။ ပေ့ပေ့အတွက်တော့ သေးငယ်တဲ့အပြောင်းအလဲတွေက သူ့စိတ်ထဲကိုကြွက်သားမှတ်ဉာဏ်တွေအဖြစ် ၀င်ရောက်လို့လာခဲ့တယ်။ အဲ့ဒီလိုသေးငယ်တဲ့ အသေးစိတ်အချက်အလက်တွေက စိတ်ထဲမှာ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားပေါ်လာခဲ့ပါပြီ။

သူတို့ရဲ့ မျက်လုံးတွေကို အသုံးပြုပြီး ပတ်ပတ်လည်မီတာသုံးဆယ့်အကွာအထိ ရှိရှိသမျှအရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။ လက်ရှိအချိန် ပတ်၀န်းကျင်က ရှိသမျှအရာအားလုံးက သုံးဖက်မြေပုံစံနဲ့ အထဲကို၀င်ရောက်လာနေခဲ့တယ်။ ဒါ့အပြင် သေးငယ်တဲ့ အပြောင်းအလဲတွေတောင်မှ စိတ်ထဲကို ရောက်ရှိလို့လာခဲ့ပါပြီး ဒါကြီးက ပေ့ပေ့ရော ထန်ယာ့ရော နှစ်ယောက်စလုံးပါ ဟို့ယွိဟောင်ကို တွေးမိသွားပါတော့တယ်။ ဒါက ဟို့ယွိဟောင်ရဲ့ ပထမဝိညာဉ်စက်ကွင်းစွမ်းအားလား ဘယ်လိုကြောင့်များ ဒီလိုထူးဆန်းရတာလဲ ဒီလိုမျိုးအကူအညီပေးတဲ့ ထောက်ပံ့နိုင်စွမ်းနဲ့ဆိုရင် ပြိုင်ဘက်တွေကို ရင်ဆိုင်တိုက်ခိုက်ခံရတာက အရမ်းကို သက်သောက်သက်သာ ဖြစ်သွားပါလိမ့်မယ်။ အထူးသဖြင့် အရှိန်နှုန်းကို အသုံးချတဲ့ သွေးပန်းပွင့်မြွေလို သတ္တဝါမျိုးကို ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ ပိုလို့အသုံး၀င်မှာပါ။ ပေ့ပေ့လိုမျိုး တိုက်ခိုက်နိုင်စွမ်းအပြည့်ရှိတဲ့ လူတစ်ယောက်အတွက် ပြိုင်ဘက်ရဲ့လှုပ်ရှားမှုတွေကို ကြိုတင်ခန့်မှန်းပြီ အခွင့်အရေးကို ရှာဖွေထောက်လှမ်းရတဲ့ အထောက်အကူက ဘာနဲ့မှ လဲလို့မရနိုင်ပါဘူး။

ဆယ့်နှစ်ဝိညာဉ်စက်ကွင်းရဲ့ စွမ်းအားက ဒီလောက်တောင် သန်မာနိုင်တာလား အဲ့ဒီလိုကနဦးစွမ်းအားက ဘယ်လိုကြောင့်များ ထူးချွန်ထက်မြက်နေရတာလဲ သေချာပေါက်ကို အသွင်ပြောင်းစိတ်ဝိညာဉ် သိုင်းပညာဝိညာဉ်မှန်း ပီသလိုက်တာ။

ဟို့ယွိဟောင်ကတော့ ပေ့ပေ့နဲ့ ထန်ယာ့တို့ကို ထူးဆန်းတဲ့စွမ်းရည်ကို အမှတ်ပေးနေ ချီးမွမ်းနေကြမှန်း သတိမထားမိခဲ့ပါဘူး။ တကယ်တော့ သူက စွမ်းရည်နှစ်ခုကို အသုံးချနေခဲ့တာပါ။ ပထမစွမ်းရည်က နှစ်တစ်သန်းဝိညာဉ်စက်ကွင်းကပေးတဲ့ ဝိညာဉ်ထောက်လှမ်းရေးဖြစ်ပြီး ဒုတိယအစွမ်းကတော့ စိတ်ဝိညာဉ်မျှဝေမှုပါ။

နှစ်ခုစလုံးက ကနဦးအမျိုးအစားတွေသာ ဖြစ်ပြီး ပထမဆုံးအသုံးပြုတာလဲ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အပြည့်အ၀နားမလည်သေးတာကြောင့်သာ ဒီလောက်အကျိုးကို ရရှိခဲ့တာပါ။

လက်ရှိအချိန် သူ့ခန္ဓာကိုယ်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စွမ်းအားတွေကြောင့် နှစ်လေးရာသားရဲကောင်နဲ့ ညီမျှတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်သာ ပတ်ပတ်လည် မီတာသုံးဆယ်အကွာကို ထောက်လှမ်းပြီး မျှဝေနေနိုင်တာပါ။ လက်ရှိစွမ်းအားနဲ့ဆိုရင် သူမျှဝေနိုင်တဲ့ လူအရေအတွက်က သုံးယောက်အထိပါပဲ ဒီထက်ပိုပြီး များတဲ့သူတွေကို ထိန်းချုပ်ဖို့ မလုံလောက်သေးပါဘူး။

သူ့ရဲ့ဝိညာဉ်စွမ်းအားကုန်ဆုံးမှုကလဲ သိပ်ပြီးမများပေမဲ့ ဟို့ယွိဟောင်က စိတ်ဝိညာဉ်စွမ်းအားတွေကို အတော်လေး သုံးနေခဲ့ရတယ်။ နှစ်ခုစလုံးကို အသုံးချနိုင်ဖို့အတွက် စိတ်ဝိညာဉ်စွမ်းအားရော ဝိညာဉ်စွမ်းအားကိုပါ အသုံးပြုနေရတာပါ။ လက်ရှိစွမ်းအားအဆင့်နဲ့ဆိုရင်တော့ တစ်နာရီလောက် ထိန်းထားဖို့က ပြဿနာမရှိသေးပါဘူး။ ဒီလိုအချိန်ပမာဏကိုလဲ သူဆက်တိုက်လေ့လာနေရင်း သိရှိသွားပါလိမ့်မယ်။

ပေ့ပေ့ရဲ့ခန္ဓာကိုယ်ကနေ ရုတ်တရက်ဆိုသလို ခပ်တိုးတိုးအသံတစ်သံထွက်ပေါ်လို့လာခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးက အားကောင်းတဲ့ ခရမ်းပြာရောင်လျှပ်စီးတန်းတွေကို ထုတ်လွှတ်လို့နေခဲ့ပါပြီး အကြေးခွံတွေကတော့ သူ့ရဲ့ညာဘက်ရင်ဘတ်အထိကိုပြန့်နှံ့လို့လာခဲ့ပါတယ်။ တတိယမြောက် ဝိညာဉ်စက်ကွင်းကတော့ လက်ရှိအချိန်မှာ ပိုပြီး တောက်ပလို့နေခဲ့တယ်။ ဒါက နှစ်တစ်ထောက်ဝိညာဉ်စက်ကွင်းရဲ့ စွမ်းအားပါပဲ မိုးကြိုးဒေါသ။

မသန်မာဆုံးတိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဝိညာဉ်သားရဲကောင်အနေနဲ့ သူ့ရဲ့တတိယဝိညာဉ်စွမ်းအားကတော့ တိုက်ခိုက်မှုတွေကို ငါးဆယ့်ရာခိုင်းနှုန်းအထိ မြင့်တက်စေနိုင်တဲ့စွမ်းအားဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စီးတန်းတွေရဲ့ အင်အားကိုလဲ နှစ်ဆတိုးပွားစေနိုင်ခဲ့တယ်။ တိုက်ရိုက်တိုက်ခိုက်မှုတစ်ခု မဟုတ်ပေမဲ့ ပေ့ပေ့ရဲ့ အခြေအနေကို သာမန်မဟုတ်လောက်အောင် သန်မာတဲ့ အဆင့်အထိကို တိုးမြင့်ပေးနိုင်ပါတယ်။ သူ့ရဲ့ တိုက်ခိုက်မှုကို ဝိညာဉ်စက်ကွင်းလေးခုရှိတဲ့ ဝိညာဉ်ဘိုးဘေးပညာရှင်တွေတောင် ယှဉ်နိုင်မှာမဟုတ်ပါဘူး။

ပေ့ပေ့က အဲဒီလောက်ကြီး အသက်မကြီးသေးပေမဲ့ သူ့ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံက အတော်ကိုကြွယ်၀လို့နေခဲ့ပါပြီး ဟို့ယွိဟောင်ရဲ့ အထောက်အပံ့အရ အခွင့်အရေးကောင်းကို စောင့်ရမယ်မှန်း သူသိနေခဲ့တယ်။ ဟို့ယွိဟောင် ဒီအခြေအနေကို ကြာကြာထိန်းထားနေမှန်း မသေချာတာကြောင့် စွမ်းရည်တွေအားလုံးကို တစ်ချိန်ထဲမှာ အသုံးပြုဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ ခရမ်းပြာရောင်လျှပ်စီးတန်းက နဂါးလက်သည်းရဲ့အဖျားမှာ လှည့်ပတ်လို့နေခဲ့ပြီး ညာဘက်လက်ကတော့ နှစ်ဆပိုကြီးမားလို့လာခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ တိုက်ရိုက်မတိုက်ခိုက်ခဲ့ပါဘူး။ အဲ့ဒီအစား အရှေ့ကို ခုန်၀င်လို့သွားခဲ့ပါတယ်။

မြွေကအရမ်းကို ကောက်ကျစ်ပြီး အသိဉာဏ်လဲ အတော်လေးရှိနေခဲ့တာကြောင့် ပေ့ပေ့ရဲ့ ခန္ဓာကိုယ်အတွက် အန္တရာယ်များနိုင်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်ကို လက်ရှိအချိန်မှာ ထိခိုက်အောက်မလုပ်နိုင်တော့ပေမဲ့ ရုတ်တရက်ဆိုသလို အဆိပ်အငွေ့တွေကို ထွေးထုတ်ပြစ်လိုက်တယ်။ အဲ့ဒီနောက် လှည့်ပြီးထွက်ပြေးဖို့ကြံပါတော့တယ်။ အဲ့ဒီနောက် ပေ့ပေ့ကတော့ လက်ရှိအချိန်မှာ ပိုလို့တောင် ဆုံးဖြတ်ချက်ခိုင်မာလာခဲ့ပါပြီ။

သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ လျှပ်စီးတန်းအလွှာတစ်ခု ပေါ်လာခဲ့ပြီး အဆိပ်မြူခိုတွေကို ဖယ်ရှားပြစ်လိုက်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ မိုးကြိုးလက်သည်းက ညာဘက်ကိုထွက်သွားရင်း အရှေ့မှာရှိတဲ့ လေဟာနယ်ကို ဆွဲဖြဲပြစ်လိုက်တယ်။

အပိုင်း ၄•၃ ပြီး၏

Comment

Leave a Reply

Options

not work with dark mode
Reset