စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၉။ သူ့ရဲ့နာမည်က ကျန်စန်း၊ သူက စိတ်ဓာတ်တက်ကြွတဲ့ ဝရမ်းပြေးတစ်ယောက်အဖြစ် လူသိများတယ်။
ယဲ့ရှောင်က ကုသခြင်း ကျင့်စဥ်ကို စတင်ဖတ်ရှုပြီး ၄င်းကို လျှင်မြန်စွာ သင်ယူလိုက်သည်။ ရွှေရောင်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားပြီးနောက် စတင်ကျင့်ကြံတော့၏။
၄င်းကို ပြီးပြည့်စုံသည့် အခြေအနေထိရောက်အောင် ကျင့်ကြံချိန်တွင် အခြေခံကျင့်စဥ် ( ၁၀ )မျိုးကို ရိုက်နှိပ်ထားသော စာမျက်နှာ ( ၁၀ )မျက်နှာနဲ့ စာရွယ်( ၁၀ ) ရွက်သည် ရွှေရောင်စစ်စစ် အလင်းတန်း ဖြာထွက်လာလေ၏။ ယခုအချိန်တွင် ယင်းကို ပေါင်းစည်းနိုင်မည် ဖြစ်သည်။
မူလက ကုသခြင်း ကျင့်စဥ်ကို ကျင့်ကြံနေသော
ယဲ့ရှောင်သည် ယခုအချိန်တွင် သက်ပြင်းချလိုက်တော့၏။ သို့သော် သူက အနားမယူခဲ့ပေ။ ထိုအစား ကျန်သည့် စာအုပ်အမျိုးအစားများကို ဆက်လက်ဖတ်ရှုတော့သည်။
ယခုအခေါက်တွင် ယဲ့ရှောင်က ကိုယ်ဖော့သိုင်း
ကျင့်စဥ်များကို ကျင့်ရန် ပြင်ဆင်လိုက်တော့သည်။
ယခင်က သူသည် အသက်ကယ် ကျင့်စဥ်များ ကြားထဲ၌ လက်နက်ပုံစံနှင့် အဂ္ဂရိတ်ပုံစံ နှစ်မျိုးလုံးက ငွေကြေးလိုအပ်ချက် မြင့်မားကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ယာယီအနေဖြင့် ၄င်းကို နောက်ပို့ထားပြီး ကုသခြင်း ကျင့်စဥ်ကိုသာ ဦးစွာ ကျင့်ကြံတာ ဖြစ်သည်။
ယခုမူ သူက ကိုယ်ဖော့သိုင်းများ ကျင့်ကြံရန် ပြင်ဆင်နေ၏။ တိုက်ခိုက်ခြင်းထက် ထွက်ပြေးခြင်းက ပိုကောင်းသည်ဟု ဆိုရိုးစကားရှိသည်။
နည်းဗျူဟာ ( ၃၆ )မျိုးထဲတွင် ထွက်ပြေးခြင်းက အကောင်းဆုံးဖြစ်သည်။
ကျန်သည့်သူများကို ရိုက်နှက်နေရန် မလိုအပ်ပေ။ သူက ပြေးတာမြန်ပြီး ကျန်သည့်သူများ လိုက်မမှီလျှင် သူ့အသက်ကို ကယ်တင်နိုင်ရန် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။
ယဲ့ရှောင်က အခြေခံ ကိုယ်ဖော့သိုင်း ကျင့်စဥ် နှစ်မျိုးကို သင်ယူခဲ့သည်။
သို့သော် အခြေခံကုသခြင်း ကျင့်စဥ်က သူ၏ လိုအပ်ချက်များကို ပြည့်မှီနိုင်ရန် သေချာပေါက် ဝေးနေသေး၏။ ထိပ်တန်းအဆင့် ကျင့်စဥ်များကို ပေါင်းစပ်ပြီးမှသာလျှင် သူ တော်ကာကျလောက်သည့် အနေအထားထိ ရမှာပဲ ဖြစ်သည်။
သူ ဖတ်ပြီးနောက် နဥ်ယွိဟန်ကလည်း လျှင်မြန်စွာ ဖတ်ရှုနေလေသည်။ သို့သော် မျက်မှောင်ကျုံ့သွားတော့၏။
သိုင်းပညာရှင်များကို အဆင့်သတ်မှတ်ထားရခြင်းမှာ သိုင်းပညာရှင်များ၏ ခွန်အားတွေ ကွာဟချက် များပြားလွန်းနေရုံသာမက စတင်ခါစ သိုင်းပညာရှင်များ၏ ဂရုစိုက်မှုကြောင့်လည်း ဖြစ်သည်။ အဆင့်နိမ့် သိုင်းပညာမှ စတင်မသင်ယူလျှင် ယင်းက ခက်ခဲမှာပဲ ဖြစ်သည်။
အဆင့်မြင့် သိုင်းပညာရပ်များတွင် သိုင်းပညာရပ်များ၏ စိတ်ပညာဒဿနိကပိုင်း ပါဝင်နေသည်။ ယင်းက အဆင့်နိမ့် သိုင်းပညာရှင်များ နားမလည်နိုင်သည့် အရာဖြစ်သည်။
ယဲ့ရှောင်သည် နေ့စဥ် အခြေခံအနေဖြင့် စာအုပ်များ ဖတ်ရှုသည့်အချိန်၌ နားမလည်နိုင်သော သိုင်းပညာရပ်များနှင့် ကြုံတွေ့ရသည်။
သို့သော် သူက ယင်းကို တစ်ခေါက်သာ ဖတ်ရန် လိုအပ်သည်။ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က အလိုအလျောက် သွင်းလိုက်မှာပဲ ဖြစ်သည်။ နားလည်ရန် မလိုအပ်ပေ။ သူ၏ ဝိညာဥ်ကနေ နားလည်နေသရွေ့ သဘောပေါက်မှာပဲ ဖြစ်သည်။
၄င်းကို သူ သဘောပေါက်သွားပြီးနောက် သူ့အတွက် ဖန်တီးရန်က ပိုလွယ်ကူသွားလိမ့်မည်။
နဥ်ယွိဟန်အတွက် သူ ဖန်တီးထားသော ကျင့်စဥ်နှစ်မျိုးက ဓားသိုင်းများ ဖြစ်သည်။ သူတို့က သာလွန်ခြင်းအဆင့်တွင် ရောက်နေပြီဖြစ်သော်ငြား ချီရှန်းအဆင့်၌ နီးကပ်နေပြီဖြစ်ကာ ချီရှန်းအဆင့်အောက်လည်း ဖြစ်သည်။
စာကြည့်တိုက်ထဲတွင်သာ ထိုကဲ့သို့ အဆင့် ကျင့်ကြံဆင့်မျိုးကို စတုတ္ထအလွှာတွင် ထားရှိပြီး အစောင့်အကြပ်များ ထားရှိသည်။ သာမန်လူများက ထိုစာအုပ်များကို သမန်ကာလျှံကာ ကြည့်ခွင့် မရှိပေ။
ဂုဏ်ထူးဆောင်ကဲ့သို့သော ပါရမီရှင်တချို့နှင့် ကျန်းဟိုင်မြို့တော်ဝန်၏ ဆုချီးမြှင့်ခြင်း ခံရသည့် သူများသာလျှင် ထိုကျင့်စဥ်များကို ထိတွေ့နိုင်ရန် အရည်အချင်း ပြည့်မှီသည်။
တုချန်ဖုန်းက ကျန်းဟိုင်သိုင်းကျောင်းတော်သို့ ပေးအပ်ခဲ့သော ပြီးပြည့်စုံမှု မရှိသည့် ဓားမော့ကျင့်စဥ်သည် ချီရှန်းအဆင့်အောက်လည်း ဖြစ်ပေသည်။
ထို့ကြောင့် ချီရှန်းအဆင့်အောက် ကျင့်စဥ်များက အလွန်ရှားပါးပြီး ရရှိရန် ခက်ခဲသည်။ ထို့အပြင် အလွယ်တကူ သင်ယူနိုင်သည့် အရာမဟုတ်ပေ။
လက်တွေ့တွင်မူ ယဲ့ရှောင်က များများစားစား မတွေးခဲ့ပေ။ သူ၏ ကိုယ်ပိုင်ကျင့်စဥ်များ မြင့်မားနေရသည်က အဓိက အကြောင်းအရင်း ဖြစ်သည်။ ယင်းက ချီရှန်းအဆင့် သိုင်းကျင့်စဥ်များထက် အဆင့်မြင့်တင်ပြီးသား ဖြစ်သည်။ ကျင့်စဥ်ကို သင်ယူပြီးနောက် ဓားအပေါ် သူ၏ နားလည်သဘောပေါက်မှုက သာမန်လူသားများထက် ကျော်လွန်နေသည်။ သူက တန်ဖိုးမရှိသော ကျင့်စဥ်ကို ရေးနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်ဟု ခံစားပြီးသား ဖြစ်သည်။
သို့သော် သာမန်လူများအဖို့ သူ သာမန်ကာလျှံကာ ရေးလိုက်သည့် အမှိုက်ဟု ခေါ်သည့်အရာကလည်း သာမန်လူများ အိမ်မက်သာ မက်နိုင်သော တန်ဖိုးကြီး ကျင့်စဥ်တစ်မျိုးလည်း ဖြစ်သည်။
နဥ်ယွိဟန်သည် ဖတ်ရှုနေရာမှ ခေါင်းကိုက်နေစဥ် တည်ကြည်သော အမျိုးသားသံတစ်သံက ရုတ်တရက် ပေါ်ထွက်လာ၏။
” မင်္ဂလာပါ။ ကျွန်တော် ကျန်းဟိုင်မြို့က မဟုတ်ရင် စာအုပ်ငှားလို့ ရနိုင်မလားဆိုတာ မေးပါရစေ ”
နဥ်ယွိဟန်က ခေါင်းမော့လိုက်ရာ တစ်ဖက်လူကို တွေ့လိုက်ရသည်။ သူက မျက်ခုံးအနည်းငယ် ပင့်မိသွား၏။
” အမ်။ ခင်ဗျားကို အရင်တုန်းက တစ်နေရာရာမှာ တွေ့ဖူးတယ်လို့ ဘာကြောင့် ခံစားမိနေတာပါလိမ့် ”
တစ်ဖက်လူက ထူးမခြားနား ပြောလိုက်လေသည်။
” အင်တာနက်ပေါ်မှာ ဟုတ်လောက်တယ်မလား။ အရင်တုန်းက ပို့စ်တချို့နဲ့ ကျွန်တော့်အကြောင်း သတင်းတွေ ရှိပုံပေါ်တယ် ”
နဥ်ယွိဟန်က ရုတ်တရက် ထရပ်လိုက်သည်။
” အား။ အား။ ကျွန်တော် အခုမှတ်မိပြီ။ ခင်ဗျားက ဖျောင်ကျန့်ရှန် ။ ဟန်နိုင်ငံက ဓားပါရမီရှင် ။ ကျိုးစီရင်စုက ဓားပါရမီရှင်တွေကို အနိုင်ယူခဲ့တဲ့ ဟန်နိုင်ငံရဲ့ ဓားပါရမီရှင်ပဲ ”
ဖျောင်ကျန့်ရှန်က ခေါင်းညိတ်လိုက်သည်။
” ကျွန်တော်က တကယ် ဖျောင်ကျန့်ရှန်ပါ။ ဒါပေမဲ့ ကျိုး စီရင်စုရဲ့ ဓားသိုင်းပါရမီရှင်ကို အနိုင်ယူခဲ့တယ်လို့ ပြောတာကတော့ ချဲ့ကားတာပါပဲ ”
” ကျိုး စီရင်စုမှာ ကျွန်တော်ထက် ပိုသန်မာပြီး ဓားသိုင်းပါရမီရှင်တွေ အများကြီး ရှိတယ်။ နယ်ပယ်တူမှာ လူတိုင်းကို ဖိနှိပ့်နိုင်ရုံပါပဲ။ ဓားအပေါ် ကျွန်တော် နားလည်သဘောပေါက်မှုက အနည်းငယ် ပိုမြင့်ရုံပဲ ”
” လူတိုင်းက ခွန်အားအပြည့် တိုက်ခိုက်ကြမယ်ဆိုရင် ကျွန်တော့်ထက် ခွန်အားကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေက အများကြီးပဲလေ ”
” သူတို့ရဲ့ ဓားသိုင်းက အနည်းငယ် နိမ့်ကျရုံပဲ။ ဒါပေမဲ့ သူတို့ ဝိညာဥ်စွမ်းအင်ကျင့်ကြံမှုက ကျွန်တော့်ထက် ပိုသန်မာတယ်။ ကျင့်ကြံခြင်းကို ဖိနှိပ့်ထားရတဲ့ စည်းမျဥ်းကြောင့်သာ တချို့အခြေအနေတွေကို ကျွန်တော် အမြတ်ထုတ်ခွင့်ရလိုက်တာလေ ”
” သိပ်ရှားပါးတာပဲ။ ဟန်လူမျိုးတွေက မောက်မာထောင်လွှားပြီး ကြွားဝါတဲ့ ကျွမ်းကျင်မှုအရည်အချင်းက ထိပ်တန်းပဲလို့ လူတိုင်းက ပြောကြတယ်။ ဒါပေမဲ့ ခင်ဗျားက တကယ်နိမ့်ချတတ်တာပဲ။ ဒါ့အပြင် ကျွန်တော်တို့ ဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ် ”
” ကျွန်တော်က တကယ် ဟန်သွေးက ရှစ်ပုံတစ်ပုံပဲ ပါတာပါ။ ခုနှစ်ပုံလောက်က စီရင်စု ၉ခု ရဲ့ ကျုံးသွေးမျိုးဆက်လည်း ဟုတ်တယ်လေ။ ဒါပေမဲ့ ခင်ဗျားစကားတွေက နည်းနည်းရိုင်းပျတယ်။ ဟန်နိုင်ငံက လူအများစုက အရှက်မဲ့တယ် ဆိုပေမဲ့ ကျွန်တော့်ရှေ့မှာတော့ ပြောစရာ မလိုပါဘူး။ ပြောရရင် ကျွန်တော်က ဟန်နိုင်ငံမှာ ကြီးပြင်းလာတာလေ ”
” ဒါ့အပြင် တခြားအမြင်ကနေဆို ဟန်နိုင်ငံရဲ့ လူတွေက စီရင်စု ၉ခုက ဇစ်မြစ်ခံတာပဲလေ။ စီရင်စု ၉ခုက လူအနည်းစုလောက်ပဲ ဟန်နိုင်ငံကို ပြောင်းသွားတာ ”
” ဟန်လူမျိုးတွေကလည်း စီရင်စု ၉ခုရဲ့ မျိုးဆက်တွေပဲ။ ဟန်ယဥ်ကျေးမှုက စီရင်စု ၉ ခုရဲ့ ယဥ်ကျေးမှုကို တုပထားတာ။ အခုလောက်ဆို ခင်ဗျားနားလည်သင့်ပြီ ”
နဥ်ယွိဟန်၏ မျက်နှာက အနည်းငယ် ပူလာသည်။
” ကျွန်တော် ရိုင်းပျမိသွားတယ်။ တောင်းပန်ပါတယ် ”
” ခင်ဗျား တောင်းပန်တာကို လက်ခံပါတယ် ”
နဥ်ယွိဟန်က သက်ပြင်းပြီး ပြောလိုက်တော့သည်။
” ကျွန်တော် အရင်တုန်းက ခင်ဗျားရဲ့ ပရိတ်သတ် ဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက ဟန်နိုင်ငံကဆိုတော့ ကျွန်တော်ကလည်း မျိုးချစ်သူလေ။ ခင်ဗျားနောက်ကို မလိုက်ခဲ့မိဘူး။ ခင်ဗျားက ကျုံးသွေး ရှစ်ပုံ ခုနှစ်ပုံလောက် ရှိနေတယ်ဆိုတော့ ကျွန်တော် ခင်ဗျားရဲ့ ပရိတ်သတ် ဖြစ်လို့ရလောက်ပြီ။ လက်မှတ်တောင်းလို့ ရမလား ”
ဖျောင်ကျန့်ရှန်က အတန်ကြာတိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
” ကောင်းတယ်။ ကင်မရာ သွားယူလိုက်ဦးမယ်။ ခဏစောင့်ပါ ”
နဥ်ယွိဟန်က သူ၏ အခန်းဆီသို့ ပြေးသွားလိုက်သည်။ သူက ဓာတ်ပုံရိုက်ရတာ နှစ်ခြိုက်သည်။ ထို့ကြောင့် သူနှင့်အတူ ကင်မရာ သယ်လာ၏။ ဓာတ်ပုံကို ရိုက်ပြီး ထုတ်ရသည်ကလည်း အလွန်အဆင်ပြေသည်။
ဖျောင်ကျန့်ရှန်က ထိုနေရာတွင် ရပ်စောင့်နေ၏။ သူက နဥ်ယွိဟန် ထားခဲ့သည့် ကျင့်စဥ်ကို တစ်ချက်ကြည့်လိုက်မိပြီး ရုတ်တရက် သူငယ်အိမ်တို့ ကျုံ့သွားသည်။
” အိုး။ ဒါက ”
သူက ရှေ့တစ်လှမ်းတိုးပြီး အနီးကပ် ကြည့်လိုက်သည်။ ချက်ချင်းပင် အသက်ပြင်းပြင်း ရှူမိသွား၏။
” ကောင်းလိုက်တဲ့ ဓါးကျင့်စဥ်။ စီရင်စု ၉ ခုက ထင်တဲ့အတိုင်းပဲ သာလွန်အဆင့် ကျင့်စဥ်ပဲ ဆိုပေမဲ့ ချီရှန်းအဆင့် ကျင့်စဥ်ကို နီးကပ်နေပြီး ချီရှန်းအဆင့်အောက် ဓားသိုင်းလို့ ပြောလို့ ရတယ် ”
” ကျန်းဟိုင်မြို့က စာကြည့်တိုက်လေးရဲ့ သာမန်အလွှာပဲကို အပေါ်ထပ်မှာဆိုရင် မြေကမ္ဘာတုန်လှုပ်နိုင်တဲ့ ကျင့်စဥ်တွေ ဘယ်လောက်များ ရှိနေမလဲ။ စီရင်စု ၉ ခုမှာဆို ကျင့်စဥ် ဘယ်လောက်များမလဲ ”
” ခဏလေးနော်။ မစ္စတာ ဖျောင် ”
နဥ်ယွိဟန်က ကင်မရာသယ်ပြီး အမြန်လျှောက်လာ၏။ သို့သော် ဖျောင်ကျန့်ရှန်က သူ့ကို ဦးစွာမေးလိုက်သည်။
” ဒီဓားသိုင်းက စာကြည့်တိုက်ကလား ”
နဥ်ယွိဟန်က ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပြီး မလှမ်းမကမ်းတွင် ရပ်နေသော ယဲ့ရှောင်ကို လက်ညိုးထိုးပြလိုက်၏။
” မဟုတ်ဘူး။ ဒါက ကျွန်တော်ရဲ့ ကြီးကြပ်သူ ပေးခဲ့တဲ့ ကျင့်စဥ်ပဲ။ တစ်ယောက်နဲ့တစ်ယောက် ကျင့်စဥ်တချို့ လဲလှယ်လိုက်တာ ”
ဖြောင်ကျန့်ရှန်က ယဲ့ရှောင်ကို ကြည့်ပြီး အနည်းငယ် မင်သက်သွားမိသည်။ ဒီလိုအဆင့်ကျင့်စဥ်ကို လဲလှယ်ဖို့ သုံးတယ်လား။ သူ့ ဦးနှောက် ထိခိုက်သွားတာမျာလား။
သူက ချက်ချင်းပင် ကျင့်စဥ်များကို ကောက်ယူပြီး ယဲ့ရှောင်ဆီ လျှောက်သွားလိုက်၏။
” ဆရာ။ ဒီကျင့်စဥ်နှစ်မျိုးက ခင်ဗျားဟာတွေလား ”
ယဲ့ရှောင်က ခေါင်းမော့ပြီးနောက် သူ့ကို တစ်ချက်ကြည့်လိုက်၏။ ဖျောင်ကျန့်ရှန်မှန်း သိသော်ငြား ခေါင်းသာညိတ်လိုက်သည်။
” ဘာပြဿနာ ရှိလို့လဲ ”
” ကျွန်တော် သိချင်တာက ဒီကျင့်စဥ်တွေက ခင်ဗျားဆီကလား ဒါမှမဟုတ် ”
ယဲ့ရှောင်က နှလုံးခုန် ရပ်သွား၏။ ဖျောင်ကျန့်ရှန်သည် ထိုကျင့်စဥ်နှစ်မျိုးအကြောင်း အဘယ်ကြောင့် သိပ်ဂရုစိုက်နေရသနည်း။
သူတို့သည် သာလွန်အဆင့် ကျင့်စဥ်များသာ ဖြစ်သည်။ သူတို့ကို ပြီးပြည့်စုံအောင် ရေးရန် အကောင်းဆုံး ကြိုးစားခဲ့ပြီးသား ဖြစ်၏။ တစ်စုံတစ်ခု ဟာကွက်ပေါ်သွားသည်လော။
သူက ခေါင်းခါလိုက်သည်။
” မဟုတ်ဘူး။ ကျုပ်က အံ့ဖွယ်ဝိညာဥ်မနှိုးထသေးဘူး။ ဟို့ထျန်းဒုတိယအဆင့်မှာပဲ ရှိသေးတာ။ ဒီလို ကျင့်စဥ်မျိုး ဘယ်လိုလုပ် ရေးနိုင်မှာလဲ။တစ်ယောက်ယောက်ဆီက ဝယ်ခဲ့တာ ”
” ကျွန်တော် သိပြီ ”
ယဲ့ရှောင်သည် ထိုကဲ့သို့ တန်ဖိုးကြီးဓားသိုင်းကို လဲလှယ်ခဲ့ရသည့် အကြောင်းရင်းကို ဖြောင်ကျန့်ရှန် အံ့သြနေခဲ့တာ ဖြစ်သည်။ သူ၏ ကျင့်စဥ်က နိမ့်လွန်းသောကြောင့် ကျင့်စဥ်၏ တန်ဖိုးကြီးမှုကို နားလည်နိုင်ခြင်း မရှိတာ ဖြစ်သည်။ မဟုတ်လျှင် သေချာပေါက် လဲလှယ်မှာ မဟုတ်ပေ။
” ဒါဆို ဒီကျင့်စဥ်ကို ဘယ်သူ့ဆီက ဝယ်လာတာလဲ”
” အန်။ ”
ယဲ့ရှောင်က စဥ်းစားလိုက်၏ ။ သူ ခွန်အားသုံးတာ များလွန်းပုံပေါ်သည်။ ထားလိုက်ပါတော့။ လွတ်မြောက်ရေး နည်းလမ်းကိုပဲ သုံးမယ်။ ထိုအကြောင်းကို တွေးမိပြီး လေးနက်တည်ကြည်သော အမူအယာဖြင့် ချက်ချင်းပြောလိုက်၏။
” သူ့ရဲ့ နာမည်က ကျန်းစန် ”
” ကျန်းစန်လား ”
ဖြောင်ကျန့်ရှန်၏ မျက်ခုံးတို့က တွတ်ချိုးသွားသည်။
” ဒါမဖြစ်လောက်ဘူး။ ဒီလို ကျင့်စဥ်မျိုးကို ရေးတဲ့သူက သာမန်နာမည် ဘယ်လိုလုပ်ရှိမှာလဲ။ စီရင်စု ၉ ခုစလုံးကို လှုပ်ခါစေနိုင်တဲ့ စီနီယာတစ်ယောက် ဖြစ်ရမယ် ”
ယဲ့ရှောင်က စဥ်းစားပြီးနောက် ချက်ချင်းပင် ပြောလိုက်သည်။
” သူ့မှာ နာမည်ပြောင် ရှိတယ်။ တက်ကြွတဲ့ ဝရမ်းပြေးလို့ ခေါ်တာ ”
အပိုင်း ၅၉ ပြီး၏။