စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၈။ နောက်ဆုံးကုသခြင်း ကျင့်စဥ်။
သန်းခေါင်ယံတွင် ကျုံးစီရင်စု အလယ်ရှိ လူသူကင်းမဲ့သော တောင်တစ်လုံးမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။ ယင်းက နဂါးတစ်ကောင်နှင့် ဆင်တူသည့် တောင်အုပ်တစ်ခုလုံး မတုန်ယင်ပဲ မနေနိုင်တော့ချေ။
နက်ရှိုင်းသည့် ဂူထဲတွင် ရင့်ရော်ပြီး ခမ်းနားသော အသံတစ်သံက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
” ငါ့လူတွေ အသတ်ခံလိုက်ရတယ်။ ဘယ်သူလုပ်လဲဆိုတာရှာ။ သူ့ကို ရှာတွေ့ရင် အသက်ညာ မရှိ သတ်လိုက် ”
အမိန့်ပေးပြီးနောက် တောအုပ်ထဲမှာ ချွတ် ချွတ် ချွတ် ချွတ် အသံတစ်သံ ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးက သစ်ပင်ကြီးများထဲမှ ပေါ်ထွက်လာသည့်ပမာ ဖြစ်နေလေ၏။
အချိန်က ဖြတ်ခနဲ ကုန်ဆုံးသွားသည်။ မျက်တော်တစ်ခတ်အတွင်း တစ်ညတာ ငြိမ်းငြိမ်းချမ်းချမ်း ကုန်လွန်သွား၏။
ဒင် ဒေါင်။
နံနက်ခင်းတွင် နဥ်ယွိဟန်သည် အိပ်နေရာမှ နှိုးလာပြီး အထိတ်တလန့်ဖြင့် ချက်ချင်း ထထိုင်လိုက်၏။ ပတ်ဝန်းကျင် အနေအထားက သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေး သွားစေတော့သည်။
ဒါက အဆောင်လား။
ငါ မနေ့ညတုန်းက ဘာဇန်နဲ့ မတ်တို့ လိုက်တာခံရတာ မဟုတ်ဘူးလား။ ဘာကြောင့် အဆောင်ထဲ ရောက်နေတာလဲ။ သေပြီးတဲ့နောက် အိမ်မက်မက်နေတာများလား။
နဥ်ယွိဟန်က သူ့၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ခန္ဓာကိုယ်၌ သွေးများ စွန်းထင်းနေရာ မနေ့က သူ ဒဏ်ရာရခဲ့တာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြပေးနေ၏။
သို့သော် ကြီးကြပ်သူ ယဲ့အတွက် ထားပေးခဲ့သည့် ပစ္စည်းများက ကုတင်ပေါ်တွင် ရှိသည်။ ဆိုလိုသည်က အဆောင်ထဲသို့ မည်သူမှ မလာပေ။
မနေ့ညတုန်းက မတ်ရဲ့ ကျင့်ကြံဆင့်ကြောင့် ငါ အချေမှုန်းခံရတော့မှာဆိုရတာ မှတ်မိတယ်။ သေရေး၊ ရှင်ရေးအခိုက်အတန့်မှာ တစ်ယောက်ယောက်က ငါ့ကို လာကယ်လိုက်ပုံပဲ။ ငါ့ကို ပြန်ခေါ်လာပေးတဲ့သူများ ဖြစ်နေမလား။
နဥ်ယွိဟန်က မအံ့သြသွားပေ။ တစ်ဖက်လူက သူ့ကို စာကြည့်တိုက်သို့ ပြန်ပို့လာရခြင်းမှာ သူသည် နာမည်ကတ်ပြားပါသော စာကြည့်တိုက် ယူနီဖောင်းကို ဝတ်ဆင်ထားသောကြောင့်ဖြစ်သည်။ တစ်ဖက်လူက ထိုအရာကို မြင်တွေ့ပြီး သူ့ကို ပြန်ပို့နိုင်တာ ဟုတ်နိုင်သည်မလော။
ထိုသို့တိုင် တစ်ဖက်လူက အဆောင်မည်သည့်နေရာတွင် ရှိမှန်း မည်ကဲ့သို့ သိသနည်း။
တစ်ဖက်လူကလည်း စာကြည့်တိုက်ဝန်ထမ်းတစ်ဦးပေလော။
သူ စိတ်ရှုပ်ထွေးနေစဥ် တံခါးခေါက်သံ ကြားလိုက်ရပြီး အပြင်ဘက်မှာ အမျိုးသားသံတစ်သံ ပေါ်ထွက်လာ၏။
” နဥ်ယွိဟန် မင်း နှိုးပြီလား ”
နဥ်ယွိဟန်က ထိတ်လန့်သွားကာ ချက်ချင်းပင် တံခါးဆီသို့ လျှောက်သွားလိုက်၏။ တံခါးအပြင်ဘက်တွင် ရပ်နေသည်က စာကြည့်တိုက် လုံခြုံရေးအဖွဲ့၏ လုံခြုံရေးဝန်ထမ်းတစ်ဦး ဖြစ်သည်။
” မင်း နှိုးလာတာ ကောင်းတယ်။ ငါတို့ ကပ္ပတိန်က မင်းဆီ ငါ့ကို လာတွေ့ခိုင်းလိုက်လို့ ”
နဥ်ယွိဟန်က ထိတ်လန့်သွားသည်။
” ကျွန်တော့်ကို ကယ်လိုက်တဲ့ သူက ကပ္ပတိန်လား ”
” မဟုတ်ဘူး။ မနက်ပိုင်း ကင်းလှည့်နေတုန်းက စာကြည့်တိုက်ဝင်ပေါက်နားက လှေကားမှာ မင်းကို တွေ့လိုက်တာပဲ။ ငါ ဘယ်လောက်ပဲအော်အော် မင်းက သတိရမလာဘူးလေ။ အစကတော့ သွေးတွေ မြင်တော့ မင်း သေမယ်လို့ ထင်နေတာ။ ငါတို့ခေါင်းဆောင်က မင်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေး
ကြည့်ပြီး မင်း သတိလစ်နေရုံပဲလို့ ပြောခဲ့တယ်။ ဒါကြောင့် မင်းရဲ့ အဆောင်ဆီကို ငါ့ကို အရင်ပို့ခိုင်းလိုက်တာပဲ ”
” ကျွန်တော် သိပြီ ”
နဥ်ယွိဟန်က စိတ်ပျက်အားငယ် သွားတော့သည်။
တစ်ဖက်လူက စာကြည့်တိုက်မှ ဖြစ်ပုံမရပေ။ သူက နဥ်ယွိဟန်ကို စာကြည့်တိုက်သို့ ပို့ပြီး ထွက်သွားခဲ့သည်။ ထိုသို့ဆိုလျှင် သဲလွန်စက မရှိတော့ပေ။ နောင်တွင် တစ်ဖက်လူကို ရှာရန် ခက်ခဲပေ
လိမ့်မည်။
” မင်း အဆင်ပြေရဲ့လား။ မနေ့က ဘာဖြစ်တာလဲ။ ဘာကြောင့် သွေးတွေ ပေနေတာလဲ ”
” ကိစ္စကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော် လမ်းလျှောက်ထွက်တဲ့အချိန် ကြယ်တာရာသားရဲတစ်ကောင်နဲ့ တွေ့လိုက်တာ။ ရလဒ်ကတော့ ကျွန်တော် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာ။ ကံကောင်းပြီး လွတ်လာတာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကုသခြင်းကျင့်စဥ်ကို လေ့ကျင့်နေတာကြောင့် ကျွန်တော့်ကိုယ်ထဲက ဒဏ်ရာတွေ ပျောက်သွားတာလေ ”
” ငါ သိပြီ။ ဒါဆို မင်း နောင်ကြ ပိုဂရုစိုက်သင့်တယ်။ ညဘက် သတိလက်လွှတ် အပြင်မထွက်တာ ပိုကောင်းမယ် ”
” ဟုတ်ကဲ့။ ကျွန်တော် နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ”
တစ်ဖက်လူက လက်ကာပြလိုက်၏။
” မင်း အဆင်ပြေတာ ကောင်းတယ်။ ငါအရင် သွားတော့မယ်။ ငါ အိပ်ဖို့ လိုသေးတယ် ”
” ဟုတ်ကဲ့ပါ။ နှုတ်ဆက်ပါတယ် ”
နဥ်ယွိဟန်က ခေါင်းညိတ်ပြီးနောက် တံခါးပိတ်ကာ သူ့ ကိုယ်ပေါ်ရှိ သွေးများကို စတင်ဆေးကြောတော့သည်။
မူလက သူသည် ကျန်းဟိုင်မြို့မှ ထွက်သွားချင်ခဲ့တယ်။ သို့သော် ယခုမူ ဤနေရာမှ ရုတ်တရက်ကြီးထွက်မသွားချင်တော့ပေ။
ထိုလူ မည်သူမှန်းသူ မသိသော်ငြား သူတို့က သူ့ကို ကူညီပေးခဲ့သောကြောင့် မကောင်းသည့် ရည်ရွယ်ချက် မရှိတာ သေချာသည်။
ကျန်းဟိုင်မြို့ထဲ ထိုကဲ့သို့ အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦး စောင့်ကြပ်နေလေရာ မည်သည်ကိုများ ကြောက်ရမည်နည်း။ အနည်းဆုံးတော့ ကျန်သည့် မရင်းနှီးသော နေရာများနှင့် ယှဥ်လျှင် ဤနေရာက ပိုလုံခြုံသည်။
ဆေးကြောပြီးနောက် နဥ်ယွိဟန်သည် စာကြည့်တိုက် တတိယအလွှာဆီသို့ သွားကာ အလုပ်ဝင်တော့သည်။
မကြာမီ၌ ယဲ့ရှောင် ရောက်လာ၏။ သူက အမြန် ထနှုတ်ဆက်လိုက်သည်။
” ကြီးကြပ်သူ ယဲ့ ။ ဒီရောက်လာပြီပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” မင်း မနေ့က ဒဏ်ရာရသွားတယ်လို့ ငါ ကြားတယ် ”
နဥ်ယွိဟန်က ခေါင်းညိတ်လိုက်သည်။
” ကျွန်တော် ကြယ်တာရာသားရဲတစ်ကောင်နဲ့ တွေ့လို့။ ဒါပေမဲ့ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော် ကုသခြင်း ကျင့်စဥ် တချို့သိတာကြောင့် ဒဏ်ရာက ပျောက်ကင်းလုနီးပါးပဲ ”
” သိပ်ကောင်းတယ်။ အား.. ဟုတ်သား။ မနေ့တုန်းက မင်း မွေးရပ်မြေကို သွားမယ်လို့ ပြောတယ်။ ဘာကြောင့် မသွားတာလဲ ”
” အား… ဟုတ်။ ကျွန်တော့် မွေးရပ်မြေက ဖုန်း ထပ်ရလာတယ်လေ။ အိမ်မှာ အရေးကိစ္စ မရှိတော့ဘူး။ ဒါကြောင့် ပြန်သွားဖို့ မလိုတာ”
” ကောင်းတာပဲ ”
ယဲ့ရှောင်သည် နဥ်ယွိဟန်၏ ဟန်ဆောင်မှုအပေါ် အလိုက်သင့်ပြောလိုက်ပြီး သူ့ကို မထုတ်ဖော်ခဲ့ပေ။ ထုတ်ဖော်ရမှာ ပျင်းရိလွန်းလေ၏။
လူတိုင်း၌ လျှို့ဝှက်ချက်လေးကိုယ်စီ ရှိကြပြီး နဥ်ယွိဟန်ကို သူ့ကဲ့သို့ပင် သူ့ ကိစ္စများ မသိချင်ပေ။ ထို့အပြင် နဥ်ယွိဟန် ဘာမှပြောရန် မလိုအပ်ချေ။
မနေ့တုန်းက ကြယ်တာရာသားရဲ သွေးမျိုးဆက်နှစ်ကောင်ကို သုတ်သင်ရှင်းလင်းခြင်းမပြုမီ ယဲ့ရှောင်သည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးလျက် သူတို့၏ မှတ်ဉာဏ်များကို စစ်ဆေးခဲ့ပြီ ဖြစ်သည်။
သူတို့၏ ကျင့်ကြံဆင့်က ယဲ့ရှောင်ထက် နိမ့်ကျနေလေရာ သူ၏ စိတ်စွမ်းအား ရှာဖွေမှုကို မခုခံနိုင်ခဲ့ပေ။ သူတို့က ထိုကဲ့သို့ ရှာဖွေခံရသည်ကိုတောင် သိလိုက်မှာ မဟုတ်ပေ။
ဤလောကထဲတွင် အပြင်လောကကို ကြေညာထားသည့် သီးသန့်အဖွဲ့အစည်းများစွာ ရှိသည်။ ယင်းက ကြယ်တာရာသားရဲလူသားများကို ကာကွယ်ပေးရန် ဖြစ်သည်။
အနောက်တိုင်း သွေးနှောများကို ဥပမာ ယူနိုင်ပေ၏။ သူတို့က အကာအကွယ်ပေးသည်ဟု ပြောနေလျှင်တောင် အမှန်တကယ်တွင်မူ သူတို့၏ ကိုယ်ပိုင်လက်အောက်ငယ်သားများ စုဆောင်းခြင်းသာ ဖြစ်သည်။
သားရဲလူသားများကို စုဆောင်းခြင်းဖြင့် သူတို့သည် အင်အားအစုတစ်စု ရနိုင်ပြီး သူတို့၏ ကိုယ်ပိုင် ကျင့်ကြံဆင့်မှ အကျိုးအမြတ် ရနိုင်၏။
နဥ်ယွိဟန်သည် သားရဲနတ်ဘုရားဂိုဏ်းဟု ခေါ်သော ဂိုဏ်းတစ်ခုထဲ ဝင်မိခဲ့သည်။
လူအနည်းစုကသာလျှင် ထိုဂိုဏ်း၏ ခေါင်းဆောင် သားရဲနတ်ဘုရားကို မြင်ဖူးကြပါသည်။
သူက အလွန်ဆန်းကြယ်ကာ ကျန်သည့်သူများရှေ့၌ ဘယ်သောအခါမှ ထွက်ပေါ်လာခြင်း မရှိပေ။
ဂိုဏ်း၏ တင်းကျပ်သော ရာထူးဂုဏ်သိမ် အဆင့်ဆင့်ကြောင့် အားကြီးသူအတွက် အားနည်းသူကို ဖိနှိပ့်နေတာ သဘာဝဖြစ်သည်။ ထို့အပြင် သားရဲသည် လူသားများကို ရံဖန်ရံခါ အစုလိုက် အပြုံလိုက် သတ်ဖြတ်၏။
နဥ်ယွိဟန်က ထိုကဲ့သို့ မပြုလုပ်ချင်သောကြောင့် ထွက်လာခဲ့သည်။
” မင်း မွေးရပ်မြေကို မပြန်ဘူးဆိုတော့ မင်းရဲ့ ကုသခြင်းကျင့်စဥ်ကို မင်းငါ့ဆီမှာ မနေ့တုန်းက ချန်ထားချင်ခဲ့တယ်လို့ ပြောတာလေ ”
” အား။ ဟုတ်ကဲ့။ ”
နဥ်ယွိဟန်က ချက်ချင်းပင် ယဲ့ရှောင်အား ကုသခြင်းကျင့်စဥ် ယူလာပေးလိုက်သည် ။ ယဲ့ရှောင်က ၄င်းကို လက်ခံယူပြီးနောက် တစ်ချိန်တည်းတွင် နောက်ထပ် ကျင့်စဥ် နှစ်မျိုးကိုလွှဲပေးလိုက်၏။
” တခြားနေရာကနေ ဒီကျင့်စဥ်နှစ်မျိုးကို ဝယ်လာတာပဲ။ စာကြည့်တိုက်မှာ မရှိတဲ့ ကော်ပီတွေ။ မင်းအတွက် ကျင့်ကြံဖို့က အရမ်းသင့်တော်တယ်။ ထိခိုက်မှာ မဟုတ်ဘူး ”
နဥ်ယွိဟန်က လက်ကာပြလိုက်သည်။
” ဆရာ မလိုအပ်ဘူး။ ကျွန်တော့် ကျင့်စဥ်က သိပ်ပြီး မဆိုးပါဘူး။ ဆရာ့ကို ဘယ်လိုလုပ် ပိုက်ဆံသုံးခိုင်းပါ့မလဲ ”
” ယူထားလိုက်။ မင်းကိုမင်း ကာကွယ်ဖို့ ကျင့်စဥ်တွေလည်း ကျင့်ထားသင့်တယ်။ ဒီတစ်ခေါက် ကံကောင်းသွားပေမဲ့ နောက်တစ်ခေါက်တော့ ကံမကောင်းလောက်ဘူး ”
ယဲ့ရှောင်သည် နောက်ထပ် ရှင်းပြချက်များကို
စောင့်မနေတော့ပဲ ကျင့်စဥ်များကို နဥ်ယွိဟန်၏ လက်ထဲ ပေးလိုက်သည်။
သူကိုယ်တိုင် ရေးထားသော ကျင့်စဥ်နှစ်မျိုး ဖြစ်သည်။ သူတို့ကို သူကိုယ်တိုင် ရေးထားပြီး ချီ
ရှန်းအဆင့်အောက် ကျင့်စဥ်များနှင့် ညီမျှသည်။ ထိုမျှ မသန်မာသော်ငြား နဥ်ယွိဟန်အတွက် လုံလောက်တာထက် ပိုနေပြီးသားဖြစ်သည်။ သူနှင့် အလဲအလှယ် လုပ်တာက အကျိုး မယုတ်တော့
ပေ။
ကျင့်စဥ်များ လက်ခံရယူပြီးနောက် သူက စာအုပ်ဖတ်ရန် ဘေးသို့ ထွက်သွားသည်။
နဥ်ယွိဟန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချရုံသာ
တတ်နိုင်၏။
သို့သော် ရင်ထဲတွင်မူ အတော်ပျော်ရွှင်သွားသည်။ ဆိုရလျှင် ကြီးကြပ်သူက သူ့ကို အလွန်လေးစားသမှု ရှိသည်။ ထိုဆက်ဆံမှုက သူ သားရဲနတ်ဘုရားဂိုဏ်းထဲတွင် ယခင်က တစ်ခါမှ မရခဲ့ဖူးသည့် အရာဖြစ်သည်။
စာကြည့်တိုက်ထဲတွင် ကြီးကြပ်သူနှင့်အတူ အလုပ်ကြိုးစားရန် ဆုံးဖြတ်လိုက်၏။ သူက ရာထူးတိုး
မြင့်ပြီး သူ့ဘဝ၏ အထွတ်အထိပ်ကာလကို တတ်နိုင်သမျှ ရောက်ချင်၏။
အပိုင်း ၅၈ ပြီး၏။