Switch Mode

Chapter – 54

နဥ်ယွိဟန်၏ လျှို့ဝှက်ချက်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၄။ နဥ်ယွိဟန်၏ လျှို့ဝှက်ချက်။

” ကြည့်ရတာ နောင်ကြ ငါ သိုသိုသိပ်သိပ် နေရတော့မယ့် ပုံပဲ ”

ယဲ့ရှောင်က ရေရွတ်ပြောလိုက်သည်။

သူ၏ အထောက်အထား ထုတ်ဖော်ခံရခြင်းမှာ ရနိုင်သည့် အကျိုးအမြတ်က ဆိုးကျိုးထက် ပိုနည်းကြောင်းကို မှန်းဆမိနိုင်သည်။ မဟာမိတ်က သူ့ကို မည်သည့်အရာ ပေးနိုင်သနည်း။ ကျင့်ကြံခြင်း အရင်းအမြစ်များ၊ အာဏာအဆင့်အတန်း၊ ဥစ္စာဓန၊ မိန်းမ အပြစ်မရှိပေ။

အာဏာအဆင့်အတန်း၊ ငွေကြေး မိန်းမတို့က မျှောလင့်နေသည့် တိမ်များကဲ့သို့ ဖြစ်နေသည်။ လူတစ်ယောက်၏ ကျင့်ကြံခြင်းက လုံလောက်အောင် သန်မာလျှင် အလိုရှိသမျှ အရာအားလုံး ရနိုင်သည်။

သို့သော် ကျင့်ကြံဆင့် မရှိလျှင် သူတို့အားလုံးက သင့်ကို တစ်မိနစ်အတွင်း ချန်ထားရစ်မှာပဲ ဖြစ်သည်။ တန်ဖိုးရှိသည့် တစ်ခုတည်းသောအရာက ကျင့်ကြံခြင်းအရင်းအမြစ်များ ဖြစ်သည်။

သို့သော် ယဲ့ရှောင်က တခြားသူများကဲ့သို့ ကျင့်ကြံရန် အရင်းအမြစ် အစုလိုက် အပြုံလိုက် မလိုအပ်ပေ။

သူက စာအုပ်တစ်အုပ် ဖတ်ရှုရန်သာ လိုအပ်ပြီး သူ၏ အံ့ဖွယ်ဝိညာဥ်မှ ရွှေရောင်စာအုပ်က အလိုအလျောက် ကျင့်ကြံသွားမှာပဲ ဖြစ်သည်။ ဤနည်းဖြင့် တစ်ခုတည်းသော အသုံးဝင်သည့် အရာကလည်း အသုံးမဝင် ဖြစ်သွားတော့သည်။ ထို့အပြင် မဟာမိတ်က မည်သည်ကို လိုအပ်သနည်း။ သူ့ကို ရှေ့တန်းသို့ သွားခိုင်းချင်တာ ဖြစ်လောက်သည်။ တပည့်တစ်စုကို သင်ကြားပေးစေချင်တာလည်း ဖြစ်နိုင်၏။ သူတို့အတွက် အခြားသော နိုင်ငံများမှ သိုင်းပညာရှင်များကို ဖြေရှင်းခြင်း၊ တိတ်တဆိတ်လုပ်ကြံခြင်း၊ အချက်အလက်များ စုဆောင်းခြင်းကဲ့သို့သော လျှို့ဝှက်စစ်ဆင်ရေးများ ဆောင်ရွက်ခိုင်းတာတောင် ဖြစ်နိုင်သည်။ ထိုအရာများ အားလုံးက သေစေနိုင်ပေ၏။

သူ၏လက်ရှိ ကျင့်ကြံဆင့်က ရှန်းထျန်းစတုတ္ထဆင့် မဟာချီရှန်းတွင် ရှိသည်။ သူသည် တစ်ဆင့်ပိုမြင့်သော ရန်သူများကို သတ်နိုင်သော်ငြား အလွန်ဆုံးမှ အထွတ်အထိပ် မဟာချီရှန်းတစ်ဦးကို တိုက်ခိုက်နိုင်ရုံသာ ရှိပြီး သို့တည်းမဟုတ် အံ့ဖွယ်ဂိုဏ်းသို့ ခြေချခါစ လူကိုသာ သတ်နိုင်၏။ ဤလောကထဲတွင် အံ့ဖွယ်ဂိုဏ်း၏ မဟာပြီးမြောက်ခြင်းသို့ ရောက်ရှိသည့်သူများ ရှိနေသေးပြီး ထိုအထက်ရှိ တည်ရှိမှုများလည်း ရှိသည်။

ယဲ့ရှောင်သည် ရလဒ်ကို မြင်နိုင်ပြီ ဖြစ်သည်။ သူ အထောက်အထားကို ဖော်ထုတ်ခံရပြီးနောက် ကန့်သတ်ချက်ကို ငြင်းရန် မဖြစ်နိုင်တော့ပေ။

အကြောင်းမှာ စီရင်စု ၉စုက သူတို့၏ စိတ်ဝိညာဥ်ကို တိုက်ရိုက်ညွှန်ကြားပေးနိုင်သော ထိပ်တန်းသိုင်းပညာရှင်များ ရှိနေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက မဟာချီရှန်းတစ်ဦး ဖြစ်နေလျှင် မည်သို့ဖြစ်လာမည်နည်း ။ သူက နာနာခံခံ လိမ္မာသော ခွေးတစ်ကောင်သာ ဖြစ်နေရဦးမှာပဲ ဖြစ်သည်။

ယဲ့ရှောင်သည် သူ၏ ကံကြမ္မာကို တခြားသူများလက် မအပ်ချင်ပေ။

တစ်ဘဝလုံး ပုန်းနေချင်တာ မဟုတ်သော်ငြား အနည်းငယ်ဆုံးတော့ မထုတ်ဖော်ခင် ပြိုင်ဘက်ကင်းသည့် အခြေအနေထိ စောင့်ရဦးမည် မဟုတ်ပါလော။ အဓိက ဂိုဏ်းများက အသက် ၃၀၊ ၄၀ အရွယ် မဟုတ်ပဲ ရှိမည်နည်း။ သူတို့သည် အသက် ၅၀ ၊ ၆၀ ကျော်ပြီးမှ ကျော်ကြားလာတာပဲ ဖြစ်သည်။

သူက အသက် ၂၀ သာ ရှိသေးပြီး သူ့ရှေ့၌ ရှည်လျားသည့် ဘဝခရီး ရှိနေ၏။ စာကြည့်တိုက်ထဲတွင် နေထိုင်ပြီး ၈နှစ်မှ ၁၀နှစ်အတွင်း စောင့်ကြည့်နေနိုင်သည်။

ရွှေရောင်စာအုပ်၏ ကျင့်ကြံဆင့် အရှိန်ဖြင့် ထိုအချိန်ကာလ၌ သူသည် အံ့ဖွယ်ဂိုဏ်းအထက်သို့ ရောက်လောက်ပြီ ဖြစ်သည်။

အံ့သြစရာပဲ။

ယဲ့ရှောင်သည် သူ၏ ရင့်ကျက်သော သဘာဝကြောင့် အမှန်တကယ် အဆင်ပြေမိသည်။

နှစ်ဘဝစာ အတွေ့အကြုံကြောင့် သူ၏ စိတ်ဝိညာဥ်ကလည်း လုံလောက်အောင် ရင့်ကျက်နေပြီ ဖြစ်သည်။ ခေါင်းမွေးတောင် မပေါက်သေးသော လူငယ်လေးများကဲ့သို့ မဟုတ်ပေ။ သူတို့၌ အရည်အချင်း နည်းနည်းလေး ရှိသည်နှင့် စတင် ကြွားလုံးထုတ်ကြပြီး မောက်မာထောင်လွှားကြတော့၏။ အဆုံးတွင်မူ သူတို့က ခြင်များကဲ့သို့ အရိုက်ခံကြတော့သည်။

ဒင်။

ခေါင်းလောင်းသံ မြည်လာပြီး ယဲ့ရှောင်ကို အတွေးနက်နေရာမှ နှိုးလိုက်တော့၏။

နဥ်ယွိဟန်က လျှောက်လာပြီး သူ၏ လက်ထဲတွင် ထူထဲသော စာရွက်တစ်ထပ် ပါလာသည်။ စစ်တမ်းကို အချိန်အတော်ကြာ ကောက်ယူပြီးနောက် သူ နွမ်းနယ်နေတာ ဖြစ်လောက်၏။ သူ၏ မျက်နှာလေးက အနည်းငယ် နီနေပြီး ဆံပင်များကလည်း ချွေးတောင်ကပ်နေလေ၏။

” ကြီးကြပ်သူ ယဲ့။ စာရင်းတွေလုပ်လို့ ပြီးပါပြီ။ စာအုပ်တွေအားလုံး စာရင်းသွင်းပြီးသွားပြီ။ နေ့လယ်ကျ အလုပ်ပြန်လာရင် သူတို့ကို ကွန်ပြူတာထဲ ထည့်လိုက်မယ် ”

” မင်း အလုပ်ကြိုးစားတာအတွက် ကျေးဇူးတင်ပါတယ် ”

နဥ်ယွိဟန်က သိမ်မွေ့စွာ ပြုံးလိုက်တော့သည်။

” ကြီးကြပ်သူက ကျွန်တော့်ကို ရာထူးတိုးပေးပြီးပြီပဲ။ အလုပ်ကြိုးစားရမှာပေါ့။ ဒါမှ ကြီးကြပ်သူရဲ့ မျော်လင့်ချက်အတိုင်း နေနိုင်မှာပဲလေ ”

ယဲ့ရှောင်က စာအုပ်ပိတ်ပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။

” သွားကြမယ်။ မင်း နေ့ဝက်လောက် အလုပ်ကြိုးစားလာတာ ဒီနေ့ မင်းကို နေ့လယ်စာ သွားစားကြရအောင်။ ငါ ဒကာခံမယ် ”

” ကျွန်တော်ကို ကျွေးခွင့်ပေးပါ။ ကြီးကြပ်သူကို ဘယ်လိုလုပ် ကျွေးခွင့်ပေးရပါ့မလဲ ”

” မြှောက်ပင့်နေတာ ရပ်လိုက်တော့။ ငါ ဒါမျိုး မကြိုက်ဘူး ”

နဥ်ယွိဟန်က လျှာသေးလေးကို တစ်လစ်ထုက်လိုက်ပြီးနောက် သူ့ လက်ထဲရှိ စာရွက်စာတမ်းများကို ချလိုက်သည်။ ပြီးနောက် စာကြည့်တိုက် အပြင်ဘက်သို့ ယဲ့ရှောင်နောက်မှ လိုက်လာတော့၏။

ယဲ့ရှောင်က ကပ်စေးနဲသူ မဟုတ်ပေ။ မည်သည့်နည်းနဲ့မဆို သူက ရာထူးတက်ထား၏။ ခေါင်းဆောင်၏ အရည်အသွေးအချို့ သူ့တွင် ရှိရပေမည်။ ထို့ကြောင့် နဥ်ယွိဟန်ကို ဟော့ပေါ့အစပ် စားရန် ခေါ်လာတော့သည်။

ပါဝင်ပစ္စည်းများက သူ၏ တစ်လငှားရမ်းခနှင့် ယှဥ်နိုင်သည်။

” ရှူး ”

နဥ်ယွိဟန်သည် အလုတ်အနည်းငယ်စားပြီး စပ်နေသောကြောင့် လျှာထုတ်နေမိတော့သည်။ မူလက အနီရောင်သမ်းသော မျက်နှာက ပိုတောင်ရဲလာလေ၏။

သူက လက်သေးလေးကို ဝှေ့ရမ်းလျက် သူ၏ ပါးစပ်လေးရှေ့၌ ယပ်ခတ်နေကာ ရေများကို မြန်မြန်သောက်လိုက်တော့သည်။

သာမန်ယောင်္ကျားလေးတစ်ဦးက ထိုကဲ့သို့ အပြုအမူမျိုး ပြုလုပ်လျှင် မရေမတွက်နိုင်သော အမျိုးသားများ ၊ အမျိုးသမီးများကို ပျို့အန်စေပြီးတာ ကြာပြီဖြစ်သည်။ သို့သော် နဥ်ယွိဟန်၏ အပြုအမူက ဆိုင်ထဲတွင် စားနေသော ယောင်္ကျားလေးအချို့ကို တိတ်တဆိတ် ခိုးကြည့်မိစေ၏။

ယဲ့ရှောင်က အနည်းငယ် ဆွံ့အသွားသည်။ ထိုလူများ၏ အကြည့်က ဒုက္ခရောက်စေလွန်းသည်။

သာမန်အခြေအနေအောက်တွင် ယောင်္ကျားလေးတစ်ဦးက အလွန် မိန်းမဆန်နေလျှင် အမျိုးသားများစွာနဲ့ အမျိုးသမီးများစွာများကိုတောင် မသက်မသာဖြစ်စေမှာ သေချာသည်။

သို့သော် နဥ်ယွိဟန်ကမူ မတူပေ။ သူက အမျိုးသမီးတစ်ဦး ရှိသင့်သည့် စိတ်နေစိတ်ထားမျိုး ရှိနေသည်။ သူက ဆိုးယုတ်တာ မဟုတ်ပေ။ သူ့ထဲတွင် သန့်စင်မှု တစ်စွန်းတစ်စလည်း ရှိနေ၏။ ဟန်ဆောင်နေတာ မဟုတ်ပေ။

သူက အမျိုးသမီးတစ်ဦး၏ တာဝန်ကို လုယူထားသော တည်ရှိမှုမျိုး ရှိနေတော့သည်။

” ဟူး။ စပ်လိုက်တာနော် ”

ရေတစ်ငုံအပြည့် သောက်ပြီးနောက် နေထိုင်ရတာ ပိုကောင်းသွားသည်။

ထိုစဥ် ကျောင်းသားပုံစံပေါက်သော ကောင်လေးတစ်ဦးက ရှက်ရွံ့စွာ လျှောက်လာလေ၏။ သူ့ လက်ထဲရှိ ဖုန်းကို ဝှေ့ရမ်းပြလျက် နှုတ်ဆက်လိုက်တော့သည်။

” အန်း။ အစ်မ။ WeChat အပ်လို့ရလား ”

နဥ်ယွိဟန်က ကြောင်အသွားပြီးနောက် သူ့မျက်နှာက ချက်ချင်းရဲတွတ်သွားတော့သည်။

” ငါ ငါက မိန်းကလေး မဟုတ်ဘူး။ ယောင်္ကျားလေး ”

ထိုစကားနှင့် ထိုအသံကို ကြားသောအခါ တစ်ဖက်လူက အံ့သြသွားလေသည်။ သူ မထင်ထားသည်မှာ သိသာ၏။ မြန်မြန်ဆန်ဆန်ပင် သူ၏ မျက်ဝန်းများက ပိုတောင်တောက်ပသွားပုံ ပေါ်နေတော့သည်။

” ဒါဆို ညီအစ်ကို WeChat အပ်လို့ရနိုင်မလား ”

နဥ်ယွိဟန်၏ မျက်နှာက ပိုတောင်ရဲသွားလေ၏။ သို့သော် အသက်အနည်းငယ်ရှူပြီးနောက် ငြင်းလိုက်သေးသည်။

ပြီးနောက် ပန်းကန်လုံးတစ်လုံးကို ရှာကာရေများ ထည့်ပြီး ရေကျင်းလိုက်တော့၏။ စားသောက်ပြီးပြီဟု သတ်မှတ်၍ ရသည်။

သူတို့နှစ်ယောက်သားက မွန်းတည့်ချိန်တွင် အလုပ်သို့ ပြန်သွားသည်။ စားသောက်ပြီးနောက် နှစ်ယောက်က ပြန်သွားရမှာပဲ ဖြစ်သည်။ စားသောက်ပြီးနောက် နှစ်ယောက်သားက အလုပ်ဆီသို့ လမ်းပြန်လျှောက်သွားလိုက်သည်။

မီးပွိုင့်နား ရောက်သည့်အချိန်တွင် ကားတစ်စီးက မီးဝါကို သုံးစက္ကန့်သာ ဖြတ်လျက် တစ်စက္ကန့်သာ ကြာတော့ရာ အရှိန်ပြင်းပြင်းဖြင် ဖြတ်သွားပြီး ကြောင်တစ်ကောင်ကို ပွတ်မိသွားသည်။

မြောင် မြောင် မြောင်။

ကြောင်လေး၏ ခန္ဓာကိုယ်က လိမ့်ထွက်သွားပြီး လမ်းဘေးသို့ ရောက်သွားသည်။ ကျောရိုးများက ဒဏ်ရာရသွားပုံပေါ်ပြီး အော်ဟစ်ရုန်းကန်နေသော်ငြား မထနိုင်ပေ။

နဥ်ယွိဟန်က ချက်ချင်းသွားပြီး ကြောင်ကို သွားပွေ့လိုက်သည်။

” ကြောင်လေး။ မကြောက်နဲ့နော်။ စိတ်အေးအေးထား။ ”

ယဲ့ရှောင်က ၄င်းကို တစ်ချက်ကြည့်လိုက်ပြီး ကုသခြင်းကျင့်စဥ် အသုံးပြုရန် သွားလိုက်၏။ ရုတ်တရက် နဥ်ယွိဟန်၏ လက်လေးက အလင်းဖျော့ဖျော့အလွှာ ထွက်ပေါ်လာသည်။ ထိုလင်းလက်နေသော အလင်းဖျော့ဖျော့အောက်တွင် ကြောင်လေး၏ ဒဏ်ရာက လျှင်မြန်စွာ ကုသပြီးသွားပြီ ဖြစ်သည်။

ယဲ့ရှောင်၏ သူငယ်အိမ်များက အနည်းငယ်ကျုံ့သွား၏။ အကြောင်းမှာ ယခုအချိန်တွင် နဥ်ယွိဟန်၏ ခန္ဓာကိုယ်မှ ကြယ်တာရာသားရဲ၏ အရှိန်အဝါကို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။ ယင်းက အလွန်အားနည်းနေပြီး ဘာမှမရှိသလောက်ပင် ဖြစ်သည်။ နောက်တစ်ချက်က ချီရှန်းတစ်ဦးသာ ဤနေရာတွင် ရှိနေလျှင် အလွယ်တကူ ရှာတွေ့မှာတော့ မဟုတ်ပေ။ သို့သော် သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ကျင့်ကြံနေသောကြောင့် သူ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားက ချီရှန်းတစ်ဦးထက် အဆပေါင်းများစွာ ပိုမြင့်သည်။ ထို့ကြောင့် ချက်ချင်းပင် ရှင်းရှင်းလင်းလင်း အာရုံခံမိ၏။

တစ်ချိန်တည်းတွင် သူ၏ ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ကလည်း ခုန်ပေါက်နေတော့သည်။ ယင်းက ကုသခြင်းကျင့်စဥ်တစ်မျိုး ဖြစ်သည်။

နဥ်ယွိဟန်၏ ကုသခြင်းကျင့်စဥ်က ယဲ့ရှောင် လက်ရှိတွင် မရှိသော အခြေခံ ကုသခြင်းကျင့်စဥ် ဖြစ်သည်။

သူသည် ကုသခြင်းကျင့်စဥ် ၉ မျိုး စုဆောင်းပြီးဖြစ်ရာ ယခုမူ ပေါင်းစပ်ရန်အတွက် တစ်ခုသာ လိုတော့သည်။ ဤနေရာတွင် နဥ်ယွိဟန်ဆီမှ ရှာတွေ့မည်ဟု မည်သူက တွေးမည့်မည်နည်း။

သို့သော် နဥ်ယွိဟန်၏ ခန္ဓာကိုယ်ထဲမှာ ကြယ်တာရာသားရဲ အငွေ့အသက် အဘယ်ကြောင့် ပေါ်ထွက်နေရသနည်း။ ယင်းက ကျားနတ်ဆိုး၏ ဝိညာဥ်လေလော။ မဟုတ်ပေ။ ကျားနတ်ဆိုး၏ ဝိညာဥ်ဆိုလျှင် သူ၏ ဝိညာဥ်က ကြယ်တာရာသားရဲ ထိန်းချုပ်မှုအောက်တွင် သေချာပေါက် ရှိပေလိမ့်မည်။ သို့သော် သူ၏ ဝိညာဥ်က သန့်စင်လွန်းနေ၏။ ဖြစ်နိုင်သည်က သူသည်။

အပ်ိုင်း ၅၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset