Switch Mode

Chapter – 60

ကိုယ်ကျင့်တရားခေါင်းဆောင် ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၀။ ကိုယ်ကျင့်တရားခေါင်းဆောင် ။

” အထိန်းအကွတ်မဲ့ ဝရမ်းပြေး ”

ဖြောင်ကျန့်ရှန်နှင့် နဥ်ယွိဟန်က ထိတ်လန့်သွားမိသည်။

” အထိန်းအကွတ်မဲ့တဲ့ အရူးတစ်ယောက်လား ”
နဥ်ယွိဟန်က ရေရွတ်ပြောမိသွားသည်။
အထိန်းအကွတ်မဲ့ ဝရမ်းပြေး။ ဆိုလိုသည်က ဥပဒေကတောင် သူ့ကို မမိနိုင်ပေ။ ထိုသို့ဆိုလျှင် သူ မည်မျှ သန်မာသနည်း။ အံ့ဖွယ်ဂိုဏ်းပေလော။ သူက အံ့ဖွယ်ဂိုဏ်း၏ ပါရမီရှင်တစ်ဦးပေလော။

မဟာချီရှန်းအဆင့်၏ အထွတ်အထိပ်တွင် ရှိသော ရှန်ထျန်းဆဌမအဆင့် တည်ရှိမှုက တိုင်းပြည်ရဲ့ ရတနာဟု အခေါ်ခံရပြီ ဖြစ်မှန်း သိထားရပေမည်။ သို့သော် ထိုတိုင်းပြည်ရတနာကတောင် ဥပဒေ၏ ထိန်းချုပ်မှုမှ မလွတ်မြောက်ပေ။

” ဟန်နိုင်ငံတွင် အံ့ဖွယ်ချီရှန်း လျိုချန်စွင်း တစ်ဦးတည်းသာ ရှိပြီး မဟာချီရှန်းအဆင့်၏ အထွတ်အထိပ်၌ တိုင်းပြည်ရတနာ အနည်းစုသာ ရှိသည်။ သူတို့က ဧရာမပန်ဒါများသဖွယ် ရှားပါးလွန်း၏။ ဒါကြောင့် သူတို့ကို အနည်းငယ် ပိုသက်ညှာပေးသည်။

သို့သော် စီရင်စု ၉ ခု၏ အခြေအနေထဲတွင်မူ မဖြစ်နိုင်ပေ။

ထိုရှေးဟောင်းနိုင်ငံတွင် နှစ် ၅၀၀၀ကြာ မျက်စိကြိမ်းလောက်အောင် တောက်ပသည့် ကျင့်ကြံခြင်း ယဥ်ကျေးမှု ထွန်းကားသည်။ သိုင်းပညာရှင်များစွာက တိမ်များကဲ့သို့ များလှ၏။ တိုင်းပြည်ရတနာများက တန်ဖိုးကြီးသော်ငြား သူတို့ကို မျက်နှာချိုသွေးရန် လိုလောက်သည်အထိတော့ မဟုတ်ပေ။

တစ်ဖက်သူက သူ့ကိုသူ အထိန်းအကွတ်မဲ့ ဝရမ်းပြေးဟူ၍ ခေါ်ရဲသောကြောင့် သေချာပေါက် သာမန်လူတစ်ဦး မဟုတ်ပေ။

ယဲ့ရှောင်၏ ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုသည် သူတို့၏ အတွေးများကို အလိုလိုပင် စစ်ဆေးလိုက်တော့သည်။ ထိုအတွေးများကို ဖတ်မိပြီး တစ်ကိုယ်လုံးက တိတ်ဆိတ်သွားတော့၏။

သူကြုံရာ ခေါ်လိုက်သည့် အမည်က နှစ်ယောက်လုံးကို ထိုမျှ အတွေးများသွားစေလိမ့်မည်ဟု မထင်ထားပေ။ ထိုကဲ့သို့ ကောင်းမွန်သော မှန်းဆချက်။ သူတို့သာ ၄င်းကို ကျင့်ကြံရာတွင် အသုံးပြုလျှင် မည်မျှ ကောင်းမည်နည်း။

” သူ ဘယ်မှာလဲ ”

” သူ ထွက်သွားပြီ။ သူ ဘယ်သွားမှန်း မသိဘူး။ ကမ္ဘာအနှံ့ ခရီးထွက်တာနဲ့ တူတယ် ”

” ဒီလိုလား။ နှမြောစရာပဲ “။ ဖြောင်ကျန့်ရှန်က သက်ပြင်းသဲ့သဲ့ ချလိုက်လေ၏။ နဥ်ယွိဟန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

” ဒီလောက်ထိ ဖြစ်စရာ မလိုလောက်ဘူးမလား။ ဒီကျင့်စဥ်နှစ်မျိုးက သာလွန်အဆင့် ကျင့်စဥ်တွေပဲလေ။ ချီရှန်းအဆင့်လို့တောင် သတ်မှတ်လို့ မရဘူး။ ဒီကျင့်စဥ်နှစ်မျိုးကို ဖန်တီးတဲ့သူက ဒီလောက် အစွမ်းထက်တဲ့သူ ဖြစ်နိုင်မလား ”

ဖြောင်ကျန့်ရှန်က ခေါင်းခါလိုက်သည်။

” မင်းရဲ့ အဆင့်က နည်းနည်းနိမ့်တယ်။ ဒါကြောင့် သူတို့ နောက်ကွယ်က နက်နဲမှုကို မင်း မမြင်နိုင်ဘူး”

” သိုင်းပညာရှင်တစ်ယောက်က သာမန်အကြောင်းစုံ သိုင်းကွက်တွေကို ဖန်တီးခဲ့တယ်ဆိုရင်တောင် သိုင်းပညာရဲ့ မထင်ထားတဲ့ နယ်ပယ်တစ်ခု ပါဝင်နေတယ် ”

” ဆိုရိုးစကားတစ်ခုရှိတယ်လေ။ အားနည်းသူတစ်ယောက်ရဲ့ လက်ထဲက ဓါးက ဘယ်လောက်ပဲ သန်မာသန်မာ၊ သိုင်းပညာရှင်တစ်ယောက်ရဲ့ လက်ထဲက ကျောက်စရစ်ခဲကို မယှဥ်နိုင်ဘူး ”

” ဒီစာအုပ်နှစ်အုပ်က အဆင့်အရာမှာ သာလွန်အ
ဆင့်ပဲ ရှိတယ်ဆိုပေမဲ့ လက်တွေ့မှာ သူတို့ရဲ့ တန်ဖိုးက အဆင့်သတ်မှတ်ချက်နဲ့ တိုင်းတာလို့ မရဘူး ”
ခဏတာ ရပ်တန့်ပြီးနောက် သူက ထပ်ပြောလိုက်သည်။

” ဒီကျင့်စဥ်နှစ်မျိုးကို ဝယ်ချင်တယ်။ မစ္စတာ မန်နေဂျာ ရောင်းဖို့ ဆန္ဒရှိလား ”
ယဲ့ရှောင်က နဥ်ယွိဟန်ကို ကြည့်လိုက်သည်။

” ကျုပ်က ကျင့်စဥ်တွေကို သူ့ဆီ ရောင်းပြီးသား ဝယ်ချင်တယ်ဆိုရင် သူ့ရဲ့ ခွင့်ပြုချက်ရမှ ဖြစ်မယ်”

ဖြောင်ကျန့်ရှန်က နဥ်ယွိဟန်ကို ကြည့်စဥ် နဥ်ယွိဟန်က ယဲ့ရှောင်ကို တစ်ချက်ခိုးကြည့်လိုက်၏။

” ဆရာက ကျွန်တော့်ကို ပေးထားတာလေ။ ဒါတွေကို ရောင်းလိုက်ရင် နည်းနည်းမလွန်လွန်းဘူးလား ”

ယဲ့ရှောင်က ခေါင်းခါလိုက်သည်။

” မင်းကို ပေးထားတဲ့ ဆိုမှတော့ ဒါတွေက မင်းဟာပဲပေါ့။ မင်းကြိုက်တာ လုပ်လို့ရတယ်။ အားနာနေဖို့ မလိုဘူး ”

နဥ်ယွိဟန်က ခေါင်းညိတ်လိုက်သည်။

” ရိုးရိုးသားသား ပြောရရင် ဒီကျင့်စဥ်နှစ်မျိုးကို ကျွန်တော် တကယ် နားမလည်ဘူး။ သင့်တော်တဲ့ တန်ကြေးသာဆိုရင် ရောင်းလိုက်မယ်။ အချိန်ရောက်လာတဲ့အခါ ကျွန်တော် ထမင်းတစ်နပ် ဒကာခံပါ့မယ် ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။

သာလွန်အဆင့် ကျင့်စဥ်၏ တန်ဖိုးက အမှန်တကယ် အသေးအမွှား မဟုတ်ပေ။ သို့သော် မိတ္တူများစွာ ရှိနေပြီး အဆင့်တူ ကျင့်ကြံဆင့်များစွာလည်း ရှိသည်။ ပုံမှန်ဆို ကျင့်စဥ်တစ်မျိုးအတွက် ကော်ပီတစ်သောင်းနီးပါး ရှိပြီး ကျင့်ကြံဆင့်တစ်မျိုးကို တစ်သောင်းဝန်းကျင်ရှိပြီး နှစ်မျိုးဆို သုံးသောင်းအောက် လျော့သည်။

ချီရှန်းအဆင့် ကျင့်စဥ်နှင့် ချီရှန်းအဆင့်နှင့်အထက် ကျင့်စဥ်များသာလျှင် တန်ဖိုးရှိသည်ဟု သတ်မှတ်နိုင်ပြီး တစ်သန်းမှ စတင်သည်။

သူသည် အစကတည်းက လောဘကြီးသူ မဟုတ်ပေ။ ထို့အပြင် သူသည် ငွေရောင်မြေခွေး မျိုးနွယ်စု၏ ကုသခြင်း ကျင့်စဥ်အတွက် အလဲအလှယ်အနေဖြင့် နဥ်ယွိဟန်အား ၄င်းကို ပေးခဲ့ပြီး ဖြစ်သည်။ ဒေါ်လာ ၁၀၀၀၀ အတွက်မူ သူအမြဲတမ်း ပြန်တောင်းနိုင်၏။ ထိုသို့ပြုလုပ်ခဲ့လျှင် ယင်းက သူ့ကို အနည်းငယ် ကောက်ကျစ်ပြီး ကပ်စေးနဲရာ ရောက်စေမည်။

ဟန်နိုင်ငံထဲတွင် ကျင့်စဥ်အဆုံးသတ် သွားမှာကို သူ မကြောက်ပေ။ သူ သမန်ကာလျှံကာ ရေးခဲ့သော ကျင့်စဥ်ဖြစ်၏။ သူ၏ အမှန်တကယ်အဆင့်ကို မပြသထားပေ။ ဟန်လူမျိုးများက ၄င်းကို ရသွားခဲ့လျှင်တောင် အသုံးဝင်မှာ မဟုတ်။ မိနစ်ပိုင်းအတွင်း စီရင်စု ၉ ခုအတွက် ပိုတောင်အစွမ်းထက်သည့် ကျင့်စဥ်များကို သူ ရေးပေးနိုင်သည်။

” ကောင်းပြီလေ ”

ဖြောင်ကျန့်ရှန်က အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်တော့၏။

” ဒါဆိုရင် ကျင့်စဥ်တစ်မျိုးအတွက် ယွမ် ၁၀၀၀၀၀၊ နှစ်မျိုးအတွက် ယွမ် ၂၀၀၀၀၀ ပေးမယ် ”

လေထုက တိတ်ဆိတ်သွားလေ၏။ ဖြောင်ကျန့်ရှန်က မျက်ခုံး အနည်းငယ် ပင့်လိုက်တော့သည်။

” မလုံလောက်သေးဘူးလို့ ခံစားမိနေတာလား။ ဒါဆို စာအုပ်တစ်အုပ်အတွက် နောက်ထပ် ၂၀၀၀၀ ထပ်ပေးမယ်။ ပြီးရင် စာအုပ်နှစ်အုပ်အတွက် ယွမ် ၂၄၀၀၀၀ ပေးမယ် ”

နဥ်ယွိဟန်က လက်ကာပြလိုက်၏။

” လုံ လုံ လုံလောက်ပါပြီ။ ဒါပေမဲ့ ဒီကျင့်စဥ်နှစ်မျိုးမှာ တကယ်ကြီး ယွမ် ၂၄၀၀၀၀ သုံးချင်တာလား။ စျေးက စျေးကွက်တန်ဖိုးထက် မြင့်နေပြီးသားမလား ”

ဖြောင်ကျန့်ရှန်က ခပ်ဖျော့ဖျော့ ပြုံးပြီး ပြောလိုက်တော့သည်။

” သိုင်းပညာရှင်တွေအတွက် သူတို့နှစ်သက်တဲ့
ကျင့်စဥ်ကို တွေ့ရင် ဘယ်လောက်ပဲ စျေးကြီးကြီး သူတို့ ဝယ်ရမှာပဲ။ ဒါက သိုင်းပညာရှင်တစ်ယောက်ရဲ့ အလုပ်ပဲ။ ရွှေတစ်ထောင်တန်တယ်လေ။ ဒါ့အပြင် ငါက ဟန်နိုင်ငံ ဓါးသူတော်စင်ရဲ့ တပည့်တစ်ယောက်။ လတိုင်း ငွေကြေးအတော်ရတာ ”

” မှန်တာပဲလေ။ ဒါဆို ဒီစျေးနဲ့ပဲပေါ့ “။ နဥ်ယွိဟန်က အားကျစွာ ပြောပြီး ဖြောင်ကျန့်ရှန်က ခေါင်းညိတ်လိုက်၏။

” မင်းရဲ့ ကတ်နံပါတ် ငါ့ဆီ ပို့လိုက်။ မင်းဆီ လွှဲပေးလိုက်မယ်။ စီရင်စု ၉ ခုထဲမှာ ဘဏ်အကောင့်ကို ရခါစပဲ။ စက်မှုနှင့် စီးပွားဘဏ်ကလေ ”

” ကောင်းပြီ ”
နှစ်ယောက်သားက အရောင်းအဝယ် ပြီးသွား၏။ ဖြောင်ကျန့်ရှန်သည် ကျင့်စဥ်ကို ရယူပြီး သူတို့နှစ်ယောက်ကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။

တစ်ဖန် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး နဥ်ယွိဟန်က အေးအေးလူလူ ပြောလိုက်သည်။

” ဆရာ။ ဘာကြောင့် ကျွန်တော်တို့ ပိုက်ဆံကို ညီတူမျှတူ မခွဲရမှာလဲ ”

ယဲ့ရှောင်က အလွန်ကျေနပ်သွားသည်။ သူ၏ သစ္စာရှိသည့် လက်ထောက်က ထင်သည့်အတိုင်းပင် သူ့ကို ဂရုစိုက်ရတာ အချည်းနှီး မဖြစ်ပေ။

သို့သော် နဥ်ယွိဟန်၏ အထက်လူကြီးသည် ဂုဏ်သိက္ခာရှိသော ကြီးကြပ်သူတစ်ဦး အနေဖြင့်တိုက်ရိုက်လက်ခံခဲ့လျှင် လူကြီးလူကောင်း မဆန်ရာ ရောက်ပြီး အနည်းငယ် ရုပ်ပျက်သွားပေမည်။ သူက လက်ကောက်ဝတ်အချို့ကို ပြသင့်၏။

” မလိုဘူး။ မင်း သိမ်းထားလိုက်။ ပြောရရင် ငါကသာ ”

” ဟုတ်။ ကောင်းပါပြီ။ ကြီးကြပ်သူက တကယ် ကိုယ်ကျင့်တရား ကောင်းတာပဲ။ ကြီးကြပ်သူ ပြောတဲ့ အတိုင်းလုပ်တာပေါ့။ ဒီနေ့ည ဟော်တယ်ကို သွားပြီး မနက်ဖြန်ကျ ကြီးကြပ်သူအတွက် တစ်နပ်ဒကာခံမယ်။ ကြီးကြပ်သူကို စိတ်မပျက် စေရပါဘူး ”

ယဲ့ရှောင်က ဆွံ့အသွားလေ၏။

ဒီကလေးက စည်းမျဥ်းတွေအတိုင်း မသွားဘူးပဲ။ သူက ယဥ်ကျေးသမှု ပိုရှိပြီး သူ့အတွက် လက်ခံရ ခက်ခဲအောင် လုပ်သင့်တာမလား။ ထားလိုက်ပါတော့လေ။ သူနဲ့ အပေးအယူ လုပ်ခဲ့တဲ့ သူက သူပဲ။ တစ်ဖက်လူက ငွေခွဲချင်လားလို့ မေးတာပဲ။ ဘယ်သူကများ သူ့ကို အဖက်မလုပ်ချင်ယောင်ဆောင်ခိုင်းလို့လဲ။

သို့သော် ကိစ္စကို တွေ့ကြုံပြီးနောက် ယဲ့ရှောင်သည် သူ၏ ကိုယ်ပိုင်ခွန်အားကို ပိုနက်နဲစွာ နားလည်သဘောပေါက်လာ၏။ နောင်တွင် သူ ပိုပြီး သိုသိုသိပ်သိပ် နေရဦးမည့် ပုံပေါ်သည်။

သမန်ကာလျှံကာ ရေးလိုက်သော ကျင့်စဥ်တစ်မျိုးက ငွေကြေးထိုမျှ များစွာ ထိုက်တန်နေလေသည်။ ထောင်လွှားစွာ နေခြင်းက အန္တရာယ် အလွန်များ၏။

သူသည် ပိုက်ဆံ ရရန်အတွက် ကျင့်စဥ်ကို ရေးမှာ မဟုတ်ပေ။ ယင်းက အဓိပ္ပာယ် သိပ်မရှိပေ။ ဆိုရလျှင် ငွေကြေးသည် တစ်ကမ္ဘာလုံး ပိုင်ဆိုင်မှု ဖြစ်ပြီး သူ၏ ကိုယ်ပိုင်ခွန်အား တိုးတက်ခြင်းလောက် အရေးမကြီးပေ။

ထို့အပြင် ပစ္စည်းကောင်းများကို အသိအမှတ်ပြုသည့် ဖြောင်ကျန့်ရှန်ကဲ့သို့ သူမျိုးက သိပ်မများပေ။ နဥ်ယွိဟန်က ၄င်းကို အချိန်အတော်ကြာ ကြည့်နေသော်ငြား ကျင့်စဥ်၏ တန်ဖိုးကို မသိခဲ့ပေ။ ထိုနည်းတူ ဖြောင်ကျန့်ရှန်ကဲ့သို့ ပိုက်ဆံများစွာ သုံးဖို့လိုသည့် သူများကလည်း များများစားစား ရှိမှာ မဟုတ်ပေ။

မျက်တောင်တစ်ခတ်အတွင်း အချိန်က ကုန်ဆုံးသွား၏။ ညအချိန်ရောက်နေပြီ ဖြစ်ကာ နဥ်ယွိဟန်သည် ဟော်တယ်တစ်ခု သွားရှာတော့သည်။ ယဲ့ရှောင်၏ ကျင့်စဥ်သည် ရွှေရောင်စာအုပ်မှ ပြီးပြည့်စုံသည့် အခြေအနေထိ ကျင့်ကြံမည် ဖြစ်သည်။ စာမျက်နှာဆယ်မျက်နှာပေါ်၌ ရိုက်နှိပ်ထားသော ကျင့်စဥ်ဆယ်မျိုးက ရွှေရောင်အလင်းတန်းများ စတင်ဖြာထွက်လာ၏။ သူက လေအပြည့် ရှူသွင်းပြီးနောက် သူ၏ အိမ်ဆီသို့ လျှောက်သွားလိုက်တော့သည်။

အပိုင်း ၆၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset