စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၇။ လွတ်လပ်ခွင့်ကို တက်နင်းထားတာ။ ဒါဘယ်လို တရားမျှတမှုမျိုးလဲ။
” မင်း ကိုယ်ပေါ်က သားရဲလူသား အနံ့အသက်ကို ဖုံးကွယ်ဖို့အတွက် ရေဆိုးမြောင်းရဲ့ အနံ့ကို သုံးတာ။ မင်း အတော် ပါးနပ်သားပဲ ”
” ကံဆိုးတာက ငါတို့ မင်းကို တွေ့တဲ့အချိန် မင်းဆီမှာ စိတ်ဝိညာဥ်အမှတ်အသား၊ မှတ်ပြီးသား ”
ကြွက်သားများဖြင့် လူက မျက်နှာချင်းဆိုင်မှ လျှောက်လာတော့သည်။ သူတို့နှစ်ယောက် နဥ်ယွိဟန်ကို ဝိုင်းထားပြီး လက်နှစ်ဖက်လုံးမှာ သူ့ကို ပိတ်ဆို့ထားလိုက်၏။
နဥ်ယွိဟန်၏ မျက်လုံးသားက ချက်ချင်းအေးစက်သွားတော့၏။ သူတို့သည် သူ၏ ခန္ဓာကိုယ်ပေါ် ဝိညာဥ်အမှတ်အသား ရိုက်နှိပ်ပြီး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။ သူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ရန်သူနှစ်ဦး ရောက်လာလေရာ နဥ်ယွိဟန်က အံကြိတ်ထားလိုက်တော့သည်။ စိတ်ထဲ၌ အတွေးများ ရုန်းကန်နေစဥ် သူက ခြေထောက်ကို ဆောင့်နင်းလျက် ခန္ဓာကိုယ်က မြှားတစ်စင်းအသွင်ပြောင်းလဲသွားကာ ဖက်တီးဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။
” မင်းက သေချင်နေတာပဲ ”
ထိုဖက်တီးက အေးတိအေးစက် ရယ်မောလျက် ခြေထောက်ဆောင့်နင်းလိုက်၏။ သူ့ရှေ့ရှိ အင်္ဂတေက ချက်ချင်းပင် ပြင်းထန်သော ဖိအားကြောင့် ကွဲကြေသွားပြီး အင်္ဂတေပြားကြီးတစ်ချပ်က ပိတ်ဆို့ရန် သူ့ရှေ့ကို မလိုက်တော့သည်။
သို့သော် နဥ်ယွိဟန်က နောက်မဆုတ်သွားပေ။ ဖက်တီးရှေ့သို့ သွားလိုက်ပြီး ထိုအင်္ဂတေပြားကို ထိုးချလိုက်၏။
ဖုန်း။
ပြင်းထန်သည့် ပေါက်ကွဲသံနောက်တွင် အင်္ဂတေပြားက တစ်စစီဖြစ်သွားတော့၏။
နဥ်ယွိဟန်၏ လက်ချောင်းများနှင့် လက်မောင်းကလည်း ပြင်းထန်သည့် နာကျင်မှုက သူ၏ မျက်နှာကို ရှုံ့မဲ့သွားစေတော့သည်။
သို့သော် တစ်ချိန်တည်းတွင် အမြန်ဆုံးအရှိန်ဖြင့် သူ့ လက်ကို ပြန်လည်ကုသရန် ကုသခြင်းကျင့်စဥ်ကို အသုံးပြုလိုက်၏။
ပြီးနောက် နဥ်ယွိဟန်၏ လက်က ဖက်တီး၏ ခန္ဓာကိုယ်ဆီသို့ ထပ်ရောက်သွားသည်။ သူ၏ လက်သီးက အမြှောက်စံတစ်ခုသဖွယ် ဖက်တီး၏ အဆီပြင်ဆီသို့ နစ်ဝင်သွားတော့၏။
သို့သော် ထိုဖက်တီး၏ မျက်နှာတွင် အပြုံးဖျော့ဖျော့ ရှိနေသေးသည်။
” မကောင်းတော့ဘူး ”
နဥ်ယွိဟန်၏ စိတ်ထဲ၌ အတွေးတစ်ချက်
ပေါ်လာစဥ် ဖက်တီး၏ လက်သီးကြီးက သူ၏ ခန္ဓာကိုယ်ပေါ် အညှာအတာမရှိ ရောက်လာတော့၏။
ဖုန်း။
ထိုလက်သီးကြီးကြီးက ရန်သူ၏ စူပါစွမ်းအား ကျင့်စဥ်ဖြင့် သယ်ဆောင်လာသော အားဖြင့် ပေါင်းသွားပြီး နဥ်ယွိဟန်ကို ချက်ချင်း လွင့်ထွက်သွားစေတော့သည်။ သူ၏ လက်ကောက်ဝတ်ကလည်း ပုစွန်တစ်ကောင်သဖွယ် ကွေးသွားတော့သည်။
ဖောက် ဖောက် ဖောက်။
နဥ်ယွိဟန်သည် ပေ ၁၅၀ကျော် လွင့်ထွက်သွား၏။ သူက မြေပြင်ပေါ်အကြိမ်ရေ အနည်းငယ် လိမ့်ထွက်သွားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားတော့သည်။
သူ၏ အတွင်းအင်္ဂါများ ဒဏ်ရာများ ရကုန်ပြီး နံရိုးများလည်း ကျိုးကြေကုန်၏။ ရင်ဘက်၌လည်း ချိုင့်သွားတော့သည်။
သို့သော် သူ၏ ဒဏ်ရာများကို ကုသရန်အတွက် ကုသခြင်းကျင့်စဥ်ကို မြန်မြန်ဆန်ဆန် သုံးလိုက်လေ၏။
သူက ရေထဲတွင် ရုန်းကန်နေသော ပုရွက်ဆိတ်တစ်ကောင်ပမာ ဖြစ်နေသည်။ အသက်ရှင်နိုင်ခြေက အလွန်နည်းပါးသော်ငြား အသက်ရှင်ရန်အတွက် အကောင်းဆုံး ကြိုးစားနေသေးသည်။ ကြွက်သားဖြင့်လူက လက်ပိုက်ထားလျက် အေးတိအေးစက် ပြောလိုက်တော့သည်။
” ငါ သူ့ကို သတ်လိုက်မယ် ”
” ဒီကောင်က ငါတို့ ခေါင်းဆောင်ကို တကယ်ဆန့်ကျင်နေတဲ့ပုံပဲ။ ဒီလိုဆိုမှတော့ သားရဲနတ်ဘုရားဂိုဏ်း အမည်အတိုင်း သူ့ရဲ့ လမ်းကြောင်းကို ပို့လိုက်တာပေါ့ ”
ဖက်တီးက မဲ့ပြုံးပြုံးလိုက်သည်။
” နှမြောစရာပဲ။ သူ့မှာ ငွေရောင်မြေခွေးသွေးမျိုးဆက် ရှိနေပြီ။ ငွေရောင်မြေခွေမျိုးနွယ်စုရဲ့ ကုသခြင်းနည်းစနစ်က ပြိုင်စံရှားပဲ။ နှမြောစရာ ကောင်းလိုက်တာကွာ ”
ထိုသို့ပြောပြီးနောက် အကြည့်က ရုတ်တရက် စူးရှသွားတော့သည်။ သူ့ နောက်တွင် ဧရာမ ဖားပုံကြီးက ဖားပျော်ပုံပေါ်လာလျက် ပတ်ဝန်းကျင်ရှိ အမှော်ယံကောင်းကင်ကို လင်းထိန်သွားစေကာ အစိမ်းရင့်ရင့် အလင်းရောင်အဖြစ် ပြောင်းလဲလိုက်တော့သည်။
ယင်းက သူ၏ အံ့ဖွယ်ဝိညာဥ်ဖြစ်သည်။
သားရဲလူသားများသည် သာမန်လူသားများထက် ပိုသန်မာနေရခြင်းမှာ သူတို့၏ အံ့ဖွယ်ဝိညာဥ်များက အဆင့်တူ သာမန်လူသားများထက် ပိုအစွမ်းထက်သောကြောင့် ဖြစ်သည်။ ထိုနည်းတူ သူတို့၏ ကျင့်စဥ်များကို အသုံးပြုသည့် အချိန်တွင် အဆင့်မြင့်တင်မှုကလည်း ပိုသန်မာလာ၏။
” အံ့ဖွယ်ဝိညာဥ်၊ ဖားကျင့်စဥ်၊ ဖားနတ်ဘုရား ဆင်းသက်ခြင်း ”
အော်သံတစ်ချက်ဖြင့် မမြင်ရသော ဝိညာဥ်စွမ်းအားတို့က ဖားထံမှ ပေါ်ထွက်လာပြီး နဥ်ယွိဟန်၏ ခန္ဓာကိုယ်ပေါ် အမြှောက်စံတစ်ခုသဖွယ် ပြုတ်ကျလာတော့သည်။
ကြမ်းတမ်းသည့်စွမ်းအားက နဥ်ယွိဟန်၏ အရိုးများကို ပြင်းထန်စွာ ထိခိုက်သွားစေ၏။
ဖွီး။
ဖူး။
သူက သွေးတစ်ပွက် အန်လိုက်ပြီးနောက် သတိလစ်သွားတော့သည်။
ဖုန်း။
ကြမ်းတမ်းသည့် ပေါက်ကွဲသံနှင့်အတူ ကတ္တရာ လမ်းမပေါ်၌ အပေါက်ကြီးတစ်ပေါက် ပေါ်လာတော့သည်။
တိုက်ကွက်ပြီးသွားချိန်တွင် မြေပြင်မှ မီးခိုးငွေ့များ တစ်ထောင်းထောင်း ထွက်လာတော့၏။
” အချိန်ဖြုန်းတီးရာ ရောက်တယ်ကွာ။ ငါတို့ နှစ်ယောက်လုံးက ရည်ရွယ်ချက်တစ်ခုအတွက်ကြောင့် ကျန်းဟိုင်မြို့ကို ရောက်လာတာ ဆိုပေမဲ့ သူ့ကို သတ်ရသေးတာပဲ ”
” ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး။ သူက သားရဲနတ်ဘုရားခိုင်းတာကို သစ္စာဖောက်ခဲ့တာ။ သူ ပြန်မသွားချင်ဘူးဆိုရင်တောင် သားရဲနတ်ဘုရားရဲ့ အမှန်တရား ဥပဒေအတိုင်း သူ့ကို အပြစ်ပေးရမှာပဲ ”
ထိုစကားပြောလိုက်သည်နှင့် အေးစက်စက် အသံတစ်သံက သူတို့နားထဲ ရုတ်တရက် ရောက်လာတော့သည်။
” စိတ်ရှိသလို လွတ်လပ်မှုကို နင်းချေနေတယ်။ ဒါဘယ်လို အမှန်တရားလဲ ”
” ဘယ်သူလဲ ”
သူတို့ အမူအယာများက တောင့်ခဲကုန်ကာ အသံလာရာဘက်ကို ရုတ်တရက် ကြည့်လိုက်ကြသည်။ သူတို့ မြင်လိုက်ရသည်က အေးစက်စက် မျက်နှာထားဖြင့် လူငယ်တစ်ဦးပင် ဖြစ်၏။ သူက အိတ်ကပ်ထဲ လက်တစ်ဖက် ထည့်ထားလျက် ကျန်လက်တစ်ဖက်က သွေးများ လွှမ်းနေပြီး အသက်ငင်နေသော နဥ်ယွိဟန်ကို ကိုင်ထားလေသည်။
နဥ်ယွိဟန်သည် မော့ကြည့်ရန် အကောင်းဆုံး ကြိုးစားသော်ငြား သူ့ ခန္ဓာကိုယ်ထဲရှိ နာကျင်မှုက သူ့ကို မည်သည့်ခွန်အားမှ မကျန်ဖြစ်စေတော့သည်။ ခဏအကြာတွင် သူက အပြည့်အဝ သတိလစ်သွားတော့၏။
တစ်ဖက်လူများက သူ့ကို တစ်ချက်သာကြည့်ပြီး ထူးမခြားပြောလိုက်လေသည်။
” အိပ်လိုက် အိပ်လိုက်။ ပြန်နှိုးလာတာနဲ့ ကောင်းသွားလိမ့်မယ် ”
ရောက်လာသည့်သူက ယဲ့ရှောင်ပင် ဖြစ်သည်။
သူသည် မြည်းသားစွပ်ပြုတ်ကို စားသောက်ပြီးနောက် အိမ်ပြန်ရန် ပြင်နေတာပဲ ဖြစ်သည်။ ဆင်ခြင်ဖုံးဒေသ၌ နဥ်ယွိဟန်ကို တွေ့လိမ့်မည်ဟု သူ မထင်ထားပေ။ သူ ပိုတောင်မထင်ထားသည်က သူ၏ ကိုယ်ပိုင်မျိုးနွယ်စုဝင် နှစ်ယောက်က နဥ်ယွိဟန်ကို လိုက်နေမည် ဆိုတာပဲ ဖြစ်သည်။ ယဲ့ရှောင်က ထိုအကြောင်းကို တစ်ချက်ခန့် တွေးမိပြီးနောက် သဘောပေါက်သွား၏။
စာအုပ်ထဲတွင် ဆိုထားသည်က ကြယ်တာရာသားရဲများသည် သူတို့ ကိုယ်ပိုင်မျိုးနွယ်၏ အငွေ့အသက်ကို အလွန်သိလွယ်သည်။ သူသည် နေ့လယ်ခင်း၌ ကြောင်ပေါက်လေးကို ကယ်တင်ခဲ့ပြီး သူ၏ ကိုယ်ပိုင်အငွေ့အသက် စိမ့်ထွက်စေခဲ့မိသောကြောင့် ဖြစ်နိုင်သည်။ သူ့ မွေးရပ်မြေကို ပြန်ရမည်ဟု စာပို့ခဲ့တာ အံ့သြစရာ မရှိပေ။ သူက ထွက်ပြေးချင်သောကြောင့် ဖြစ်ပေ၏။
ဒီအရူးကတော့ သူသာ ဤနေရာသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်မလာခဲ့လျှင် ယနေ့ဆို ထိုသူ ဖုန်မှုန့် ဖြစ်နေလောက်ပြီပင်။
ယဲ့ရှောင် ပြန်မပြောတာကို တွေ့သောအခါ ဖက်တီး၏ အမူအယာက ရုပ်ဆိုးသည့် အမူအယာ ဖြစ်သွားတော့သည်။
” ဟေ့ကောင်။ မျိုးမစစ်ကောင်။ ငါ့ကို လျစ်လျူရှူရဲတယ်ပေါ့။ မင်း ဘာလုပ်နေလဲဆိုတာ သိလား။ မင်း ”
” ဆူလိုက်တာကွာ ”
သူ့ အသံက မဖျော့သေးခင် ယဲ့ရှောင်က စိတ်မရှည် လက်မရှည် ရေရွတ်ပြောလိုက်၏။ တစ်ချိန်တည်းတွင် သူ၏ မျက်လုံးထဲမှ ငွေရောင်ဓါးမော့အလင်းတန်းတစ်ခု ပေါ်ထွက်လာတော့သည်။
ဖုန်း။
ဓါးမော့အလင်းက ကြွေကျလာသော ကြယ်တစ်စင်းကဲ့သို့ ဖြစ်နေပြီး ညအမှောင်ယံ ကောင်းကင်အောက်၌ ဖြတ်ခနဲ လက်နေကာ ဖက်တီး၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိသွားတော့သည်။
ကြွက်သားဖြင့် လူ၏ သူငယ်အိမ်များက ချက်ချင်း ကျုံ့သွားကာ သူ့ တစ်ကိုယ်လုံးပေါ်ရှိ အမွေးများ ထောင်ထကုန်လျက် ကြက်သီးများ ထလာတော့သည်။
သိပ်အစွမ်းထက်တာပဲ။ အစွမ်းထက်လွန်းလို့ကြက်သီးထအောင် လုပ်နိုင်တယ်။
ဂလု။
သူက တွံတေးမြိုချလိုက်မိပြီး နှလုံးက သူ၏ လည်ပင်းအပြင်ဘက်တို့ ခုန်ထွက်တော့မည့်ပမာ ဖြစ်နေသည်။
အစောပိုင်း၌ ယဲ့ရှောင်ကို ပထမဆုံး မြင်ရချိန်တွင် ထိုလူက သာမန် မဟုတ်ဘူးဟု ခံစားမိပြီ ဖြစ်သည်။ သူ့ အသင်းဖော်၏ တိုက်ကွက်ထံမှတစ်စုံတစ်ယောက်ကို ကယ်တင်နိုင်ခြင်းက ထိုအဆင့်ရှိ ကျင့်ကြံဆင့်သည် အလွန်ရှားပါးတာဖြစ်သည်။
သို့သော် တစ်ဖက်လူသည် သူ၏ အသင်းဖော် အဌမအဆင့် သိုင်းပညာရှင်တစ်ဦးကို သာမန်ဓါးမော့ဆန္ဒတစ်ခုဖြင့် အညှာအတာမဲ့ သတ်နိုင်လိမ့်မည်ဟု တကယ်မထင်ထားပေ။
ထို့အပြင် ယင်းက ချက်ချင်း သတ်ဖြတ်လိုက်တာပဲ ဖြစ်သည်။ ထိုကဲ့သို့သော ခွန်အားဖြင့် ချီရှန်းပညာရှင် တစ်ဦးတောင် သမန်ကာလျှံကာ မတိုက်ခိုက်လေရာ သူဆိုလျှင် မည်သို့ တိုက်နိုင်မည်နည်း။ သူ လက်တစ်ချောင်းတောင် မလှုပ်ခဲ့ပေ။
အကြောက်တရားက ပျံ့နှံ့သွား၏။ ယဲ့ရှောင် သူ့ကို ကြည့်နေတာ မြင်ချိန်မှစပြီး သူ ကြောက်လန့်လွန်းသောကြောင့် တုန်ယင်နေကာ ချက်ချင်း ဒူးထောက်လိုက်တော့၏။
” ဆရာ။ ဆရာ။ ကျွန်တော့်ကို မသတ်ပါနဲ့။ နားလည်မှုလွှဲတာပါ။ ဒါတွေအားလုံးက နာလည်မှုလွှဲတာပါ။ အမိန့်အတိုင်း ဆောင်ရွက်ဖို့ ဖိအားပေးခံနေရတာပါ။ တကယ်တော့ ကျွန်တော်နဲ့ သူ ဆက်ဆံရေးက အတော်ကောင်းပါတယ် ”
ယဲ့ရှောင်က သူ့ကို အာရုံမစိုက်ပေ။ နဥ်ယွိဟန်ကို သယ်ပြီးနောက် လှည့်ထွက်သွားသည်။
ကြွက်သားဖြင့် လူက သက်ပြင်းချလိုက်၏။ သူ အသက်ရှင်ခဲ့သည်။ ကံကောင်းသည်မှာ သူက ပါးနပ်ပြီး သက်ညှာပေးရန် ဒူးထောက်တောင်းပန်ရမည်မှန်း သိနေသည်။
ဟား။ ဟား။ ဟား။
ဘန်း။
ချက်ချင်းပင် သူက သွေးမြူအဖြစ် ပေါက်ကွဲသွားတော့၏။ အမှောင်ထုထဲတွင် ယဲ့ရှောင်၏ အသံက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
” ငါ့ကို တွေ့ပြီး လှုပ်ရှားတဲ့ သူတွေ သေရမယ် ”
အပိုင်း ၅၇ ပြီး၏။