Switch Mode

Chapter – 55

ကြယ်တာရာ သွေးမျိုးဆက်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၅။ ကြယ်တာရာ သွေးမျိုးဆက်။

ပုံမှန်အားဖြင့် လူသားများနှင့် ကြယ်တာရာသားရဲများက ကွဲပြားခြားနားသော မျိုးနွယ်စုနှစ်စု ဖြစ်သည်။ သို့သော် အချို့သော မထင်ထားသည့်ဖြစ်ရပ်များ ဖြစ်နိုင်တာ မလွှဲမသွေပင် ဖြစ်သည်။

ဥပမာအနေဖြင့် လူသားများက စိတ်ကူးယဥ်ဆန်ပြီး အပြောင်းအလဲမြန်သော အကြံဉာဏ်ရှိနေလျှင် ကြယ်တာရာသားရဲ၌ စိတ်အားထက်သန်တို့ ရှိနေလျှင် ဖွင့်ဆိုယှဥ်ပြိုင်၍ မရသည့် တစ်စုံတစ်ခုက ဖြစ်လာပေမည်။

သူ ယခင်ဘဝက ကဲ့သို့ပင် ဓာတုကုထုံးအတွက် ဆေးရုံနှင် ကုသမှုခံယူစဥ်တွင် ယဲ့ရှောင်က ကွာရှင်းပြီး အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ဖူး၏။ သိချင်စိတ်ကြာင့်လေလော သို့တည်းမဟုတ် အသားမရှိတာ ကြာလွန်းသောကြောင့် မြုံသည်ဟု ခံစားလိုက်လေသောကြောင့် ဖြစ်ဟန်တူသည်။ ထိုပုံထိုနည်းဖြင့် မည်သည့်နည်းနဲ့မဆို အဆုံးတွင်မူ ဆရာဝန်က ခွေးပေါက်လေးကို မေ့ဆေးပေးပြီးနောက် သူ့အရာကို ဖြတ်ထုတ်ရန် ဓါးသုံးခဲ့ရတော့သည်။ ဒီတော့မှ ဖြေရှင်းပြီးသွားတော့သည်။

သို့သော် ​ဤနေရာတွင် အလွန်ပြင်းထန်သော ပြဿနာတစ်ရပ် ရှိနေသည့် ကြယ်တာရာသားရဲများနှင့် တောရိုင်းတိရစ္ဆာန်များက မတူညီသည့် သဘောတရားနှစ်ရပ် ဖြစ်သည်။

ကြယ်တာရာသားရဲများနှင့် လူသားများက ကျင့်ကြံနိုင်စွမ်းရှိကြသည်။ ထို့ကြောင့် မျိုးပွားရန် အကန့်အသတ် မရှိတာ ဖြစ်နိုင်သည်။ တစ်နည်းဆိုရလျှင် လူသား၏ သွေးမျိုးဆက် တစ်ဝက်နှင့် ကြယ်တာရာသားရဲ၏ သွေးမျိုးဆက် တစ်ဝက်တို့ ရှိနေသည့် တည်ရှိမှုကို မွေးထုတ်နိုင်လောက်ပေသည်။ ထိုကဲ့သို့သော တည်ရှိမှုကို လူသားများက တားမြစ်ထား၏။

ယဲ့ရှောင်၏ အမြင်တွင် လူသားများက ကြောက်ရွံ့ပြီး မနာလိုဖြစ်သောကြောင့် တစ်ဖက်သူ၏ ပါရမီကို သန်မာလွန်းသည်ဟု တွေးမိနေတာ ဖြစ်ဟန်တူသည်။ ဒဏ္ဍာရီများအရ လူသားများ၏ ကျင့်စဥ်သည် ကြယ်တာရာသားရဲများဆီမှ ရရှိတာပဲ ဖြစ်သည်။ အကြောင်းမှာ ကြယ်တာရာသားရဲများသည် မိုးနှင့်မြေ၏ ဝိညာဥ်စွမ်းအားဖြင့် ဆက်သွယ်နိုင်သော ပါရမီဖြင့် မွေးဖွားလာသောကြောင့် ဖြစ်သည်။ သူတို့၏ သွေးမျိုးဆက်အတွင်း မွေးရာပါ အထူးစွမ်းရည်အချို့တောင် ရှိကြသည်။

လူသားကျင့်စဥ်များသည် ထိုအထူးစွမ်းရည်များမှ သင်ယူထားတာပဲ ဖြစ်သည်။ သို့သော် လူသားများက လူသားများဖြစ်နေသေး၏။ သူတို့က ကျင့်ကြံရန်အတွက် ကျင့်စဥ်များကို အားကိုးရန် လိုအပ်သေးသည်။

သူတို့၌ ကြယ်တာရာသားရဲသွေးမျိုးဆက် ရှိနေခဲ့လျှင် ကျင့်ကြံရန် မလိုအပ်တော့ပေ။ သူတို့၏ သွေးမျိုးဆက်ထဲတွင် မွေးရာပါ စွမ်းရည်ကို ထုတ်သုံးလိုက်ပါက သူတို့၏ သဘာဝကျင့်စဥ်ကို အလိုလို ကျင့်ကြံ ဖေါ်ဆောင်ပြီးသွားမည်။ ဤနည်းဖြင့် သူတို့ဘာသာသူတို့ ကျင့်ကြံနိုင်ပေမည်။

ထို့အပြင် ကြယ်တာရာသားရဲများ၏ သွေးမျိုးဆက်က ဝိညာဥ်စွမ်းအားများကို စုပ်ယူရန်တွင် လူသားထက် ပိုလွယ်ကူပေ၏။ ထိုအကြောင်းရင်းကြောင့် လူသားများစွာနှင့် ကြယ်တာရာသားရဲသွေးနှောများက သမိုင်းကျောင်းထဲတွင် ပေါ်လာသည်။ ထိုအကြောင်းကြောင့် ဖြစ်ဟန်တူသည်။ သို့သော် နောက်ပိုင်းတွင် ကြယ်တာရာသားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် သူများက မဆိုးပဲ သူတို့ခွန်အား လျှင်မြန်စွာ တိုးတက်လာတာကို သတိပြုမိပြီးနောက် ယင်းက ပုန်းကွယ်နေသော အန္တရာယ်တစ်ရပ် ဖြစ်လာတော့သည်။

ထိုနည်းဖြင့် လူသားများ တစ်ဝက်သည် သားရဲသဘာဝရှိကြပြီး ထိန်းချုပ်ရ အလွန်ခက်ခဲသည်။

သူတို့ ထိန်းချုပ်မှု ဆုံးရှုံးသွားသည်နှင့် နားလည်သဘောပေါက်မှုများ ပေါင်းလိုက်ပြီး သူတို့ ဖြစ်စေနိုင်သော ထိခိုက်မှုက ကြယ်တာရာသားရဲစစ်စစ်များထက် ပိုတောင်ပြင်းထန်၏။ ထို့ကြောင့် သားရဲသွေးနှောများသည် တားမြစ်ခံ တည်ရှိမှုများ ဖြစ်လာတော့သည်။

နဥ်ယွိဟန်က ကြောင်ပေါက်လေးကို ခေါင်းပုတ်ပေးလိုက်၏။
” ကောင်စုတ်လေး။ နောင်ကြ လျှောက်မသွားနဲ့တော့နော်။ လမ်းကူးတဲ့ခါ ဂရုစိုက်မှ ရမယ် ”

မြောင်။

ကြောင်ပေါက်လေးက နဥ်ယွိဟန်၏ လက်ကို အကြိမ်ရေအနည်းငယ် လျှက်နေလိုက်သည်။ ပြီးနောက် ဘေးရှိ ချုံပုတ်ထဲသို့ ခုန်ဝင်သွားတော့သည်။

နဥ်ယွိဟန်က မတ်တပ်ထရပ်လိုက်ပြီး ယဲ့ရှောင်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်နှာက အနည်းငယ် နီသွားတော့သည်။

ဒီကလေးက တကယ် ငါ့ကို သတ်နေတာပဲ။

” ကြီးကြပ်သူ။ ကျွန်တော်က ယောင်္ကျားလေး မဆန်လို့လား ”

ထိုစဥ် လူကူးမျဥ်းကြားရှိ ဖြတ်ကူးရန် အလင်းက စိမ်းသွားပြီ ဖြစ်သည်။ ယဲ့ရှောင်က အကြည့်လွှဲလိုက်ပြီး အိတ်ကပ်ထဲ လက်ထည့်ထားကာ စာကြည့်တိုက်ဆီသို့ ဆက်လျှောက်သွား၏။

” မဆိုးပါဘူး။ ပြောရရင် မင်းက မက်မွန်သီး မစားဘူး။ မိုက်တယ်လို့ မပြောခဲ့ဘူးလေ ”

နဥ်ယွိဟန်က လျှင်မြန်စွာ လျှောက်လာသည်။

” ကျေးဇူးပါ ဆရာ။ ကျွန်တော့်အတွက်တော့ မိန်းကလေး ဆန်တယ်ဆိုတာ သိပါတယ်။ ဘာကြောင့် ဒီလို ဖြစ်နေမှန်း မသိဘူး။ ဒါတောင်မှ ကျွန်တာ့်ကို ဆရာက တစ်ခါမှ မလှောင်ပြောင်ဖူးဘူး။ အနိုင်မကျင့်ဖူးဘူး။ ဆရာ့ကို တကယ်ကျေးဇူးတင်တယ် ”

” တခြားသူတွေကို လေးစားသမှုရှိတာက ပုံမှန်ပဲလေ။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး ”

နဥ်ယွိဟန်၏ အပြုံးတွင် ခါးသက်မှု တစ်စွန်းတစ်စ ပါလာသည်။

” ဒီလိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကထိခိုက်မှုကို ခံစားရတာ များလွန်းတဲ့အချိန် နွေးထွေးမှု တစ်စွန်းတစ်စက ကျေးဇူးတရားကြောင့် ငိုအောင် လုပ်နိုင်ဖို့ လုံလောက်နေတာပဲလေ ”

ယဲ့ရှောင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထိုကလေး၌လည်း ဇာတ်ကြောင်း ရှိနေပုံပေါ်၏။

ဂရုတစိုက် တွေးကြည့်မိသောအခါ အဓိပ္ပာယ်ရှိနေသည်။ ထိုကဲ့သို့ နုနယ်သော အကျင့်စရိုက်၊ လှပသည့် အသွင်အပြင်၊ အမျိုးသားများထံမှ မျက်နှာမျိုး၊ အမျိုးသမီးထံမှ မနာလိုမှုတို့ဖြင့် သူ့ကို လူအများက အလွယ်တကူ အနိုင်ကျင့်နိုင်လောက်သည် မဟုတ်ပါလော။

သို့သော် ယဲ့ရှောင်က ထိုသို့ပြုလုပ်ရန် စိတ်မဝင်စားပေ။ သူက နဥ်ယွိဟန် ပြသထားသော ကုသခြင်းကျင့်စဥ်ကို စိတ်ဝင်စားနေ၏။

ယင်းက သူ၏ ကြယ်တာရာသွေးဆက်အတွင်း၌ ပိုင်ဆိုင်ထားသော အခြေခံကုသခြင်း ကျင့်စဥ် ဖြစ်လောက်သည်။

စာကြည့်တိုက်ထဲတွင် အတော်ကြာ ရှာဖွေခဲ့သော်ငြား အခြေခံကုသခြင်း ကျင့်စဥ်ကို ရှာမတွေ့သေးပေ။ သူ၏ နောက်ဆုံးမျော်လင့်ချက်က နဥ်ယွိဟန်စိတ်တွင် ရှိနေ၏။

သို့သော် သူသည် ထိုကုသခြင်းကျင့်စဥ်ကို ရအောင် မည်သို့ပြုလုပ်သင့်သနည်း။

သူ၏ အထက်လူကြီးဟူသော ရာထူးကို သုံးပြီး သူ၏ အစွမ်းထက်သော ခွန်အားကို သုံးရမည်လော။

တစ်ပါးသူ၏ မှတ်ဉာဏ်ကို စစ်ဆေးရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ကျင့်စဥ်ကို သုံးသင့်သည်လော။

သို့သော် ယဲ့ရှောင်၏ လောကအမြင်က ထိုမျှ မတိမ်ပေ။ သူသည် ကောင်းမွန်သော သင်ကြားပြသမှု ၊ လွှမ်းမိုးမှု ရရှိထားသည့် သာမန်လူတစ်ဦး ဖြစ်သည်။ အားနည်းသူကို အနိုင်ကျင့်ခြင်းက သူ၏ အကျင့်စရိုက် မဟုတ်လေရာ အမျိုးသားတစ်ယောက်၏ လုပ်ရပ်လည်း မဟုတ်ပေ။

ထို့အပြင် နဥ်ယွိဟန်သည် စာကြည့်တိုက်သို့ ရောက်လာချိန်ှစပြီး သူက အလုပ်ကြိုးစားပြီး သူ့ကို သစ္စာရှိသည်။ ထိုအရာများကို ထုတ်ယူရန် ဖိအားပေးခြင်းက သူ့အတွက် ကြမ်းတမ်းလွန်းနေ၏။ ဒါဆိုရင် အလဲလှယ်အနေနဲ့ တစ်ခုခု သုံးရအောင်လား။ အူ။ ဝံပုလွေတွေကို ရှောင်ဖို့ အတွက် သူ့ကို ကျင့်စဥ်တချို့ သွင်းပေးရရင်ရော။

ဒါတွေကို အမျိုးသမီးတွေ သင်နေကြဆိုပေမဲ့ နဥ်ယွိဟန်အတွက် လိုအပ်လောက်တယ်မလား။

ဟုတ်တယ်။ ငါ ဆုံးဖြတ်လိုက်ပြီ။ နောင်ကြ သူနဲ့ စကားကောင်းကောင်း ပြောဖို့အတွက် သင့်တော်တဲ့ အခွင့်အရေးတစ်ခု ရှာရမယ်။

မွန်းတည့်ချိန်တွင် သူတို့က အလုပ်သွားလိုက်ပြီး အရာအားလုံးက ယခင်ကနဲ့ တူညီနေသည်။

ယဲ့ရှောင်က စာဆက်ဖတ်နေစဥ် နဥ်ယွိဟန်က စာအုပ်များကို သိမ်းဆည်းပြီး ဖိုင်များကို ကွန်ပြူတာထဲတွင် မှတ်တမ်းတင်လိုက်၏။

တစ်နေ့ခင်းလုံး အလုပ်လုပ်ပြီးနောက် နဥ်ယွိဟန်က အကြောဆန့်လိုက်ကာ အလုပ်များ ပြီးဆုံးသွားပြီ ဖြစ်သည်။

အလုပ်ဆင်းရန် ခေါင်းလောင်းမြည်လာ၏။ တစ်ချိန်တည်းတွင် သူ့ရှေ့၌ ကော်ဖီပူပူတစ်ခွက် ရောက်လာတော့သည်။

နဥ်ယွိဟန်က မင်သက်သွား၏။ ယဲ့ရှောင်၏ ပြုံးနေသော မျက်နှာကို မြင်သည့်အချိန်၌ သူက ထိတ်လန့်သွားကာ ချက်ချင်းထရပ်လိုက်၏။

” ကြီးကြပ်သူ ယဲ့။ ”

” ကြောက်နေဖို့ မလိုဘူး။ ထိုင်ဦး။ ”

နဥ်ယွိဟန်က အနည်းငယ်စိုးရိမ်ပူပန်လျက် ထိုင်ချလိုက်သည်။ ယဲ့ရှောင် ဘာစီစဥ်နေမှန်း သူ မသိပေ။

သူက ယဲ့ရှောင်ကို ခိုးကြည့်လိုက်လေ၏။

သိပ်ချောတာပဲ။

သူ၏ ကိုယ်ပိုင်အလှတရားသည် အမျိုးသားရော အမျိုးသမီးပါ အပြည့်အဝ လက်ခံနိုင်လျှင် ယဲ့ရှောင်၏ ချောမောခန့်ညားမှုက လူကြီးရော လူငယ်ကိုပါ သတ်နိုင်စွမ်း ရှိသည်။

ထို့အပြင် ကြီးကြပ်သူ ယဲ့က သူ့ကို ငုံ့ကြည့်နေပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါအချို့တောင် ပါနေသည်။

သူသည် ကြီးကြပ်သူ ယဲ့ကဲ့သို့ အမျိုးသားမျိုး အမှန်တကယ် ဖြစ်ချင်သည်။ သူက ချောမောခန့်ညားပြီး ယောင်္ကျားဆန်၏။

” ဟေ့။ ရိုးရိုးသားသားပြော ငါ မင်းကို ဘယ်လိုဆက်ဆံလဲ။ ”

” ကြီးကြပ်သူ ယဲ့က ကျွန်တော့်အပေါ် တကယ်ကောင်းပါတယ်။ ”

” သေချာလား။ ”

နဥ်ယွိဟန်က ခေါင်းညိတ်လိုက်သည်။

” ကောင်းပြီလေ။ ဒါဆို မင်းနဲ့ အပေးယူတစ်ခု လုပ်ချင်တယ်။ မင်း ငြင်းလို့ရတယ်။ အာလုံးက မင်း ပေါ် မူတည်တယ်။ ဝန်လေးနေစရာ မလိုဘူး ”

ထိုသို့ပြောပြီးနောက် ယဲ့ရှောင်သည် သူ့ရှေ့သို့ ကော်ဖီခွက်ကို တွန်းပေးလိုက်သည်။

နဥ်ယွိဟန်သည် ခေါင်းညိတ်မိလိုက်၏။ သူက ကော်ဖီခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်တော့သည်။

” ဆရာ ကျေးဇူးပြုပြီး ပြောပါ ”

” မင်းရဲ့ ကုသခြင်းကျင့်စဥ်ကို သင်ယူချင်တယ်။ ငါ အခမဲ့ မသင်ယူဘူး။ အပြန်အလှန်အနေနဲ့ မင်းကို အလွန်ကောင်းတဲ့ ကျင့်စဥ်တစ်ခု သင်ပေးမယ်။ မင်း မနစ်နာစေရဘူး ”

ထိုသို့ပြောပြီးနောက် နဥ်ယွိဟန်၏ အမူအယာက ချက်ချင်းပင်တည်ကြည်သွားကာ ကပျာကသီ ဖြစ်သွားတော့၏။

သူက ယဲ့ရှောင်ကို အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်လေ၏။

” ကြီးကြပ်သူ ယဲ့။ ကျွန်တော့်ရဲ့ ကုသခြင်းကျင့်စဥ်ကို ဘာကြောင့်များ စိတ်ဝင်စားတာလဲ ”

” လတ်တလောမှာ ငါ ကုသခြင်းကျင့်စဥ်တွေ သင်ယူနေတာ။ မင်းရဲ့ ကုသခြင်းကျင့်စဥ်လိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့် နည်းနည်းသိချင်သွားတာ ”

” ဒီ ကျင့်စဥ်က ကျွန်တော့်မိသားစုက လက်ဆင့်ကမ်းထားတာ အပြင်လူတွေကို ဖြန့်ခွင့်မရှိဘူး။ ကျွန်တော် စဥ်းစားကြည့်ရဦးမယ် ”

ထိုသို့ပြောပြီးနောက် နဥ်ယွိဟန်က ချက်ချင်းထွက်ပြေးသွားပြီး ကော်ဖီတောင် ကုန်အောင်မသောက် သွားပေ။

ယင်းက ယဲ့ရှောင်ကို မျက်ခုံးအနည်းငယ် ပင့်သွားစေသည်။ ကုသခြင်းကျင့်စဥ်က နဥ်ယွိဟန်အတွက် အလွန်အရေးကြီးပုံရသည်။ ဂရုတစိုက် တွေးပြီးပြီး အဓိပ္ပာယ်ရှိကြောင်း သိလိုက်ရသည်။

ယင်းက သူ၏ ကြယ်တာရာသားရဲသွေးမျိုးစား ပါဝင်နေလောက်သည်။ ပျံ့သွားလျှင် သူ သေသွားလောက်၏။ ထို့ကြောင့် ဆန္ဒရှိနေလျှင်တောင် သူ့ကို မသင်ပေးရဲတာ ဖြစ်နိုင်သည်။ သူ အတွေး ချို့တဲ့သွားပုံရ၏။

အပိုင်း ၅၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset